Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
18.1K subscribers
3.84K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
များများလေ့ကျင့်ဖို့ ပြန်တင်ပေးလိုက်ပါတယ်။

ကြေးမုံသတင်းစာပါ အင်္ဂလိပ်စာ
သင်ခန်းစာများ စုစည်းမှု

Question no. 1 (initial letters)
https://www.facebook.com/share/p/18jVoLTX1r/?mibextid=oFDknk

Question no. 2 (multiple choice)
https://www.facebook.com/share/p/1AG1SW8DPG/?mibextid=oFDknk

Question no. 3 (grammar)
https://www.facebook.com/share/p/18A2EFgnHp/?mibextid=oFDknk

Question no. 4 (a) ကဗျာကွက်လပ်ဖြည့်မေးခွန်း
Question no. 4 (b) Answer the questions.
https://www.facebook.com/share/p/1BGdjv2bdp/?mibextid=oFDknk

Question no. 5 (seen passage)
https://www.facebook.com/share/p/14nwKtg24y/?mibextid=oFDknk

Question no. 6 (unseen passage)
https://www.facebook.com/share/p/1BAAJMdwYg/?mibextid=oFDknk

Question no. 7 (dialogue)
https://www.facebook.com/share/p/1ABbUyXmTL/?mibextid=oFDknk

Question no. 8 (letter)
Question no. 9 (essay)
https://www.facebook.com/share/p/15n2JZkVsG/?mibextid=oFDknk

အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာ ရှင်းလင်းချက်များနှင့် လေ့ကျင့်ခန်းများ
18👏1
ဘဏ်ပိတ်ရက်
2
Media is too big
VIEW IN TELEGRAM
အစ်မကြီးမှ သူ့မောင်ကို စာသင်ပေးသောအခါ
👏3
This media is not supported in your browser
VIEW IN TELEGRAM
စုံညီမှာ ဆရာမကိုဆုချ။ ချစ်စရာဟာသအမြင်ဖြင့်ကြည့်ရန်
5
This media is not supported in your browser
VIEW IN TELEGRAM
နွေရောက်ပြန်တော့မယ်
5
ကျောင်းတွေပိတ်တော့မယ်
အရမ်းပျော်နေတာလား
လစာတွေအလကားရနေတာတန်လိုက်တာဆရာမရယ် တဲ့........

#ဆရာ ဆရာမဆိုတာ လေ ကိုယ့်ရဲ့ကလေးတွေ
နက်နဲတဲ့အသိတရား ခက်ခဲတဲ့
ဘ၀ပုစ္ဆာတွေကို
နောင်တချိန်မှာဖြေရှင်းနိုင်အောင်
စာသင်ခန်းထဲမှာ
မေးလည်းမေးပေးလည်းပေးစေပြီး
သူတို့ဘ၀သမိုင်းမရိုင်းရအောင်
လမ်းညွှန်ထောက်ပြဆုံးမပေးနေကြတာပါ
ကိုယ့်အတွက်ဘာတစ်ခုမှမပါပါ........

#နှိုင်းမရတဲ့ မေတ္တာစစ်တွေနဲ့
ရေလောင်းပေါင်းသင် ဥယျာဉ်မှူးပမာ ဘ၀နဲ့လက်တွေ့ရောစပ်ပြီး
သိသမျှတတ်သမျှ သင်ပြပေးနေကြတာပါ
ကိုယ်ကမွေး ကိုယ့်သွေးမဟုတ်ပေမယ့်
ရင်နှင့်မခြားသားသမီးပမာ စေတနာထားတာက
ဆရာ ဆရာမတွေရဲ့ ဗီဇ
ဘယ်ပေတံနဲ့မှတိုင်းလို့မရပါ........

#သူတို့ကလေးတွေ
လှပတဲ့အနာဂတ်ခရီး သာယာတဲ့ဘ၀ပိုင်ရှင်များဖြစ်အောင်
ကျောထောက်နောက်ခံပြုလုပ်နေတာ ဆရာ ဆရာမတွေရဲ့
ရင်ဘတ်ထဲကလာတာ ဘယ်သူမှလာတားလို့မရပါ........

