Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
18K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
မြန်မာနိုင်ငံသား အားလုံးကို မဖြစ်မနေ အိုင်တီ သင်ပေးကြမှရ‌တော့မယ်... ဆိုတာကို နေ့လည်က တိုက်တိုက်ဆိုင်ဆိုင် ကမ္ဘာ့ပညာရေးနေ့ (ဇန္နဝါရီ ၂၄ -- International Education Day) နေ့မှာပဲ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် မှာ ထပ်ပြီး တွန်းကြဘို့ ကျွန်တော် အဆိုပြုခဲ့ပါတယ်။
၊
၂၁ ရာစုရဲ့ #အ၃လုံး =====
၁) အ= အင်္ဂလိပ်စာ
၂) အ= အိုင်တီ/#အေအိုင်
၃) အ= အင်တာနက်
.
ဒီစကားလုံးကို မိတ်ဆွေကြီး ကိုပေါက် (The Voice journal founder, ဒေါက်တာ နေဝင်းမောင်) ဆီက ပထမဆုံး ကြားခဲ့ရတာပါ။ ဒါဟာ တကယ့်ကို တိုင်းပြည်နဲ့ လူမျိုးအတွက် "သားရွှေအိုးထမ်း" စီမံကိန်း ဖြစ်လာမယ့် မဟာဗျူဟာကြီးပါ။ ဒါကို ဘယ်လို လုပ်ရင် ဖြစ်နိုင်မလဲ ဆိုတာလောက်တောင် မဆွေးနွေးဘဲနဲ့၊ ဉာဏ်မှီတဲ့ လူတွေဆီက အကြံဉာဏ်တွေ မတောင်းဘဲနဲ့ ဉာဏ်မမှီတဲ့ ဆရာတွေက "မဖြစ်နိုင်ဘူး" လို့ တန်းဆုံးဖြတ်ခဲ့လို့ ဒီတိုင်းပြည်က အခုလောက်ထိ နောက်ကျနေတာပဲ လို့ ကျွန်တော် ကြုံတိုင်း ပြောဖြစ်ပါတယ်။
.
အမှန်မှန်တော့ အခုမှ ကျွန်တော်တို့ အဆိုပြုတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက် ဗိုလ်ချုပ် ခင်ညွန့် လက်ထက် ကတည်းက ကျွန်တော်တို့တဂျီဂျီ အစိုးရ အကြီးအကဲတွေကို တောင်းဆို ခဲ့ကြတာပါ။ ဆက်သွယ်ရေဝန်ကြီး/ ပညာရေး ဝန်ကြီး အဆက်ဆက်ပြောင်း၊ အစိုးရအဆက်ဆက်ပြောင်းလည်း အရွေ့မရှိခဲ့ပါဘူး။ ကွန်ပျူတာမရှိဘူး၊ သင်နိုင်တဲ့ ဆရာတွေ မရှိဘူး၊ ဘတ်ဂျက်မရှိဘူး စသည်ဖြင့် "မရှိဘူး" ပေါင်းများစွာနဲ့ အငြင်းခံခဲ့ရပါတယ်။
၊
ဘာလို့ မဖြစ်နိုင်ရမှာလဲ? =====
ကျွန်တော်တို့ အိုင်တီလောကက ဆရာကြီးတွေ ဖြစ်တဲ့ ဆရာ ဦးသိန်းဦး၊ ဆရာ ဦးသောင်းတင် တို့ ကွန်ပျူတာ စသင်ခဲ့ကြရတုန်းက computer programming ကို ဘာကွန်ပျူတာမှ မပါဘဲ၊ ကျောက်သင်ပုန်းပေါ်မှာ မြေဖြူနဲ့ ရေးပြီး သင်ခဲ့ကြရတာပါ။ ပြီးမှ ဗလာစာအုပ်ပေါ် ကူး‌ရေးပြီးမှ UCC (Universities Computer Center) ကိုသွားပြီးမှ တဂျောက်ဂျောက် နှိပ်ခဲ့ကြရတာပါ။ ဖတ်ဖူးသလောက် ရေးရရင် အဲဒီဟာက ("အဲဒီကောင်က" လို့ ကျွန်တော် မပြောဘူးနော်) မြန်မာနိုင်ငံဟာ ကုလ ဦးသန့် ကျေးဇူးနဲ့ အရှေ့တောင် အာရှမှာ ပထမဆုံး ကွန်ပျူတာ သုံးနိုင်ခဲ့တဲ့ နိုင်ငံပါ။ အခု ဘာဖြစ်နေလဲတော့ ကျွန်တော် မပြောလိုပါ။
.
