Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
18.2K subscribers
3.84K photos
92 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
'' ကိုယ်တွေ့ မှတ်တမ်း ''

ဆရာဝန် ၁၈ ယောက်လောက်က သူတို့ ရှေ့တည့်တည့်မှာ သေအံ့ဆဲဆဲ ကလေးငယ်တစ်ယောက်ကို ဝိုင်းအုံပြီးကြည့်နေကြပေမယ့်၊ သူတို့ ဘာမှမတတ်နိုင်ခဲ့ကြပါဘူး။

ဒီကလေးကို သူတို့ ဂရု့မစိုက်တာမဟုတ်ပါဘူး။ သူတို့ ဘာဆက်လုပ်ရမယ်ဆိုတာ မသိကြတော့လို့ပါ။

စစ်ဆေးမှုတွေကို အဆက်မပြတ်လုပ်နေတာ ၁၁ ရက်ရှိပါပြီ။ ကုသမှုတွေကို မပျက်မကွက်လုပ်နေတာလည်း ၁၁ ရက်ရှိနေပါပြီ။

အမေရိကရဲ့ အတော်ဆုံး ဆေးပညာရှင်တွေ ဝိုင်းဝန်းစောင့်ရှောက်နေဆဲမှာပဲ၊ မွေးကင်းစကလေးငယ်လေးဟာ တဖြည်းဖြည်းနဲ့ အသက်ကုန်ဆုံးဖို့ နီးကပ်လာနေပါပြီ။

မနက် ၃ နာရီ ၄၇ မိနစ်မှာ နှလုံးခုန်နှုန်းတိုင်းတဲ့စက်က၊ အချက်ပေးသံနဲ့အတူ မျဥ်းကြောင်းတွေ ဖြောင့်တန်းသွားခဲ့ပါတယ်။

"အီလီနာဝှစ်ဖီး'' _Elena Whitfield တစ်ယောက် စူးစူးဝါးဝါး အော်ဟစ်လိုက်ပါတယ်။

ဒါဟာ မိခင်တစ်ယောက်က၊ မိမိရင်သွေး သေဆုံးတော့မယ့်အချိန်ကို ကြည့်ပြီး ထွက်လာတဲ့ အသံမျိုးပါ။

နာ့စ်တွေ ပြေးဝင်လာပါတယ်။ ဒေါက်တာ''ပတ်တာဆန်'' က အရေးတကြီး လုပ်ဆောင်ရမယ့်အရာတွေကို အဆက်မပြတ် ညွှန်ကြားပါတယ်။

နာစ်တစ်ယောက်က ''အီလီနာ'' ကို ကလေးအနီးက တွန်းဖယ်လိုက်ပါတယ်။ သူမရဲ့သားလေးကို ကယ်တင်ဖို့ အသည်းအသန် ကြိုးစားကြပါတယ်။

သူတို့ရဲ့ လှုပ်ရှားမှုတွေဟာ အလျင်စလိုဖြစ်နေပေမယ့် အချည်းနှီးပါပဲ။

၁၁ ရက်ရှိခဲ့ပါပြီ။

"နိုအာဝှစ်ဖီး'' _Noah Whitfield လေး လူ့လောကထဲ ရောက်လာတာ ၁၁ ရက်ရှိပြီဖြစ်ပါတယ်။

၁၀ ရက်လောက်က သေအံဆဲဆဲ ဖြစ်နေခဲ့တာပါ။ ရောဂါက ဖျားတာကနေ စတာပါ။ ပြီးတော့ တက်ပါတယ်။ တဖြေးဖြေး ကိုယ်တွင်းအင်္ဂါတွေ တစ်ခုပြီးတစ်ခု ကောင်းကောင်း အလုပ်မလုပ်တော့ပါဘူး။

ဆရာဝန်တွေက ဆေးပညာလောကမှာရှိသမျှ စစ်ဆေးမှုတွေကို၊ အကုန်လုပ်ခဲ့ပေမယ့် ဘာရောဂါမှ ရှာမတွေ့ခဲ့ပါဘူး။

ရောဂါပိုးမရှိပါဘူး။ မျိုးရိုးဗီဇချို့ယွင်းချက်လည်း မရှိပါဘူး။ ဘာအဖြေမှမရှိဘဲ သေအံ့ဆဲဆဲ ဖြစ်နေတဲ့ ကလေးငယ်လေး တစ်ယောက်ပါ။

နှလုံးခုန်အောင်လို့ လျှပ်စစ်နဲ့နှိုးတဲ့စက် ရောက်လာပါတယ်။ ၇ ပေါင်တောင်မပြည့်တဲ့ ကလေးငယ်လေးရဲ့ ရင်ဘတ်ပေါ်ကို စက်ပြားလေးတွေ တင်လိုက်ပါတယ်။

"ရိုက်...''

ကလေးရဲ့ ခန္ဓာကိုယ်လေးဟာ တုန်တက်သွားပါတယ်။ စက်ပေါ်မှာ မျဥ်းကတော့ ဖြောင့်တန်းနေတုန်းပါပဲ။

နောက်တစ်ကြိမ်။ နောက်တစ်ကြိမ်။

"ပြန်လာပါ သားလေးရယ်၊ မေမေ့ကို မထားခဲ့ပါနဲ့...'' လို့ အမေဖြစ်သူ ''အီလီနာ'' က တဖွဖွပြောပြီး သတိလစ်မတတ်ဖြစ်နေချိန်မှာ သူမခင်ပွန်း ''မားကပ်စ်'' _ Marcus က သူမကို ဖက်ပြီး ငိုနေပါတယ်။

သူတို့ အားလုံး အစွမ်းကုန်ကြိုးစားခဲ့ပြီးပါပြီ။

မွေးကင်းစကလေးတွေနဲ့ပတ်သတ်ပြီး ကျွမ်းကျင်သူတွေ၊ ကိုယ်ခံအားဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ကူးစက်ရောဂါပိုးဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ရှားပါးတဲ့ ကလေးရောဂါအကြောင်းတွေနဲ့ပတ်သတ်ပြီး... ကျောင်းသုံးစာအုပ်တွေရေးသားခဲ့တဲ့ ဟားဗက်တက္ကသိုလ်က သုတေသီတစ်ဦးလည်းပါဝင်ပါတယ်။

ဘယ်သူမှ ''နိုအာ'' လေးကို မကယ်နိုင်ခဲ့ပါဘူး။

"နှလုံးပြန်ခုန်ပြီ" လို့ စက်က အချက်ပေးတဲ့အသံ ထွက်လာပါတယ်။ အရမ်းအားနည်းနေပြီး ပုံမှန်မဟုတ်ပေမယ့် နှလုံးက ခုန်နေပါသေးတယ်။

နှစ် ၃၀ အတွေ့အကြုံရှိတဲ့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ''ပတ်တာဆန်'' က ချွေးတွေကို သုတ်ရင်း အားပျက်စွာနဲ့ ပြောလိုက်ပါတယ်။

"သူ..... အသက်ပြန်ပါလာပြီ၊ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ဒီညမှာ ဒါက သုံးကြိမ်မြောက်ပဲ။ သူ့နှလုံးက အားနည်းလာနေပြီ၊ ကိုယ်တွင်း အင်္ဂါတွေလည်း ပျက်စီးနေပြီ။"

"ဒါဆို တစ်ခုခုလုပ်ဦးလေ!" လို့ မားကပ်စ်က အော်ပြောပါတယ်။

"ဆရာဝန်တွေ အများကြီး ရှိနေတာပဲ။ ဘာဖြစ်တာလဲဆိုတာ တစ်ယောက်ယောက်ကတော့ သိရမှာပေါ့။ ကျွန်တော့်သားလေးကို ပစ်မထားကြပါနဲ့ဗျာ။''

ဒေါက်တာ ''ပတ်တာဆန်''က ....
"ကျွန်တော်တို့ တတ်နိုင်သမျှ အားလုံးကြိုးစားပြီးပြီ'' လို့ ပြောတဲ့အခါ မားကပ်စ်က ဒေါသတကြီးနဲ့ ....

