Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
16.3K subscribers
3.75K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ကြာပြီဆိုပေမဲ့ အမှန်တရားက ခိုင်မြဲနေတုန်းပါ

***မြန်မာလိုသင်တဲ့တစ်နေ့
ဘွဲ့ရရ-မရရ ပညာတတ်တွေ
ပေါများလာမည်***

ဒေါက်တာခင်မောင်ညို
----------------------

***ဘွဲ့ရ နှင့် ပညာ

ကျွန်တော်တို့မြန်မာပြည်တွင် ဘွဲ့ရအများစုကို 'ဘွဲ့ရပညာမတတ်' ဟူ၍ စွပ်စွဲပြောဆိုကြသည်။

၁၄ နှစ်ခန့်အချိန်ကုန်လူပန်းပြီး ကြိုးစားခဲ့သူများစွာကို ဘွဲ့ရသည့်အခါ သူတို့ကို ဘာကြောင့် 'ပညာမတတ်'ဟု ဟူ၍ စွပ်စွဲပြောဆိုကြသနည်း...။

လေ့လာဆန်းစစ်မှုတစ်ခု ပြုလုပ်ခဲ့သည်။
ပညာကို ဘယ်လိုသင်ကြလဲ....။

ဥရောပနိုင်ငံအများကို ကြည့်ရင် သူတို့သည် မိခင်ဘာသာစကားဖြင့်သာ စာသင်သည်ကို တွေ့ရမည်။

ပြင်သစ်တွင်
ပြင်သစ်ဘာသာရပ်ဖြင့်သာ စာသင်သည်။
ဂျာမနီတွင်
ဂျာမန်ဖြင့် စာသင်သည်။

အာရှနိုင်ငံများတွင်ကော.....။
ထိုင်းတွင်
ဘာသာရပ်အားလုံးကို ထိုင်းလိုသင်သည်။ ထိုင်းတက္ကသိုလ်များတွင်
ထိုင်းလိုပင် သင်သည်။

တရုတ်တွင်လည်း
ထို့အတူဖြစ်သည်။
တရုတ်မှာ တက္ကသိုလ်တက်ရင်
၉၉% သောကျောင်းတွေဟာ တရုတ်လိုပင် သင်သည်။
အင်တာနက်နှင့်ပတ်သက်၍
အားလုံး တရုတ်လို
ကြည့်လို့ရသည်၊ ရှာလို့ရသည်။

ဂျပန်ကော ဘာထူးသလဲ...။
သူတို့တက္ကသိုလ်များတွင်
ဂျပန်လိုပင် သင်သည်။
ဂျပန်က
အင်္ဂလိပ်လိုရေးသားထားသော
ထွက်သမျှ စာအုပ်အားလုံးလိုလိုကို ဘာသာပြန်သည်။

ကိုရီးယားတွင်လည်း
ဒီလိုပဲပေါ့။
ဒီကောင်တွေ
အင်္ဂလိပ်စာညံ့သည်။
အင်္ဂလိပ်စကား ကောင်းကောင်း မပြောတတ်ကြပါ။
နိုင်ငံခြားသားတစ်ယောက်တလေ လမ်းလျှောက်နေသည့်အခါ လာပြီး မေးလျှင် မဖြေရဲ။
ရှက်ရှက်နှင့် ထွက်ပြေးကြရသည်။

တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊
အားလုံး အင်္ဂလိပ်လို ညံ့သည်။
ထိုသို့ ညံ့သည့်အကြောင်းကား
သူတို့သည် ကျောင်းတွင် ဘာသာရပ်အားလုံးကို
မိခင်ဘာသာစကား (mother Tongue) ဖြင့်သာ သင်ယူကြသောကြောင့် ဖြစ်သည်။

သူတို့အင်္ဂလိပ်စာညံ့သည်မှာ မှန်သော်လည်း သူတို့ ဘာသာရပ်ကို ကျွမ်းကျင်သည်။
ဂျပန်သည် တီထွင်မှု (innovation) များစွာကို ပြုလုပ်ခဲ့သည်။
သူတို့သည် ကမ္ဘာတွင် အကောင်းဆုံးသော အီလက်ထရွန်းနစ်ပစ္စည်းများကို ထုတ်လုပ်သည်။

ဒုတိယ ကမ္ဘာစစ်တွင်
အဏုမြူဗုံးအချခံရ၍ ပြာပုံဖြစ်ခဲ့ရသော ဂျပန် ချမ်းသာသွားသည်။
ဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်သွားသည်။