အဲဒီခေတ် ၁၉၇၀ ကျော်တုန်းကတောင် ကွန်ပျူတာကို စက်မှုတက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်တွေမှာ အဲဒီလိုတွေ ရအောင် #အိုင်တီ သင်နိုင်ခဲ့သေးရင် အခုခေတ် ဘာလို့ မသင်နိုင်ရမလဲဗျာ? ‌ကျောင်းတွေမှာ ကွန်ပျူတာ ဝယ်မထည့်ပေးနိုင်ရင် ၅ တန်းကစပြီး စာတွေ့ပဲ သင်ပေးလိုက်လို့ ရပါတယ်။ အိမ်ရောက်မှ မိဘရဲ့ phone, tablet တွေပေါ်မှာ word-processing, spreadsheet (Google Docs, Google Sheet) ဆိုတဲ့ အခြေခံတွေ စမ်းလုပ်ကြည့်ကြ လိမ့်မယ်။ မဖြစ်နိုင်စရာ လုံးဝ မရှိဘူးခင်ဗျ။ လူငယ်တိုင်း spreadsheet လောက် သုံးတတ်ပြီဆိုရင်ကို #MSME တွေ အတွက် economic booster effect ဖြစ်လာ ပါလိမ့်မယ်။ တိုင်းပြည်ရဲ့ GDP မလွဲမသေ တက်လာပါလိမ့်မယ်။
.
#အင်္ဂလိပ်စာ နဲ့ EDU-TAINMENT ကိစ္စ =====
လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ဗိုလ်ချုပ် ခင်ညွန့် MICT Park လာပြီး၊ အိုင်တီ လုပ်ငန်းရှင်တွေနဲ့ တွေ့တဲ့ ဆုပေးပွဲ အပြီးမှာထင်တယ်။ ကျွန်တော်တို့ #မြန်မာနက် / #MyanmarNet က အမျိုးသား အိုင်စီတီဆု ရခဲ့တုန်းကလို့ မှတ်မိနေတယ်။
.
မြန်မာနိုင်ငံ ကွန်ပျူတာ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌက မေးခဲ့တယ်။ "မြန်မာနိုင်ငံမှာ အိုင်တီ ဖွံ့ဖြိုးအောင် ဘာလုပ်ပေးရမလဲ" တဲ့။ အဲဒီတုန်းက TV မှာ ကြန်ချောင်းတို့၊ ပေါင်ခြိန်တို့ ဆိုတဲ့ တရုတ်ကားတွေ အရမ်း သဲသဲလှုပ် လူတွေ ကြိုက်နေကြတဲ့ အချိန်ပါ။ ကျွန်တော် ထပြောခဲ့ဖူးတာလေး အမြဲ မှတ်မိနေတယ်။
.
"ဗိုလ်ချုပ်ခင်ဗျား။ အခုခေတ်က entertainment ဆိုတာတွေကို လူတွေ ကြည့်တာ နားထောင်တာမှာ အခုထက် ပိုအကျိုး ရှိအောင် လုပ်နေကြပါတယ်။ edu-tainment (education + entertainment) ဖျော်ဖြေရေးလုပ်ရင်း စာသင်ပေးတဲ့ခေတ်ခေတ်ပါ။ လွန်ခဲ့တဲ့ နှစ် ၁၀၀၀ က သိုင်းကွက်တွေကို မြင်ရ လေ့လာရလို့ ကျွန်တော်တို့ အခုခေတ်မှာ ဘာမှ သုံးစားလို့ မရပါဘူး ခင်ဗျား။" လို့ ကျွန်တော် အဲဒီအတိုင်း ထပြောခဲ့ဖူးတယ်။
.
ရုပ်ရှင်တိုင်းမှာ moral lesson ဆိုတာတော့ ပါစမြဲပါ။ ဒါပေမဲ့ ပိုကောင်းအောင် လူတွေ ကမ္ဘာသုံး အင်္ဂလိပ်စာ ပို နားရည်ဝလာတယ်၊ ပိုတတ်လာတယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံသားတွေ ဘယ်နေရာရောက်ရောက် လုပ်ငန်းခွင်မှာ ပိုအကျိုးရှိမှာ ဖြစ်ပါတယ်။၊ ဒါကြောင့် တရုတ် သိုင်းကားတွေ အစား၊ အင်္ဂလိပ် စကားပြော ရုပ်ရှင်တွေ အထူးသဖြင့် အိုင်တီ သုံးပြီး အကျိုးရှိတာတွေကို အတုယူနိုင်တဲ့ ရုပ်ရှင်တွေ ပြပေးစေချင်ပါတယ်လို့ တောင်းဆိုခဲ့ဖူးပါတယ်။
.
တောင်းဆိုတဲ့ အတိုင်းပဲ မကြာခင်မှာ တရုတ်သိုင်းကားတွေ tv မှာ ရပ်သွားပါတော့တယ်။ (နောက်ပိုင်း အင်္ဂလိပ် tv series တွေထက် ဈေးပိုပေါတဲ့ ကိုရီးယား ရုပ်ရှင် series တွေ ဆက်တိုက် လာတော့တာ အားလုံးအသိပါပဲ။) ကြည့်လေ။ အခုလူငယ်တွေ ကိုရီးယားစာတတ်တော့ ကိုရီးယားမှာ အလုပ်သွားလုပ်ဖို့ အဆင်ပြေစေတယ်။ အင်္ဂလိပ်စာသာ ပိုနားယဉ်ပြီး ပိုတတ်ကြည့်ပါလားဗျာ။ မြန်မာတွေ ကမ္ဘာအနှံ့ အခုထက်ပိုပြီး လူ‌တောတိုးမယ်၊ လူရာဝင်မယ်၊ အလုပ်အကိုင်တွေ
