Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
18.1K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Ultra-realistic studio portrait photograph, close-up head-and-shoulders shot, young East Asian teenage girl about 16-18 years old, fair smooth skin, delicate facial features, large expressive dark brown eyes, gentle natural smile with soft pink lips, straight long black hair with neat center part and straight full bangs covering forehead, wearing elegant traditional white Chinese qipao cheongsam mandarin collar, crossover front, short sleeves, delicate pink pearl flower brooch pinned on the chest, small pink pearl stud earrings, innocent and graceful expression, looking directly at camera, plain vibrant blue solid color background like school ID photo studio, professional photography lighting, soft even illumination, sharp focus, highly detailed skin texture, photorealistic, 8k resolution, masterpiece, no text, no watermark
👍1
Ultra-realistic studio portrait photograph, tight head-and-shoulders close-up, young East Asian teenage boy age 16-19, fair smooth flawless skin, handsome delicate features, large dark expressive eyes with slight monolids, straight thick black eyebrows, neat short black hair styled with volume on top and sides neatly faded, subtle side part or textured quiff, gentle neutral closed-mouth expression with soft natural pink lips, wearing crisp plain white dress shirt with mandarin collar or simple button-up collar, no tie, innocent youthful and clean look, direct eye contact looking straight at camera, solid vibrant blue studio background like school ID or passport photo, professional soft even lighting, no shadows on face, sharp hyper-detailed skin texture and hair strands, photorealistic, 8k resolution, raw photo style, canon eos, 85mm lens, f/2.8, masterpiece, no text, no watermark, no accessories
❤1👍1
Ultra-realistic studio portrait photograph, tight head-and-shoulders close-up, young East Asian teenage girl 16-19 years old, fair smooth clear skin, delicate soft facial features, large expressive dark brown eyes behind round black-framed eyeglasses with thin metal rims, gentle warm smile with natural pink-red lips, straight long black hair with neat center part, straight full thick bangs covering forehead reaching eyebrows, wearing crisp white Chinese qipao cheongsam mandarin collar top, crossover front with small fabric buttons, short sleeves, simple and elegant school uniform style, small gold hoop earrings, innocent youthful graceful expression, looking directly at camera with soft eye contact, solid vibrant blue background like professional school ID or passport photo studio, even soft professional lighting, no harsh shadows, highly detailed skin pores and hair strands, sharp focus, photorealistic, 8k resolution, raw photo, canon eos r5 85mm lens f/2.8, masterpiece, no text, no extra accessories
❤2👍2
ရင်ဖုံးအင်္ကျီ-စတစ်‌ကော်လံ လိုင်စင်ပုံ Prompt များ ယူပါ
ဓာတ်ပုံ-မိတ္တူဆိုင်သမားများ အသုံးဝင်ပါတယ်။
Prompt ကို ပုံအောက်မှာပေးထားပါတယ်
#လိုင်စင်ပုံ
#prompt
#AI
#foryou
#fyp
#photo@EducationalChannelMM
❤4
Dip Ep သင်းတန်းပြီးရင် လယ်ပြ ဖြစ်မှာ / အကယ်၍
လထမူကနေ လထလယ်ကိုပြောင်းရင်
ထိုသင်တန်းပြီးသူတွေကဦးစားပေးပဲ လို့......

Dip Epသင်တန်းစတင်ပေါ်ပေါက်လာတုန်းက

ပြောကြတာတွေမှတ်မိကြရဲ့လားခင်ဗျ........
မကြာခင် #DipEpပြီးထားသူတွေအတွက်(သင်တန်းတက်ရာတွင်ပါဝင်သည့်ရာထူးစုံ) မျှော်လင့်ချက်လမ်းစပါဝင်လာပါလိမ့်မယ်ခင်ဗျာ။

မူ နဲ့ လယ် ကွဲပြားမူပြီးသွားသည့်အခါ မူလရာထူးများသို့ပြန်လည်ရောက်ရှိလာပါတော့မယ်(ဒါကကြိုတင်ပေးတာနော်)

ဒါ့အပြင် ဒုမူများအတွက်ရာထူးတိုးအစား Dip Edကိုပိုပြီးအာရုံစိုက်လို့လျှောက်ထားကြပါ....(အကယ်၍ဒုမူကနေဒုလယ်ဘေးတိုက်မပါခဲ့ရင်..ရာထူးတိုးရှိမလာခဲ့ရင်ပြောတာပါ)

