Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.8K subscribers
4.36K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်
1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၂ / ၂၀၂၆ ၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်) တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပရန်ခေါ်ယူခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ကြေညာချက်အမှတ် ၁ /၂၀၂၆ ၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်  (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်) တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း
ပျော်ဘွယ်မြို့နယ် အင်ကြင်းကုန်းကျောင်း သိမ်ကျောင်းအတွင်း မဖွယ်မရာပြုလုပ်ခဲ့သည့် လူငယ်စုံတွဲတစ်တွဲကို အမှုဖွင့်အရေးယူထား


နေပြည်တော် ၊ ဖေ‌ဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊အင်ကြင်းကုန်းကျောင်း သိမ်ကျောင်းအတွင်း မဖွယ်မရာပြုလုပ်ခဲ့သည့် လူ ငယ်စုံတွဲတစ်တွဲကို အမှုဖွင့်အရေးယူထားကြောင်းသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။


ပျော်ဘွယ်မြို့နယ်၊ ကျူတောဝအုပ်စု၊ အင် ကြင်းကုန်းကျောင်း သိမ်ကျောင်းအတွင်း လူငယ်စုံတွဲတစ်တွဲ မဖွယ်မရာပြုလုပ်ကြောင်း လူမှုကွန်ရက်အင်တာနက်စာမျက်နှာများတွင် ဖော်ပြထားခြင်းနှင့်ပတ် သက်၍ ဗုဒ္ဓဘာသာကိုးကွယ်ဝတ်ပြုရာ ဘုရားကျောင်းဝန်း၊သိမ်တော်မှန်းသိလျက်နှင့် ကိုး ကွယ်ဝတ်ပြုရာ သိမ်ကျောင်း ဆောင်အတွင်း ကျူးကျော်ဝင်ရောက်၍မဖွယ်မရာပြုလုပ်ခဲ့သူများဖြစ်သည့် အမျိုးသားနှင့် အမျိုးသမီး ၂ ဦးတို့အား ဥပဒေအရ အရေးယူပေးပါရန် ကျေးရွာတာဝန်ရှိသူများ၏ တိုင်ကြားချက်အရ ၂၀-၂-၂၀၂၆ ရက်နေ့တွင် ပျော်ဘွယ်မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သာ သနာရေးနှင့်ယဉ်ကျေးမှုဝန် ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
4
စာစစ်အတွေ့အကြီုများလာသောအခါ

စာစစ်သူများသည်
လူများဖြစ်သည် ဆိုတာလေး
ရှင်းပါရစေ။

လူဆိုတာ ပျင်းပါတယ်။
ကိုယ့်အတွက်ကိုယ်ဘဲ ကြည့်ပါတယ်။
မှားတတ်ပါတယ်။
စိတ်ခံစားချက်ရှိပါတယ်။

အကယ်၍ တစ်မှတ်တန်များကို
12345687910.
ဆိုပြီးဖြေရင်
စာစစ်သူ သေချာပေါက်မှားပါပြီ
ဘာလို့လဲ
78 လို့ အစဥ်အတိုင်းမဖြေလို့ပါ။

အကယ်၍ နှစ်မှတ်တန်ကို
ရှေ့နားတစ်ပုဒ် ဟိုကြားတစ်ပုဒ်
နောက်နားတစ်ပုဒ်ဖြေကြည့်ပါ
ကျော်စစ်မိတတ်ပါတယ်
အဖြေက သေးတာကိုး။

ဒီကြားထဲ
မနက် 7:00 အရောက်လာ
ညနေ 6:00 မှ အိမ်ပြန်ရောက်
အိမ်ကယောက်ျားက
ထမင်းဟင်းကောင်းကောင်းမစားရလို့
ပြသနာရှာ
ကျောင်းသာလာတယ်
စိတ်ကမကြည်
နွေနေ့လယ်က ပူပါဘိသနဲ့
ကလေးလက်ရေးက
ခွေးခြစ် ကြောင်ခြစ်မို့
စာစစ်ပြီးပါဝါကတိုးရဦးမယ်။

ဒါတောင်အထက်ကလာတဲ့
Pressure အကြောင်း
ရေးမပြသေးဘူး
ငပိကြော်မစားချင်ဘူးလေ။

ဒါကြောင့်
အမှတ်ပေးချင်အောင်ရေးဖို့ ပြောနေရတာ
တရားမျှတမှုတို့
တာဝန်ယူမှု တာဝန်ခံမှုတို့ဆိုတာ
စာရွက်ပေါ်မှာဘဲရှိတာ
လူက လူဘဲ
မကြေနပ်ရင်
ကွန်ပျူတာနဲ့သာစစ်ကြပေတော့

