Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.8K subscribers
4.36K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
မုံရွာ...
စာမေးပွဲဖြေဆိုခွင့်မရရှိသော
G-5, G-9 ကျောင်းသားများ ဂရက်.....

ယနေ့ စစ်ကိုင်းမြို့ G-5/ G-9 ဖြေဆိုခွင့် ပယ်ချခံရမှုဖြစ်စဉ်‼️
ပယ်ချခံရတာက ကျောင်းတစ်ကျောင်းမှာဆို
G5- ခုံအမှတ် 4360 မှ နောက်အထိ ပယ်ချခံရဟုဆို
ကျောင်းသားမိဘတွေက ယုံကြည်မှုနဲ့ ထက်ကိုယ်ပိုင်ကျောင်းကို အပ်တယ်၊
ကိုယ်ပိုင်ကျောင်းက ကျောင်းသားစာရင်းကို အစိုးရကျောင်းသို့ တင်သွင်းတယ်၊
အဲ့စာရင်းရဲ့ စာရွက်စာတမ်းပြည့်စုံမှုရှိ/မရှိကို ထပ်မံစီစစ်ကြရတယ်။

ထက်ကိုယ်ပိုင်ကျောင်းဘက်ကလည်း
မိမိကျောင်းမှာရှိတဲ့ ကျောင်းသားစာရင်းကို ပညာရေးတိုင်းရုံးအထိ စေ့စပ်သေချာစွာ တင်ပြပေးပို့ခြင်းမရှိဘဲ နှုတ်ဖြင့်သာ ပြောဆိုထားခြင်း ဖြစ်ကြောင်းသိရ၊

အောက်ခြေရှိတဲ့ ပညာရေးမှူးနဲ့တာဝန်ခံတွေကလည်း ကျောင်းသားစာရင်းကို စာရင်းရှိပေးပို့ထားတဲ့လက်ခံရရှိတဲ့ စာရင်းအတိုင်း ဖြေဆိုခွင့်ရရှိကြောင်း ကျောင်းသားအမည် ခုံအမှတ်၊ ဖြေဆိုရမည့်ကျောင်း၊ အခန်းနေရာနဲ့ စာရင်းထုတ်ပြန်လာတယ်။
အဲ့နောက် ကျောင်းသားမိဘနဲ့ ကျောင်းသားတွေဟာလည်း မဖြေဆိုခင်ရက်မှာ ဖြေဆိုမည့်နေရာသို့ သွားကြည့်ကြတယ်လို့ သိရပါတယ်။

Feb 23 ရက် မနက်ပိုင်း 8:00 နာရီအချိန် ကျောင်းရှေ့မှာ ဖြေဆိုမည့်ကျောင်းသား/သူနဲ့ မိဘတွေအပါအဝင် အဆင်သင့်‌စောလျင်စွာ ရောက်ရှိနေကြတယ်လို့ သိရပါတယ်။

8:30 အချိန် ဂိတ်ကနေ ကျောင်းအတွင်းဝင်ရန်
ဖြေဆိုခွင့်ကဒ် ခုံအမှတ်တွေစစ်တဲ့အခါ ခုံအမှတ် 4360 မှ နောက်အထိ ဖြေဆိုခွင့်ပိတ်ကြောင်း ရုတ်တရက်ကြီး ပြောလာတော့ အဲ့မှာ ပြဿနာစဖြစ်တော့တာပါပဲတဲ့၊ ပယ်ချခံရတဲ့ ကျောင်းသားတွေဟာ ထက်ကိုယ်ပိုင်ကျောင်းက G-5, G-9 ကျောင်းသားတွေဖြစ်နေကြောင်းသိရ၊
အထက်ကနေ မည်သည့်အကြောင်းကြောင့် လိုအပ်ချက်တွေကြောင့် ဖြေဆိုခွင့်ပယ်ချလိုက်တယ်ဆိုတာ မသိရသေးဟုဆို။

ဖြေဆိုခွင့်ပယ်ချကြောင်း တရားဝင်ထုတ်ပြန်တဲ့စာက မဖြေဆိုခင် ညပိုင်းကမှ အထက်ကနေ ရောက်ရှိ
လာတဲ့စာတဲ့၊ အဲ့တော့ အချိန်လွန်သွားခဲ့ပြီ။

သူများတွေ ကျောင်းဝင်းထဲ ဝင်ဖြေနေတဲ့အချိန် ပယ်ချခံရတဲ့ ကျောင်းသားတွေနဲ့ မိဘတွေဟာ ဂိတ်ဝမှာ အော်ဟစ်ကြရင်း ဖြေဆိုခွင့်ပေးဖို့ တောင်းဆိုကြတယ်လို့သိရပါတယ်။

