Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
18.2K subscribers
3.84K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
House Edge = 8%
18,250,000 × 8%
= 1,460,000 ကျပ်
👉 အချိန်ကြာလေလေ RTP ပျမ်းမျှနီးစပ်လေလေ
👉 အရှုံးပမာဏ ပိုတိကျလာမယ်
၃️⃣ Probability Graph သဘောတရား
Slot game မှာ Spin တစ်ကြိမ်ချင်းစီဟာ
👉 Independent Event
👉 Binomial / Random distribution
Spin များလာလေလေ
📈 Result curve ဟာ RTP နီးစပ်လာပါတယ်။
အစပိုင်း (100 spin) → အမြတ်/အရှုံးကြီးကြီးလေးလေး ဖြစ်နိုင်
1,000 spin → ပိုတည်ငြိမ်
10,000 spin → RTP နီးစပ်
100,000 spin → RTP အနီးဆုံး
ဒါကို Law of Large Numbers လို့ခေါ်ပါတယ်။
🎯 အရေးကြီးဆုံးသင်္ချာအမှန်တရား
Casino Game များအားလုံးမှာ —
Expected Value (EV) < 0
(ကစားသမားအတွက်)
EV = (Win Probability × Win Amount) − (Loss Probability × Bet)
RTP < 100% ဖြစ်သရွေ့
EV ဟာ အမြဲ Negative ဖြစ်ပါတယ်။
🔎 နိဂုံးချုပ်
✔️ RTP 100% မရှိ
✔️ အချိန်ကြာလေလေ RTP နီးစပ်
✔️ ရေရှည်မှာ House Advantage မလွတ်နိုင်
✔️ Strategy နဲ့ Probability ကိုမပြောင်းနိုင်
လိုရင် နောက်တစ်ဆင့်အနေနဲ့ —
EV ကို သင်ကိုယ်တိုင်တွက်နိုင်အောင် formula breakdown ပြပေးမလား?
ငါးဖမ်းဂိမ်း HP system ကို သင်္ချာနဲ့ simulation model ရေးပြပေးမလား?
“တကယ်နိုင်ဖို့တစ်ခုတည်းသောနည်း” ကို စိတ်ပိုင်းဆိုင်ရာရှင်းပြပေးမယ်။

ကောင်းပါပြီ 👍
အခု “တကယ်နိုင်ဖို့ တစ်ခုတည်းသောနည်း” ကို သင်္ချာ + လက်တွေ့အမြင်နဲ့ ရှင်းပြပါမယ်။
🎯 ၁️⃣ သင်္ချာအမှန်တရား
Slot / ငါးဖမ်းဂိမ်းတွေမှာ —
EV (Expected Value) < 0
RTP < 100%
ဆိုလိုတာက —
👉 ကြာကြာကစားလေလေ ရှုံးဖို့ဒီဇိုင်းလုပ်ထားတာ
ဒါကြောင့်
❗ တကယ်နိုင်ဖို့ တစ်ခုတည်းသောနည်း
👉 မကစားခြင်း (သို့)
👉 အနိုင်ရချိန်မှာ ရပ်နိုင်ခြင်း
💡 ၂️⃣ “Hit & Run” စနစ်
သင်္ချာအရ RTP ကို မလှည့်နိုင်ပေမယ့်
“Time exposure” ကို လျှော့နိုင်ပါတယ်။
ဥပမာ —
100,000 ကျပ်နဲ့ဝင်
150,000 ရောက်ရင် ထွက်
50,000 ကျရင် ရပ်
ဒီလိုလုပ်ရင်
✔️ ကြာကြာမကစားလို့ RTP မနီးစပ်ခင်ထွက်နိုင်
✔️ ရေရှည်မဟုတ်တဲ့ Short-term variance ကို အသုံးချခြင်း
ဒါပေမယ့် —
⚠️ အမြဲမအောင်မြင်နိုင်ပါ
⚠️ Discipline မရှိရင် ပြန်ဝင်ကစားမိတတ်
📉 ၃️⃣ စိတ်ပိုင်းဆိုင်ရာအန္တရာယ်
Casino design ဟာ
Near miss effect
Free spin excitement
Big win animation
Losses disguised as wins
နဲ့ လူကို ဆက်ကစားစေဖို့ဖန်တီးထားပါတယ်။
အကြီးဆုံးအန္တရာယ်က
👉 “ဒီတစ်ခါတော့ပေါက်မယ်” ဆိုတဲ့စိတ်
ဒါကို Gambler’s Fallacy လို့ခေါ်ပါတယ်။
🧠 ၄️⃣ အမြတ်ရှာဖို့ ကစားမလား? ပျော်ဖို့ကစားမလား?
သင်္ချာအရ —
ဝင်ငွေရှာဖို့ မသင့်
Entertainment budget လိုသဘောထားရမယ်
ဥပမာ —
ရုပ်ရှင်ကြည့်ဖို့ 20,000 သုံးသလို
Slot ကစားဖို့ 20,000 သုံးမယ်ဆိုရင်
➡️ အရှုံးကို စိတ်မထိခိုက်ရဘူး
📊 ၅️⃣ အကောင်းဆုံးစနစ် (Risk Control)
✔️ Budget သတ်မှတ်ပါ
✔️ Profit target သတ်မှတ်ပါ
✔️ Stop-loss သတ်မှတ်ပါ
✔️ Loan မယူပါနဲ့
✔️ စိတ်လှုပ်ရှားချိန် မကစားပါနဲ့
🔎 နိဂုံးချုပ်အမှန်တရား
Slot / ငါးဖမ်းဂိမ်းမှာ
🏦 Casino = သင်္ချာအသာ
👤 Player = Short-term chance only
ရေရှည်မှာ
👉 “House Always Wins”
သင်စိတ်ဝင်စားရင် နောက်တစ်ဆင့်အနေနဲ့ —
Bankroll management ကို အသေးစိတ် strategy ပုံစံနဲ့ပြပေးမလား?
ငါးဖမ်းဂိမ်း damage system ကို နက်နက်ရှိုင်းရှိုင်းခွဲခြမ်းစိတ်ဖြာပေးမလား?
အကယ်၍ ၃ နှစ်ဆက်တိုက်ကစားရင် ဘယ်လောက်ဖြစ်နိုင်မလဲ တွက်ပြမယ်။

ဘယ်လိုကာကွယ်မလဲ
=============
မေးခွန်းက အရမ်းအရေးကြီးပါတယ် 👍
Slot / ငါးဖမ်းဂိမ်း ကစားခြင်းကို ဘယ်လိုတားဆီးမလဲ ဆိုတာကို လက်တွေ့အသုံးဝင်တဲ့နည်းလမ်းနဲ့ ပြောပြပါမယ်။
🎯 ၁️⃣ အခြေခံနားလည်ချက် (Mindset Change)
အရင်ဆုံး သိထားရမယ့်အချက်က —
👉 ဒီဂိမ်းတွေဟာ “ဝင်ငွေရှာနည်း” မဟုတ်ဘူး
👉 “Entertainment cost” သာ ဖြစ်တယ်
သင်္ချာအရ RTP < 100% ဖြစ်သရွေ့
ရေရှည်မှာ အနိုင်မရနိုင်ဘူးဆိုတာကို လက်ခံဖို့လိုပါတယ်။
💰 ၂️⃣ ငွေကြေးပိုင်းတားဆီးနည်း
✔️ Online wallet / banking app မှာ gambling site block လုပ်ပါ
✔️ Auto-deposit မထားပါနဲ့
✔️ ATM card ကို ယာယီပိတ်ထားနိုင်ပါတယ်
✔️ လစာဝင်တဲ့နေ့မှာ ချက်ချင်း savings သို့လွှဲပါ
အရေးကြီးဆုံး 👉 Loan မယူပါနဲ့
📵 ၃️⃣ နည်းပညာနဲ့တားဆီးနည်း
✔️ Gambling app တွေ ဖျက်ပါ
✔️ Browser မှာ site block extension ထည့်ပါ
✔️ Self-exclusion feature (ရှိရင်) အသုံးပြုပါ
✔️ Password ကို ယုံကြည်ရသူတစ်ယောက်ဆီထားနိုင်ပါတယ်
🧠 ၄️⃣ စိတ်ပိုင်းဆိုင်ရာနည်း
Gambling စိတ်ပေါ်လာချိန်မှာ —
🔹 15 မိနစ်စောင့်ပါ (urge wave ကျသွားတတ်ပါတယ်)
🔹 အခြား activity တစ်ခုလုပ်ပါ (လမ်းလျှောက်၊ workout)
🔹 ဖုန်းကို အနည်းဆုံး ၁ နာရီချန်ထားပါ
Urge ဟာ လှိုင်းလိုပဲ
❤1
လာပြီး ပြန်ကျသွားတတ်ပါတယ်။
📊 ၅️⃣ Loss Reality Check
ဥပမာ —
တစ်နေ့ 50,000 ကျပ်
တစ်နှစ် 900,000 ကျော်ရှုံးနိုင်တယ်ဆိုတာ
စာရင်းရေးထားပါ။
တကယ့်ငွေဘယ်လောက်ဆုံးရှုံးထားပြီဆိုတာ
ရေးထိုးမြင်သာအောင်လုပ်ရင် စိတ်ထိန်းရလွယ်ပါတယ်။
👥 ၆️⃣ လူမှုကူညီမှု
✔️ ယုံကြည်ရသူကို ပြောပြပါ
✔️ မိသားစုနဲ့ ဖွင့်ဟပြောပါ
✔️ Gambling support group ရှာပါ
လူတစ်ယောက်တည်း ဆန့်ကျင်ရတာခက်ပါတယ်။
🚨 ၇️⃣ အန္တရာယ်လက္ခဏာများ
အောက်ပါအချက်တွေရှိရင် သတိထားပါ —
ရှုံးထားတာ ပြန်ယူချင်စိတ်
အလုပ်ထက် ဂိမ်းကို အရေးကြီးထင်လာခြင်း
Loan ယူကစားခြင်း
မိသားစုကို လိမ်ပြောခြင်း
ဒီအဆင့်ရောက်ရင် အမြန်ရပ်ဖို့လိုပါတယ်။
❤️ အရေးကြီးဆုံးအချက်
👉 Gambling ကို အနိုင်ယူရမယ့်အရာ မဟုတ်ပါ
👉 ကိုယ့်ဘဝကို ကာကွယ်ရမယ့်အရာပါ
ရပ်နိုင်တာဟာ အားနည်းမှု မဟုတ်ဘူး
အားကောင်းမှုပါ။
လိုရင် —
30 ရက် ရပ်နိုင်ဖို့ step-by-step plan လုပ်ပေးမလား?
စိတ်ပေါ်လာချိန် control လုပ်နိုင်တဲ့ mental exercise ပေးမလား?
Gambling addiction level self-check test လုပ်ပေးမယ်။