#သူတို့ကလေးတွေ
ဘယ်ဘ၀ ဘယ်အခြေအနေ
ဘယ်ဆီကိုရောက်ရောက်
ကိုယ့်ထက်သာသူ သိသူ တတ်သူဖြစ်ပါစေလို့
ကိုယ့်အတွက်မဟုတ်တဲ့မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်နေခဲ့သူတွေ ဆိုတာ ဆရာ ဆရာမတွေပါ......

#ကာယ ၀စီ မနောချီပြီး ကန့်တောခံချင်လို့ စာသင်နေတာမဟုတ်ဘူး
အခွင့်အရေးတစ်ခုဆိုပြီး ကျောင်းကိုမေ့မနေဘူး
လစာအလွယ်တကူထုတ်စားပြီး
သင်ရိုးညွှန်းတမ်းတွေ မေ့မနေဘူး........

#ဆရာ ဆရာမတွေ ဆိုတာ........
ပျော်လည်းပျော် တော်လည်းတော်တဲ့ တပည့်တွေ မွေးထုတ်ဖို့ အမြဲအဆင်သင့်ဆိုတာ???

မမေ့နဲ့...................💖

#Credit

#ဆုမြတ်(ပညာရေး)
BA.(B.Ed)
14👍1
This media is not supported in your browser
VIEW IN TELEGRAM
ဆေးထိုးရင်နာမှာကြောက်သူလေးရဲ့ ဘုရားအပေါ်ကိုးစားမှု။ သူ့မိဘများရဲ့ အတုယူဖွယ် အလေ့အကျင့်ကောင်း။
ဘယ်ဘာသာဝင်ဖြစ်ဖြစ် ငယ်စဉ်ကတည်းက သိသင့်သိထိုက်သည်ကို သင်ကြားထားသင့်ပါသည်။
29
ဝန်ထမ်းတွေကို စနစ်တကျစီမံခန့်ခွဲနိုင်ဖို့...
ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ ဘယ်လိုဝန်ထမ်းအမျိုးအစားတွေရှိနေလဲ
သူတို့ကို ဘယ်လိုမျိုးနည်းလမ်းတွေသုံးပြီး ကိုင်တွယ်အုပ်ချုပ်ရမလဲ ဆိုတာသိထားသင့်ပါတယ်။

ဒါကြောင့် လုပ်ငန်းရှင်တွေ၊ HR တွေနဲ့ Manager Level တိုင်း သိထားသင့်တဲ့ Theory X,Y,Z ဆိုတဲ့ ဝန်ထမ်းအမျိုးအစား (၃) မျိုးအကြောင်းကို မျှဝေပေးချင်ပါတယ်။

🔰 Theory X
Theory X ဝန်ထမ်းအမျိုးအစားတွေက မလုပ်၊ မရှုပ်၊ မပြုတ်ဆိုတဲ့စကားကို လက်ကိုင်ထားကြသူတွေပါ။ လုပ်ငန်းတိုးတက်ရာ တိုးတက်ကြောင်းအတွက်လည်း မလုပ်ချင်သလို တာဝန်တွေပိုပေးရင်လည်း မကြိုက်ကြပါဘူး။

ဒါပေမဲ့ သူတို့ရဲ့ လက်ရှိရာထူးကပြုတ်မှာ၊ အခြားသူကနေရာဝင်ယူသွားမှာကိုတော့ စိုးရိမ်တတ်ကြပါတယ်။ ဒါကြောင့် Theory X သမားတွေကို တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေ၊ ဆုပေး၊ ဒဏ်ပေးစနစ်တွေနဲ့ အုပ်ချုပ်ရပါတယ်။

🔰 Theory Y
Theory Y အမျိုးအစားတွေကတော့ Theory X နဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး အလုပ်နဲ့ပတ်သက်ရင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိကြပါတယ်။ အလုပ်ကြိုးစားသူတွေပီပီ တိကျတဲ့ ရည်မှန်းချက်ပန်းတိုင်တွေလည်း ရှိကြပါတယ်။

