Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
18.1K subscribers
3.84K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ဆရာ၊မများ ခဏခဏ မေးမြန်းနေလို့ ဖြေကြားခြင်း

ဒီလအတွက် ကျောင်းခေါ်ကြိမ်လေးမှာ မူလတန်း (၃၂) ကြိမ်၊ အလယ်တန်း (၃၄) ကြိမ် ဖြစ်ပါသည်။ အစားထိုးဖွင့်ရက်များပါဝင်ထားပြီး၊ အစားထိုးတက်ရက် (၁) ရက်ကို ထည့်တွက်လျှင် စုစုပေါင်း တက်ရောက်ရမည့်ရက်မှာ (၁၇) ရက်၊ကျောင်းခေါ်ကြိမ်အရ (၃၄) ကြိမ် ဖြစ်ပါသည်။

ထို့အပြင် နှစ်အစမှ စတင်တွက်လျှင် စုစုပေါင်း ကျောင်းခေါ်ကြိမ်မှာ (၃၅၆) ကြိမ်အထိ ရောက်ရှိထားပြီးဖြစ်ပါသည်။

အဆိုပါ အချက်အလက်များကို ခဏခဏ မေးမြန်းနေကြသဖြင့် အထွေထွေ သိရှိနိုင်ရန် ရှင်းလင်းစွာ ဖြေကြားပေးလိုက်ခြင်း ဖြစ်ပါသည်။

#GoodLuck #answer
👍7❤4
#အခေါ်အဝေါ်ပြောင်းလဲပုံ

#ဆရာကြီး
အစမှာတော့ "ဆရာကြီး"ဆိုပြီး ခေါ်လာလိမ့်မယ်။
သိပ်ပြီး မသာယာနဲ့ဦး ဒါက သူဘာမှ မသိမတတ်
တဲ့အချိန် အကူအညီလိုနေလို့ပဲ။ ပြောရမယ်ဆိုရင်
အလုပ်တစ်ခုခုရဖို့အတွက် သင်ယူနေချိန်ဆိုရင် ပို
မှန်တယ်။

#ဆရာ
ရင်းနှီးလာရင်တော့ "ဆရာ"ဆိုပြီး ခေါ်ပါလိမ့်မယ်။
အဝင်အထွက်လေးတွေ မေးလာပြီ ဘယ်လိုဝင်ရင်
အဆင်ပြေမယ် စတဲ့အထာလေးတွေကို မေးတတ်
ကြတယ်။

#အာစရိ
အဲဒီထက် ပိုလာတော့"အာစရိ"တဲ့ အလုပ်ကလည်း
ရနေပြီလေ။ သိချင်တာလေးတွေကလဲ ရှိသေးလို့
မယုတ်မလွန် ခေါ်တာပေါ့။ လိုအပ်ရင် အသုံးလေး
တည့်နေသေးတာကိုးဗျ။ (ဥပမာ-📶,🔁,➡️ လေး
တွေပေါ့)

#ရှီးဖော်
အမလေး တိုးပြောင်းလေး အဆင်ပြေလို့ အတူများ
ဆိုင်မထိုင်မိစေနဲ့ "ရှီးဖော်"ဖြစ်သွားပြီသာမှတ်လိုက်
ပေတော့။

အဲဒီနောက်ဆိုရင်တော့ မတွေးဝံ့စရာဆရာတို့ကမ္ဘာ
ပါပဲဗျာ။

ခုမှ ပညာရေးလောကမှာ အညှောက်စပေါက်တဲ့ သူ
တွေကလည်း အနန္တောအနန္တ ဂိုဏ်းဝင်ဆရာတွေကို
ချာကြီး ရှီးဖော် လုပ်နေကြတာဟာ သင့်လျော်လှတဲ့
အရာ မဟုတ်ဘူးလို့ ထင်မြင်ယူဆပါတယ်။

အနန္တဂိုဏ်းဝင် ဆရာသခင်တွေအပေါ် နှုတ်ကြောင့်
အာနန္တရိယကံ မထိုက်သော်လည်း ပဥ္စာနန္တိရိယကံ
ထိုက်သင့်စေတဲ့အတွက် သတိပြုဆင်ခြင်ကြပါလို့
တိုက်တွန်းပါရစေ။

"အမှားတွေ့လျင် အမှန်ပြင် လောကအလှဆင်"ဆို
သည့်အတိုင်း အမုန်းခံပြီး ပြောသင့်တာကိုတော့
ပြောရမှာပဲ။ တချို့က ရိုင်းစိုင်းလွန်းတယ်။

ကြည်ဖြူ လမ်းပြကြယ်
❤13👍2🥰1
1) ဘာမဆို ဖြေရှင်းပေးနိုင်တဲ့ App - https://clk.bz/tFJMD
‎(2) အသံကို စာသားပြောင်းပေးနိုင်တဲ့ App - https://clk.bz/Reccloud
‎(3) ပန်းချီပုံတွေ ဖန်တီးပေးနိုင်တဲ့ App - https://clk.bz/cepgF
‎(4) ကုဒ်ရေးပြီး အလုပ်လုပ်ပေးနိုင်တဲ့ App - https://clk.bz/Replit
‎(5) စက္ကန့်ပိုင်းအတွင်း သီချင်းဖန်တီးပေးတဲ့ App - https://clk.bz/sunomusic
‎(6) စာသားကို ဗီဒီယိုတွေအဖြစ် ပြောင်းပေးနိုင်တဲ့ App - https://clk.bz/Flikihsh
‎(7) AI ပုံတူတွေ ဖန်တီးပေးနိုင်တဲ့ App - https://clk.bz/Starryydh

