Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
18K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲ ကာလ သတ်မှတ်ခြင်း နှင့် အောင်စာရင်း ထုတ်ပြန်ခြင်း

ဇန်နဝါရီ ၉၊ ၂၀၂၆

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၊ အခြေခံပညာအတန်းများအတွက် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲ နှင့် အောင်စာရင်းထုတ်ပြန်ခြင်းကို အောင်ပါအတိုင်းကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

(က) အခြေခံပညာမူလတန်းဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-5) စာမေးပွဲကို (၂၃-၂-၂၀၂၆)ရက် နေ့မှ (၂၇-၂-၂ဝ၂၆)ရက်နေ့အတွင်း ကျင်းပမည်ဖြစ်ပါသည်။

(ခ) အခြေခံပညာအလယ်တန်းဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-9)စာမေးပွဲကို (၂၃-၂-၂၀၂၆)ရက် နေ့မှ (၂၈-၂-၂၀၂၆)ရက်နေ့အတွင်း ကျင်းပမည်ဖြစ်ပါသည်။

(ဂ) ကျန်ရှိသော ကျောင်းတွင်းစစ်စာမေးပွဲများကို (၄-၂-၂၀၂၆)ရက်နေ့မှ (၁၁-၂-၂၀၂၆)ရက်နေ့အတွင်း (တနင်္ဂနွေနေ့မပါ) ကျင်းပမည်ဖြစ်ပါသည်။

(ဃ) အခြေခံပညာအထက်တန်းဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-12) စာမေးပွဲကို(၄-၂-၂၀၂၆)ရက် နေ့မှ (၁၁-၂-၂၀၂၆)ရက်နေ့အတွင်း (တနင်္ဂနွေနေ့မပါ) ကျင်းပရန်ဖြစ်ပါသည်။
(၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ၁၁-၃-၂၀၂၆ မှ ၁၇-၃-၂၀၂၆ ရက်ထိ တနင်္ဂနွေနေ့မပါ မြန်မာနိူင်ငံစားစစ်ဦးစီးဌာနမှ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါတယ်။)

(င) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ၏ နှစ်ဆုံးစာမေးပွဲများကို (၃၀-၁-၂၀၂၆)ရက်နေ့မှ (၁၁-၂-၂၀၂၆)ရက်နေ့အတွင်း (တနင်္ဂနွေနေ့မပါ)ကျင်းပမည်ဖြစ်ပါသည်။

စာမေးပွဲအောင်စာရင်းများကို (၁၄-၅-၂ဝ၂၆)ရက်၊ ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါတယ်။
https://t.me/EducationalChannelMM
❤19
Media is too big
VIEW IN TELEGRAM
လာမည့် ပညာသင်နှစ်မှ စတင်ကာ အခြေခံပညာ အလယ်တန်း အဆင့်တွင် စက်မှူ၊ စိုက်ပျိုး၊ မွေးမြူရေး နှင့် ပတ်သက်၍ သင်ကြားပေးမည်
🥰6
ရာထူး တိုး / ပြောင်းမူကို ယခုလ ၂၅ရက်နေ့ နောက်ပိုင်းမှ #စ၍ ပြုလုပ်သွားမည်လို့ #သိရပါတယ်။

#ယခင်နှစ်များကထည့်သွင်းမခေါ်ခဲ့သောရာထူးများယခုနှစ်ခေါ်စာတွင်ပါမပါမသိရသေး

#ပါလာပါစေလို့ဆုတောင်းပါတယ်ခင်ဗျာ

#ဦးစစ်နိုင်
❤15
#အခုမှအလုပ်စဝင်မည့်ပညာရေးဝန်ထမ်းဆရာဆရာမများအတွက်။
#အလုပ်ဝင်ရောက်ကြောင်းစီရင်ခံစာ
#အမှုထမ်းများ၏ကိုယ်ရေးမှတ်တမ်း
❤3
#ကျောင်းအုပ်နှင့်လက်ထောက်

#ကျောင်းအုပ်

#တစ်ကျောင်းလုံးမှာ တာဝန်အရှိဆုံးပုဂ္ဂိုလ်.....
တစ်ကျောင်းလုံး၏ကိစ္စအရပ်ရပ်သည် ကျောင်းအုပ်ကြီး၏ Authority အောက်တွင်ရှိနေပေသည်.....ကျောင်းအုပ်ကြီး၏ စီမံခန့်ခွဲမှု လမ်းညွှန်မှုသည်လည်း ကျောင်းတစ်ကျောင်းတိုးတက်ဖို့ လွန်စွာ အရေးပါလှပေသည်....

