Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲 pinned «ကျားဖျန့်ခေါ် စလော့ဂိမ်းပေါင်းများစွာနဲ့ လက်ရှိအခြေအနေ ကျွဲခတ်ခြင်း၊နွားခတ်ခြင်း၊စကာတာမကျခြင်း၊Majour,Grand,Minior မကျခြင်းကြောင့် ဘဝပျက်ကြသူများ ========================= မနေ့က ကျွန်တော် ကြားလိုက်ရတဲ့ ဖြစ်ရပ်တစ်ခုကြောင့် ရင်ထဲမှာ တော်တော်လေး မွန်းကြပ်သွားတယ်။…»
ဂမ်ဘီယာ၏ စွပ်စွဲချက်များနှင့် မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်များ နှိုင်းယှဉ်ဇယား
ရေသည်စကားစပ် တကယ်နှံ့စပ်ရဲ့လား
ဒါတွေ ဖြေတာ မမှားရင်
လက်ခမောင်းခတ်ထား...
🌹🌳🌹🌳🌹🌳🌹🌳🌹
(၁) လေးကျွန်းဥက္ကဌ်၊ မင်းမန္ဓာတ်သည်၊ နတ်တို့စည်းစိမ်၊ တာဝတိံကို၊ ဒေဝိန်မြတ်လေး၊ တစ်ဝက်ပေးလို့မှ၊ ပေးရာတွင်မရပ်၊ သိကြားနတ်ကို၊ သတ်၍ယူမည်၊ အကုန်မှူးချင်လို့၊ ကြုံဖူးသည်။
(၂) ရွှေဘုံထောင်တည်၊ ကာသိတိုင်းပါ၊ ပွင့်လှိုင်းသာတဲ့၊ ဗာရာပြည်ကို၊ ချစ်ကြည်မြတ်လေး၊ တစ်ဝက်ခြမ်းလို့၊ မင်းခမ်းပါပေးမဟဲ့။
(၃) ညစာနံနက်၊ စားရရက်မှာတော့၊ မြတ်သီးရောရာ၊ မုရင်းဆိုတဲ့၊ ဆန်အိုတာကို၊ ရတနာချဉ်ပေါင်၊ ငါးပိအလျှင်း၊ ဆီမဆင်းတဲ့၊ ဟင်းများနောင်နှင့်၊ အာခေါင်ကိုဆွတ်၊ မဝင်မချင်း၊ လည်ချောင်းကိုစင်းပြီးလျှင်၊ အတင်းသာသွတ်ရတယ်။
(၄) အောက်ပြည်နရက်၊ သည်ကတက်၍၊ ဘဝဂ်တိုင်အောင်၊ တဏှာလောဘ၊ ကျယ်ပြောလှတဲ့၊ ဘဝဘောင်ကို၊ ပုပ်ဟောင်နံညှီ၊ နှလုံးနောက်လို့၊ ကြောက်လှပြီ။
(၅) ကျွန်တော်မျိုးသည်၊ မွဲရိုးမက၊ မွဲတေလှတဲ့၊ ဒုက္ခိတအကောင်၊ ရူးကြောင်ကြောင်ကို၊ ရွှေတောင်ကြီးသခင်၊ မြတ်ရာကိုတင်သောကြောင့်၊ သို့စင်အထူး၊ အိပ်မက်တွင်မှ၊ မမြင်ဖူးတဲ့၊ ကျေးဇူးကြီးလှ၊ အိမ်ရှေ့အရာ၊
မင်းချမ်းသာကို၊ စိတ်လိုရာရပေတယ်။
(၆) ဒုက္ခိတကြီး၊ အထီးကျန်ခဲ့၊ ကိုးရာမဲ့၊ စုတ်ပဲ့ချွတ်ခြုံ၊ ငါကဲ့သို့လူပုံကိုပင်၊ ကြည်ယုံစိတ်တော်၊ နောင်ရေးမြော်၍၊ သူတော်သူကောင်း၊ မြတ်ဆုကိုတောင်းနေတဲ့၊ ဘုရားလောင်းကျေးဇူးရှင်၊ ကယ်ဆယ်တင်လို့၊ သို့စင်ကြီးလှ၊ အိမ်ရှေ့ဥပရာဇ်၊ စည်းစိမ်နှစ်ကို၊ ငါစင်စစ်ရပေတယ်။