‎Jame Smith
‎Thank me later!!
❤15👍1🥰1
မင်းဘာမင်းဘာကြီးဖြစ်ဖြစ် ဆရာမကိုယူခဲ့ရင်တော့ နောက်ဆုံးပုံသာကြည့်ထား

#စနစ်သစ်
#ပညာရေး
#education
https://www.youtube.com/@educationchannel2019

https://sites.google.com/view/educationchannel2019/home

https://t.me/EducationalChannelMM
❤1
📝သမိုင်းကို သက်သေထူခဲ့တဲ့ လက်မှတ်များ - ပင်လုံစာချုပ် မူရင်းမှတ်တမ်း"

● ဒီနေ့ဟာ ကျွန်တော်တို့ ပြည်ထောင်စုသားအားလုံးအတွက် အမှတ်တရ အဖြစ်ဆုံးနေ့ဖြစ်တဲ့ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၇၉ နှစ်၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ မနက် ၁၀ နာရီမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တောင်တန်းဒေသ ခေါင်းဆောင် ၂၂ ဦးတို့ဟာ ဒီစာချုပ်ပေါ်မှာ သူတို့ရဲ့ နှလုံးသားတွေကို လက်မှတ်အဖြစ် ပုံနှိပ်ခဲ့ကြတာ ဖြစ်ပါတယ်။

● ဒီနေ့မှာတော့ Admin အနေနဲ့ ပင်လုံစာချုပ်ရဲ့ မူရင်းစာသားတွေနဲ့ သမိုင်းဝင် ပုဂ္ဂိုလ်ကြီးတွေရဲ့ လက်မှတ်မှတ်တမ်းတွေကို အားလုံး ပြန်လည် မြင်တွေ့နိုင်အောင် ဝေမျှပေးလိုက်ပါတယ်။ ဒီလက်မှတ်တွေဟာ စက္ကူပေါ်က မင်ရာတွေသက်သက် မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေ အနာဂတ်အတွက် ထားရစ်ခဲ့တဲ့ "ယုံကြည်မှု" အမွေအနှစ်တွေ ဖြစ်ပါတယ်။

● ၇၉ နှစ်တာ ကာလတစ်လျှောက်မှာ ဒီစာချုပ်ပါ ကတိကဝတ်တွေကို ကျွန်တော်တို့ ဘယ်လောက်အထိ ထိန်းသိမ်းနိုင်ခဲ့ကြပြီလဲ? ဒီနေ့မှာ ဒီမူရင်းမှတ်တမ်းတွေကို ကြည့်ရင်း "ပြည်ထောင်စုစိတ်ဓာတ်" ကို တစ်ဦးချင်းစီရဲ့ ရင်ထဲမှာ ပြန်လည် ဆန်းသစ်ကြပါစို့🇲🇲🇲🇲🇲🇲

#MSSK #မောင်စွယ်စုံကျမ်း #ဗဟုသုတ #UnionDay2026 #PanglongAgreement #OriginalDocument #MyanmarHistory #GeneralAungSan #UnionSpirit
❤3
ပုဂံ နှင့်ပတ်သက်ပီးလူမေးများတဲ့မေးခွန်းတွေထဲက တစ်ခုကို မကြာခဏပြန်ဖြေနေရတယ်။

ပျူခေတ်မှာ ဒင်္ဂါးသုံးတယ်။ ပုဂံခေတ်မှာ ဘာလို့မရှိတာလဲ ဆိုတဲ့မေးခွန်း။

ပျူဒင်္ဂါးလို့ပြောနေကြတေြ့ ငွေပြားဖောင်းကြွတွေမှာ သီရိဝစ္ဆ၊ မြင့်မိုရ်တောင်၊ နွားလားဥဿဖ စသဖြင့် အမှတ်လက္ခဏာ (symbolism) တွေပါတယ်။

ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ ရခိုင်- မြောင်းမြ- မုတ္တမ- ထားဝယ် စတဲ့ပင်လယ်ဆိပ်ကမ်းမြို့တွေမှာ တွေ့ရတယ်။

မြစ်ကြောင်းအတိုင်း ဆန်တက်တဲ့အခါ သရေ ခေတ္တရာမှာ တွေ့ရတယ်။ ဧရာဝတီမြစ်ဘေးက ဆိပ်ကမ်းမြို့လေးတွေမှာ တွေ့ရတယ်။

ဒေသတွင်းနိုင်ငံတွေမှာ မတွေ့ရတော့ဘူး။ ရှမ်ရကုန်ပြင်မြင့်ဘက်မှာ မတွေ့ရဘူး။ ရေကြောင်း- မြစ်ကြောင်းနဲ့ ဝေးတဲ့ ဒေသတွေမှာ အတွေ့ရနည်းတယ်လို့ ဆိုနိုင်တယ်။

သို့ပေမယ့် ၉ ရာစုအထိရှိနေသေးတယ်လို့ ယူဆနိုင်တဲ့ ဒင်္ဂါးစနစ်မှာ ဗဟိုဘဏ်က ပျူလား- ရခိုင် လား- မွန်လားဆိုတာ ပြောနိုင်ဖို့ အထောက် ထားအင်မတန်နည်းတယ် ဆိုရမယ်။

ပျူ လို့ထင်စရာရှိတယ်။ ခရစ်နှစ် ၈၃၂ မှာ သရေခေတ္တရာပျက်တယ်လို့ ဆိုတယ်။ ငွေကြေးစနစ်လည်း ပျက်မယ်လို့ အထင်ရောက်စရာဖြစ်ပါတယ်။

ပုဂံမှာ ဒင်္ဂါးမသုံးလို့ ခေတ် နောက်ပြန်ဆွဲတဲ့ ပစ္စည်းခြင်းလှဲတဲ့ ဘာတာစနစ်ကို ပြန်သွားတာလို့ပြောလို့မရ။

