Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ဆရာ/မများအတွက် လိုက်နာရန် (၃) ချက်
============================

#အချိန်မီလာပါ

ဆရာ/မ တိုင်း မိမိစာသင်ကျောင်းကို အချိန်မီ
လာရမယ်။ အချိန်မီ ရောက်ရမယ်။ မိမိက
စာသင်ကျောင်းကို အချိန်မီရောက်ထားပါမှ
ကျောင်းကိစ္စတွေ လုပ်နိူင်မယ်။ သင်ခန်းစာတွေ
ပြင်ဆင်နိူင်မယ်။ ကလေးတွေနဲ့ ရင်းရင်းနှီးနှီး
ဖော်ဖော်ရွေရွေ နေလို့ရမယ်။ ပတ်ဝန်းကျင်က
အချိန်မီလာ အချိန်မှန်ကျောင်းတက်နေတဲ့
ဆရာ/မ တစ်ယောက်ပါပဲ လို့ အသိအမှတ်ပြု
လေးစားစံပြု ထိုက်လာမယ်။ မိမိကိုယ်၌က
ကျောင်းကို အချိန်မီမလာ၊ အချိန်မှန်မလာ၊
စာသင်ကျောင်းကို ကရုမစိုက်အလေးမထားရင်
မိမိနှင့်အတူ မိမိစာသင်ကျောင်းကို ကလေးများ
နှင့် မိဘများက တန်ဖိုးထားမည်မဟုတ်။
အချိန်မီမလာသော ၊ အချိန်မှန်မလာသော
ဆရာ/ဆရာမများ အတွက်ကြောင့် ကျွန်တော်
တို့ ပညာရေးဝန်ထမ်းတွေရဲ့ဘဝကို တန်ဖိုး
ထား လေးစား လိုက်နာလိုမှုတွေ လျော့နည်း
လာတယ်ဆိုတာ သိထားရမယ်။

#အချိန်မှန်ဝင်ပါ

ဆရာ/မတိုင်း မိမိစာသင်ချိန်မှာ အချိန်မီလာပြီး
အချိန်မှန် ဝင်ဖို့လိုတယ်။ ကလေးတွေက ဒါ
ဘယ်ဆရာ/မ အချိန်ဆိုပြီး မျှော်နေတတ်တယ်။
ကျောင်းကို အချိန်မီလာသော်လည်း အချိန်မှန်
မဝင်တဲ့အခါသင်ခန်းစာတွေနောက်ကျ တာတွေ
ရှိလာမယ်။ အစီအစဉ်မကျ ကသောကရော
သင်ခန်းစာရဲ့ လပိုင်းမာတိကာ အရပဲ သင်လာ
မယ်။ နောက် စာမေးပွဲနားနီးမှ ကလေးတွေကို
တစ်ခါတည်းရိုက်သွင်းလိမ့်မယ်။ ဒါက မှားတဲ့
လုပ်ရပ်တစ်ခုပဲ။ ဆရာဆိုတာ ဘာလုပ်ရမလဲ။
စာသင်ရမယ်။ စာသင်ဖို့ပဲလား ။ မဟုတ်ဘူး။
လူကိုပါပြင်ရမယ်။ ကိုယ်က စံပြု ထိုက်အောင်
နေပါမှ ကလေးတွေက စံပြု ကြလိမ့်မယ်။ လူ
လေးစားအောင်နေမှ လူတွေကလေးစားမယ်။
အချိန်မှန်မဝင်တဲ့အခါကလေးလည်းကျောင်းကို
အချိန်မှန် လာချင်မှာမဟုတ်ဘူး။ အချိန်မှန်မဝင်
တဲ့ ဆရာ/ဆရာမတွေအတွက်ကြောင့်သာ
ကျွန်တော်တို့ ပညာရေးလောကကို အထင်သေး
လာတာတွေရှိလာတယ်ဆိုတာ သိထားပါ။