#ကျောင်းအုပ်ဆိုတာ အရာရာတိုင်းပါ........
မာနထောင်လွှားဖို့ ဘဝင်မြင့်ဖို့ မောက်မာဖို့ တော့ ခန့်ထားခြင်းမဟုတ်ပေ...

#ရာထူးဆိုတာ ပေးအပ်ထားသော ရာထူးအလိုက် တာဝန်ထမ်းဆောင်စေမှုပါ.......

ဝန်ထမ်းများ၏ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးပါ..
မျှတသော စိတ်ဓာတ်ရှိရပါမည်.....မိသားစုစိတ်ရှိရပါမည်....

#ယနေ့ခေတ်မှာ ကျောင်းအုပ်ကြီးများ၏ တာဝန်သည် များပြားလှပေသည်....... အုပ်ချုပ်ရေး စီမံခန့်ခွဲရေး သင်ကြားရေး အောင်ချက်မြင့်မားရေး... ရပ်ရွာနှင့်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း
ကျောင်းတွင်းပြဿနာ ဖြေရှင်းမှုလုပ်ငန်း စာရင်းဇယား တင်ပြရမှု နေ့စဥ် သင်ကြားရေးလုပ်ငန်း လုံခြုံရေးလုပ်ငန်း......
များပြားလှသောလုပ်ငန်းတွေကြားမှာ ကလေးများအတွက် နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်နေကြသော ကျောင်းအုပ်ကြီးများကို ကိုယ်ချင်းစာ လေးစားမိပါသည်...........

#လက်ထောက်

ကျောင်းတစ်ကျောင်းမှာ ကျောင်းအုပ်ကြီး၏ စီမံခန့်ခွဲမှု လုပ်ငန်းဆောင်ရွက်မှု အရေးကြီးသလို လက်ထောက်များ၏ ဖြည့်ဆည်းဆောင်ရွက်မှုသည်လည်းအရေးပါလှပေသည်.......

သင်ကြားရေး သာမက ကျောင်းလုပ်ငန်းများကိုလည်း စိတ်ဝင်စားပေးပါ.....
ကိုယ်တာဝန်ကျတဲ့ကျောင်း ကိုယ့်ကျောင်း..
ကိုယ်တာဝန်ကျတဲ့ ရပ်ရွာဒေသ. ကိုယ့်ဒေသ ဟု ခံယူချက်ထားပေးပါ....

ကိုယ့်ကျောင်း/ဒေသ တိုးတက်စေရန် ပါဝင်အားဖြည့်ပေးပါ...
ခေါင်းဆောင်စိတ်မွေးပါ.......
ဦးဆောင် ဆောင်ရွက် ခြင်းသည် ခေါင်းဆောင်စိတ်ပါ......
ခေါင်းဆောင်စိတ်မွေးရင် စိတ်ချ ခေါင်းဆောင် ဖြစ်လာမှာပါ....

နောက်လိုက်စိတ်မမွေးပါနှင့်........
နောက်လိုက်စိတ်ဆိုတာ ခိုင်းမှ လုပ်တာပါ......
နောက်လိုက်စိတ်ပဲမွေးတဲ့သူသည် ခေါင်းဆောင်မဖြစ်နိုင်ပါ....