ဆုလာဘ်နဲ့ ပြစ်ဒဏ်မမျှတဲ့
ပွဲမှာ
ဘာကိုမှ အပြစ်မဖို့ချင်တော့လို့
အမှတ် လိုချင်တဲ့သူဘက်က
ကောင်းအောင်နေဖို့ဘဲ တိုက်တွန်းလိုက်ရပါတယ်
အရပ်ကတို့ရေ
29👍7
ရန်ကုန်မြို့ လေထုညစ်ညမ်းမှု AQI ၁၆၄ ရှိ၍ ကျန်းမာရေးထိခိုက်နိုင်သည့်အဆင့်သို့ရောက်ရှိ

ဖေဖော်ဝါရီ ၂၄

ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုအခြေအနေသည် ကျန်းမာရေးထိခိုက်နိုင်သည့် အဆင့်သို့ ရောက်ရှိနေကြောင်း World Air Quality Index (AQI) ၏ ထုတ်ပြန်ချက်အရ သိရသည်။
-
ဖေဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်မြို့၏ လေထုအရည်အသွေးညွှန်းကိန်း (AQI) သည် အဆင့် (၁၁) တွင်ရှိပြီး ညွှန်းကိန်းတန်ဖိုး ၁၆၄ ရှိကြောင်း ဖော်ပြထားသည်။
-
နိုင်ငံတကာ AQI စံနှုန်းအရ ညွှန်းကိန်း ၁၅၁ မှ ၂၀၀ အတွင်းရှိပါက ကျန်းမာရေးအတွက် မကောင်းသည့် (Unhealthy) အဆင့်အဖြစ် သတ်မှတ်ထားသည်။
-
ထို့ပြင် World Health Organization (WHO) ကလည်း လေထုအတွင်း PM 2.5 အမှုန်အမွှားပါဝင်မှုနှုန်းသည် တစ်နေ့လျှင် ၂၅ မိုက်ခရိုဂရမ်/ကုဗမီတာ ကျော်လွန်ပါက ကျန်းမာရေးအန္တရာယ်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
-
လေထုညစ်ညမ်းမှုမြင့်မားခြင်းကြောင့် အသက်ရှူကြပ်ခြင်း၊ မျက်စိစပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းစပ်ခြင်း၊ အဆုတ်ထိခိုက်ခြင်းနှင့် မောပန်းလွယ်ခြင်း စသည့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်သူများက အသိပေးထားကြောင်းသိရသည်။
-
10
ပညာရေးဝန်ကြီးဌာန၊
အခြေခံပညာဉီးစီးဌာန။
နေပြည်တော်
ဖေဖော်ဝါရီလ(၂၃)ရက်စွဲဖြင့်"သင်ကြားရေးတိုး/ပြောင်းများ ခေါ်ပါပြီးခင်ဗျား"

B.Ed., DipEd.ဘွဲ့ရလယ်ပြ၊မူပြ၊မူအုပ်များ
လက်ရှိရာထူးလုပ်သက်(၁)နှစ်>ပြည့် SATအတိုးတင်လို့ရပါမည်။
B.Ed., DipEd,ဘွဲ့ရဒုလယ်ဒုမူများ
လက်ရှိရာထူးလုပ်သက်(၂)နှစ်>ပြည့် SATအတိုးတင်လို့ရပါမည်။

"ဒုလယ်ပြရာထူး၊ဒုမူပြရာထူးများ"
လက်ရှိရာထူး၌အနည်းဆုံး
လုပ်သက် (၂)နှစ်ပြည့်မှ
"မူလတန်းကျောင်းအုပ်ရာထူး (အတိုး)ကိုတင်လို့ရပါမည်။"

ရာထူးစုံ
ထက် လယ် မူ

တိုး/ပြောင်း

ခေါ်ပါပြီ

တနိုင်ငံလုံးပါ
#လက်ထောက်မူပြတိုး မပါပါ
ဒီနေ့ပဲရုံးချုပ်ကစာဝင်တာပါ
မနက်ဖြန် မြို့နယ်အသီးသီးသိကြပါလိမ့်မယ်တဲ့။


ဒုမူကနေ မူပြရောပါလားတော့မသိ ကျောင်းအုပ်တိုးလျောက်လို့ရတာပဲတွေ့တယ်
9
သတိ၊ အသိဖြင့်သာ ဆောင်ရွက်ကြရန်။ အမှားတရံဟာ အမှန်တရားမဖြစ်လာနိုင်ပါ။
10
In-Role လုပ်စားသည့် ကိုယ်ပိုင်ကျောင်းများ ခေါင်းကျိမ်းပြီ - စစ်ကိုင်း 'ထက်' ကျောင်းဖြစ်စဉ်ကြောင့် ကျောင်းသား ၁၆၁ ဦး အနာဂတ် ပျက်စီးပြီး ခရိုင်ပညာရေးမှူးပါ အရေးယူခံရ"

