Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
18K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
#ပညာအားအဓိပ္ပါယ်ဖွင့်ဆိုပုံ_နှစ်မျိုး '
------------------------------------

မနက်က လိုင်းဖွင့်လိုက်တာနဲ့
ဘွဲယူဓာတ်ပုံတစ်ပုံအရင်တွေ့တယ်။
ဓာတ်ပုံ ရိုက်ထားတာက ဘွဲ့ဝတ်စုံ ဝတ်ပြီး
နွားလှည်း တံပိုးကို ထမ်းထားတဲ့ပုံပါ။

ဘွဲရလည်း ဘာမှ သုံးမရ ဘူး လို့
ရေးထားပါသေးတယ်

မိတ်ဆွေ တို့လဲ အဲ့ဒီ ပုံ တွေ့ပြီးပြီ
ဖြစ်ကောင်းဖြစ်မှာပါ

. ...................................................................
မြန်မာစာလုံးတွင် #ပညာ ဟု
တစ်လုံးတည်း သုံးသော်လည်း
အင်္ဂလိပ် ဘာသာတွင်မူ #Education နှင့်
#Wisdomဟူ၍ နှစ်မျိုးကွဲလေသည်

#Educationဆိုတာက
ကျောင်းကနေသော် လည်းကောင်း
မိဘ ဆီကနေသော် လည်ကောင်း
သင်ယူတက်မြောက်
ဘွဲ့ရလာတာကို ဆိုလိုတာပါ

အဲ့တာကို ပညာတက်
educated person လို့ခေါ်ပါတယ်

နောက်ပညာတစ်ခုက
အမှားအမှန်ကိုကောင်းကောင်း
ဝေဖန် ပိုင်းခြားနိုင်တဲ့ပညာပါ
ဘယ်လို မနေ သင့်ဘူး
ဘယ်လိုနေသင့်တယ်
ဘယ်လိုမပြောသင့်ဘူး
ဘယ်လိုပြောသင့်တယ်
ဘယ်လိုမယူဆ သင့်ဘူး
ဘယ်လို ယူဆသင့်တယ်
စသည့် အမှားအမှန်ဝေဖန်နိုင်တာကိုတော့
Wisdom ဆိုတဲ့ စာလုံးသုံးပါတယ်
Wise ဆိုတဲ့စာလုံးက လာတာပါ

...................................................................

လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က
ကျွန်တော် စကိုင်းနက်မီဒီယာမှာ
ဘာသာပြန်လုပ်တာ လခ ၁ သိန်းရပါတယ်

ကျွှန်တော့အတွက် ဖူလုံ ပါတယ်
ဒါပေမယ့် ကျွှန်တော် ဆက်တက်ချင်တဲ့
ဗြိတိ ကောင်စယ်က
၈ ပတ် ကို ၃ သိန်းသွင်းရမယ်

IELTS ဖြေရင်လည်း ၁၄၅ ဒေါ်လာ
သွင်းရမယ်ဆိုတော့
ကျွှနိတော့ လက်ထဲမှာက
၁၀ သိန်းလောက်ပဲရှိတယ်
မလုံလောက်ပါဘူး

အဲ့ဒါနဲ့ စကိုင်းနက် ကနေ
အလုပ်ထွက်လိုက်ပြီး
မထသ ၆၂ လိုင်းက ၅ခ /၆၈၀၃ကို
isuzu ကားကြီးကို တစ်လ ၆ သိန်းနဲ့
ကန်ထရိုက်ယူလိုက်ပါတယ်

.................................................................

နေ့လည်ဘက်မှာ ယဉ်မောင်းနဲ့စပယ်ယာကို
လိုင်းဆွဲခိုင်းပါတယ်
ကျွှန်တော်က တော့ သင်တန်းတွေ
လိုက်တက်ပါတယ်

ညနေ ပြန်လာတော့ တောင်ဒဂုံက
SGI ဆိုတဲ့အထည်ချူပ်
ဖယ်ရီ ယူ ထားပါတယ်

တောင်ဒဂုံ စက်မူ့ဇုန်ကနေ ရေလည်
ကျောက်တန်းဘုရားရှေ့ထိပါ
ကျွှန်တော် ကိုယ်တိုင်မောင်းပါတယ်
ကျောက်တန်းရေ လည် ဘုရားရှေ့မှာ
ည အိပ်ပါတယ်
မနက်ကျရင် အလုပ်သမားတွေ
ပြန်ကြိုပြီး စက်ရုံပို့ပေါ့
တစ်နေ့ ၄ သောင်း ရပါတယ်

....................................................................

