Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
26.9K subscribers
4.36K photos
97 videos
1.21K files
522 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
၂၀၂၆ခုနှစ် #တက္ကသိုလ်ဝင်တန်း #အနီးကပ်ပို့ချချက် #မြန်မာစာ @educationchannel2019
Grade-12 သာသာစုံအနီးကပ်ပို့ချချက်များ၊ (၁၈/၁၉/၂၀-၂-၂၀၂၆) မကွေးတိုင်း။

1️⃣မြန်မာစာ
https://youtu.be/DjVebHwla1E

2️⃣ English
https://youtu.be/e17Qt3bgxds

3️⃣ Mathematics
https://youtu.be/ap8Q50iQnvU

5️⃣ Geography
https://youtu.be/eP7uXrG43X4

6️⃣ History
https://youtu.be/tf03HDfb_jw

7️⃣ Economic
https://youtu.be/_Xq9sXjzLqI?si=P6burlldyQyAgD89

https://youtu.be/hcMvb0TdpW8

8️⃣ Physic
https://youtu.be/Vea1uFfgMlE?si=EwajUYcStRv2Q6md

9️⃣ Chemistry
https://youtu.be/hlcJ1zdlkxk

🔟 Biology
https://youtu.be/nwCWiqzbqB4
8
ပညာရေး ကျားဖြန့်" ဆိုတဲ့ စကားလုံးကို ကြားဖူးကြသလား။ အခု ၂၀၂၅ ခုနှစ်မှာ ကိုယ့်ဘဝကို ပညာရေးနဲ့ မြှင့်တင်ပြီး လွတ်လပ်တဲ့ အနာဂတ်ကို တည်ဆောက်ချင်ကြတဲ့ ကျွန်တော်တို့ တိုင်းပြည်က လူငယ်တွေကြားမှာ ဒီကျားဖြန့်က အတော်လေး အမြစ်တွယ်နေပြီ။ မိဘတွေကလည်း သားသမီးတွေ သူများအောက် မကျိုးရအောင်၊ မျက်နှာမငယ်ရအောင်ဆိုပြီး ရှိစုမဲ့စုလေးကို ရောင်းချ၊ ပုံအောပြီး ပညာရေးဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုကို လုပ်ကြတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ပညာရေးဟာ ကုန်သွယ်မှု သက်သက်၊ လိမ်လည်မှု သက်သက် ဖြစ်လာနေတာကို ကျွန်တော် ရင်နာနာနဲ့ပဲ ထောက်ပြချင်ပါတယ်။

ပထမဆုံး ပြောချင်တာက နိုင်ငံတကာကျောင်း ဆိုတဲ့ ဆိုင်းဘုတ်တွေအကြောင်းပါ။ အခုနောက်ပိုင်း နိုင်ငံတကာကျောင်းဆိုတာ မှိုပေါက်သလို ပေါ်လာတယ်။ Cambridge တို့၊ IGCSE တို့ သင်မယ်ဆိုပြီး ကြော်ငြာကြတယ်။ ကျောင်းလခတွေကလည်း မတန်တဆပါပဲ။ ဒါပေမဲ့ တကယ်တမ်း သင်ကြားတဲ့အခါ နိုင်ငံတကာအဆင့်မီ ပညာရေးစနစ် မဟုတ်ဘဲ၊ ဟိုးအရင် ကျူရှင်ခေတ်ကလို အလွတ်ကျက်၊ အလွတ်ဖြေ စနစ်ဟောင်းကြီးနဲ့ပဲ သွားနေကြတာ အများကြီးပါ။ ဘာလို့လဲဆိုတော့ သင်နေတဲ့ ဆရာ၊ ဆရာမ အတော်များများက နိုင်ငံတကာကျောင်းတွေ၊ နိုင်ငံတကာ တက္ကသိုလ်တွေမှာ တက်ခဲ့ဖူးတဲ့ အတွေ့အကြုံ မရှိကြလို့ပါပဲ။ စေတနာမရှိဘူးလို့ ကျွန်တော် မဆိုလိုပါဘူး။ ဒါပေမဲ့ ပေးရတဲ့ ငွေနဲ့ ရလိုက်တဲ့ အရည်အသွေးက လုံးဝ မမျှတဘူး။ သာမန်ကျောင်းကနေ ပြောင်းလာတဲ့ ကလေးတွေခမျာ စနစ်နှစ်ခုကြားမှာ ဗျာများ၊ စိတ်ဖိစီးပြီး၊ မိဘတွေရဲ့ သွေးချွေးစာ ငွေတွေလည်း သဲထဲရေသွန် ဖြစ်ရပါတယ်။