ဒါကြောင့်ယမန်နေ့ကတင်ပေးထားတဲ့ နောက်ဆိုတာဘာမှန်းမသိတော့သည့်အတွက်ရာထူးကိုရနိုင်သလောက်ယူထားကြပါ....အကယ်၍လက်ရှိရာထူးနဲ့ပဲနေတော့မယ်လို့ဆုံးဖြတ်ထားပြီးရင်...နောက်တက်လေးတွေရှိလာပြီဖြစ်လို့
လက်ရှိရာထူးနဲ့ပညာရေးဆိုင်ရာလုပ်ငန်းသဘောတရားများကိုကျွမ်းကျင်ပိုင်နိုင်စွာလေ့လာသာထားကြပါလို့ရေးတင်လိုက်ရတာပဲဖြစ်ပါတယ်။

ဦးစစ်နိုင်(ရွှေလင်းမြေပညာရေး)
❤14
လာမည့်ပညာသင်နှစ်တွင် Grade 12
သင်ရိုးညွှန်းတမ်းပြန်လည်ရေးဆွဲမည်။
အလယ်တန်းဆင့်တွင် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးဘာသာရပ်များ
ထည့်သွင်းသင်ကြားမည်။

#education
#မြန်မာ့အလင်းသတင်းစာ
❤5
မြန်မာနိုင်ငံရဲတပ်ဖွဲ့
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အဝေးသင်တက်ရောက်
နေသူများအတွက် အထူးအခွင့်အရေးဖြစ်၍ လျှောက်သင့်။
❤3
သားသမီးပညာရေးကို မနိုင်ဝန်ထမ်းပြီး ငွေရင်းနှီးမြှုပ်နှံလိုက်မိရင် ရေရှည်မှာ မိဘဘက်က ဘာတွေဖြစ်လာနိုင်လဲ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
🟧 သားသမီးပညာရေးဆိုတာ မိဘတိုင်း “မချန်လှပ်ချင်တဲ့ အရာ” ပါ။
ဒါပေမယ့် မိဘရဲ့ ဝင်ငွေအခြေအနေထက် ကျော်လွန်ပြီး ပညာရေးမှာ ငွေကို ပုံအောလိုက်မိတဲ့အခါ
အကျိုးထက် အပြစ်က ပိုများလာတတ်ပါတယ်။

(၁) မိဘရဲ့ စိတ်ပိုင်းဆိုင်ရာ ဝန်ထုတ်ဝန်ပိုး

လစဉ် ကျောင်းလခ၊ activity fee၊ transport fee တွေကို အမြဲ စိုးရိမ်စိတ်နဲ့ တွက်နေရခြင်း၊
“မပေးနိုင်ရင် ဘယ်လိုလုပ်မလဲ” ဆိုတဲ့ အတွေးက နောက်ခံစိတ်ဖိစီးမှုအဖြစ် အမြဲလိုလို တည်ရှိနေတတ်ပါတယ်။
အဲ့ဒီအခြေအနေက
ကိုယ့်ဘဝအတွက် အနားယူခွင့်၊ စိတ်ချမ်းသာခွင့်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားစေပါတယ်။
အချိန်ကြာလာတာနဲ့အမျှ ဒီလိုစိတ်ဖိစီးမှုတွေကနေ ဒေါသထွက်လွယ်ခြင်း၊ စိတ်ပင်ပန်းနွမ်းနယ်ခြင်း
စတဲ့ ပြဿနာတွေကို ဖြစ်စေတတ်ပါတယ်။

(၂) အိမ်ထောင်ရေးနဲ့ မိသားစုဆက်ဆံရေး ထိခိုက်လာနိုင်ခြင်း

ငွေအကြောင်းနဲ့ စကားများမှု ပိုများလာတတ်ပါတယ်။ “ကလေးအတွက်ပဲ” ဆိုတဲ့ အမည်နာမနဲ့
တစ်ယောက်ကို တစ်ယောက် မသိမသာ ဖိအားပေးမိလာပြီး မိဘနှစ်ဦးကြားမှာ တိတ်တိတ်လေး စိတ်ကွာဟမှု ဖြစ်လာတတ်ပါတယ်။
ကလေးက ပညာရေးကောင်းနေတယ်ထင်ရပေမယ့် အိမ်ထောင်ရေးရဲ့ အေးချမ်းမှုက မသိမသာ ပျက်စီးသွားနိုင်ပါတယ်။