(၇) လူ့တိုင်းပြေမှာ၊ နေဖို့မကောင်း၊ ရွှေရင်ကြားကို၊ ဓားနှင့်မွှေလို့၊ သေဖို့သာ ကောင်းတော့တယ်။
(၈) ကျော်လွှားခုန်ပေါက်၊ တီးလက်ဖျောက်နှင့်၊ မြောက်သို့တူရူ၊ မျက်နှာမူ၍၊ ပူမှန်းမသိ၊ ချွေးတလုံးလုံး၊ လမ်းမဆုံးအောင်၊ ပြေးတုန်းပင်ရှိသေးသည်။
(၉) လူ့ဘောင်လောက၊ တဏှာဝန်ကို၊ ကြောက်ရွံလှ၍၊ ဒုက္ခအစုံ၊ ထိုတဏှာကို၊ ဘယာရှုလျက်၊ ယခုစိတ်ချ၊ နိက္ခမဖြင့်၊ ကိစ္စပြီးစေ၊ ကြံပချေ၍၊ မှန်ပေသမျှ၊
မြတ်ရာဆုငယ်မို့၊ ဘာဓုခေါ်သင့်လှပေသည်။
(၁၀) သူတော်ပီပီ၊ ဘုရားလောင်းတို့၊ ထုံးဟောင်းကိုမှီပြီးလျှင်၊ ပါရမီသုံးဆယ်၊ ကျင့်ထုံးနွယ်ဟု၊ သုံးသွယ်စရိယ၊ စွန့်ခြင်းငါးရပ်၊ ဗောဓိသတ်တို့၊ မြတ်စာဂကို၊ အရလှမ်း၍၊ မဂ်ငြမ်းထူတော်မူတော့မည်။
(၁၁) ပဲဝက်ခန့်မျှ၊ သည်ငွေစကို၊ မတနဲ့လို့၊ တကယ့်သဘော၊ ငါ့ရှေ့နားက၊ ဘုရားမတ်မတ်၊ စက်စုံရပ်၍၊ အတတ်ပင် ဟောကတဲ၊ သည်ဇောကိုအဟုတ်၊
ငါမချုပ်နိုင်ဘူး။
(၁၂) ကျွန်တော်မျိုးသည်၊ ကိုးဌာနဘုံ၊ လောကသုံးဖြာ၊ သတ္တဝါတို့၊ တဏှာချုံဟု၊ ကာမဂုဏ်ငါးရပ်၊
ဥပဒ္ဒဝေါ၊ သစ်ကျားပေါတဲ့၊ တောမြောင်ချပ်မှာ၊ ချဉ်းကပ်လွန်လွန့်၊ မနေဝံ့ပြီဘူး။
(၁၃) ဇာတာထွန်းပေါ်၊ ကံနှိုးဆော်လို့၊ မတော်တဆ၊ မုရင်းမောင်မောင်၊ ဦးချဉ်ပေါင်ရို့နှင့်၊ အိမ်ထောင်များကျခါမှ၊ ဝဝကြီးပေါင်းလန်အောင်၊ ဝမ်းစည်းစိမ်ခံတော့မယ်။
(၁၄) လောကီအာရုံ၊ ကာမဂုဏ်မှာ၊ ပုံဥပဒေ၊ ကျတ်တွင်းရေသို့၊ သောက်လေသောက်လေ၊ ငတ်မပြေဘူး၊
အေးထွေမနောက်၊ လေးမဂ်ရေကို၊ ရှာဖွေလို့သောက်ရမှ၊ ဝမ်းမြောက်ရွှင်ပြုံး၊ ရေငတ်စတုံးတော့မယ်။
(၁၅) ငွေစင်ပဲဝက်၊ မသုံးရက်တဲ့၊ အနဂ္ဃရတနာ၊ မြောက်မြို့ရိုးကြား၊ ငါဝှက်လို့ထားခဲ့တဲ့၊ ကြေးများစွာကို၊ မကြာချက်ချင်း၊ မီးနှင့်အတူ၊ ကျိုက်ကျိုက်ဆူတဲ့၊ သဲပူတွင်းမှာ၊ သိုင်းနင်းကွက်ကျ၊ ရေသည်မလူ၊ ကြင်သည်းအူ၊ ငွေစယူကြွတော့မည်။
(၁၆) ဘုန်းဘုရားစည်းစိမ်၊ ဘုံကြငှန်းနှင့်၊ ရွှေနန်းအိမ်ကို၊ ကြိုးလိမ်ထူးပတ်၊ ထောင်တန်းလောက်မှတ်ပြီမို့၊
မမြတ်နိုးချင်၊ လက်ငင်းခုပဲ၊ လျှော်တေလဲလို့၊ မြိုင်ထဲသို့ဝင်ပါတော့မည်။
