Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.9K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ဘုမသိ ဘမသိ နဲ့ အချိုမှုန့် ကြောင့်ရောဂါဝေဒနာဖြစ်မယ်လို့
ထင်နေသူတွေ ဒီ ဆောင်းပါးကိုဖတ်ကြပါ!🧐😊
——————————+++++++++——————

-အချိုမှုန့် နှင့် ကျန်းမာရေး

ဟင်းချက်တိုင်း အချိုမှုန့် နည်းနည်းလေးခတ်လိုက်မှ စားလို့မြိန်တယ်လို့ ခံစားရတဲ့သူတွေရှိသလို၊ အချိုမှုန့်ဆိုတဲ့ နာမည်ကြားတာနဲ့ "လုံးဝမစားဘူး၊ ကျန်းမာရေးနဲ့မညီညွတ်ဘူး" လို့ ခေါင်းခါတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။

ကျွန်တော်တို့ရဲ့ မီးဖိုချောင်တွေထဲမှာရော၊ အပြင်စာတွေမှာပါ မပါမဖြစ်တဲ့ "အချိုမှုန့်" နဲ့ ပတ်သက်ပြီး မေးခွန်းတွေ၊ စိုးရိမ်မှုတွေ အများကြီးရှိနေကြတယ်ဟုတ်? 🤔

“အချိုမှုန့်စားရင် ဆံပင်ကျွတ်တယ်"
"ခေါင်းကိုက်တယ်၊ ဇက်ကြောတက်တယ်"
"ဉာဏ်ထိုင်းတယ်"
ဒီလိုစကားတွေ တကယ်မှန်ရဲ့လား?

လူပြောများလှတဲ့ အချိုမှုန့် (MSG) နဲ့ ပတ်သက်ပြီး ကြားနေရတဲ့ စကားတွေက ဘယ်လောက်မှန်ကန်လဲ? တကယ်ပဲ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေသလား?
ဒီအကြောင်းအရာတွေကို ဆရာဝန်တစ်ယောက်အနေနဲ့ သေချာရှင်းပြပေးသွားမှာဖြစ်ပါတယ်။

1️⃣ အချိုမှုန့် (MSG) ဆိုတာ တကယ်တော့ ဘာကြီးလဲ?
• MSG ရဲ့ နာမည်အပြည့်အစုံက Monosodium Glutamate ပါ။
• သူဟာ Glutamic Acid လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တစ်မျိုးနဲ့ ဆိုဒီယမ် (ဆား) ပေါင်းစပ်ထားတာပါ။
• Glutamic Acid ဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ ကျွန်တော်တို့ ခန္ဓာကိုယ်ကနေ သဘာဝအတိုင်း ထုတ်လုပ်နေသလို ခရမ်းချဉ်သီး 🍅၊ မှို 🍄၊ ဒိန်ခဲ 🧀၊ ပဲငံပြာရည်တို့လို အစားအစာတွေမှာ သဘာဝအတိုင်း အများကြီးပါဝင်ပါတယ်။
• သူက အသားအရသာ၊ ဒါမှမဟုတ် "Umami" လို့ခေါ်တဲ့ ငါးခုမြောက်အရသာကို ပေးစွမ်းတာပါ။

📜 အချိုမှုန့်ရဲ့ ရာဇဝင်
၁၉၀၈ ခုနှစ်မှာ ဂျပန်ပါမောက္ခ Kikunae Ikeda က ပင်လယ်ရေမှော်ခြောက် (Kombu) ပြုတ်ရည်ရဲ့ ထူးခြားတဲ့အရသာကို သုတေသနလုပ်ရင်း Glutamate ကို စတင်တွေ့ရှိခဲ့ပြီး MSG ကို စီးပွားဖြစ်ထုတ်လုပ်ခဲ့တာပါ။

2️⃣ Chinese Restaurant Syndrome (CRS) ဆိုတာ တကယ်ရှိလား?
* •၁၉၆၀ ပြည့်နှစ်တွေမှာ တရုတ်စားသောက်ဆိုင်တွေမှာ စားပြီးတဲ့အခါ လူတချို့မှာ ခေါင်းမူး၊ ထုံကျဉ်၊ ရင်တုန်တဲ့ လက္ခဏာတွေခံစားရတယ်ဆိုပြီး ပြောဆိုမှုတွေရှိခဲ့ပါတယ်။ ဒါကို "Chinese Restaurant Syndrome" လို့ နာမည်တပ်ခဲ့ကြတယ်။