"ကျွန်တော့်သား အသက်ရှူနေသရွေ့တော့ ခင်ဗျားတို့ လက်လျော့လို့မရဘူး...'' လို့ ပြန်အော်ခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ ကလေးအထူးကြပ်မတ်ကုသဆောင် ''NICU '' ရဲ့ တံခါးမကြီးဟာ ဝုန်းခနဲ ပွင့်သွားပါတယ်။

ဝင်လာတာက အထူးကုဆရာဝန်လည်း မဟုတ်ပါဘူး၊ နာ့စ်လည်း မဟုတ်ပါဘူး။

ဧရာမ လူထွားကြီး တစ်ယောက်ပါ။ သားရေဂျာကင် ဝတ်ထားပြီး ၊ ဆိုင်ကယ်ဂိုဏ်း တံဆိပ်တွေလည်း တပ်ထားပါတယ်။ သူက လမ်းကြောင်းမှားလာတဲ့ ကုန်တင်ရထားတွဲကြီးတစ်စင်းလို့ အရှိန်နဲ့ဝင်လာတာပါ။

မုတ်ဆိတ်တွေမှာ ဖုန်တွေပေနေပါတယ်။ သူ့နဖူးရဲ့ ဒဏ်ရာကနေကျလာတဲ့၊ သွေးတွေဟာ မျက်လုံးထဲအထိ စီးကျနေပါတယ်။

ဆိုင်ကယ်မှောက်လို့ အရေးပေါ်ဌာနကို လာရင်းနဲ့ အထပ်မှားပြီး ရောက်လာတာပါ။

"ဟေ့... ငါ့ကို ဆရာဝန်တစ်ယောက်လောက် ကြည့်ပေးစမ်းပါ။ ငါ သွေးထွက်လွန်နေပြီ..'' လို့ သူက အလိုမကျတဲ့အသံနဲ့အော်ပြောပါတယ်။

သူနာပြုတွေက ထိတ်လန့်ပြီး ထွက်ပြေးကြပါတယ်။
ဒေါက်တာပတ်တာဆန်က စိတ်ဆိုးမာန်ဆိုးနဲ့ ...

"ခင်ဗျား ဒီထဲဝင်လို့မရဘူး၊ ဒါက ပိုးမွားသန့်စင်ထားနဲ့အခန်း။ လုံခြုံရေးတွေ ခေါ်လိုက်စမ်း '' လို့ အော်ဟစ်ပြောဆိုပါတယ်။

သူ့နာမည်က "တင့်ခ်'' _Tank ပါ။ အဲဒီဆိုင်ကယ်သမားကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပါဘူး။
❤3
သူ လျှောက်လာရင်း အခန်း ၄၀၄ ရဲ့ မြင်ကွင်းကို မှန်ရဲ့အပြင်ကနေ မြင်လိုက်တဲ့အခါ ရပ်သွားပါတယ်။ ငိုနေတဲ့ မိခင်ရယ်၊အသံမြည်စပြုလာတဲ့ စောင့်ကြည့်ကိရိယာရယ်၊ သေအံ့ဆဲဆဲ ဖြစ်နေတဲ့ ကလေးငယ်တစ်ယောက်ရယ်ပါ။

ပြီးတော့ ကလေးက၊ သတိလစ်ပြီးတက်နေတာကို သူသတိထားမိသွားပါတယ်။

အဲဒါက သာမန်အတက်မျိုး မဟုတ်ဘူး။ 'နိုအာ'ရဲ့ လက်လေးတွေက စက်ဘီးနင်းနေသလို လှုပ်ရှားနေပါတယ်။ မျက်လုံးတွေက ဘယ်ဘက်ကို စောင်းသွားပါတယ်။

"တင့်ခ်'' ရဲ့ခြေလှမ်းတွေ ရပ်တန့်သွားပါတယ်။ သူ့ခေါင်းက နာကျင်မှုတွေကို သတိမရတော့ပါဘူး။ လွန်ခဲ့တဲ့ နှစ်တွေက နာကျင်စရာ မှတ်ဉာဏ်တစ်ခုက ပြန်ပေါ်လာပါတယ်။
သူ အခန်းထဲကို ဝင်သွားခဲ့ပါတယ်။

"မားကပ်စ်'' က တားပေမယ့် ''တင့်ခ်''က ကလေးကိုပဲ စိုက်ကြည့်နေပါတယ်။
"သူ စက်ဘီးနင်းသလို လက်တွေက လှုပ်နေတာပဲ၊ သူ့မျက်လုံးတွေကို ကြည့်လိုက်ဦး" လို့ သူက တိုးတိုးလေး ပြောတယ်။

"ခင်ဗျား၊ အခု အခန်းထဲက ထွက်သွားပါ၊ ဒီလိုမလုပ်ရင် ရဲကို ခေါ်လိုက်မယ်..." ဒေါက်တာ ပက်တာဆန်က အော်လိုက်ပြီး ဆိုင်ကယ်စီးသူရဲ့ လက်မောင်းကို လှမ်းကိုင်လိုက်ပါတယ်။

တန့်(ခ်)က ဆရာဝန်ကို လက်တစ်ဖက်နဲ့ တွန်းလိုက်ပါတယ် ။ ရိုင်းစိုင်းတဲ့ပုံစံမျိုးနဲ့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီကိစ္စကို မဖြစ်မနေ ရှေ့ဆက်တိုးမယ်လို့ ဆုံးဖြတ်ထားတဲ့ ခွန်အားမျိုးနဲ့ပါ။

''တင့်ခ်''က မိခင်ဖြစ်သူ အီလီနာကို မေးလိုက်ပါတယ်။
"သူ အကျယ်ကြီး အော်ငိုသလား? နာကျင်နေသလိုမျိုးလေ... ဘယ်လိုမှ ရပ်မသွားတဲ့ အော်သံမျိုးနဲ့လေ...''

"ဟုတ်ပါတယ်... ဟုတ်ပါတယ်" လို့ အီလီနာက အံ့ဩတကြီး ဖြေပါတယ်။

"တင့်ခ်'' က ဆရာဝန်ကို ဆက်မေးတယ်။

"ခင်ဗျားတို့ အတက်ကျတဲ့ဆေးတွေ အကုန်ပေးပြီးပြီ မဟုတ်လား...? ဖီနိုဘာဘ်.... ဖီနီတွိုင်း....အကုန်လုံး ပေးခဲ့တယ်မလား....? ဒါပေမဲ့ မပျောက်ဘူး၊ သူ အိပ်ပျော်သွားရုံပဲရှိမယ်၊ တုန်နေတာကတော့ မရပ်ဘူး မဟုတ်လား?"

ဒေါက်တာပတ်တာဆန် မှင်သက်သွားပါတယ်။ ဒီဆိုင်ကယ်သမားက ကလေးရဲ့ အခြေအနေကို ကွက်တိပြောနေတာပါပဲ။

"ခင်ဗျား ဒါကို ဘယ်လိုသိတာလဲ?"

"တင့်ခ်'' ရဲ့ မျက်နှာပေါ်က သွေးတွေကြားမှာ၊ မျက်ရည်တွေ စီးကျလာပါတယ် ။

"ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ၃ နှစ်က ငါ့သမီးလေးကို ငါကိုယ်တိုင် သင်္ဂြိုဟ်ခဲ့ရလို့ပဲ။ သူ ၆ ရက်ပဲ အသက်ရှင်ခဲ့တယ်။ ဘယ်ဆရာဝန်မှ သူ့ကို မကယ်နိုင်ခဲ့ကြဘူး။ အဖြေရှာမရတဲ့ ရောဂါလို့ပဲ ပြောခဲ့ကြတယ်။''

တင့်ခ်က သူ့ဂျာကင်အိတ်ထဲက ကလေးမလေးတစ်ယောက်ရဲ့ ဓာတ်ပုံဟောင်းလေးကိုထုတ်ပြပါတယ်။

"တကယ်တော့ ဒါက နားမလည်နိုင်တဲ့ ပဟေဠိ မဟုတ်ဘူး"လို့ တန့်ခ်က ပြောပါတယ်၊ သူ့အသံက တုန်ရီနေတယ်။
"ငါတို သိရတာ နောက်ကျသွားခဲ့တယ်။.ရင်ခွဲစစ်ဆေးတော့မှ ရောဂါအကြောင်း သိလိုက်ရတာ။"

သူ ဒေါက်တာပတ်တာဆန်ကို ကြည့်ပြီး ပြောလိုက်တယ် ။
"ဒါဟာ ဗီတာမင် B6 ချို့တဲ့မှုကြောင့်ဖြစ်တဲ့ အတက်ရောဂါ ပဲ။ ဒါက မျိုးရိုးဗီဇကြောင့်ဖြစ်တာ၊ အရမ်းကို ရှားတယ်။ သူ့လက္ခဏာက အခုအတိုင်းပဲ။"

တစ်ခန်းလုံး တိတ်ဆိတ်သွားတယ်။

"ဗီတာမင် B6 ချို့တဲ့တာ ဟုတ်လား?" လို့ ဆရာဝန်က မယုံသလို မေးပါတယ်။

တင့်ခ် ကပြောပါတယ်။
"ဟုတ်တယ်...ဒါက သွေးစစ်ရုံနဲ့ မသိနိုင်ဘူး! အဲဒါကြောင့် ခင်ဗျားတို့ မသိတာ! ကျုပ်သမီးလေးတုန်းကလည်း အဲဒါကြောင့် အသက် ဆုံးရှုံးခဲ့ရတာ..." လို့ တင့်ခ်က လေသံမာမာနဲ့ပြောပါတယ်။

တင့်ခ်က ဆရာဝန်ရဲ့ အင်္ကျီကော်လာကို ဆွဲကိုင်ပြီး "ခင်ဗျား သူ့ကို ဗီတာမင် B6 100မီလီဂရမ် အခုချက်ချင်း ထိုးပေးလိုက်" လို့ အမိန့်ပေးသလို ပြောလိုက်ပါတယ်။

"ဆိုင်ကယ်သမားတစ်ယောက်ရဲ့ ထင်မြင်ချက်ကို အခြေခံပြီး ဆေးမထိုးပေးနိုင်ဘူး" လို့ ပက်တာဆန်က ငြင်းဆိုပါတယ်။

သူ့အသံက တုန်ရီနေပါတယ်။

" စည်းမျဉ်းနဲ့ မညီဘူး...ကျွန်တော်တို့ စစ်ဆေးဖို့လို...''