(၁၇) အကြံယွင်းပါး၊ မှားခြင်းကြီးမှားပေါ့၊ ဘုရားတစ်ဆူ၊ ဗုဒ္ဓင်္ကူ၊ ဇမ္ဗူလုံးထီး၊ ကျေးဇူးသခင်၊ မြတ်ရာတင်တဲ့၊ ရှင်မင်းကြီး၊ ကြက်သီးထဖွယ်၊ ပြည်ကိုလုယက်၊ နန်းဦးကိုတက်မည်ဟု၊ အသက်ကိုရွယ်မိတယ်။
(၁၈) ဘုန်းဝှန်ဘုရား၊ ဇမ္ဗူသနင်း၊ တစ်ဆူချင်းတဲ့၊
ထွတ်မင်းဖျားက၊ သနားကြည်ဖြူ၊ မြှောက်စားတော်မူသောကြောင့်၊ ကြီးထူစည်းစိမ်၊ စံရွှေအိမ်နှင့်၊ ချမ်းငြိမ်ကြည်မြေ့၊ တန်ခိုးကြွေ့၊ အိမ်ရှေ့အရာ ရပေပြီ။
(၁၉) ဘုရားတစ်ဆူ၊ နှလုံးတော်ဖြူပါတဲ့၊ ဇမ္ဗူလုံးသခင်၊ ကျေးဇူးရှင်ကို၊ အရှင်လတ်လတ်၊ သန်လျက်နှင့်ဖြတ်မယ်လို့၊ မအပ်မရာ၊ ကြံမိချက်ကယ်နှင့်၊ ပက်စက်ရှာလေတယ်။
(စာမေးပွဲ ခန့်မှန်းမဟုတ်ပါ။ ဉာဏ်ကစားရန်အတွက်သာ။)
ဦးမြင့်ဇော် (ရွှေတံခါး)

❤11
[ပါဠိဖတ်နည်း မူသေနည်း]
၁။နှစ်လုံးဆင့်တွင်၊ အထက်လျှင်၊ သတ်ပင်မြဲဧကန်။
၂။ အိ,အု နှစ်ဝ၊ (က,စ,ပ)၊ ဖတ်ကြ 'တ'-သတ်သံ။
၃။ အိ, အု နှစ်ဝ၊ (င,ဉ,ယ)၊ ဖတ်ကြ 'န'-သတ်သံ။
၄။ အေ-သံနောက်က၊ (က,တ, ပ)၊ ဖတ်ကြ'စ'-သတ်သံ။
၅။ အေ-သံနောက်က၊ (ဉ.န.မ)၊ ဖတ်ကြ
'င'-သတ်သံ။
၆။ အော-သံနောက်က၊ (စ,တ, ပ)၊ ဝဆွဲ တ-သတ်သံ။
၇။ အော-သံနောက်က၊( ဉ.န.မ)၊ ဝဆွဲ န-သတ်သံ။
၈။အုပ်စုမဲ့ထပ်၊ ထိုအသတ်၊ ရွတ်ဖတ်ကြိမ်နှစ်သံ။
၉။ သ,သတ်ကို-"တ"၊ လ, သတ်−"န"၊ ဖတ်မှအသံမှန်။
၁၀။ ပါဠိဖတ်နည်း၊ မူသေစည်း၊ အပြီး မှတ်ကြရန်။
🗼🗼🗼🗼🗼🗼🗼🗼🗼🗼🗼🗼
မူသေစည်းရှင်းလင်းချက်။
••••••••••••••••••••••••••
၁။ နှစ်လုံးဆင့်တွင်၊ အထက်လျှင်၊ သတ်ပင်မြဲဧကန်။
◾ပါဠိစာတွင်အသတ်မရှိသော်လည်းပါဌ်ဆင့်ကိုဖတ်သော အခါ-ရှေ့ပင်မစာလုံးကိုနောက်၌ဆင့်ထားသောအထက် စာလုံး ဖြင့်သတ်၍၊အောက်စာလုံးကို အသံမှန်အတိုင်းဖတ်ရသည်။
ပုံစံ။ ။ သမန္တာ = သမန်တာ၊
စက္ကဝါဠေသု = စက်ကဝါဠေသု၊
#မှတ်ရန်။ ။ဝဂ်ဗျည်း(၂၅) လုံးတွင် အုပ်စုတူချင်းဖြစ်သော အမှတ်စဉ်(၁) နှင့်(၃) အသတ်တို့သည် အသံတူကြသည်၊
ဆိုလို သည်မှာ –
-က သတ်နှင့် ဂ သတ်၊ အသံတူသည်။
-စ သတ်နှင့် ဇ သတ်၊ အသံတူသည်။
-ဋ သတ်နှင့် ဍ သတ်၊ အသံတူသည်။
-တ သတ်နှင့် ဒ သတ်၊ အသံတူသည်။
