Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.8K subscribers
4.35K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် အထူးသတိပေးချက်

ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆

ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများအနေဖြင့် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများ၊ ဥပဒေပြဋ္ဌာန်းချက်များကို တိကျစွာလိုက်နာရန်နှင့် စည်းကမ်းဖောက်ဖျက်မှုများ ရှိပါက ကျောင်းပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Green Card ရှိရန် လိုအပ်ခြင်း: ကိုယ်ပိုင်ကျောင်းများတွင် သင်ကြားပို့ချနေသည့် ဆရာ၊ ဆရာမများအားလုံးသည် သတ်မှတ်ထားသော Green Card (ဆရာမှတ်ပုံတင်ကတ်) ရရှိထားသူများသာ ဖြစ်ရမည်။

CDM ဝန်ထမ်းများ လက်မခံရန်: CDM ပြုလုပ်ထားသည့် ဝန်ထမ်းများကို ခန့်အပ်ခြင်း၊ လက်ခံခြင်းများ( လုံးဝ)မပြုလုပ်ရန် ။

ဥပဒေအတိုင်း ဆောင်ရွက်ရန်: ပုဂ္ဂလိကပညာရေးဥပဒေပါ လုပ်ထုံးလုပ်နည်းများကို တိကျစွာ လိုက်နာရမည်။

⚠️ အရေးယူဆောင်ရွက်မှုများ
အထက်ပါအချက်အလက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း စိစစ်တွေ့ရှိရပါက -

၁။ တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူမည်။
၂။ သက်ဆိုင်ရာ ကိုယ်ပိုင်စာသင်ကျောင်းကို အပြီးတိုင် ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့ကြောင့် ပုဂ္ဂလိကကျောင်း တာဝန်ရှိသူများအနေဖြင့် မိမိတို့ကျောင်းရှိ ဆရာ၊ ဆရာမများ၏ ကိုယ်ရေးအချက်အလက်နှင့် မှတ်ပုံတင်ထားရှိမှုများကို အထူးဂရုပြု စစ်ဆေးဆောင်ရွက်ကြရန် အသိပေးထားကြောင်း သိရသည်။

ကျောင်းသား/သူ ၊ မိဘ ပြည်သူများနှင့် ပညာရေးလေ့လာသူများအနေဖြင့် ပူပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းနှိုးဆော် အပ်ပါတယ်။
6
🔴 ငလျင်သတိပေးချက်! 🔴

ပြင်းအား : 4.8
တည်နေရာ : Nga Ohn, Kale ဒေသ, စစ်ကိုင်း တိုင်း, မြန်မာနိုင်ငံ
ကိုဩဒိနိတ် : 22.8840, 94.5780
အနက် : 165.0 ကီလိုမီတာ
ငလျင်လှုပ်ချိန် : 2026-02-25 23:21:47 (ရန်ကုန်အချိန်)
သတိပေးချိန် : 2026-02-25 23:33:03 (ရန်ကုန်အချိန်)
Google Maps : https://www.google.com/maps?q=22.884,94.578