ကောင်းပါပြီ 👍
အခု 30 ရက်အတွင်း လုံးဝရပ်နိုင်ဖို့ Step-by-Step Plan ကို လုပ်ပေးပါမယ်။ လက်တွေ့အသုံးချနိုင်အောင် ရေးထားပါတယ်။
🗓️ ပထမ ၃ ရက် (Emergency Stop Phase)
✅ Day 1
Gambling app အားလုံးဖျက်ပါ
Website block လုပ်ပါ
Wallet / banking auto top-up ပိတ်ပါ
ကျန်ရှိငွေကို savings သို့လွှဲပါ
✅ Day 2
သင်ဆုံးရှုံးထားတဲ့ ငွေစုစုပေါင်း စာရင်းရေးပါ
“ဘာကြောင့်ရပ်ချင်လဲ” စာ ၅ ချက်ရေးပါ
✅ Day 3
ယုံကြည်ရသူ ၁ ယောက်ကို ပြောပြပါ
Accountability partner တစ်ယောက်ထားပါ
🗓️ ပထမအပတ် (Withdrawal Control)
Urge လာတဲ့အချိန်မှာ လုပ်ရမယ့်နည်း 👇
🔹 15-Minute Rule — ချက်ချင်းမလုပ်ဘဲ 15 မိနစ်စောင့်
🔹 လမ်းလျှောက် 20 မိနစ်
🔹 ဖုန်း airplane mode ၁ နာရီထား
🔹 ရေ ၂ ခွက်သောက်
👉 Urge ဟာ ပျမ်းမျှ 20-30 မိနစ်အတွင်း လျော့သွားတတ်ပါတယ်။
🗓️ အပတ် ၂ (Financial Reset)
✔️ လစာဝင်တဲ့နေ့ savings အရင်ဖယ်ထား
✔️ Daily spending limit သတ်မှတ်
✔️ Cash မများအောင် ထား
✔️ Loan မယူဘူးဆိုတဲ့ commitment ရေးထား
🗓️ အပတ် ၃ (Mind Replacement)
Gambling နေရာကို အခြားအရာနဲ့အစားထိုးရပါမယ်။
ဥပမာ —
Workout
စာဖတ်
Skill အသစ်လေ့လာ
Side income တစ်ခုစမ်းကြည့်
Brain က dopamine လိုချင်တာကြောင့်
အစားထိုး dopamine ပေးရပါတယ်။
🗓️ အပတ် ၄ (Stability Phase)
✔️ 30 days no gambling challenge ပြီးဆုံး
✔️ ကိုယ့်ကို reward သေးသေးပေးပါ
✔️ Next 60 days plan ဆက်လုပ်ပါ
🧠 Urge Control Mental Exercise
စိတ်ပေါ်လာချိန်မှာ —
မျက်လုံးပိတ်
4 စက္ကန့်ရှူ
4 စက္ကန့်ထား
4 စက္ကန့်ထုတ်
10 ကြိမ်လုပ်ပါ။
စိတ်လှုပ်ရှားမှု လျော့သွားပါတယ်။
📊 Self-Check (အမှန်ဖြေပါ)
အောက်ပါအချက် ၃ ချက်ထက်ပိုရှိရင် အန္တရာယ်ရှိပါတယ် —
ရှုံးတာ ပြန်ယူချင်စိတ်ရှိ
လိမ်ပြောဖူး
Loan ယူဖူး
ရပ်မယ်လို့ ဆုံးဖြတ်ပြီး ပြန်ဝင်ဖူး
ငွေမရှိလည်း ကစားချင်နေတတ်
❤️ အရေးကြီးဆုံး
Gambling ကို အနိုင်ယူဖို့မလိုပါဘူး
👉 ရပ်နိုင်ရင် သင်က အနိုင်ရသူပါ။

‌Slot ဘေးမှကင်းဝေးကြပါစေ။
❤4
စာအရှည်ကြီးမရေးတာကြာလို့ အားတုန်းလေး ရေးလိုက်ပါတယ်။ ကျောင်းက ကလေးတွေအကြောင်း အတင်းချတဲ့ပို့စ်ပါ။

Year 7 ဆိုပြီး ရောက်လာရင် မတရားဆော့၊ ပြောမရ၊ အော်မရ၊ ပြောမကြောက် အော်မကြောက်လေးတွေပါလာရော။ သားတို့က အခုမှဆော့ရတာ၊ အိမ်မှာဆို ဆော့မရ။ အရင်က အွန်လိုင်းပဲတက်ခဲ့ရတော့ သူတို့အတွက်အခုမှ လွတ်လပ်တဲ့အရသာကို အပြည့်အဝ ခံစားရတာပါ။ ဒါကိုနားလည်ပါတယ်။ သို့သော်လည်း ပြဿနာက စာမလုပ်တတ်ကြဘူး။ ကျောင်းမှာ အကုန်လုပ်လာပြီးပြီဆိုတဲ့စကားနဲ့ အိမ်မှာ ဘာမှပြန်မလုပ်ကြတော့ဘူး။

Whiteboard ရှေ့ကပြောနေတဲ့ ဆရာ၊ ဆရာမစကားကို အာရုံစိုက်နားမထောင်တတ်ကြဘူး။ Mobile Game ကစားကြလွန်းတော့ focus and concentration span က ၁၀-၁၂ မိနစ်ပဲရှိကြတယ်။ စကားများများပြောရင် နားမထောင်တတ်ကြဘူး။ Instruction ပေးရင် ၅ ခုမှာ ၃ ခုလောက်ပဲ လိုက်နိုင်ကြတယ်။

ကျောင်းကိုဖုန်းယူမလာကြပါနဲ့ဆိုတော့ အောင်မြင်တယ်။ သို့သော်လည်း အိမ်ရောက်မှ ပေါ်တင်ရော ခိုးဆော့တော့ စာမလုပ်ဘဲနောက်နေ့ကျောင်းပြန်ရောက်လာတယ်။ အိမ်စာဆိုတာ လုပ်ရမယ်ဆိုတဲ့ အသိတရားအားနည်းကြတယ်။ နောက်နေ့ စာမလုပ်လာလဲ ဆရာမက နင်တို့နောက်နေ့စာလုပ်ကြဆိုတဲ့စကားနဲ့တင်ပြီးရော။ Fine ကောက်လည်း ပျော်ပျော်ကြီးပေးလိုက်တယ်။ ဒီခေတ်မှာမလုပ်သင့်သော်လည်း ဘယ်လိုမှမတတ်နိုင်တဲ့အဆုံး နားရွက်ဆွဲ ထိုင်ထ လုပ်ကြဟဲ့ဆိုတော့လည်း ယိမ်းကသလို ပျော်နေကြရော။

အိမ်မှာတော့ ဘယ်လိုဆုံးမထားလဲမသိဘူး။ ကျောင်းရောက်တော့ ဆဲလိုက်တာမိုးမွန်နေရော F တွေကိုစုံလို။ မိဘတွေကြည့်တော့လည်း လူယဉ်ကျေးတွေ။ စားပွဲပေါ်တွေ နံရံပေါ်တွေ စာတွေရေး၊ ယောကျာ်းလေး လိင်အင်္ဂါပုံတွေဆွဲ။ သူတို့ကိုယ်သူတို့ မိုက်တယ်ပေါ့။ Cool ဖြစ်တယ်ပေါ့။ လူမျိုးတစ်ခု နိုင်ငံတစ်ခုရဲ့ အဆင့်အတန်းကိုသိချင်ရင် စာသင်ခန်းစားပွဲနဲ့ အိမ်သာကိုကြည့်ဆိုတာ သိပ်မှန်တာပဲ။ နောက်ဆုံးတော့ ဒါတွေဘယ်လိုဖြစ်ရတာတုန်းဆိုတဲ့ ကွင်းဆက်လိုက်ကြည့်တော့ ဂိမ်းဆော့တာကနေရတာ။ အသက်အကန့်အသတ်မရှိ၊ စုဖွဲ့ကြ ဆဲကြနဲ့ စုံနေတာပဲ။ ကလေးတွေက ဆဲသာ ဆဲတယ်။ အဲဒီစကားလုံးရဲ့အဓိပ္ပာယ်ကို လုံးဝနားမလည်ကြဘူး။ ဒီစကားလုံးက မိန်းကလေးတွေအရှေ့၊ မိန်းကလေးတွေနားမှာ မပြောသင့်ဘူးဆိုတာလည်း မသိ။

အဲဒီလို အားလပ်ချိန်၊ ထမင်းစားချိန်၊ ကျောင်းဆင်းချိန်လေးတွေမှာ ဂိမ်းကစားရင်း ကျောင်းကားနဲ့ အိမ်ပြန်သွားကြတာများ မသိရင် အဆဲကားကြီး ရပ်ကွက်ထဲဝင်လာသလို။ ဆရာ ဆရာမတွေက ဆုံးမစကားပြောရင် သောက်ရေးမပါတာတွေလာပြောနေတယ်ဆိုပြီး ထင်ကြတယ်။ ဖုန်းအပ်ပါဆိုရင်လည်း တစ်လုံးအပ်တယ်၊ နောက်တစ်လုံးခိုးယူလာတယ်။

စာမလုပ်ဘဲ စားပွဲပေါ်မှောက်အိပ်နေတယ်။ စာလုပ်ဆိုတော့လည်း သူတို့ကျောင်းလာချင်တာမဟုတ်ဘူး။ အိမ်ကအတင်းပို့လို့ဆိုတာပြန်ပြောသေးတယ်။ စာမေးရင်လည်း မဖြေချင်ဘူး။ စိတ်ဖိအားတွေများအောင် လာမလုပ်နဲ့ဆိုတာပါသေးတယ်။