ကျောင်းအုပ်ကြီးနဲ့ပဲဆိုင်တယ် ငါတို့လုပ်စရာမလိုဆိုတဲ့ စိတ်ထားမျိုး ဘယ်တော့မျှ မထားမိပါစေနဲ့....
အချင်းချင်းဖေးမ ကူညီပါ...
ဆုံးစည်းခွင့်ရသော အခိုက်အတန့်မှာ မိသားစုပမာ နွေးထွေးမှု ရှိပါစေ.....

ကျောင်းတိုးတက်စေရန် ကျောင်းအုပ်ကြီးများနှင့်ပူးပေါင်းပါဝင်.......အား ဖြည့် ဆောင်ရွက်ပေးပါ..
.
ကျောင်းအုပ်နှင့်လက်ထောက် တက်ညီ လက်ညီ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင် အားဖြည့်ဆောင်ရွက်ကြမည်ဆိုလျှင် ကိုယ့်ကျောင်းသည် တိုးတက်လာမည်မှာ အမှန်ပင်ဖြစ်ပေသည်.........

မိသားစုပမာ နွေးထွေးမှု များနှင့်ပြည့်ဝနေသော ကိုယ့်ကျောင်းမိသားစုလေးကြောင့် ကျောင်းတက်ရတာကိုပင်
ပျော်ရွှင် နေကြပါလိမ့်မည်.........

#ဆုမြတ်(ပညာရေး)
BA(B.E.d)
❤8
ကျားဖျန့်ခေါ် စလော့ဂိမ်းပေါင်းများစွာနဲ့
လက်ရှိအခြေအနေ
ကျွဲခတ်ခြင်း၊နွားခတ်ခြင်း၊စကာတာမကျခြင်း၊Majour,Grand,Minior မကျခြင်းကြောင့် ဘဝပျက်ကြသူများ
=========================

မနေ့က ကျွန်တော် ကြားလိုက်ရတဲ့ ဖြစ်ရပ်တစ်ခုကြောင့် ရင်ထဲမှာ တော်တော်လေး မွန်းကြပ်သွားတယ်။ ရုံးဝန်ထမ်း ကောင်မလေးတစ်ယောက်ဗျာ။ ပညာတတ်၊ ရိုးရိုးအေးအေးလေးပါပဲ။ ဒါပေမဲ့ အခုတော့ သူ့ခေါင်းပေါ်မှာ တင်နေတဲ့ အကြွေးက သူ့လစာရဲ့ အဆ ၁၀၀ တဲ့။ ယုံနိုင်စရာတောင် မရှိဘူး။ ဘာလုပ်လိုက်လို့ ဒီလောက်တောင် ဖြစ်သွားရတာလဲ မေးတော့... ဟို "ဂိမ်းပေါင်း ၅၀၀" ဆိုတဲ့ အထဲမှာ နစ်သွားတာတဲ့။

အစကတော့ အပျော်သဘောပါပဲ။ ၁ သောင်း၊ ၂ သောင်းလောက် နိုင်လိုက်တဲ့အခါ "ငါ့လစာထက်တောင် ရှာရလွယ်ပါလား" ဆိုပြီး စိတ်အဆိပ်သင့်သွားတာ။ နောက်ဆုံးတော့ ရှိသမျှ စုငွေတွေကုန်၊ မိဘအိမ်ပါ ပေါင်ရတဲ့အထိ ဖြစ်သွားရှာတယ်။ ဒါဟာ ပုံပြင်မဟုတ်ဘူးဗျ။ ဒီနေ့ခေတ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တကယ်ဖြစ်ပျက်နေတဲ့ မြင်ကွင်းတစ်ခုပါ။
အခုခေတ်မှာ လောင်းကစားဆိုတာ "လူမိုက်" တွေရဲ့ အလုပ် မဟုတ်တော့သလို၊ ယောင်္ကျားလေးတွေရဲ့ ကိစ္စ သက်သက်လည်း မဟုတ်တော့ပါဘူး။ ကျောင်းဆရာ၊ ဆရာမကအစ၊ ကုမ္ပဏီဝန်ထမ်းတွေအဆုံး၊ ကျား/မ မရွေး ဖုန်းတစ်လုံးနဲ့ ဘဝပျက်နေကြတာ။ "ရှမ်းကိုးမီး"၊ "စလော့"၊ "ဘောလုံးပွဲ" တွေကြားမှာ အားလုံးဟာ အတူတူ အရူးအမူး ဖြစ်နေကြပြီ။ ကျွန်တော် ရင်အနာဆုံးက ဘာလဲသိလား။ "ငါ့အနာဂတ်အတွက် မြန်မြန် ပိုက်ဆံရှာနေတာ" ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး မိုက်မဲနေကြတာပဲ။