• ဒါပေမယ့် နောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ Double-blind, placebo-controlled studies လို့ခေါ်တဲ့ ဘက်လိုက်မှုကင်းပြီး အတိကျဆုံး သုတေသနပေါင်းများစွာမှာတော့ လူအများစုမှာ အချိုမှုန့် (MSG )နဲ့ ဒီရောဂါလက္ခဏာတွေကြား တိုက်ရိုက်ပတ်သက်မှု မရှိဘူး လို့ ထပ်ခါတလဲလဲ သက်သေပြနိုင်ခဲ့ပါတယ်။

• လူဦးရေရဲ့ အလွန်နည်းတဲ့ ရာခိုင်နှုန်း (1% ထက်နည်းသော) မှာတော့ အချိုမှုန့် ပမာဏများများ (ဥပမာ - ၃ ဂရမ်နဲ့အထက်) ကို အစာမရှိခင် စားမိရင် ခေါင်းကိုက်၊ ချွေးထွက်၊ နီမြန်းတာမျိုး ယာယီခံစားရနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒါက ဓာတ်မတည့်တာ (allergy) မဟုတ်ပါဘူး။

3️⃣ အချိုမှုန့်ရဲ့ ကောင်းကျိုး နဲ့ ဆိုးကျိုး

ကောင်းကျိုး:
• အရသာတိုးမြှင့်ပေးတယ်: အစားအစာကို ပိုပြီးစားချင်စဖွယ်ဖြစ်စေပါတယ်။

• ဆားလျှော့စားနိုင်စေတယ်: MSG (အချိုမှုန့် ) မှာပါတဲ့ ဆိုဒီယမ်(အငံဓာတ်)ပမာဏဟာ စားပွဲတင်ဆားမှာပါတာထက် ၃ ပုံ ၂ ပုံ လျော့နည်းပါတယ်။ ဒါကြောင့် ဆားအစား MSG ကို အစားထိုးသုံးရင် ဆိုဒီယမ်စားသုံးမှုကို လျှော့ချနိုင်ပါတယ်။ (ဒါက သွေးတိုးသမားတွေအတွက် သတင်းကောင်းပါ)။

ဆိုးကျိုး:
• အဓိက စိုးရိမ်ရမှာက အချိုမှုန့်ပါတဲ့ ပြုပြင်ပြီးသား အသင့်စားအစားအစာတွေ (processed foods) ပါ။ အချိုမှုန့်ကြောင့်မဟုတ်ဘဲ အဲ့ဒီအစားအစာတွေမှာပါတဲ့ ဆား၊ သကြား၊ အဆီတွေကသာ ကျန်းမာရေးကို ထိခိုက်စေတာပါ။

• အခုထိခိုင်မာတဲ့ သုတေသနတွေအရ ပုံမှန်စားသုံးတဲ့ ပမာဏနဲ့ ဆံပင်ကျွတ်တာ၊ ဉာဏ်ထိုင်းတာ၊ ကင်ဆာဖြစ်တာလို ရေရှည်ဆိုးကျိုးတွေကို သက်သေမပြနိုင်သေးပါဘူး။

4️⃣ ဆုံးဖြတ်ချက်: ဒါဆို စားသင့်လား?

• US FDA (အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး) အဖွဲ့ကြီးက အချိုမှုန့်ကို GRAS (Generally Recognized As Safe) "ယေဘုယျအားဖြင့် ဘေးကင်းတယ်လို့ အသိအမှတ်ပြုထားတဲ့" အစားအစာအဖြစ် သတ်မှတ်ထားပါတယ်။

• အဓိကသော့ချက်က "ပမာဏ" ပါပဲ။ ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးပါ။
ဥရောပအစားအစာဘေးကင်းရေးအာဏာပိုင် (EFSA) ရဲ့ လမ်းညွှန်ချက်အရ တစ်နေ့ကို ကိုယ်အလေးချိန် တစ်ကီလိုဂရမ်အတွက် 30mg (တစ်နေ့တာလုံးပေါင်း) က ဘေးကင်းတဲ့ပမာဏ ဖြစ်ပါတယ်။
ဆိုလိုတာက ပေါင် ၁၃၀ (ကီလို ၆၀) ရှိတဲ့လူတစ်ယောက်အတွက် တစ်နေ့ကို 1.8 ဂရမ် (လက်ဖက်ရည်ဇွန်း တစ်ဝက်နီးပါး) ဟာ ဘေးကင်းပါတယ်။

ပုံမှန်အားဖြင့် ကျွန်တော်တို့ ဟင်းချက်ရင် ဟင်းတစ်အိုးလုံးအတွက် လက်ဖက်ရည်ဇွန်းရဲ့ တစ်ဝက်လောက်ပဲ သုံးတာမို့ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်ထဲရောက်သွားတဲ့ ပမာဏက အများကြီးနည်းပါတယ်။

