Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
18.2K subscribers
3.84K photos
92 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Viber , Telegram တွေမှာဒါမျိုးလင့်တွေတွေ့နေရင်ဝင်မကြည့်ပါနဲ့။
မထိပါနဲ့။
ဝင်လိုက်မိရင် နောက်ထပ်လင့် ၂ခုထပ်ကျမယ်။
၃ကိုမ်ထိဝင်မိရင်တော့ ကို့အကောင့်ပါသွားပြီမှတ်ပါ။
Pishing Hack link တွေပါ။ ၂ကြိမ်အထိ အကောင့်မပါပါဘူးနော်။
လက်တွေ့ သတိပြုဖွယ်ပါဗျာ။
❤4👍1
တယ်လီဂရမ်ရဲ့ သားကောင်မိန်းမပျိုများ

၂၇.၁၂.၂၀၂၅

အသက် ၁၄ နှစ်အရွယ်သာ ရှိသေးတဲ့ မို့မို့ (အမည်လွှဲ) အတွက်တော့ သူမရဲ့ အနာဂတ်နဲ့ ကျောင်းပညာရေးဟာ တယ်လီဂရမ်ချန်နယ်တစ်ခုရဲ့ VIP ဝင်ကြေးရဖို့အတွက် "ရောင်းကုန်" တစ်ခုလို အသုံးချခံလိုက်ရပါတယ်။

အဖွဲ့ဝင် လေးသောင်းကျော်ရှိတဲ့ "Ultra Nub" ဆိုတဲ့ တယ်လီဂရမ်ချန်နယ်မှာ မို့မို့ရဲ့ ချစ်သူဟောင်းက သူတို့နှစ်ဦးရဲ့ ရုပ်သံဖိုင်တင်ရုံတင်မကဘဲ မို့မို့ရဲ့ ကျောင်းသူဘဝဓာတ်ပုံ၊ ဖေ့ဘွတ်ခ်အကောင့်နဲ့ နေရပ်လိပ်စာတွေကိုပါ တွဲတင်ပြီး စနစ်တကျ ရောင်းစားခဲ့တာပါ။

မို့မို့တစ်ယောက် သူမရဲ့ဘဝ ဒစ်ဂျစ်တယ်ငရဲထဲ ရောက်သွားမှန်း သိလိုက်ရတာကတော့ သူငယ်ချင်းတွေရဲ့ သတင်းစကားကြောင့်ပါ။

“နင့်ပုံနဲ့ ဗီဒီယိုတွေ တယ်လီဂရမ်မှာ ပျံ့နေတယ်ဆိုပြီး Screenshot တွေနဲ့ လာပြကြမှ သိလိုက်တာ" လို့ မို့မို့က သူမရဲ့ ထိတ်လန့်စရာ အခိုက်အတန့်ကို ပြန်ပြောပြပါတယ်။

ဒီအကြောင်းကို မိဘတွေကို မပြောပြရဲခဲ့ပေမဲ့ တမြို့တည်းနေသူတွေကတဆင့် သတင်းက မိဘတွေဆီ ရောက်သွားခဲ့ပါတယ်။

သမီးဖြစ်သူရဲ့ အရှက်သိက္ခာကို လူတကာက ဈေးဖြတ်နေကြပြီဆိုတာသိလိုက်ရတဲ့အချိန်မှာ ဖခင်ဖြစ်သူဟာ ဝမ်းနည်းရှက်ရွံ့လွန်းတာကြောင့်ထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။

“ဖေဖေကတော့ သိသိချင်းမူးလဲသွားတယ်။ မေမေကတော့ ငိုလည်းငိုတယ်၊ သမီးကိုလည်း ရိုက်တယ်” လို့ မို့မို့က ဆိုပါတယ်။

မိဘတွေက သမီးဖြစ်သူရဲ့ သိက္ခာကို ကယ်တင်ဖို့ ချန်နယ်ပိုင်ရှင်ကို ကျပ် ၁၀ သိန်းပေးပြီး ရုပ်သံဖျက်ဖို့ ညှိနှိုင်းခဲ့ကြပါတယ်။အဆိုပါငွေကို KBZ Pay ကနေ လွှဲပေးခဲ့ပြီး ခြေရာခံဖို့ ကြိုးစားခဲ့ပေမဲ့ အကောင့်တွေဟာ တဆင့်ပြန်ဝယ်ယူထားတဲ့အကောင့်တွေဖြစ်နေတာကြောင့် ရှာဖွေဖို့ မတတ်နိုင်ခဲ့ပါဘူး။

ပထမဆုံးတင်ခဲ့တဲ့ချန်နယ်က ဖျက်ပေးခဲ့ပေမဲ့ တခြားချန်နယ်တွေက ကူးယူတင်ထားကြပြီဖြစ်လို့ ပျံ့နှံ့မှုကို မထိန်းချုပ်နိုင်တော့ပါဘူး။

နောက်ဆုံးမှာတော့ မိဘတွေကအရှက်ရကာ မို့မို့ကို ကျောင်းထုတ်ပြီး တနယ်တကျေးသို့ ပြောင်းရွှေ့သွားခဲ့ကြသလို စိုးရိမ်ပူပန်မှုတွေကြောင့် ကျောင်းပညာရေးကိုလည်း ပုံမှန်အတိုင်း ဆက်မထားတော့ပါဘူး။

အခုဆို မို့မို့ဟာ သာမန်လူနေမှုဘဝ ပျောက်ဆုံးသွားခဲ့ရပြီး အပြင်ထွက်ဖို့တောင် မဝံ့ရဲတော့ပါဘူး။ အွန်လိုင်းကနေ စာသင်နေရတဲ့အခြေအနေမှာတောင် “ကင်မရာဖွင့်လိုက်ရင် ငါ့ကို သူတို့ သိနေမလား” ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရှင်သန်နေရတယ်လို့ သိရပါတယ်။

မို့မို့လိုပဲအလားတူပြဿနာ ကြုံနေရသူကတော့ အသက် ၂၂ နှစ်အရွယ် မဖြူဖြူ (အမည်လွှဲ) ပါ။ ဖြူဖြူရဲ့ ရည်းစားဟောင်းဖြစ်သူက သူတို့နှစ်ဦးရဲ့ ရုပ်သံကို အဖွဲ့ဝင် ၁၄၀၀၀၀ ဦးဝန်းကျင်ရှိတဲ့ Dark King Free ချန်နယ်မှာ ရောင်းစားခဲ့တာပါ။

အဲဒီလိုရောင်းစားခံရပြီးနောက်မှာ အကောင့်အတုနဲ့ အမျိုးသားတစ်ဦးက ဖြူဖြူနဲ့ သူမရဲ့ ရည်းစားဟောင်းတို့ရဲ့ရုပ်သံကို Messenger ကနေ ပေးပို့ပြီး စတင်ခြိမ်းခြောက်ခဲ့ပါတယ်။

“Video ပို့လာပြီး နင့် HD ကို ငါ့ကို လာရောင်းထားတယ်။ မတင်စေချင်ရင် ပိုက်ဆံလွှဲပေးရမယ်ပြောတယ်" လို့ ဖြူဖြူက ဆိုပါတယ်။

ဖြူဖြူက သူတောင်းတဲ့ပမာဏအတိုင်း ကျပ်ငွေ ၂ သိန်း ပေးခဲ့ပေမဲ့ ကျူးလွန်သူကရပ်မသွားဘဲ သူမကို အတူအိပ်ဖို့ပါ ထပ်မံအကြပ်ကိုင်လာပါတယ်။ဖြူဖြူကငြင်းဆန်တဲ့အခါ "အတူမအိပ်ချင်ရင် Video Call ကနေ လိင်မှုကိစ္စပြုလုပ်ပေးရမယ်" လို့ ဖိအားပေးပြန်ပါတယ်။

“ဗီဒီယိုတင်ခံရမှာ ကြောက်တာရော၊ မျက်နှာမပါစေရဘူးဆိုတာကြောင့်ပါ လိုက်လျောမိခဲ့တယ်” လို့ ဖြူဖြူက ဆိုပါတယ်။

ဒါပေမဲ့ ကျူးလွန်သူက နေ့စဉ်နီးပါး ထပ်မံတောင်းဆိုလာတာကြောင့် ဖြူဖြူက သည်းမခံနိုင်တော့ဘဲ ဆက်သွယ်မှုဖြတ်တောက်လိုက်တဲ့အခါမှာတော့ သူမရဲ့ မူလရုပ်သံတွေအပြင် Video Call မှတ်တမ်းတွေကိုပါတယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေပစ်ခဲ့ပါတယ်။