❤2
လွယ်လွယ်ရကြလိမ့်မယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလည်း အများကြီးပိုလာလိမ့်မယ်။ မြန်မာ နိုင်ငံသားတွေ အားလုံး ကမ္ဘာတန်း ပိုမှီလာမယ်။
.
UN LEADERSHIP =====
၂၄-၁-၂၀၂၅ က ကမ္ဘာ့ ပညာရေးနေ့ ဆောင်ပုဒ်က-
“AI and education: Preserving human agency in a world of automation”.
.
၂၄-၁-၂၀၂၆ ရဲ့ ကမ္ဘာ့ ပညာရေးနေ့ ဆောင်ပုဒ်က-
"The power of youth in co-creating education"
အဓိက ရည်ရွယ်ချက် ၃ ခုက Youth as Partners, Addressing the Future, Inclusion တို့ကို ဦးစားပေး လုပ်ကြဘို့လို့ သိရပါတယ်။
.
တောင်းပန်စာ =====
မနေ့က #MCF meeting မှာ ကျွန်တော် တင်ပြတဲ့ analogy က အချို့က ရိုင်းတယ်လို့ ယူဆကောင်း ယူဆကြလိမ့်မယ်။ ကျနော်ပြောခဲ့မိတာကတော့- ကျွန်တော်တို့ ကွန်ပျူတာ လုပ်ငန်းတွေက လူရိုင်းတွေ အဝတ်အစားတောင် မဝတ်ကြသေးတဲ့ ကမ္ဘာကြီးမှာ ဖက်ရှင် ဒီဇိုင်နာ လုပ်ငန်း လုပ်ဘို့ ကြိုးစားသလို ဖြစ်နေတယ်။
.
အခြေအနေမှန်က ဒီလိုတတိယ ကမ္ဘာမှာ လူတွေက အဝတ်တောင် မဝတ်ကြသေးဘူး။ ကျွန်တော်တို့ အိုင်တီ ကုမ္ပဏီတွေ ဆိုတာတောင် မလုံ့တလုံ အဝတ်ဝတ်ရုံလေး ဝတ်တဲ့ #တာဇံ အဆင့်ပဲ ရှိကြသေးတယ် ခင်ဗျ။ အိုင်တီ သိနားလည်မှု မရှိတဲ့ အခြေနေက အများစုက အဝတ်တောင် မဝတ်ကြရသေးဘူး ဆိုတဲ့ လူရိုင်း အဆင့်နဲ့ သွားတူနေတယ်။ ဆိုလိုတာက ကျွန်တော်တို့ နိုင်ငံသားတွေ အားလုံးအနေနဲ့ ပြောရင် "အိုင်တီ နားကန်းတစ်လုံးမှ မသင်ခဲ့ကြရသေးဘူး။" မသင်ခဲ့ကြရတော့ ကမ္ဘာမှာ ကျွန်တော်တို့ နိုင်ငံသားတွေ အားလုံး နိုင်ငံတိုင်းက job market အသီးသီးမှာ ကမ္ဘာမှာ တပမ်းရှုံးနေရတယ်။ နိုင်ငံသားတိုင်းရဲ့ ပညာရေးအခြေနေကို မြှင့်တင်ဖို့ အရေးတကြီး လိုနေတယ်။ ဒါကိုမလုပ်နိုင်ရင် #ခေတ်သစ်ကိုလိုနီစနစ် neocolonialism အောက် လွယ်လွယ်လေးရောက်သွားနိုင်တယ်။
.
ကျွန်တော် လေ့လာလို့ ရသလောက် အာရှမှာ နိုင်ငံ အားလုံးမှာ အိုင်တီ နဲ့ ကွန်ပျူတာ အသုံးပြုပုံတွေကို ကျောင်းသားတိုင်းကို ကလေးဘဝကတည်းက မူလတန်းကျောင်းမှာ ကတည်းက သင်ပေးနေပါပြီ။ မသင်ပေးဖြစ်သေးတာ ကျွန်တော်တို့ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းပဲ ကျန်ပါတော့တယ်။ ကျွန်တော်ကတော့ အနည်းဆုံး ၅ တန်းကစပြီး ‌မြန်မာကျောင်းသား/သူ တိုင်းကို အိုင်တီ ပညာ အခြေခံ သင်ပေးဘို့ အချိန်ကျရုံမက လွန်နေပါပြီဗျာ။
.
တင်စားတဲ့ အနေနဲ့ ပြောလိုက်ပါရစေ။ တစ်ကမ္ဘာလုံး အဝတ် ဝတ်နေကြပါပြီ။ နိုင်ငံသားတိုင်းကို ကျွန်တော်တို့ မောင်နှမတိုင်းကို အဝတ် ဝတ်ပေးလိုက်ကြရအောင်လားဗျာ? 🙏
❤4👍1
Nipah (နီပါး) ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဒါတွေသိထားဖို့လိုပါတယ်။