• ပုံမှန် ချက်ပြုတ်ရာမှာ ဟင်းတစ်ခွက်ကို လက်ဖက်ရည်ဇွန်းတစ်ဝက်အောက်လောက် သုံးတာက ဘာကျန်းမာရေးပြဿနာမှ မဖြစ်စေနိုင်ပါဘူး။
9
•အောက်ကပုံထဲကလို အချိုမှုန့်တွေအများကြီး လောင်းထည့်နေမယ်ဆိုရင်တော့ ရေရှည်မှာ သွေးတိုးတာတွေ၊ ခေါင်းအုံ ခေါင်းကိုက်တာတွေ ၊ အာရုံကြော ပြဿနာတွေကို ခံစားရနိုင်ပါတယ်။

👨‍⚕️ အကြံပြုချက်

အချိုမှုန့်ကို အဆိပ်လို့ မမြင်ဘဲ ဟင်းခတ်အမွှေးအကြိုင်တစ်ခုအနေနဲ့သာ သဘောထားပါ။

ပမာဏကို ကန့်သတ်ပါ: ဟင်းချက်ရင် အရသာရှိရုံလေး နည်းနည်းပဲသုံးပါ။

သူ့ကို ကြောက်ပြီးရှောင်နေတာထက် ဆား၊ သကြားနဲ့ ပြုပြင်ပြီးသား အစားအစာတွေကို လျှော့စားတာက သင့်ကျန်းမာရေးအတွက် ပိုအကျိုးရှိပါတယ်။ အဓိကကတော့ အသီးအရွက်၊ အသားငါး စတဲ့ သဘာဝအစားအစာတွေကို မျှတအောင်စားသုံးဖို့ပါပဲ။

နိဂုံးချုပ်အနေနဲ့ပြောရရင် အချိုမှုန့်ကြောင့်ဖြစ်တယ်ဆိုတဲ့ ကျန်းမာရေးပြဿနာအများစုဟာ ခိုင်မာတဲ့ သိပ္ပံနည်းကျသက်သေမရှိဘဲ ချဲ့ကားပြောဆိုမှုတွေသာ ဖြစ်ပါတယ်။ အရာရာတိုင်းမှာလိုပဲ "တန်ဆေး၊ လွန်ဘေး" ဆိုတဲ့အတိုင်း ပမာဏကို သတိထားပြီး မျှတအောင်စားသုံးမယ်ဆိုရင် အချိုမှုန့်ဟာ ကြောက်စရာမဟုတ်ပါဘူး။

ဒီစာလေးက အကျိုးရှိတယ်ဆိုရင် Like & Share လုပ်ပြီး ကိုယ့်ရဲ့မိတ်ဆွေတွေကိုပါ အသိပညာမျှဝေပေးလိုက်ပါဦးခင်ဗျာ။ အောက်က comment မှာလည်း အချိုမှုန့်နဲ့ပတ်သက်တဲ့ ကိုယ်တွေ့အတွေ့အကြုံတွေ၊ မေးခွန်းတွေကို ရေးခဲ့နိုင်ပါတယ် 👇

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ။

#DrYe #MSG #Ajinomoto #HealthEducationMyanmar #အချိုမှုန့် #ကျန်းမာရေး #MyanmarHealth #Umami #FoodMyths
#ဒေါက်တာရဲ
5
ကလေးတွေကို ရှင်းပြလွယ်‌သွားပြီ။

လိုင်းပေါ်တွေ့လို့ သဘောကျလို့ ပြန်တင်တာပါရှင့်။
တဆင့်ပြန်တင်တွေ့တာဖြစ်လို့ မူရင်းပုံပိုင်ရှင်အား လေးစားစွာ credit ပေးပါတယ်နော်။
👍51
“တော်တဲ့ကလေးဟာ ဘယ်ကျောင်းတက်တက် ဘယ်မှာထားထားတော်တယ်”
“IS ထားလည်း ညံ့တဲ့ကလေးက ညံ့မှာပဲ”
“မိဘ ဘယ်လောက်ကောင်းအောင် ထားထား
brain level နိမ့်ရင် ဘာမှ လုပ်လို့မရဘူး”
"ဘယ်မှာတက်တက် ဘယ်မှာသင်သင် ပညာပဲ" တို့ဆိုပြီးအချို့သူတွေ ပညာရေးGp တွေမှာရော ကျွန်မပို့စ်အောက်မှာရော ရှယ်ပြီး ပြောကြရေးကြတာတွေ့ရတယ်။

ဒီအယူအဆတွေဟာ အန္တရာယ်များတဲ့ အယူအဆတွေဖြစ်ပါတယ်။

◼️

ဒီလို အယူအဆတွေကို လက်ကိုင်ထားခြင်းဟာ မိဘတွေနဲ့ လူကြီးတွေအတွက် "တာဝန်ယူမှု" ကနေ ရုန်းထွက်ဖို့ ထွက်ပေါက်တစ်ခု ရှာလိုက်တာနဲ့ တူပါတယ်။