(၃) ကလေးကိုယ်တိုင်ပါ စိတ်ဖိစီးလာခြင်း

မိဘတွေ စိတ်ဖိစီးလာတဲ့အခါ မသိမသာ ပြောမိ လုပ်မိတဲ့ အရာတွေက—
“မင်းအတွက် ငါတို့ ဒီလောက်ပေးနေရတာ”
“ဒီလောက်ကုန်ထားရင် အောင်မြင်ရမယ်” ဆိုတဲ့ စကားတွေ ဖြစ်လာတတ်ပါတယ်။
ငွေကုန်ကျမှုကို အောင်မြင်မှုနဲ့ ချိတ်ဆက်ပြောမိတဲ့အခါ ကလေးအနေနဲ့
မအောင်မြင်ရင် အပြစ်ရှိသလို ခံစားလာရပါတယ်။
ကိုယ့်ရွေးချယ်မှုကို မိဘစိတ်ကျေနပ်မှုနဲ့ပဲ တိုင်းတာလာပြီး
ပညာရေးက ကလေးအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်သွားတတ်ပါတယ်။

🟪 ဒါဆို… ပညာရေးကုန်ကျစရိတ်ကို
အိမ်ရဲ့ ဝင်ငွေနဲ့ ဘယ်လို ချိန်ညှိသုံးသင့်လဲ?

(၁) ပညာရေးကုန်ကျစရိတ်ဟာ အိမ်ရဲ့ လစဉ်ဝင်ငွေရဲ့ ၂၀–၃၀% ထက် မကျော်သင့်ပါဘူး။
ကျန်းမာရေးနဲ့ အရေးပေါ်ရန်ပုံငွေအတွက် ချန်ထားရပါမယ်။
ကလေးပညာရေးက အရေးကြီးပေမယ့် မိဘရဲ့ ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုက ပိုအရေးကြီးပါတယ်။

(၂) “ဈေးကြီးတိုင်း အရည်အသွေးကောင်း” လို့ မယူဆပါနဲ့။
ကျောင်းတစ်ကျောင်းရဲ့ ဈေးနှုန်းက ကလေးနဲ့ ကိုက်ညီမှုကို မဆုံးဖြတ်ပေးပါဘူး။
ကလေးရဲ့ သင်ယူပုံ၊ စိတ်ဝင်စားမှုနဲ့ သင်ကြားပုံစနစ်ကို အဓိကထား စဉ်းစားသင့်ပါတယ်။
ပညာရေးမှာ System + Support + Home Environment က ကျောင်းနာမည်ထက် ပိုအရေးကြီးပါတယ်။

(၃) ကလေးပညာရေးကြောင့် မိဘရဲ့ ဘဝကို နောက်ချန်မထားလိုက်ပါနဲ့။
မိဘက ပင်ပန်းလွန်းရင် ကလေးကို ထောက်ပံ့ပေးနိုင်တဲ့ စွမ်းအားပါ လျော့နည်းသွားပါတယ်။
မိဘ စိတ်ချမ်းသာမှ ကလေးလည်း စိတ်လုံခြုံတတ်ပါတယ်။
အမှန်တရားက—
ပိုက်ဆံအများကြီး သုံးထားတဲ့ ကလေးတိုင်း အောင်မြင်နေကြတာ မဟုတ်ပါဘူး။
ပိုက်ဆံအရမ်းချမ်းသာတဲ့ မိသားစုတွေမှာတောင် ကလေးရဲ့ academic result၊
life result မကောင်းတဲ့ ကိစ္စတွေ ရှိပါတယ်။
ပညာရေးအောင်မြင်မှုဆိုတာ ငွေတစ်ခုတည်းနဲ့ မတည်ဆောက်နိုင်လို့ပါ။