လက်ရှိအိန္ဒိယမှာ ဖြစ်ပေါ်နေတဲ့ နီပါးဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတဲ့သူတွေအတွက် ဒီ Virus နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေကို အချိန်ခဏလေးပေးပြီး ဖတ်ကြည့်ရအောင်နော်။

👉Nipah ဗိုင်းရပ်စ် ဆိုတာ ဘာလဲ?

ဒီဗိုင်းရပ်စ်က များသောအားဖြင့် လင်းနို့၊ ဝက်၊ ခွေးနဲ့ မြင်း စတဲ့ တိရစ္ဆာန်တွေမှာ ဖြစ်တတ်ပြီး သူတို့ကနေတစ်ဆင့် လူတွေကို ကူးစက်ကာ တစ်ခါတလေမှာ အသက်အန္တရာယ်ရှိတဲ့အထိ ပြင်းထန်တတ်ပါတယ် ။

👉ဘယ်လိုတွေ ကူးစက်နိုင်သလဲ?

🔹တိရစ္ဆာန်ကနေ လူကို ကူးစက်ခြင်း:
ပိုးရှိတဲ့ လင်းနို့ ဒါမှမဟုတ် ဝက် စတာတွေနဲ့ အနီးကပ် ထိတွေ့မိရာကနေ ကူးစက်နိုင်ပါတယ်။ ဥပမာ- ပိုးရှိတဲ့ လင်းနို့တံတွေး ဒါမှမဟုတ် အညစ်အကြေးတွေ ပေကျံနေတဲ့ အသီးအနှံတွေ စားမိတာ၊ ကိုင်တွယ်မိတာ၊ ထန်းရည်/ဓနိရည်တွေကို အစိမ်းသောက်မိရာကနေ ကူးစက်တတ်ပါတယ် ။

🔹လူကနေ လူကိုကူးစက်ခြင်း:
ဗိုင်းရပ်စ်ရှိနေသူကို အိမ်မှာ ပြုစုစောင့်ရှောက်တဲ့အခါ ဒါမှမဟုတ် ဆေးရုံမှာ လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်း (Mask, လက်အိတ် စတာ) တွေ သေချာမသုံးဘဲ အနီးကပ် ထိတွေ့မိရင် ကူးစက်နိုင်ပါတယ် ။

🔹သေဆုံးသူထံမှကူးစက်ခြင်း:
ဒီဗိုင်းရပ်စ်နဲ့ သေဆုံးသွားတယ်လို့ သံသယရှိသူရဲ့ ရုပ်အလောင်းကို ကိုင်တွယ်တဲ့အခါမှာလည်း ကူးစက်နိုင်တဲ့အတွက် လမ်းညွှန်ချက်အတိုင်းပဲ လုပ်ဆောင်သင့်ပါတယ် ။ နာရေးအခမ်းအနားတွေမှာလည်း မိသားစုဝင်တွေ ရောဂါမကူးစက်အောင် ရိုးရာဓလေ့တချို့ကို လိုအပ်သလို ပြုပြင်ပြောင်းလဲ လုပ်ဆောင်ဖို့ လိုအပ်နိုင်ပါတယ် ။

👉ဘယ်သူတွေ ပိုပြီး သတိထားရမလဲ?

🔹လင်းနို့တွေ နေထိုင်တတ်တဲ့ နေရာတွေ (ဥပမာ- ရေတွင်းဟောင်း၊ ဂူ၊ သစ်သီးခြံ) နဲ့ ထိတွေ့နေရသူများ ။

🔹ဖျားနာနေတဲ့ ဝက်တွေ ဒါမှမဟုတ် ပိုးရှိတဲ့ ဝက်ရဲ့ အသား/ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ တိုက်ရိုက်ထိတွေ့သူများ ။

🔹နာရေးအခမ်းအနားတွေမှာ နီပါးဗိုင်းရပ်စ်ကူးစက်ခံရပြီကွယ်လွန်သွားတဲ့ ရုပ်အလောင်းကို နီးနီးကပ်ကပ် ကိုင်တွယ်ရသူများ ။

🔹ကာကွယ်ရေးပစ္စည်းတွေ သေချာမသုံးဘဲ လူနာကို ပြုစုနေတဲ့ ကျန်းမာရေးဝန်ထမ်းများ ။

👉ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

🔹ဖျားနာနေတဲ့ လူ ဒါမှမဟုတ် တိရစ္ဆာန်တွေကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးပါ ။

🔹ထန်းရည် ဒါမှမဟုတ် ဓနိရည်တွေကို အစိမ်းသောက်ခြင်းမှ ရှောင်ကြဉ်ပါ ။

🔹သစ်သီးဝလံတွေကို စင်ကြယ်အောင် ဆေးကြောပြီးမှ စားပါ ။

🔹မြေကြီးပေါ် ပြုတ်ကျနေတဲ့ ဒါမှမဟုတ် တိရစ္ဆာန် ကိုက်ထားတဲ့ အသီးတွေကို မစားပါနဲ့ ။

🔹အသုံးမပြုဘဲ စွန့်ပစ်ထားတဲ့ ရေတွင်းဟောင်းတွေထဲကို မဆင်းပါနဲ့ ။

👉ရောဂါလက္ခဏာတွေက ဘာလဲ?