ဒီစကားဟာ ကိုယ့်ရဲ့ မလုပ်ပေးနိုင်တဲ့ အပြစ်အနာဆာကို ဖုံးကွယ်ပြီး ကလေးအပေါ် Gaslighting လုပ်လိုက်တာပါပဲ။

သိပ္ပံနည်းကျ လေ့လာမှုတွေအရ ကလေးတိုင်းမှာ မွေးရာပါ Potential လို့ခေါ်တဲ့ စွမ်းဆောင်ရည်ကိုယ်စီရှိကြပါတယ်။

ဒါပေမဲ့ အဲဒီ Potential တွေ ပွင့်လန်းလာဖို့က "

မြေဆီလွှာ ပတ်ဝန်းကျင် နဲ့ ရေလောင်းပေါင်းသင်မှု ဆိုတဲ့ ပြုစုပျိုးထောင် သင်ကြားရေး အပေါ်မှာ ၁၀၀% မူတည်ပါတယ်။

ညံ့တဲ့ကလေးမရှိပါဘူး.. ပံ့ပိုးမှုမတူတာပဲရှိပါတယ်လို့ပဲ ပြောချင်ပါတယ်။

ကမ္ဘာကျော် ပညာရှင်ကြီး အဲလ်ဘတ် အိုင်းစတိုင်း ပြောခဲ့သလိုပဲ

"လူတိုင်းဟာ ပါရမီရှင်တွေပါ...
ဒါပေမဲ့ ငါးတစ်ကောင်ကို သစ်ပင်တက်ခိုင်းတဲ့ စနစ်အောက်မှာ ထားရင် အဲဒီငါးဟာ တစ်သက်လုံး သူ့ကိုယ်သူ ညံ့တယ်လို့ ထင်သွားမှာပါ"

ဆိုတဲ့အတိုင်းပဲ ပညာရေးစနစ်က ကလေးတွေကို ပုံစံခွက်တစ်ခုထဲ ဇွတ်သွင်းနေသလားဆိုတာ ပြန်လည်ဆန်းစစ်ရမှာ ဖြစ်ပါတယ်။

ဒါဟာ ကလေးညံ့တာမဟုတ်ဘဲ စနစ်က ကလေးရဲ့ အားသာချက်နဲ့ စွမ်းဆောင်ရည်တွေကို မမြှင့်တင်ပေးနိုင် ရှာမပေးနိုင်တာ ဖြစ်ပါတယ်။

Neuroplasticity ပိုင်းနဲ့ ပြောရရင်

ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဟာ ငယ်စဉ်မှာ ပုံသွင်းရလွယ်ပါတယ်။

ကောင်းမွန်တဲ့ လှုံ့ဆော်မှု (Stimulation) ပေးနိုင်တဲ့ ကျောင်းနဲ့ မိဘလက်ထဲမှာရှိတဲ့ကလေးဟာ မရတဲ့ကလေးထက် သိသိသာသာ ရှေ့ရောက်နေမှာ ဖြစ်ပါတယ်။

ကလေးတစ်ယောက်ရဲ့ တော်ခြင်း ညံ့ခြင်းဆိုတာ သစ်စေ့တစ်စေ့နဲ့ တူပါတယ်။

သစ်စေ့ Potential ဆိုတဲ့ စွမ်းဆောင်နိုင်စွမ်းဟာ ကလေးတိုင်းမှာ ပါလာပြီးသားဖြစ်ပါတယ်။

စိုက်ပျိုးသူ (Parenting) မိဘတွေရဲ့ ဂရုတစိုက်ပျိုးထောင်မှုနဲ့
ရာသီဥတု လို ကောင်းမွန်တဲ့ စနစ်ရှိပြီး လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်နဲ့ မှန်ကန်တဲ့ သင်ကြားနည်းရှိမှသာ ပိုဖြစ်ထွန်းနိုင်ကြတာပါ။

ဥပမာ-

လက်တွေ့သင်ယူလေ့လာနိုင်ဖို့ ဖန်တီးပေးနိုင်တဲ့ဆရာဆရာမတွေရှိတဲ့ကျောင်း ...ကလေးကို မေးခွန်းမေးဖို့ အားပေးတဲ့ ဆရာတွေရှိတဲ့ကျောင်းမှာ တက်ရတဲ့ကလေးနဲ့