"#Wisdomရဲ့အရေးကြီးပုံ''

ကျွှန်တော့တို့ကား ဂိတ်က
တောင်ဒဂုံ မြို့စွန်မှာ ဂိတ်ဆုံးတယ်

ကားဂိတ်မှာ ရေခဲရေ ရောင်းနေတဲ့
'' အငယ်လေး '' ဆိုတဲ့
လူငယ် တစ်ယောက်ရှိတယ်
အတန်းပညာ ၂ တန်းလောက်တက်ဖူးတယ်

ညနေ မှာ ပြန်ခါနီး သူက ပိုနေတဲ့
ရေ ခဲရေ ကို လိုင်းဆွဲပြီး ပြန်လာတဲ့
ကားသမားတွေ လိုက်လိုက်တိုက်တယ်

ညနေဘက် သူအလုပ်အားရင် ဂိတ်မှာ
ပြင်နေတဲ့ကားတွေလိုက် ကူညီတယ်
စကားပြော အလွန်ညက်ပြီး
လူကြီးတွေနဲ့လည်းအဆင်ပြေအောင်
ပေါင်းသင်းတက်လို့ လူ ချစ်ခံရတယ်

ကျွှန်တော်က ကိုယ့်ကား ကို
ကိုယ်တိုင်ပြင်တော့
သူက လာလာကူရင်းနဲ့ ရင်းနှီးလာတယ်

သူနေ့တိုင် လာလာပြင်ပေးတယ်
ကျွှန်တော်လည်း ကားပြင်ရင်းသင်ပေးတယ်

ပြီးရင် CNG gas သွားထည့်ရင်
သူလိုက်လာတယ်
ကျွှန်တော် ကားမောင်း ဆက်သင်ပေးတယ်

ကားကြီးတွေရဲ့စီယာတိုင် ယူဆ ပုံ ကို
သူကျွှမ်းကျင်လာတော့ ကားတစ်စီးပြီး
တစ်စီး gas ထည့်ရင် သူကား
ရွှေ့ပေးတယ် ကျွှန်တော်က ကားပေါ်
မီးဖွင့်ပြီး အင်္ဂလိပ် စာအုပ်ဖတ်နေတာပေါ့

လိုရင်းပြော ရရင် သူ ကားကြီး
မောင်းနိုင်သွားတယ်

နောက်တော့ ကျွှန်တော်ကို စပယ်ယာ
လိုင်စင် လုပ်ပေးဖို့ပူဆာ တယ်

ကျွှန်တော်က ကားလောက မှ
ခဏ ပဲ နေမှာ ဒါကြောင့်မို့
ကူညီ နိုင်သလောက် ကူညီမယ်
စိတ်ကူးထားတော့ ဘယ်သူကပဲ
လိုင်စင်လုပ်ပေးပါ ကားမောင်းသင်ပေးပါ
လာပြောရင် ကွှန်တော်အဆင်ပြေအောင်
လုပ်ပေးတာချည်းပဲ

နောက်တော့ အငယ်လေး စပယ်ယာ
လိုက်တယ် တခြားကားမှာ ကားပိုင်ရှင်ရဲ့
ယုံကြည်မှူ့ ရသွားတော့
Owner casher ဖြစ်လာတယ် ငွေသိမ်းပေါ့

အဲ့ဒီ အချိန်မှာ ကျွှန်တော်
IELTS စာမေးပွဲမှာ6.7 ရသွားတော့
ကားလောက ကနေ
ကျွှန်တော် ထွက်သွားတယ်

၃၅ လမ်းမှာ Global link နာမည်နဲ့
အင်္ဂလိပ်စကားပြော
သင်တန်းဖွင့်လိုက်ပါတယ်

ဒီနေ့ အချိန် ထိ
အဲကွန်းအောက်မှာ ဘာသာပြန်ရတဲ့ဘဝ
ကားသမားဘဝ နဲ့ အင်္ဂလိပ်စာဆရာ ဘဝ
ဘယ်ဟာ သဘောကျလဲမေးရင်
ကားသမားဘဝ ကို ကျွှန်တော်ပျော်တယ်
ယောင်္ကျားဆန်ဆန် ရုံးကန် ရတာကို
ကျွှန်တော်နှစ်သက်ပါတယ်
....................................................................

၂၀၁၆မှာ YBS မပြောင်း ခင်လေးမှာ
ကျွှန်တော် မြို့တော်ခန်းမ ရှေ့မှာ
ဗီယက်နာမ် တစ်ယောက်ကို
မြို့တော်ခန်းမ အကြောင်းရှင်းပြနေတုန်း
လိုင်းကားတစ်စီး ကျွှန်တော့ ဘေးမှာ
လာရပ် ပြီး
'' ကိုကျော် ကျွှန်တော့ မှတ်မိလား ''
ကျွှန်တော် အငယ်လေး ပါ''
ဂိတ်ဘက်ရောက်ရင် ဝင် လာ ခဲ့ပါဦးဗျာ ကျေးဇူးဆပ် ချင်လို့
ကျွှန်တော် အခု ကားပိုင် ဖြစ်နေပြီဗျ''