တင့်ခ်က စိတ်မရှည်တော့သဖြင့် သူ့စကားကို ဆုံးအောင်နားမထောင်ဘဲ...

" ဒီအတိုင်ထားရင် ခဏနေ သေသွားလိမ့်မယ်...''
တန့်(ခ်)က စောင့်ကြည့်ကိရိယာကို လက်ညိုးနဲ့ ညွှန်ပြပြီး အော်လိုက်ပါတယ်။

နိုအာရဲ့ နှလုံးခုန်နှုန်းက ထပ်ကျနေတယ်။ ၆၀ ကနေ ၅၀ ဖြစ်လာပါပြီ။

"ဆရာဝန်ကြီး...ခင်ဗျား ဒီအတိုင်းထားရင် ကလေးက သေတော့မှာ...ကျွန်တော်ပြောသလို ကုသလိုက်လို့ လွဲချော်သွားရင်လည်း ထပ်ပြီး ဆုံးရှုံးစရာ ဘာမှမရှိဘူး။ ဗီတာမင် ပေးလိုက်ပါ။ ကျွန်တော် မှန်ရင်... ခင်ဗျား သူ့ကို ကယ်လိုက်တာပဲ။''

ဖခင်ဖြစ်သူ မားကက်စ်က ဆိုင်ကယ်စီးသူကို ကြည့်လိုက်ပါတယ်။

လူစိမ်းတစ်ယောက်ရဲ့ မျက်လုံးတွေထဲက သူ့ကလေးအတွက် စိုးရိမ်နေတာကို သူမြင်လိုက်ရတယ်။ သေဆုံးသွားတဲ့ သမီးဖြစ်သူရဲ့ ဝိဉာဥ်က...သူ့အဖေကို ပူးကပ်နေသလိုပါပဲ။

ဆရာဝန်က တွေဝေနေတုန်းမှာ မားကပ်စ်က "သူပြောသလို လုပ်ပေးလိုက်ပါ!" လို့ အော်ပြောလိုက်ပါတယ်။

ဒေါက်တာ ပက်တာဆန်က စောင့်ကြည့်ကိရိယာကို ကြည့်လိုက်ပါတယ်။
မကြာခင် နှလုံးခုန်တာကရပ် သွားတော့မှာပါ။ သူက ဆိုင်ကယ်သမားကို ကြည့်လိုက်ပါတယ်။ကလေးရဲ့ မိဘတွေကိုလည်း ကြည့်လိုက်ပါတယ်။

အနားက သူနာပြုဆရာမကို ဆေးနာမည်ပြောပြီး သွားယူခိုင်းလိုက်ပါတယ်။

ဆယ်စက္ကန့်အတွင်းမှာ ထိုးဆေး တစ်လုံးယူပြီး သူမ ပြန်လာပါတယ်။

နောက်ဆုံးမှာတော့ ဆရာဝန်က ဗီတာမင် B6 ကို ကလေးရဲ့ သွေးကြောထဲ ထိုးပေးလိုက်တယ်။
❤1
တစ်ခန်းလုံး တိတ်ဆိတ်မှုက လွှမ်းမိုးနေပါတယ်။ စက္ကန့် ၃၀ အကြာမှာ...

နိုအာရဲ့ လက်တွေက၊ တုန်နေတာ ရပ်သွားပါတယ်။

နိုအာရဲ့ နှလုံးခုန်နှုန်းစက်က ပုံမှန်အတိုင်း အားကောင်းကောင်းနဲ့ ပြန်ခုန်လာပါတယ်။

ကလေးငယ်ဟာ အသက်ပြင်းပြင်းရှူလိုက်ပြီး အော်ဟစ်ငိုလိုက်ပါတယ်။ နာကျင်လို့ အော်ငိုတာမျိုးမဟုတ်ဘဲ ရှင်သန်ခြင်းအတွက် ငိုတာပါ။

တက်နေတာ ချက်ခြင်း ရပ်တန့်သွားပါတယ်။ ချက်ချင်း သိသိသာသာ ပါပဲ။

နှလုံးခုန်နှုန်း စောင့်ကြည့်ကိရိယာကလည်း ကိန်းဂဏန်းတွေ တက်လာပါတယ်။ ၈၀... ၁၀၀ ကနေ ၁၂၀ အထိရောက်ပြီး ပုံမှန်ပြန်ဖြစ်သွားပါတယ်။

၁၁ ရက်အတွင်း ပထမဆုံးအကြိမ် ကလေးငယ်ဟာ တည်ငြိမ်သွားပါတယ်။

အဲလီနာက ကြမ်းပြင်ပေါ် လဲကျသွားတယ်၊ ဝမ်းနည်းလို့ မဟုတ်ဘူး၊ အံ့အားသင့်လို့ပါ။ မာကက်စ်က ဆရာဝန်ရဲ့လက်ကို ကိုင်ပြီး ခါယမ်းကာ ငိုကြွေးလိုက်တယ်။

ဒါပေမယ့် ဒေါက်တာ ပက်တာဆန်က မိဘတွေကို မကြည့်ပါဘူး။ သူက စောင့်ကြည့်ကိရိယာကိုပဲ မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်နေပါတယ်။

ဒီကလေးအတွက် ....ဆရာဝန်များစွာနဲ့ ဒေါ်လာ သန်းပေါင်းများစွာတန်တဲ့ ကိရိယာတွေအသုံးပြုပြီး ရောဂါ ရှာဖွေခဲ့ကြပါပေမယ့်၊ ကုသမှုရဲ့အဖြေက ဆေးလောကနဲ့ ဘာမှမဆိုင်ဘဲ ဆိုင်ကယ်သမားတစ်ယောက်ရဲ့ အကြံပြုခဲ့တဲ့ ဒေါ်လာ ၁၀ တန်တဲ့ ဗီတာမင်ထိုးဆေး ဖြစ်နေပါတယ်။

တင့်ခ်က နောက်ကို ခြေလှမ်းဆုတ်လိုက်ပါတယ်။ သူ့မျက်လုံးက သွေးတွေကို သုတ်ရင်း အသက်ရှင်နေတဲ့ ကလေးလေးကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ပါတယ်။ ပြီးတော့ သူ့သမီးလေးရဲ့ ဓာတ်ပုံကို အိတ်ထဲပြန်ထည့်လိုက်ပါတယ်။

"ကလေးကို ဂရုစိုက်လိုက်ကြဦး" လို့ ပြောပြီး သူ ထွက်သွားပါတယ်။

အီလီနာက ပြေးလိုက်သွားပြီး တင့်ခ်ရဲ့ လက်ကို ကိုင်ကာ "ရှင် ကယ်လိုက်တာပါ။ ရှင့်နာမည် ဘယ်သူလဲဟင်?" လို့ ငိုရင်း မေးပါတယ်။

တင့်ခ်က ဝမ်းနည်းရိပ်သန်းနေတဲ့ အပြုံးလေးနဲ့ ပြန်ဖြေခဲ့တယ် -

"ကျွန်တော်က ဖခင်တစ်ယောက်ပါ။ တခြားဖခင်တစ်ယောက်ကို သူ့ရဲ့ရင်သွေးလေး ထပ်မဆုံးရှုံးစေချင်တဲ့ ဖခင်တစ်ယောက်ပါပဲ။"

တင့်ခ်ဟာ ဆေးရုံထဲကနေ လမ်းလျှောက်ပြီးထွက်သွားခဲ့တယ်။ သူ့ရဲ့ အနောက်ဖက်မှာတော့ နိုအာလေးရဲ့ နှလုံးခုန်သံဟာ ကမ္ဘာပေါ်မှာ အသာယာဆုံး ဂီတသံတစ်ခုလို စည်းချက်ညီညီရိုက်ခတ်နေပါတယ်။


Saya U Khin Zaw ( ဘာသာပြန် )

#SayaUKhinZaw
❤17
စနစ်မရှိတဲ့ လုပ်ငန်းခွင်

ပြည့်စုံဟာ "ကိုယ်တိုင်လုပ်မှ စိတ်ချရတယ်" ဆိုတဲ့ အတွေးမျိုးရှိသူပါ။ ကိုယ်ပိုင် Design Agency လေးကို တည်ထောင်ထားပါတယ်။ သူဟာ ဖန်တီးမှုအပိုင်းမှာ အလွန်တော်ပြီး၊ စိတ်အားထက်သန်မှုလည်းရှိပါတယ်။ ဒါပေမဲ့၊ တစ်ခုတည်းသော ပြဿနာကတော့ သူ့ရဲ့လုပ်ငန်းခွင် "စနစ်" ပါပဲ။