#အချိန်ပြည့်စာသင်ပါ

ဆရာ/မ တစ်ယောက်က ကျောင်းကို အချိန်မ
ရောက်လာမယ်။ အချိန်မှန် ဝင်မယ်။ ဒါ့အပြင်
အချိန်ပြည့်စာသင်ဖို့လည်း လိုပါလိမ့်မယ်။
ကျောင်းထဲမှာ ရှိနေရမဲ့ အချိန်မှာ ဆရာ/မတိုင်း
ကျောင်းထဲမှာရှိကိုရှိနေရမယ်။ဘာမှအကြောင်း
ပြချက် ပြစရာမလိုဘူး။ နိူင်ငံတော်ရှဲ့ လစာကို
ခံစားထားတဲ့လူတစ်ယောက်က တာဝန်ချိန်မှာ
တာဝန်ကို လေးစားရမယ်။ မ်ိမိ ကိုယ်ရေးကိုယ်
တာ အတွက်ကြောင့် ကျောင်းနဲ့ကလေးတွေကို
ပစ်မထားသင့်ဘူး။ ဆရာ့စိတ်ဓာတ်အပြည့်အဝ
ရှိတဲ့ဆရာ/မတွေအတွက် ဒါတွေက ပြောနေစ
ရာမလိုဘူး။ ပေါ့ပေါ့နေပေါ့ပေါ့စား ပေါ့ပေါ့လေး
ဝတ်ကျေ တန်းကျေ လေး တာဝန်အရ လေး
ကျောင်းလာ ကျောင်းပြန်လုပ်နေတိုင်းဝန်ထမ်း
ကောင်းမဟုတ်ဘူး။ဝန်ထမ်းကောင်းတို့မည်
သည် ကိုယ့်အတွက်လည်း ကောင်းအောင်နေ
တယ်။ သူများအတွက်လည်း ကောင်းအောင်
လမ်းညွှန်တယ်။ ဒီတော့ ဆရာ/မတိုင်းက
ဒီသုံးချက်နဲ့ ကိုက်ညီအောင် နေထိုင်ရမယ်။ သို့
မှသာ မြန်မာ့ပညာရေးရဲ့မျှော်မှန်းချက်တွေက
အရောင်တောက်ပလာမှာဖြစ်တယ်။ ရေသာခို
အချောင်လိုချင်တဲ့ ဆရာ/မ တွေရှိနေသ၍
ကျွန်တော်တို့ ပညာရေးဟာ ကျွန်ပညာရေးစနစ်
ကြီးပဲဖြစ်နေတော့မှာပဲ။ အဲ့ဒါကြောင့် သခင်
ပညာရေးဖြစ်ပေါ်လာအောင် ဆရာ/မများအား
လုံး တာဝန်ယူမှုတွေ တာဝန်ခံမှုတွေ ရှိလာဖို့
လိုအပ်တယ်။

နောက်ဆုံးပြောချင်တာကတော့ ကလေးတွေ
ကို ဆရာ/မတွေက ဆုံးမကြတာရှိတယ်။
``ကျောင်းမှန်မှန်တက် စာမခက်´´ တဲ့။
ဒါပေမဲ့ကျွန်တော်ကတော့ ဆရာ/မတွေအတွက်
စကားလေးလက်ဆောင်ပါးလိုက်ချင်တယ်။

`ကျောင်းမှန်မှန်သွား ဆရာ/မ များ
မပျက်မကွက် ကျောင်းကိုတက်၍
အပျင်းမဖက် စာသင်လျှက်
ကျောင်းတက်မပျက်ပါစေနှင့်´´´ဟု
နှိုးဆော်တိုက်တွန်းလိုက်ရပါသည် ခင်ဗျာ။ ။

#ဆရာတိမ်ထွဋ်ခေါင်
👍1
''လုပ်သက်တန်းစီ'' B.Ed. (၃/၂၃) တက်ရောက်ခွင့်ရသူများ စာရင်းထွက်ရှိပါပြီး။တက်ရောက်ခွင့်ရသောဆရာ/ဆရာမများCongratulations ပါလို့ပြောပါရစေ
#နောက်ဆုံးစာမေးပွဲကိစ္စ
၂၀၂၂-၂၀၂၃ ပညာသင်နှစ်
အခြေခံပညာမူလတန်းဆင့်
Grade (5)သင်ရိုးသစ်Final အတန်းတင်နှစ်ဆုံးစာမေးပွဲကို
(၂၂.၂.၂၀၂၃)မှ(၂၈.၂.၂၀၂၃)ရက်အထိကျင်းပသွားပါမည်ဖြစ်ပါကြောင်း။
၂၂.၂.၂၃.မြန်မာစာ
၂၃.၂.၂၃.အင်္ဂလိပ်စာ
၂၄.၂.၂၃.သင်္ချာ
၂၇.၂.၂၃.သိပ်ပံ
၂၈.၂.၂၃. လူမှုရေး

Grade(Grade9)စာမေးပွဲ ကို (၂၂.၂.၂၀၂၃ )မှ (၁.၃.၂၀၂၃)ထိကျင်းပသွားမည် ဖြစ်ကြောင်း.