ဘာဖြစ်လို့ဆို ပုဂံမှာ ဒင်္ဂါးဆိုတာကိုသာ မတွေ့တာ ငွေကြေးစနစ်ရှိတယ်ဆိုတာ ကျောက်စာတွေအရသိရပြီးဖြစ်ပါတယ်။

အမှတ်သညာ/ အမှတ်လက္ခဏာတွေပါတဲ့ ငွေပြား-ဒင်္ဂါးအစား အချိန်တွယ်ငွေကြေးစနစ်ကို သွားတယ်လို့ နားလည်ရမယ်။

ပုဂံပြည်တွင်းသုံး ငွေကြေးစနစ်မှာ ကြေးနီးရွတ်ဟာနေ့စဉ်သုံးဖြစ်မယ်။ ငွေကျပ်သား၊ ရွှေကျပ်သား စနစ်ဟာ လုပ်ငန်းသုံးစနစ်ဖြစ်တယ်။

ပုဂံဟာ multiculture ဖြစ်လို့ နိုင်ငံနှင့် ကုန်သွယ်တဲ့အခါ နိုင်ငံတကာသုံး ငွေကြေးစနစ် Pagan’s intentional currency ဟာ ရွှေဖြစ်မယ်။

ဘာဖြစ်လို့ဆို ပုဂံရွှေခေတ်လို့ ဆိုရမယ့် အချိန် ခေတ်ပြိုင်အိမ်နီးခြင်းနိုင်ငံတွေမှာလည်း ရွှေ-ငွေတုန်းငယ်တွေကို အချိန်တွယ်စနစ်နဲ့ အသုံးပြုရောင်းဝယ် ကြတာကို တွေ့ရတယ်။

အမှတ် လက္ခာ (symbolism) ထက် ရွှေ-ငွေရဲ့ အရည်သွေးကို မှတ်ကျောက်တင်ပီး စစ်မယ်။ သဘောတူညီမှုယူမယ်။ ပေးချေမယ်။ ဒါက ပိုပြီးလွယ်ကူအဆင်ပြေစေတဲ့ ငွေကြေးနည်းစနစ်ဖြစ်တယ်။

အဲ့ဒါကြောင့် ပုဂံမှာ ဒင်္ဂါးမတွေ့ရတာဖြစ်တယ်။
မြန်မာ့ငွေကြေးသမိုင်းမှာ ဒင်္ဂါးစနစ်ကိုပြန်တွေ့ရတာ ဘိုးတော်ဗဒုံမင်းလက်ထက်- ကုန်းဘောင် ခေတ် ဖြစ်တယ်။ ဗဒုံမင်းရဲ့ ငါးနှစ်ကောင် ဒင်္ဂါးစနစ်ကလည်း မအောင်မြင်ခဲ့ပြန်ပါဘူး။

ကဲ… ထားတော့။ ပုဂံခေတ်မှာ င်္ဒဂါးမတွေ့ရတဲ့အကြောင်းရင်းကို လောလောဆယ်တော့ ဒီလောက် သာ ဖြေပါရစေ။ နောက်များ တွေ့ရှိချက်အသစ် ပေါ်လာတော့လည်း ထပ်ဖြည့်တာပေါ့။

ပုံကတော့ ပုဂံနှင့်ခေတ်ပြိုင် အင်ဒို- ဆူမတ်တြား သီရီဝိဟာရခေတ်က ရွှေ-ငွေ ငွေကြေးစနစ်မှာ သုံးတဲ့ အတုံးလေးတွေ။

Photo: THE MAT
❤3
ပညာရေးက ပြင်ဖို့ မလိုဘူးလား❓

လိုတာပေါ့။

အဓိက ပြင်ရမှာ သင်ရိုး မဟုတ်ဘူး။ စာမေးပွဲစနစ်။

ပထမ #တကယ်မတတ်ရင် စာမေးပွဲ မအောင်ရဘူး။ မတတ်ရင် စာမေးပွဲ ကျစေရမယ်။

ဒုတိယ #တကယ်မတတ်ဘဲအလွတ်ရရင်ဖြေလို့ရတဲ့ မေးခွန်းမျိုး မဖြစ်ရဘူး။ တကယ်သိ တကယ်တတ်မှ ဖြေလို့ ရတဲ့ မေးခွန်းမျိုး ဖြစ်ရမယ်။

တတိယ ၂-နှစ်တစ်ကြိမ် သို့မဟုတ် ၄-နှစ်တစ်ကြိမ် စာသင်မယ့် #ဆရာ_ဆရာမတွေကိုအရည်အချင်းစစ်စာမေးပွဲ စစ်ဆေးပြီး အရည်အချင်း ပြည့်မီမှ License ထုတ်ပေး။ License ရှိမှ ဆရာလုပ်ခွင့်ရသင့်တယ်။

ယခု ဖြစ်နေတာက —

မြန်မာစာ ဆရာသာ လုပ်နေတယ် မြန်မာစာ ဆရာကိုယ်တိုင်က ကျွမ်းကျွမ်းကျင်ကျင် မတတ်ဘူး။ ကဗျာတွေ၊ ဝတ္ထုတွေကို စွဲလမ်း နှစ်ခြိုက်နေတာ မဟုတ်ဘူး။

အင်္ဂလိပ်စာ ဆရာသာ လုပ်နေတယ် ဆရာကိုယ်တိုင်က ကျွမ်းကျွမ်းကျင်ကျင် မတတ်ဘူး။ သူကိုယ်တိုင်လည်း အဲဒီ အင်္ဂလိပ်စာကို အသုံးမချဘူး။ ဝါသနာလည်း ပါနေတာ မဟုတ်ဘူး။ တပည့်ကိုလည်း အသုံးချဖို့ သင်ပေးတာ မဟုတ်ဘူး။ စာမေးပွဲ ဖြေဖို့ သင်ပေးတာ။