➡️ Design အသေးစိတ်၊ စာချုပ် အချက်အလက်၊ ဖောက်သည်ကို ဖုန်းဆက်တာကအစ ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်သုံး ကွန်ပျူတာ ပျက်တာအထိ သူကိုယ်တိုင်ပဲ ပြေးလွှားလုပ်ကိုင်နေပါတယ်။

➡️ လုပ်ငန်းစဉ် (workflow) တွေ၊ တာဝန်ခွဲခြားမှု (delegation) တွေ မရှိတဲ့အတွက် ဝန်ထမ်းတွေဟာ ဘာကိုစလုပ်ရမှန်း၊ ဘယ်သူ့ကို သတင်းပို့ရမှန်း မသိဘဲ လေလွင့်နေကြပါတယ်။

➡️ ည ၁၀ နာရီမှ အိမ်ပြန်ရောက်တာ၊ စနေ၊ တနင်္ဂနွေမှာတောင် အလုပ်ကိစ္စတွေ လိုက်ဖြေရှင်းနေရတာ၊ အိပ်ရာဝင်ခါနီး ဖုန်းလာရင် အမြဲဖြေနေရတာကြောင့် ပြည့်စုံဟာ လူရောစိတ်ပါ ပင်ပန်းနွမ်းနယ် နေပါတယ်။ ဝန်ထမ်းတွေလည်း သူ့လိုပဲ ဖိအားများပြီး အလုပ်ထွက်ချင်သူတွေ များလာပါတယ်။

ပြည့်စုံဟာ သူ့ရုံးခန်းထဲမှာ ထိုင်နေရင်း သူဘာကြောင့် ဒီလောက် ပင်ပန်းနေရတာလဲဆိုတာ စဉ်းစားမိပါတယ်။ သူဟာ အဖွဲ့ကို ဦးဆောင်နေသူပါ၊ ဒါပေမဲ့ သူကပဲ အလုပ်အားလုံးကို လုပ်နေရတဲ့ "အဓိက အလုပ်သမား" ဖြစ်နေတာကို သဘောပေါက်သွားပါတယ်။ အဲ့ကနေစပြီး ပြောင်းလဲမှုအချို့ကို ပြုလုပ်လိုက်ပါတယ်။

✅ Systematize - စနစ်တည်ဆောက်ခြင်း
- အလုပ်တွေ ‌သတ်မှတ်ပေးလိုက်တယ်။ Project တစ်ခုရဲ့ အစ၊ အလယ်၊ အဆုံးကို ရှင်းလင်းစွာ သတ်မှတ်ပေးပြီး အဆင့်တိုင်းမှာ ဘယ်သူက ဘာကို တာဝန်ယူရမယ်ဆိုတာမျိုးပါ။
- Project Management Tool တွေကို အသုံးပြုပြီး တာဝန်တွေကို ခွဲဝေချထားလိုက်ပါတယ်။ အလုပ်ရဲ့ အခြေအနေကို အလွယ်တကူ သိရှိနိုင်တဲ့အတွက် နေရာတကာ လိုက်မကြည့်တော့ဘဲ လိုအပ်မှ ဝင်ရောက် စစ်ဆေးခြင်းကို ပြောင်းလဲလိုက်ပါတယ်။

✅ Delegate & Empower - တာဝန်ခွဲဝေ အပ်နှင်းခြင်း
- ဝန်ထမ်းတွေကို သူတို့ရဲ့ တာဝန်နယ်ပယ်အလိုက် ဆုံးဖြတ်ပိုင်ခွင့် ပေးလိုက်ပါတယ်။ ပြည့်စုံအနေနဲ့ အသေးစိတ်ကိစ္စတွေ ဝင်မပါတော့ဘဲ ကြီးမားတဲ့ ရည်မှန်းချက် (Vision) တွေကိုသာ အာရုံစိုက်ပါတယ်။
- ဝန်ထမ်းတွေကို သူတို့ရဲ့ အရည်အချင်း တိုးတက်လာအောင် စနစ်တကျ သင်တန်းတွေ၊ နည်းပြမှုတွေ ပေးလိုက်ပါတယ်။ ဒါ့ကြောင့် ဝန်ထမ်းတွေဟာ ပြဿနာတွေကို သူတို့ကိုယ်တိုင် ဖြေရှင်းနိုင်လာပါတယ်။

✅ Work-Life Balance - အနားယူချိန် သတ်မှတ်ပေးခြင်း
ရုံးချိန်ပြင်ပမှာ မလိုအပ်ဘဲ အလုပ်ကိစ္စတွေ ဖုန်းဆက်၊ Email ပို့ခြင်းကို တားမြစ်လိုက်ပါတယ်။ "ရုံးချိန်ပြင်ပတွင် အရေးပေါ်မှတစ်ပါး ဆက်သွယ်ခြင်း မပြုရ" ဆိုတဲ့ စည်းမျဉ်းကို သူကိုယ်တိုင်က စတင် လိုက်နာပြပါတယ်။

ဒီလို အပြောင်းအလဲတွေကြောင့် ခြောက်လအတွင်းမှာပဲ တိုးတက်မှုက သိသိသာသာ ပြောင်းလဲလာပါတယ်။
- စနစ်တွေကြောင့် အမှားအယွင်းတွေ နည်းသွားပြီး အလုပ်တွေ မြန်ဆန်လာတယ်။
- ဖိအားလျော့ကျပြီး တာဝန်ယူမှု၊ တာဝန်ခံမှုတွေ မြင့်တက်လာတဲ့အတွက် ဝန်ထမ်းတွေဟာ ပိုပြီး ပျော်ရွှင်စွာ အလုပ်လုပ်လာကြပါတယ်။
- ပြည့်စုံဟာ သူ့ကိုယ်ပိုင် အနားယူချိန် ရလာပြီး၊ လုပ်ငန်းကို အသေးစိတ် လိုက်လုပ်မနေတော့ဘဲ Strategy ချမှတ်ခြင်းလိုမျိုး ဦးဆောင်သူရဲ့ အဓိက တာဝန် တွေကိုသာ အာရုံစိုက်လုပ်တော့ပါတယ်။

ခေါင်းဆောင်ကောင်း ဆိုတာ အလုပ်အားလုံးကို ကိုယ်တိုင်လုပ်နေသူ မဟုတ်ပါဘူး။ အဲဒီအစား "လုပ်ငန်းတွေ အောင်မြင်စွာ လည်ပတ်နိုင်မယ့် စနစ်ကောင်းတစ်ခု" ကို ဖန်တီးပေးပြီး၊ အဖွဲ့သားတွေကို ယုံကြည်စွာ တာဝန်ခွဲဝေပေးနိုင်သူ ဖြစ်ပါတယ်။



#mindset #leadership #BusinessGrowth #ethics #mindsetshift #business #motivation #success
❤6👍4
Viber , Telegram တွေမှာဒါမျိုးလင့်တွေတွေ့နေရင်ဝင်မကြည့်ပါနဲ့။
မထိပါနဲ့။
ဝင်လိုက်မိရင် နောက်ထပ်လင့် ၂ခုထပ်ကျမယ်။
၃ကိုမ်ထိဝင်မိရင်တော့ ကို့အကောင့်ပါသွားပြီမှတ်ပါ။
Pishing Hack link တွေပါ။ ၂ကြိမ်အထိ အကောင့်မပါပါဘူးနော်။
လက်တွေ့ သတိပြုဖွယ်ပါဗျာ။
❤4👍1
တယ်လီဂရမ်ရဲ့ သားကောင်မိန်းမပျိုများ

၂၇.၁၂.၂၀၂၅

အသက် ၁၄ နှစ်အရွယ်သာ ရှိသေးတဲ့ မို့မို့ (အမည်လွှဲ) အတွက်တော့ သူမရဲ့ အနာဂတ်နဲ့ ကျောင်းပညာရေးဟာ တယ်လီဂရမ်ချန်နယ်တစ်ခုရဲ့ VIP ဝင်ကြေးရဖို့အတွက် "ရောင်းကုန်" တစ်ခုလို အသုံးချခံလိုက်ရပါတယ်။

အဖွဲ့ဝင် လေးသောင်းကျော်ရှိတဲ့ "Ultra Nub" ဆိုတဲ့ တယ်လီဂရမ်ချန်နယ်မှာ မို့မို့ရဲ့ ချစ်သူဟောင်းက သူတို့နှစ်ဦးရဲ့ ရုပ်သံဖိုင်တင်ရုံတင်မကဘဲ မို့မို့ရဲ့ ကျောင်းသူဘဝဓာတ်ပုံ၊ ဖေ့ဘွတ်ခ်အကောင့်နဲ့ နေရပ်လိပ်စာတွေကိုပါ တွဲတင်ပြီး စနစ်တကျ ရောင်းစားခဲ့တာပါ။