တကယ်တော့ ဒီဖြစ်စဉ်တွေဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လက်စားချေမှုသက်သက်မဟုတ်တော့ဘဲ နည်းပညာကို အလွဲသုံးစားလုပ်ကာ အမျိုးသမီးတွေကို အကာအကွယ်မပေးနိုင်တဲ့ တရားစီရင်ရေး အခြေအနေပေါ် အခြေခံပြီး၊ သူတို့ရဲ့ ဘဝနဲ့ သိက္ခာကို အရင်းပြုကာ စနစ်တကျ လည်ပတ်နေတဲ့ အွန်လိုင်း ညစ်ညမ်းစီးပွားရေးယန္တရားကြီးတစ်ခု ဖြစ်နေပါတယ်။

ရုပ်သံပေးပို့သူတွေထဲမှာ အတူနေခဲ့ဖူးတဲ့ချစ်သူဟောင်းတွေက အများဆုံးဖြစ်ပြီး သူတို့နဲ့ ပြန်မတွဲချင်တဲ့အခါမှာ နာမည်ဖျက်ဖို့အတွက် အခုလိုလုပ်ဆောင်ကြတာပါ။

ဒီလုပ်ငန်းဟာ ငွေရလွယ်တဲ့ဈေးကွက်တစ်ခုဖြစ်လာတာနဲ့အမျှ ကျူးလွန်သူတွေဟာ နည်းလမ်းမျိုးစုံနဲ့ အမြတ်ထုတ်လာကြပါတယ်။
❤12👍2
ရည်းစားဟောင်းတွေက လက်စားချေရုံတင်မကဘဲ တည်းခိုခန်းတွေမှာ ခိုးယူမှတ်တမ်းတင်တာ၊ ဖုန်းပြုပြင်သူတွေက ဖုန်းထဲက အချက်အလက်တွေကို ခိုးယူတာနဲ့ လူမှုကွန်ရက်အကောင့်တွေကို ဖောက်ထွင်းခိုးယူတာတွေအထိ လုပ်ဆောင်လာကြတာပါ။

ဒါတင်မကဘဲ အလုပ်ရှာဖွေနေတဲ့ အမျိုးသမီးတွေကို အေဂျင်စီဟန်ဆောင်ကာ Video Call ခေါ်ဆိုပြီး လိမ်လည်မှတ်တမ်းတင်တာတွေပါ ရှိလာပါတယ်။

အလုပ်ရှာဖွေနေသူ မြမြ (အမည်လွှဲ) ကတော့ Facebook က Group တွေမှာ အလုပ်လိုကြောင်း ပို့စ်တင်ခဲ့ရာမှ ခြိမ်းခြောက်ခံလိုက်ရတာပါ။

“အလုပ်လိုတဲ့ ပို့စ်တစ်ခုကို ဖေ့ဘွတ်ဂရုထဲ တင်လိုက်တာ။ နောက်တော့ အကောင့်တစ်ခုက လာဆက်သွယ်တယ်။ သူက အလုပ်အကိုင်ရှာပေးတဲ့ အေဂျင်စီကပါတဲ့။ အလုပ်ကိစ္စဖုန်းပြောချင်လို့ ကိုင်ပါဆိုလို့ ကိုင်လိုက်တဲ့အချိန် သူ့ရဲ့အင်္ဂါကို ကိုင်ထားတဲ့ပုံကြီးမြင်လိုက်ရတာပဲ" လို့ သူမရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

အဲဒီနောက် မြမြရဲ့ မျက်နှာပါတဲ့ Screenshot ကိုယူပြီး ငွေ ၅ သောင်းမပေးရင် ဖြန့်မယ်လို့ ခြိမ်းခြောက်ခဲ့ပေမဲ့ငွေမပေးခဲ့တဲ့အတွက် အဆိုပါပုံကို ကျူးလွန်သူက ဖြန့်ဝေခဲ့ပါတယ်။

မြမြလိုကြုံတွေ့ခဲ့ရသူ ၁၀ ဦးထက်မနည်းရှိပြီး ဒီဖြစ်စဉ်ဟာ "ကျားဖြန့်" လို့ ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လုပ်ရပ်ဖြစ်နိုင်တယ်လို့လည်း သူမက သုံးသပ်ပါတယ်။

ပိုမိုဆိုးရွားလာတဲ့အချက်ကတော့ AI လို ခေတ်မီနည်းပညာနဲ့ လှည့်ကွက်တွေကို အသုံးချလာခြင်း ဖြစ်ပါတယ်။

ကိုယ်တိုင်ရိုက်ကူးထားတဲ့ ရုပ်သံမရှိသူတွေကိုပင် AI နည်းပညာသုံးကာ ညစ်ညမ်းပုံတွေအဖြစ် ပြုပြင်ပြီး အသရေဖျက်ငွေညှစ်တာတွေရှိလာပါတယ်။

"နာမည်ကြီးတဲ့ မိန်းကလေးတွေကိုဆို AI နဲ့လုပ်ပြီး ဂရုတွေထဲတင်တာ၊ အဲဒီကောင်မလေးတွေရဲ့ ပို့စ်တွေအောက်မှာ AI နဲ့လုပ်ထားတာတွေကို Comment လိုက်ရေးတာတွေ လုပ်ကြတယ်" လို့ အမျိုးသမီးအရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

လိင်မှုကိစ္စရုပ်သံတွေကို အခကြေးငွေနဲ့ ရောင်းချနေတဲ့ တယ်လီဂရမ်ချန်နယ်ပေါင်း ၃၀၀ ကျော်ရှိပြီး ၂၀၂၂ ခုနှစ်အစောပိုင်းကနေ ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ အမျိုးသမီး ၂၀၀၀ ကျော်ရဲ့ ရုပ်သံတွေ ဖော်ပြခံခဲ့ရတယ်လို့ နစ်နာသူတွေကို ကူညီပေးနေသူ ကိုဂျွန် (အမည်လွှဲ) က ပြောပါတယ်။

အလားတူ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရသူတွေကို ကူညီပေးနေတဲ့ Against Sexual Violence (ASV) အဖွဲ့ဝင်တွေ ကူညီဖြေရှင်းပေးခဲ့ရတဲ့ ဖြစ်စဉ်ပေါင်း ၅၀၀၀ ကျော်အထိ ရှိနေပြီဖြစ်ပါတယ်။
အဆိုးဆုံးကတော့ ဒီလုပ်ငန်းကြီးဟာ မရင့်ကျက်သေးတဲ့ ဆယ်ကျော်သက်ကလေးတွေကို အဓိကပစ်မှတ်ထားလာတာပါပဲ။

၂၀၂၅ ခုနှစ်အတွင်းမှာပဲ အသက်မပြည့်သေးတဲ့ကလေးငယ် ၂၀ ဦးကျော်ရဲ့ လိင်မှုကိစ္စ အမြတ်ထုတ်ခံရတဲ့ဖြစ်စဉ်တွေကိုကူညီပေးခဲ့ရတယ်လို့ ကိုဂျွန်က ဆိုပါတယ်။

"ဆယ်ကျော်သက်အရွယ်ဆိုတာ စူးစမ်းချင်စိတ်များတတ်တဲ့အရွယ်ပါ။ လိင်မုဆိုးတွေက ဒီမသိနားမလည်မှုကိုအခွင့်ကောင်းယူပြီး ရည်းစားဖြစ်အောင်ကြိုးစား၊ အတူနေဖို့ဖျားယောင်းပြီး ရရှိလာတဲ့မှတ်တမ်းတွေနဲ့ပဲ သူတို့အလိုကျထပ်ဆင့်အသုံးချဖို့ ခြိမ်းခြောက်တတ်ကြတယ်” လို့ အမျိုးသမီးအရေး ကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။

ဒီစီးပွားရေးပုံစံဟာ Facebook နဲ့ TikTok လို လူမှုကွန်ရက်တွေမှာ "အမြည်း" ပြ လူစုကာ တယ်လီဂရမ်ထဲကို ဆွဲခေါ်သွားတာပါ။