🟩 မိဘတချို့က ကိုယ် မဖြစ်ခဲ့တဲ့ အရာကို ကလေးနဲ့ ပြန်ဖြစ်စေချင်ကြတယ်။
ကိုယ် မရခဲ့တဲ့ အောင်မြင်မှုကို ကလေးနဲ့ ဖြည့်ချင်ကြတယ်။
အဲ့ဒီအခါ ကလေးရဲ့ အနာဂတ်က မိဘရဲ့ ဘဝကို အစားထိုးပေးဖို့ အသုံးချခံရသလို ဖြစ်သွားတတ်ပါတယ်။

ပညာရေးဆိုတာ ငွေကို ပုံအောလိုက်ရုံနဲ့ အောင်မြင်လာတာ မဟုတ်ပါဘူး။
မိဘရဲ့ စိတ်အေးချမ်းမှု၊ မိသားစုရဲ့ တည်ငြိမ်မှု၊ ကလေးရဲ့ စိတ်လုံခြုံမှု
ဒီသုံးခု မပါဘဲ ပညာရေးက မပြည့်စုံပါဘူး။
ငွေဆိုတာ ပညာရေးအတွက် အထောက်အကူ ဖြစ်နိုင်ပေမယ့် အဖြေ မဟုတ်ပါဘူး။
ကလေးရဲ့ အနာဂတ်က မိဘရဲ့ ဘဝကို ကယ်တင်ပေးဖို့ မဟုတ်ပါဘူး။ မိဘရဲ့ အိမ်မက်တွေကို ဆက်သယ်ဖို့လည်း မဟုတ်ပါဘူး။
ကလေးကိုယ်တိုင် သူ့အနာဂတ်ကို ရှာဖွေဖန်တီးနိုင်ဖို့ မိဘက မနိုင်ဝန် မထမ်းဘဲ
လမ်းဖွင့်ပေးနိုင်ရုံနဲ့ လုံလောက်ပါတယ်။

ဒါကြောင့် ကိုယ့်အိမ်ရဲ့ အင်အားနဲ့ ကိုက်ညီအောင်၊ ရေရှည်အတွက် စိတ်ဖိစီးမှု လျော့နည်းအောင်
စဉ်းစားရွေးချယ်နိုင်ရင်—
မိဘလည်း မပင်ပန်း
ကလေးလည်း ဖိအားမများတဲ့
ကျန်းမာတဲ့ ပညာရေးလမ်းကြောင်း ကို
ရနိုင်ပါတယ် ။

Aye Aye Khaing
❤12
ပညာရေး
သင်ရိုးပြင်မယ်လို့ကြားတယ်။

ပြင်ရမှာတွေအများကြီးပါ။

အင်္ဂလိပ်ဘာသာစကားနဲ့သင်နေတဲ့
ဓာတု ၊ရူပ ၊ဇီဝတွေ
မြန်မာလိုပြန်သင်ရမယ်။

တက္ကသိုလ် မှာ သမိုင်းကို
မြန်မာလိုသင်ရမယ်။

မြန်မာမှာ
လက်တွေ့ဘာမှမလုပ်တတ်တာ
ဘာမှမတီထွင်တတ်တာ
စာကစာ ပဲထင်ကြပြီး
ကြက်တူရွေးစာသင်သလိုပဲ
ကျက်ကြလို့ လက်တွေ့မှာ
မီးခြစ်တောင်
တရုတ်ကမှာနေရတာ။

တရုတ် ၊ဂျပန် မှာ အင်္ဂလိပ်စာ ကို
သီးသန့်သာသင်ပြီး သင်ရိုးကို
တရုတ် ၊ဂျပန် စာတွေပဲသင်တော့
လက်တွေ့လုပ်တတ်တီထွင်တတ်ကြတယ်။

မြန်မာမှာ ဆားပျော်ရည်တောင်
အဂ်လိပ်လိုသင်တော့ မဖျော်တတ်ကြဘူး။

Glass ထဲကို water နဲ့ salts ထည့်
ဇွန်းနဲ့မွှေရင်ဆားပျော်ရည်ရသည်
ဆိုပြီးဘာသာပြန်ကျက်နေကြတာမျိုး။

ခွက်တစ်ခုထဲဆားနဲ့ရေထည့်မွှေဆိုပြီးသင်ရရင် ကလေးတွေတီထွင်တတ်သွားမှာစိုးလို့လားမသိပါဘူး။

