Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
18.2K subscribers
3.84K photos
92 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
"စုံညီ ခွဲတမ်းကို"
ကျောင်းသားဉီးရေအလိုက်ပေးပါမယ်။
လကုန်လစာထုတ်တာနဲ့အတူရပါမယ်။
❤5
အမေနေ့ (မိခင်များနေ့) (Mother's Day)သည် ကမ္ဘာပေါ်ရှိ မိခင်အားလုံးကို ဂုဏ်ပြုသောနေ့ အဖြစ် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေမိခင်နေ့ဟု နိုင်ငံအများစုက သတ်မှတ်ကြသည်။

#မြန်မာနိုင်ငံ အမေများနေ့ ဖြစ်ပေါ်လာပုံ

မြန်မာပြည်တွင် စာရေးဆရာ #ဒါရိုက်တာဦးသုခ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပြာသိုလပြည့်နေ့ကို အမေများနေ့အဖြစ် သတ်မှတ်နိုင်ခဲပြီး မြန်မာ့ ပြက္ခဒိန်တွင် #ပြာသိုလပြည့်အမေများနေ့ အဖြစ်ကမ္ဗည်းတင်နိုင်ခဲ့ပေသည်။

မြန်မာ့ယဉ်ကျေးမှု့အရ #အမိအဖကိုဘုရားနှင့် တစ်ဂိုဏ်း တည်းထားပြီး #မာတာပိတုဂုဏောအနန္တောဆိုပြီး ပူဇော်ခဲ့အရိုအသေ ပေးခဲ့ကြသည်။

ဆရာကြီးဦးသုခက တရားဝင်ဖြစ်စေရန် ကြိုးပမ်းပေး
ခဲ့သူဖြစ်ပါသည်။

၁၉၉၅-ခုနှစ်၊ ပြာသိုလပြည့်နေ့၌ စာရေးဆရာဦး သုခ၏
တိုက်တွန်းပြောပြချက်အရ မန္တလေးမြို့တွင်-
"အမေများနေ့" ကို ပထမဦးဆုံး စတင်၍ ကျင်းပပြုလုပ် ခဲ့ပါသည်။

#၁၉၉၇-ခုနှစ်တွင် ပြာသိုလပြည့်နေ့အား #အမေများ နေ့အဖြစ် တရားဝင် သတ်မှတ်နိုင်ခဲ့သည်။
မိဘကျေးဇူးဆပ်နည်း စသည့် ဗဟုသုတပညာပေးများ ဟောပြောခြင်းဖြင့် ခေတ်လူငယ်များအား အသိပညာ ဗဟုသုတ တိုးပွားစေလိုသည့် ဆန္ဒဖြင့် စတင်ခဲ့ခြင်း ဖြစ်ပါသည်။

*ပြာသို လပြည့် အမေများနေ့*

မြန်မာပြည်အဖို့ ပြာသိုလပြည့်နေ့၊ နှင်းအိဆွတ်မြ အေးချမ်းသောလ ဆောင်းကာလတွင်၊ အမေများနေ့အဖြစ်၊ သတ်မှတ်ကြလေ၏။

"မြန်မာ့ အမေများနေ့ အစ ဆရာကြီး ဦးသုခက-"

+ ဦးသုခသည် ငယ်စဉ်ကာလဝယ် မိခင်ကြီးကို၊ ကျိုက်လတ် တွင်ထားခဲ့ပြီး၊ ရန်ကုန်မြို့တွင် အလုပ်အကိုင်ရှာဖွေ လုပ်ကိုင်နေရလေရာ၊ သားကို လွမ်းနေရသောမိခင်၏၊ ရင် တွင်းခံစားချက်များကို၊ မြန်မာပြည်တွင်း၌၊ အမေနေ့ဖြစ် ပေါ်လာစေရန် လှည့်လည် ဟောပြောခဲ့လေ၏။

(၁၉၉၅) ခုနှစ်တွင်၊ မန္တလေးမြို့မှ အမေနေ့ဖြစ်ပေါ်စေရန်၊ ရည်သန်စိတ်ပြင်းပြကြသော သူများက၊ ဆရာကြီးဦးသုခ အား အမေနေ့ သတ်မှတ်ပေးရန် တိုက်တွန်းခဲ့ခြင်းကြောင့်၊ မန္တလေးမြို့တွင် ဆရာကြီးဦးသုခ ကိုယ်တိုင်ဟောပြော၍၊ (၁၉၉၇)တွင်အမေနေ့ကို ပြာသိုလပြည့်နေ့တွင် ကျင်းပရန် သတ်မှတ်နိုင်ခဲ့၏။