● စစ်ကိုင်းမြို့ "ထက်" ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား ၁၆၁ ဦး စာမေးပွဲဖြေဆိုခွင့် ဆုံးရှုံးခဲ့ရခြင်းမှာ ကျောင်းတွင် အမှန်တကယ် တက်ရောက်ခြင်းမရှိဘဲ စာရင်းသာသွင်းထားသည့် "In Role" စနစ်ဆိုးကြောင့်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

● ကျောင်းခေါ်ချိန်စာရင်းတွင် ကျောင်းသား ၁,၅၂၉ ဦး ရှိသော်လည်း အမှန်တကယ် တက်ရောက်သူ ၂၂၈ ဦးသာရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ဖြေဆိုခွင့်မရသည့် ကျောင်းသား ၁၆၁ ဦးမှာလည်း အမှန်တကယ် ကျောင်းတက်ရောက်မှုနှင့် အခန်းဆုံးစစ်ဆေးမှု အထောက်အထားများ မရှိခြင်းကြောင့် ဥပဒေအရ ဖြေဆိုခွင့်ပိတ်ပင်ခံရခြင်း ဖြစ်ပါတယ်။

● ထို့အပြင် စည်းမျဉ်းနှင့်မညီသော အဆိုပါကျောင်းသားများအား ဖြေဆိုခွင့်ကတ်ပြားများ မှားယွင်းထုတ်ပေးခဲ့သည့် စစ်ကိုင်းခရိုင်ပညာရေးမှူးကိုလည်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရ စစ်ဆေးအရေးယူသွားမည်ဖြစ်ကာ "ထက်" ကိုယ်ပိုင်ကျောင်းအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ မှတ်ပုံတင်ပယ်ဖျက် ပိတ်သိမ်းရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။

● ကိုယ်ပိုင်ကျောင်းအချို့သည် ကျောင်းတွင် စာရင်းသာသွင်းထားပြီး ကျောင်းလာတက်စရာမလိုဘဲ အစိုးရစစ်စာမေးပွဲ ဖြေခွင့်ရအောင် လုပ်ပေးသည့် ဝန်ဆောင်မှုဖြင့် စီးပွားရှာနေကြသည်မှာ ကြာပြီ ဖြစ်ပါတယ်။ မိဘအချို့သည် ကလေးကို International School များတွင် ထားရှိပြီး၊ အစိုးရလက်မှတ်ရရန်အတွက် ကိုယ်ပိုင်ကျောင်းများတွင် အမည်ခံစာရင်းသွင်းထားသည့် "နှစ်ဖက်ခွ" စနစ်ကို ကျင့်သုံးနေကြတဲ့ ကျောင်းတွေလည်း ရှိပါတယ်။

● ပို၍ဆိုးသည်မှာ အချို့ကိုယ်ပိုင်ကျောင်းများသည် စည်းမျဉ်းများကို ကျော်လွန်၍ အတန်းပါ ကျော်ပေးသည်အထိ လုပ်ဆောင်ပေးနေကြပါတယ်။ ယခုဖြစ်စဉ်တွင် သတ်မှတ်ချက်နှင့်မညီသည့် ကျောင်းသားများကို ဖြေဆိုခွင့်ကတ်များ မှားယွင်းထုတ်ပေးခဲ့သည့် ခရိုင်ပညာရေးမှူး အရေးယူခံရတော့မည်ဖြစ်ခြင်းက တာဝန်ရှိသူအချို့နှင့် ကျောင်းများအကြားက နားလည်မှုယူထားမှုများကို မီးမောင်းထိုးပြနေပါတယ်။

● ယခုကဲ့သို့ စနစ်ကို အလွဲသုံးစားလုပ်ခြင်းများသည် ရေတိုတွင် အဆင်ပြေနိုင်သော်လည်း၊ အုပ်ချုပ်ရေးပိုင်းက စစ်ဆေးမှုများ တင်းကျပ်လာသည့်အခါ ကလေးများ၏ အနာဂတ်မှာ ယခုကဲ့သို့ ဓားစာခံဖြစ်သွားရတတ်ပါတယ်။ ထို့ကြောင့် မိဘများအနေဖြင့် မိမိကလေး၏ ပညာရေးကို ဖြတ်လမ်းနည်းများဖြင့် မလုပ်ဆောင်ကြရန်နှင့် ပညာရေးဌာနအနေဖြင့်လည်း ဤကဲ့သို့သော "In Role" လုပ်စားမှုများကို အမြစ်ပြတ် ဟန့်တားနိုင်ဖို့ လိုအပ်လှပါတယ်။