ဥပမာပြောတာ။ ဒါလောက်လွယ်တဲ့
သင်ခန်းစာတွေကို အင်္ဂလိပ်ဘာသာနဲ့ ကျက်တော့စာလို့ပဲထင်ပြီး စာနေရာတင်ရပ်သွားကြတာ။

ပြင်မဲ့ပြင်လဲ သေသေချာချာ ပြင်ပါ။
တကယ်သင်ရတဲ့လူတွေနဲ့
တကယ်စာသင်ဖူးတဲ့ ဆရာကြီး ဆရာမကြီးတွေကို ညှိနှိုင်းပြီးပြင်ကြပါ။

စာမသင်ဖူးပဲ စာကျက်ပြီး ဘာဘွဲ့
ညာဘွဲ့တွေ ထိပ်ကပိတ်ထိုင်ပြင်နေရင်တော့စာကျက်စာဖြေအဆင့်ပဲရှိနေမှာပါ။

လက်တွေ့အကောင်အထည်မဖော်နိုင်ပဲ
မီးခြစ် ၊တူ ၊သွားကြားထိုးတံကအစ
တရုတ်ကမှာသုံးကြတာပေါ့။

ပြင်ညာယှိများ မဟုတ်ဘဲ ပညာရှိ၊ပညာရှင်၊အမှန်တတ်မြောက်သူ၊ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ကြပါစေ။
❤48👍14🥰4
အဆိပ်မရှိပါ ❌
လူကို မကိုက်ပါ ❌
ကိုက်နိုင်တဲ့ အံတွေလည်း မရှိပါဘူး။
📌 ဒါပေမယ့်
ကြောက်သွားရင် အနံ့ပြင်းတဲ့ အရည်တစ်မျိုး ကို ခန္ဓာကိုယ်က ထုတ်တတ်ပါတယ်
အဲဒီအရည်ကို အရေပြားထိရင် ယား၊ မျက်စိထဲဝင်ရင် စပ်နိုင် ပါတယ် ဒိထက်မပိုပါဘူး
👉 ထိမိရင် ဆပ်ပြာနဲ့ လက်ဆေးလိုက်ရင် ကောင်းသွားပါတယ်
🍃 ဘာတွေစားလဲ?
ပုပ်နေတဲ့ သစ်ရွက်တွေ
ပုပ်နေတဲ့ သစ်ခေါက်၊ သစ်သား
မြေထဲက အကြွင်းအကျန်တွေ
👉 အသက်ရှိနေတဲ့ အပင်တွေကို မစားပါဘူး 🌱
🌏 သဘာဝမှာ ဘာလုပ်ပေးလဲ?
သဘာဝ သန့်ရှင်းရေးသမား လိုပါပဲ
ပုပ်နေတဲ့ အရာတွေကို ခွဲဖျက်ပေးတယ်
မြေသွဇာ ကောင်းစေတယ်
မြေထဲက ဘက်တီးရီးယား၊ မှိုတွေ အလုပ်လုပ်လွယ်အောင် ကူညီပေးတယ်
🌱 ပါတ်ဝန်းကျင်ကို အကျိုးပြုလား?
✔️ အရမ်း အကျိုးပြုပါတယ်
မြေသွဇာကောင်းစေတယ်
သဘာဝ အညစ်အကြေးတွေ လျော့စေတယ်
တခြား သက်ရှိတွေ အသက်ရှင်ဖို့ အကူအညီပေးတယ်
✅ အကျဉ်းချုပ်
❌ အဆိပ်မရှိ
❌ လူကို မသတ်နိုင်
✔️ သဘာဝအတွက် အရေးကြီး
✔️ ပါတ်ဝန်းကျင်ကို အကျိုးပြု
အိမ်ထဲ ဝင်လာရင် လက်နဲ့ မကိုင်ဘဲ တုတ်၊ စက္ကူ တစ်ခုခုနဲ့ အပြင်ထုတ်ပေးလိုက်ရုံပါပဲ 😊