ဆရာကြီးဦးသော်ဇင်၊ စာရေးဆရာကြီး ဒဂုန်ဦးစန်းငွေ၊ စာရေးဆရာကြီး ဦးရန်အောင်၊စာရေးဆရာကြီး ဦးတက်တိုး၊ စာရေးဆရာမကြီး ဒေါ်စောမုံညင်း၊စာရေးဆရာမကြီး လူထု ဒေါ်အမာ၊စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်စသည့် စသည့် စာပေပညာရှင်များကလည်း၊ ဆရာကြီးဦးသုခနှင့် တစိတ်တ ဝမ်းတည်း၊ ထိုပြာသိုလပြည့်နေ့ကို အမေနေ့အဖြစ်သတ်မှတ် ခဲ့ကြလေ၏။
========================

၁၃၈၇-ခုနှစ်၊ ပြာသိုလပြည့် (အမေနေ့)
(January 2,2026) သောကြာနေ့။
စာတိုလေးနဲ့ ဂုဏ်ပြုကြိုဆိုပါရစေ အမေ။

အမေသို့တမ်းခြင်း
==============

❤️ဒီလိုနေ့ရက်ရောက်လာမှ
မဟုတ်ပါဘူး အမေ။
နေ့ရက်တိုင်းရဲ့ အချိန်တိုင်းမဟုတ်ခဲ့ပေမယ့်
အိပ်ယာဝင်၊အိပ်ယာထချိန်တွေမှာတော့
အမြဲသတိရလျက်ပါ အမေ။

❤️ဘယ်လိုမေ့နိုင်ပါ့မလဲဗျာ။
စကားပင်မပြောတတ်၊
မတ်တပ်ပင်မရပ်နိုင်ခင်ကတည်းက
သားနားမလည်တဲ့စကားတွေ၊
သားမသိတဲ့သံစဉ်တွေ၊
သားမဆိုတတ်သေးတဲ့ သီချင်းတွေနဲ့
ကျောကိုပွတ်သပ်၊ ရင်ခြင်းအပ်ရင်း
ချော့သိပ်ခဲ့တာတွေလေဗျာ။

❤️သားမသိသေးတဲ့ မေတ္တာတွေထက်
အမေ့နှလုံးခုန်သံ၊ စည်းချက်မှန်ကိုတော့
ခုထိနားထဲ ကြားယောင်ဆဲပေမို့
လွမ်းတယ်ဆိုတာထက်ပိုတဲ့ချစ်ခြင်း၊
ချစ်တယ်ဆိုတာထက်ပိုတဲ့ မေတ္တာတွေနဲ့
ကျွန်တော့နှလုံးခုန်တိုင်း
အမေ့ကို မသိစိတ်က
သတိရနေတာပါ အမေ။

❤️ဝေးကွာခြင်းတစ်ခုရဲ့ အတားအဆီးကြောင့်
အနေခဏ ဝေးနေရပေမယ့်
အမေနဲ့ အဝေးမှာနေနေတာ မဟုတ်မှန်း
အမေ့ကို သိစေချင်လိုက်တာဗျာ။

❤️ "ပြာသို လပြည့်နေ့" ကို
"အမေနေ့" တဲ့။
ရွေးတတ်လိုက်တာဗျာ။

❤️ပြာသိုလပြည့်ညရဲ့
အေးချမ်းတဲ့ အငွေ့အသက်‌တွေက
အေးချမ်းလှတဲ့ အမေ့မျက်နှာပေါ်က
အပြုံးတွေလိုပါပဲ အမေ။
ရှိနေသူတိုင်းကို အရမ်းကို
အေးချမ်းစေပါတယ်ဗျာ။

❤️တဆက်စပ်တည်း သတိရမိစေတယ်အမေ။
‌အေးချမ်းတဲ့ ရာသီရောက်တိုင်း
အမေ့ရင်ခွင်ထဲခေါင်းထိုးရင်
ခပ်ဆိုးဆိုး ကျွန်တော့်‌ ကျောပြင်ကို
ဖွဖွလေးသပ် ခပ်ဆတ်ဆတ်အမေ့ရိုက်ချက်တွေနဲ့
တေးမထပ်အောင်ဆိုရင်း
ချော့ခဲ့တာတွေကို
တကယ်တမ်းတ လွမ်းနေတုန်းပါအ‌ေမ။