ဘာမှ အတွေးအခေါ်မရှိ မေးမြန်းစူးစမ်းခြင်းကိုအားမပေး အလွတ်ကျက်ခိုင်းတဲ့ ကျောင်းမှာ တက်ရတဲ့ကလေးဟာ တူညီတဲ့အရှိန်နဲ့ မပြေးနိုင်သလို ဖြစ်ထွန်းနိုင်ခြေမတူနိုင်ပါဘူး။

အခက်အခဲကြားက တော်လာတဲ့ကလေးဆိုတာကလည်း

သဲကန္တာရထဲမှာ ပေါက်တဲ့ ရှားစောင်းလက်ပတ်လို အလွန်
ရှားပါးတဲ့ ခြွင်းချက် Exception သာ ဖြစ်ပါတယ်။

အများစုသော ကလေးတွေကတော့ ကောင်းမွန်တဲ့ ဂေဟစနစ် School Environment ရှိမှသာ စနစ်တကျ ရှင်သန်နိုင်ကြတာပါ။

လူကြီးတွေက ကောင်းမွန်တဲ့ ပညာရေးစနစ်ကို တောင်းဆို ဖန်တီးပေးရမယ့်အစား...

မိဘကိုယ်တိုင်က ကလေးကို နည်းမှန်လမ်းမှန်နဲ့ ပြုစုပျိုးထောင် သွန်သင်လမ်းပြရမယ့်အစား ...

"တော်တဲ့ကလေးက ဘယ်မှာနေနေ တော်မှာပဲ" ဆိုတဲ့ ကံတရားယုံကြည်မှုလိုမျိုး ပုံချလိုက်တာဟာ ကလေးရဲ့ အနာဂတ်ကို လောင်းကစား လုပ်လိုက်တာနဲ့ အတူတူပါပဲ။

ဒီလိုစကားမျိုးတွေဟာ စနစ်ဆိုးကို လက်သင့်ခံခိုင်းတဲ့ ဝါဒဖြန့်မှု သာ ဖြစ်ပါတယ်။

တကယ်တော့ ကောင်းမွန်တဲ့ စနစ်နဲ့ ဂရုတစိုက်ပျိုးထောင်တဲ့ မိဘလက်ထဲမှာ ကလေးတိုင်းဟာ သူတို့နည်းသူတို့ဟန်နဲ့ တော်နိုင်ကြပါတယ်။

ပညာရေးစနစ် ညံ့ဖျင်းလို့ ကလေးတွေ အတွေးအခေါ် မဖွံ့ဖြိုးတာဟာ ကလေးကြောင့်မဟုတ်ဘဲ "စနစ်ဆိုး" ဆိုတဲ့ အကြောင်းတရားကြောင့် ရလာတဲ့ အကျိုးတရားပါ။

အကြောင်းတရားကို မပြင်ဘဲ "ကလေးကံ" ကိုပဲ ပုံချနေရင် ဘယ်တော့မှ ဒီပညာရေးပြောင်းလဲမှာ မဟုတ်ပါဘူး။

"ငါ့နိုင်ငံမို့လို့၊ ငါ့ရိုးရာမို့လို့၊ ငါ့နိုင်ငံပညာရေးမို့လို့" ဆိုပြီး အားနည်းချက်တွေကို ဇွတ်မှိတ်ကာကွယ်တာဟာ အဲဒီအရာတွေကို ချစ်ရာမကျဘဲ "ဖျက်ဆီးရာ" ပဲ ရောက်ပါတယ်။

ဒါကို အချို့က မျိုးချစ်စိတ်ဆိုပြီးတော့လည်း ခေါင်းစဉ်တပ်ကြပါသေးတယ်။

တကယ့် မျိုးချစ်စိတ်ဆိုတာ မိမိနိုင်ငံရဲ့ အားနည်းချက်ကို ရဲရဲဝံ့ဝံ့ ဝေဖန်ပြီး ပြုပြင်ဖို့ ကြိုးစားခြင်းသာ ဖြစ်ပါတယ်။

အမှားကို ဖုံးဖိပေးတာဟာ အနာကို အဝတ်နဲ့အုပ်ထားသလိုဖြစ်ပြီး တဖြည်းဖြည်းနဲ့ ပိုပြီး ပုပ်ပွလာစေပါတယ်။

ပိုကောင်းတဲ့ဘက်ကို ဦးတည်စေတဲ့ ဝေဖန်ထောက်ပြမှုတွေကို "ငါ့နိုင်ငံ ပညာရေးကို မပြောနဲ့ ..ငါတို့ဟာကို လာမထိနဲ့" ဆိုတဲ့ စိတ်ဓာတ်ဟာ အမှန်တရားထက် Ego အတ္တ ကို ရှေ့တန်းတင်နေတာ ဖြစ်ပါတယ်။