နောက်ထပ်အချက်အလက်များ: https://earthquake.tmd.go.th/inside-info.html?earthquake=16309
10👍2👏1
Media is too big
VIEW IN TELEGRAM
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သိကောင်းစရာများ “မြန်မာစာဘာသာရပ်၊ ဒေါက်တာ လွင်မာဦး(ပါမောက္ခ၊ ဌာနမှူး) မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်”
1
Media is too big
VIEW IN TELEGRAM
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သိကောင်းစရာများ “အင်္ဂလိပ်စာဘာသာရပ်၊ ဒေါက်တာဖြူဖြူသင်း (ပါမောက္ခ၊ ဌာနမှူး)၊ အင်္ဂလိပ်ဘာသာဌာန၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်”
2
Media is too big
VIEW IN TELEGRAM
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သိကောင်းစရာများ (သင်္ချာဘာသာရပ်) ဒေါက်တာအောင်ကျော်(ပါမောက္ခ၊ ဌာနမှူး)၊ သင်္ချာဌာန၊ ရန်ကုန်တက္ကသိုလ်
Media is too big
VIEW IN TELEGRAM
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သိကောင်းစရာများ “ဓာတုဗေဒဘာသာရပ်၊ ဒေါက်တာရဲမြင့်အောင်(ပါမောက္ခ၊ ဌာနမှူး)၊ ဓာတုဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်”
Media is too big
VIEW IN TELEGRAM
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သိကောင်းစရာများ “ရူပဗေဒဘာသာရပ်၊ ဒေါက်တာယဉ်မောင်မောင် (ပါမောက္ခ၊ ဌာနမှူး)၊ ရူပဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်”
Media is too big
VIEW IN TELEGRAM
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သိကောင်းစရာများ (ဇီဝဗေဒဘာသာရပ်၊ ဒေါက်တာ သက်သက်မာဝင်း (ပါမောက္ခ၊ ဌာနမှူး)၊ ရုက္ခဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်)
Media is too big
VIEW IN TELEGRAM
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သိကောင်းစရာများ (ပထဝီဝင်ဘာသာရပ်၊ ဒေါက်တာဇင်နွယ်မြင့်(ပါမောက္ခ၊ ဌာနမှူး)၊ ပထဝီဝင်ဌာန၊ ရန်ကုန်တက္ကသိုလ်)
Media is too big
VIEW IN TELEGRAM
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုသိကောင်းစရာများ (ဘောဂဗေဒဘာသာရပ်)
ဒေါက်တာစုစုမြတ် (ပါမောက္ခ၊ ဌာနမှူး)၊ အသုံးချဘောဂဗေဒဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်
Media is too big
VIEW IN TELEGRAM
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သိကောင်းစရာများ(သမိုင်းဘာသာရပ်)
ဒေါက်တာသင်းသင်းအေး(ပါမောက္ခ၊ ဌာနမှူး)၊ သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်
🎓 ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သိကောင်းစရာများ 🎓

၂၀၂၆ ခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် မောင်မယ်တို့အတွက် ဘာသာရပ်အလိုက် လေ့လာရန် အထောက်အကူပြု link များကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ မိမိလေ့လာလိုသည့် ဘာသာရပ်ကို နှိပ်၍ ဝင်ရောက်ကြည့်ရှုနိုင်ပါသည် -

🇲🇲 မြန်မာစာဘာသာရပ်
👉 https://youtu.be/fHGtVN9qUZk

🇬🇧 အင်္ဂလိပ်စာဘာသာရပ်
👉 https://youtu.be/MG2-EgwBIBw

သင်္ချာဘာသာရပ်
👉 https://youtu.be/95pOt5vkFDM

🧪 ဓာတုဗေဒဘာသာရပ်
👉 https://youtu.be/8Nvwu9ZIFxA

💡 ရူပဗေဒဘာသာရပ်
👉 https://youtu.be/n86IX5FXmnk

🧬 ဇီဝဗေဒဘာသာရပ်
👉 https://youtu.be/D_20ca6eBw4

🌍 ပထဝီဝင်ဘာသာရပ်
👉 https://youtu.be/IWGOIhM62Hc
https://youtu.be/7C2WvLq96SY
https://youtu.be/uH8XF16ZXO4
🏰 သမိုင်းဘာသာရပ်
👉 https://youtu.be/c2J4FhpCB3c

📊 ဘောဂဗေဒဘာသာရပ်
👉 https://youtu.be/ATX8nljGEUQ

📢 Sharing is Caring!
စာမေးပွဲဖြေဆိုမည့် သူငယ်ချင်းများအတွက် ပြန်လည် Share ပေးခြင်းဖြင့် ကူညီပေးလိုက်ပါဦး။ အားလုံးပဲ စာမေးပွဲမှာ ထူးထူးချွန်ချွန်နဲ့ အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲလမ်းညွှန်ချက်များ: https://www.youtube.com/playlist?list=PLX5vsbz2GyrwumEU0STrXsYcpE_EIJowk
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန (နေပြည်တော်) မှ သင်ကြားရေးဝန်ထမ်းများ ရာထူးတိုး/အပြောင်းအရွှေ့ ခေါ်ယူ