ကျွှန်တော် ပြုံး မိ တယ်
တစ်ချိန်က ကားဂိတ်မှာ ရေခဲရေ
ရောင်းနေတဲ့ခလေး
အခု လိုင်းကားတစ်စီး ပိုင်သွားတယ်
❤5👍2
သူ့မှာ education မရှိခဲ့ဘူး
ဒါပေမယ့် Wisdom တော့ရှိတယ်
ဘဝ မှာ ဘယ်လိုနေသင့်တယ်
ဘယ်လိုမနေသင့်ဘူး
ဘယ်သူကို ချဉ်းကပ်သင့်တယ်
ဘယ်သူ့ကိုရှောင်သင့်တယ်
ဘယ်လိုစကားမပြော သင့်ဘူး
ဘယ်လို ပြောသင့်တယ် အမှား အမှန်ကို
ကောင်းကောင်း ခွဲနိုင်ခဲ့တယ်

သူက ဘဝ ကို Education မရှိပေမယ့်
Wisdom နဲ့ ဘဝ ကို ဖြတ်သန်းသွားတယ်

....................................................................

#Educationရဲ့အရေးပါပုံ

Education ကလည်း အရမ်းအရေးပါ ပါတယ်

တစ်ချို့ ရဟန်းပညာရှိ လူပညာရှိတွေက ကျောင်းပညာရေးကို '' သင်ညာ '' တွေ
ဆို ပြီး wisdom လောက် အရေးမပါဘူး
လို့ ဆိုတာလည်း မကြာခဏ ဖတ်ရ ပါတယ်

ကျွှနိတော် ယဉ်ကျေးစွာ ငြင်းဆိုပါတယ်

Wisdom လိုပဲ Education ကလည်း
အရေးကြီးပါတယ်

ဆရာတစ်ယောက်က ပညာဆိုတာ
'' ကျောင်းကသင်လာတာမဟုတ်ဘူး
ဆယ်တန်းအောင်ဖို့ထက် လူ လိုနားလည် ဖို့
လိုတယ် လို့ ဆိုတယ် ''

သူပြော ချင်တာက. လူ့ဘဝ
နေတက် ဖို့ ကို အပြု
သဘောဆို ချင်တာ။

ဒါပေမယ့် အဲ့ဒီ စကားကို
ဆယ်တန်း တဖုတ်ဖုတ် ကျနေတဲ့
ကောင်က ယူ သုံးရော

" ဆယ်တန်းအောင် ဖို့ ထက်
လူလိုသိဖို့ လိုတယ်တဲ့ ''

အမှန်က မိဘ ကျောင်းထားပါလျက်
ဆယ်တန်းတောင် အဖြစ်ရှိအောင်မဖြေ
နိုင်တဲ့ ကောင်က ယူသုံး လိုက်ပြီး
သူ့ရဲ့ ဆယ်တန်းမအောင်တာကို
ကာဘာလုပ်သွားတယ်

...................................................................

ကျွှန်တော် ကားသမား ဘဝ မှာ
ယုဇန ဥယဉ်မြို့တော်က
ညီညီအောင် ဆိုတဲ့ စက်ဆရာသိပ်တော်တယ်
မျက်စိကို အဝတ်စည်းထားပြီး
ကားအင်ဂျင်က ဘယ်မူလီမဆို ဖြုတ်ယူလာခဲ့
သူလက်နဲ့ စမ်းကြည့်တာနဲ့တင်
ဘယ်နေရာက မူလီ ဆိုတာ အလွှတ်ပြောနိုင်အောင်
သူ့Subject ကို သူနိုင် နင်းတယ်
အပြောအဆိုလည်း ညက်တယ်

ကျွှန်တော် ရဲ့
မက်ကနီကယ် အင်ဂျင်နီယာ တက်နေတဲ့သူငယ်ချင်း
အမြဲတမ်း ကျောင်းပြေးပြီး ထန်းရည်သောက်တယ်

အချိန်တန်ဘွဲ့ရ လာတယ်
education certificate ရှိတယ်
စက်နဲ့ ပတ်သတ်တဲ့အင်ဂျင်နီယာပေမယ့်
ကားရဲ့ ပင်စတင် တောင် အပြင်မှာ မတွေ့ ဘူးဖူး

အဲ့တာ သူရယ် စက်ဆရာ ညီညီအောင်ရယ်
သဘောင်္တက်တော့
စက်ကို အရမ်းကျွှမ်းတဲ့ ညီညီ အောင်က
ဆီလောင်းအဆင့်နဲ့သင်္ဘော လိုက်ရတယ်
လခ ၇ သိန်း
စက်အကြောင်းတကယ်နားမလည်တဲ့
အင်ဂျင်နီယာကျောင်းဆင်းက
တတိယ အရာရှိ ဖြစ်သွားတယ်
လခ သိန်း၂၀
ဘာကွာသွားလဲ
Education ကွာသွားတာပဲ

ဒါကြောင့် Education ကလည်း
ဘဝ ရပ်တည်ရေးအတွကိ
သူ့နေရာနဲ့ သူ အသုံးဝင်ပါတယ်
သင်ညာ ပဲ ပြောပြော
ဘာပဲပြောပြော
ပြောချင်တာပြော အသုံးဝင်တယ်

....................................................................