နောက်ပြီး Theory Y သမားတွေက ဆန်းသစ်တီထွင်ရတာကိုလည်း နှစ်သက်ကြပါတယ်။ ဒါကြောင့် လုပ်ငန်းတိုးတက်ဖို့အတွက် သူတို့ကို ဆုံးဖြတ်ခွင့်ပေးတာ၊ သူတို့ရဲ့အရည်အချင်းတွေကို အသိအမှတ်ပြုတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

🔰 Theory Z
Theory Z ဆိုတဲ့ ဝန်ထမ်းအမျိုးအစားကတော့ အများနဲ့အတူ ပူပေါင်းဆောင်ရွက်လိုစိတ်ရှိပြီး ပေးအပ်တဲ့ အလုပ်တာဝန်တွေကိုလည်း ကျေပွန်အောင် ဆောင်ရွက်နိုင်ကြပါတယ်။

ထူးခြားတာက Theory Z အများစုက အလုပ်ပေါ်မှာလည်း သစ္စာရှိကြပါတယ်။ ဒါကြောင့် မိတ်ဆွေရဲ့လုပ်ငန်းခွင်မှာ Theory Z သမားတွေရှိတယ်ဆိုရင်တော့ ယုံကြည်မှုနဲ့ ရေရှည်ဆက်ဆံရေးတည်ဆောက်ထားသင့်ပါတယ်။

ဒီလိုမျိုး ဝန်ထမ်းအမျိုးအစားအလိုက် အုပ်ချုပ်ပုံ အုပ်ချုပ်နည်းတွေ သိထားတာက ဝန်ထမ်းတွေကို စီမံခန့်ခွဲရာမှာ မိတ်ဆွေတို့အတွက် များစွာအထောက်အကူဖြစ်စေနိုင်ပါတယ်။
26👍3
February 10


Dhp 129–145 Daṇḍavagga: The Rod

All tremble at the rod,
all fear death.
Treating others like oneself,
neither kill nor incite to kill.

All tremble at the rod,
all love life.
Treating others like oneself,
neither kill nor incite to kill.

Creatures love happiness,
so if you harm them with a stick
in search of your own happiness,
after death you won’t find happiness.

Creatures love happiness,
so if you don’t hurt them with a stick
in search of your own happiness,
after death you will find happiness.

Don’t speak harshly,
they may speak harshly back.
For aggressive speech is painful,
and the rod may spring back on you.

If you still yourself
like a broken gong,
you’re quenched
and conflict-free.

As a cowherd drives the cows
to pasture with the rod,
so too old age and death
drive life from living beings.

The fool does not understand
the evil that they do.
But because of those deeds, that dullard
is tormented as if burnt by fire.

One who violently attacks
the peaceful and the innocent
swiftly falls
to one of ten bad states:

harsh pain; loss;
the breakup of the body;
serious illness;
mental distress;

hazards from rulers;
vicious slander;
loss of kin;
destruction of wealth;

or else their home
is consumed by fire.
When their body breaks up, that witless person
is reborn in hell.

Not nakedness, nor matted hair, nor mud,
nor fasting, nor lying on bare ground,
nor wearing dust and dirt, or squatting on the heels,
will cleanse a mortal not free of doubt.

Dressed-up they may be, but if they live well—
peaceful, tamed, committed to the spiritual path,
having laid aside violence towards all creatures—
they are a brahmin, an ascetic, a mendicant.

Can a person constrained by conscience
be found in the world?
Who shies away from blame,
like a fine horse from the whip?

Like a fine horse under the whip,
be keen and full of urgency.
With faith, ethics, and energy,
immersion, and investigation of principles,
accomplished in knowledge and conduct, mindful,
give up this vast suffering.

While irrigators guide water,
fletchers shape arrows,
and carpenters carve timber—
those true to their vows tame themselves.