တောင်ကိုရီးယားသည်
ဒီမိုကရေစီမှာ အတော်နောက်ကျသည်။
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ် ပြီးသွားသော်လည်း ကိုရီးယားစစ် မပြီးသေးပါ။
မြောက်ဘက်က တရုတ် ကူတိုက်ပေးသည်။
တောင်ဘက်က အမေရိကန်တို့ ကူတိုက်ပေးသည်။
မြောက်ဘက်က
ဆိုးလ်မြို့အနီးထိပင် ဝင်ခဲ့သည်။
တောင်ဘက်က တွန်းလှန်သည်။
နောက်ဆုံးစစ်ပြေငြိမ်းကာ 'တောင်နှင့်မြောက်' ဟူ၍
ကိုရီးယား နှစ်ခြမ်းကွဲလေသည်။
စစ်ဘေးဒဏ်ကြောင့်
ကိုရီးယား မွမွကြေနေလေသည်။

၁၉၆၀ ပြည့်နှစ်အလွန်က
ကိုရီးယားကို ရောက်သူတစ်ယောက်၏
မှတ်တမ်းတွင် ကိုရီးယားတို့ဆင်းရဲပုံကို ဖော်ပြထားသည်။

လမ်းတွေမှာ
ရေအိုင်နေတဲ့ ချိုင့်ခွက်တွေနဲ့၊
အစာရေစာ ၀လငအြောငမြစားကှရ၊ လမ်းဘေးတွင် ဟောင်နေသော ခွေးသည်ပင် စားစရာမရ မဝသောကြောင့် ချိနဲ့သောအသံဖြင့် ဟောင်နေရှာသည်။မိန်းမတွေဆံပင်ဖြတ်ကာ
အစိုးရကို ရောင်းကြရသည်။

သို့သော် ၁၉၈၈ခုနှစ် ဆိုးလ်မြို့ကို ပြန်ရောက်တော့ ကိုရီးယားသည် စပြီးချမ်းသာလာပါပြီ။
ဆိုးလ်တွင် အိုလံပစ် ကျင်းပသည်။ ဒီမိုကရေစီကို ပြည့်၀စွာ အသုံးချနေကြသည်။
ယနေ့တောင်ကိုရီးယားသည် ကမ္ဘာ့အဆင့်မီ ချမ်းသာတဲ့ နိုင်ငံဖြစ်နေပါပြီ။

ကိုရီးယားမှထုတ်သော ဆမ်ဆောင်း ဖုန်းများ၊ မော်တော်ကားများသည် ကိုရီးယားကို အခြေခိုင်စေသည်။

တရုတ်ကိုတော့ ပြောစရာမလိုပါ။
ယနေ့တရုတ်သည် ကမ္ဘာတွင် လူဦးရေအများဆုံးနိုင်ငံ ဖြစ်သလို ဒုတိယအချမ်းသာဆုံးနိုင်ငံ ဖြစ်နေလေပြီ။

အင်္ဂလိပ်စာတတ်သော တရုတ်များ နိုင်ငံရပ်ခြားက ပြန်လာကြသည်။
အင်္ဂလိပ်စာမတတ်သော တရုတ်များက နိုင်ငံကို အုပ်ချုပ်သည်။

ဒီအတိုင်းပါပဲ၊
ထိုင်းကိုကြည့်ပါ။
သူတို့ကျောင်းနှင့် တက္ကသိုလ်များတွင် ထိုင်းလိုသာ အဓိကထား၍ ပညာသင်ပေးသည်။

ကျွန်တော်တို့ဆီက လူသန်းဂဏန်း မဟုတ်ရင်တောင် သိန်းဂဏန်းပေါင်းများစွာသည် ထိုင်းတွင် အလုပ်လုပ်နေကြရသည်။
ထိုင်းအများစုသည် အင်္ဂလိပ်လို မတတ်ပါ။
ကျွန်တော်တို့ဆီ အနိမ့်ဆုံးလစာကို တစ်နေ့ လေးထောင်ပြည့်အောင် မပေးနိုင်မီ ထိုင်းတွင် တစ်သောင်းပေးသည်။
ကိုးရီးယားတွင် ငါးသောင်းပေးသည်။ဂျပန်တွင် တစ်သိန်းပေးသည်။
သူတို့တွင် ပညာရေးကို မိခင်ဘာသာဖြင့်ပင် သင်သည်။

ဘယ်လိုစဖြစ်တာလဲ
ဒီအကြောင်းကို ဆွေးနွေးမိသည်။

ကျွန်တော်တို့ဟာ ၁၉၈၁ ခုနှစ်ကစပြီး မူလတန်းကစလို့ အင်္ဂလိပ်လိုသင်ဖို့ ပြဋ္ဌာန်းတယ်။
၁၉၈၄ ခုနှစ်မှာ ၉ တန်း၁၀ တန်းက စာတွေကို အင်္ဂလိပ်လို သင်တယ်။
GCE 'O' Level အတိုင်းသင်ဖို့ ဆုံးဖြတ်တယ်။