တစ်ချို့ အရာ ရှိတွေ
သိပ်မောက်မာ ရိုင်းစိုင်းတယ်
လူကြီးကို လည်း ဆဲ ချင်ဆဲတယ်
Wisdomမရှိဘူးပေါ့
ဒါပေမယ့် Education က ရှိနေတော့
ဘဝ ရပ်တည်လို့ရနေတယ်

တစ်ချို့လည်း Education မရှိပေမယ့်
နေတက် ထိုင်တက် တော့
တဖြည်းဖြည်း အထက်ရောက်လာတယ်
အဲ့တာ ဘဝ ကို Wisdom နဲ့ရပ်တည်တာပေါ့

ဘဝ မှာ
Education
သို့မဟုတ်
Wisdomတစ်ခု
ကောင်းကောင်းရှိရင်
ဘဝ ရပ်တည်လို့ရတယ်

နှစ်ခု လုံး ရှိရင် Perfect ဖြစ်သွားပါတယ်

ဒါကြောင့်
ကိုယ့်မှာ လိုနေတာ
ကိုယ့် ကြိုးစားဖြည့်ပေါ့

အလားတူပဲ
Education ကသာ ကောင်းတယ်
Wisdom ကသာ မှန်တယ် လို့
ဇောင်းပေးပြီ မပြောအပ်ပါဘူး

ဘာလို့လဲ ဆိုတော့ နှစ်ခု စလုံး လိုအပ် လို့ပေါ့

....................................................................

ဗာဟု သစ္စဉ္စ သိပ္ပဉ္စ ဝိနယောစ သုသိက္ခိတော
သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ

အကြားအမြင်ဗဟုသုတ များခြင်း
အပြစ်ကင်းသော
စက်မူ့လက်မူ့အတတ်ကို တတ်ခြင်း
ကိုယ်ကျင့်တရားကောင်းခြင်း
အပြောအဆို ချိုသာယဉ်ကျေးခြင်း

ဤလေးပါးသည်
တိုးတက်ကြီးပွားချမ်းသာကြောင်း
ကောင်းမြတ်သော မင်္ဂလာမည်ပေ၏

ကျော်မင်းထွန်း ( 24.3.2019)

Credit Ko Kyaw Min Tun
❤28👍2
#ဘောလီဘောမပုတ်ကြနဲ့လူ့အဖွဲအစည်းတရပ်လုံးမှာတာဝန်ရှိတယ်။*************
ဒီရက်ပိုင်း မှာ ရေးကြတဲ့ အခြေခံပညာအဆင့် ကျောင်းတွေရဲ့ အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ရေးကြတဲ့ Post‌နှင့် CMTတွေကိုဖတ်ကြည့်တဲ့အခါ တစ်ယောက်ကိုတယောက်ဘော်လီဘောပုတ်နေကြတာတွေကိုပဲတွေ့နေရတယ်။
တကယ်တော့ #ကျောင်းသားလူငယ်တွေကောင်းဖို့လမ်းမှားမရောက်ဖို့
မိဘမှာလဲတာဝန်ရှိတယ်။
ဆရာ/မမှာလဲ တာဝန်ရှိတယ်။
ကွမ်းယာ/ဆေးလိပ်ရောင်တဲ့ဆိုင်မှာလဲ တာဝန်ရှိတယ်။
ထန်းရည်/အရက်ရောင်းတဲ့ဆိုင်မှာလဲတာဝန်ရှိတယ်။
ဟိုတယ်/တည်းခိုးခန်းပိုင်ရှင်/မန်နေဂျာတွေမှာလဲတာဝန်ရှိတယ်။
Taxiမောင်းသူတွေမှာလဲတာဝန်ရှိတယ်။
ကျောင်းသားလူငယ်တွေကောင်းဖို့
#အခြေခံလူတန်းစားကစလို့ထိပ်ဆုံးအဆင့်အထိအားလုံးမှာ
တာဝန်ရှိတယ်။
ကျွန်တော်တို့ငယ်စဉ်ကျောင်းသားအရွယ်ကဆို ကျောင်းသူ/သားအရွယ်တွေ မဟုတ်တာလုပ်နေတာကို တွေ့ရင်တွေ့တဲ့လူက ဆရာ/မကိုဖြစ်စေ မိဘကိုဖြစ်စေတိုင်တယ်။
ဒီခေတ်မှာ လူများစုကမဆိုင်သလိုနေကြတာ။
ကျောင်းသားလူငယ်တွေကောင်းဖို့ လူ့အဖွဲအစည်းတခုလုံးမှာ တာဝန်ကိုယ်စီရှိတယ်။
ဘောလီဘောမပုတ်ကြနဲ့အားလုံးပူးပေါင်းဆောင်ရွက်မှဖြစ်မယ်
ဒီလူငယ်တွေကို လမ်းကြောင်းမှန်အောင်ထိန်းကြောင်းမပေးနိုင်ရင်
#ဒီနေ့လူကြီးဖြစ်‌သူတွေရဲ့ဘဝနေဝင်ချိန်မှာဒူနဲ့မျက်ရည်သုတ်နေကြရလိမ့်မယ်။
❤2
အစိုးရရုံးပိတ်ရက်များနှင့် တရုတ်နှစ်သစ်ကူးနေ့ ရုံးပိတ်ရက်ကြား ဖေဖော်ဝါရီ (၁၆) ရက်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားရှိ

ဇန်နဝါရီ ၃၀၊ ၂၀၂၆

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နှင့် ၁၅ ရက် (စနေ၊ တနင်္ဂနွေ) သည် အစိုးရရုံးပိတ်ရက်များဖြစ်ပြီး အများပြည်သူ အလုပ်ပိတ်ရက် ဖြစ်သည့် ၁၇ ရက် (တရုတ်နှစ်ကူး) နေ့ ကြားရှိ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကို တစ်ဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်၍ ဖေဖော်ဝါရီ ၂၁ ရက် (စနေ) နေ့ကို အစားထိုးရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
❤5
အစိုးရရုံးပိတ်ရက်များနှင့် တရုတ်နှစ်သစ်ကူးနေ့ ရုံးပိတ်ရက်ကြား ဖေဖော်ဝါရီ (၁၆) ရက်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားရှိ

ဇန်နဝါရီ ၃၀၊ ၂၀၂၆

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နှင့် ၁၅ ရက် (စနေ၊ တနင်္ဂနွေ) သည် အစိုးရရုံးပိတ်ရက်များဖြစ်ပြီး အများပြည်သူ အလုပ်ပိတ်ရက် ဖြစ်သည့် ၁၇ ရက် (တရုတ်နှစ်ကူး) နေ့ ကြားရှိ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကို တစ်ဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်၍ ဖေဖော်ဝါရီ ၂၁ ရက် (စနေ) နေ့ကို အစားထိုးရုံးဖွင့်ရက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
❤5
ကျောင်းသားလူငယ်များရန်မဖြစ်‌ဘဲ လူရည်ချွန်ဖြစ်အောင်ထိန်းရမယ့်နည်းလမ်းများ…..

" ကလေးတွေရန်ဖြစ်တာက ကျောင်းကဆရာ၊ဆရာမတွေတင်တာဝန်ရှိတာမဟုတ်ဘူး။ ပညာရေးတြိဂံပေါ့။မိဘ၊ဆရာ၊ကျောင်းသားသုံးဦးလုံးပေါင်းမှရတာ။သုံးဦးသုံးဖလှယ်ပေါင်းပြီးတော့ လမ်းကြောင်းမှန်ပေါ်တင်ပေးမှရမှာ။ခိုက်ရန်မဖြစ်ပွားအောင် ပြစ်ဒဏ်ချပေးရမှာ ။စည်းမျဉ်းနဲ့ ပြစ်ဒဏ်တွဲပေးရမှာ။ပြစ်ဒဏ်တွဲမပေးတော့ ဆရာ၊ဆရာမတွေကလည်း ကလေးကို ဆုံးမပိုင်ခွင့်မရှိတော့ဘူး။ဆုံးမပိုင်ခွင့်မရှိတော့ ကလေးက အကြောက်တရားမရှိတော့ဘူး။အကြောက်တရားမရှိတော့သူတို့လုပ်တာကို သူတို့မှန်တယ်လို့ပဲ ယူဆနေကြတာ။လူရည်ချွန်ဆိုတာကတော့ ကာယ၊ဉာဏ၊စာရိတ္တဆိုပြီး ဘက်စုံထူးချွန်ကြတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ လူရည်ချွန်တွေ ပထမဦးဆုံးပြန်ဆုံတဲ့ပွဲလေးပါ။ စုစုပေါင်း(၁၁)ယောက်ကို ရန်ကုန်မှာဆုပေးပါတယ်။ မကွေးဆေးတက္ကသိုလ်က (၄)ဦးသွားပေးမှာဖြစ်ပါတယ်။"

ဦးစိုးမြင့် (ဥက္ကဌ) လူရည်ချွန်(၁၉၆၄-၁၉၈၈)(ဗဟို)အဖွဲ့၊

#mercury #mercuryvareity #မြန်မာ #ကျောင်းသား #လူရည်ချွန်
❤5
ဒီလိုမိဘများလဲရှိပါတယ်
👇👇👇👇👇👇
ရွှေပြည်သာ ထ - ၁ ကျောင်းသားလေးတွေ ခိုက်ရန်ဖြစ်ပွားပြီး လူသတ်မှုဖြစ်သည်အထိ ဖြစ်သွားခဲ့ကြတယ်။

ဒီအကြောင်း နဲ့ ပတ်သက်ပြီး ဆရာ / ဆရာမ တွေကို ဝေဖန်ပြောဆိုနေကြလို့ ကျောင်းသား မိဘ တစ်ယောက်အနေနဲ့ နည်းနည်း ငံ မယ်ဗျာ---