===
12👍1
ကျောင်းတစ်ကျောင်း အောင်မြင်ဖို့
Curriculum ကောင်းရုံနဲ့ မလုံလောက်ပါဘူး။
School Culture က အဓိက။

အများစုက
ပညာရေးဆိုရင် Syllabus, Textbook, Exam ကိုပဲ စဉ်းစားတတ်ကြတယ်။
ဒါပေမယ့် research တော်တော်များများက
ဒီအချက်ကို ထပ်ပြောနေတယ်...

“Culture shapes results.”
ကျောင်းရဲ့ Culture က ရလဒ်တွေကို ပုံဖော်သွားတာပါ။
---
📌 School Culture ဆိုတာဘာလဲ?

School culture ဆိုတာ
ကျောင်းတစ်ကျောင်းရဲ့ “ခံစားမှုတွေပေးနေတဲ့ ပတ်ဝန်းကျင်” ပဲ။

✔️ ဆရာ/ဆရာမတွေက တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဆက်ဆံကြလဲ...
✔️ Leadership က Trust ပေးလား
✔️ Accountability ရှိလား
✔️ Teamwork ရှိလား
✔️ Continuous learning culture ရှိလား...

ဒီအရာတွေစုစည်းထားတာကို "School Culture" ခေါ်ပါတယ်။
---
📌 Curriculum ကူးချရုံနဲ့ မအောင်မြင်နိုင်ပါဘူး။

ကမ္ဘာ့အကောင်းဆုံး Curriculum ကို Copy ယူထားလည်း
Staff တွေ မညီညွတ်ရင်
Trust မရှိရင်
Leadership မရှင်းရင်

➡️ Result မထွက်ပါဘူး။

ဘာကြောင့်လဲဆိုတော့
သင်ကြားပေးတာက လူတွေ ဖြစ်ပါတယ်။
Culture မကောင်းရင်
Motivation မရှိတော့ဘူး။
---
📌 Strong School Culture ရဲ့ အကျိုး

Positive culture ရှိတဲ့ကျောင်းတွေမှာ...

✔️ Student performance တက်တယ်။
✔️ Teacher retention ပိုကောင်းလာတယ်။
✔️ Collaboration ပိုများတယ်။
✔️ Discipline issues လျော့နည်းလာတယ်။

Soft factors တွေက
hard results ထွက်စေတယ်။
---
📌 ဘယ်လိုတည်ဆောက်မလဲ

Clear vision ပေး
(လူတိုင်း သိရမယ် — ဘာအတွက် အလုပ်လုပ်နေကြလဲဆိုတာကို)

Trust-based leadership
(Control မဟုတ်၊ Empowerment ပေးရမယ်။)

Conflict ကို ဖုံးမထားရဘူး။
(Open discussion + solution focus)

Staff Development Invest လုပ်ရမယ်။
(Training, mentoring, feedback တွေ လိုတယ်။)

Appreciation culture ဖန်တီးရမယ်။
(Recognition အသိအမှတ်ပြုမှသာ motivation ရမှာ ဖြစ်ပါတယ်။)

---
အဓိကအချက်

Education improvement ဆိုတာ
Technology upgrade မဟုတ်ဘူး။
Building upgrade မဟုတ်ဘူး။
အဲဒါ လူတိုင်း လုပ်နိုင်တဲ့ အပေါ်ယံတွေပါ။

➡️ People upgrade ဖြစ်ပါတယ်။

ကျောင်းကောင်းတစ်ကျောင်းဆိုတာ
Building ကောင်းတာ မဟုတ်ဘူး။
Culture ကောင်းတာ ဖြစ်တယ်။
---
ကလေးတွေ အောင်မြင်ချင်ရင်
စာသင်နည်းထက်
Environment ကို အရင်ပြင်ရမယ်။

Culture ကောင်းတဲ့နေရာမှာ
Achievement က naturally လိုက်လာတတ်တယ်။

- ဖိုးချမ်း
#crd_to_owner_with_respect
24👏1
ဆရာ၊မများ ခဏခဏ မေးမြန်းနေလို့ ဖြေကြားခြင်း