❤️ဥတုရဲ့အေးချမ်းမှု
လပြည့်ညရဲ့ လင်းလက်မှုတွေကြောင့်
နွေးထွေးတဲ့အမေ့ရင်ခွင်ကို
ဝင်ခိုမှေးစက်ရင်း
တေး တဝက်လောက်သာ
ကျွန်တော့ရှေ့မှောက်
ယခုရောက်လာမယ်ဆိုရင်
ဘယ်အရာမဆို ရင်ဆိုင်နိုင်လောက်အောင်
စိတ်ခွန်အားတွေ ရလာမှာပါအမေ။

❤️သား တကယ် လွမ်းမိပါတယ် အမေ။။

၁/၁/၂၀၂၆
2/30pm
❤14
ပြာသိုလပြည့်နေ့ (ရှင်တစ်ထောင်အခါတော်နေ့)
မင်္ဂလာပါခင်ဗျာ
လာမယ့် ပြာသိုလပြည့်နေ့ ( ကောဇာသက္ကရာဇ်
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ) ဟာ ရှင်တစ်ထောင် အခါတော်နေ့ဖြစ်ပါတယ်ခင်ဗျာ
ရှင်တစ်ထောင် အခါတော်နေ့ ဖြစ်ပေါ်လာပုံကတော့- - - - -
ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကို ချွတ်ရန် ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင်

သွားရောက်ခဲ့ပါသည်။ ပြာသိုလပြည့်နေ့အထိ ၂လကြာမျှ ဥရုဝေလတော၌ပင် သီတင်းသုံးလျှက် ရသေ့များအား စည်းရုံးခဲ့ပါသည်။ ထိုစဉ်ကာလ ဥရုဝေလတော၌ အစ်ကိုကြီး ဥရုဝေလကဿပ ခေါင်းဆောင်သော ရသေ့ငါးရာ၊ အစ်ကိုလတ် နဒီကဿပ ခေါင်းဆောင်သော ရသေ့သုံးရာ၊ ညီငယ် ဂယာကဿပ ခေါင်းဆောင်သော ရသေ့နှစ်ရာ စသည်တို့သည် သုံးနေရာခွဲလျက် နေထိုင်သီတင်းသုံးနေကြသည်။ ဥရုဝေလတောအုပ်သို့ ရောက်ရှိတော်မူခဲ့သော ဂေါတမဘုရားရှင်သည် ဦးစွာ ဥရုဝေလကဿပ ရသေ့ကြီးထံ သွားရောက်လျက် နေခွင့်တောင်းခံသောအခါ နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့် ရခဲ့သည်။ ရသေ့အားလုံးပင် နဂါးကြီး၏ လက်ချက်ဖြင့် ဘုရားရှင်အသက်ဆုံးမည်ဟု ထင်ကြသော်လည်း ဘုရားရှင်က နဂါးကြီးအား တန်ခိုးတော်ဖြင့် နှိမ်နင်းပြ လိုက်သည့်အခါ ရသေ့အပေါင်းတို့သည် ဘုရားရှင်အား လေးစားအထင်ကြီးသွားကြကုန်၏။
ဥရုဝေလကဿပနှင့်တကွ ရသေ့အားလုံးတို့သည် တရားနည်းလမ်းမကျသော မီးလှုံခြင်း၊ ရေငုပ်ခြင်း စသည့် ပဉ္စာတပအကျင့်များကို ကျင့်ကြကုန်၏။ ထိုအကျင့်များကို ကျင့်ခြင်းဖြင့် ကိလေသာ ခေါင်းပါးလိမ့်မည်ဟုလည်း လွဲမှားစွာ မှတ်ထင်ထားကြကုန်၏။ ၄င်းတို့၏ ကျင့်ကြံပုံမှာ ဆီးနှင်းများ တဖွဲဖွဲကျဆင်းနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှစွာသော ပြာသိုလသမယအတွင်း သတ်မှတ်ရက် ရှစ်ည၌ နေရဉ္ဇရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြကုန်၏။ သည့်အတွက် ခိုက်ခိုက်တုန်မျှ အချမ်းဝေဒနာကို ခံစားကြရလေသည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်က ရသေ့များ အချမ်းဝေဒနာ သက်သာစေရန် မီးအိုးကင်း ၅၀၀ ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော် မူခဲ့ပါသည်။ ထို့အပြင် ဗုဒ္ဓဘုရားရှင်သည် ရသေ့များခွဲ၍ မကွဲသော ထင်းတုံးငါးရာအား တစ်ပြိုင်နက် ကွဲစေခြင်း၊ ရသေ့များမွှေး၍မရသောမီးကို တစ်ပြိုင်နက် တောက်လောင်စေခြင်း၊ ရသေပများငြိမ်း၍မရသော မီးငါးရာအား တပြိုင်နက် ငြိမ်းစေခြင်း၊ မီးအိုးကင်း ငါးရာကို တပြိုင်နက် ဖန်ဆင်းခြင်းစသော တန်ခိုးတော်စုစုပေါင်း (၃၅၁၆)မျိုးကို ပြသ၍ ရသေ့များအား ဆွဲဆောင်တော်မူခဲ့သည်။