ဒုတိယ အလိမ်အညာကတော့ ပြည်ပက အင်္ဂလိပ်စာ အစီအစဉ် တွေနဲ့ ပွဲစားတွေရဲ့ လုပ်ရပ်ပါပဲ။ ထိုင်း၊ ဂျပန်၊ ကိုရီးယားစတဲ့ နိုင်ငံတွေက တက္ကသိုလ်တွေမှာ 100% English လိုပဲ သင်ပါတယ်ဆိုပြီး ပွဲစားတွေက ကြော်ငြာကြတယ်။ တကယ်တမ်း ဟိုလည်းရောက်ရော သင်တဲ့ ပရော်ဖက်ဆာတွေရဲ့ အင်္ဂလိပ်စာ လေယူလေသိမ်း ကို နားလည်ဖို့ အတော်လေး ရုန်းကန်ရတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာပြည်ကနေ IELTS ရမှတ် မြင့်မြင့်ရပြီး သွားတဲ့ ကျွန်တော်တို့ လူငယ်တွေက ဟိုက စာသင်နေတဲ့ ပရော်ဖက်ဆာတွေထက် အင်္ဂလိပ်လို ပိုပြီး ရှင်းလင်းပြတ်သားစွာ ပြောနိုင်၊ နားလည်နိုင်နေတယ်။ ဘာသာစကား အခက်အခဲကြောင့် ပညာရေးမှာ တုံ့ဆိုင်းသွားရတယ်၊ ကျောင်းပြောင်းရတဲ့အထိ ဒုက္ခရောက်ရတယ်။ အဲ့ဒီလို အိပ်မက်တုတွေ ရောင်းစားပြီး ဒုက္ခရောက်နေသူတွေကို အမြတ်ထုတ်နေတဲ့ ပညာရေးပွဲစားတွေရဲ့ လုပ်ရပ်ဟာ တော်တော်လေးကို ရုပ်ဆိုးလွန်းပါတယ်။

တတိယတစ်ခုကတော့ အခုခေတ်စားနေတဲ့ AI၊ Data Science ၊ IT စတဲ့ နာမည်ကြီး ဘာသာရပ်တွေနဲ့ ဗီဇာ ရောင်းစားတဲ့ အစီအစဉ်တွေပါ။ ထိုင်းလို နိုင်ငံမျိုးမှာ ကာလတို ဗီဇာရဖို့ သက်သက်အတွက် ဖွင့်ထားတဲ့ အရည်အသွေးနိမ့် ပုဂ္ဂလိကကျောင်းတွေ အများကြီး ရှိလာတယ်။ ထိုင်းက AIT လို၊ Mahidol လို၊ Chulalongkorn လို အစိုးရတက္ကသိုလ်၊ နိုင်ငံတကာအဆင့်မီ ကျောင်းတွေမှာ သွားတက်ရင် တကယ့် အရည်အသွေးပြည့်ဝတဲ့ ပညာရေးကို ရမှာ သေချာပါတယ်။ ဒါပေမဲ့ အချိန်မပေးနိုင်လို့ဖြစ်ဖြစ်၊ ပွဲစားတွေရဲ့ ဖြားယောင်းမှုကြောင့်ဖြစ်ဖြစ် ဟိုကျောင်းတွေကို ရောက်သွားတဲ့အခါ ဒုက္ခလှလှ တွေ့တော့တာပါပဲ။ စာသင်မယ့် ဆရာတွေက AI အကြောင်း၊ IT အကြောင်း သေသေချာချာ နားမလည်ကြဘူး။ ခေတ်စားနေတဲ့ စကားလုံး တွေနဲ့ နာမည်ကြီး ဖတ်စာအုပ်တွေကို ကိုးကားပြီး ဟန်ပြသင်သွားကြတာ များတယ်။ တကယ့် လက်တွေ့တတ်ကျွမ်းတဲ့ ဆရာဆိုတာ လက်ချိုးရေလို့ ရတယ်။ ဒီလိုနဲ့ပဲ ဗီဇာရဖို့ သက်သက် သွားတဲ့ လူငယ်တွေဟာ ပညာလည်းမတတ်၊ အချိန်တွေ၊ ငွေတွေသာ ကုန်ဆုံးပြီး လမ်းပျောက်ရပြန်ပါတယ်။
ကျွန်တော်တို့ လူငယ်တွေ၊ ညီငယ်၊ ညီမငယ်တွေ... ပညာရေးဆိုတာ ကိုယ့်ဘဝအတွက် အကြီးမားဆုံး လက်နက်ပါ။ ဒါပေမဲ့ အဲဒီလက်နက်ကို ဝယ်ယူတဲ့နေရာမှာ လိမ်လည်လှည့်ဖြားတဲ့ ကျားဖြန့်တွေရဲ့ သားကောင် မဖြစ်ပါစေနဲ့။

မိဘတွေရဲ့ ချွေးနှဲစာ၊ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ လူငယ်ဘဝ အချိန်တွေကို ပွဲစားတွေရဲ့ လေလုံးတွေကြားမှာ မစတေးလိုက်ပါနဲ့။ သေချာ စုံစမ်းပါ၊ ဝေဖန်ပိုင်းခြားပါ။ ကိုယ်ရွေးချယ်မယ့် လမ်းဟာ ရွှေပြည်တော်ကို တကယ်ရောက်မယ့် လမ်းလား၊ ဒါမှမဟုတ် တံလျှပ်ကို ရေထင်ပြီး ပြေးရမယ့် လမ်းလားဆိုတာကို မျက်စိဖွင့် နားဖွင့်ထားဖို့ ကျွန်တော် အလေးအနက် သတိပေးချင်ပါတယ်။
9👍3