များသောအားဖြင့် ဦးနှောက် ဖျားရောင်ခြင်း ပုံစံနဲ့ လာတတ်ပါတယ် ။ ရောဂါအစောပိုင်းမှာတော့ ဖျားတာ၊ တောက်လျှောက် ချောင်းဆိုးတာနဲ့ အသက်ရှူရခက်ခဲတာမျိုးတွေ ဖြစ်နိုင်ပါတယ် ။

Reference: https://ncdc.mohfw.gov.in/wp-content/uploads/2024/09/NIPAH-Virus-Disease-Information-for-General-Public.pdf
❤14👏2
ကျားဖျန့်ခေါ် စလော့ဂိမ်းပေါင်းများစွာနဲ့
လက်ရှိအခြေအနေ
ကျွဲခတ်ခြင်း၊နွားခတ်ခြင်း၊စကာတာမကျခြင်း၊Majour,Grand,Minior မကျခြင်းကြောင့် ဘဝပျက်ကြသူများ
=========================

မနေ့က ကျွန်တော် ကြားလိုက်ရတဲ့ ဖြစ်ရပ်တစ်ခုကြောင့် ရင်ထဲမှာ တော်တော်လေး မွန်းကြပ်သွားတယ်။ ရုံးဝန်ထမ်း ကောင်မလေးတစ်ယောက်ဗျာ။ ပညာတတ်၊ ရိုးရိုးအေးအေးလေးပါပဲ။ ဒါပေမဲ့ အခုတော့ သူ့ခေါင်းပေါ်မှာ တင်နေတဲ့ အကြွေးက သူ့လစာရဲ့ အဆ ၁၀၀ တဲ့။ ယုံနိုင်စရာတောင် မရှိဘူး။ ဘာလုပ်လိုက်လို့ ဒီလောက်တောင် ဖြစ်သွားရတာလဲ မေးတော့... ဟို "ဂိမ်းပေါင်း ၅၀၀" ဆိုတဲ့ အထဲမှာ နစ်သွားတာတဲ့။

အစကတော့ အပျော်သဘောပါပဲ။ ၁ သောင်း၊ ၂ သောင်းလောက် နိုင်လိုက်တဲ့အခါ "ငါ့လစာထက်တောင် ရှာရလွယ်ပါလား" ဆိုပြီး စိတ်အဆိပ်သင့်သွားတာ။ နောက်ဆုံးတော့ ရှိသမျှ စုငွေတွေကုန်၊ မိဘအိမ်ပါ ပေါင်ရတဲ့အထိ ဖြစ်သွားရှာတယ်။ ဒါဟာ ပုံပြင်မဟုတ်ဘူးဗျ။ ဒီနေ့ခေတ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တကယ်ဖြစ်ပျက်နေတဲ့ မြင်ကွင်းတစ်ခုပါ။
အခုခေတ်မှာ လောင်းကစားဆိုတာ "လူမိုက်" တွေရဲ့ အလုပ် မဟုတ်တော့သလို၊ ယောင်္ကျားလေးတွေရဲ့ ကိစ္စ သက်သက်လည်း မဟုတ်တော့ပါဘူး။ ကျောင်းဆရာ၊ ဆရာမကအစ၊ ကုမ္ပဏီဝန်ထမ်းတွေအဆုံး၊ ကျား/မ မရွေး ဖုန်းတစ်လုံးနဲ့ ဘဝပျက်နေကြတာ။ "ရှမ်းကိုးမီး"၊ "စလော့"၊ "ဘောလုံးပွဲ" တွေကြားမှာ အားလုံးဟာ အတူတူ အရူးအမူး ဖြစ်နေကြပြီ။ ကျွန်တော် ရင်အနာဆုံးက ဘာလဲသိလား။ "ငါ့အနာဂတ်အတွက် မြန်မြန် ပိုက်ဆံရှာနေတာ" ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး မိုက်မဲနေကြတာပဲ။