အဲဒီချန်နယ်တွေမှာ Free Channel နဲ့ VIP Channel ဆိုပြီး နှစ်မျိုးရှိပါတယ်။ Free Channel မှာ အပိုင်းအတိုလေးတွေပြပြီး ဆွဲဆောင်ကာ အပြည့်အစုံကြည့်ချင်ရင်တော့ ငွေပေးသွင်းခိုင်းတာပါ။

ချန်နယ်ပိုင်ရှင်တွေက သာမန်မိန်းကလေးတွေရဲ့ ရုပ်သံဆိုရင် ကျပ် ၅၀၀၀ ကနေ ၃၀၀၀၀ အတွင်း ဝယ်ယူလေ့ရှိပြီး နာမည်ကြီး ဆယ်လီတွေရဲ့ ရုပ်သံဆိုရင် ကျပ် ၁၀ သိန်းအထိ ပေါက်ဈေးရှိပါတယ်။
ရုပ်သံဝယ်ယူဖို့အတွက် ချန်နယ်ပိုင်ရှင်တွေဟာ ငွေအနည်းငယ်သာ စိုက်ထုတ်ရပေမဲ့ VIP ဝင်ကြေးတွေကနေတစ်ဆင့် များစွာသော အကျိုးအမြတ်ကို ပြန်လည်ညှစ်ထုတ်နေတာပါ။

ဒါတင်မကသေးဘဲ ကာယကံရှင်တွေက ရုပ်သံလာပြန်ဖျက်ခိုင်းတဲ့အခါမှာလည်း 'ဖျက်ခိုင်းခ' အဖြစ် ငွေကြေးထပ်မံတောင်းခံကာ နည်းလမ်းမျိုးစုံနဲ့ အမြတ်ထုတ်နေကြတာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၁၃၀၀၀၀ ကျော်ရှိတဲ့ "Dark King Free" လို ချန်နယ်မျိုးမှာ အဖွဲ့ဝင်အားလုံးရဲ့ တစ်ဝက်ခန့်ကသာ VIP ဝင်ကြေး ကျပ် ၁ သောင်းစီ ပေးသွင်းကြတယ်ဆိုရင်တောင် ကျပ်သိန်းပေါင်း ၆,၀၀၀ ကျော် (ကျပ်သန်း ၆၀၀ ကျော်) အထိ အမြတ်အစွန်းရရှိနေတာဖြစ်ပါတယ်။

ဒီစက်ဝိုင်းကြီးအရှိန်မပျက်လည်ပတ်နေဖို့ အဓိကလောင်စာကတော့ ကြည့်ရှုသူတွေဆီက ရရှိတဲ့ ငွေကြေးပါပဲ။

“ကိုယ်ပေးလိုက်တဲ့ VIP ဝင်ကြေးက နောက်ထပ် အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို ဖျက်ဆီးဖို့ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှု အရင်းအနှီး ဖြစ်သွားတယ်” လို့ တယ်လီဂရမ်မှာ လိင်မှုကိစ္စပြုနေတဲ့ ရုပ်သံရောင်းစားခံခဲ့ရတဲ့ မနီနီက ဆိုပါတယ်။

ကိုယ်ကြည့်နေတဲ့ ဗီဒီယိုရဲ့ နောက်ကွယ်မှာ ကာယကံရှင် အမျိုးသမီးဟာ သတ်သေဖို့အထိ ကြိုးစားနေရတာမျိုး ဖြစ်နိုင်တာကြောင့်၊ ကြည့်ရှုသူဟာ ရာဇဝတ်မှုကို ဘေးကကြည့်နေသူ မဟုတ်တော့ဘဲ ဒီလုပ်ငန်းကြီး တိုးချဲ့နိုင်အောင် ငွေကြေးစိုက်ထုတ်ပေးနေတဲ့ ရှယ်ယာရှင်တစ်ယောက်လို ဖြစ်နေတယ်လို့ သူမက ဆက်ပြောပါတယ်။
👍6❤4
မြန်မာနိုင်ငံမှာ အွန်လိုင်းပြစ်မှုတွေအတွက် အီလက်ထရောနစ်ဥပဒေကိုသာ အားကိုးနေရဆဲလို့ သိရပါတယ်။


မြန်မာနိုင်ငံက Sex Education (လိင်ပညာပေးမှု) အားနည်းတဲ့နိုင်ငံဖြစ်နေတော့ ဒီလိုဗီဒီယိုတွေ ထွက်လာတဲ့အခါမှာ ဆွေမျိုးတွေကြားထဲမှာတင်မကဘဲ၊ မိတ်ဆွေအသိုင်းအဝိုင်းထဲမှာပါ ခွဲခြားဆက်ဆံခံရတာမျိုးတွေ ရှိတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့သူတွေက ပြောပါတယ်။

ဒီလို ခွဲခြားဆက်ဆံမှုတွေဟာ စိတ်ပိုင်းဆိုင်ရာအရ ဒဏ်ရာရထားပြီးသား အမျိုးသမီးတွေအတွက်တော့ ပိုပြီးဆိုးရွားစေပါတယ်။ ဒါဟာ သူတို့ကို မိမိကိုယ်ကိုယ် သေကြောင်းကြံတဲ့အထိတောင် တွန်းပို့နေသလို ဖြစ်နေတယ်လို့ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုပေးနေသူတွေကလည်း ထောက်ပြထားပါတယ်။
အဲဒီလို ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးအများစုဟာ ဖြစ်စဉ်ဖြစ်ပြီး လနဲ့ချီ ကြာသွားတဲ့အထိတောင် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို ဆက်ပြီး ခံစားနေကြရတာပါ။

မို့မို့၊ ဖြူဖြူနဲ့ မြမြတို့ဆိုရင် ဒီလို ခြိမ်းခြောက်ခံရတဲ့ဖြစ်စဉ်နဲ့ ကြုံခဲ့ရတာ ၁ နှစ်နီးပါးရှိနေပြီဖြစ်ပေမဲ့ ဒီနေ့အထိ စိတ်မလုံခြုံကြသေးပါဘူး။

'ကိုယ်မသိတဲ့သူက စကားလာပြောရင်ပဲဖြစ်ဖြစ်၊ Messenger က နိုတီအသံ ကြားရင်ပဲဖြစ်ဖြစ် ကြောက်ပြီး ငိုချင်လာတယ်။ တယ်လီဂရမ်ဆိုရင်လည်း အခုထိ ပြန်မဖွင့်ရဲသေးဘူး' လို့ ဖြူဖြူက သူ့ရဲ့ စိတ်ဒဏ်ရာကို ပြောပြပါတယ်။

အမျိုးသမီး ထောင်ပေါင်းများစွာ အခုလို လိင်အမြတ်ထုတ်ခံနေရပေမဲ့ ဥပဒေအရ ကာကွယ်စောင့်ရှောက်မှု ရဖို့ဆိုတာကတော့ လက်တွေ့မှာ မလွယ်ကူတဲ့ အခြေအနေ ဖြစ်နေပါတယ်။

ဒါကြောင့်လည်း နစ်နာသူတွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ပဲ ကျူးလွန်သူတွေကို လူမှုရေးအရ ပြစ်ဒဏ်ပေးတာမျိုး၊ ညစ်ညမ်းချန်နယ်တွေကို Report ဝိုင်းထုတာမျိုးတွေကိုပဲ လုပ်ဆောင်နေကြပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာတင် ASV Team က အဖွဲ့ဝင်တွေရဲ့ Report ထုမှုကြောင့် လိင်ကိစ္စတွေ ဖြန့်ဖြူးပြီး ငွေရှာနေတဲ့ တယ်လီဂရမ်ချန်နယ်ပေါင်း ၁၆၇ ခုအထိ ပျက်သွားခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီညစ်ညမ်းစီးပွားရေးယန္တရားကို အပြီးအပိုင် တိုက်ဖျက်ဖို့ကတော့ အတော်လေး ခက်ခဲနေပါသေးတယ်။

ကျူးလွန်သူတွေဟာ သူတို့ချန်နယ်တွေ Report ထုခံရလို့ ပျက်သွားရင်တောင်မှ အဖွဲ့ဝင် (Member) အများကြီးရှိတဲ့ တခြားတယ်လီဂရမ်ချန်နယ်တွေကို ပိုက်ဆံနဲ့ ပြန်ဝယ်ပြီး ဒီလုပ်ရပ်တွေကိုပဲ ထပ်ခါတလဲလဲ လုပ်ဆောင်နေကြလို့ပါ။