ပေါက်ကလေး
❤16👍3
တန်းတူညီမျှမှု နှင့် သာတူညီမျှမှု
========================

တန်းတူညီမျှမှုနှင့် သာတူညီမျှမှုသည်မတူပါ။

တန်းတူညီမျှမှု ကို အင်္ဂလိပ်စာပေဖြင့် Equality လို့ခေါ်သည်။

သာတူညီမျှမှု Equity ဆိုသည်မှာ လိုအပ်ချက်အလိုက် ညီမျှမှုမျိုးကို ဆိုပါသည်။

#တကယ်တော့လူသားတို့လူအဖွဲ့အစည်းတို့တွင်တန်းတူညီမျှမှုရှိဖို့သိပ်မလွယ်ပါဘူး။ #ဒါကြောင့်လိုအပ်ချက်အလိုက်သာတူညီမျှမှုရှိမှသာလျှင်ကောင်းလာနိုင်ပါသည်။

အခွင့်အရေး
==========

ထိုနှစ်ခုကိုကျော်လွန်ပြီး အခွင့်ရေး ဟူသောစကားကိုလက်ကိုင်ထားရင်တော့
အမှားကြီးမှားသွားပေလိမ့်မယ်....
အခွင့်အရေးဆိုတဲ့နောက်မှာ
၁။ #မတူညီတဲ့စည်းမျဥ်းစည်းကမ်းတွေရှိတယ်။
၂။ #တင်းကြပ်ထားတဲ့ဥပဒေတွေရှိတယ်။
၃။ #သင့်တော်တဲ့...ဆိုတဲ့သတ်မှတ်ချက်တွေရှိတယ်..
၄။ #သိပေမယ့်သဘောထားရှိပေမယ့်မဖြစ်နိုင်ဘူးဆိုတဲ့အာဏာအမိန့်ရှိတယ်။

ဒါကြောင့် တန်းတူညီမျှ......သာတူညီမျှ.....ဆိုတဲ့စကားလုံးတွေအပေါ်မှတော့ ဖြေလျှော့ထားတဲ့ ဥပဒေရှိသလို...မှန်ကန်တဲ့လူတိုင်းလက်ခံနိုင်တဲ့တောင်းဆိုမူတွေရှိနိုင်ပေမယ့် အခွင့်အရေးဆိုတဲ့စကားလုံးအပေါ်မှာတော့ လုံးဝကိုတင်းကြပ်ထားတဲ့/ဘယ်လိုမှကိုမဖြစ်နိုင်တဲ့/အနေအထားအရခွင့်ပြုလို့မရတဲ့/ ဥပဒေဆိုတာရှိနေပြန်ပါတယ်။

အခွင့်အရေးဆိုတဲ့စကားလုံးဘာကြောင့်ပျောက်ဆုံးသွားခဲ့ရတာလဲဆိုရင်တော့
ပြောင်းပြန်တွေးလို့မဖြစ်နိုင်တာတွေကိုထောက်ပြနေလို့ထိုစကားလုံး၏မှန်ကန်သောတရားတွေပျောက်ဆုံးလို့အခွင့်အရေးဆိုတဲ့စကားလုံးကိုကျွန်ုပ်တို့လူမူ့အဖွဲ့အစည်းတစ်ရပ်တွင် လုံးဝပျောက်ကွယ်ပေးလိုက်ရခြင်းဖြစ်ပေမည်။

ဒါကြောင့်လူမူ့အဖွဲ့အစည်း၊ဌာနအဖွဲ့အစည်း....နဲ့သက်ဆိုင်သောအလုပ်အကိုင်၊လစာ၊စသည်တို့ကို သာတူညီမျှနှင့်တန်းတူညီမျှဆိုသောစကားရပ်နှစ်ခုအောက်ကပဲသွားကြဖို့လိုပါတယ်။
❤9
မူလတန်းကျောင်းများ/ မူလွန်ကျောင်းများ
ကျောင်းတွင်းစစ်ဖြေဆိုမူများပြီးဆုံးသွားပါက
မိမိတို့ကိုယ်တိုင်သိမ်းဆည်းယူဆောင်ထားရမည့် စာအုပ်စာတမ်းများ