ကျွန်တော် ကျောင်းသား မိဘ တစ်ယောက်ပါ --

လက်ဦ ဆရာ မိ နှင့် ဖ ဆိုရိုးစကားလိုဘဲ ပထမဆုံး လူရယ်လို ဖြစ်လာပြီ ဆိုတည်းက အဖေ နှင့် အမေ သည်
လက်ဦးဆရာတွေဆိုတာ လူတိုင်းသိပြီးဖြစ်ပါတယ်။

"ဗီဇ" မျိုးရိုး ဗီဇ ဆိုတာလည်း လက်ဦး ဆရာဖြစ်တဲ့ မိဘ နှစ်ပါးထံ ဆင်းသက်လာတယ်ဆိုတာလည်း လူတိုင်း ငြင်းလို့မရပါဘူး ။

စနစ်တကျ သွန်သင်ဆုံးမ တတ်သော မိဘ နှင့် ဗီဇ ကောင်းသော မိဘ မျိုးရိုးမှ ဆင်းသက်လာသော သား သမီးများသည် အကျိုးအကြောင်း အဆိုးအကောင်းကို သွန်သွင်သင်ရာမှာ နာခံမှု လွယ်ကူကြတယ်။

လက်ဦးဆရာဖြစ်သည့် မိဘဆိုသည့် အဝန်းအဝိုင်းမှ တာလွတ်လိုက်သော သားသမီးများသည် အရွယ်ရောက်လာသောအခါ ဒုတိယ ဆရာဖြစ်သည့် ဆရာ / ဆရာမ များထံသို ရောက်ရှိလာခဲ့တယ်။

ကျွန်တော်တို့တွေ သူငယ်တန်း မှ ဘွဲ့တွေ ရတဲ့အထိ ကျောင်း တတ်လာခဲ့ကြတယ် ဘယ်စာသင်း ကျောင်း ၊ ဘယ်အတန်း ၊ ဘယ် ဆရာ / ဆရာမ ကမှ ဆေးလိပ်သောက်ဖို့ ၊ အရက်သောက်ဖို့ ၊ ကျောင်းပြေးဖို့ ၊ ရီးစား ထားဖို့ ၊ ရန်ဖြစ်ဖို့ မသင်ပေးကြပါဘူးဆိုတာလည်း လူတိုင်းသိကြပါတယ်။

ဒါဆို ဒီအတတ်တွေက ဘယ်က တတ်လာတာလဲ. ? ကျောင်း သားတိုင်းကော ဒီအတတ်တွေ တတ်ကြလား. ? မေးစရာရှိလာပါတယ် ။ ကျောင်းသားတိုင်း မတတ်ပါဘူး လူနည်းစုဘဲ တတ်တာပါ အပေါ်မှာ ရေးခဲ့သလို ကျောင်းသား တဦး၏ သူဖြတ်သန်းနေသော ပတ်ဝန်းကျင် ၊ မျိုးရိုး ၊ ဗီဇ နဲ့ အများကြီး ဆိုင်ပါတယ်။

ကျွန်တော် လက်နက်ကိုင် ဝန်းထမ်းဘဝ တုန်းကလဲ တွေ့ခဲ့ဖူးတယ် မတစ်ထောင်သားတွေ စရိုက်မျိုးစုံ ၊ အကျင့်မျိုးစုံ ၊ ထိပ်တုံးထဲ ထည့်ပြီးဆုံးမတယ် ၊ အချုပ်ထဲထည့်ပြီးဆုံးမတယ် မရဘူး ခွေးမှီးကောက် ကျည်တောက်စွတ် ပါဘဲ ဒီလို လူတန်းစား တရပ်ဟာ ဆိုဆုံးမလို့မရပါဘူး အကျင့်စရိုက် ဗီဇ အတိုင်း နေထိုင်ကြတာပါ ။

အချုပ်ပြောရလျှင် " အတတ်လဲသင် ပဲ့ပြင်ဆုံးမ " ဆရာ / ဆရာမတွေဟာ ကျောင်းသင်ခန်းစာတွေကိုလည်း တတ်မြောက်အောင် သင်ကြားရပါတယ် ။ ဆိုဆုံးမ စကားတွေလည်းပြောကြရတယ် ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလို လက်နက်ကိုင် အဖွဲ့အစည်းတွေမှာတောင် ဆိုဆုံးမခြင်း မလွယ်ကူသည့် ဗီဇ ရှိသူ လူတန်းစား တရပ် နှင့် တွေ့ဆုံရသည့်အခါ မေတ္တာဖြင့် ထိန်းကျောင်းရသော ဆရာ / ဆရာမ တွေမှာ ဂုဏ်သိက္ခာပါ ထိခိုက်သည့်အထိ ပေးဆပ်ရတာတွေရှိကြပါတယ်။