နောက်ဆုံးမှာတော့ ဒီညစ်ညမ်းစီးပွားရေး ယန္တရားကြီး ပျက်စီးသွားဖို့ဆိုရင် ရောင်းတဲ့သူကို တားဆီးရုံတင်မကဘဲ ဝယ်ယူကြည့်ရှုသူ မရှိတော့အောင် လုပ်ဆောင်နိုင်မှသာ အထိရောက်ဆုံး ဖြစ်မှာပါလို့ မနီနီကတော့ သူမရဲ့အမြင်ကို‌ေပြာဆိုပါတယ်။

အသိကို သတိနိုင်ထိန်းပြီး
လှည့်ဖျားခြင်းမှ
လွတ်ကင်းကြပါစေ။
❤16👍4
မဲရုံတာဝန်ထမ်းဆောင်ကြတဲ့
မဲရုံမှူး ၁၀၀၀၀၀
ဒုမဲရုံမှူး ၉၀၀၀၀
စက်ကိုင် ၈၀၀၀၀
မဲစာရင်းစစ် ၈၀၀၀၀
မှင်တို့ ၈၀၀၀၀
လုံခြုံရေး ၈၀၀၀၀
အားလုံး ၁၂ဦး
ရရှိပါတယ် နော်🥰
လုပ်လာခဲ့မျှနှစ်တွေမှာ
ဒီနှစ်တော့ များများလေးရတယ်ပေါ့😁😁
ခိုင်းစရာရှိလည်း ဒီအခြေခံကဆရာ ဆရာမတွေပဲလုပ်ရတာ ပါ🙄🙄မငြီးမညူလုပ်ပေးတာလည်း
ဒီအခြေခံဆရာ ဆရာမတွေပါပဲလေ
အရမ်းပင်ပန်းပါတယ်
အဆဲခံရလည်းဒီဆရာ ဆရာမတွေပါပဲ
တာဝန်ကိုကျေပွန်စွာနဲ့အကောင်းဆုံးလုပ်ဆောင်ပေးခဲ့ကြပါတယ်🥰
မချီးကျူးရင်တောင် အပြစ်တွေမပြောကြပါနဲ့
ကျေးဇူးပါ💜
❤19
၂၀၂၆ ဇန်နဝါရီလ ၁ ရက်မှ ၄ ရက်အထိ
အစိုးရရုံးပိတ်ရက် တစ်ဆက်စပ်တည်း
၄ ရက် ပိတ်ပေးပြီး ၁၀ ရက် စနေနေ့ ကို
အစားထိုးရက်အဖြစ် ပြင်ဆင်သတ်မှတ်
❤8
#စာစီစာကုံးခေါင်းစဥ်ကိုမျဥ်းသားခြင်းမသားခြင်းကိုတရားဝင်ပြဋ္ဌာန်းတာမရှိ၊ မတားလဲ ဘာမှမဖြစ် တားလဲဘာမှမဖြစ်။ အမှတ်ပေးခြင်းနှင့် (ပညာရပ်သဘောအရ) ဘာမှမပတ်သက်။

ပညာရပ်ဆိုင်ရာမှာ ကြီးကျယ်နိုင်စွမ်းမရှိတဲ့ ပညာရှင်မဟုတ်သော လူယုတ်မာတယောက်တလေက ဘာမှ အရေးမပါ, မကြီးကျယ်တာကို ပုံကြီးချဲ့ပြီး ဖန်ဂေါင်းကျယ်ပြီး တလွဲအာဏာပြနေတာ ဖြစ်ပါတယ်။ ဒီပြဿနာဟာ စာစစ်လောကမှာ တကယ်ရှိခဲ့ဖူးတာပါ။

အလင်္ကာကို ငါ့စာအုပ်ထဲကအတိုင်းဖြေမှ အမှတ်ပေးမယ်လို့ (စာနဲ့ပေနဲ့မဟုတ်ပေမယ့်) နှုတ်အားဖြင့် ဝါဒဖြန့်တာမျိုးတောင် ရှိခဲ့ပါသေးတယ်။