မြန်မာတစ်ပြည်လုံး ကျောင်းတွေမှာ အင်္ဂလိပ်လိုသင်တော့တာပေါ့

ဟုတ်ပါတယ်။ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ဇီဝဗေဒ အားလုံး အင်္ဂလိပ်လို သင်ပါတယ်

သူတို့ကို သင်တဲ့ဆရာဆရာမတွေက မူလက ဘယ်လို ဘွဲ့ရတာလဲ

မြန်မာလိုပဲသင်ပြီး ဘွဲ့ရတယ်သူတို့ အင်္ဂလိပ်လို သင်ဖို့ အခက်အခဲတွေ ရှိတယ်။ ဒါပေမဲ့ သူတို့ဟာ တစ်နေ့ တစ်ပိုဒ်ချင်းဆီ ကျောင်းသားတွေကို လာဖတ်ပြတယ်၊ တတ်သမျှမှတ်သမျှ အဓိပ္ပာယ်ပြန်ပေးကြတယ်"
❤12👏2🥰1
ကျောင်းသားတွေ သဘောပေါက်တာပေါ့

ပေါက်ကြသူတွေ ရှိပါတယ်။ ဒါပေမဲ့ ဒါတွေကို အင်္ဂလိပ်လို ဖြေရမယ်။ သူတို့ မြန်မာလိုတတ်သိ နားလည်နေပေမဲ့ အင်္ဂလိပ်လိုပဲ ဖြေရမယ်ဆိုတော့ အင်္ဂလိပ်လို ကျက်ရတာပေါ့

ကိုယ့်စကားနဲ့ကိုယ် ရေးရင်ကော
ဒါဆိုရင် အမှတ်တွေ နည်းကုန်မှာပေါ့။ အမှတ်ပေးစည်းမျဉ်းက ပြဋ္ဌာန်းစာအုပ်နဲ့ ပေးတာ၊ အမှတ်နည်းရင် သူတို့ တက်ချင်တဲ့တက္ကသိုလ် မတက်နိုင်တော့ဘူး

သူတို့ စာကျက်တာ မမှားဘူးပေါ့
မမှားဘူး။ ဒါပေမဲ့ စာတွေရပေမဲ့ ပညာမတတ်တော့ဘူး၊ သူတို့ဟာ အတွေးဉာဏ်တွေ ရှင်သန်ဖို့ မဖြစ်နိုင်တော့လို့ပဲ"

ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ

ကိုယ့်မိခင်ဘာသာစကားနဲ့ သင်ရင် ပိုကောင်းတာပေါ့

တရုတ် တရုတ်လိုသင်တယ်၊
ဂျပန် ဂျပန်လိုသင်တယ်၊
ကိုးရီးယား ကိုးရီးယားလိုသင်ကြတယ်

သူတို့ တိုးတက်တယ်

ကျွန်တော်တို့ ပညာရေးနဲ့ပတ်သက်ပြီး သဘောထားပြောင်းဖို့ လိုပြီထင်တယ်ဗျာ

မြန်မာပြည်မှာ
မြန်မာလိုသင်တဲ့တစ်နေ့ ဘွဲ့ရရမရရ ပညာတတ်တွေ များပြားလာမှာပါပဲ

------------
အလုပ်အကိုင် လုပ်ငန်းများ အောင်မြင်တိုးတက်ကြပါစေ။

Jobs4U

Seize The Opportunities!
-------------

Credit ဒေါက်တာခင်မောင်ညို
❤32👍5👏4🥰1
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူများအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ပါသည်။
❤24
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူများအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ပါသည်။
❤5
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူများအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ပါသည်။
❤8
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူများအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ပါသည်။
❤17
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်
🔰🔰🔰🔰🔰🔰🔰🔰🔰

၁။ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့ မှ မတ်လ(၁၈) ရက်နေ့ အထိ ကျင်းပမည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားကြသော ကျောင်းသားကျောင်းသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၃ )ရက် တနင်္လာနေ့မှ စ၍ မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ ကျောင်းအုပ်ကြီးများ ထံမှ ထုတ်ယူကြရပါမည်။

၂။ ကျောင်းသားကျောင်းသူများ အနေဖြင့် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား (Identity Card) များ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက် စုံစမ်း မေးမြန်းနိုင်ပါသည်။
❤7