အတန်းအပြင်ထွက်ဆိုပြီးနှင်ထုတ်တော့လည်း ပျော်ပျော်ကြီးထွက်တယ်၊ မိဘကလည်း ဒါကို ဖိအားပေးမဆူဘူး။ ကျောင်းဘက်က ကျောင်းထုတ်တော့မှ ကျောင်းထုတ်တယ်ဆိုပြီး နာမည်တပ်ခံရတယ်။ ကျောင်းကမပြောလို့ မသိလို့၊ သိရင်လုပ်ပေးပါတယ်ဆိုတဲ့ စကားပဲပြန်ပြောခံရတယ်။ သိအောင်ပြောတော့လည်း ပြင်တာမဟုတ်ဘူး။ ကိုယ့်ကလေးကိုယ် မနိုင်တဲ့မိဘ‌တွေသိပ်များလာတယ်။

ဖုန်းကိစ္စနဲ့ပတ်သက်လို့ အဲဒါနဲ့တင်ပြီးလားဆိုတော့ အဲဒီဖုန်းကနေ Online မှာကြတယ်။ မိဘတွေကို မထည့်ပေးနဲ့လို့ဆိုပေမယ့် ကလေးက ဗိုက်ဆာလို့ စားချင်ရင်မှာရအောင်၊ ခေတ်ကာလမှာ အဆက်အသွယ်ရအောင် စတာတွေကြောင့် ဖုန်းထည့်ပေးတယ်ဆိုတော့လည်း တားမရ။ ဖုန်းနဲ့ Grab, Food Panda မှာရင် အကြောင်းမဟုတ်ဘူး။ အခုနောက်ပိုင်းက Grab, Food Panda အချို့က Uniform မဝတ်ကြတော့ဘူး။ အခြားသော Delivery တွေကလည်း Uniform လေးမရှိကြတော့ စက်ဘီးနဲ့ ကောင်လေးတစ်ယောက် ဖုန်းကိုင်ထားတာမြင်ရင် Delivery လို့အလွယ်ပဲမှတ်လိုက်ရတယ်။

ကျောင်းရှေ့၊ ကျောင်းအောက်ကို Delivery လာပို့ရော။ ခပ်လှမ်းလှမ်းမှာစောင့်နေဖို့ ဖုန်းနဲ့ကြိုပြောပြီး သွားယူတယ်။ ကျောင်းကဝန်ထမ်းတွေ သေချာမမြင်ရတဲ့ ဓာတ်တိုင် နှစ်တိုင်လောက်အကွာပေါ့။ ပြီးရင် ရေဘူးလေးတွေနဲ့ Soju တွေမှာပြီး ပုလင်းပြောင်းထည့်လာရော။ အခန်းထဲ အိမ်သာထဲ ခိုးသောက်၊ မူးကြ၊ အန်ကြ။ အဲဒါ မိန်းကလေးတွေနော်။ ဆရာ‌ ဆရာမတွေကလည်း ဘူးဖွင့် အနံ့ရကလည်းက သိတယ်။ လာစမ်းဆိုပြီး စစ်လိုက်ရင် နောက်မလုပ်တော့ပါဘူးဆိုပြီး ငိုယိုပြီး တောင်းပန်၊ ခံဝန်လက်မှတ်ထိုးပြီး ပြီးသွားကြရော။

ဒီကြားထဲ ဖုန်းကိုင်တော့ ရည်းစားထာကြတာရှိသေးတယ်။ ကျားဖြန့်တွေနဲ့မိမယ်၊ ရောင်းစားခံရမယ်။ ပြောလည်း မကြောက်။ တစ်ခါတော့ သူ့ရည်းစားချိန်းလို့ဆိုပြီးသွားရော၊ ကျောင်းလစ်ပြီးသွားတာနော်။ ဟိုက ဘာကြံစည်တယ်မသိဘူး။ ပြန်ပြေးလာတယ်။ ပြီးမှ ဆရာတို့ ပြောတာ သမီးနားထောင်ပါမယ်ဖြစ်သွားရော။ အဲဒါနားထောင်လားဆိုတော့ ရည်းစားနဲ့ပဲပြတ်တာ၊ အခန်းထဲ စာသင်ချိန် မှန်ထောင် နှုတ်ခမ်းနီဆိုးကောင်းတုန်း။ ဆူတော့ ဆူတဲ့ဆရာမကို ဆောင့်အောင့် တံခါးဆောင့်ပိတ်ပြီး အခန်းထဲက ထွက်ရော။ မိဘကလည်း အဝေးမှာ။ နယ်က။ အဆောင်လာထားတဲ့ကလေး။ ကျွန်တော်တို့ ဘယ်လိုဆက်ထိန်းရမလဲ။
❤4👍2
စာမရလို့ အမှတ်မကောင်းလို့ အတန်းထဲမှာ ဆူညံ စာမလုပ် သူများကိုပါ အနှောင့်အယှက်ပေးလို့ စသည်ဖြင့် အိမ်ကိုဖုန်းဆက်တိုင်ရင်လည်း အမေဖြစ်သူက ကလေးကို ဖိအားမပေးပါနဲ့တဲ့။ ကျွန်တော်တို့က ကျောင်းမှာစာပဲသင်ချင်ပါတယ်။ ကလေးမထိန်းချင်ပါ။

ခုနက Delivery ကိစ္စဆက်ပါဦးမယ်။ Soju လောက်နဲ့ဆို ကိစ္စမရှိဘူး။ Vape မှာ၊ သောက်ကြ၊ တစ်ယောက်တည်းလည်းမဟုတ် စုပေါင်း စပ်ပေါင်းဝယ်၊ ပါးစပ်ပေါင်းစုံနဲ့သောက်ကြ၊ ပြီးတော့ အိမ်သာထဲမှာ ဝှက်ထားတာ။ ဘယ်လိုကလေးတွေလည်းမသိပါဘူး။ မရွံကြဘူး။ Vape လောက်နဲ့ ပြီးသွားရင် အကြောင်းမဟုတ်ဘူး။ ဆေးခြောက်လောက်ပါလာရင် ဥပဒေအရတားမြစ်ထားတယ်ဆိုတာ သူတို့နားမလည်ကြဘူး။ ရပါတယ်၊ ငွေပေးလိုက် ပြီးတာပဲဆိုပြီး ခပ်လွယ်လွယ်တွေးကြတယ်။

Delivery နောက်တစ်မျိုးက Hormone ဆေးတွေပါ။ မိန်းကလေးအချို့က ယောကျာ်းလေးဖြစ်ချင်လို့ဆိုပြီး ဟိုမုန်းဆေးတွေထိုးကြပါတယ်။ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေပါ ပေါက်လာရော။ Menstruation မလာတော့ဘူး၊ ရပ်သွားတယ်။ သူတို့ကိုယ် သူတို့ယောကျာ်းဖြစ်ပြီထင်ရော။ အသက်ပါသေသွားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ၊ ခန္ဓာကိုယ်ကတော့ မိန်းကလေးပဲဖြစ်နေတုန်းပဲ။ အန္တရာယ်ကို မမြင်ကြဘူး။ နင့်ဟာနင် ဘယ်လိုပဲဝတ်ဝတ်၊ ဘယ်လိုပဲသွားလာနေပါစေ နင်က မိန်းကလေးပဲလို့ သွားပြောတော့ ဆရာတို့က ကျား မ ခွဲခြားမှု သိပ်ရှိတာပဲတဲ့။

ကျောင်းကားနဲ့လာတယ်၊ ကျောင်းထဲမဝင်သေးဘူး။ မုန့်သွားဝယ်တယ်။ ကျောင်းရောက်မလာဘူး။ နောက်တစ်ခုက အိမ်မပြန်ဘူး။ လမ်းလျှောက်ပြီး သူငယ်ချင်းအိမ်သွားတယ်။ Game ကစားနေတော့ DND mode ဖွင့်ထားတယ်။ အမေက သူ့ကလေးပျောက်လို့ဆိုပြီး ငိုနေပြီ။ ကျောင်းကလည်း ဝိုင်းရှာပေးတာ ရှာမရ။ နောက်ဆုံးတော့ ည ၈ ခွဲလောက်မှ အိမ်ပြန်ရောက်။ လူတွေအကုန်မောရပါတယ်။

ဒါနှစ်ရက်စာလောက်ပဲရှိသေးတယ်။ တစ်ပတ်စာအလွဲများဆိုပြီးရေးရင် စာအုပ်ပါထုတ်လို့ရတယ်။ ပြောချင်တာက ကျွန်တော့်လိုပဲ ကျောင်းက ဆရာ ဆရာမတွေလည်း Stress တွေများကြပါတယ်။ ကျောင်းဆိုပြီး ပို့လိုက်တာ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ မှန်ပေမယ့် စာကိုမသင်ရဘူး။ သူတို့ပြဿနာတွေလိုက်ရှင်းနေရတယ်။

ကျွန်တော်လုပ်နေတာ ကျောင်းပါ။ စာပဲသင်ချင်ပါတယ်။ ကလေးမထိန်းချင်ပါ။ စာကို စာလိုလုပ်တဲ့ ကျောင်းသားတွေကိုပဲလိုချင်ပါတယ်။ စာတော်တာ ညံ့တာ အမှတ်နည်းတာ များတာကို ဆိုလိုတာမဟုတ်ပါ။ စာလိုချင်ပြီး ကြိုးစားချင်စိတ်နဲ့ တကယ်ကြိုးစားလုပ်တဲ့ကလေးဆိုရင် ဆရာ ဆရာမများဘက်က အချိန်ဘယ်လိုပဲ ပေးရပေးရ တန်ပါတယ်။ ပင်ပန်းရကျိုးနပ်ပါတယ်။

အနှစ်ချုပ်ပြောရရင် ပြဿနာအားလုံးရဲ့ အရင်းအမြစ်က အချိန်မတန်ဘဲ Mobile devices တွေကို ကလေးတွေလက်ထဲ အထိန်းအကွပ်မရှိဘဲ ထည့်ပေးလိုက်လို့ဖြစ်ပါတယ်။ မိဘများဘက်က တာဝန်ရှိပါတယ်။ ဒါကိုမှမလုပ်နိုင်ဘဲ ပညာရေးရှေ့ဆက်ဖို့၊ နိုင်ငံမြင့် မေဂျာမြင့် စကော်လားရှစ်ဆိုတာတွေ မေ့လိုက်ပါ။ မိဘ ဆရာ ကျောင်းသား သုံးဘက်လက်တွဲညီမှ အောင်မြင်ဖြစ်ထွန်းပါမယ်။ မိဘများ ဝိုင်းဝန်းကူပေးဖို့ အကူအညီတောင်းခံပါတယ်။