သေချာကြည့်မယ်ဆိုရင် ဒီရေစီးကြောင်းကြီး တစ်ခုလုံးရဲ့ အရင်းခံဟာ လောဘသက်သက် မဟုတ်ဘူးဗျ။ "သောက" နဲ့ "လမ်းပျောက်ခြင်း" က အဓိက တရားခံပဲ။ မနက်ဖြန် ဘာဖြစ်မလဲ မသိနိုင်တဲ့ ခေတ်ကြီးထဲမှာ လူတွေဟာ အနာဂတ်အတွက် စိုးရိမ်ပူပန်နေကြတယ်။ ပုံမှန်လစာလေးနဲ့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေရုံနဲ့ ဘယ်တော့မှ လူတန်းစေ့ မနေနိုင်တော့ဘူးဆိုတဲ့ အားငယ်စိတ်တွေက ဖိစီးလာတဲ့အခါ၊ လူတွေဟာ အသိဉာဏ် ကွယ်သွားကြတယ်။ ရေနစ်သူ ဝါးကူထိုး ဆိုသလို၊ ထွက်ပေါက်ပိတ်နေတဲ့အချိန်မှာ လောင်းကစားဆိုတဲ့ မီးစကို ရွှေတုံးထင်ပြီး အတင်း ပြေးကောက်မိကြတာပါပဲ။

တစ်ခုတော့ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောချင်တယ်။ ဆင်းရဲတာ၊ မပြည့်စုံတာက ရှက်စရာ မဟုတ်ပါဘူး။ ကံတရားနဲ့ ခေတ်ကာလ အခြေအနေအရ ရုန်းကန်နေရတာကို ဘယ်သူကမှ အပြစ်မပြောရက်ပါဘူး။ ဒါပေမဲ့ ဒီဆင်းရဲတာကို လက်နက်လုပ်ပြီး လောင်းကစားတာကတော့ လုံးဝသည်းခံစရာ မဟုတ်ဘူး။ ခင်ဗျားတို့ ရွေးချယ်မှုက ခင်ဗျားတို့ စိတ်ဓာတ်ကို ပြနေတာပဲ။
"ဆင်းရဲလို့ ကစားတာပါလို့ ဆင်ခြေမပေးနဲ့။ မင်းတို့က အလုပ်မလုပ်ဘဲ ချမ်းသာချင်တဲ့ ကပ်ပါးကောင်တွေမို့လို့ ကစားနေကြတာ။ အဲဒီစိတ်ဓာတ်ရှိသရွေ့ တစ်သက်လုံး ဆင်းရဲနေဦးမှာပဲ။"
ပညာတတ်ပြီး အသိဥာဏ်ရှိပါရဲ့နဲ့ ဘာလို့ ဒီလောက် အမြင်ကွယ်ရတာလဲ။ အလုပ်လုပ်ရမှာ ပျင်းပြီး ဖုန်းလေးပွတ်၊ ဖြတ်လမ်းနည်းနဲ့ သူဌေးဖြစ်ချင်နေတဲ့ စိတ်ဓာတ်ဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ခြကိုက်သလို ကိုက်စားနေပြီ။