၂၂.၂.၂၃.မြန်မာစာ
၂၃.၂.၂၃.အင်္ဂလိပ်စာ
၂၄.၂.၂၃.သင်္ချာ
၂၇.၂.၂၃.ပထဝီဝင်
၂၈.၂.၂၃. သမိုင်း
၁.၃.၂၃.အထွေထွေသိပ္ပံ

ကြားသိရသည်ကိုမျှဝေတာပါ ဘာအကန့်မှ မပါပါ

#နောက်ဆုံးစာမေးပွဲကိစ္စ
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ အသီးသီး၏ ကျောင်းတွင်းစစ် နောက်ဆုံးစာမေးပွဲများ စစ်ဆေးကျင်းပခြင်းကို အောက်ပါအတိုင်း၊စစ်ဆေးကျင်းပ သွားရန် ဖြစ်ပါသည်။

(၁) အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade 5) စာမေးပွဲကို (၂၂-၂-၂၀၂၃) မှ ( ၂၈-၂-၂၀၂၃) အတွင်း ကျင်းပရန် ဖြစ်ပါသည်။

(၂) အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade 9) စာမေးပွဲကို (၂၂-၂-၂၀၂၃) မှ ( ၁-၃-၂၀၂၃) အတွင်း ကျင်းပရန် ဖြစ်ပါသည်။

(၃) ကျန်ရှိသော ကျောင်းတွင်းစစ် စာမေးပွဲများကို (၁၄-၂-၂၀၂၃) မှ (၂၁-၂-၂၀၂၃)အတွင်း (တနင်္ဂနွေ နေ့ မှအပ) ကျင်းပရန် ဖြစ်ပါသည်။

(၄) အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade 11 ) သင်ရိုးဟောင်း ကို (၁၄-၂-၂၀၂၃) မှ ( ၂၀-၂-၂၀၂၃) အတွင်း (တနင်္ဂနွေ နေ့မှ အပ) ကျင်းပရန် ဖြစ်ပါသည်။

(၅) ၂၀၂၃- ခုနှစ် ၊ တက္ကသိုလ်ဝင် စာမေးပွဲကို (၈-၃-၂၀၂၃) မှ (၁၈-၃-၂၀၂၃) အတွင်း ကျင်းပမည် ဖြစ်ပါသည်။

Credit....
သင်ကြားရေးဝန်ထမ်းအပြောင်း‌ေတွ ခေါ်ပါပြီးတ့ဲ ၊ ၃၁.၁.၂၀၂၃ထိလုပ်သက်တွက်ရပါမယ်
ခရိုင်ရုံးကိုစာဝင်ပါပြီတဲ့
မျှော် နေသူများလိုရာပြည့်ပါစေ။
အခမ်းအနားကျင်းပရာတွင်သိထားသင့်သော
အချက်များ
******* အခမ်းအနားကျင်းပရာတွင်
သိထားသင့်သောအချက်များကို
ဆရာဝေလျှံဖြိုး(ငါန်ဇွန်း)ရေးသော post မှ
ကောက်နှုတ်ဖော်ပြပေးလိုက်ပါသည်
------------------------------- အခမ်းအနားနဲ့ပတ်သတ်တဲ့လမ်းညွှန်စာအုပ်ကို ဌာနကဖြန့်ဝေထားတာရှိပါတယ် အဲ့စာအုပ်ကိုပဲကိုးကားပရစေ ပထမဆုံးအကြံပြချင်တာက