အဆိုးဆုံးအချက်ကတော့ အခုလို အမှားကို ဇွတ်ကာကွယ်တာ၊ မဝေဖန်ရဲတာ၊ ကလေးတွေကိုပဲ ပုံချတာတွေဟာ ဒီပညာရေးစနစ်ကပဲ စနစ်တကျ ရိုက်သွင်းပျိုးထောင်ထားတဲ့ ရလဒ် ဖြစ်နေတာပါပဲ။

စာသင်ကျောင်းတွေဟာ မေးခွန်းမေးတဲ့ကလေးကို "နားမထောင်တဲ့ကလေး" လို့ သတ်မှတ်ပြီး ...
19👍1
ခေါင်းငြိမ့်လက်ခံတဲ့ကလေးကို "လိမ္မာတဲ့ကလေး" လို့ တံဆိပ်ကပ်ခဲ့ကြပါတယ်။

ဒါ့ကြောင့် လူကြီးဖြစ်လာတဲ့အခါမှာလည်း အမှားကို အမှားလို့ မပြောရဲဘဲ "အေးအေးလူလူ လက်ခံတတ်ခြင်း" ကိုပဲ အကျင့်ပါသွားကြခြင်းဖြစ်ပါတယ်။

စနစ်ဆိုးဟာ လူတွေကို ကမ္ဘာကြီးနဲ့ ချိတ်ဆက်မပေးဘဲ ကိုယ့် အိုင်ငယ်ထဲက ဖားတွေလိုပဲ "ငါတို့ဟာသာ အကောင်းဆုံး" လို့ ယုံကြည်အောင် မှိုင်းတိုက်ထားတတ်ပါတယ်။

ဒါ့ကြောင့် မကောင်းတာကို မကောင်းဘူးလို့ ပြောနိုင်ခြင်းဟာ "ရိုးသားခြင်း" ဖြစ်သလို "အဆင့်မြင့်တဲ့ ပညာတတ်မှု" လည်း ဖြစ်ပါတယ်။

အမှားကို အမှန်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေသရွေ့ ပိုကောင်းတဲ့ လူမှုအဖွဲ့အစည်း၊ ပိုကောင်းတဲ့ ပညာရေးစနစ်ကို ဘယ်တော့မှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် "ညံ့တဲ့ကလေးက ညံ့မှာပဲ.. တော်တဲ့ကလေးကတော်မှာပဲ .. ကလေးကံပဲ" လို့ မသတ်မှတ်ခင် "စနစ်နဲ့ ပတ်ဝန်းကျင်က ဘယ်လောက်အထိ ပျက်ကွက်နေသလဲ" ဆိုတာကို အရင်မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။