#ကျောင်းအုပ်ကြီးများ

- ခ စာရင်း(အဟောင်းနှင့်လက်ရှိ)
- TC စာအုပ် နှင့် TC အဝင်/အထွက်
- QCPR နှင့် CCPR မှတ်တမ်းများထားရှိခြင်းစာအုပ် (သို့) ဖိုင်
- SIF အသုံးစာရင်း(ဘောင်ချာ/ပြေဇာစာရင်းရှင်းတမ်းများ)
- ဦးစီးဇယားနှင့်ကျောင်းသမိုင်းကျဥ်း(ယူနိုင်ပါက ၂၈မျိုး)
- ဝန်ထမ်းကိုယ်ရေးများ
- ယခုပညာသင်နှစ်အတန်းလိုက်အမှတ်စာရင်းချုပ်များ
- ဝန်ထမ်းများ၏ အမြဲကိုင်ဆောင်ဖုန်းနံပါတ်(မှတ်စုတွင်ရေးသား၍)

#သင်ကြားရေးဆရာဆရာမများ

- ကစာရင်းများ
- နေ့စဥ်မှတ်တမ်းများ
- စာမေးပွဲဆိုင်ရာမှတ်တမ်းများ
- QCPR နှင့် CCPR များ

ထိုစာရင်းစာအုပ်စာတန်းများကို မိမိတို့၏ကျောင်းတွင်မထားရှိခဲ့ပဲ မိမိတို့၏အိမ်သို့ယူဆောင်သွားဖို့အတွက်ကြိုတင်အသိပေးအပ်ပါတယ်ခင်ဗျာ။
သဘာဝဘေးနှင့်အခြားဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များအတွင်းပျက်စီးဆုံးရှုံးမူများမဖြစ်ပွားစေရေးအတွက် မိမိတို့အိမ်သို့ ယူဆောင်ထားကြပါရန်လိုအပ်ပါတယ်ခင်ဗျာ။

#ယူလို့မရသည့်အရာများကိုသေချာထုတ်ပိုး၍#သက်ဆိုင်ရာကျောင်းအုပ်ကိုအပ်နှံပြီးထားခဲ့လည်းရပါတယ်ခင်ဗျာ
❤9
"လက်ထောက်မူပြ၊ဒုမူပြ၊မူပြ"
"လက်ထောက်လယ်ပြ၊ဒုလယ်ပြ၊လယ်ပြ"
အဖွဲ့များ
"ဒီပလိုမာကြေးတွေတစ်သောင်းစီရပါတော့မည်။"
ကျောင်းအုပ်များမပါ။
အုပ်ချုပ်စရိတ်ပေးထားပြီးဖြစ်။
❤6
များများလေ့ကျင့်ဖို့ ပြန်တင်ပေးလိုက်ပါတယ်။

ကြေးမုံသတင်းစာပါ အင်္ဂလိပ်စာ
သင်ခန်းစာများ စုစည်းမှု

Question no. 1 (initial letters)
https://www.facebook.com/share/p/18jVoLTX1r/?mibextid=oFDknk

Question no. 2 (multiple choice)
https://www.facebook.com/share/p/1AG1SW8DPG/?mibextid=oFDknk

Question no. 3 (grammar)
https://www.facebook.com/share/p/18A2EFgnHp/?mibextid=oFDknk

Question no. 4 (a) ကဗျာကွက်လပ်ဖြည့်မေးခွန်း
Question no. 4 (b) Answer the questions.
https://www.facebook.com/share/p/1BGdjv2bdp/?mibextid=oFDknk

Question no. 5 (seen passage)
https://www.facebook.com/share/p/14nwKtg24y/?mibextid=oFDknk

Question no. 6 (unseen passage)
https://www.facebook.com/share/p/1BAAJMdwYg/?mibextid=oFDknk

Question no. 7 (dialogue)
https://www.facebook.com/share/p/1ABbUyXmTL/?mibextid=oFDknk

Question no. 8 (letter)
Question no. 9 (essay)
https://www.facebook.com/share/p/15n2JZkVsG/?mibextid=oFDknk

အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာ ရှင်းလင်းချက်များနှင့် လေ့ကျင့်ခန်းများ
❤18👏1
ဘဏ်ပိတ်ရက်
❤2
Media is too big
VIEW IN TELEGRAM
အစ်မကြီးမှ သူ့မောင်ကို စာသင်ပေးသောအခါ
👏3