အခမ်းအနားအပြင်အဆင်ပါ အလှု မင်္ဂလာဆောင် ဇာတ်ပွဲ အငြိမ့်ပွဲ လိုမျိုး ရှုတ်ယှက်ခတ်အောင် အကုန်အကျများစွာခံဘို့မလိုပါ နောက်ခံအစ နဖူးစည်း ပုဏ္ဏားကွယ် ဒူးပိတ် ဒါဆိုလုံလောက်ပါပြီ အခမ်းအနားအကြောင်းအရာစာလုံးက အကြီးဆုံးနှင့်အပေါ်လွင်ဆုံးထားပါ နေရာ/မြို့နယ်အဆင့်/(တိုင်းအဆင့်) ရက်စွဲ ဒါဆိုရပါပြီ အလင်းရောင်လိုအပ်ရင်မီးဆင်ဘို့လိုပါမယ် အလင်းပေးမီးလုံးကို ကာထားဘို့လိုပါမယ် ဒါမှစင်အောက်ကမှတ်တမ်းရိုက်တဲ့သူကြည့်တဲ့သူတွေအဆင်ပြေမှာပါ

နောက်တစ်ခုကအလံ နိုင်ငံတော်အလံတစ်ခုပဲတင်မှာဆိုရင်တော့ နဖူးစည်းခလယ်ထိပ်ဆုံးက ဖြန့်၍ဖြစ်စေ ထောင်၍ဖြစ်စေထားကြပါတယ် ဌာနအလံပါသုံးမည်ဆိုပါက စင်၏ဘယ်ဘက်ကပါ နိုင်ငံတော်အလံက ညာဘက်ကပါ အလံအများကြီးမရှိရင်တစ်ခုစီဆိုရပါတယ် သတိထားရမှာက အလံတိုင် မစောင်းဘို့ အလံလျောကျမနေဘို့ အလံအထက်အောက်မမှားစေဘို့ပါ

နောက်တစ်ခုကထိုင်ခုံပါ
ပရိတ်သတ်အားလုံးအတွက် ခုံစီစဉ်ဖို့ အဆင်မပြေရင်
အခင်းခင်းကာ ကြမ်းတပြေးညီစီစဉ်ပါ......
ဖိတ်ထားတဲ့လူကြီးနဲ့ဆရာ ဆရာမတွေက ထိုင်ခုံနဲ့အထက်ကထိုင်
ရပ်မိ ရပ်ဖ အသက်ကြီးသူတွေက အောက်ကြမ်းပြင်ကထိုင်တာမျိုး မဖြစ်သင့်ပါ။

ပန်းအလှဆင်မယ်ဆို တရားပွဲလိုမျိုး မများသင့်ပေ။

ဟောပြောစင်လိုပါမယ် မရှိပါက Mic Standထားပါ စကားပြောမဲ့လူကြီးက ကာရာအိုကေဆိုသလို လက်က ကိုင်ပြောရတာမျိုး နဲ့မတူဖို့ ဂရုစိုက်ရပါ့မယ်။

အခမ်းအနားမှုးသည် အခရာပါ အသံထွက်မှန်တဲ့သူ စကားပြော မနှေးမမြန်တဲ့သူ ပါးနပ်တဲ့သူ လုပ်ရဲတဲ့သူ
ရှာထားပါ

သာမန်ပွဲတွေမှာ မိန့်ခွန်း လို့မသုံးရပါ #အမှာစကား လို့ သုံးရပါမယ် ပထမဆုံးပြောမဲ့လူကြီးက *အဖွင့်*အမှာစကားပါ
နောက်ထပ် ပြောမဲ့သူကျန်သေးရင်*အဖွင့်*ထပ်ထည့်စရာ မလိုပါ အမှာစကား,ကျောင်းသမိုင်းအကျဉ်း,ကျေးဇူးတင်စကား,တင်ပြလိုတဲ့အခြေအနေ စသဖြင့်သုံးပါ။

အခမ်းအနားအစီကို အခမ်းအနားမစမီ လူကြီးကိုပြရပါမယ်။အခမ်းအနားမစမီ အခမ်းအနားအစီအစဉ်ကို ကြေညာပါ ထပ်ကာထပ်ကာ မဖြစ်ပါစေနှင့်
ခန်းမအတွင်းသို့ လူကြီးအားလုံးနေရာယူပြီးပါက အခမ်းအနားအစီအစဉ်ကို ထပ်မံကြေညာစရာ မလိုပါ