Than Maw Aung Educator
37🥰2
တယ်လီကွန်း Company ရဲ့ ကံစမ်းမဲကပေးတဲ့ သင်ခန်းစာ..
ဒီကံစမ်းမဲကို အခြေခံပြီး မြန်မာပြည်တွင်းမှာ ပြည်သူတွေ သတိထားရမယ့်ကိစ္စလေးတွေသိသလောက်မျှဝေပေးပါမယ်။ အထူးသဖြင့် မြန်မာထိုင်းနယ်စပ် ကျားဖြန့် မြို့တော်တွေကို နှိမ်နင်းချိန် ၅၀၀၀၀၀-၇၀၀၀၀၀ ခန့်ရှိတဲ့ ကျားဖြန့်ရုံးတွေမှာလုပ်ခဲ့တဲ့ ဝန်ထမ်းမြန်မာလူငယ်တွေဟာ ပြည်မထဲကို ပြီးခဲ့တဲ့ သုံးလအတွင်းအလုံးအရင်းနဲ့ ပြန်လည်ဝင်ရောက်သွားကြပြီး အလုပ်လက်မဲ့အနေနဲ့ တော်တော်များများရှိနေကြပါတယ်။ သူတို့တွေက အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ ပက်သက်လို့ ဖုန်းတစ်လုံးနဲ့ တင် လိမ်လည်နိုင်တဲ့ လူတွေပါ။ ဒါပေမယ့် နောက်ပိုင်းမှာ မြန်မာလူမျိုးတွေ ဗဟုသုတ ရှိလာတဲ့ အတွက် ဖုန်းခေါ်ဆိုပြီး မဲပေါက်တယ် ထီပေါက်တယ် ဆိုတဲ့ မက်လုံးပေးလိမ်လည်မှုတွေဟာ မထိရောက်တဲ့ နည်းလမ်းဖြစ်လာပြီး လိမ်လည်ဖို့ ခက်လာကြောင်း သူတို့အချင်းချင်းရင်ဖွင့်ရတဲ့ အထိပါပဲ။
ဒါပေမယ့် အခုကံစမ်းမဲ အစီအစဉ်ကြောင့် သူတို့ပြန်လိမ်လည်ဖို့ အခွင့်အရေး တကျော့ပြန်ရရှိလာပါတယ်။ ဘာလို့ဆို ထီပေါက်တယ် မဲပေါက်တယ်ဆိုတဲ့ မက်လုံးကို ပြန်လည်အသုံးချလာနိုင်လို့ပါ။ ထီပေါက်တယ်လို့ပြောရင် တစ်ဖက်က သားကောင်ဖြစ်တဲ့ ဖုန်းကိုင်တဲ့ သူဟာ သေချာပေါက် ဂရုစိုက်နားထောင်တော့မှာမို့လို့ပါပဲ။ ဆိုတော့ ချင့်ချိန်‌ပေါ့ ကိုယ့်ဘာသာ ခွဲခြားပေါ့ဆိုတော့ အသက်ကြီးတဲ့လူကြီးပိုင်းတွေအဖို့ အလိမ်ခံရဖို့ ပိုအခွင့်အလမ်းများသွားမှာပါ။ ဒီမှာထူးခြားတာ တစ်ခုက ဖုန်းဆက်လိမ်လည်တဲ့ သူတစ်ယောက်ဟာ အသံကို အားပြုပြောနေသည့်တိုင် တစ်ဖက်လူက ၅ စက္ကန့်ကနေ ၁၅ စက္ကန့် အတွင်း ယုံအောင်လိမ်လည်နိုင်ပါတယ်။ အဲလောက်သိနေရအောင် မင်းက ကျားဖြန့်ဟောင်းလားလို့မေးရင်တော့ ကျားဖြန့်နဲ့ မဆိုင်ဘဲ သိနိုင်တဲ့ ဗဟုသုတ တစ်ခုရှိပါတယ်။
အဲဒါကတော့ Tiktok နဲ့ Youtube တို့မှာတင်တဲ့ Video တွေကို အလုပ်လုပ်တဲ့ Algorithm ကိုပဲဥပမာပေးရပါမယ်။ သူတို့ Algorithm အလုပ်လုပ်ပုံက Video တစ်ခုကို လူအယောက် ၁၀၀ လောက်ကိုပြပါတယ်။ အဲဒီအယောက်တစ်ရာရဲ့ ကြည့်ရှုတဲ့ ပထမ ၅ စက္ကန့်ကို AI ကဆုံးဖြတ်ပါတယ်။ အဲဒီ ၅ စက္ကန့်မှာ ကြည့်ရှုသူက စိတ်ဝင်စားပြီး ဆက်မနေရင် အဲဒီ Video ကို စိတ်ဝင်စားမှုမရှိလို့ သတ်မှတ်ပြီး ဆက်မပြပါဘူး။ ဒါကြောင့် ကျားဖြန့်တွေရဲ့ ဖုန်းဆက်သွယ်မှုမှာလဲ ပထမ ၅ စက္ကန့်ကနေ ၁၅ စက္ကန့်အတွင်းဖုန်းဆက်ကိုင်နေနိုင်အောင် ကြိုးစားတာဖြစ်လို့ ထူးခြားတဲ့ဖုန်းတွေ ဆက်သွယ်မှုတွေလုပ်လာရင် ချက်ချင်းချပစ်ဖို့ အကြံပြုလာကြတာဖြစ်ပါတယ်။ ဆက်နားထောင်ရင် အလိမ်ခံရနိုင်ခြေမြင့်တတ်လာလို့ပါ။ ဒါဆို မဲပေါက်တဲ့အစီအစဉ်တွေ အတွက်ဘယ်လိုလုပ်မလဲ “ငါတို့က ဒါမျိုးလုပ်လို့မရတော့ဘူးလား” ဆိုရင်တော့ အဲလို ဖုန်းခေါ်တဲ့ Culture ကို မလုပ်သင့်တော့ပါဘူး။ ဒါဆို “ဟာ ဘာဆိုင်လို့လဲ ငါတို့လုပ်နေကြပုံစံ ငါတို့လုပ်တာပဲ မင်းကဘာကောင်မို့လို့လဲ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ ဘာဥပဒေရှိလို့လဲ” ဒီလိုပြောလာမယ်ဆိုရင်ရော ဆိုတာအတွက်ကတော့။