မို့မို့တစ်ယောက် သူမရဲ့ဘဝ ဒစ်ဂျစ်တယ်ငရဲထဲ ရောက်သွားမှန်း သိလိုက်ရတာကတော့ သူငယ်ချင်းတွေရဲ့ သတင်းစကားကြောင့်ပါ။

“နင့်ပုံနဲ့ ဗီဒီယိုတွေ တယ်လီဂရမ်မှာ ပျံ့နေတယ်ဆိုပြီး Screenshot တွေနဲ့ လာပြကြမှ သိလိုက်တာ" လို့ မို့မို့က သူမရဲ့ ထိတ်လန့်စရာ အခိုက်အတန့်ကို ပြန်ပြောပြပါတယ်။

ဒီအကြောင်းကို မိဘတွေကို မပြောပြရဲခဲ့ပေမဲ့ တမြို့တည်းနေသူတွေကတဆင့် သတင်းက မိဘတွေဆီ ရောက်သွားခဲ့ပါတယ်။

သမီးဖြစ်သူရဲ့ အရှက်သိက္ခာကို လူတကာက ဈေးဖြတ်နေကြပြီဆိုတာသိလိုက်ရတဲ့အချိန်မှာ ဖခင်ဖြစ်သူဟာ ဝမ်းနည်းရှက်ရွံ့လွန်းတာကြောင့်ထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။

“ဖေဖေကတော့ သိသိချင်းမူးလဲသွားတယ်။ မေမေကတော့ ငိုလည်းငိုတယ်၊ သမီးကိုလည်း ရိုက်တယ်” လို့ မို့မို့က ဆိုပါတယ်။

မိဘတွေက သမီးဖြစ်သူရဲ့ သိက္ခာကို ကယ်တင်ဖို့ ချန်နယ်ပိုင်ရှင်ကို ကျပ် ၁၀ သိန်းပေးပြီး ရုပ်သံဖျက်ဖို့ ညှိနှိုင်းခဲ့ကြပါတယ်။အဆိုပါငွေကို KBZ Pay ကနေ လွှဲပေးခဲ့ပြီး ခြေရာခံဖို့ ကြိုးစားခဲ့ပေမဲ့ အကောင့်တွေဟာ တဆင့်ပြန်ဝယ်ယူထားတဲ့အကောင့်တွေဖြစ်နေတာကြောင့် ရှာဖွေဖို့ မတတ်နိုင်ခဲ့ပါဘူး။

ပထမဆုံးတင်ခဲ့တဲ့ချန်နယ်က ဖျက်ပေးခဲ့ပေမဲ့ တခြားချန်နယ်တွေက ကူးယူတင်ထားကြပြီဖြစ်လို့ ပျံ့နှံ့မှုကို မထိန်းချုပ်နိုင်တော့ပါဘူး။

နောက်ဆုံးမှာတော့ မိဘတွေကအရှက်ရကာ မို့မို့ကို ကျောင်းထုတ်ပြီး တနယ်တကျေးသို့ ပြောင်းရွှေ့သွားခဲ့ကြသလို စိုးရိမ်ပူပန်မှုတွေကြောင့် ကျောင်းပညာရေးကိုလည်း ပုံမှန်အတိုင်း ဆက်မထားတော့ပါဘူး။

အခုဆို မို့မို့ဟာ သာမန်လူနေမှုဘဝ ပျောက်ဆုံးသွားခဲ့ရပြီး အပြင်ထွက်ဖို့တောင် မဝံ့ရဲတော့ပါဘူး။ အွန်လိုင်းကနေ စာသင်နေရတဲ့အခြေအနေမှာတောင် “ကင်မရာဖွင့်လိုက်ရင် ငါ့ကို သူတို့ သိနေမလား” ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရှင်သန်နေရတယ်လို့ သိရပါတယ်။

မို့မို့လိုပဲအလားတူပြဿနာ ကြုံနေရသူကတော့ အသက် ၂၂ နှစ်အရွယ် မဖြူဖြူ (အမည်လွှဲ) ပါ။ ဖြူဖြူရဲ့ ရည်းစားဟောင်းဖြစ်သူက သူတို့နှစ်ဦးရဲ့ ရုပ်သံကို အဖွဲ့ဝင် ၁၄၀၀၀၀ ဦးဝန်းကျင်ရှိတဲ့ Dark King Free ချန်နယ်မှာ ရောင်းစားခဲ့တာပါ။

အဲဒီလိုရောင်းစားခံရပြီးနောက်မှာ အကောင့်အတုနဲ့ အမျိုးသားတစ်ဦးက ဖြူဖြူနဲ့ သူမရဲ့ ရည်းစားဟောင်းတို့ရဲ့ရုပ်သံကို Messenger ကနေ ပေးပို့ပြီး စတင်ခြိမ်းခြောက်ခဲ့ပါတယ်။

“Video ပို့လာပြီး နင့် HD ကို ငါ့ကို လာရောင်းထားတယ်။ မတင်စေချင်ရင် ပိုက်ဆံလွှဲပေးရမယ်ပြောတယ်" လို့ ဖြူဖြူက ဆိုပါတယ်။

ဖြူဖြူက သူတောင်းတဲ့ပမာဏအတိုင်း ကျပ်ငွေ ၂ သိန်း ပေးခဲ့ပေမဲ့ ကျူးလွန်သူကရပ်မသွားဘဲ သူမကို အတူအိပ်ဖို့ပါ ထပ်မံအကြပ်ကိုင်လာပါတယ်။ဖြူဖြူကငြင်းဆန်တဲ့အခါ "အတူမအိပ်ချင်ရင် Video Call ကနေ လိင်မှုကိစ္စပြုလုပ်ပေးရမယ်" လို့ ဖိအားပေးပြန်ပါတယ်။

“ဗီဒီယိုတင်ခံရမှာ ကြောက်တာရော၊ မျက်နှာမပါစေရဘူးဆိုတာကြောင့်ပါ လိုက်လျောမိခဲ့တယ်” လို့ ဖြူဖြူက ဆိုပါတယ်။

ဒါပေမဲ့ ကျူးလွန်သူက နေ့စဉ်နီးပါး ထပ်မံတောင်းဆိုလာတာကြောင့် ဖြူဖြူက သည်းမခံနိုင်တော့ဘဲ ဆက်သွယ်မှုဖြတ်တောက်လိုက်တဲ့အခါမှာတော့ သူမရဲ့ မူလရုပ်သံတွေအပြင် Video Call မှတ်တမ်းတွေကိုပါတယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေပစ်ခဲ့ပါတယ်။

တကယ်တော့ ဒီဖြစ်စဉ်တွေဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လက်စားချေမှုသက်သက်မဟုတ်တော့ဘဲ နည်းပညာကို အလွဲသုံးစားလုပ်ကာ အမျိုးသမီးတွေကို အကာအကွယ်မပေးနိုင်တဲ့ တရားစီရင်ရေး အခြေအနေပေါ် အခြေခံပြီး၊ သူတို့ရဲ့ ဘဝနဲ့ သိက္ခာကို အရင်းပြုကာ စနစ်တကျ လည်ပတ်နေတဲ့ အွန်လိုင်း ညစ်ညမ်းစီးပွားရေးယန္တရားကြီးတစ်ခု ဖြစ်နေပါတယ်။

ရုပ်သံပေးပို့သူတွေထဲမှာ အတူနေခဲ့ဖူးတဲ့ချစ်သူဟောင်းတွေက အများဆုံးဖြစ်ပြီး သူတို့နဲ့ ပြန်မတွဲချင်တဲ့အခါမှာ နာမည်ဖျက်ဖို့အတွက် အခုလိုလုပ်ဆောင်ကြတာပါ။

ဒီလုပ်ငန်းဟာ ငွေရလွယ်တဲ့ဈေးကွက်တစ်ခုဖြစ်လာတာနဲ့အမျှ ကျူးလွန်သူတွေဟာ နည်းလမ်းမျိုးစုံနဲ့ အမြတ်ထုတ်လာကြပါတယ်။
❤12👍2
ရည်းစားဟောင်းတွေက လက်စားချေရုံတင်မကဘဲ တည်းခိုခန်းတွေမှာ ခိုးယူမှတ်တမ်းတင်တာ၊ ဖုန်းပြုပြင်သူတွေက ဖုန်းထဲက အချက်အလက်တွေကို ခိုးယူတာနဲ့ လူမှုကွန်ရက်အကောင့်တွေကို ဖောက်ထွင်းခိုးယူတာတွေအထိ လုပ်ဆောင်လာကြတာပါ။

ဒါတင်မကဘဲ အလုပ်ရှာဖွေနေတဲ့ အမျိုးသမီးတွေကို အေဂျင်စီဟန်ဆောင်ကာ Video Call ခေါ်ဆိုပြီး လိမ်လည်မှတ်တမ်းတင်တာတွေပါ ရှိလာပါတယ်။

အလုပ်ရှာဖွေနေသူ မြမြ (အမည်လွှဲ) ကတော့ Facebook က Group တွေမှာ အလုပ်လိုကြောင်း ပို့စ်တင်ခဲ့ရာမှ ခြိမ်းခြောက်ခံလိုက်ရတာပါ။