#ဖြောင့်မှန်သောဘယ်ပညာရှင်ပါမောက္ခမှဒါမျိုးတွေမပြောမလုပ်ပါ။

💜

လှေနံဓားထစ် ပြဿနာ
*****
အခုရက်ပိုင်း မြန်မာစာအသိုင်းအဝိုင်းရဲ့ လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ပေါ်မှာတက်လာတဲ့ ပို့စ်တစ်ခုကို အကြောင်းပြုပြီး ဒီစာကို ရေးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အခြားသူတွေရေးကြ၊ တင်ကြတဲ့ ပို့စ်တွေအပေါ်မှာ စောကြောဝေဖန်တာမျိုး လုပ်လေ့မရှိပါဘူး။ လုပ်လဲမလုပ်လိုပါဘူး။ ဒါပေမဲ့ အခုကိစ္စက မြန်မာစာကိစ္စလဲဖြစ်၊ အများနဲ့ဆိုင်တဲ့ကိစ္စလဲ ဖြစ်နေတာကြောင့် ပြောဖို့လိုအပ်တယ်ထင်လို့ ဒီစာကိုရေးဖြစ်ပါတယ်။
ပြောမဲ့ကိစ္စကို မစခင်မှာ “လှေနံဓားထစ်” ဆိုတဲ့စကားကို အရင်ပြောချင်ပါတယ်။ လှေနံဓားထစ် ဆိုတဲ့စကားကို အများသိကြပါတယ်။ တချို့အနည်းအပါးကတော့ သိချင်မှသိပါလိမ့်မယ်။ ဒါ့ကြောင့် လှေနံဓားထစ်ဆိုတဲ့ စကား အကြောင်းကို အရင်ပြောပါမယ်။ “လှေနံဓားထစ်” ဆိုတာ မြန်မာ့လူမှုနယ်ပယ်မှာ ထင်ရှားတဲ့ စကားပုံတစ်ခုဖြစ်ပါတယ်။ ဒီစကားပုံဟာ ပုံပြင်တစ်ပုဒ်ကို အခြေခံပြီး ပေါ်ပေါက်လာတာပါ။ ပုံပြင်ကတော့ လှေတစ်စင်းနဲ့ မြစ်ရိုးတစ်လျှောက်ကူးသန်း ရောင်းဝယ်နေသူတစ်ယောက်ဟာ တစ်နေ့မှာ သူ့ရဲ့ဓားရှည်တစ်ချောင်း မြစ်အတွင်းကျသွားပါတယ်။ မြစ်အတွင်းချက်ချင်း မဆင်းယူနိုင်သေးတဲ့အတွက် ဓားကျသွားတဲ့နေရာကို မှတ်သားဖို့ လှေရဲ့ နံဘေးကို အခြားဓားတစ်လက်နဲ့ ထစ်ပြီး မှတ်သားထားလိုက်ပါတယ်။ လှေဆိုက်တဲ့အခါမှ လှေဘေးမှာထစ်ထားတဲ့ နေရာက ရေထဲကိုဆင်းပြီး ဓားကိုရှာအခါ ဓားကိုမတွေ့ဘဲ တံစဉ်တစ်ချောင်းကိုသာတွေ့လိုက်ရပါတယ်။ သူ့ ဓားဟာ ရေထဲမှာနေရတာ အချိန်ကြာသွားလို့ အချမ်းလွန်ပြီး ကောက်ကွေးသွားတယ်လို့ ထင်မှတ်လိုက်တယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီစကားပုံရဲ့ ဆိုလိုရင်းက ဘယ်အရာမဆို ပုံသေကားကျ တစ်သမတ်တည်းမှတ်ယူထားရင် လွဲမှားနိုင်တယ်ဆိုအကြောင်းပဲ ဖြစ်ပါတယ်။
အခု လှေနံဓားထစ် ပြဿနာအကြောင်းပြောချင်ပါတယ်။ ဒီအကြောင်းက မြန်မာစာ အသိုင်းအဝိုင်းရဲ့ လူမှုကွန်ရက်မှာ ပြန့်လာတဲ့ပို့စ်တစ်ခုနဲ့ ပတ်သက်ပါတယ်။ ပို့စ်ရေးတဲ့သူဟာ စေတနာကောင်းနဲ့ ရေးခဲ့တာမှန်ပေမဲ့ သူ့ရေးသားချက်အပေါ်မှာ လှေနံဓားထစ်မှတ်ယူ လိုက်မယ်ဆိုရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်တာမို့ ဒီစာကို ရေးဖြစ် ပါတယ်။ နောက်ပြီး ဒီကိစ္စဟာ ကျောင်းသူကျောင်းသားတွေ၊ ဆရာ ဆရာမတွေနဲ့ သက်ဆိုင် နေတာ ဖြစ်လို့ ရှင်းရှင်းလင်းလင်း သိမထားရင် နောင်ဖြစ်လာမဲ့ အကျိုးဆက်တွေဟာ ပိုပြီးရှုပ်ထွေးလာနိုင်ပါတယ်။ အဲဒီပို့စ်ကတော့ “စာစီစာကုံးရေးသားတဲ့အခါ ခေါင်းစဉ်ကို မျဉ်းသားရ၊ မသားရ ဆိုတဲ့ ဝိဝါဒ အပေါ်မှာ စာရေးသူက ‘မျဉ်းသားရမယ်’ ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ သူ့ရဲ့တွေ့ရှိချက်ကို တင်ပြထားတာ ဖြစ်ပါတယ်။ 'မျဉ်းမသားရ’ လို့သတ်မှတ်ထားတဲ့အတွက် မျဉ်းသားမိတဲ့ ကျောင်းသူ ကျောင်းသားတွေနစ်နာရတဲ့အကြောင်း၊ မျဉ်းသားရမှာဖြစ်ကြောင်းကို အထောက်အထားတစ်ခုနဲ့ သူ့ရဲ့ပို့စ်မှာတင်ပြထားတာ ဖြစ်ပါတယ်။
ပညာရပ်နယ်ပယ်မှာ ပြောလေ့ရှိတဲ့ စကားလုံးသုံးခုရှိပါတယ်။ ရမယ် ‘must’၊ သင့်တယ် ‘should’၊ နိုင်တယ် ‘could’ ဆိုတာ ဖြစ်ပါတယ်။ ဒီသုံးမျိုးကို သူ့နေရာနဲ့သူအသုံးပြုမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ စာစီစာကုံးခေါင်းစဉ်ကို ‘မျဉ်းမသားရဘူး’ ဆိုတဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ဖြစ်၊ ‘မျဉ်းသားရမယ်’ ဆိုတဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ဖြစ် တစ်ခုခုကို လှေနံဓားထစ် မှတ်ယူထားမယ်ဆိုရင် ကျောင်းသူကျောင်းသားတွေ၊ ဆရာဆရာမတွေအတွက် အတော်အန္တရာယ်ကြီးပါတယ်။ ဘယ်အတန်းကို ရည်ညွှန်းတယ်ဆိုတာ မပါပေမဲ့ မြန်မာစာစာစီစာကုံးဟာ အတန်းတိုင်းနဲ့အကျုံးဝင်ပါတယ်။ အဓိကအကျဆုံးကတော့ ကျောင်းသူကျောင်းသားရဲ့ဘဝကို အဆုံးအဖြတ်ပေးနိုင်တဲ့ အမှတ်ဟာရှေ့တန်းရောက်နေတဲ့ တက္ကသိုလ် ဝင်တန်းပဲဖြစ်ပါတယ်။ ဒီအတန်းမှာ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေဟာ ကျောင်းသူကျောင်းသားတွေရဲ့ ဘဝကို အလှည့်အပြောင်း ဖြစ်စေနိုင်တာမို့ အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် စာစီစာကုံးကိစ္စမှာလဲ အတန်းစဉ် စာစီစာကုံးရေးသားတဲ့ကိစ္စဟာ တက္ကသိုလ်ဝင်တန်းကိုဦးတည်တယ်လို့ ဆိုနိုင်ပါတယ်။
ဒီနေရာမှာ ကိုယ့်အကြောင်းကို ကိုယ်မပြောချင်ပေမဲ့ ပြောဖို့လိုအပ်တယ်ထင်လို့ ပြောရပါအုံးမယ်။ စာဖတ်သူတွေထဲမှာ ကိုယ့်ကိုသိသူတွေရှိသလို မသိသူတွေလဲရှိနေမှာပါ။ ကျွန်တော် ၁၉၈၅ ခုနှစ်မှာ လက်ထောက်စာစဉ်နည်းပြရာထူးနဲ့ တက္ကသိုလ် မြန်မာစာဆရာဘဝ စတင်ရောက်ရှိပါတယ်။ နောက် ၈ လ အကြာမှာ နည်းပြဖြစ်လာပါတယ်။ နည်းပြလုပ်သက် ၂ နှစ်ပြည့်တဲ့ ၁၉၈၇ လောက်က စပြီး တက္ကသိုလ်ဝင်တန်းရဲ့ မြန်မာစာစာစစ်ကိစ္စကို
❤7
စာစစ်သူအဖြစ်နဲ့ စတင်ဆောင်ရွက်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ စာစစ်မှူးတာဝန်နဲ့ အနှစ် ၂၀ နီးပါးဆောင်ရွက်ခဲ့ပြီး နောက်ဆုံး ၂၀၂၀ ပြည့်နှစ်အထိ မြန်မာစာ စာစစ်မှူးချုပ်တာဝန်ကို ၇ နှစ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို တက္ကသိုလ်ဝင်တန်း မြန်မာစာ စာစစ်တာဝန် ကိုထမ်းဆောင်ခဲ့တဲ့ ၃၅နှစ် ကျော်လောက် ကာလတစ်လျှောက်မှာ စာစီစာကုံးခေါင်းစဉ်အောက်မှာ ‘မျဉ်းသားရမယ်’ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ‘မျဉ်းမသားရဘူး’ ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဘယ်စာစစ်မှူးချုပ်ကမှ သတ်မှတ်မထားခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတဲ့ သတ်မှတ်ချက်ခြင်း၊ မသတ်မှတ်ခြင်းရဲ့နောက်မှာ အကျိုးအကြောင်း ဆိုတာတွေ ရှိနေလို့ပဲ ဖြစ်ပါတယ်။
စာစီစာကုံးရေးသားတဲ့အခါ ခေါင်းစဉ်အောက်မှာ မျဉ်းသားခြင်း၊ မသားခြင်းဟာ အဓိကကျတဲ့ကိစ္စ မဟုတ်ပါဘူး။ အဓိကမကျတဲ့ကိစ္စဖြစ်လို့လဲ ဒီကိစ္စအပေါ်မှာ အစဉ်အဆက် ဘာသတ်မှတ်ချက်မှ မထားရှိခဲ့ပါဘူး။ အဓိကမကျတဲ့ကိစ္စကို ‘မျဉ်းသားပါ’ လို့သတ်မှတ်လိုက်ရင် အကြောင်းကြောင်းကြောင့် မျဉ်းမသားမိသူတွေ နစ်နာသွားနိုင်သလို ‘မျဉ်းမသားရ’ လို့ သတ်မှတ်ထားရင်လဲ ခေါင်းစဉ်ကို ပေါ်လွင် စေချင်လို့ မျဉ်းသားမိသူတွေ နေရင်း ထိုင်ရင်း အမှတ်လျော့သွားမှာ ဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးအပေါ်မှာ ဘယ်လိုသတ်မှတ်ချက်မှ ထားရှိစရာမလိုတဲ့အတွက် သတ်မှတ်ချက်မထားခဲ့ကြတာ ဖြစ်ပါတယ်။ သင်ကြားရေးပိုင်းမှာ သင်ကြားပေးတဲ့ ဆရာဆရာမတွေထဲမှာလဲ ခေါင်းစဉ်ကို မျဉ်းသားတာကို ကြိုက်တဲ့ ဆရာက မျဉ်းသားခိုင်းမှာဖြစ်ပြီး၊ မျဉ်းသားဖို့မလိုအပ်ဘူးလို့ ထင်တဲ့ဆရာတွေက မျဉ်းသားခိုင်းမှာ မဟုတ်ပါဘူး။ ဒီလိုကွဲပြားမှုတွေ ရှိနိုင်တာကြောင့်လဲ ‘မျဉ်းသားရ’ ‘မသားရ’ သတ်မှတ်ချက်ဟာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ အခုထိလဲ မရှိပါဘူး။