ဒီလအတွက် ကျောင်းခေါ်ကြိမ်လေးမှာ မူလတန်း (၃၂) ကြိမ်၊ အလယ်တန်း (၃၄) ကြိမ် ဖြစ်ပါသည်။ အစားထိုးဖွင့်ရက်များပါဝင်ထားပြီး၊ အစားထိုးတက်ရက် (၁) ရက်ကို ထည့်တွက်လျှင် စုစုပေါင်း တက်ရောက်ရမည့်ရက်မှာ (၁၇) ရက်၊ကျောင်းခေါ်ကြိမ်အရ (၃၄) ကြိမ် ဖြစ်ပါသည်။

ထို့အပြင် နှစ်အစမှ စတင်တွက်လျှင် စုစုပေါင်း ကျောင်းခေါ်ကြိမ်မှာ (၃၅၆) ကြိမ်အထိ ရောက်ရှိထားပြီးဖြစ်ပါသည်။

အဆိုပါ အချက်အလက်များကို ခဏခဏ မေးမြန်းနေကြသဖြင့် အထွေထွေ သိရှိနိုင်ရန် ရှင်းလင်းစွာ ဖြေကြားပေးလိုက်ခြင်း ဖြစ်ပါသည်။

#GoodLuck #answer
👍74
#အခေါ်အဝေါ်ပြောင်းလဲပုံ

#ဆရာကြီး
အစမှာတော့ "ဆရာကြီး"ဆိုပြီး ခေါ်လာလိမ့်မယ်။
သိပ်ပြီး မသာယာနဲ့ဦး ဒါက သူဘာမှ မသိမတတ်
တဲ့အချိန် အကူအညီလိုနေလို့ပဲ။ ပြောရမယ်ဆိုရင်
အလုပ်တစ်ခုခုရဖို့အတွက် သင်ယူနေချိန်ဆိုရင် ပို
မှန်တယ်။

#ဆရ
ရင်းနှီးလာရင်တော့ "ဆရာ"ဆိုပြီး ခေါ်ပါလိမ့်မယ်။
အဝင်အထွက်လေးတွေ မေးလာပြီ ဘယ်လိုဝင်ရင်
အဆင်ပြေမယ် စတဲ့အထာလေးတွေကို မေးတတ်
ကြတယ်။

#အာစရိ
အဲဒီထက် ပိုလာတော့"အာစရိ"တဲ့ အလုပ်ကလည်း
ရနေပြီလေ။ သိချင်တာလေးတွေကလဲ ရှိသေးလို့
မယုတ်မလွန် ခေါ်တာပေါ့။ လိုအပ်ရင် အသုံးလေး
တည့်နေသေးတာကိုးဗျ။ (ဥပမာ-📶,🔁,➡️ လေး
တွေပေါ့)

#ရှီးဖော်
အမလေး တိုးပြောင်းလေး အဆင်ပြေလို့ အတူများ
ဆိုင်မထိုင်မိစေနဲ့ "ရှီးဖော်"ဖြစ်သွားပြီသာမှတ်လိုက်
ပေတော့။

အဲဒီနောက်ဆိုရင်တော့ မတွေးဝံ့စရာဆရာတို့ကမ္ဘာ
ပါပဲဗျာ။

ခုမှ ပညာရေးလောကမှာ အညှောက်စပေါက်တဲ့ သူ
တွေကလည်း အနန္တောအနန္တ ဂိုဏ်းဝင်ဆရာတွေကို
ချာကြီး ရှီးဖော် လုပ်နေကြတာဟာ သင့်လျော်လှတဲ့
အရာ မဟုတ်ဘူးလို့ ထင်မြင်ယူဆပါတယ်။

အနန္တဂိုဏ်းဝင် ဆရာသခင်တွေအပေါ် နှုတ်ကြောင့်
အာနန္တရိယကံ မထိုက်သော်လည်း ပဥ္စာနန္တိရိယကံ
ထိုက်သင့်စေတဲ့အတွက် သတိပြုဆင်ခြင်ကြပါလို့
တိုက်တွန်းပါရစေ။