သင်္ချာဆရာက သူ သင်နေတဲ့ သင်္ချာ ဘယ်လိုအသုံးချရမလဲ မသိဘူး။

Physics သင်တဲ့ ဆရာ။ Resistor တွေကို Series တွေ Parallel တွေ ဆက် တွက်ပြ။ သူကိုယ်တိုင်က Resistor ကောင်းကောင်း မမြင်ဖူးဘူး။ ဘာကြောင့် Series ဆက်လဲ၊ ဘာကြောင့် Parallel ဆက်လဲ မသိဘူး။ စိတ်လည်း မဝင်စားဘူး။

အဲတော့ ဆရာကလည်း ကျောင်းသားကို စာမေးပွဲ ဖြေဖို့ သင်ပေးတာ။ ပညာတတ်အောင် အဲဒီပညာကို အသုံးချရအောင် ရည်ရွယ်ချက် မရှိဘူး။

ကျောင်းသူ/ကျောင်းသားကလည်း စာမေးပွဲ ဖြေဖို့ သင်ယူတာ။ ဘာပညာမှလည်း တတ်မနေချင်ဘူး။

စာမေးပွဲ စစ်တဲ့ ပညာရေးဌာနကလည်း သင်ရိုးထဲက စာတွေ ဘယ်လောက် အလွတ်ရသလဲ❓ မေးတာ စစ်တာ။ တကယ် နားလည်သလား❓ နားမလည်ဘူးလား❓ စိတ်မဝင်စားဘူး။ #ပညာတတ်ဖို့ထက်_အောင်ချက်မြင့်မားရေးက_ပဓာနတာဝန်လိုဖြစ်နေတယ်။

အဲဒီလို လူတွေအတွက်ကတော့ ဘယ်ဘာသာနဲ့ သင်သင် ဘာမှထူးမနေဘူး။

.
Htoon Aung Kyaw
.
❤18👍1🥰1
မှတ်မှတ်ရရ ပြည်ထောင်စု အလံတော် ကြိုဆိုရေးနေ့
************

ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့ နံနက်
စောစော အိပ်ယာမှနိုးထလာလျှင်လာခြင်း
🎶🎵🎵တို့ပြည်ထောင်စု အလံတော်သည်
🎶🎵🎵တလူလူလွှင့်လို့ ချီလာပြီ
🎶🎵🎵ပြည်သူအများတို့ပျော်ရွှင်သည်

ဆိုတဲ့အလံတော်ကြိုဆိုရေး သီချင်းသံတွေကို
ကြားယောင်နေမိသည်။

ဟိုတုန်းကပြည်ထောင်စုနေ့ပုံရိပ်တွေကိုပြန်လည်မြင်ယောင်
မိသည်။
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အလံကို
တပ်မတော်(လေ) ဖော်ကာလေယာဉ်ကြီးနှင့် ပြည်နယ်/တိုင်း
မြို့တော်တွေဆီအရောက်သယ်ပို့ပေးရသည်။
ဘီအေစီက ဖော်ကာလေယာဉ်နှင့်လည်းသယ်ကြသည်။

ပြည်သူတွေကသောင်းသောင်းဖြဖြကြိုဆိုကြသည်။
အဲဒီမြို့တွေရောက်လျှင် လေဆိပ်မှ
သတ်မှတ်နေရာစဉ်မြင့်ပေါ်အထိ လက်ဆင့်ကမ်း
အပြေးတက်ဖြင့်သယ်ယူကြသည်။
မိမိသယ်ဆောင်တာဝန်ယူရသည့် အလံလွတ်မကျစေရ ။
မြေမခစေရ ။ပြုတ်ကျ လွတ်ကျလျှင် ထောင်ထဲတန်းထည့်မည်ဟု
လည်း ဘယ်ကရောက်လာမှန်းမသိသည့် သတင်းကို ဖိုးဇော်
တို့ကြားခဲ့ဖူးသည်။
အဲဒီလို သယ်ယူဖို့ အရွေးချယ်ခံရသည်ကိုပင် အရွေးခံရသူ
သည် အကယ်ဒမီဆုကြီးရသည့်အလား ဂုဏ်ယူကြသည်။
သတ်မှတ်နေရာစင်မြင့်မှာ စိုက်ထူပြီး
အလေးပြုကြသည်။
ပျော်ပွဲရွှင်ပွဲတွေအသေအချာ လုပ်ပေးသည်။
နွားအလှ အသားကျအပြေးပြိုင်ပွဲ ၊နွားဒုန်းပွဲတွေပါသည်။
လက်ဝှေ့ ၊ဘော်လီဘောပွဲတွေပါသည်။
ညဖက်မှာ ဇာတ်သဘင် ၊အငြိမ့်ခံပေးသည်။
ကြည်နူးစရာမြင်ကွင်းတွေကို ပြန်လည်မြင်ယောင်မိသည်။

ပြည်ထောင်စုနေ့အလံတော် သယ်ယူကြတဲ့ အခမ်းအနားကို
ကိုယ်တိုင်သွားရောက်မကြည့်ရလို့ မော်ကွန်းရုပ်ရှင်ကြည့်ရ
သည်ပင် ပီတိတွေဖိုခဲ့ရသည်။