သေချာကြည့်မယ်ဆိုရင် ဒီရေစီးကြောင်းကြီး တစ်ခုလုံးရဲ့ အရင်းခံဟာ လောဘသက်သက် မဟုတ်ဘူးဗျ။ "သောက" နဲ့ "လမ်းပျောက်ခြင်း" က အဓိက တရားခံပဲ။ မနက်ဖြန် ဘာဖြစ်မလဲ မသိနိုင်တဲ့ ခေတ်ကြီးထဲမှာ လူတွေဟာ အနာဂတ်အတွက် စိုးရိမ်ပူပန်နေကြတယ်။ ပုံမှန်လစာလေးနဲ့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေရုံနဲ့ ဘယ်တော့မှ လူတန်းစေ့ မနေနိုင်တော့ဘူးဆိုတဲ့ အားငယ်စိတ်တွေက ဖိစီးလာတဲ့အခါ၊ လူတွေဟာ အသိဉာဏ် ကွယ်သွားကြတယ်။ ရေနစ်သူ ဝါးကူထိုး ဆိုသလို၊ ထွက်ပေါက်ပိတ်နေတဲ့အချိန်မှာ လောင်းကစားဆိုတဲ့ မီးစကို ရွှေတုံးထင်ပြီး အတင်း ပြေးကောက်မိကြတာပါပဲ။

တစ်ခုတော့ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောချင်တယ်။ ဆင်းရဲတာ၊ မပြည့်စုံတာက ရှက်စရာ မဟုတ်ပါဘူး။ ကံတရားနဲ့ ခေတ်ကာလ အခြေအနေအရ ရုန်းကန်နေရတာကို ဘယ်သူကမှ အပြစ်မပြောရက်ပါဘူး။ ဒါပေမဲ့ ဒီဆင်းရဲတာကို လက်နက်လုပ်ပြီး လောင်းကစားတာကတော့ လုံးဝသည်းခံစရာ မဟုတ်ဘူး။ ခင်ဗျားတို့ ရွေးချယ်မှုက ခင်ဗျားတို့ စိတ်ဓာတ်ကို ပြနေတာပဲ။
"ဆင်းရဲလို့ ကစားတာပါလို့ ဆင်ခြေမပေးနဲ့။ မင်းတို့က အလုပ်မလုပ်ဘဲ ချမ်းသာချင်တဲ့ ကပ်ပါးကောင်တွေမို့လို့ ကစားနေကြတာ။ အဲဒီစိတ်ဓာတ်ရှိသရွေ့ တစ်သက်လုံး ဆင်းရဲနေဦးမှာပဲ။"
ပညာတတ်ပြီး အသိဥာဏ်ရှိပါရဲ့နဲ့ ဘာလို့ ဒီလောက် အမြင်ကွယ်ရတာလဲ။ အလုပ်လုပ်ရမှာ ပျင်းပြီး ဖုန်းလေးပွတ်၊ ဖြတ်လမ်းနည်းနဲ့ သူဌေးဖြစ်ချင်နေတဲ့ စိတ်ဓာတ်ဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ခြကိုက်သလို ကိုက်စားနေပြီ။

နောက်ကွယ်က အမှန်တရားကို မြင်အောင်ကြည့်စမ်းပါ။ ဒီပွဲမှာ အနိုင်ရသူ အစစ်အမှန်တွေက စလော့ဂိမ်းပိုင်ရှင်တွေ၊ ၂လုံး ၃လုံး ဒိုင်တွေနဲ့ ဘောလုံးဒိုင်တွေပါပဲ။ သူတို့က တစ်ယောက်စ နှစ်ယောက်စ လုပ်နေတာ မဟုတ်ဘူး။ ဝန်ထမ်းအင်အား၊ ငွေအင်အားနဲ့ စနစ်တကျ ဖွဲ့စည်းပြီး ခင်ဗျားတို့ဆီက ငွေကို ညှစ်ထုတ်ဖို့ ပူးပေါင်းကြံစည်ထားတဲ့ လုပ်ငန်းကြီးတစ်ခုဗျ။ သူတို့က ပိုက်ဆံတွေ ရိုက်ထုတ်နေကြတာ။ အဲဒီ ပိုက်ဆံထုတ်ပေးတဲ့ စက်တွေက ဘယ်သူတွေလဲ သိလား။ ခင်ဗျားတို့ပဲလေ။