ကျွန်တော် လက်ရှိ ကျောင်းသားတွေရဲ့ မိဘ တဦးပါ ကျွန်တော့ သားသမီးတွေ ကျောင်းမှာ ဆိုးသလား ၊ လိမ္မာသလား ? ဆရာ / ဆရာမ တွေကို မေးစရာ မလိုပါဘူး ကျွန်တော် ဟာ လက်ဦး ဆရာ တစ်ယောက်ဖြစ်လို့ ကျွန်တော့ သား သမီးတွေ အကြောင်း ကျွန်တော်သာလျှင် အသိဆုံးမို့ပါ ။

စာမတတ်လျှင် ဆရာ / ဆရာမ တွေ နဲ့ သက်ဆိုင်ပါတယ် ၊ ကိုယ်ကျင့်တရား နှင့် စာရိတ္တ ပျက်ပြားလျှင် မိဘ များ နှင့် သက်ဆိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

(ကျောင်းသား မိဘ )
နေလင်းအောင် ( တောင်ငူ )

ဓာတ်ပုံ - လူမှုကွန်ရက်
❤15🥰3👍1
မြေအမျိုးအစားအလိုက် စာရွက်စာတမ်း စစ်ဆေးရမည့် ပုံစံများ။

အိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက်စစ်ဆေးရမယ့် စာရွက် စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝမတူညီနိုင်ပါဘူး။

ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကိုတိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဂရန်မြေ

- ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်"မှန် မမှန်၊ စစ် မစစ်" ကိုသက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ - ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းကနည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

ပါမစ်မြေ

ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။ - ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊အဆို ပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။

အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။“ ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာ တန်အကွက်တွေမှာဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ပွဲပျက် တာတွေတောင် ရှိတယ်”လို့မြန်မာ့ရတနာ မြေ အိမ်ခြံမြေအကျိုးဆောင်မှအမ်ဒီ ကို ဝင်းနိုင်ဦးက ဆိုပါတယ်။ - ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီးအင်ထရီလည်း ဝင်ထား မယ်ဆိုရင်အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

လယ်မြေ

လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက်

- အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊လယ်ယာမြေမှတ်ပုံတင် စာအုပ်၊စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။ - လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ "လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း" ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ်အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။- အမှန် တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီးအခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂ ါရပ်ညီညွတ်ပြီလို့ ဆိုနိုင်ပါ တယ်။လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနကအခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာမှတ်သားထား လေ့ရှိပါတယ်။
- တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင်မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။ - မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနကမှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ပုံစံ တစ်ခု ဖြစ်ပါတယ်။

မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရမြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ကိုဝင်းနိုင်ဦးက ဆိုပါတယ်။ - ယခုအချိန်မှာ လယ်ယာမြေကို အရပ် သဘောရောင်းဝယ်နေကြပြီးစာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရမှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

လန ၃၉ မြေ

- လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ်ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ - ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှအဆင်ပြေမှာ ဖြစ်ပါ တယ်။

တိုက်ခန်းဝယ်မယ်ဆိုရင်

တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာဆက်စပ်စာချုပ်တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထားပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့

- ဆက်စပ် စာချုပ်၊

- BCC (လူနေထိုင်ခွင့်)

- မြေ ရှင်လက်မှတ်

- ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့သိရပါတယ်။

ဘိုးဘွားပိုင်မြေ
❤10
ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ်မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ် ပါတယ်။

Credit to The kumudra journal

လေးစားမှုဖြင့်။

သိန်းထိုက်အောင်

၂၉-၁-၂၀၂၆
❤2
ကလေးများရန်ဖြစ်ခြင်းအပေါ် လယ်တွင်းသားစောချစ်ရဲ့ စကား
❤4
𝐆𝐫𝐚𝐝𝐞 12 𝐏𝐡𝐲𝐬𝐢𝐜𝐬 အမှတ်ခွဲဝေမှု့ပုံစံ
Chapter (𝟏/𝟐/𝟑) - 𝟮𝟬 မှတ်
Chapter (𝟒/𝟓/𝟔/𝟕/𝟖) - 𝟯𝟳 မှတ်
Chapter (𝟗/𝟏𝟎/𝟏𝟏) - 𝟯𝟵 မှတ်
Chapter (𝟏𝟐/𝟏𝟑) - 𝟯𝟰 မှတ်
Credit*
Original uploader
Thanks.
❤59🥰4👏4
Media is too big
VIEW IN TELEGRAM
မြန်မာ့ရိုးရာ လက်ထပ်မင်္ဂလာအတွက် တောင်းရမ်းပုံ။
❤7
ဆရာကြီး ဆရာမကြီးတို့ မင်္ဂလာပါဗျ

အခြေခံပညာရေးကျောင်းများအားလုံး နွေရာသီပိတ်ရက်ထဲ
ရောက်ဖို့နီး လာပါပီ.... နီးလာတာ နဲ့ အမျှ ထားရှိခဲ့ရမည့် ကျောင်းအတွက်
လုံခြုံစိတ်ချရေးက အရေးကြီးပါတယ်.... ပွင့်လင်းရာသီဖြစ်လို့
မီးဘေး ဆိုတဲ့ အန္တရာယ်ကိုကြိုတင်ကာကွယ်ဖို့လိုအပ်ပါတယ်။