#ဆြာကောင်းပြောသည်
#CreatingQualityEducation
❤8👍1
ကလေးပြုစုစောင့်ရှောက်ခြင်း
ကလေးငယ်တွေကို ဖုန်း ပေးသုံးသင့်လား။

တိုးတက်ပြောင်းလဲလာတဲ့ ယနေ့ခေတ်ကြီးမှာ လူတိုင်းနီးပါး ဖုန်း တွေကို အသုံးပြုလာကြပါတယ်။ ဖုန်းတွေ၊ ကွန်ပြူတာစတဲ့ လျှပ်စစ်ပစ္စည်းတွေ၊ အင်တာနက် နဲ့ နည်းပညာတိုးတက်လာမှုတွေကြောင့် ဆက်သွယ်ရလွယ်ကူလာတယ်၊ သိချင်တဲ့အရာတွေကို အလွယ်တကူရှာဖွေ လေ့လာနိုင်တယ် စတဲ့ ကောင်းကျိုးတွေ အများကြီး ဖြစ်လာပေမယ့် လူတွေက ဖုန်းသုံးတာကို စွဲလမ်းလာကြတဲ့အခါ၊ ကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ အသုံးမပြုကြတဲ့အခါ တဖြည်းဖြည်း ဘေးအန္တရာယ်တွေ ဖြစ်လာပါတယ်။ နောက်ပိုင်းမှာ တချို့မိဘတွေက ကလေးငယ်လေးတွေနဲ့ ကစားပေး၊ သင်ပေး တာတွေထက် ကလေးကို ဖုန်းတွေနဲ့ အချိန်ကုန်စေလာတာကို တွေ့လာရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကလေးငယ်တွေ ဖုန်းအသုံးပြုတဲ့အခါ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေနဲ့ သုံးသင့်၊ မသုံးသင့်ဆိုတာလေးကို မျှဝေပေးသွားမှာပါ။

ကလေးငယ်တွေကို ဖုန်း ပေးသုံးသင့်လား။


ဖုန်း သုံးခြင်းရဲ့ ဆိုးကျိုးများ။
၁။ အဝလွန်ခြင်း။

လှုပ်ရှားမှုတွေ နည်းလာပြီး အဆီတွေစုလာခြင်း၊ အဝလွန်ခြင်းအပြင် နောက်ဆက်တွဲတွေ ဖြစ်တဲ့ နှလုံး၊ ဆီးချို စတဲ့ ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒီလို အခြေအနေတွေကို လျှော့ချ နိုင်ဖို့ အတွက် ကလေးငယ်ဘဝတည်းက ကျန်းမာတဲ့ နေထိုင်မှု ပုံစံ ဖြစ်အောင် လေ့ကျင့်ပေးဖို့က အရေးကြီးပါတယ်။

၂။ အခြား စိတ်ဝင်စားဖို့ကောင်းတဲ့ activites တွေကို ရှာဖွေတွေ့ရှိနိုင်ခြေ နည်းလာခြင်း။

ကလေးတွေမှာ သူတို့စိတ်ဝင်စားတဲ့ ဝါသနာ (သို့) အားကစား၊ လှုပ်ရှားမှု တစ်ခုခုကို ရှာဖွေတွေ့ရှိဖို့ လိုအပ်ပါတယ်။ ဒါမှသာ သူတို့ရဲ့ ဘဝကို တိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်မှာပါ။ ဒါပေမယ့် သူတို့ကို အဲလို activities တွေ လုပ်ရမယ့် အချိန်တွေမှာ ဖုန်းတွေနဲ့ အစားထိုးခဲ့မယ်ဆိုရင် သူတို့ရဲ့ စိတ်ဝင်စားမှုကို ရှာဖွေနိုင်တဲ့ အခွင့်အလမ်းကို ဖျက်ဆီးမိသလို ဖြစ်သွားစေနိုင်ပါတယ်။

၃။ အိပ်ရေးပျက်ခြင်း။

အထူးသဖြင့် ကလေးလေးတွေဟာ ကောင်းမွန်စွာ ဖွံ့ဖြိုးကြီးထွားလာဖို့အတွက် လူကြီးတွေထက် အိပ်ချိန်ပိုလိုအပ်ပါတယ်။ တစ်နေ့ကို ၁၀ နာရီ ၁၂ နာရီလောက် အိပ်ချိန်လိုအပ်တဲ့ ကလေးငယ်တွေအတွက် ဖုန်း နဲ့ အခြား လျှပ်စစ်ပစ္စည်းတွေက အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းမျိုးမရတဲ့အခါ ကလေးက လန်းလန်းဆန်းဆန်းရှိမှာ မဟုတ်သလို ဉာဏ်ရည်ဖွံ့ဖြိုးမှု အပိုင်းမှာလည်း အားနည်းလာနိုင်ပါတယ်။

၅။ ပေါင်းသင်းဆက်ဆံရေး အားနည်းလာခြင်း။

ပုံမှန် အခြားကလေးတွေ၊ သူငယ်ချင်းတွေနဲ့ ဆော့တဲ့ အချိန်တွေ လျော့နည်းသွားတဲ့အခါ ကလေးလေးကြီးလာတဲ့အခါ လူမှုဆက်ဆံရေးမှာ အားနည်းလာနိုင်ပါတယ်။

၆။ ကိုယ်လက် ကိုက်ခဲခြင်း။

ဖုန်း၊ တီဗွီ၊ ကွန်ပြူတာ စတာတွေ အသုံးပြုတဲ့အခါ တစ်နေရာတည်းမှာ အကြာကြီး အာရုံစိုက်ပြီး ငြိမ်နေတဲ့အတွက် ကြွက်သားတွေ နာကျင်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။

၇။ အာရုံကြော နဲ့ အမြင်အာရုံ အားနည်းလာခြင်း စတဲ့ ဆိုးကျိုးတွေ အများကြီး ဖြစ်စေနိုင်ပါတယ်။

ဒါ့ကြောင့်လည်း WHO ခေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက

(၁) အသက်၅နှစ်အောက် (အထူးသဖြင့် အသက် ၂ နှစ်အောက်) ကလေးလေးတွေဟာ ပိုကစား၊ ပိုအိပ်သင့်ပြီး ဖုန်း၊ တီဗွီ ၊ ကွန်ပြူတာဂိမ်း ကြည့်တဲ့ screen time လုံး၀ မရှိသင့်ဘူးလို့ ဆိုထားပါတယ်။

(၂) အသက် ၃နှစ်၊ ၄နှစ် ကနေ ၁၀ နှစ်ကျော်ထိကလေးတွေ အတွက် အများဆုံး screen time တစ်နေ့ကို ၁နာရီထက် ပိုမများသင့်ပါဘူး၊ နည်းလေ ကောင်းလေ လို့ပြောပြထားပါတယ်။

အဲဒါတွေအစား ကလေးငယ်အတွက် ကစားပေးတာ၊ စာဖတ်ပြတာ၊ ဆေးရောင်ခြယ်တာ၊ ပုံပြင်ပြောပြတာ၊ သီချင်းဆိုတာ၊ ပုစ္စာတွေ တူတူဖြေရှင်းတာ စတဲ့ activites တွေကို လုပ်ပေးသင့်ကြောင်း တိုက်တွန်းထားပါတယ်။ မိဘတွေနေနဲ့လည်း မိမိတို့ရဲ့ ကလေးတွေကို ဖုန်း၊ တီဗွီ၊ ကွန်ပြူတာ စတဲ့ ပစ္စည်းတွေ အသုံးပြုချိန်ကို ကန့်သတ်ထားပေးပြီး ကလေးတွေပျော်အောင် သူတို့ သဘောကျတဲ့ အခြား activities တွေ များများလုပ်ပေးဖို့၊ ကောင်းကောင်း အိပ်စက်စေဖို့ တိုက်တွန်းချင်ပါတယ်။

စမတ်ဖုန်းလှလှ ရောဂါထူထူ
လူတိုင်းကိုင်တွယ် အသုံးပြုနေကြတဲ့ စမတ်ဖုန်းလှလှလေးတွေဟာ ကျန်းမာရေးထိခိုက်နိုင်တယ်လို့ လူတိုင်းနီးပါးသိလာကြပြီဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်က ပညာရှင်တွေကလည်း ဒီအချက်ကို မကြာခန သတိပေးနေကြပါတယ်။
❤5👍2
စမတ်ဖုန်းလှလှ ရောဂါထူထူ
ဒါပေမယ့် အဆိုပါ သတိပေးချက်တွေကို လိုက်နာနိုင်စွမ်းကတော့ နည်းပါးလွန်းလှပြီး လူတိုင်းနီးပါးဟာ စမတ်ဖုန်းတွေကို ဂရုတစိုက်သုံးစွဲကြခြင်းမရှိကြသေးပါဘူး။ ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုတာကို သိရှိထားကြပေမယ့် ဘယ်လိုရောဂါတွေဖြစ်ပွားနိုင်တယ်ဆိုတာကိုလည်း တိတိပပ သိရှိထားကြခြင်းမရှိကြတာများပါတယ်။

စမတ်ဖုန်းလို အီလက်ထရွန်နစ်ထုတ်ကုန်တွေဟာ ရောဂါဘယပေါင်းများစွာကို လူတွေဆီယူဆောင်လာနိုင်ပါတယ်။ အခန့်မသင့်လို့ ကိုယ့်မှာမဖြစ်သေးပေမယ့် အကြောင်းတိုက်ဆိုင်လာရင် ရောဂါဝေဒနာတွေ ကြုံတွေ့လာရနိုင်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းတွေဟာ လူတွေကို ဘယ်လိုရောဂါဝေဒနာမျိုးတွေ ဖြစ်ပွားစေနိုင်သလဲဆိုတာကို ပြောပြချင်ပါတယ်။