ပညာရေးဝန်ထမ်းများအတွက် စောင့်မျှော်နေကြတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ရာထူးတိုးနှင့် အပြောင်းအရွှေ့ လျှောက်လွှာများကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့ ရက်စွဲဖြင့် ရုံးချုပ်မှ စတင်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

အခြေခံသတ်မှတ်ချက်များနှင့် လျှောက်ထားနိုင်သည့် အရည်အချင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
အထက်တန်းပြ (SAT) ရာထူးတိုး လျှောက်ထားရန်
B.Ed. သို့မဟုတ် Dip.Ed. ဘွဲ့ရရှိထားသူဖြစ်ရမည်။
လက်ရှိ လယ်ပြ၊ မူပြ၊ မူအုပ် ရာထူးတွင် လုပ်သက် (၁) နှစ်နှင့်အထက် ရှိသူများ လျှောက်ထားနိုင်သည်။

ဒု-လယ်ပြ၊ ဒု-မူပြ ရာထူးများဖြစ်ပါက လက်ရှိရာထူး၌ လုပ်သက် (၂) နှစ်နှင့်အထက် ရှိမှသာ လျှောက်ထားနိုင်သည်။

မူလတန်းကျောင်းအုပ် (PAT) ရာထူးတိုး လျှောက်ထားရန်
ဒု-လယ်ပြ နှင့် ဒု-မူပြ ရာထူး၌ အနည်းဆုံး လုပ်သက် (၂) နှစ် ပြည့်ပြီးသူများ လျှောက်ထားနိုင်သည်။

💡 အရေးကြီး မှတ်ချက်များ
ယခုခေါ်ယူမှုတွင် အထက်တန်း၊ လယ်တန်း၊ မူလတန်း ရာထူးစုံအတွက် တိုး/ပြောင်း လျှောက်လွှာများ ပါဝင်ပါသည်။
လက်ထောက်မူလတန်းပြ (Junior PAT) ရာထူးတိုး လျှောက်ထားခြင်းမှာ ယခုအကြိမ်တွင် မပါဝင်သေးကြောင်း သိရှိရပါသည်။

ဒု-မူပြများအနေဖြင့် မူလတန်းကျောင်းအုပ်ရာထူးသို့ အတိုးလျှောက်ထားနိုင်သော်လည်း၊ မူပြ (PAT) သို့ ပြောင်းလဲလျှောက်ထားနိုင်မှု ရှိ/မရှိကိုမူ မြို့နယ်ရုံးများတွင် ဆက်လက်စုံစမ်းရန် လိုအပ်ပါသည်။

ရုံးချုပ်မှ ညွှန်ကြားစာများမှာ (ဖေဖော်ဝါရီ ၂၄) ရက်နေ့တွင် မြို့နယ်ပညာရေးမှူးရုံး အသီးသီးသို့ ရောက်ရှိမည်ဖြစ်သဖြင့် မိမိတို့သက်ဆိုင်ရာရုံးများတွင် အသေးစိတ်ကို ဆက်လက်စုံစမ်း လျှောက်ထားနိုင်ကြပြီဖြစ်ကြောင်း သတင်းပါးအပ်ပါသည်။


#EducationMyanmar #TeacherPromotion #ပညာရေး #ရာထူးတိုး #အခြေခံပညာ
10
This media is not supported in your browser
VIEW IN TELEGRAM
အဲလိုကြီးလဲမဟုတ်ပါဘူးလေ။ ခေါ်မှာပါ။ တိုးပြောင်းက တစ်နှစ်ကို 2ကြိမ်ခေါ်မှာပါနော်
4
၂၇.၂.၂၀၂၆ ကြေးမုံသတင်းစာ
လူရည်ချွန်‌ရွေးချယ်ခံရသူများစာရင်း

#lyc
#education
20👏11
#ပြောင်း/တိုး
လုပ်သက်ကို 30.6.2026 ဖြင့်တွတ်ချက်ရန်
4