၁. ထိုင်းနိုင်မှာ အွန်လိုင်းလိမ်လည််မှု တွေကိုတားဆီးတဲ့ အနေနဲ့ Telecom တွေနဲ့ ဌာနဆိုင်ရာတွေကို စည်းမျဉ်းအသစ်သတ်မှတ်ပေးထားပါတယ်။ အဲဒါကတော့ သူတို့အနေနဲ့ ဖုန်းသုံးဆွဲသူတွေကို သတိပေးစာ အသိပေးစာ စာတိုတွေပေးပို့တဲ့ အခါမှာ Message တွေထဲမှာ လင့်ခ်တွေ ထည့်ပြီး ပေးပို့ခြင်းးကို တားမြစ်ထားပါတယ်။ တစ်လကျော်လောက်ပဲရှိဦးမယ်ထင်ပါတယ်။ ဒီလို မျိူး ကိစ္စအသစ်တွေ အတွက်ပြည်သူကို ကာကွယ်ပေးမယ့် ဥပဒေအသစ်တွေကတော့ အစိုးရပိုင်းက ထုတ်ပြန်ထားဖို့လိုပါတယ်။ အခုလဲ TV Show တွေ ကံစမ်းမဲ အစီအစဉ်တွေနဲ့ ပက်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ အစိုးရကို တင်ပြပြီးမှ လုပ်ပြီး အစိုးရ စည်းမျဉ်းစည်းကမ်း ချမှတ်တဲ့ အတိုင်းလုပ်သင့်ပါတယ်။ ပွဲစီစဉ်သူရဲ့ စည်းမျဉ်းစည်းကမ်း ဆိုတာမျိုးမဖြစ်ရပါဘူး။ အထူးသဖြင့် ပြည်သူကို ထိခိုက်မှု မရှိစေရပါဘူး။
၂. နောက်တစ်ခုကတော့ ကမ္ဘာမှာ လေယာဉ်အပိုင်စီးတယ်ဆိုတဲ့ ရိုးရာတစ်ခု တစ်ချိန်က ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် 9/11 တိုက်ခိုက်မှု အပြီးနောက်ပိုင်းမှာ ကမ္ဘာမှာ လေယာဉ်အပိုင်စီးတယ်ဆိုတဲ့ Culture မရှိတော့ပါဘူး။ ဘာလို့လဲ ဆိုရင် 9/11 တိုက်ခိုက်မှုမှာ အကြမ်းဖက်သမားတွေက လေယာဉ်တွေကိုလုပြီး အသေခံ တိုက်ခိုက်ကြလို့ပါ။ ဒါကြောင့် နိုင်ငံတကာ ဥပဒေတွေမှာ လေယာဉ် အပိုင်စီးတာခံရတာနဲ့ အဲဒီလေယဉ်ကို တိုက်လေယဉ်တွေနဲ့ ချက်ချင်းပစ်ချဖို့ အခွင့်အရေးပေးထားပါတယ်။ ဘာလို့ ဆို 9/11 လို အကြမ်းဖက်မှုမျိုး ထပ်ဖြစ်မှာဆိုးလိုပါ။ ဒါကြောင့်တော်ရုံ ပိုက်ဆံလိုချင်လို့ သာမာန်လေယာဉ်အပိုင်စီးမှုမျိုးတွေ မလုပ်ကြတော့ပါဘူး။ ဘာလို့ဆို အပိုင်စီးတဲ့သူရော လေယာဉ်တစ်စီးလုံး ရော ဖျက်ဆီးခံရမှာမို့ ဒီ Culture ကြီးတစ်ခုလုံးပျောက်သွားတာပါ။
ဒါကြောင့် မဲပေါက်တယ် ထီပေါက်တယ်ဆိုပြီး စာပို့တယ် ဖုန်းခေါ်တယ် ဆိုတဲ့ Culture ဟာ မြန်မာနိုင်ငံလို ကံမကောင်း အကြောင်းမလှစွာ ကျားဖြန့် ဗဟိုချက်လို့ နိုင်ငံတကာက သတ်မှတ်ခံခဲ့ရတဲ့ နေရာမျိုးမှာ လုံးဝကိုမလုပ်သင်တော့တဲ့ ကိစ္စတစ်ခုပါ။ ပြည်သူတွေအနေနဲ့ကတော့ မဲပေါက်တယ် ထီပေါက်တယ်ဆိုတဲ့ ဖုန်းကော တွေကို အရင်လိုပဲ ဥပက္ခာပြုထားဖို့ပဲ လိုပြီး အဲလို ဖုန်းကောတွေ ပြုလုပ်သူတွေကို
11
သာ ဥပဒေသစ်ပြဌာန်း တားဆီးသင့်ပါတယ်။ ဘာလို့ဆို ဖုန်းကောဟာ တကယ်ငွေပေးတဲ့ ဖုန်း ဖြစ်ဖို့ထက် ကျားဖြန့်ဖြစ်နိုင်ခြေဟာ ရာနှုန်းပြည့်နီးပါးပါပဲ။
#telecom #knowledge #lottery #ScamAlert #forecast