ဖြေဆိုမည့် ကလေးတွေဟာလည်း ငိုကြ စိတ်မကောင်းဖြစ်ကြနဲ့ စိတ်ဒဏ်ရာရခဲ့ကြမှာပေါ့လေ။
ဒီပြဿနာမှာ မိဘတွေလက်မခံတဲ့အကြောင်းရင်းက ပယ်ချမယ်ဆိုရင် အစကတည်းက တစ်ပတ်အလို တစ်လအလို ပယ်ချ၊ အာ့ဆို ဖြေဆိုခွင့် ခုံအမှတ်လည်း ထွက်လာစရာအကြောင်းမရှိဘူး၊
အခုကျ ဖြေဆိုရမယ့် ခုံအမှတ်၊ ကျောင်း၊ ဖြေရမည့်အခန်း ဖြေရမည့်ခုံနေရာတွေပါ ကျလာသလို သေချာလည်း ကြည့်ပြီးနေပြီ၊ ဖြေခါနီးမိနစ်ပိုင်းအလို ဂိတ်ဝရောက်မှ ပယ်ချခံရတယ်ဆိုတာ ကလေးကစားစရာ မဟုတ်ကြောင်းပြောဆိုကြဟုဆို။
သက်ဆိုင်ရာ တာဝန်ရှိသူများ ရောက်လာကြပြီး ညှိနှိုင်းဖြေရှင်းပေးနေကြောင်းသိရ၊
(လောလောဆယ်တော့ ပြေလည်မှုမရှိသေးဟုဆို)

ဒီနေရာမှာ နှစ်ဖက်စလုံး အားနည်းချက်တွေ
ရှိကောင်းရှိနိုင်ပါတယ်၊
ပညာရေးရုံးပိုင်းအနေနဲ့က ဖြေဆိုခွင့်ပယ်ချမယ်ဆိုရင် ဖြေဆိုခုံအမှတ်စာရင်း ထွက်လာစရာအကြောင်းမရှိဘဲ သေချာစီစစ်ပြီးမှသာ ပယ်ချကြောင်း ထုတ်ပြန်သင့်တယ်။
ဖြေဆိုဖို့ မိနစ်ပိုင်းအလိုမှ ကျောင်းသားရဲ့လည်မှာဆွဲထားတဲ့ ဖြေဆိုခွင့်ခုံအမှတ်ကဒ်ကြည့်ပြီး ပယ်ချကြောင်းပြောတာတော့ မဖြစ်သင့်ဘူး မဟုတ်လား။

ကိုယ်ပိုင်ကျောင်းအနေနဲ့လည်း တာဝန်ခံမှု တာဝန်ယူမှု အပြည့်အဝ ရှိစေချင်တယ်၊ ကိုယ့်ဆီမှာ ယုံကြည်လို့အပ်နှံထားတဲ့မိဘတွေနဲ့ ကျောင်းသားတွေကို တာဝန်အပြည့်ယူစေချင်တာပါ။
မိဘတွေကတော့ အဆင်ပြေရင် အဆင်ပြေကြောင်းပြောသမျှလက်ခံပြီး စိတ်အေးအေးထားနေကြမှာပဲ၊
ငွေပေးပြီး အပ်နှံထားရတာဆိုတော့လေ။
တိတိကျကျပြတ်ပြတ်သားသားမလုပ်ကြတော့
နစ်နာကြရပြီ။
ပညာရေးရုံးပိုင်းနဲ့ ထက်ကိုယ်ပိုင်ကျောင်းတို့ဟာ ပုဂ္ဂိုလ်ရေးအရ မပြေလည်မှုတွေရှိတယ်လို့လည်းသိရ၊
သို့သော်ငြားလည်း
ဘယ်သူတွေနစ်နာသွားကြသလဲဆိုတော့
ကြားက တစ်နှစ်လုံးစာ ရင်းထားကြ ကြိုးစားထားကြရတဲ့ ကျောင်းသားနဲ့မိဘတွေ နစ်နာကြရတော့တာပေါ့။
မိဘတွေတောင်းဆိုကြတာက
သူတို့အထက်ပိုင်းမပြေလည်မှုတွေကြား အရေးယူတာတွေ ညှိနှိုင်းတာတွေလုပ်တာလည်းလုပ်ပါ၊ ကလေးတွေကို ကြားကနေမနစ်နာစေလိုဘဲ စာမေးပွဲအများနဲ့အတူ ဝင်ဖြေစေချင်ကြတယ်လို့ သိရပါတယ်။ မနက်ပိုင်းစာမေးပွဲဖြေဆိုချိန်သာ ပြီးဆုံးခဲ့ပေမယ့်လည်း ဖြေဆိုခွင့်မရရှိခဲ့ကြောင်းသိရ။

စာမေးပွဲဖြေဆိုခွင့်ရသည့် ကျောင်းသားတွေ၏
ဖြေဆိုခွင့်ခုံအမှတ် လည်ဆွဲကဒ်တွေကိုလည်း စာမေးပွဲလာဖြေရင် တပါတည်းယူဆောင်လာဖို့ ပြုလုပ်ပေးထားပေမယ့် ပထမနေ့ မြန်မာစာဖြေတဲ့နေ့မှာပင် စာမေးပွဲအခန်းစောင့်ဆရာများက ထိုကဒ်များကို ကျောင်းသားများထံမှ သိမ်းဆည်းယူထားလိုက်ကြောင်းသိရ။

ပယ်ချခံရတဲ့ ကျောင်းသားများအနေဖြင့်
နှစ်ဦးနှစ်ဖက် ညှိနှိုင်းလို့ ပြေလည်ရင်တော့ နောက်ရက်တွေမှာ ပြန်လည်ဖြေဆိုခွင့်ရကြမှာပါလို့သိရ။

ယခုပြဿနာနှင့်စပ်လျဉ်း၍ တာဝန်ပေါ့လျော့သူများနှင့် ကိုယ်ပိုင်ကျောင်းမှတာဝန်ရှိသူကိုလည်း အရေးယူမှုပြုလုပ်သွားမည်လို့လည်းသိရ။

Crd
❤21👍1
တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်
❤1