“အလုပ်လိုတဲ့ ပို့စ်တစ်ခုကို ဖေ့ဘွတ်ဂရုထဲ တင်လိုက်တာ။ နောက်တော့ အကောင့်တစ်ခုက လာဆက်သွယ်တယ်။ သူက အလုပ်အကိုင်ရှာပေးတဲ့ အေဂျင်စီကပါတဲ့။ အလုပ်ကိစ္စဖုန်းပြောချင်လို့ ကိုင်ပါဆိုလို့ ကိုင်လိုက်တဲ့အချိန် သူ့ရဲ့အင်္ဂါကို ကိုင်ထားတဲ့ပုံကြီးမြင်လိုက်ရတာပဲ" လို့ သူမရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

အဲဒီနောက် မြမြရဲ့ မျက်နှာပါတဲ့ Screenshot ကိုယူပြီး ငွေ ၅ သောင်းမပေးရင် ဖြန့်မယ်လို့ ခြိမ်းခြောက်ခဲ့ပေမဲ့ငွေမပေးခဲ့တဲ့အတွက် အဆိုပါပုံကို ကျူးလွန်သူက ဖြန့်ဝေခဲ့ပါတယ်။

မြမြလိုကြုံတွေ့ခဲ့ရသူ ၁၀ ဦးထက်မနည်းရှိပြီး ဒီဖြစ်စဉ်ဟာ "ကျားဖြန့်" လို့ ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လုပ်ရပ်ဖြစ်နိုင်တယ်လို့လည်း သူမက သုံးသပ်ပါတယ်။

ပိုမိုဆိုးရွားလာတဲ့အချက်ကတော့ AI လို ခေတ်မီနည်းပညာနဲ့ လှည့်ကွက်တွေကို အသုံးချလာခြင်း ဖြစ်ပါတယ်။

ကိုယ်တိုင်ရိုက်ကူးထားတဲ့ ရုပ်သံမရှိသူတွေကိုပင် AI နည်းပညာသုံးကာ ညစ်ညမ်းပုံတွေအဖြစ် ပြုပြင်ပြီး အသရေဖျက်ငွေညှစ်တာတွေရှိလာပါတယ်။

"နာမည်ကြီးတဲ့ မိန်းကလေးတွေကိုဆို AI နဲ့လုပ်ပြီး ဂရုတွေထဲတင်တာ၊ အဲဒီကောင်မလေးတွေရဲ့ ပို့စ်တွေအောက်မှာ AI နဲ့လုပ်ထားတာတွေကို Comment လိုက်ရေးတာတွေ လုပ်ကြတယ်" လို့ အမျိုးသမီးအရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

လိင်မှုကိစ္စရုပ်သံတွေကို အခကြေးငွေနဲ့ ရောင်းချနေတဲ့ တယ်လီဂရမ်ချန်နယ်ပေါင်း ၃၀၀ ကျော်ရှိပြီး ၂၀၂၂ ခုနှစ်အစောပိုင်းကနေ ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ အမျိုးသမီး ၂၀၀၀ ကျော်ရဲ့ ရုပ်သံတွေ ဖော်ပြခံခဲ့ရတယ်လို့ နစ်နာသူတွေကို ကူညီပေးနေသူ ကိုဂျွန် (အမည်လွှဲ) က ပြောပါတယ်။

အလားတူ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရသူတွေကို ကူညီပေးနေတဲ့ Against Sexual Violence (ASV) အဖွဲ့ဝင်တွေ ကူညီဖြေရှင်းပေးခဲ့ရတဲ့ ဖြစ်စဉ်ပေါင်း ၅၀၀၀ ကျော်အထိ ရှိနေပြီဖြစ်ပါတယ်။
အဆိုးဆုံးကတော့ ဒီလုပ်ငန်းကြီးဟာ မရင့်ကျက်သေးတဲ့ ဆယ်ကျော်သက်ကလေးတွေကို အဓိကပစ်မှတ်ထားလာတာပါပဲ။

၂၀၂၅ ခုနှစ်အတွင်းမှာပဲ အသက်မပြည့်သေးတဲ့ကလေးငယ် ၂၀ ဦးကျော်ရဲ့ လိင်မှုကိစ္စ အမြတ်ထုတ်ခံရတဲ့ဖြစ်စဉ်တွေကိုကူညီပေးခဲ့ရတယ်လို့ ကိုဂျွန်က ဆိုပါတယ်။

"ဆယ်ကျော်သက်အရွယ်ဆိုတာ စူးစမ်းချင်စိတ်များတတ်တဲ့အရွယ်ပါ။ လိင်မုဆိုးတွေက ဒီမသိနားမလည်မှုကိုအခွင့်ကောင်းယူပြီး ရည်းစားဖြစ်အောင်ကြိုးစား၊ အတူနေဖို့ဖျားယောင်းပြီး ရရှိလာတဲ့မှတ်တမ်းတွေနဲ့ပဲ သူတို့အလိုကျထပ်ဆင့်အသုံးချဖို့ ခြိမ်းခြောက်တတ်ကြတယ်” လို့ အမျိုးသမီးအရေး ကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။

ဒီစီးပွားရေးပုံစံဟာ Facebook နဲ့ TikTok လို လူမှုကွန်ရက်တွေမှာ "အမြည်း" ပြ လူစုကာ တယ်လီဂရမ်ထဲကို ဆွဲခေါ်သွားတာပါ။

အဲဒီချန်နယ်တွေမှာ Free Channel နဲ့ VIP Channel ဆိုပြီး နှစ်မျိုးရှိပါတယ်။ Free Channel မှာ အပိုင်းအတိုလေးတွေပြပြီး ဆွဲဆောင်ကာ အပြည့်အစုံကြည့်ချင်ရင်တော့ ငွေပေးသွင်းခိုင်းတာပါ။

ချန်နယ်ပိုင်ရှင်တွေက သာမန်မိန်းကလေးတွေရဲ့ ရုပ်သံဆိုရင် ကျပ် ၅၀၀၀ ကနေ ၃၀၀၀၀ အတွင်း ဝယ်ယူလေ့ရှိပြီး နာမည်ကြီး ဆယ်လီတွေရဲ့ ရုပ်သံဆိုရင် ကျပ် ၁၀ သိန်းအထိ ပေါက်ဈေးရှိပါတယ်။
ရုပ်သံဝယ်ယူဖို့အတွက် ချန်နယ်ပိုင်ရှင်တွေဟာ ငွေအနည်းငယ်သာ စိုက်ထုတ်ရပေမဲ့ VIP ဝင်ကြေးတွေကနေတစ်ဆင့် များစွာသော အကျိုးအမြတ်ကို ပြန်လည်ညှစ်ထုတ်နေတာပါ။

ဒါတင်မကသေးဘဲ ကာယကံရှင်တွေက ရုပ်သံလာပြန်ဖျက်ခိုင်းတဲ့အခါမှာလည်း 'ဖျက်ခိုင်းခ' အဖြစ် ငွေကြေးထပ်မံတောင်းခံကာ နည်းလမ်းမျိုးစုံနဲ့ အမြတ်ထုတ်နေကြတာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၁၃၀၀၀၀ ကျော်ရှိတဲ့ "Dark King Free" လို ချန်နယ်မျိုးမှာ အဖွဲ့ဝင်အားလုံးရဲ့ တစ်ဝက်ခန့်ကသာ VIP ဝင်ကြေး ကျပ် ၁ သောင်းစီ ပေးသွင်းကြတယ်ဆိုရင်တောင် ကျပ်သိန်းပေါင်း ၆,၀၀၀ ကျော် (ကျပ်သန်း ၆၀၀ ကျော်) အထိ အမြတ်အစွန်းရရှိနေတာဖြစ်ပါတယ်။

ဒီစက်ဝိုင်းကြီးအရှိန်မပျက်လည်ပတ်နေဖို့ အဓိကလောင်စာကတော့ ကြည့်ရှုသူတွေဆီက ရရှိတဲ့ ငွေကြေးပါပဲ။

“ကိုယ်ပေးလိုက်တဲ့ VIP ဝင်ကြေးက နောက်ထပ် အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို ဖျက်ဆီးဖို့ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှု အရင်းအနှီး ဖြစ်သွားတယ်” လို့ တယ်လီဂရမ်မှာ လိင်မှုကိစ္စပြုနေတဲ့ ရုပ်သံရောင်းစားခံခဲ့ရတဲ့ မနီနီက ဆိုပါတယ်။