ဒီကိစ္စကို ဘယ်နေရာ ဘယ်ဒေသ ဘယ်အတန်းက ဘာကို အကြောင်းပြုပြီး စာစီစာကုံးရေးရင် ခေါင်းစဉ်ကို ‘မျဉ်းမသားရဘူး’ လို့ သတ်မှတ်ခဲ့တယ်ဆိုတာ ကျွန်တော်လဲမသိပါဘူး။ ကျွန်တော့်နဲ့ ခေတ်ပြိုင် လုပ်ဖော်ကိုင်ဖက်တွေလဲ သိကြမယ်မထင်ပါဘူး။ မြန်မာစာနဲ့ ပတ်သက်ပြီးတာဝန်ရှိသူတွေ အပိုင်းကတော့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး။ ဖြစ်နိုင်တာကတော့ မြန်မာစာနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင် တတ်ကျွမ်းနားလည်ခြင်းမရှိဘဲ အပေါ်ယံအသိလောက်နဲ့ မရောင်ရာ ဆီလူးပြီး သမားဂုဏ် ပြချင်တဲ့သူတချို့ရဲ့ သတ်မှတ်ချက်ကြောင့် ပေါ်ထွက်လာခဲ့တယ်လို့ ထင်မှတ်ရပါတယ်။ ဒီကိစ္စဟာ လက်တွေ့မြေပြင်မှာ တကယ်ဖြစ်ပေါ်နေပြီး တကယ်လဲနစ်နာသူတွေ ရှိခဲ့ဟန်တူပါတယ်။ စာစီစာကုံး ဖြေတဲ့အခါ ခေါင်းစဉ်ကိုမျဉ်းသားမိတဲ့အတွက် အမှတ်လျှော့ခံရတဲ့ ကျောင်းသားတွေ ရှိကောင်း ရှိခဲ့ဟန်တူ ပါတယ်။
ဒါ့ကြောင့်လဲ ဒီပြဿနာကိုအကြောင်းပြုပြီး ပို့စ်တင်တဲ့သူက စာစီစာကုံးဖြေတဲ့အခါ ခေါင်းစဉ်ကို ‘မျဉ်းသားရမယ်’ ဆိုပြီး အထောက်အထားနဲ့ တင်ပြလာပါတယ်။ သူတင်ပြတဲ့အထောက်အထားက မြန်မာစာအဖွဲ့ကထုတ်ဝေထားတဲ့ ‘မြန်မာသဒ္ဒါ’ စာအုပ်ပါအကြောင်းအရာဖြစ်လို့ လူအများ လက်ခံချင်စဖွယ် ဖြစ်လာပါတယ်။ မြန်မာစာအဖွဲ့က ပြုစုထုတ်ဝေတဲ့ မြန်မာသဒ္ဒါစာအုပ်ပါ ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများ အခန်း စာမျက်နှာ ၁၀၂ မှာ -
“အောက်မျဉ်း
၆၀ (က) ခေါင်းစဉ်ကြီး၊ စာပိုဒ် ခေါင်းစဉ် စသည်တို့ကို အောက်မျဉ်းသားရသည်။
(ခ) မှတ်ချက်၊ မှတ်ရန် စသော သတိပြုရန်လိုသည့်စကားလုံးများအောက်တွင်မျဉ်းသားရသည်။”
လို့ ဖော်ပြထားပါတယ်။
မြန်မာသဒ္ဒါစာအုပ်မှာ ဒီလိုဖော်ပြထားတာမှန်ပေမဲ့ ဒီဖော်ပြချက်ဟာ အခြေအနေတစ်ခု အတွက်သာ ဆီလျော်မှန်ကန်နိုင်မှာ ဖြစ်ပါတယ်။ ဒီဖော်ပြချက်ကို လှေနံဓားထစ်မှတ်ယူပြီး တိုင်းတာလို့ ရမှာမဟုတ်ပါဘူး။ ဒီဖော်ပြချက်ကို အထောက်အထားပြုပြီး ခေါင်းစဉ်ကြီးတိုင်း၊ သတိပြုဖို့လို့တဲ့ စကားလုံးတိုင်းကို မျဉ်းသားထားတာကိုလဲ တွေ့ရမှာမဟုတ်ပါဘူး။ ဒီဖော်ပြချက်ပါရှိတဲ့ မြန်မာသဒ္ဒါစာအုပ် ကိုယ်တိုင်မှာလဲ ခေါင်းစဉ်ကြီးတိုင်း၊ အလေးပေးဖော်ပြချင်တဲ့စကားလုံးတိုင်းကို မျဉ်းသားဖော်ပြထားတာ တွေ့ရမှာ မဟုတ်ပါဘူး။
မြန်မာသဒ္ဒါစာအုပ်မှာ မျဉ်းသားတာနဲ့ပတ်သက်ပြီး ဒီလိုဖော်ပြထားပေမဲ့ အဲဒီစာအုပ်မှာကိုက ဘာဖြစ်လို့ ခေါင်းစဉ်ကြီးတိုင်း၊ အလေးပေးဖော်ပြချင်တဲ့စကားလုံးတိုင်းကို မျဉ်းမသားထားရတာလဲ။ အဖြေကတော့ မလိုအပ်လို့ပါ။ ဘာဖြစ်လို့ မလိုအပ်တာလဲ။ ပုံနှိပ်စာလုံးတွေမှာ ခေါင်းစဉ်တွေ၊ စကားလုံးတွေကို ထင်ရှားစေချင်ရင် စာလုံးအရွယ်အစား (font size) တွေ၊ စာလုံးမည်း (bold type) တွေ၊ စာလုံးစောင်း (italic) တွေကို အသုံးပြုနိုင်လို့ပဲ ဖြစ်ပါတယ်။ မြန်မာသဒ္ဒါ စာအုပ်ရဲ့ ခေါင်းစဉ်ကြီးတွေကို စာလုံးကြီးတွေ၊ စာလုံးမည်းတွေ၊ အလေးပေးချင်တဲ့စကားလုံးတွေကို စာလုံးမည်းတွေနဲ့ ဖော်ပြထား တာကြောင့် ဒီစကားလုံးတွေမှာ မျဉ်းလိုက်သားမနေပါဘူး။ မလိုအပ်ဘဲမျဉ်းလိုက်သားနေရင် မျက်စိရှုပ်စရာ ဖြစ်ပါတယ်။
စာစီစာကုံးရေးသားတဲ့အခါမှာလဲ ခေါင်းစဉ်တပ်တဲ့အခါ စာစီစာကုံးစာသားအပေါ်မှာ သီးခြား ရှိနေတဲ့ စာကြောင်းဟာ ခေါင်းစဉ်ဆိုတာ ပေါ်လွင်ထင်ရှားပြီးသား ဖြစ်ပါတယ်။ ခေါင်းစဉ်ကို မျဉ်းသားပေးနေစရာမလိုပါဘူး။ ကျောင်းသားကို ပိုပြီးပေါ်လွင်ထင်ရှားစေချင်လို့ ခေါင်းစဉ်အောက်မှာ မျဉ်းသားမယ်ဆိုရင်လဲ လက်မခံနိုင်စရာ
❤3
မရှိပါဘူး။ ဒါကြောင့် ခေါင်းစဉ်အောက်မှာ မျဉ်းသားရ၊ မသားရ ဆိုတဲ့ သတ်မှတ်ချက်ကို ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး။ စာမေးပွဲဖြေဆိုတဲ့အခါ မျဉ်းသားတာနဲ့ ပတ်သက်ပြီး ဆရာဆရာမတွေ မှာကြားလေ့ရှိတာကတော့ ဘေးမျဉ်းကို သပ်သပ်ရပ်ရပ်သားဖို့၊ စာတစ်ပုဒ်ဖြေပြီးရင် နောက်အပုဒ်နဲ့ မရောရအောင် မျဉ်းသားပြီး ပိတ်ဖို့ ပဲ ဖြစ်ပါတယ်။။
မျဉ်းသားတာနဲ့ ပတ်သက်လို့ တစ်ခုပြောစရာရှိတာက စာမေးပွဲဖြေဆိုနေတဲ့ ကျောင်းသား တစ်ယောက်ရဲ့ အဖြေလွှာဟာ လက်ရေးလှခြင်း၊ မလှခြင်းထက် သပ်ရပ်၊ သန့်ရှင်းနေဖို့ အရေးကြီး ပါတယ်။ အဖြေလွှာပေါ်မှာ ဖျက်ရာတွေ၊ ခြစ်ရာတွေကလဲ အရေးကြီးပါတယ်။ စာစီစာကုံး ခေါင်းစဉ်အောက်မှာ မျဉ်းသားတဲ့အခါသားတဲ့ မျဉ်းကမသပ်မရပ်ဖြစ်ပြီး ခေါင်းစဉ်စာသား အပေါ်ခြစ်ထားသလို ဖြစ်နေရင် ဖြေဆိုတဲ့ခေါင်းစဉ်ကို ပယ်ဖျက်ထားတဲ့ အဓိပ္ပာယ်မျိုး သက်ရောက် သွားနိုင်ပါတယ်။ ဒါကြောင့် တချို့ဆရာဆရာမတွေက ခေါင်းစဉ်ကို မျဉ်းမသားဖို့ မှာကြားတာမျိုး ရှိနိုင်ပါတယ်။ ခေါင်းစဉ်အောက်မှာ သပ်သပ်ရပ်ရပ် မျဉ်းသားထားတာကတော့ ဘာပြဿနာမှ မရှိပါဘူး။ တက္ကသိုလ်ဝင်တန်း မြန်မာစာ စာစစ်ကိစ္စမှာ စာစီစာကုံးခေါင်းစဉ်အောက်မှာ မျဉ်သားခြင်း၊ မသားခြင်းဟာ ပေးမှတ်အပေါ်မှာ ဘာမှ သက်ရောက်မှုမရှိပါဘူး။ စာစီစာကုံးမှ မဟုတ်ပါဘူး။ စကားပြေ၊ ကဗျာ၊ ရေသည်ပြဇာတ် လိုအပုဒ်ရှည်တွေမှာလဲ ကိုယ်ဖြေမဲ့ခေါင်းစဉ်အောက်မှာ မျဉ်းသား နိုင်တာပါပဲ။
မြန်မာစာလုံးရေးတဲ့အခါ အဆင့်သုံးဆင့်ရှိပါတယ်။ ဥပမာ - ‘ကို’ ကိုရေးမယ်ဆိုရင် လုံးကြီးတင် ‘ိ’ က အပေါ်အဆင့်၊ ‘က’ က အလယ်ဆင့်၊ ‘ု’ က အောက်အဆင့်ဖြစ်ပါတယ်။ ဒီစာလုံးကို မျဉ်းသားမယ်ဆိုရင် ဒုတိယ အလယ်အဆင့်အောက်က မျဉ်းသားမလား၊ အောက်ဆုံးအဆင့်အောက်က မျဉ်းသားမလားဆိုတာက အစ စဉ်းစားစရာရှိပါတယ်။ ကွန်ပျူတာစာလုံးတွေကို မျဉ်းသားတဲ့အခါ အလယ်အဆင့် စာလုံးအောက်က မျဉ်းသားလေ့ရှိပါတယ်။ အဲဒီအခါ အောက်ဆုံးအဆင့်ပါတဲ့ စာလုံးတွေကို ခြစ်ထားသလိုဖြစ်လို့ မျက်စိရှုပ်စရာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ တယ်လီဖုန်းနဲ့ စာရိုက်တဲ့ အခါမှာလဲ စာလုံးအောက်မှာ မျဉ်းသားဖို့ အခက်အခဲရှိပါတယ်။ ဒါကြောင့် စာလုံးအောက်မှာ မျဉ်းသားတဲ့ကိစ္စကို ဖြစ်နိုင်ရင် ရှောင်ရှားလေ့ရှိကြပါတယ်။ မျဉ်းသားတဲ့အစား မျက်တောင်အဖွင့်အပိတ်နဲ့ ဖော်ပြတာမျိုးလဲ ရှိနိုင်ပါတယ်။
နောက်တစ်ချက်က မြန်မာသဒ္ဒါစာအုပ်ကို ပြုစုခဲ့တာဟာ ၁၉၈၄ ခုနှစ်လောက်ကဖြစ်ပြီး ပထမအကြိမ်ထုတ်ဝေခဲ့တာဟာ ၂၀၀၅ ခုနှစ်ကတည်းကဖြစ်ပါတယ်။ အခုဆို အနှစ် ၂၀ ရှိပါပြီ။ အဲဒီ အချိန်ကတည်းက “ခေါင်းစဉ်ကြီး၊ စာပိုဒ် ခေါင်းစဉ် စသည်တို့ကို အောက်မျဉ်းသားရသည်” ဆိုတာ၊ “မှတ်ချက်၊ မှတ်ရန် စသော သတိပြုရန်လိုသည့်စကားလုံးများအောက်တွင် မျဉ်းသားရသည်” ဆိုတာဟာ အခြေအနေတစ်ခုအတွက်သာဖြစ်ပြီး နေရာအားလုံးအတွက် တစ်သမတ်တည်း လှေနံဓားထစ်မှတ်ယူရမဲ့ ကိစ္စမဟုတ်ခဲ့ပါဘူး။ ဒါကြောင့် လိုအပ်တဲ့နေရာတွေမှာ လိုအပ်သလောက်သာမျဉ်းသားပြီး စာအုပ်စာတမ်းတွေနဲ့ စာရေးသားမှု အများစုမှာ မျဉ်းသား ဖော်ပြတာကို မတွေ့ကြရတာဖြစ်ပါတယ်။ လိုအပ်တဲ့နေရာ၊ လိုအပ်တဲ့အခြေအနေမှာပဲ သုံးကြတာ ဖြစ်ပါတယ်။ “ရမယ် ‘must’၊ သင့်တယ် ‘should’၊ နိုင်တယ် ‘could’” ဆိုတဲ့စကားနဲ့ပြောရရင် ခေါင်းစဉ်အောက်မှာ မျဉ်းသားနိုင်တယ် ဆိုတာမျိုးပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့်အခုကျွန်တော်တင်ပြလိုတဲ့လိုရင်းအချုပ်ကတော့ စာစီစာကုံးရေးသားတဲ့အခါ ခေါင်းစဉ် ကို ‘မျဉ်းမသားရဘူး’ ဆိုတဲ့ သတ်မှတ်ချက်နဲ့ ‘မျဉ်းသားရမယ်’ ဆိုတဲ့ သတ်မှတ်ချက်ဟာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ တစ်နေရာရာက ပုဂ္ဂိုလ်တစ်ယောက်ယောက်က သတ်မှတ်ထုတ်ပြန်ထားခဲ့မယ်ဆိုရင်လဲ ဒါဟာ သူရဲ့ အတ္တနောမတ္တိသာ ဖြစ်ပါတယ်။ ဒီလို အတ္တနောမတ္တိတွေအပေါ်မှာ အများက လှေနံဓားထစ် မမှတ်ယူကြဖို့က အလွန်အရေးကြီးပါတယ်။ ဒီလို လှေနံဓားထစ်ပြဿနာတွေကို ကြုံတွေ့လာရတဲ့အခါ ဖြေရှင်းနိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ‘ဆင်ခြင်တုံတရား’ ပဲ ဖြစ်ပါတယ်။