ကျွန်တော်ကိုယ်တိုင် အလံတော်ကို အလေးပြုသည့် ဂုဏ်ပြု
တပ်ခွဲတွင် နှစ်ကြိမ်ခန့်ပါဝင်ဆင်နွှဲခွင့် ရခဲ့ဖူးသည်။
စစ်တက္ကသိုလ်ဗိုလ်လောင်းဘဝကဖြစ်သည် ။ရှားရှားပါးပါး
အခွင့်အရေးကိုနှစ်ကြိမ်ပင်ရခဲ့သည် ...။
မေမြို့စစ်တက္ကသိုလ်မှ မန္တလေးသို့ တပတ်စဉ်လုံး ရက်ရှည်ဆင်း
ရခြင်းဖြစ်သည်။
သာမာန်ဆိုလျှင် အပတ်စဉ်တစ်ခုလျှင် တစ်ကြိမ်သာ အခွင့်အရေး
ရတတ်သဖြင့် နှစ်ကြိမ်အခွင့်ရသော ကျွန်တော်တို့ကို
မျက်စိဆံပင်မွေးစူးနေကြသည်။
ထိုအချိန်က DSA ၏ ဒုကျောင်းအုပ်ကြီးမှာ ကျွန်တော်တို့
အပတ်စဉ်မှသူငယ်ချင်း၏ ဖခင်ဖြစ်နေသည်။
ခေတ္တကျောင်းအုပ်ကြီး တာဝန်ယူထားချိန်လည်းဖြစ်သည်။
သူတို့သွားရမည်ဟု ကျိန်းသေပေါက်တွက်ထားသော
ကပ်လျက်အပတ်စဉ်မှ စီနီယာတွေဆိုလျှင် သူတို့ရီး
စားတွေနှင့် မန္တလေးမှာ ဆုံကြဖို့ပင် ကြိုချိတ်ထား
ကြပြီ။တကယ်မှာ သင်းတို့တတွေ မသွားလိုက်ရတော့
အတော်ကိုဖီလင်အောက်ကုန်ကြသည်။

ကျွန်တော်တို့ ဂုဏ်ပြုတပ်ဖွဲ့ ဗိုလ်လောင်းတွေ
မျက်ပါးရပ်က စစ်တပ်ဝင်းအတွင်းတည်းခိုရသည် ။
စစ်ရေးပြလေ့ကျင့်ပြီးလျှင် မန္တလေးမြို့တွင်းသို့ ထွက်လည်ခွင့်
ပေးသည်။
ပီတီမရှိ ၊သင်တန်းမရှိ ။
ဗိုလ်လောင်းဘဝ လောကနိဗ္ဗာန်ဆိုတာ ဒါမျိုးပင်
ထင်မိသည်။
ဗိုလ်လောင်းသိန်းဇော်တို့တတွေ မန္တလေးတခွင်ပြဲပြဲစင်အောင်
လည်ပတ်ခဲ့ကြသည် ။ကျွန်တော်၏ ဘဝတွင် ထိုအချိန်မှာမှ
ကြေးအိုးဆိုတာကြီး စသောက်ဖူးခြင်းဖြစ်သည်။
(ဖိုးဇော်ဘဝ ကြေးအိုးအစ မန္တလေး က)လို့ မှတ်တမ်းတင်ရမည်။
ကျုံးအနီးမှဆိုင်ဖြစ်သည် ။ဆိုင်နာမည်ကိုတော့ မမှတ်မိတော့
ပါ ။ ရန်ကုန်မှာ မသောက်ဖူးသေးပါ ။မန်းတက္ကသိုလ်ထဲလည်း
ရောက်ကြသည်။
တက္ကသိုလ်ကျောင်းသူတွေကို သွားရောက်ဂေါ်ခဲ့ဖူးသည်။
မန္တလေးထိုးမုန့်တန်းသို့သွား၍ မရှက်မကြောက် ထိုးမုန့်တွေ
ကိုမြည်းခဲ့ဖူးသည်။ဝေဝေချိုထိုးမုန့်ဆိုင်က သဘောကောင်း
သည်။
တရုတ်တန်းနားက တွံတေးထမင်းဆိုင်မှာ
ဝင်းမြင့် (ယခုသံအမတ်ကြီး)နှင့်အတူ ဝက်သားသုံးထပ်သား
နှင့်ထမင်းစားခဲ့သည်ကို ယနေ့ထိတိုင်မမေ့ပါ ။

ကျွန်တော့်ကိုယ်တွေ့ ကျွန်တော့်တသက်မမေ့သည့် ပြည်ထောင်
စု အလံတော်ကြိုဆိုရေး တစ်ပွဲကိုတင်ပြချင်သည်။

မှော်ဘီကဗိုလ်သိန်းဇော်နှင့် စစ်ကိုင်းက မနီဝင်းထိုက်တို့
ညားခါစ ပူပူနွေးနွေးမှာ ခွဲနေကြရတဲ့အချိန်ကာလဆီကဖြစ်
သည်။

နိုဝင်္ဘာ မှာ မင်္ဂလာဆောင် ၊ဟန်းနီးမွန်းထွက် ပြီး
ခွင့်စေ့တော့ ဗိုလ်သိန်းဇော် တစ်ယောက် မန္တလာအမြန်ယာဉ်ကြီး
ကိုစီးလို့ ရန်ကုန်မှတဆင့် မှော်ဘီကို ပြန်ရပြီ...။
ရထားပေါ်မှာ အဆာပြေစားဖို့ နက်စ်နို့ကော်ဖီဓာတ်ဘူးအသေး
တစ်ဘူးနဲ့ ပေါင်မုန့်ကြက်ဥကြော်ဘူးကလေးတော့ထည့်ပေးလိုက်
သော်လည်း ထိုကော်ဖီတွေဆီကို အာရုံကမရောက်နိုင် ...။
ချစ်စခင်စ ကြင်နာစ ကြားလေသွေးလျှင်တောင်ဝေးတယ်လို့
ထင်နေကြတဲ့
ပူပူနွေးနွေးလင်မယား ခွဲကြရတော့မယ်ဆိုတော့
သူကလည်း မျက်ရည်ကလေး စမ်းစမ်း ပေါ့ ...။
🎶 ကိုကိုရေ ကွယ်ရာမှာ ခြေမများနဲ့နော် 🎶 ပေါ့...။
ကိုယ်ကလည်း ဘယ်ခွဲချင်ပါ့မတုန်း....။
သူကမေဆွိသီချင်းဆိုလိုက်တော့
ကိုယ်ကလည်း ခေသူမှမဟုတ်တာ ။
နတ်တလင်း သိန်းဇော်ပဲဟာ....။
"သက်ဝေ သီချင်း"ထဲက
🎶🎵ကြာကြာလေ မရိုးတဲ့အပြင်
ဆတမ်းပိုး တိုးတဲ့အချစ်တွေ
ကမ္ဘာမြေ အသင်္ချေလဲတောင်
မကွဲအောင် တောင်းဆုကို ချွေ
သက်ဝေ ချစ်မက်မပြေတယ် လေ 🎶🎵