ကိုယ်ကြည့်နေတဲ့ ဗီဒီယိုရဲ့ နောက်ကွယ်မှာ ကာယကံရှင် အမျိုးသမီးဟာ သတ်သေဖို့အထိ ကြိုးစားနေရတာမျိုး ဖြစ်နိုင်တာကြောင့်၊ ကြည့်ရှုသူဟာ ရာဇဝတ်မှုကို ဘေးကကြည့်နေသူ မဟုတ်တော့ဘဲ ဒီလုပ်ငန်းကြီး တိုးချဲ့နိုင်အောင် ငွေကြေးစိုက်ထုတ်ပေးနေတဲ့ ရှယ်ယာရှင်တစ်ယောက်လို ဖြစ်နေတယ်လို့ သူမက ဆက်ပြောပါတယ်။
👍6❤4
မြန်မာနိုင်ငံမှာ အွန်လိုင်းပြစ်မှုတွေအတွက် အီလက်ထရောနစ်ဥပဒေကိုသာ အားကိုးနေရဆဲလို့ သိရပါတယ်။


မြန်မာနိုင်ငံက Sex Education (လိင်ပညာပေးမှု) အားနည်းတဲ့နိုင်ငံဖြစ်နေတော့ ဒီလိုဗီဒီယိုတွေ ထွက်လာတဲ့အခါမှာ ဆွေမျိုးတွေကြားထဲမှာတင်မကဘဲ၊ မိတ်ဆွေအသိုင်းအဝိုင်းထဲမှာပါ ခွဲခြားဆက်ဆံခံရတာမျိုးတွေ ရှိတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့သူတွေက ပြောပါတယ်။

ဒီလို ခွဲခြားဆက်ဆံမှုတွေဟာ စိတ်ပိုင်းဆိုင်ရာအရ ဒဏ်ရာရထားပြီးသား အမျိုးသမီးတွေအတွက်တော့ ပိုပြီးဆိုးရွားစေပါတယ်။ ဒါဟာ သူတို့ကို မိမိကိုယ်ကိုယ် သေကြောင်းကြံတဲ့အထိတောင် တွန်းပို့နေသလို ဖြစ်နေတယ်လို့ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုပေးနေသူတွေကလည်း ထောက်ပြထားပါတယ်။
အဲဒီလို ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးအများစုဟာ ဖြစ်စဉ်ဖြစ်ပြီး လနဲ့ချီ ကြာသွားတဲ့အထိတောင် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို ဆက်ပြီး ခံစားနေကြရတာပါ။

မို့မို့၊ ဖြူဖြူနဲ့ မြမြတို့ဆိုရင် ဒီလို ခြိမ်းခြောက်ခံရတဲ့ဖြစ်စဉ်နဲ့ ကြုံခဲ့ရတာ ၁ နှစ်နီးပါးရှိနေပြီဖြစ်ပေမဲ့ ဒီနေ့အထိ စိတ်မလုံခြုံကြသေးပါဘူး။

'ကိုယ်မသိတဲ့သူက စကားလာပြောရင်ပဲဖြစ်ဖြစ်၊ Messenger က နိုတီအသံ ကြားရင်ပဲဖြစ်ဖြစ် ကြောက်ပြီး ငိုချင်လာတယ်။ တယ်လီဂရမ်ဆိုရင်လည်း အခုထိ ပြန်မဖွင့်ရဲသေးဘူး' လို့ ဖြူဖြူက သူ့ရဲ့ စိတ်ဒဏ်ရာကို ပြောပြပါတယ်။

အမျိုးသမီး ထောင်ပေါင်းများစွာ အခုလို လိင်အမြတ်ထုတ်ခံနေရပေမဲ့ ဥပဒေအရ ကာကွယ်စောင့်ရှောက်မှု ရဖို့ဆိုတာကတော့ လက်တွေ့မှာ မလွယ်ကူတဲ့ အခြေအနေ ဖြစ်နေပါတယ်။

ဒါကြောင့်လည်း နစ်နာသူတွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ပဲ ကျူးလွန်သူတွေကို လူမှုရေးအရ ပြစ်ဒဏ်ပေးတာမျိုး၊ ညစ်ညမ်းချန်နယ်တွေကို Report ဝိုင်းထုတာမျိုးတွေကိုပဲ လုပ်ဆောင်နေကြပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာတင် ASV Team က အဖွဲ့ဝင်တွေရဲ့ Report ထုမှုကြောင့် လိင်ကိစ္စတွေ ဖြန့်ဖြူးပြီး ငွေရှာနေတဲ့ တယ်လီဂရမ်ချန်နယ်ပေါင်း ၁၆၇ ခုအထိ ပျက်သွားခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီညစ်ညမ်းစီးပွားရေးယန္တရားကို အပြီးအပိုင် တိုက်ဖျက်ဖို့ကတော့ အတော်လေး ခက်ခဲနေပါသေးတယ်။

ကျူးလွန်သူတွေဟာ သူတို့ချန်နယ်တွေ Report ထုခံရလို့ ပျက်သွားရင်တောင်မှ အဖွဲ့ဝင် (Member) အများကြီးရှိတဲ့ တခြားတယ်လီဂရမ်ချန်နယ်တွေကို ပိုက်ဆံနဲ့ ပြန်ဝယ်ပြီး ဒီလုပ်ရပ်တွေကိုပဲ ထပ်ခါတလဲလဲ လုပ်ဆောင်နေကြလို့ပါ။

နောက်ဆုံးမှာတော့ ဒီညစ်ညမ်းစီးပွားရေး ယန္တရားကြီး ပျက်စီးသွားဖို့ဆိုရင် ရောင်းတဲ့သူကို တားဆီးရုံတင်မကဘဲ ဝယ်ယူကြည့်ရှုသူ မရှိတော့အောင် လုပ်ဆောင်နိုင်မှသာ အထိရောက်ဆုံး ဖြစ်မှာပါလို့ မနီနီကတော့ သူမရဲ့အမြင်ကို‌ေပြာဆိုပါတယ်။

အသိကို သတိနိုင်ထိန်းပြီး
လှည့်ဖျားခြင်းမှ
လွတ်ကင်းကြပါစေ။
❤16👍4
မဲရုံတာဝန်ထမ်းဆောင်ကြတဲ့
မဲရုံမှူး ၁၀၀၀၀၀
ဒုမဲရုံမှူး ၉၀၀၀၀
စက်ကိုင် ၈၀၀၀၀
မဲစာရင်းစစ် ၈၀၀၀၀
မှင်တို့ ၈၀၀၀၀
လုံခြုံရေး ၈၀၀၀၀
အားလုံး ၁၂ဦး
ရရှိပါတယ် နော်🥰
လုပ်လာခဲ့မျှနှစ်တွေမှာ
ဒီနှစ်တော့ များများလေးရတယ်ပေါ့😁😁
ခိုင်းစရာရှိလည်း ဒီအခြေခံကဆရာ ဆရာမတွေပဲလုပ်ရတာ ပါ🙄🙄မငြီးမညူလုပ်ပေးတာလည်း
ဒီအခြေခံဆရာ ဆရာမတွေပါပဲလေ
အရမ်းပင်ပန်းပါတယ်
အဆဲခံရလည်းဒီဆရာ ဆရာမတွေပါပဲ
တာဝန်ကိုကျေပွန်စွာနဲ့အကောင်းဆုံးလုပ်ဆောင်ပေးခဲ့ကြပါတယ်🥰
မချီးကျူးရင်တောင် အပြစ်တွေမပြောကြပါနဲ့
ကျေးဇူးပါ💜
❤19
၂၀၂၆ ဇန်နဝါရီလ ၁ ရက်မှ ၄ ရက်အထိ
အစိုးရရုံးပိတ်ရက် တစ်ဆက်စပ်တည်း
၄ ရက် ပိတ်ပေးပြီး ၁၀ ရက် စနေနေ့ ကို
အစားထိုးရက်အဖြစ် ပြင်ဆင်သတ်မှတ်
❤8
#စာစီစာကုံးခေါင်းစဥ်ကိုမျဥ်းသားခြင်းမသားခြင်းကိုတရားဝင်ပြဋ္ဌာန်းတာမရှိ၊ မတားလဲ ဘာမှမဖြစ် တားလဲဘာမှမဖြစ်။ အမှတ်ပေးခြင်းနှင့် (ပညာရပ်သဘောအရ) ဘာမှမပတ်သက်။

ပညာရပ်ဆိုင်ရာမှာ ကြီးကျယ်နိုင်စွမ်းမရှိတဲ့ ပညာရှင်မဟုတ်သော လူယုတ်မာတယောက်တလေက ဘာမှ အရေးမပါ, မကြီးကျယ်တာကို ပုံကြီးချဲ့ပြီး ဖန်ဂေါင်းကျယ်ပြီး တလွဲအာဏာပြနေတာ ဖြစ်ပါတယ်။ ဒီပြဿနာဟာ စာစစ်လောကမှာ တကယ်ရှိခဲ့ဖူးတာပါ။

အလင်္ကာကို ငါ့စာအုပ်ထဲကအတိုင်းဖြေမှ အမှတ်ပေးမယ်လို့ (စာနဲ့ပေနဲ့မဟုတ်ပေမယ့်) နှုတ်အားဖြင့် ဝါဒဖြန့်တာမျိုးတောင် ရှိခဲ့ပါသေးတယ်။