အခမ်းအနားစတင်လျှင် #အစီအစဥ်အရ ဟုသာသုံးပါ
အစီအစဉ် ၁ အရ ,၂ အရ,စသဖြင့်နံပါတ်တပ်ရန်မလိုတော့ပါ
ဥပမာ။ ။အစီအစဉ်အရ_____ကအဖွင့်အမှာစကားပြောကြားမှာဖြစ်ပါတယ် ရှင့်/ခင်ဗျာ
ဒါဆ်ို လုံလောက်ပါပြီ.....
(အမှာစကားပြောကြားပေးပါရန် ---အားလေးစားစွာပန်ကြားအပ်ပါသည်)ဟု ပြောခြင်းသည် အပ်ိုစကားဖြစ်သည်ပြောဘို့မလိုပါ

အမှာစကားပြောသူသည်ပြောပြီးပါက သူ့ဘာသာနီဂုံးချုပ်၍ ဆင်းသွားပါမည်
#အခုလို_အမှာစကားပြောကြားပေးပါသော____အားအထူးကျေးဇူးတင်ရှိပါသည်)ဟု လုံးဝ(လုံးဝ)#ပြောစရာမလိုပါ

#ဆုပေးခိုင်းရင်တော့ပြောရပါမည် သို့မှသာသူပေးရမည့်ဆုကုန်သွားပြီဆိုတာသိမှာပါ

ဆုယူဘို့ခေါ်တဲ့အခါမှာလည်း*-----ပညာသင်နှစ်----တန်းတွင်----ဆုရရှိသောအဖဦး-----၏သား/သမီး----- မောင်/မ-----
ဆုလက်ခံယူရန်ဖြစ်ပါတယ်*ဒါဆိုလုံလောက်ပါ (စင်မြင့်ထက်သို့တက်ရောက်ပါရန် ဘာရန် ညာရန် လုံးဝပြောဘို့မလ်ိုတော့ပါ)

ထို့အတူ ဖျော်ဖြေဘို့ခေါ််တဲ့အခါမှာလဲ (အစီအစဉ်အရ----မှ-----က-----ဖြင့်ဧည့်ခံဖျော်ဖြေမှာဖြစ်ပါတယ်)ဒါဆိုလုံလောက်ပါပြီ။

နောက်တစ်ခုက အခမ်းအနား(ပြီးဆုံး)ကြောင်းမဟုတ်ပါ(#ပြီးမြောက်)ကြောင်းဟုသုံး၍ကြေညာရပါမည်

လူကြီးအဖွဲ့့ခန်းမမှ့ထွက်ခွာပြီးမှ ကျန်လူများထွက်ခွာရန် ....
လူကြီး များခန်းမဝင်/ထွက် မှာ #မတ်တပ်ရပ်ရန် တို့ပြုလုပ်မည်ဆိုပါက
#ပရိတ်သတ်ကို_ကြိုတင်အသိပေးရမည်
#အခမ်းအနားမှုးက_ကြေညာမပေးရပါ
ကျောင်းအချို့ကိုအခမ်းအနားမှုးလုပ်မည့်သူများကိုကျောင်းအုပ်ကြီးများကအကူအညီတောင်းလို့သွားသင်ပေးခဲ့ပါတယ်
အများစုလုပ်တတ်သွားသလိုအချို့လဲမောတာသာအဖတ်တင်မတတ်ကြသေးပေ
မည်သို့ပင်ဆိုစေကာမှု ကို့ကျောင်း /ကို့လူကြီး/
ကို့အခမ်းအနားနဲ့ ဘယ်လိုပဲကျင်းပပါစေ မှားသွားလို့အရေးယူခံရခြင်းထုံးစံမရှိပါ

သို့သော် အမှားကင်းအောင်လုပ်ဆောင်နိုင်ခြင်း အခမ်းအနားမျိုးစုံနားလည်ထားခြင်း ဆရာ ဆရာမတို့ထံပြင်ပမှ အကူအညီတောင်းခံလာလျှင် ကျွမ်းကျင်နေခြင်း စသည်တို့သည်မိမိတို့့၏စွမ်းဆောင်ရည်နှင့်ဂုဏ်သိက္ခာကိုမြှင့်တင်ရာရောက်သဖြင့်အပြုသဘောဖြင့်တင်ပြလိုက်ရပါတယ်။

* ဆရာဝေလျှံဖြိုး(ငါန်းဇွန်)ရေးသော post မှ ကောက်နှုတ်ဖော်ပြပါသည်*
#Credit>>>