ကူးစက်နိုင်သော ရောဂါပိုးမွှားများ
စမတ်ဖုန်းတွေမှာ ကပ်ညိနေတဲ့ ရောဂါပိုးမွှားတွေဟာ အလွန်အန္တရာယ်များပြားကြောင်း သတိပေးမှုတွေရှိနေပါတယ်။ စမတ်ဖုန်း မျက်နှာပြင်တွေမှာ လေထုထဲက ပိုးမွှားတွေသာမက ကိုယ့်ရဲ့လက်၊ ကိုယ်သယ်ဆောင်သွားရာ အိမ်သာ၊ မော်တော်ကား၊ ထမင်းစားခန်း၊ ရုံး၊ စားသောက်ဆိုင်နဲ့ ဘယ်နေရာကမဆို ကပ်ညိလာတဲ့ ပိုးမွှားပေါင်း သိန်းချီရှိနေတတ်ပါတယ်။ အထူးသဖြင့် E. coli လို ဘက်တီးရီးယားတွေဟာ စမတ်ဖုန်းတွေမှာ ကပ်ညိနိုင်ချေမြင့်မားပါတယ်။ ဒီရောဂါပိုးတွေကြောင့် အရေပြားရောဂါတွေ၊ ဝမ်းပျက်ဝမ်းလျှောလိုရောဂါမျိုးတွေဖြစ်နိုင်ပါတယ်။

Text Neck Syndrome
ဖုန်းကို အချိန်ကြာမြင့်စွာ ငုံကြည့်ကြတဲ့အလေ့အကျင့်ကြောင်း လွန်ခဲ့တဲ့ နှစ်အနည်းအငယ်အတွင်းမှာ Text Neck Syndrome ဖြစ်ပွားမှုနှုန်းမြင့်တက်လာခဲ့ပါတယ်။ လည်ပင်းရိုးက အာရုံကြောတွေကို ထိခိုက်စေတဲ ရောဂါဖြစ်ပြီးတော့ ပြင်းထန်ဆိုးရွားတဲ့အခြေအနေမျိုးမှာ ကျောရိုးမကြီးအထိ နာကျင်မှုခံစားရနိုင်ပါတယ်။

ကင်ဆာဖြစ်နိုင်ချေမြင့်မားခြင်း
တစ်ချို့သောလေ့လာချက်တွေမှာတော့ စမတ်ဖုန်းတွေဟာ ကင်ဆာနဲ့ ကင်ဆာအကျိတ်ဖြစ်ပွားမှုကို တွန်းအားပေးတယ်လို့ ဆိုထားကြပါတယ်။ အဆိုပါအချက်နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေဆဲဖြစ်ပါတယ်။

လက်ချောင်းလေးများတောင့်တင်းခြင်း
စမတ်ဖုန်းတွေကို အသုံးပြုချိန်တွေမှာ လက်ချောင်းလေးတွေ တောင့်တင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လက်မနဲ့ လက်ချောင်းတစ်ချို့ ထံပြီး တောင့်တင်းကာ လှုပ်မရတဲ့ရောဂါမျိုးပါ။ အဆိုပါဝေဒနာသက်သာစေဖို့ဆိုရင် ဖုန်းသုံးတာကို ရပ်တန့်ဖို့လိုအပ်မှာဖြစ်ပါတယ်။

လက်မ အဆစ်ရောင်နာ (Thumb Arthritis)
စမတ်ဖုန်းတွေ အသုံးပြုရာမှာ လက်မကို မဖြစ်မနေ အသုံးချရလေ့ရှိတာမို့ လက်မ အဆစ်ရောင်နာ (Thumb Arthritis) ဖြစ်ပွားဖို့ တွန်းအားပေးလေ့ရှိပါတယ်။ စမတ်ဖုန်းအလွန်အကျွံသုံးစွဲတာဟာ အဆိုပါရောဂါအခံရှိသူတွေအတွက်လည်း ဝေဒနာပိုမိုဆိုးရွားစေနိုင်ပါတယ်။

Cubital Tunnel Syndrome
ဖုန်းအသုံးပြုသူတွေဟာ Text ရိုက်ချိန်တွေ၊ ဖုန်းပြောဆိုချိန်တွေမှာ သာမန်ထက်ပိုပြီး လက်ကို အသုံးချရလေ့ရှိတာမို့ လက်ခုံက Ulnar Nerve ကို ထိခိုက်မှုဖြစ်ပေါ်စေပါတယ်။ ဒီလိုရောဂါမျိုးမဖြစ်အောင် တားဆီးလိုတယ်ဆိုရင် ညအိပ်ချိန်တွေမှာ လက်ကို ဆန့်ဆန့်တန်းတန်းဖြန့်ပြီး အိပ်စက်တာမျိုး ပြုလုပ်သင့်ပါတယ်။

အမြင်အာရုံပြဿနာများ
စမတ်ဖုန်းတွေမှာပါဝင်တဲ့ Blue Light ဟာ အမြင်အာရုံချို့ယွင်းစေဖို့ တွန်းအားပေးပြီး မျက်စိကို နာကျင်စေနိုင်ပါတယ်။ ဒါ့အပြင် မျက်စိရဲ့ အမြင်အာရုံအလွှာကိုလည်း အလျှင်အမြန်ပျက်စီးစေနိုင်ပါသေးတယ်။ အထူးသဖြင့် ညဘက်တွေမှာ အသုံးပြုရင် ထိခိုက်နိုင်ချေပိုမြင့်မားပါတယ်။ အဆိုပါ Blue Light မျိုးကို ကွန်ပျူတာ မျက်နှာပြင်တွေကလည်း ထုတ်လွှတ်နိုင်ပါတယ်။

အိပ်မပျော်ခြင်း
Blue Light တွေဟာ အမြင်အာရုံတစ်ခုတည်းကိုပဲ ထိခိုက်စေတာမဟုတ်ပါဘူး။ အိပ်စက်ခြင်းကိုလည်း အနှောင့်အယှက်ပေးပါတယ်။ ဒါကြောင့် ညပိုင်း အိပ်ယာမဝင်ခင် နာရီပိုင်းအလိုမှာ ဖုန်းမသုံးဖို့ ဆရာဝန်တွေက မှာကြားလေ့ရှိပါတယ်။ အိပ်ယာဝင်ခါနီး ဖုန်းသုံးမှုကြောင့် အိပ်မပျော်တဲ့ရောဂါ ဖြစ်ပွားစေနိုင်တာကြောင့်ဖြစ်ပါတယ်။

ကျန်းမာရေးစစ်ဆေးရာတွင် အမှားအယွင်းများခြင်း
လေ့လာချက်တွေအရ စမတ်ဖုန်းအသုံးများတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေဟာ ရောဂါလက္ခဏာ စစ်ဆေးရာမှာ ၁၂% အထိ မှားယွင်းနိုင်ချေရှိတယ်လို့ သိရပါတယ်။ သူတို့ရဲ့ စမတ်ဖုန်းတွေဟာ အာရုံစုစည်းမှုကို အနှောင့်အယှက်ပေးတတ်တာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် စမတ်ဖုန်းတွေကို ကျန်းမာရေးစစ်ဆေးတဲ့ အီလက်ထရွန်နစ် ကိရိယာတွေနဲ့ အလွန်အမင်းနီးကပ်စွာထားရင် အလုပ်မလုပ်တာမျိုးလည်းဖြစ်တတ်ပါတယ်။

ပတ်ဝန်းကျင်ကို အာရုံမရခြင်း
စမတ်ဖုန်းတွေကို အကြီးအကျယ် အာရုံစိုက်သုံးမိနေချိန်တွေမှာ ဘေးပတ်ဝန်းကျင်က အခြေအနေတွေကို မေ့လျော့နေတာမျိုး၊ သတိလက်လွတ်ဖြစ်သွားတာမျိုးမကြာခနဖြစ်လေ့ရှိပါတယ်။ တကယ်လို့ ကိုယ့်မှာ ဒီလိုအမူအကျင့်မျိုးရှိနေတယ်ဆို ပြင်ဆင်ဖို့လိုအပ်ပါတယ်။ အကြောင်းကတော့ ဒီအမူအကျင့်ကြောင့် ထိခိုက်မှုဖြစ်ပွားနှုန်းမြင့်မားလာနေတာကြောင့်ဖြစ်ပါတယ်။
❤6
ဒါ့အပြင် ကျန်းမာရေးပညာရှင်တွေကတော့ လည်ပင်းစောင်းငဲ့ပြီး ဖုန်းဖြေဆိုတာ၊ လမ်းလျှောက်ရင်း ဖုန်းပြောတာ၊ ကားမောင်းရင်း Text Message ပို့တာ၊ ကားမောင်းရင်း ဖုန်းပြောဆိုတာတွေကိုလည်း မပြုလုပ်ဖို့ ပြင်းပြင်းထန်ထန်သတိပေးထားပါတယ်။ အဆိုပါ အပြုအမူတွေဟာ ကြွက်သား၊ အဆစ်အမြစ်၊ အရိုး၊ ဦးခေါင်းနဲ့ အမြင်အာရုံတွေကို ထိခိုက်စေနိုင်တဲ့အပြင် မတော်တဆမှုတွေလည်းဖြစ်နိုင်တာမို့ အသက်ဘေးအန္တရာယ်လည်း ထိခိုက်နိုင်တာမို့ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


ရင်းမြစ်များ

ယခင်
ဆက်စပ် အကြောင်းအရာများ
သွေးကင်ဆာအကြောင်း သင်ဘယ်လောက်သိလဲ။
Text Neck Syndrome ဆိုတာဘာလဲ
hellobacsi white
Helloဆရာဝန်အနေဖြင့် ပိုမို ကျန်းမာပျော်ရွှင်စေဖို့ နှင့်ကျန်းမာရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စိတ်ချရသော ကျန်းမာရေး အချက်အလက်များကို ထောက်ပံ့ပေးသည့် ယုံကြည်စိတ်ချရသော ကျန်းမာရေး စောင့်ရှောက်ပေးသူ ဖြစ်ချင်ပါတယ်။
❤12
မူပြတစ်ဦးရဲ့လစာ ၂သိန်းမပြည့်ဘူး
တနေ့ ၆၀၀၀ ခန့်