-ပ သတ်နှင့် ဗ သတ်၊ အသံတူသည်။
ပုံစံ။ ။
အက်=အဂ် {ကက်}
အစ်=အဇ် {အစ် }
အဋ်=အဍ် {အဋ်}
အတ်=အထ်{အတ်}
အပ်=အဗ် {အပ်}
မှတ်ချက်။ ။ဋ=တ|ဌ=ထ|ဍ=ဒ|ဎ=ဓ|ဏ=န တို့သည် အသံတူကြသည်။
#အုပ်စုတူ အမှတ်စဉ် (၁) နှင့် (၃) တို့ အသံတူဖြစ်ကြသလို။
အုပ်စု (၅) ခု၏အဆုံး ဗျည်းအမှတ်စဉ် (၅) မှ (င နှင့် ဉ)-(၂) လုံးတို့သည်၄င်း၊
(ဏ,န,မ )-(၃)လုံးတို့သည်၄င်း အသံတူများဖြစ်ကြပါသေးသည်။
ပုံစံ ။ ။
င- သတ်နှင့် ဉ - သတ် အသံတူသည်။ အင်= အဉ် (သဉ္စ=သင်စ၊ အညတရာ=အင်ဉတရာ)
ဏ, န, မ သတ် တို့အသံတူကြပုံ
ပုံစံ။ ။
(သမန္တာ=သမန်တာ၊ကဏ္ဋက=ကန်တက ၊ဘုမ္မာ = ဘုမ်မာ)
မှတ်ရန်။ ။မ-သတ်သည်ကားပါးစပ်ပိတ်၍နှာခေါင်းမှအသံ ထွက်ရသည်။
_______
၂။ အိ, အု နှစ်ဝ၊(က.စ. ပ)၊ ဖတ်ကြ တ- သတ်သံ။ ‘နှစ်လုံးဆင့်ရှေ့တွင်ရှိသော စာလုံးသည်- အိအု (ဣ,ဥ)အသံ တစ်ခုခုဖြစ်၍ အသတ်စာလုံးသည် က'စ'ပ အသတ်တစ်ခုခု ဖြစ်ခဲ့သော် “တသတ်” သံထွက်သည်။
ပုံစံ။ ။နိက္ခမနံ=နိက်ခမနံ=နိတ်ခမနံ(နိသည်,အိ အသံ){က်} ဝိစ္ဆိက= ဝိစ်ဆိက= ဝိတ်ဆိက (ဝိသည်,အိ အသံ){စ်}
ကုက္ကူရ=ကုတ်ကုရ=ကုတ်ကုရ(ကုသည်,အု အသံ){က်}
ဥပ္ပဇ္ဇေယျ=ဥပ်ပဇ်ဇေယျ=အုတ်ပစ်ဇေယ(ဥသည်,အုအသံ){ပ်}
______
၃။ အိ, အု နှစ်ဝ၊ (င,ဉ,ယ)၊ ဖတ်ကြ န-သတ်သံ။ -ရှေ့ စာလုံးသည်အိ,အု(ဣ,ဥ)အသံတစ်ခုခုဖြစ်၍အသတ်စာလုံး သည် င. ဉ.ယ တစ်ခုခုဖြစ်ခဲ့သော် “န-သတ်”သံထွက်သည်။
ပုံစံ။ ။
#အဘိညာယ=အဘိဉ်ဉာယ= အဘိန်ညာယ
{အိ-အသံ}
ဝိညူဟိ = ဝိဉ်ဉူဟိ = ဝိန်ညူဟိ
{အိ-အသံ}
#ပုည = ပုဉ်ဉ = ပုန်ည
{အု-အသံ}
သုညာဂါရ = သုဉ်ဉာဂါရ = သုန်ညာဂါရ
{အု-အသံ}
#နိယျာနိကံ = နိယ်ယျာနိကံ – နိန်ယာနိကံ (အိ အသံ, ယ်)
______
၄။ အေ, သံနောက်က၊ [က, တ, ပ]၊ ဖတ်ကြ စ-သတ်သံ။ -ရှေ့စာလုံးသည် အေ(ဧ)သံဖြစ်၍အသတ်စာလုံးသည် (က.တ ပ.) အသတ်တစ်ခုခုဖြစ်ခဲ့သော်
“စ သတ်” သံထွက်သည်။
ပုံစံ။ ။ ပေက္ခာ= ပေက်ခါ = ပစ်ခါ
(ပေ သည် အေ အသံ)
ဧတ္ထ=အေတ်ထ = အစ်ထ
(ဧ သည် အေ အသံ)
_______
၅။ ""အေ""သံနောက်က၊ [ဉ န. မ]၊ ဖတ်ကြ င-သတ်သံ။
-ရှေ့စာလုံးသည် အေ(ဧ) သံဖြစ်၍ အသတ်စာလုံးသည် ဉ.န.မ အသတ်တစ်ခုခုဖြစ်ခဲ့သော် “င သတ်” သံထွက်သည်။