ဒေါက်တာ အောင်မြင့်ဦး
၂၆ ဒီဇင်ဘာ ၂၀၂၅
❤8
(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့

#IndependenceDay2025
#Lyc
"စုံညီ ခွဲတမ်းကို"
ကျောင်းသားဉီးရေအလိုက်ပေးပါမယ်။
လကုန်လစာထုတ်တာနဲ့အတူရပါမယ်။
❤5
အမေနေ့ (မိခင်များနေ့) (Mother's Day)သည် ကမ္ဘာပေါ်ရှိ မိခင်အားလုံးကို ဂုဏ်ပြုသောနေ့ အဖြစ် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေမိခင်နေ့ဟု နိုင်ငံအများစုက သတ်မှတ်ကြသည်။

#မြန်မာနိုင်ငံ အမေများနေ့ ဖြစ်ပေါ်လာပုံ

မြန်မာပြည်တွင် စာရေးဆရာ #ဒါရိုက်တာဦးသုခ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပြာသိုလပြည့်နေ့ကို အမေများနေ့အဖြစ် သတ်မှတ်နိုင်ခဲပြီး မြန်မာ့ ပြက္ခဒိန်တွင် #ပြာသိုလပြည့်အမေများနေ့ အဖြစ်ကမ္ဗည်းတင်နိုင်ခဲ့ပေသည်။