လယ်ပြတစ်ဦးရဲ့လစာ ၂သိန်းကျော်
တစ်နေ့ ၇၀၀၀ ခန့်

ထပြတစ်ဦးရဲ့လစာ ၂သိန်းခွဲခန့်
တစ်နေ့ ၈၀၀၀

ကဲ ဘယ်လိုရပ်တည်မလဲ
စားဝတ်နေရေး
သူ့သားသမီးပညာရေး
မိသားစု လူမှုရေးကျန်းမာရေး။

ဆေးရုံကဆရာဝန်တွေ
အပြင်ဆေးခန်းထိုင် ငွေရှာတော့
သမ္မာအာဇီဝ လူ့အသက်တွေကယ်ပြီး
အပိုဝင်ငွေရှာတာ
ကုသိုလ်တောင်ရသေး။

ကျောင်းဆရာ ကျူရှင်ဖွင့်တော့
မသမ္မာအာဇီဝ မတော်လောဘ
ကျောင်းဆရာဆရာမဆိုတာ
စာဘဲသင်တတ်တာ
ပညာရေးကောလိပ်နဲ့
ပညာရေးတက္ကသိုလ်က
‌ကုန်သည်ပညာ ဝယ်ရောင်းပညာ
သင်ပေးမထားဘူး
သူတတ်ထားတဲ့ပညာ‌ေလးနဲ့ရင်းပြီး
ငွေရှာခွင့် ပြုလိုက်ပါ
အာသီးမယောင်ကြပါနဲ့။

‌လွန်ခဲ့တဲ့နှစ် ၅၀ ၆၀ ကျော်က
လခစားတွေ ဆရာဆရာမတွေ
တစ်လစာငွေဟာ
ရွှေတစ်ကျပ်ခွဲ သား
ဝယ်ဝတ်နိုင်တယ်
မယုံရင်ပုံပြင်သာမှတ်

လက်ရှိ‌ေရွှပေါက်ဈေးက
တစ်ကျပ်သာသိန်း၁၀၀ကျော်
အိပ်မက်ထဲတောင်ထည့်မမက်နိုင်တော့။


ယခင်က ဆရာတစ်ယောက်ဝင်ငွေဟာ
တမိသားစုအတွက်ဖူလုံပါတယ်
အများကြီး ရှင်းပြ ပြောပြစရာ
လိုတော့မယ်မထင်ပါဘူးဗျာ။

ခေတ် စနစ် လူ အခြေအနေ အချိန်အခါ
အပြောင်းလဲကြီး‌ေပြာင်းသွားတာကို
သတိမမူဘဲ နားလည်အောင်မလေ့လာဘဲ
ငါတို့ငယ်ငယ်ကဆရာဆရာမတွေက
သူ့တို့အိမ်ကို စာအလကားခေါ် သင်တာ
လစာမပေးရတဲ့အပြင်
ထမင်းပါကြွေးလိုက်သေးတာ
ဘာကျူရှင်မှမရှိဘူး
ဘာညာဘာညာ ဘလာ ဘလာ။

အတိတ်ထဲမှာပိတ်မိမနေကြပါနဲ့
ခေတ်စနစ်ပြောင်းလဲမှုကိုမီအောင်ကြည့်ပါ။

ပိုပြီးထိမိရှင်းလင်းအောင်
ဟာသတစ်ခုပြောပြမယ်
တနိုင်ငံလုံး အမှတ်အများဆုံး
Top 10 ဆယ်ယောက်ကို
TV show အစီစဉ်မှာထုတ်လွင့်တိုင်း
နားထောင်ကြည့်ပါ

"သမီး ,ဒီလို၆ဘာသာဂုဏ်ထူးနဲ့
တနိုင်ငံလုံးမှာ အမှတ်တေွအများဆုံးရအောင်
ဘယ်လိုကြိုးစားခဲ့သလဲ?"

"ဟုတ်ကဲ့ သမီးဘယ်ကျူရှင်
ဘယ်ဝိုင်းမှမတက်
ဘယ်ဆရာ့အထူးထုတ်မှဝယ်မဖတ်,
ကျောင်းကြီးကအတန်းပိုင်ဆရာမရဲ့ နည်းပေးလမ်းပြမှု
ဘာသာရပ်သင်ဆရာများရဲ့
သင်ကြားပို့ချမှုတွေကို
လေ့လာကျက်မှတ်ပြီး
ခုလိုအောင်မြင်ခဲ့တာပါ"တဲ့
ကဲ..ရီရတယ်နော်
ဆုတောင်းလေ။ ။

သန်းဌေးအောင် မဟော်သဓာပညာရေး

#eductionpalacecommuintyhighschool
❤42👍7
" ကုရခက်တဲ့ Online Game ရောဂါ "

အကြွေးတွေ အရမ်းများနေလို့
That thay ချင်နေပါတယ် ဆိုပြီး
စာပို့လာတဲ့လူတိုင်းလိုလို
ဘာကိစ္စကြောင့်လဲ မေးရင်
ဆယ်ယောက်မှာ ရှစ်ယောက်က
လောင်းကစားကြောင့် ။

ကျွန်မ အမျိုးသားက
အွန်လိုင်း လောင်းကစားလုပ်ရင်း
အကြွေးတွေတင်ပြီ that Thay သွားလို့
ကလေးနှစ်ယောက်နဲ့ ဒုက္ခရောက်နေပါတယ်
ဆိုတဲ့ ကျန်ရစ်သူ မိသားစုလည်းရှိတယ်။

အန်တီ့သား လောင်းကစားအကြွေးတွေကို
ရှိတဲ့ အိမ်ဂရမ်လေးရောင်းပြီး
ဆပ်လိုက်ရတာ အခုအိမ်ငှားနေနေရလို့
လောင်းကစား နဲ့အသိပေးပိုစ့်လေး
ရေးပေးပါဦး ဆိုတဲ့ အန်တီလည်းရှိတယ်။

ပြောပြချင်တာက ဒီပြဿနာက
တော်တော်ကြီးကို ဆိုးနေပြိီ။

ထိထိရောက်ရောက် ရေးလိုက်တိုင်းလည်း
ရီပို့ ထုခံရတယ်။

အသိ ထဲမှာလည်း ဒိုင်တွေရှိပေမယ့်
အားမနာပါဘူး ပြောစရာရှိတာ ပြောရမှာပဲ။

လောင်းကစား ကိုယ်တိုင်မလုပ်ပေမယ့်
မြဝတီက ကာစီနိုရုံတွေကော,
မူဆယ်က လောင်းကစားရုံတွေကိုကော,

မလေးရှားက Genting Highland ကော, စင်ကာပူက ကာစီနိုကော ရောက်ဖူးတယ်။

Genting Highland ဆိုတာက
ကွာလာလမ်ပူကနေ တစ်နာရီလောက်
ကားစီးရတဲ့တောင်ပေါ်က မြို့လေး။

မြို့လေးသေးသေးလေး ပေမယ့်
တစ်နိုင်ငံလုံးမှာ အကြီးဆုံး ကာစီနိုက
အဲ့မှာရှိတယ်။

ကာစီနိုသူဌေးက ဟိုတယ်တွေ
အများကြီးပါ ကာစီနိုနဲ့ တွဲဖွင့်ထားတယ်။

လာဆော့တဲ့သူတွေထဲက
ငွေနည်းနည်းသုံးနိုင်တဲ့သူတွေကို
ဟိုတယ် မှာအလကားပေးတည်းတယ်။

အဲ့မှာကလည်း ဟိုတယ်ခက
စျေးကြီးတော့ ဟိုတယ် အလကား
ရနေတော့ ပျော်ပျော်ကြီးတည်းပြီး
ဆော့ကြတာပေါ့။

ကာစီနိုရဲ့ဆွဲဆောင်မှုက ဆော့တဲ့သူကို
မပြန်စေချင်တာ။

ဆော့တဲ့သူ ကြာကြာဆော့လေလေ
သူတို့ ကာစီနိုဘက်က နိုင်ဖို့
ရာခိုင်နှုန်းများလေလေပဲ။

အဲဒီမှာလာဆော့ကြတဲ့သူတွေက
တရုတ်လူမျိုးတွေများတယ်။

မလေးရှားက ကာစီနိုမှာ
မလေးနိုင်ငံသား ဆော့မယ်ဆိုရင်
ဝင်ကြေး ပေးရပါတယ်။

စင်ကာပူက ကာစ်ီနိုမှာ
စင်ကာပူ နိုင်ငံသား ဆော့မယ်ဆိုရင်
ဝင်ကြေးပေးရပါတယ်။

တစ်ခြားနိုင်ငံသားတွေ ဆိုရင်တော့
Free ပါ။ သူ့ နိုင်ငံသားတွေကို
လွယ်လွယ်ကူကူ မဆော့စေချင်လို့
ဝင်ကြေးဆိုပြီးကောက်ပစ်တဲ့သဘောပေါ့။

အဲဒီမှာ လာဆော့တဲ့သူတွေက
ဘယ်လိုလူတွေလဲဆိုတော့ ငွေကို
စိတ်မပူရလောက်တဲ့အထိ ချမ်းသာတဲ့
နိုင်ငံခြားသား တွေများတယ်။

တစ်လတစ်လ ဒေါ်လာ သန်းနဲ့ချီ
ဝင်နေတဲ့ သူဌေးသူကြွယ်တွေ
အပျင်းပြေ ဒေါ်လာသိန်းဂဏန်း
ဆော့ကြတာများတယ်။ အပျော်နော်။

ဒီမှာ အသုဘအိမ် ဖဲဝင်ရိုက်ပြီး
ငါးသောင်းလောက်ရှုံးရင် အပြုံးမပျက်ဘဲ

အိမ်ပြန်သလို သူတို့လဲ ကာစီနိုမှာ
ဒေါ်လာ ငါးသိန်း ( မြန်မာငွေ
သိန်းနှစ်သောင်း) လောက်ရှုံးရင်
မျက်နှာမပျက်ဘဲ အိမ်ပြန်တဲ့ လူတွေ။

ကာစီနိုက ခင်ဗျားတို့ ကျွန်တော်တို့လို
ဘာမဟုတ်တဲ့လူတွေ အတွက်
မဟုတ်ပါဘူး။ သွားမစမ်းမိပါစေနဲ့။