ပုံစံ။ ။ ပူရေန္တံ =ပူရေန်တံ = ပူရင်တံ
(အေ-(ဧ)အသံ
ပဝတ္တေန္တိ = ပဝတ်တေန်တိ =ပဝတ်တင်တိ
(အေ(ဧ)-အသံ)
_______
၆။ ""အော"" သံနောက်က၊ [စ တ ပ]၊ ဝဆွဲ တသတ်သံ။-ရှေ့ စာလုံးသည် အော(ဩ)သံဖြစ်၍အသတ်စာလုံးသည်စ ဇ တ ပ အသတ်တစ်ခုခုဖြစ်ခဲ့သော်“ဝဆွဲတသတ်”သံထွက်သည်။
ပုံစံ ။ ။
ဂေါစ္ဆက=ဂေါစ်ဆက=ဂွတ်စက
သောတ္ထာနံ = သောတ်ထာနံ =သွတ်ထာနံ။
ဗောဇ္ဈင် = ဗောဇ်ဈင် = ဗွတ်ဈင်
ပေါဋ္ဌိလ=ပေါဋ်ဌိလ=ပွတ်ထိလ
{အော(ဩ)-အသံ}
_______
၇။ ""အော"" သံနောက်က၊ [ဉ,န,မ]၊ ဝဆွဲ နသတ်သံ။ -ရှေ့စာလုံးသည် အော(ဩ)သံဖြစ်၍အသတ်စာလုံးသည် ဉ.န .မ အသတ်တစ်ခုခုဖြစ်ခဲ့သော်“ဝဆွဲန,သတ်”သံထွက်သည်။
ပုံစံ။ ။ ဟောန္တု = ဟောန်တု = ဟွန်တု
ကရောန္တော = ကရောန်တော = ကရွန်တော။{အော(ဩ)အသံ}
______
၈။ အုပ်စုမဲ့ထပ်၊ ထိုအသတ်၊ ရွတ်ဖတ်ကြိမ်နှစ်သံ။ -အုပ်စုမဲ့ (အ-ဝဂ်)ဗျည်းအထပ်(အဆင့်)တို့၏ အသတ်များကို ဖတ်သောအခါ အသတ်အတွက်တစ်ကြိမ်၊အဆင့်အတွက် တစ် ကြိမ်၊ နှစ်ကြိမ် အသံထွက်ရသည်။
မှတ်ချက်။ ။အဝဂ် (၈)လုံးအနက် ယ, ရ, ၀, ဟ(၄)လုံးသည် အဆင့်ဆင့်ရာ၌ အောက်ပါသင်္ကေတဖြင့်အသွင်ပြောင်းဆင့်ကြ သည်။ ထိုအဆင့်၄-လုံးအတွက်သာဆိုလိုသည်။
ဗျည်းအက္ခရာ(ယ)/သင်္ကေတအက္ခရာ-ျ (ယပင့်ဟုခေါ်သည်)
ဗျည်းအက္ခရာ(ရ)/သင်္ကေတလက္ခဏာ -ြ(ရရစ်ဟုခေါ်သည်)
ဗျည်းအက္ခရာ(ဝ)/သင်္ကေတလက္ခဏာ-ွ
(ဝ,ဆွဲဟုခေါ်သည်)
ဗျည်းအက္ခရာ(ဟ)/သင်္ကေတလက္ခဏာ-ှ
(ဟ,ထိုးဟုခေါ်သည်)
ပုံစံ။ ။သကျ= သက်ကျ(အသတ်တစ်ကြိမ်၊အဆင့်တစ်ကြိမ်) ("-ျ")
တတြ= တတ်တြ= တတ်တရ(အသတ်တစ်ကြိမ်၊အဆင့်တစ်ကြိမ်) ("ြ-")
ဒိတွာ = ဒိတ်တွာ = ဒိတ်တဝါ(အသတ်တစ်ကြိမ်၊အဆင့်တစ်ကြိမ်) ("-ွ")

❤6
အမှေ = အမ်မှေ(အသတ်တစ်ကြိမ်၊အဆင့်တစ်ကြိမ်) ("-ျ")
________
၉။ သ- သတ်ကို တ၊ လ- သတ် န၊ ဖတ်မှအသံမှန်။ -ပါဠိစာတွင်သ-သတ်၊လ-သတ်တို့ကိုတွေ့သောအခါ သ သတ် ကို တ သတ် သံဖြင့်လည်းကောင်း၊ လ သတ်ကို န သတ် သံဖြင့် လည်းကောင်း အသံထွက်ရသည်။
ပုံစံ။ ။
ဒဿနံ =ဒသ်သနံ = ဒတ်သနံ
ဓမ္မဿဝနံ =ဓမ်မသ်သဝနံ=ဓမ်မတ်သဝနံ