ဒါကြောင့် စာသင်ကျောင်း နဲ့ အကွာမှာ မီးတားလမ်း ဖောက်ခြင်း
ရေပုံး ၊ သဲပုံး ၊ မီးချိတ် ၊ မီးကပ် များ ၊ အဖွဲ့အစည်းများ ကို မြို့နယ်ညွှန်ကြားချက် နဲ့ အညီလုပ်ဆောင်ဖို့ အရေးကြီးသလို ........

. " မီးဘေးကြိုတင်ကာကွယ်ရေးစီမံချက် "

နဲ့ အညီ လုပ်ဆောင်ကြဖို့ လည်း လိုအပ်တဲ့ အတွက် မီးဘေးစီမံချက်တွင်
ပါဝင်မည့်လုပ်ငန်းခေါင်းစဥ်များကိုဖော်ပြလိုက်ရပါတယ်။

က။ နိဒါန်း
ခ။ ရည်ရွယ်ချက်
ဂ။ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
ဃ။ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ
စ။ အရေးပေါ်ဆောင်ရွက်ခြင်း(ဆက်သွယ်ရန်ဖုန်းနံပါတ်များ)
ဆ။ နိဂုံး..........စသည့်အချက် (၈) ချက်ပါဝင်ရေးသားရပါမည်။

ဦးစစ်နိုင်(ရွှေလင်းမြေပညာရေး)
❤3
ပညာရေးဝန်ထမ်းများ၏ လစာတိုးမြှင့်ရေးအပေါ် မျှော်လင့်ချက်များ

ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ပြီးဆုံးပြီးနောက် သမ္မတအသစ် တာဝန်ထမ်းဆောင်လာမည်ဖြစ်ပါသည်။ အစိုးရသစ်၏ မူဝါဒများအနက် ပညာရေးကဏ္ဍကို ဦးစားပေး ဆောင်ရွက်မည်ဟု ပြောကြားလာခြင်းများ ရှိနေပြီး၊ ပညာရေးဝန်ထမ်းများ၏ လစာအခြေအနေကိုလည်း ပြန်လည်သုံးသပ်သွားမည်ဟု သတင်းများ ထွက်ပေါ်လာနေပါသည်။

ပညာရေးဝန်ကြီးဌာန၏ အကြီးအကဲ ဒေါက်တာ ချောချောစိန်နှင့် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် တို့သည် မကြာခဏ ကျင်းပလျက်ရှိသော အစည်းအဝေးများနှင့် ဆွေးနွေးပွဲတိုင်းတွင် ပညာရေးဝန်ထမ်းများ၏ လစာတိုးမြှင့်ရေး အရေးပါမှုကို အထူးအလေးထား၍ ပြောကြားလျက်ရှိပါသည်။ ၎င်းတို့၏ ပြောကြားချက်များအရ လစာတိုးမြှင့်ခြင်းသည် ဝန်ထမ်းများ၏ လူမှုဘဝတိုးတက်ရေးအတွက်သာမက ပညာရေးစနစ်တစ်ခုလုံး၏ အရည်အသွေး မြှင့်တင်ရေးအတွက်ပါ မဖြစ်မနေ လိုအပ်ကြောင်း ထင်ရှားစွာ ဖော်ပြထားပါသည်။

အထူးသဖြင့် ပညာရေးဝန်ထမ်းများသည် နိုင်ငံအနာဂတ်အတွက် အခြေခံအင်အားဖြစ်ပြီး၊ ခက်ခဲသော အခြေအနေများအောက်တွင်ပင် တာဝန်ကို အလေးထားကာ ထမ်းဆောင်လျက်ရှိကြပါသည်။ ထိုသို့သော ဝန်ထမ်းများ၏ အလုပ်အကိုင်တန်ဖိုးနှင့် တာဝန်အလေးချိန်ကို ထောက်ထား၍ လစာတိုးမြှင့်ပေးခြင်းသည် မျှတသင့်လျော်သည့် ဆုံးဖြတ်ချက်တစ်ရပ် ဖြစ်ပါသည်။

ထို့ကြောင့် သမ္မတအသစ်နှင့် အစိုးရသစ်မှ ပညာရေးဝန်ထမ်းများ၏ လူမှုဘဝ အခြေအနေ တိုးတက်ကောင်းမွန်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ပါသည်။ လစာတိုးမြှင့်မှုများသည် ဝန်ထမ်းများ၏ စိတ်ဓာတ်မြှင့်တင်မှုသာမက ပညာရေးအရည်အသွေး တိုးတက်ရေးအတွက်ပါ အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်လာမည်ဟု ယုံကြည်ပါသည်။

#လစာ #Salary #teachers #Myanmareducation
❤15