"အမှားတွေ့လျင် အမှန်ပြင် လောကအလှဆင်"ဆို
သည့်အတိုင်း အမုန်းခံပြီး ပြောသင့်တာကိုတော့
ပြောရမှာပဲ။ တချို့က ရိုင်းစိုင်းလွန်းတယ်။

ကြည်ဖြူ လမ်းပြကြယ်
13👍2🥰1
1) ဘာမဆို ဖြေရှင်းပေးနိုင်တဲ့ App - https://clk.bz/tFJMD
‎(2) အသံကို စာသားပြောင်းပေးနိုင်တဲ့ App - https://clk.bz/Reccloud
‎(3) ပန်းချီပုံတွေ ဖန်တီးပေးနိုင်တဲ့ App - https://clk.bz/cepgF
‎(4) ကုဒ်ရေးပြီး အလုပ်လုပ်ပေးနိုင်တဲ့ App - https://clk.bz/Replit
‎(5) စက္ကန့်ပိုင်းအတွင်း သီချင်းဖန်တီးပေးတဲ့ App - https://clk.bz/sunomusic
‎(6) စာသားကို ဗီဒီယိုတွေအဖြစ် ပြောင်းပေးနိုင်တဲ့ App - https://clk.bz/Flikihsh
‎(7) AI ပုံတူတွေ ဖန်တီးပေးနိုင်တဲ့ App - https://clk.bz/Starryydh

‎Jame Smith
‎Thank me later!!
15👍1🥰1
📝သမိုင်းကို သက်သေထူခဲ့တဲ့ လက်မှတ်များ - ပင်လုံစာချုပ် မူရင်းမှတ်တမ်း"

● ဒီနေ့ဟာ ကျွန်တော်တို့ ပြည်ထောင်စုသားအားလုံးအတွက် အမှတ်တရ အဖြစ်ဆုံးနေ့ဖြစ်တဲ့ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၇၉ နှစ်၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ မနက် ၁၀ နာရီမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တောင်တန်းဒေသ ခေါင်းဆောင် ၂၂ ဦးတို့ဟာ ဒီစာချုပ်ပေါ်မှာ သူတို့ရဲ့ နှလုံးသားတွေကို လက်မှတ်အဖြစ် ပုံနှိပ်ခဲ့ကြတာ ဖြစ်ပါတယ်။

● ဒီနေ့မှာတော့ Admin အနေနဲ့ ပင်လုံစာချုပ်ရဲ့ မူရင်းစာသားတွေနဲ့ သမိုင်းဝင် ပုဂ္ဂိုလ်ကြီးတွေရဲ့ လက်မှတ်မှတ်တမ်းတွေကို အားလုံး ပြန်လည် မြင်တွေ့နိုင်အောင် ဝေမျှပေးလိုက်ပါတယ်။ ဒီလက်မှတ်တွေဟာ စက္ကူပေါ်က မင်ရာတွေသက်သက် မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေ အနာဂတ်အတွက် ထားရစ်ခဲ့တဲ့ "ယုံကြည်မှု" အမွေအနှစ်တွေ ဖြစ်ပါတယ်။

● ၇၉ နှစ်တာ ကာလတစ်လျှောက်မှာ ဒီစာချုပ်ပါ ကတိကဝတ်တွေကို ကျွန်တော်တို့ ဘယ်လောက်အထိ ထိန်းသိမ်းနိုင်ခဲ့ကြပြီလဲ? ဒီနေ့မှာ ဒီမူရင်းမှတ်တမ်းတွေကို ကြည့်ရင်း "ပြည်ထောင်စုစိတ်ဓာတ်" ကို တစ်ဦးချင်းစီရဲ့ ရင်ထဲမှာ ပြန်လည် ဆန်းသစ်ကြပါစို့🇲🇲🇲🇲🇲🇲

#MSSK #မောင်စွယ်စုံကျမ်း #ဗဟုသုတ #UnionDay2026 #PanglongAgreement #OriginalDocument #MyanmarHistory #GeneralAungSan #UnionSpirit
3