ဒဠှေန = ဒဠ်ဠှေန = ဒန်လှေန
ပလ္လင်္ကေ = ပလ်လင်ကေ = ပန်လင်ကေ
မှတ်ရန်။ "ဿ"သည် သ နှင့် သ တို့ဆင့်ထားသောလုံးဆင့် ။ ဖြစ်သည်။
______
♦️ပရိတ်ကြီး ပါဠိတော် ရွတ်ရာ၌ အထူးလိုက်နာရန် -
၁။တဆက်တည်းရွတ်ရမည်နေရာ၌ တဆက်တည်းရွတ်ရန်။
၂။ဖြတ်၍ရွတ်ရမည်နေရာ၌ ဖြတ်၍ရွတ်ရန်။
၃။ပါးစပ်ဖွင့်၍ရွတ်ရမည်နေရာ၌ ဖွင့်၍ရွတ်ရန်။
၄။ပါးစပ်ပိတ်၍ နှာခေါင်းလေသံဖြင့် ရွတ်ရမည်နေရာ၌ ပိတ်၍ ရွတ်ရန်။
၅။ရ – ကောက်ကိုလျှာလိပ်သံဖြင့် အမြဲဖတ်ရန်။
၆။-ဝစ္စပေါက်မရှိ၍ ဝစ္စပေါက်သံဖြင့် မဖတ်ရန်။
၇။နိဂ္ဂဟိတ် (သေးသေးတင် -°)အသံသည် မ သတ်ကဲ့သို့ ပါးစပ်ပိတ်၍ နှာခေါင်းလေသံဖြင့်ရွတ်ရန်၊
၈။
"ည" သည် ဉ ကလေးနှစ်လုံးဆင့်၊
"ဋ္ဌ" သည် ဋ နှင့် ဌ နှစ်လုံးဆင့်၊
"ဍ္ဎ"သည် ဎ နှင့် ဍ နှစ်လုံးဆင့် ၊
"ဿ"သည် သ နှင့် သ နှစ်လုံးဆင့် ဖြစ်သည်ကို သတိပြု။
အေးချမ်းကြပါစေ။
Crd

ဘုမသိ ဘမသိ နဲ့ အချိုမှုန့် ကြောင့်ရောဂါဝေဒနာဖြစ်မယ်လို့
ထင်နေသူတွေ ဒီ ဆောင်းပါးကိုဖတ်ကြပါ!🧐😊
——————————+++++++++——————
-အချိုမှုန့် နှင့် ကျန်းမာရေး
ဟင်းချက်တိုင်း အချိုမှုန့် နည်းနည်းလေးခတ်လိုက်မှ စားလို့မြိန်တယ်လို့ ခံစားရတဲ့သူတွေရှိသလို၊ အချိုမှုန့်ဆိုတဲ့ နာမည်ကြားတာနဲ့ "လုံးဝမစားဘူး၊ ကျန်းမာရေးနဲ့မညီညွတ်ဘူး" လို့ ခေါင်းခါတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။
ကျွန်တော်တို့ရဲ့ မီးဖိုချောင်တွေထဲမှာရော၊ အပြင်စာတွေမှာပါ မပါမဖြစ်တဲ့ "အချိုမှုန့်" နဲ့ ပတ်သက်ပြီး မေးခွန်းတွေ၊ စိုးရိမ်မှုတွေ အများကြီးရှိနေကြတယ်ဟုတ်? 🤔
“အချိုမှုန့်စားရင် ဆံပင်ကျွတ်တယ်"
"ခေါင်းကိုက်တယ်၊ ဇက်ကြောတက်တယ်"
"ဉာဏ်ထိုင်းတယ်"
ဒီလိုစကားတွေ တကယ်မှန်ရဲ့လား?
လူပြောများလှတဲ့ အချိုမှုန့် (MSG) နဲ့ ပတ်သက်ပြီး ကြားနေရတဲ့ စကားတွေက ဘယ်လောက်မှန်ကန်လဲ? တကယ်ပဲ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေသလား?
ဒီအကြောင်းအရာတွေကို ဆရာဝန်တစ်ယောက်အနေနဲ့ သေချာရှင်းပြပေးသွားမှာဖြစ်ပါတယ်။
1️⃣ အချိုမှုန့် (MSG) ဆိုတာ တကယ်တော့ ဘာကြီးလဲ?