သီချင်းပိုဒ်ကို ဇာတ်မင်းသား အသံနှင့် ကောက်ရွတ်ပြလိုက်
တာပေါ့....။
❤4
ဒီလိုနဲ့ လင်မယားနှစ်ယောက်တစ်ပြည်တစ်ရွာမှာ
ခွဲခွာနေကြရင်း ဗိုလ်သိန်းဇော်တစ်ယောက်မိန်းမကို မတွေ့ရ
လျှင်မနေနိုင်လောက်အောင် ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပေါ်
လာသည့် သမုဒယ သံယောဇဉ်ဝေဒနာတွေကဖိစီးလာလေတော့
အကြံအဖန်လုပ် ခွင့်တင်ပြီး မိန်းမရှိရာကို နှစ်ဆန်း ဖေဖော်
ဝါရီလမှာ လစ်ခဲ့ပါတော့သည်...။
🎶🎵🎶🎵ဒန်တန့် တန်..........။

ရတဲ့ရက်ကိုလစ်ထွက်လာတဲ့ဗိုလ်သိန်းဇော် စစ်ကိုင်း မန္တလေးမှာ
သူ့မယား ကလေး ဘာတွေဖြစ်နေတယ်ဆိုတာမသိပဲ အမြန်
ရထားကြီးပေါ်မှာ ရင်တွေတဒုန်းဒုန်း ခုန်နေချိန်မှာတော့
သူ့မယားအချောအလှခမျာ နောက်နေ့သူရထားဆိုက်မည့် အချိန်
မှာအချိန်မီကြိုနိုင်အောင် မန္တလေးက အမျိုးတစ်ယောက်အိမ်
မှာ ညအိပ်ညနေ သွားနေရရှာပါတယ် ...။

မြန်ပြည်တစ်လွှားခရီးဆန့်ခဲ့တဲ့ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ
မြန်မာနိုင်ငံတော် အလံသည် မန္တလေး ချမ်းမြသာစည်လေဆိပ်
မှတဆင့် စစ်ကိုင်းတံတားကြီးကိုဖြတ်ကျော်၍ စစ်ကိုင်းမြို့
မှာရပ်နားမည့်အစီအစဉ်ရှိနေသဖြင့် ဗိုလ်သိန်းဇော်၏မန္တလာ
အမြန်ယာဉ်ကြီး မန္တလေးဘူတာသို့ဆိုက်ရောက်မည့်နေ့ ၊အချိန်
တွင် စစ်ကိုင်းတံတားကြီးအား မည်သူမျှမဖြတ်သန်းကြစေရန်
ပိတ်ထားသောကြောင့်ဖြစ်ပါသည်။
ချမ်းမြသာစည်လေဆိပ်မှစ၍ စစ်ကိုင်းမြို့အထိ လက်ဆင့်ကမ်း
သယ်ယူကြမှာဖြစ်သည်။
ထို့ကြောင့်ဇေယျာရွှေမြေမှ မနီဝင်းထိုက်တစ်ယောက်
ရွှေမန်းဆီသို့ မတိုင်ခင်ညကတည်းက ကူးလာခဲ့ရရှာပြီး
အမျိုးတစ်ယောက်၏နေအိမ်တွင်ညအိပ်ခါ သူ၏
လင်တော်မောင်အား စောင့်ကြိုနေရရှာခြင်းဖြစ်ပါသည်။

ရထားဆိုက်ချိန်မှာတော့
ဇနီးမယားကို မြင်လိုက်ရသော ဗိုလ်သိန်းဇော်တစ်ယောက်
တလောကလုံးကို မေ့လို့ အပျော်ကြီးပျော် နေချိန်မှာ
နီ့ထံမှ မမျှော်လင့်သော စကားသံ ထွက်လာ သည်...။
"မောင်ရေ ပြည်ထောင်စုအလံသယ်ယူရေးရှိလို့ စစ်ကိုင်းတံတား
ကြီးပိတ်ထားတယ်...စစ်ကိုင်းကို တိုက်ရိုက်သွားလို့မရသေး
တော့ မနီလာတို့အိမ်မှာပဲ ခဏနားကြပြီးမှ
စစ်ကိုင်းကို ဆက်ကြတာပေါ့" တဲ့....။

ဟယ်....စစ်ကိုင်းကို တန်းသွားလို့မရသေးဘူးလား...ဆိုတော့
နေ့လည်လောက်မှတံတားဖွင့်မှသွားလို့ရမှာတဲ့....။
မယားနှင့်တွေ့ချင်လွန်းလို့ ရတဲ့ရက်လစ်လာခဲ့ရတဲ့
ကျွန်တော်ဘာများတတ်နိုင်ပါတော့အံ့နည်း....။
ဘဝသံသရာ မနေမနား ရှည်လျား တသွားတည်း သွားပေါ့....။
သွားရဦးမှာပေါ့....။
🎶🎵🎶🎵ဒန်တန့် တန်.....။