မြန်မာ့ယဉ်ကျေးမှု့အရ #အမိအဖကိုဘုရားနှင့် တစ်ဂိုဏ်း တည်းထားပြီး #မာတာပိတုဂုဏောအနန္တောဆိုပြီး ပူဇော်ခဲ့အရိုအသေ ပေးခဲ့ကြသည်။

ဆရာကြီးဦးသုခက တရားဝင်ဖြစ်စေရန် ကြိုးပမ်းပေး
ခဲ့သူဖြစ်ပါသည်။

၁၉၉၅-ခုနှစ်၊ ပြာသိုလပြည့်နေ့၌ စာရေးဆရာဦး သုခ၏
တိုက်တွန်းပြောပြချက်အရ မန္တလေးမြို့တွင်-
"အမေများနေ့" ကို ပထမဦးဆုံး စတင်၍ ကျင်းပပြုလုပ် ခဲ့ပါသည်။

#၁၉၉၇-ခုနှစ်တွင် ပြာသိုလပြည့်နေ့အား #အမေများ နေ့အဖြစ် တရားဝင် သတ်မှတ်နိုင်ခဲ့သည်။
မိဘကျေးဇူးဆပ်နည်း စသည့် ဗဟုသုတပညာပေးများ ဟောပြောခြင်းဖြင့် ခေတ်လူငယ်များအား အသိပညာ ဗဟုသုတ တိုးပွားစေလိုသည့် ဆန္ဒဖြင့် စတင်ခဲ့ခြင်း ဖြစ်ပါသည်။

*ပြာသို လပြည့် အမေများနေ့*

မြန်မာပြည်အဖို့ ပြာသိုလပြည့်နေ့၊ နှင်းအိဆွတ်မြ အေးချမ်းသောလ ဆောင်းကာလတွင်၊ အမေများနေ့အဖြစ်၊ သတ်မှတ်ကြလေ၏။

"မြန်မာ့ အမေများနေ့ အစ ဆရာကြီး ဦးသုခက-"

+ ဦးသုခသည် ငယ်စဉ်ကာလဝယ် မိခင်ကြီးကို၊ ကျိုက်လတ် တွင်ထားခဲ့ပြီး၊ ရန်ကုန်မြို့တွင် အလုပ်အကိုင်ရှာဖွေ လုပ်ကိုင်နေရလေရာ၊ သားကို လွမ်းနေရသောမိခင်၏၊ ရင် တွင်းခံစားချက်များကို၊ မြန်မာပြည်တွင်း၌၊ အမေနေ့ဖြစ် ပေါ်လာစေရန် လှည့်လည် ဟောပြောခဲ့လေ၏။

(၁၉၉၅) ခုနှစ်တွင်၊ မန္တလေးမြို့မှ အမေနေ့ဖြစ်ပေါ်စေရန်၊ ရည်သန်စိတ်ပြင်းပြကြသော သူများက၊ ဆရာကြီးဦးသုခ အား အမေနေ့ သတ်မှတ်ပေးရန် တိုက်တွန်းခဲ့ခြင်းကြောင့်၊ မန္တလေးမြို့တွင် ဆရာကြီးဦးသုခ ကိုယ်တိုင်ဟောပြော၍၊ (၁၉၉၇)တွင်အမေနေ့ကို ပြာသိုလပြည့်နေ့တွင် ကျင်းပရန် သတ်မှတ်နိုင်ခဲ့၏။

ဆရာကြီးဦးသော်ဇင်၊ စာရေးဆရာကြီး ဒဂုန်ဦးစန်းငွေ၊ စာရေးဆရာကြီး ဦးရန်အောင်၊စာရေးဆရာကြီး ဦးတက်တိုး၊ စာရေးဆရာမကြီး ဒေါ်စောမုံညင်း၊စာရေးဆရာမကြီး လူထု ဒေါ်အမာ၊စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်စသည့် စသည့် စာပေပညာရှင်များကလည်း၊ ဆရာကြီးဦးသုခနှင့် တစိတ်တ ဝမ်းတည်း၊ ထိုပြာသိုလပြည့်နေ့ကို အမေနေ့အဖြစ်သတ်မှတ် ခဲ့ကြလေ၏။
========================

၁၃၈၇-ခုနှစ်၊ ပြာသိုလပြည့် (အမေနေ့)
(January 2,2026) သောကြာနေ့။
စာတိုလေးနဲ့ ဂုဏ်ပြုကြိုဆိုပါရစေ အမေ။

အမေသို့တမ်းခြင်း
==============

❤️ဒီလိုနေ့ရက်ရောက်လာမှ
မဟုတ်ပါဘူး အမေ။
နေ့ရက်တိုင်းရဲ့ အချိန်တိုင်းမဟုတ်ခဲ့ပေမယ့်
အိပ်ယာဝင်၊အိပ်ယာထချိန်တွေမှာတော့
အမြဲသတိရလျက်ပါ အမေ။

❤️ဘယ်လိုမေ့နိုင်ပါ့မလဲဗျာ။
စကားပင်မပြောတတ်၊
မတ်တပ်ပင်မရပ်နိုင်ခင်ကတည်းက
သားနားမလည်တဲ့စကားတွေ၊
သားမသိတဲ့သံစဉ်တွေ၊
သားမဆိုတတ်သေးတဲ့ သီချင်းတွေနဲ့
ကျောကိုပွတ်သပ်၊ ရင်ခြင်းအပ်ရင်း
ချော့သိပ်ခဲ့တာတွေလေဗျာ။

❤️သားမသိသေးတဲ့ မေတ္တာတွေထက်
အမေ့နှလုံးခုန်သံ၊ စည်းချက်မှန်ကိုတော့
ခုထိနားထဲ ကြားယောင်ဆဲပေမို့
လွမ်းတယ်ဆိုတာထက်ပိုတဲ့ချစ်ခြင်း၊
ချစ်တယ်ဆိုတာထက်ပိုတဲ့ မေတ္တာတွေနဲ့
ကျွန်တော့နှလုံးခုန်တိုင်း
အမေ့ကို မသိစိတ်က
သတိရနေတာပါ အမေ။

❤️ဝေးကွာခြင်းတစ်ခုရဲ့ အတားအဆီးကြောင့်
အနေခဏ ဝေးနေရပေမယ့်
အမေနဲ့ အဝေးမှာနေနေတာ မဟုတ်မှန်း
အမေ့ကို သိစေချင်လိုက်တာဗျာ။

❤️ "ပြာသို လပြည့်နေ့" ကို
"အမေနေ့" တဲ့။
ရွေးတတ်လိုက်တာဗျာ။

❤️ပြာသိုလပြည့်ညရဲ့
အေးချမ်းတဲ့ အငွေ့အသက်‌တွေက
အေးချမ်းလှတဲ့ အမေ့မျက်နှာပေါ်က
အပြုံးတွေလိုပါပဲ အမေ။
ရှိနေသူတိုင်းကို အရမ်းကို
အေးချမ်းစေပါတယ်ဗျာ။

❤️တဆက်စပ်တည်း သတိရမိစေတယ်အမေ။
‌အေးချမ်းတဲ့ ရာသီရောက်တိုင်း
အမေ့ရင်ခွင်ထဲခေါင်းထိုးရင်
ခပ်ဆိုးဆိုး ကျွန်တော့်‌ ကျောပြင်ကို
ဖွဖွလေးသပ် ခပ်ဆတ်ဆတ်အမေ့ရိုက်ချက်တွေနဲ့
တေးမထပ်အောင်ဆိုရင်း
ချော့ခဲ့တာတွေကို
တကယ်တမ်းတ လွမ်းနေတုန်းပါအ‌ေမ။

❤️ဥတုရဲ့အေးချမ်းမှု
လပြည့်ညရဲ့ လင်းလက်မှုတွေကြောင့်
နွေးထွေးတဲ့အမေ့ရင်ခွင်ကို
ဝင်ခိုမှေးစက်ရင်း
တေး တဝက်လောက်သာ
ကျွန်တော့ရှေ့မှောက်
ယခုရောက်လာမယ်ဆိုရင်
ဘယ်အရာမဆို ရင်ဆိုင်နိုင်လောက်အောင်
စိတ်ခွန်အားတွေ ရလာမှာပါအမေ။

❤️သား တကယ် လွမ်းမိပါတယ် အမေ။။

၁/၁/၂၀၂၆
2/30pm
❤14