မိတ်ဆွေတို့ရေ... သတိရှိကြပါ။ လောင်းကစား စွဲနေတဲ့သူတစ်ယောက်ဟာ သူ့ချစ်သူ၊ သူ့မိသားစုကို ဘယ်လောက်ချစ်ချစ်၊ သူ့ရဲ့ "အာရုံ" က ဖဲချပ်တွေနဲ့ ဂိမ်းရလဒ်တွေပေါ်မှာပဲ ရှိနေမှာ။ ခင်ဗျားတို့ စုဆောင်းထားတဲ့ ငွေ၊ အိမ်ထောင်တစ်ခု တည်ဆောက်ဖို့ ရည်မှန်းထားတဲ့ အိပ်မက်တွေဟာ ဖုန်းမျက်နှာပြင်ပေါ်က "Game Over" ဆိုတဲ့ စာလုံးလေးနဲ့အတူ ပျောက်ကွယ်သွားနိုင်တယ်။
ဒါကြောင့် ကိုယ့်လူ ကိုယ်ပြန်ကြည့်ကြပါ။ "ကံ" ကို ယုံတာထက် "ဥာဏ်" ကို ယုံဖို့ သတိပေးကြပါ။ လောင်းကစားဝိုင်းထဲက ပိုက်ဆံဆိုတာ ပူတယ်။ အဲဒီအပူမီးက နောက်ဆုံးတော့ မီးဖိုချောင်ထဲထိ ကူးစက်လာလိမ့်မယ်။
ကျွန်တော် ပြောတာ လွန်သလားဗျာ။ ပတ်ဝန်းကျင်ကို ကြည့်ပြီး ဖြေပေးကြပါဦး။
❤8
This media is not supported in your browser
VIEW IN TELEGRAM
ဗဟုသုတ ဟာသအမြင်ဖြင့်သာ
❤4👏1
Media is too big
VIEW IN TELEGRAM
#ကျောင်းအုပ်ကြီးများအတွက် #တတ်ကျွမ်းမှုစံသတ်မှတ်ချက် #အညွှန်းဘောင် #ဗီဒီယို #အပိုင်း၁
Media is too big
VIEW IN TELEGRAM
#ကျောင်းအုပ်ကြီးများအတွက် #တတ်ကျွမ်းမှုစံသတ်မှတ်ချက် #အညွှန်းဘောင် #ဗီဒီယို #အပိုင်း၂
❤1
Media is too big
VIEW IN TELEGRAM
ပြင်ကြရာဝယ်၊ နည်းမှန်လမ်းမှန်ဖြစ်မှသာ လိုရာရမည်ဟု
Media is too big
VIEW IN TELEGRAM
မူကြိုအတွက် သင်ခန်းစာပြင်ဆင်ခြင်းနှင့် လပိုင်းမာတိကာရေးခြင်းနမူနာ-၁
❤4
Media is too big
VIEW IN TELEGRAM
မြတ်ဆရာသီချင်း
❤2
Media is too big
VIEW IN TELEGRAM
မူကြိုအတွက် သင်ခန်းစာပြင်ဆင်ခြင်းနှင့် လပိုင်းမာတိကာရေးခြင်းနမူနာ-၂
❤3
ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးနေဆဲ ကာလဟာ မွေးစကနေ (၆) နှစ် အတွင်းပါ။ ဒီအချိန်မှာ လူကြီးတွေရဲ့ အပြုအမူအမှားတွေကြောင့် ကလေးတစ်ဘဝလုံး ထိခိုက်သွားနိုင်ပါတယ်။ 👶🏼👶🏼

ဒါတွေကို ရှောင်ကျဉ်နိုင်ဖို့ မလုပ်သင့်တာတွေကို မျှဝေပေးပါရစေ..

၁) ကလေးကို စကားသိပ်မပြော၊ ပြင်ပနဲ့ မထိတွေ့ခိုင်းတာ
- ကလေးနဲ့ စကားမပြောဘဲ ကလေးငြိမ်ရင် ပြီးရောဆိုပြီး TV/ဖုန်းတွေပဲ ကြည့်ခိုင်းတာမျိုးဟာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို နှေးကွေးစေပါတယ်။

- ကလေးဆိုတာ မမြင်ဖူးတာကို မြင်ရင် အရမ်းစိတ်ဝင်စားတာ သဘာဝပါပဲ။ TV/ဖုန်းတွေပြမယ့်အစား အပြန်အလှန် စကားပြောတာ၊ ပြင်ပသဘာဝနဲ့ ထိတွေ့ခိုင်းတာမျိုးက ကလေးရဲ့ ဦးနှောက်အတွက် အကောင်းဆုံး ဖွံ့ဖြိုးမှု ဖြစ်စေပါတယ်။

၂) ကြောက်လန့်အောင် ခြောက်ခြင်း
- ဒီလိုလုပ်နေရင် ဟိုလူကြီး လာလိမ့်မယ်။ အဲ့မှာ သရဲရှိတယ်၊ ဒီလိုခြိမ်းခြောက်မှုတွေကို စနောက်ပြီးတောင် မလုပ်သင့်ပါဘူး။
- ကလေးက ကြောက်နေရင်တောင် ဒါဟာကြောက်စရာမဟုတ်ကြောင်း ဘာကြောင့်ဒီလိုဖြစ်ရတယ် ဆိုတာမျိုးတွေကို ရှင်းပြပေးပါ။
- လိုအပ်ရင် အတူတူဖြေရှာတာမျိုး လုပ်ပေးပါ။ ဒါဟာ ကလေးကို ကြောက်စိတ်လျော့ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုတက်စေပါတယ်။

၃) အလွန်အမင်း စည်းကမ်းတင်းကျပ်ခြင်း (သို့) စိတ်တိုင်းကျ လွှတ်ထားခြင်း
- "ဒါမလုပ်ရ" "ဟိုဟာမကိုင်ရ" ဆိုပြီး အလွန်အမင်း ကန့်သတ်တာက ကလေးရဲ့ စူးစမ်းလိုစိတ်ကို လျော့ကျစေပါတယ်။
- ဘာမှမထိန်းချုပ်ဘဲ အကုန်ခွင့်ပြုထားတာလည်း မကောင်းပါဘူး.
- ကလေးကို မလျော့မတင်းတဲ့ စည်းကမ်းလေးတွေ သတ်မှတ်ပြီး များသောအားဖြင့် ကလေးကိုယ်တိုင် လုပ်တာမျိုးကို ခွင့်ပြုပေးပါ။