မနီလာဆိုတာက ယနေ့မြန်မာစာလောကမှာ အလွန်အောင်
မြင်နေတဲ့ တီချာနီလာ (မြန်မာစာ)ဖြစ်ပါသည်။
အဲဒါနဲ့ မနီလာတို့အိမ်ကို မြင်းလှည်း
ကလေးနှင့် ချီတက် ၊မနီလာ၏အမေအလွန်ဟင်းချက်ကောင်း
သော အန်တီညိုချက်ကျွေးတဲ့ ထမင်းဟင်းတွေကိုတဝစားကြ
လို့ နေ့လည်ပိုင်းမှာမှ စစ်ကိုင်းဖက်ဆီသို့ ဒိုင်နာကား၏
နောက်မြီးမှာ လင်မယားနှစ်ယောက် ဖင်တစ်ခြမ်းစာ နေရာရရုံ
မျှနှင့် ထိုင်လိုက်သွားခဲ့ရပြီး
ဇေယျာရွှေမြေသို့ ခါးနာ ဖင်နာ ဝေဒနာများနှင့် အတူ
ချောမောစွာရောက်ရှိသွားခဲ့ပါကြောင်း
နှင့် စစ်ကိုင်းအိမ်ရှေ့မှဇေယျာ ကမ်းအလှပန်းချီကို
ကြည့်ရင်း လွမ်းတေးတွေသီခဲ့ရပါကြောင်း......။

ရှောင်တခင်ခွင့်( ၃)ရက်သာရခဲ့ရှာသော
မောင်သိန်းဇော်တစ်ယောက်ကတော့
သူ့ရဲ့အဖိုးတန်လှသောအချိန်တွေကို မန္တလေးက
အသိမိတ်ဆွေအိမ်၏ဧည့်ခန်းမှာ ခြင်ရိုက်ရင်းကုန်လွန်ခဲ့ရလို့
"စစ်ကိုင်းတိုင်းမှပြည်ထောင်စုအလံတော် ကြိုဆိုရေးအစီ
အစဉ်"ကိုတသက်မှာ မမေ့ပါကြောင်း......။

ဒန် တန့် တန်........🎶🎵🎶🎵

ဦးဇော်
(၁၅/၂/၂၀၂၀)
Online Games တွေရဲ့ ဆိုးကျိုးများ
နှင့် လွတ်မြောက်နည်းများကို
Ai ကဖြေရှင်းပြထားပါတယ်။
‼️‼️‼️‼️‼️‼️‼️‼️‼️