ဒီဖြစ်စဉ်ကြောင့် တခြားသော ကိုယ်ပိုင်ကျောင်းတွေကိုပါ အစိုးရက ရှောင်တခင် စစ်ဆေးတော့မယ့် အခြေအနေရှိကြောင်း ပညာရေးအသိုင်းအတိုင်းက ကြားသိရပါတယ်။

#MSSK #မောင်စွယ်စုံကျမ်း #ဗဟုသုတ #ပညာရေး #InRole #ကိုယ်ပိုင်အထက်တန်းကျောင်း
6👍1
ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် အထူးသတိပေးချက်

ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆

ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများအနေဖြင့် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများ၊ ဥပဒေပြဋ္ဌာန်းချက်များကို တိကျစွာလိုက်နာရန်နှင့် စည်းကမ်းဖောက်ဖျက်မှုများ ရှိပါက ကျောင်းပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Green Card ရှိရန် လိုအပ်ခြင်း: ကိုယ်ပိုင်ကျောင်းများတွင် သင်ကြားပို့ချနေသည့် ဆရာ၊ ဆရာမများအားလုံးသည် သတ်မှတ်ထားသော Green Card (ဆရာမှတ်ပုံတင်ကတ်) ရရှိထားသူများသာ ဖြစ်ရမည်။

CDM ဝန်ထမ်းများ လက်မခံရန်: CDM ပြုလုပ်ထားသည့် ဝန်ထမ်းများကို ခန့်အပ်ခြင်း၊ လက်ခံခြင်းများ( လုံးဝ)မပြုလုပ်ရန် ။

ဥပဒေအတိုင်း ဆောင်ရွက်ရန်: ပုဂ္ဂလိကပညာရေးဥပဒေပါ လုပ်ထုံးလုပ်နည်းများကို တိကျစွာ လိုက်နာရမည်။

⚠️ အရေးယူဆောင်ရွက်မှုများ
အထက်ပါအချက်အလက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း စိစစ်တွေ့ရှိရပါက -

၁။ တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူမည်။
၂။ သက်ဆိုင်ရာ ကိုယ်ပိုင်စာသင်ကျောင်းကို အပြီးတိုင် ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့ကြောင့် ပုဂ္ဂလိကကျောင်း တာဝန်ရှိသူများအနေဖြင့် မိမိတို့ကျောင်းရှိ ဆရာ၊ ဆရာမများ၏ ကိုယ်ရေးအချက်အလက်နှင့် မှတ်ပုံတင်ထားရှိမှုများကို အထူးဂရုပြု စစ်ဆေးဆောင်ရွက်ကြရန် အသိပေးထားကြောင်း သိရသည်။

ကျောင်းသား/သူ ၊ မိဘ ပြည်သူများနှင့် ပညာရေးလေ့လာသူများအနေဖြင့် ပူပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းနှိုးဆော် အပ်ပါတယ်။
6
🔴 ငလျင်သတိပေးချက်! 🔴

ပြင်းအား : 4.8
တည်နေရာ : Nga Ohn, Kale ဒေသ, စစ်ကိုင်း တိုင်း, မြန်မာနိုင်ငံ
ကိုဩဒိနိတ် : 22.8840, 94.5780
အနက် : 165.0 ကီလိုမီတာ
ငလျင်လှုပ်ချိန် : 2026-02-25 23:21:47 (ရန်ကုန်အချိန်)
သတိပေးချိန် : 2026-02-25 23:33:03 (ရန်ကုန်အချိန်)
Google Maps : https://www.google.com/maps?q=22.884,94.578

နောက်ထပ်အချက်အလက်များ: https://earthquake.tmd.go.th/inside-info.html?earthquake=16309
10👍2👏1
Media is too big
VIEW IN TELEGRAM
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သိကောင်းစရာများ “မြန်မာစာဘာသာရပ်၊ ဒေါက်တာ လွင်မာဦး(ပါမောက္ခ၊ ဌာနမှူး) မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်”
1
Media is too big
VIEW IN TELEGRAM
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သိကောင်းစရာများ “အင်္ဂလိပ်စာဘာသာရပ်၊ ဒေါက်တာဖြူဖြူသင်း (ပါမောက္ခ၊ ဌာနမှူး)၊ အင်္ဂလိပ်ဘာသာဌာန၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်”
2