နောက်ကွယ်က အမှန်တရားကို မြင်အောင်ကြည့်စမ်းပါ။ ဒီပွဲမှာ အနိုင်ရသူ အစစ်အမှန်တွေက စလော့ဂိမ်းပိုင်ရှင်တွေ၊ ၂လုံး ၃လုံး ဒိုင်တွေနဲ့ ဘောလုံးဒိုင်တွေပါပဲ။ သူတို့က တစ်ယောက်စ နှစ်ယောက်စ လုပ်နေတာ မဟုတ်ဘူး။ ဝန်ထမ်းအင်အား၊ ငွေအင်အားနဲ့ စနစ်တကျ ဖွဲ့စည်းပြီး ခင်ဗျားတို့ဆီက ငွေကို ညှစ်ထုတ်ဖို့ ပူးပေါင်းကြံစည်ထားတဲ့ လုပ်ငန်းကြီးတစ်ခုဗျ။ သူတို့က ပိုက်ဆံတွေ ရိုက်ထုတ်နေကြတာ။ အဲဒီ ပိုက်ဆံထုတ်ပေးတဲ့ စက်တွေက ဘယ်သူတွေလဲ သိလား။ ခင်ဗျားတို့ပဲလေ။

မိတ်ဆွေတို့ရေ... သတိရှိကြပါ။ လောင်းကစား စွဲနေတဲ့သူတစ်ယောက်ဟာ သူ့ချစ်သူ၊ သူ့မိသားစုကို ဘယ်လောက်ချစ်ချစ်၊ သူ့ရဲ့ "အာရုံ" က ဖဲချပ်တွေနဲ့ ဂိမ်းရလဒ်တွေပေါ်မှာပဲ ရှိနေမှာ။ ခင်ဗျားတို့ စုဆောင်းထားတဲ့ ငွေ၊ အိမ်ထောင်တစ်ခု တည်ဆောက်ဖို့ ရည်မှန်းထားတဲ့ အိပ်မက်တွေဟာ ဖုန်းမျက်နှာပြင်ပေါ်က "Game Over" ဆိုတဲ့ စာလုံးလေးနဲ့အတူ ပျောက်ကွယ်သွားနိုင်တယ်။
ဒါကြောင့် ကိုယ့်လူ ကိုယ်ပြန်ကြည့်ကြပါ။ "ကံ" ကို ယုံတာထက် "ဥာဏ်" ကို ယုံဖို့ သတိပေးကြပါ။ လောင်းကစားဝိုင်းထဲက ပိုက်ဆံဆိုတာ ပူတယ်။ အဲဒီအပူမီးက နောက်ဆုံးတော့ မီးဖိုချောင်ထဲထိ ကူးစက်လာလိမ့်မယ်။
ကျွန်တော် ပြောတာ လွန်သလားဗျာ။ ပတ်ဝန်းကျင်ကို ကြည့်ပြီး ဖြေပေးကြပါဦး။
❤25👍10
အခြေခံပညာ အထက်တန်းအောင်ကို
အငယ်တန်းစာရေးရာထူး ခေါ်တာ ရှားပါတယ်။

၃၅ နှစ်အောက် ဘွဲ့ရရှိသူများနဲ့
အထက်တန်းအောင်များ အတွက်
ဗဟိုစာရင်းအင်းအဖွဲ့(ရုံးချုပ်)က
လစ်လပ်ရာထူး ၆၀ နေရာ အလုပ်ခေါ်စာပါ။
❤2
Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲 pinned «ကျားဖျန့်ခေါ် စလော့ဂိမ်းပေါင်းများစွာနဲ့ လက်ရှိအခြေအနေ ကျွဲခတ်ခြင်း၊နွားခတ်ခြင်း၊စကာတာမကျခြင်း၊Majour,Grand,Minior မကျခြင်းကြောင့် ဘဝပျက်ကြသူများ ========================= မနေ့က ကျွန်တော် ကြားလိုက်ရတဲ့ ဖြစ်ရပ်တစ်ခုကြောင့် ရင်ထဲမှာ တော်တော်လေး မွန်းကြပ်သွားတယ်။…»
ဂမ်ဘီယာ၏ စွပ်စွဲချက်များနှင့် မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်များ နှိုင်းယှဉ်ဇယား