၄) အော်ဟစ်ဆူပူခြင်း
- ကလေးကို မကြာခဏ အော်ဟစ်ဆူပူတာက ဦးနှောက်စွမ်းရည်ကို ကျစေတဲ့ အကြောင်းအရင်း တစ်ခုပါ။
- ကလေးဟာ ကြောက်လန့်စိတ်ကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုနှေးကွေးခြင်း။ သင်ယူမှုစွမ်းရည်၊ မှတ်ဉာဏ်နဲ့ ခံစားမှုထိန်းချုပ်နိုင်စွမ်း ကျဆင်းတတ်ပါတယ်။
- ကလေးကိုပြောတော့မယ်ဆို စကားကို သက်တောင့်သက်သာ ဖြည်းဖြည်းအေးအေးလေး ပြောပေးပါ။

၅) ကလေးကို ငြိမ်ငြိမ်ပဲ နေခိုင်းခြင်း
- ကလေးအရွယ်ဟာ အော်ဟစ်ဆူညံ့ပြေးလွှားတာ သဘာဝပါပဲ။ ဒါကို အတင်းကန့်သတ်လိုက်မယ်ဆိုရင် ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ခန္ဓာကိုယ်ကြီးထွားမှုကို ရပ်တန့်စေပါတယ်။
- ကလေးကို လုံခြုံတဲ့ ပတ်ဝန်းကျင်မှာ လွတ်လွတ်လပ်လပ် ဆော့ကစားခွင့်ပေးပါ။

အရေးကြီးဆုံးကတော့ ကလေးကို ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ပြီး သူတို့ရဲ့ ခံစားချက်တွေကို အလေးထားပေးဖို့ပါပဲ။

Crd
❤7
#ပညာရေးသတင်း
#Tabletများထုတ်ပေးမည်

အခြေခံပညာ ထ/ထခွဲ၊လ/လခွဲ နှင့် မူလွန်ကျောင်းများအတွက် ကျောင်းဆိုင်ရာအချက်အလက်များနှင့် စာရင်းဇယားများ ထည့်သွင်းရန်အ.ထ.က အဆင့်ကနေ မူလွန် အဆင့်ထိ Tablet /Power Bank/Memoryစတစ်တစ်ခုစီရရှိပါမည်။
တစ်သိန်းတန်ပေမဲ့
ဖိနပ် ဖြစ်နေလို့
ခြေအောက် ရောက်ရတယ်။

တစ်ထောင်တန်ပေမဲ့
ဦးထုပ်ဖြစ်နေလို့
ခေါင်းပေါ် ရောက်ရတဲ့
သာဓကတွေကို ကြည့်ပြီး....

တန်ဖိုးထက်
အမျိုးအစားက အရေးကြီးကြောင်း
နားလည်သွားတယ်။

တစ်လ ဆယ်သိန်းရတဲ့
ကုမ္မဏီ ဝန်ထမ်းထက်....

တစ်လ တစ်သိန်းကျော်ရတဲ့
ကျောင်းဆရာ/ဆရာမတစ်ယောက်ကို
လူတိုင်းက လေးစားတာ မြင်ရပြန်တော့

ဂုဏ်ကျက်သရေဆိုတာ
ကိုယ့်ရဲ့ရှင်သန်မှုနဲ့ဘဲ ဆိုင်တယ်ဆိုတာ
သဘောပေါက်သွားတယ်။

ဘယ်လောက်ပဲ ဈေးကြီးကြီး
ဖိနပ်ဟာ
ခေါင်းပေါ် တင်ခံရလေ့ မရှိသလို....

ဘယ်လောက်ပဲ ဈေးပေါပေါ....
ဦးထုပ်ကို
ခြေမှာ စွပ်လေ့ မရှိပါဘူး။

ဘဝဆိုတဲ့ စာမျက်နှာကို..
ကိုယ်တိုင်ပုံဖော် ရေးဆွဲရတဲ့အခါ.....

တန်ဖိုးတွေ ကြွယ်ဝနေဖို့ထက်
သန့်ရှင်းတဲ့ ကိုယ်ကျင့်တရားတွေ
ဝေဝေဆာဆာ ရှိနေဖို့ဘဲ လိုတာပါ။

ကိုယ်ကိုတိုင် ပြန်မဖတ်ရဲလောက်အောင်
ကျော်ချရမဲ့ စာမျက်နှာတွေကို
ပိုင်ဆိုင်ပြီးကာမှတော့
ကြွယ်ဝမှုဆိုတာ အလကားပါဘဲ။

Crd..

#May 💕
❤42👍2👏2