• MSG ရဲ့ နာမည်အပြည့်အစုံက Monosodium Glutamate ပါ။
• သူဟာ Glutamic Acid လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တစ်မျိုးနဲ့ ဆိုဒီယမ် (ဆား) ပေါင်းစပ်ထားတာပါ။
• Glutamic Acid ဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ ကျွန်တော်တို့ ခန္ဓာကိုယ်ကနေ သဘာဝအတိုင်း ထုတ်လုပ်နေသလို ခရမ်းချဉ်သီး 🍅၊ မှို 🍄၊ ဒိန်ခဲ 🧀၊ ပဲငံပြာရည်တို့လို အစားအစာတွေမှာ သဘာဝအတိုင်း အများကြီးပါဝင်ပါတယ်။
• သူက အသားအရသာ၊ ဒါမှမဟုတ် "Umami" လို့ခေါ်တဲ့ ငါးခုမြောက်အရသာကို ပေးစွမ်းတာပါ။
📜 အချိုမှုန့်ရဲ့ ရာဇဝင်
၁၉၀၈ ခုနှစ်မှာ ဂျပန်ပါမောက္ခ Kikunae Ikeda က ပင်လယ်ရေမှော်ခြောက် (Kombu) ပြုတ်ရည်ရဲ့ ထူးခြားတဲ့အရသာကို သုတေသနလုပ်ရင်း Glutamate ကို စတင်တွေ့ရှိခဲ့ပြီး MSG ကို စီးပွားဖြစ်ထုတ်လုပ်ခဲ့တာပါ။
2️⃣ Chinese Restaurant Syndrome (CRS) ဆိုတာ တကယ်ရှိလား?
* •၁၉၆၀ ပြည့်နှစ်တွေမှာ တရုတ်စားသောက်ဆိုင်တွေမှာ စားပြီးတဲ့အခါ လူတချို့မှာ ခေါင်းမူး၊ ထုံကျဉ်၊ ရင်တုန်တဲ့ လက္ခဏာတွေခံစားရတယ်ဆိုပြီး ပြောဆိုမှုတွေရှိခဲ့ပါတယ်။ ဒါကို "Chinese Restaurant Syndrome" လို့ နာမည်တပ်ခဲ့ကြတယ်။
• ဒါပေမယ့် နောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ Double-blind, placebo-controlled studies လို့ခေါ်တဲ့ ဘက်လိုက်မှုကင်းပြီး အတိကျဆုံး သုတေသနပေါင်းများစွာမှာတော့ လူအများစုမှာ အချိုမှုန့် (MSG )နဲ့ ဒီရောဂါလက္ခဏာတွေကြား တိုက်ရိုက်ပတ်သက်မှု မရှိဘူး လို့ ထပ်ခါတလဲလဲ သက်သေပြနိုင်ခဲ့ပါတယ်။
• လူဦးရေရဲ့ အလွန်နည်းတဲ့ ရာခိုင်နှုန်း (1% ထက်နည်းသော) မှာတော့ အချိုမှုန့် ပမာဏများများ (ဥပမာ - ၃ ဂရမ်နဲ့အထက်) ကို အစာမရှိခင် စားမိရင် ခေါင်းကိုက်၊ ချွေးထွက်၊ နီမြန်းတာမျိုး ယာယီခံစားရနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒါက ဓာတ်မတည့်တာ (allergy) မဟုတ်ပါဘူး။
3️⃣ အချိုမှုန့်ရဲ့ ကောင်းကျိုး နဲ့ ဆိုးကျိုး
• ✅ ကောင်းကျိုး:
• အရသာတိုးမြှင့်ပေးတယ်: အစားအစာကို ပိုပြီးစားချင်စဖွယ်ဖြစ်စေပါတယ်။
• ဆားလျှော့စားနိုင်စေတယ်: MSG (အချိုမှုန့် ) မှာပါတဲ့ ဆိုဒီယမ်(အငံဓာတ်)ပမာဏဟာ စားပွဲတင်ဆားမှာပါတာထက် ၃ ပုံ ၂ ပုံ လျော့နည်းပါတယ်။ ဒါကြောင့် ဆားအစား MSG ကို အစားထိုးသုံးရင် ဆိုဒီယမ်စားသုံးမှုကို လျှော့ချနိုင်ပါတယ်။ (ဒါက သွေးတိုးသမားတွေအတွက် သတင်းကောင်းပါ)။
• ❌ ဆိုးကျိုး:
• အဓိက စိုးရိမ်ရမှာက အချိုမှုန့်ပါတဲ့ ပြုပြင်ပြီးသား အသင့်စားအစားအစာတွေ (processed foods) ပါ။ အချိုမှုန့်ကြောင့်မဟုတ်ဘဲ အဲ့ဒီအစားအစာတွေမှာပါတဲ့ ဆား၊ သကြား၊ အဆီတွေကသာ ကျန်းမာရေးကို ထိခိုက်စေတာပါ။
• အခုထိခိုင်မာတဲ့ သုတေသနတွေအရ ပုံမှန်စားသုံးတဲ့ ပမာဏနဲ့ ဆံပင်ကျွတ်တာ၊ ဉာဏ်ထိုင်းတာ၊ ကင်ဆာဖြစ်တာလို ရေရှည်ဆိုးကျိုးတွေကို သက်သေမပြနိုင်သေးပါဘူး။
4️⃣ ဆုံးဖြတ်ချက်: ဒါဆို စားသင့်လား?