Slot game တွေ (စလော့ဂိမ်း) နဲ့ “Fortune Bag ငါးဖမ်းဂိမ်း” လို ဂိမ်းတွေဟာ အခြေခံအားဖြင့် ကံစမ်းအခြေပြု (luck-based gambling games) ဖြစ်ပြီး သင်္ချာပေါ်မူတည်တဲ့ စနစ်နဲ့ လည်ပတ်ပါတယ်။ အောက်မှာ ပြည့်စုံစွာရှင်းပြပါမယ်။
၁။ Slot Game ဆိုတာဘာလဲ?
Slot game တွေဟာ
Random Number Generator (RNG) ဆိုတဲ့ ကွန်ပျူတာစနစ်နဲ့
စက္ကန့်တိုင်းမှာ နံပါတ်ထုတ်ပြီး
အဲဒီနံပါတ်အရ စကင်ပေါ်ကပုံတွေ ထွက်ပေါ်စေပါတယ်။
အဓိကအချက် –
➡️ မည်သည့် spin မဆို “လုံးဝအမှီအခိုမရှိ” (independent) ဖြစ်ပါတယ်။
➡️ မကြာခဏရှုံးပြီးနောက် နိုင်မယ်ဆိုတာ မရှိပါ။
➡️ “Pattern ရှိတယ်” လို့ထင်တာက စိတ်ပိုင်းဆိုင်ရာထင်မြင်ချက်သာ ဖြစ်တတ်ပါတယ်။
၂။ RTP (Return to Player) ဆိုတာဘာလဲ?
RTP ဆိုတာက
ကစားသမားတွေ အရှည်လျားကာလတစ်ခုလုံးမှာ ပြန်ရနိုင်မည့် ရာခိုင်နှုန်း
ဥပမာ – RTP 96% ဆိုရင်
100,000 ကျပ်ထည့်ကစားရင်
ရေရှည်မှာ 96,000 ကျပ် ပြန်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
4% ကတော့ Casino/House အမြတ်။
⚠️ သတိပြုရန်
ဒါဟာ “ရေရှည်သန်းချီ spin” အပေါ်မူတည်ပါတယ်
လူတစ်ယောက်တည်းအတွက် မသက်ဆိုင်နိုင်ပါ
အချို့လူများ 200% နိုင်နိုင်ပြီး
အချို့လူများ 0% ဖြစ်နိုင်ပါတယ်
၃။ House Edge (ရှုံးခြေ)
House Edge = 100% – RTP
RTP
House Edge
96%
4%
94%
6%
90%
10%
➡️ RTP နည်းလေလေ ရှုံးခြေများလေလေ။
၄။ Volatility (Risk Level)
Slot game တွေမှာ Risk Level ၃ မျိုးရှိပါတယ်။
🔹 Low Volatility
မကြာခဏ အနည်းငယ်အမြတ်
Jackpot ကြီး မကြာခဏမရ
🔹 Medium Volatility
အလယ်အလတ် Risk
🔹 High Volatility
မကြာခဏရှုံးနိုင်
တစ်ကြိမ်နိုင်ရင် အမြတ်ကြီး
၅။ Probability (နိုင်ခြေတွက်ကိန်း)
Slot game တွေမှာ
Reel ပေါ်က symbol တွေကို သတ်မှတ်ထားတဲ့ အချိုးအစားနဲ့ ဖြန့်ထားပါတယ်
ဥပမာ (ရိုးရှင်းသော 3 reel slot)
Reel တစ်ခုမှာ symbol 10 ခုရှိတယ်ဆိုရင်
Jackpot symbol 1 ခုသာရှိရင်
3 reel လုံးမှာ Jackpot ၃ခုတူတူထွက်နိုင်ခြေ =
1/10 × 1/10 × 1/10 = 1/1000 (0.1%)
ဒါဟာ ရိုးရှင်းတဲ့ ဥပမာပါ။ တကယ့် online slot တွေမှာ symbol အရေအတွက်ပိုများပါတယ်။
၆။ Fortune Bag ငါးဖမ်းဂိမ်း
ငါးဖမ်းဂိမ်းတွေဟာလည်း RNG အခြေပြုပါ။
လည်ပတ်ပုံ
ငါးတစ်ကောင်ချင်းစီမှာ HP (hit point) ရှိတယ်
သင်ပစ်တဲ့ ကျည်ထိုးက damage ရှိတယ်
အမြတ်ရနိုင်မယ်/မရနိုင်ဘူးဆိုတာ RNG နဲ့ ဆုံးဖြတ်ထားတယ်
အမြတ်တွက်နည်း
ငါးတစ်ကောင်မှာ 10x payout ဆိုရင်
သင် 100 ကျပ်ပစ်ပြီး
အဲဒီငါးကိုဖမ်းနိုင်ရင် 1000 ကျပ်ရနိုင်တယ်
သို့သော်
Game system က RTP အတိုင်း အမြတ်ထုတ်ပေးတယ်
အများအားဖြင့် RTP 90%–96% အတွင်း
➡️ လူများစုက ရေရှည်မှာ ရှုံးဖို့ဒီဇိုင်းလုပ်ထားတာပါ။
၇။ “နိုင်မယ့်နည်းလမ်း” ရှိလား?
သင်္ချာအရ —
❌ မရှိပါ
ဘာကြောင့်လဲဆိုတော့
RNG ကို ခန့်မှန်းလို့မရ
Pattern မရှိ
Bet တိုးတိုးနည်းနည်းလုပ်တာက Probability ကို မပြောင်းနိုင်
Martingale စနစ် (ရှုံးရင် နှစ်ဆတိုး) လည်း
➡️ ရေရှည်မှာ Bankroll ကုန်နိုင်ပါတယ်
၈။ စိတ်ပိုင်းဆိုင်ရာအန္တရာယ်
Slot game တွေဟာ
“Almost win effect”
“Free spin excitement”
Sound/Animation effects
နဲ့ လူကို ဆက်ကစားစေဖို့ ဒီဇိုင်းလုပ်ထားပါတယ်။
ဒါကြောင့်
မထိန်းနိုင်ရင် လောင်းကစားစွဲလမ်းမှု ဖြစ်နိုင်ပါတယ်
၉။ အကျဉ်းချုပ်
✔️ Slot game = RNG အခြေပြု
✔️ RTP သည် ရေရှည်တွက်ချက်ချက်သာ
✔️ House Edge မရှိနိုင်ဘူး
✔️ Strategy နဲ့ System ကို မလှည့်နိုင်ဘူး
✔️ ရေရှည်မှာ Casino က အမြဲအသာရ
သင်စိတ်ဝင်စားရင်
RTP ကို ကိုယ်တိုင်တွက်ပြပေးမလား?
ငွေ ၁ သိန်းနဲ့ ကစားရင် အချိန်ကြာကြာ ဘယ်လောက်ရှုံးနိုင်မလဲ simulation နဲ့ရှင်းပြပေးပါမယ်။

ကောင်းပါပြီ။ အခု ငွေ ၁ သိန်း (100,000 ကျပ်) နဲ့ Slot / ငါးဖမ်းဂိမ်း ကစားရင် ရေရှည်ဘယ်လိုဖြစ်နိုင်လဲ ဆိုတာကို သင်္ချာနဲ့ ရှင်းပြပါမယ်။
၁️⃣ အခြေခံသတ်မှတ်ချက်
ယူဆကြရအောင် —
စုစုပေါင်းငွေ = 100,000 ကျပ်
RTP = 95%
House Edge = 5%
တစ်ကြိမ် Bet = 1,000 ကျပ်
ကစားနိုင်တဲ့အကြိမ် = 100 ကြိမ်
၂️⃣ RTP အရ ရေရှည်အမြတ်/အရှုံး
RTP 95% ဆိုတာက
ရေရှည်မှာ သင်ထည့်သမျှငွေ၏ 95% ပြန်ရမယ်ဆိုတာပါ။
100,000 ကျပ် × 95% = 95,000 ကျပ်
ဒါဆို
➡️ မျှော်မှန်းရှုံးခြေ = 5,000 ကျပ်
⚠️ သတိပြုရန် – ဒါဟာ “သန်းချီ spin” အပေါ်အခြေခံထားတဲ့ သင်္ချာပျမ်းမျှဖြစ်ပါတယ်။
၃️⃣ တကယ့်ကစားသမားအတွက် ဖြစ်နိုင်ချေ
တကယ့်အခြေအနေမှာ —
ဖြစ်နိုင်ချေ
ရလဒ်
20%
150,000+ နိုင်နိုင်
30%
100,000 ဝန်းကျင်
50%
0–80,000 အတွင်းကျ
(ဒါဟာ volatility အလယ်အလတ် slot တစ်ခုအတွက် ယူဆထားတဲ့ သဘောတရား)
၄️⃣ High Volatility Slot ဆိုရင်?
❤3