ထိုအခါ ရသေ့အပေါင်းတို့သည် ၄င်းတို့၏ အသုံးအဆောင် ပစ္စည်းများအားလုံးကို နေရဉ္ဇရာမြစ်အတွင်းသို့ စွန့်ပစ်လိုက်ကြပြီး ဗုဒ္ဓဘုရားရှင်ထံ၌ ရဟန်းအဖြစ်ကို တောင်းခံခဲ့ကြလေ၏။ ပထမအကြိမ် ဥရုဝေလကဿပနှင့် တပည့်များ၊ ဒုတိယအကြိမ် နဒီကဿပနှင့် တပည့်များ၊ တတိယအကြိမ် ဂယာကဿပနှင့် တပည့်များ သုံးသုတ်ခွဲ၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြသည်။ သည့်နောက် ရှင်တစ်ထောင် (ဝါ) ရသေ့တစ်ထောင်လုံး ဧဟိဘိက္ခုရဟန်းများ ဖြစ်လာကြတော့သည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်လည်း ရသေ့တစ်ထောင်အား ဂယာသီသကျောက်ဖျာပြင်၌ “အာဒိတ္တ ပရိယာယ သုတ္တန် ဒေသနာ” ကို ဟောကြားတော်မူရာ ရဟန်းအားလုံး အာသဝေါကုန်ခမ်း၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြလေတော့သည်။ ထိုနေ့သည်ကား ပြာသိုလပြည့်နေ့ ဖြစ်လေသည်။ ရှင်အပါးတစ်ထောင် ဗုဒ္ဓသာသနာအတွင်း ဝင်ရောက်ခဲ့သည်ကို အကြောင်းပြု၍ ပြာသိုလပြည့်နေ့အား ဗုဒ္ဓဘာသာဝင်တို့က ” ရှင်တစ်ထောင် အခါတော်နေ့” ဟူ၍ သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါတယ်ခင်ဗျာ။
#kyawmoechay
#ပြာသိုလပြည့်နေ့
#ရှင်တစ်ထောင်အခါတော်နေ့
❤19
၂၀၂၅–၂၀၂၆ ပညာသင်နှစ်
#လူရည်ချွန်ရွေးချယ်ရေးလမ်းညွှန်၏ထူးခြားချက်အချို့

၁။ ရေးဖြေ (၃) ဘာသာတွင် (၁) ဘာသာ ၆၀ မှတ် ရ ရ
မည်။
၂။ နှုတ်ဖြေ ၂၄ မှတ် ရရမည်။
၃။ ကိုယ်ကာယကြံ့ခိုင်မှု ၃၆ မှတ် ရရမည်။
မှတ်ချက်။ #လမ်းညွှန်က်ိုအသေးစိတ်လေ့လာပါ။
👍1
၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၁ ရက်စွဲဖြင့် ပြဌာန်းထားခဲ့ပြီးဖြစ်သော
#မြန်မာနိုင်ငံတော်အလံအသုံးပြုခြင်းနှင့်လွှင့်ထူခြင်းနှင့်စပ်လျဥ်း ၍ #နည်းလမ်းတကျအသုံးပြုနိုင်ရန်ထုတ်ပြန်ကြေညာချက်အပြည့်အစုံ

ဦးစစ်နိုင်
❤4
Media is too big
VIEW IN TELEGRAM
အတုယူဖွယ် အလွန်ကောင်းပါသော
❤14