စမ်းမိလို့ ချမ်းသာသွားတာ
ခုထိမမြင်ဖူးသေးပါဘူး။

စမ်းမိလို့ ပြန်ရမလားလိုက်ရင်းနဲ့
မွဲသွားတဲ့လူတွေပဲ မြင်ဖူးတာပါ။

မျက်စိရှေ့တင် လေးငါးခြောက်လ အတွင်း သိန်းတစ်သောင်းကျော် ရှုံးသွားတဲ့ သူငယ်ချင်းရှိပါတယ်။ လုံးဝမွဲ ပြီး နေစရာအိမ်တောင်မရှိတော့ဘူး။ မိသားစုနဲ့လည်းကွဲသွားတယ်။

အခုတော့ လောင်းကစားနဲ့
အရက်ကို ရာသက်ပန် စွန့်လွှတ်လိုက်ပြိီး
ဘဝပြန်စနေပြီ။

ဒါက ကာစီနိုပါ။ ကိုယ်တိုင်ကိုယ်ကျ
ဖဲဝင်လှန်ပြီး ကျားနဲ့ နဂါး
နှစ်မျိုးထဲရှိတာကို ကြိုက်တဲ့ဘက်ကို
လောင်းလို့ရတဲ့ ကစားနည်းပါ။

ဒါတောင်မွဲတာ။ လိုင်းပေါ်ကနေ
ဘာမှန်းမသိ ဘယ်လို system နဲ့ run နေမှန်း
မသိတဲ့ ဖုန်းနဲ့ဆော့လို့ရတဲ့ ဂိမ်းဆို
တော်တော်ကြောက်စရာကောင်းနေပြီ။

နယ်စပ်က တစ်ချို့စက်တွေမှာ
Program ဆွဲထားပြီးသား။စက်တစ်ခုမှာ
ဆယ်သိန်းဝင်ရင် လေးသိန်းပြန်ထုတ်ပေး
တဲ့စနစ် run ထားပေးလို့ရတယ်။

ကြိုက်တဲ့လူလာဆော့ ဆယ်သိန်းဝင်တာနဲ့ လေးသိန်းပြန်လျော်ပြီ။

ရှေ့လူက ဆော့သွားတာ ကိုးသိန်း ရှုံးလို့ပြန်သွားတယ်။ ကိုကတစ်သိန်း
သွားဆော့ရင်း လေးသိန်း
ပြန်ရတဲ့သူတစ်ချို့က
" ဟာငါကံကောင်းတာပဲ " ထင်လိမ့်မယ်။

ဒါကံကောင်းတာမဟုတ်ဘူး။
system ပဲ။
လေးသိန်းနိုင်သွားတဲ့သူကလည်း
နောက်ရက်ထပ်နိုင်မလားသွားဆော့ရင်း
ရှိတာပါ ပြန်ကုန်တာပဲ။

မလုပ်ကြနဲ့ဗျာ။
ဆေးသမားတောင် ဆေးပြတ်ရင်
ဘဝတက်လမ်းရှိတယ်။

လောင်းကစားသမားက မရဘူး။

ပါသွားတာတွေပြန်ယူမယ် ဆိုတဲ့စိတ်ရယ်
ငါဒီနေ့နိင်ရင်န်ုင်မှာပါဆိုတဲ့စိတ်ရယ်က
သူတို့ကိုဆွဲချသွားမှာ။

လောင်းကစားငြိသွားရင် မိသားစုပါ
အပြုံလိုက်ဘဝပျက်တာ။

ကာယကံရှင်ကိုယ်တိုင်က
လုံးဝ တစ်သက်လုံးမဆော့တော့ဘူးကွာလို့
သဓိဌာန် ချမှပဲ ပြတ်တော့တာ။

ကာစီနိုက ဝေးပါသေးတယ်။

အဓိက ဖုန်းနဲ့ဆော့လို့ရတဲ့ ဂိမ်းတွေ
မဆော့ကြပါနဲ့။ % ပေးလို့လည်း ကိုယ့်
သူငယ်ချင်းကို မကြော်ငြာပေးမိစေနဲ့။

ဒီလိုပို့စ်ရေးလို့ တစ်ကျပ်မှမရတဲ့အပြင်
ရီပို့အထုခံရ အဆဲခံရ မှာသိတယ်။

ဒါပေမယ့် ဒါကိုကျယ်ကျယ်ဝင့်ဝင့်
ပြောနေတာ အားလုံးကို
ညီအစ်ကိုမောင်နှစ်မလိုချစ်လို့ပါ။

အွန်လိုင်းဂိမ်းတွေက အကုန်
Program ဆွဲထားတာပါ။
သင်နားမလည်တဲ့ နည်းပညာပါ။
❤6👍4👏3
Software အကြောင်း နားလည်သူတွေ
အတွက်က စနစ်တစ်ကျ
ဟာကွက်မရှိအောင် ဒိုင်ဘက်က
မနိုင်နိုင်အောင် ငွေအကုန်ခံပြီး
ရေးထားတဲ့ software တွေပါ။

ခင်ဗျားနိုင်ဖို့အလှူ လုပ်မယ့်
ဂိမ်းတွေမဟုတ်ပါဘူး။

သူတို့မနိုင်နိုင်အောင် ကိုလုပ်ထားတာပါ။ ပတ်ဝန်းကျင်မှာ နိုင်နေတဲ့သူရှိလိမ့်မယ်။
အဲဒါ တစ်နိုင်ငံလုံးအတိုင်းအတာ မှာ
ရှုံးနေတဲ့သူတွေ အားလုံးထဲက
10% လောက် ပြန်ပေး နိုင်ထားတဲ့သူပါ။

သူလဲမကြာခင်ပြန်ကုန်မှာပါ။
အွန်လိုင်းလောင်းကစားကြောင့်
ဘဝပျက်သူ That thay နေတဲ့သူတွေ
ပိုပြီး များများလာနေပါတယ်။

လုပ်နေမိရင် ရပ်လိုက်ပါ။
အချိန်မှီတုန်းလေးရုန်းထွက်လိုက်ပါ။
ဘာစီးပွားရေးမှမလုပ်တတ်တာ
ပြသနာမဟုတ်ပါဘူး။

ဘာမှမလုပ်ပဲနေလို့ ဘဝမပျက်ပါဘူး။
အွန်လိုင်း လောင်းကစား လုပ်နေရင် တော့
ဘဝပျက်ဖို့က သေချာပါတယ်။

တစ်လ လေးသိန်းလစာရတဲ့
ဝန်ထမ်းလေး တစ်ယောက်
အွန်လိုင်းဂိမ်းမှာ နှစ်သိန်းရှုံးသွားတယ်
ကြားလို့ မလုပ်ဖို့ သွားဆုံးမရင်း
ရေးဖြစ်တဲ့စာပါ။

လောင်းကစားဆိုတာ
ငွေပိုငွေလျှံရှိနေတဲ့သူတွေ အတွက်
အပျော်သုံးဖို့ လောက်ပဲကောင်းတဲ့အရာပါ။

အခုထိတော့ အွန်လိုင်းဂိမ်းဆော့ရင်း
ကားဝယ်စီးသွားတဲ့သူ တစ်ယောက်မှ
မမြင်ဖူးသေးပါဘူး။

ရှိတဲ့ကားရောင်းပြီး YBS
စီးနေရတဲ့ သူပဲ မြင်ဖူးပါသေးတယ်။

ဒီလိုစာမျိုးရေးရင် အမုန်းခံရကြတော့
တော်ရုံက မရေးကြပေမယ့်
လိုင်းပေါ်မှာ ဒီလိုစာမျိုးက ရှိကို
ရှိသင့်တယ် ထင်လို့ တစ်နှစ်တစ်ခါနှုန်း
အဆဲခံရေးသားလိုက်ပါတယ်။
Sint Nyi
❤8👍4🥰1
ကြာပြီဆိုပေမဲ့ အမှန်တရားက ခိုင်မြဲနေတုန်းပါ

***မြန်မာလိုသင်တဲ့တစ်နေ့
ဘွဲ့ရရ-မရရ ပညာတတ်တွေ
ပေါများလာမည်***

ဒေါက်တာခင်မောင်ညို
----------------------

***ဘွဲ့ရ နှင့် ပညာ

ကျွန်တော်တို့မြန်မာပြည်တွင် ဘွဲ့ရအများစုကို 'ဘွဲ့ရပညာမတတ်' ဟူ၍ စွပ်စွဲပြောဆိုကြသည်။

၁၄ နှစ်ခန့်အချိန်ကုန်လူပန်းပြီး ကြိုးစားခဲ့သူများစွာကို ဘွဲ့ရသည့်အခါ သူတို့ကို ဘာကြောင့် 'ပညာမတတ်'ဟု ဟူ၍ စွပ်စွဲပြောဆိုကြသနည်း...။

လေ့လာဆန်းစစ်မှုတစ်ခု ပြုလုပ်ခဲ့သည်။
ပညာကို ဘယ်လိုသင်ကြလဲ....။

ဥရောပနိုင်ငံအများကို ကြည့်ရင် သူတို့သည် မိခင်ဘာသာစကားဖြင့်သာ စာသင်သည်ကို တွေ့ရမည်။

ပြင်သစ်တွင်
ပြင်သစ်ဘာသာရပ်ဖြင့်သာ စာသင်သည်။
ဂျာမနီတွင်
ဂျာမန်ဖြင့် စာသင်သည်။

အာရှနိုင်ငံများတွင်ကော.....။
ထိုင်းတွင်
ဘာသာရပ်အားလုံးကို ထိုင်းလိုသင်သည်။ ထိုင်းတက္ကသိုလ်များတွင်
ထိုင်းလိုပင် သင်သည်။

တရုတ်တွင်လည်း
ထို့အတူဖြစ်သည်။
တရုတ်မှာ တက္ကသိုလ်တက်ရင်
၉၉% သောကျောင်းတွေဟာ တရုတ်လိုပင် သင်သည်။
အင်တာနက်နှင့်ပတ်သက်၍
အားလုံး တရုတ်လို
ကြည့်လို့ရသည်၊ ရှာလို့ရသည်။

ဂျပန်ကော ဘာထူးသလဲ...။
သူတို့တက္ကသိုလ်များတွင်
ဂျပန်လိုပင် သင်သည်။
ဂျပန်က
အင်္ဂလိပ်လိုရေးသားထားသော
ထွက်သမျှ စာအုပ်အားလုံးလိုလိုကို ဘာသာပြန်သည်။