• US FDA (အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး) အဖွဲ့ကြီးက အချိုမှုန့်ကို GRAS (Generally Recognized As Safe) "ယေဘုယျအားဖြင့် ဘေးကင်းတယ်လို့ အသိအမှတ်ပြုထားတဲ့" အစားအစာအဖြစ် သတ်မှတ်ထားပါတယ်။
• အဓိကသော့ချက်က "ပမာဏ" ပါပဲ။ ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးပါ။
ဥရောပအစားအစာဘေးကင်းရေးအာဏာပိုင် (EFSA) ရဲ့ လမ်းညွှန်ချက်အရ တစ်နေ့ကို ကိုယ်အလေးချိန် တစ်ကီလိုဂရမ်အတွက် 30mg (တစ်နေ့တာလုံးပေါင်း) က ဘေးကင်းတဲ့ပမာဏ ဖြစ်ပါတယ်။
ဆိုလိုတာက ပေါင် ၁၃၀ (ကီလို ၆၀) ရှိတဲ့လူတစ်ယောက်အတွက် တစ်နေ့ကို 1.8 ဂရမ် (လက်ဖက်ရည်ဇွန်း တစ်ဝက်နီးပါး) ဟာ ဘေးကင်းပါတယ်။
ပုံမှန်အားဖြင့် ကျွန်တော်တို့ ဟင်းချက်ရင် ဟင်းတစ်အိုးလုံးအတွက် လက်ဖက်ရည်ဇွန်းရဲ့ တစ်ဝက်လောက်ပဲ သုံးတာမို့ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်ထဲရောက်သွားတဲ့ ပမာဏက အများကြီးနည်းပါတယ်။
• ပုံမှန် ချက်ပြုတ်ရာမှာ ဟင်းတစ်ခွက်ကို လက်ဖက်ရည်ဇွန်းတစ်ဝက်အောက်လောက် သုံးတာက ဘာကျန်းမာရေးပြဿနာမှ မဖြစ်စေနိုင်ပါဘူး။

❤9
•အောက်ကပုံထဲကလို အချိုမှုန့်တွေအများကြီး လောင်းထည့်နေမယ်ဆိုရင်တော့ ရေရှည်မှာ သွေးတိုးတာတွေ၊ ခေါင်းအုံ ခေါင်းကိုက်တာတွေ ၊ အာရုံကြော ပြဿနာတွေကို ခံစားရနိုင်ပါတယ်။
👨⚕️ အကြံပြုချက်
အချိုမှုန့်ကို အဆိပ်လို့ မမြင်ဘဲ ဟင်းခတ်အမွှေးအကြိုင်တစ်ခုအနေနဲ့သာ သဘောထားပါ။
ပမာဏကို ကန့်သတ်ပါ: ဟင်းချက်ရင် အရသာရှိရုံလေး နည်းနည်းပဲသုံးပါ။
သူ့ကို ကြောက်ပြီးရှောင်နေတာထက် ဆား၊ သကြားနဲ့ ပြုပြင်ပြီးသား အစားအစာတွေကို လျှော့စားတာက သင့်ကျန်းမာရေးအတွက် ပိုအကျိုးရှိပါတယ်။ အဓိကကတော့ အသီးအရွက်၊ အသားငါး စတဲ့ သဘာဝအစားအစာတွေကို မျှတအောင်စားသုံးဖို့ပါပဲ။
နိဂုံးချုပ်အနေနဲ့ပြောရရင် အချိုမှုန့်ကြောင့်ဖြစ်တယ်ဆိုတဲ့ ကျန်းမာရေးပြဿနာအများစုဟာ ခိုင်မာတဲ့ သိပ္ပံနည်းကျသက်သေမရှိဘဲ ချဲ့ကားပြောဆိုမှုတွေသာ ဖြစ်ပါတယ်။ အရာရာတိုင်းမှာလိုပဲ "တန်ဆေး၊ လွန်ဘေး" ဆိုတဲ့အတိုင်း ပမာဏကို သတိထားပြီး မျှတအောင်စားသုံးမယ်ဆိုရင် အချိုမှုန့်ဟာ ကြောက်စရာမဟုတ်ပါဘူး။
ဒီစာလေးက အကျိုးရှိတယ်ဆိုရင် Like & Share လုပ်ပြီး ကိုယ့်ရဲ့မိတ်ဆွေတွေကိုပါ အသိပညာမျှဝေပေးလိုက်ပါဦးခင်ဗျာ။ အောက်က comment မှာလည်း အချိုမှုန့်နဲ့ပတ်သက်တဲ့ ကိုယ်တွေ့အတွေ့အကြုံတွေ၊ မေးခွန်းတွေကို ရေးခဲ့နိုင်ပါတယ် 👇။
အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ။
#DrYe #MSG #Ajinomoto #HealthEducationMyanmar #အချိုမှုန့် #ကျန်းမာရေး #MyanmarHealth #Umami #FoodMyths
#ဒေါက်တာရဲ

❤5