ကိုရီးယားတွင်လည်း
ဒီလိုပဲပေါ့။
ဒီကောင်တွေ
အင်္ဂလိပ်စာညံ့သည်။
အင်္ဂလိပ်စကား ကောင်းကောင်း မပြောတတ်ကြပါ။
နိုင်ငံခြားသားတစ်ယောက်တလေ လမ်းလျှောက်နေသည့်အခါ လာပြီး မေးလျှင် မဖြေရဲ။
ရှက်ရှက်နှင့် ထွက်ပြေးကြရသည်။

တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊
အားလုံး အင်္ဂလိပ်လို ညံ့သည်။
ထိုသို့ ညံ့သည့်အကြောင်းကား
သူတို့သည် ကျောင်းတွင် ဘာသာရပ်အားလုံးကို
မိခင်ဘာသာစကား (mother Tongue) ဖြင့်သာ သင်ယူကြသောကြောင့် ဖြစ်သည်။

သူတို့အင်္ဂလိပ်စာညံ့သည်မှာ မှန်သော်လည်း သူတို့ ဘာသာရပ်ကို ကျွမ်းကျင်သည်။
ဂျပန်သည် တီထွင်မှု (innovation) များစွာကို ပြုလုပ်ခဲ့သည်။
သူတို့သည် ကမ္ဘာတွင် အကောင်းဆုံးသော အီလက်ထရွန်းနစ်ပစ္စည်းများကို ထုတ်လုပ်သည်။

ဒုတိယ ကမ္ဘာစစ်တွင်
အဏုမြူဗုံးအချခံရ၍ ပြာပုံဖြစ်ခဲ့ရသော ဂျပန် ချမ်းသာသွားသည်။
ဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်သွားသည်။

တောင်ကိုရီးယားသည်
ဒီမိုကရေစီမှာ အတော်နောက်ကျသည်။
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ် ပြီးသွားသော်လည်း ကိုရီးယားစစ် မပြီးသေးပါ။
မြောက်ဘက်က တရုတ် ကူတိုက်ပေးသည်။
တောင်ဘက်က အမေရိကန်တို့ ကူတိုက်ပေးသည်။
မြောက်ဘက်က
ဆိုးလ်မြို့အနီးထိပင် ဝင်ခဲ့သည်။
တောင်ဘက်က တွန်းလှန်သည်။
နောက်ဆုံးစစ်ပြေငြိမ်းကာ 'တောင်နှင့်မြောက်' ဟူ၍
ကိုရီးယား နှစ်ခြမ်းကွဲလေသည်။
စစ်ဘေးဒဏ်ကြောင့်
ကိုရီးယား မွမွကြေနေလေသည်။

၁၉၆၀ ပြည့်နှစ်အလွန်က
ကိုရီးယားကို ရောက်သူတစ်ယောက်၏
မှတ်တမ်းတွင် ကိုရီးယားတို့ဆင်းရဲပုံကို ဖော်ပြထားသည်။

လမ်းတွေမှာ
ရေအိုင်နေတဲ့ ချိုင့်ခွက်တွေနဲ့၊
အစာရေစာ ၀လငအြောငမြစားကှရ၊ လမ်းဘေးတွင် ဟောင်နေသော ခွေးသည်ပင် စားစရာမရ မဝသောကြောင့် ချိနဲ့သောအသံဖြင့် ဟောင်နေရှာသည်။မိန်းမတွေဆံပင်ဖြတ်ကာ
အစိုးရကို ရောင်းကြရသည်။

သို့သော် ၁၉၈၈ခုနှစ် ဆိုးလ်မြို့ကို ပြန်ရောက်တော့ ကိုရီးယားသည် စပြီးချမ်းသာလာပါပြီ။
ဆိုးလ်တွင် အိုလံပစ် ကျင်းပသည်။ ဒီမိုကရေစီကို ပြည့်၀စွာ အသုံးချနေကြသည်။
ယနေ့တောင်ကိုရီးယားသည် ကမ္ဘာ့အဆင့်မီ ချမ်းသာတဲ့ နိုင်ငံဖြစ်နေပါပြီ။

ကိုရီးယားမှထုတ်သော ဆမ်ဆောင်း ဖုန်းများ၊ မော်တော်ကားများသည် ကိုရီးယားကို အခြေခိုင်စေသည်။

တရုတ်ကိုတော့ ပြောစရာမလိုပါ။
ယနေ့တရုတ်သည် ကမ္ဘာတွင် လူဦးရေအများဆုံးနိုင်ငံ ဖြစ်သလို ဒုတိယအချမ်းသာဆုံးနိုင်ငံ ဖြစ်နေလေပြီ။

အင်္ဂလိပ်စာတတ်သော တရုတ်များ နိုင်ငံရပ်ခြားက ပြန်လာကြသည်။
အင်္ဂလိပ်စာမတတ်သော တရုတ်များက နိုင်ငံကို အုပ်ချုပ်သည်။

ဒီအတိုင်းပါပဲ၊
ထိုင်းကိုကြည့်ပါ။
သူတို့ကျောင်းနှင့် တက္ကသိုလ်များတွင် ထိုင်းလိုသာ အဓိကထား၍ ပညာသင်ပေးသည်။

ကျွန်တော်တို့ဆီက လူသန်းဂဏန်း မဟုတ်ရင်တောင် သိန်းဂဏန်းပေါင်းများစွာသည် ထိုင်းတွင် အလုပ်လုပ်နေကြရသည်။
ထိုင်းအများစုသည် အင်္ဂလိပ်လို မတတ်ပါ။
ကျွန်တော်တို့ဆီ အနိမ့်ဆုံးလစာကို တစ်နေ့ လေးထောင်ပြည့်အောင် မပေးနိုင်မီ ထိုင်းတွင် တစ်သောင်းပေးသည်။
ကိုးရီးယားတွင် ငါးသောင်းပေးသည်။ဂျပန်တွင် တစ်သိန်းပေးသည်။
သူတို့တွင် ပညာရေးကို မိခင်ဘာသာဖြင့်ပင် သင်သည်။

ဘယ်လိုစဖြစ်တာလဲ
ဒီအကြောင်းကို ဆွေးနွေးမိသည်။

ကျွန်တော်တို့ဟာ ၁၉၈၁ ခုနှစ်ကစပြီး မူလတန်းကစလို့ အင်္ဂလိပ်လိုသင်ဖို့ ပြဋ္ဌာန်းတယ်။
၁၉၈၄ ခုနှစ်မှာ ၉ တန်း၁၀ တန်းက စာတွေကို အင်္ဂလိပ်လို သင်တယ်။
GCE 'O' Level အတိုင်းသင်ဖို့ ဆုံးဖြတ်တယ်။

မြန်မာတစ်ပြည်လုံး ကျောင်းတွေမှာ အင်္ဂလိပ်လိုသင်တော့တာပေါ့

ဟုတ်ပါတယ်။ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ဇီဝဗေဒ အားလုံး အင်္ဂလိပ်လို သင်ပါတယ်

သူတို့ကို သင်တဲ့ဆရာဆရာမတွေက မူလက ဘယ်လို ဘွဲ့ရတာလဲ

မြန်မာလိုပဲသင်ပြီး ဘွဲ့ရတယ်သူတို့ အင်္ဂလိပ်လို သင်ဖို့ အခက်အခဲတွေ ရှိတယ်။ ဒါပေမဲ့ သူတို့ဟာ တစ်နေ့ တစ်ပိုဒ်ချင်းဆီ ကျောင်းသားတွေကို လာဖတ်ပြတယ်၊ တတ်သမျှမှတ်သမျှ အဓိပ္ပာယ်ပြန်ပေးကြတယ်"
❤13👏2🥰1
ကျောင်းသားတွေ သဘောပေါက်တာပေါ့

ပေါက်ကြသူတွေ ရှိပါတယ်။ ဒါပေမဲ့ ဒါတွေကို အင်္ဂလိပ်လို ဖြေရမယ်။ သူတို့ မြန်မာလိုတတ်သိ နားလည်နေပေမဲ့ အင်္ဂလိပ်လိုပဲ ဖြေရမယ်ဆိုတော့ အင်္ဂလိပ်လို ကျက်ရတာပေါ့

ကိုယ့်စကားနဲ့ကိုယ် ရေးရင်ကော
ဒါဆိုရင် အမှတ်တွေ နည်းကုန်မှာပေါ့။ အမှတ်ပေးစည်းမျဉ်းက ပြဋ္ဌာန်းစာအုပ်နဲ့ ပေးတာ၊ အမှတ်နည်းရင် သူတို့ တက်ချင်တဲ့တက္ကသိုလ် မတက်နိုင်တော့ဘူး

သူတို့ စာကျက်တာ မမှားဘူးပေါ့
မမှားဘူး။ ဒါပေမဲ့ စာတွေရပေမဲ့ ပညာမတတ်တော့ဘူး၊ သူတို့ဟာ အတွေးဉာဏ်တွေ ရှင်သန်ဖို့ မဖြစ်နိုင်တော့လို့ပဲ"

ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ

ကိုယ့်မိခင်ဘာသာစကားနဲ့ သင်ရင် ပိုကောင်းတာပေါ့

တရုတ် တရုတ်လိုသင်တယ်၊
ဂျပန် ဂျပန်လိုသင်တယ်၊
ကိုးရီးယား ကိုးရီးယားလိုသင်ကြတယ်

သူတို့ တိုးတက်တယ်

ကျွန်တော်တို့ ပညာရေးနဲ့ပတ်သက်ပြီး သဘောထားပြောင်းဖို့ လိုပြီထင်တယ်ဗျာ

မြန်မာပြည်မှာ
မြန်မာလိုသင်တဲ့တစ်နေ့ ဘွဲ့ရရမရရ ပညာတတ်တွေ များပြားလာမှာပါပဲ

------------
အလုပ်အကိုင် လုပ်ငန်းများ အောင်မြင်တိုးတက်ကြပါစေ။

Jobs4U

Seize The Opportunities!
-------------

Credit ဒေါက်တာခင်မောင်ညို
❤32👍5👏4🥰1
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူများအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ပါသည်။
❤24