#ဖြောင့်မှန်သောဘယ်ပညာရှင်ပါမောက္ခမှဒါမျိုးတွေမပြောမလုပ်ပါ။

💜

လှေနံဓားထစ် ပြဿနာ
*****
အခုရက်ပိုင်း မြန်မာစာအသိုင်းအဝိုင်းရဲ့ လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ပေါ်မှာတက်လာတဲ့ ပို့စ်တစ်ခုကို အကြောင်းပြုပြီး ဒီစာကို ရေးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အခြားသူတွေရေးကြ၊ တင်ကြတဲ့ ပို့စ်တွေအပေါ်မှာ စောကြောဝေဖန်တာမျိုး လုပ်လေ့မရှိပါဘူး။ လုပ်လဲမလုပ်လိုပါဘူး။ ဒါပေမဲ့ အခုကိစ္စက မြန်မာစာကိစ္စလဲဖြစ်၊ အများနဲ့ဆိုင်တဲ့ကိစ္စလဲ ဖြစ်နေတာကြောင့် ပြောဖို့လိုအပ်တယ်ထင်လို့ ဒီစာကိုရေးဖြစ်ပါတယ်။
ပြောမဲ့ကိစ္စကို မစခင်မှာ “လှေနံဓားထစ်” ဆိုတဲ့စကားကို အရင်ပြောချင်ပါတယ်။ လှေနံဓားထစ် ဆိုတဲ့စကားကို အများသိကြပါတယ်။ တချို့အနည်းအပါးကတော့ သိချင်မှသိပါလိမ့်မယ်။ ဒါ့ကြောင့် လှေနံဓားထစ်ဆိုတဲ့ စကား အကြောင်းကို အရင်ပြောပါမယ်။ “လှေနံဓားထစ်” ဆိုတာ မြန်မာ့လူမှုနယ်ပယ်မှာ ထင်ရှားတဲ့ စကားပုံတစ်ခုဖြစ်ပါတယ်။ ဒီစကားပုံဟာ ပုံပြင်တစ်ပုဒ်ကို အခြေခံပြီး ပေါ်ပေါက်လာတာပါ။ ပုံပြင်ကတော့ လှေတစ်စင်းနဲ့ မြစ်ရိုးတစ်လျှောက်ကူးသန်း ရောင်းဝယ်နေသူတစ်ယောက်ဟာ တစ်နေ့မှာ သူ့ရဲ့ဓားရှည်တစ်ချောင်း မြစ်အတွင်းကျသွားပါတယ်။ မြစ်အတွင်းချက်ချင်း မဆင်းယူနိုင်သေးတဲ့အတွက် ဓားကျသွားတဲ့နေရာကို မှတ်သားဖို့ လှေရဲ့ နံဘေးကို အခြားဓားတစ်လက်နဲ့ ထစ်ပြီး မှတ်သားထားလိုက်ပါတယ်။ လှေဆိုက်တဲ့အခါမှ လှေဘေးမှာထစ်ထားတဲ့ နေရာက ရေထဲကိုဆင်းပြီး ဓားကိုရှာအခါ ဓားကိုမတွေ့ဘဲ တံစဉ်တစ်ချောင်းကိုသာတွေ့လိုက်ရပါတယ်။ သူ့ ဓားဟာ ရေထဲမှာနေရတာ အချိန်ကြာသွားလို့ အချမ်းလွန်ပြီး ကောက်ကွေးသွားတယ်လို့ ထင်မှတ်လိုက်တယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီစကားပုံရဲ့ ဆိုလိုရင်းက ဘယ်အရာမဆို ပုံသေကားကျ တစ်သမတ်တည်းမှတ်ယူထားရင် လွဲမှားနိုင်တယ်ဆိုအကြောင်းပဲ ဖြစ်ပါတယ်။
အခု လှေနံဓားထစ် ပြဿနာအကြောင်းပြောချင်ပါတယ်။ ဒီအကြောင်းက မြန်မာစာ အသိုင်းအဝိုင်းရဲ့ လူမှုကွန်ရက်မှာ ပြန့်လာတဲ့ပို့စ်တစ်ခုနဲ့ ပတ်သက်ပါတယ်။ ပို့စ်ရေးတဲ့သူဟာ စေတနာကောင်းနဲ့ ရေးခဲ့တာမှန်ပေမဲ့ သူ့ရေးသားချက်အပေါ်မှာ လှေနံဓားထစ်မှတ်ယူ လိုက်မယ်ဆိုရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်တာမို့ ဒီစာကို ရေးဖြစ် ပါတယ်။ နောက်ပြီး ဒီကိစ္စဟာ ကျောင်းသူကျောင်းသားတွေ၊ ဆရာ ဆရာမတွေနဲ့ သက်ဆိုင် နေတာ ဖြစ်လို့ ရှင်းရှင်းလင်းလင်း သိမထားရင် နောင်ဖြစ်လာမဲ့ အကျိုးဆက်တွေဟာ ပိုပြီးရှုပ်ထွေးလာနိုင်ပါတယ်။ အဲဒီပို့စ်ကတော့ “စာစီစာကုံးရေးသားတဲ့အခါ ခေါင်းစဉ်ကို မျဉ်းသားရ၊ မသားရ ဆိုတဲ့ ဝိဝါဒ အပေါ်မှာ စာရေးသူက ‘မျဉ်းသားရမယ်’ ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ သူ့ရဲ့တွေ့ရှိချက်ကို တင်ပြထားတာ ဖြစ်ပါတယ်။ 'မျဉ်းမသားရ’ လို့သတ်မှတ်ထားတဲ့အတွက် မျဉ်းသားမိတဲ့ ကျောင်းသူ ကျောင်းသားတွေနစ်နာရတဲ့အကြောင်း၊ မျဉ်းသားရမှာဖြစ်ကြောင်းကို အထောက်အထားတစ်ခုနဲ့ သူ့ရဲ့ပို့စ်မှာတင်ပြထားတာ ဖြစ်ပါတယ်။
ပညာရပ်နယ်ပယ်မှာ ပြောလေ့ရှိတဲ့ စကားလုံးသုံးခုရှိပါတယ်။ ရမယ် ‘must’၊ သင့်တယ် ‘should’၊ နိုင်တယ် ‘could’ ဆိုတာ ဖြစ်ပါတယ်။ ဒီသုံးမျိုးကို သူ့နေရာနဲ့သူအသုံးပြုမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ စာစီစာကုံးခေါင်းစဉ်ကို ‘မျဉ်းမသားရဘူး’ ဆိုတဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ဖြစ်၊ ‘မျဉ်းသားရမယ်’ ဆိုတဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ဖြစ် တစ်ခုခုကို လှေနံဓားထစ် မှတ်ယူထားမယ်ဆိုရင် ကျောင်းသူကျောင်းသားတွေ၊ ဆရာဆရာမတွေအတွက် အတော်အန္တရာယ်ကြီးပါတယ်။ ဘယ်အတန်းကို ရည်ညွှန်းတယ်ဆိုတာ မပါပေမဲ့ မြန်မာစာစာစီစာကုံးဟာ အတန်းတိုင်းနဲ့အကျုံးဝင်ပါတယ်။ အဓိကအကျဆုံးကတော့ ကျောင်းသူကျောင်းသားရဲ့ဘဝကို အဆုံးအဖြတ်ပေးနိုင်တဲ့ အမှတ်ဟာရှေ့တန်းရောက်နေတဲ့ တက္ကသိုလ် ဝင်တန်းပဲဖြစ်ပါတယ်။ ဒီအတန်းမှာ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေဟာ ကျောင်းသူကျောင်းသားတွေရဲ့ ဘဝကို အလှည့်အပြောင်း ဖြစ်စေနိုင်တာမို့ အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် စာစီစာကုံးကိစ္စမှာလဲ အတန်းစဉ် စာစီစာကုံးရေးသားတဲ့ကိစ္စဟာ တက္ကသိုလ်ဝင်တန်းကိုဦးတည်တယ်လို့ ဆိုနိုင်ပါတယ်။
ဒီနေရာမှာ ကိုယ့်အကြောင်းကို ကိုယ်မပြောချင်ပေမဲ့ ပြောဖို့လိုအပ်တယ်ထင်လို့ ပြောရပါအုံးမယ်။ စာဖတ်သူတွေထဲမှာ ကိုယ့်ကိုသိသူတွေရှိသလို မသိသူတွေလဲရှိနေမှာပါ။ ကျွန်တော် ၁၉၈၅ ခုနှစ်မှာ လက်ထောက်စာစဉ်နည်းပြရာထူးနဲ့ တက္ကသိုလ် မြန်မာစာဆရာဘဝ စတင်ရောက်ရှိပါတယ်။ နောက် ၈ လ အကြာမှာ နည်းပြဖြစ်လာပါတယ်။ နည်းပြလုပ်သက် ၂ နှစ်ပြည့်တဲ့ ၁၉၈၇ လောက်က စပြီး တက္ကသိုလ်ဝင်တန်းရဲ့ မြန်မာစာစာစစ်ကိစ္စကို
❤7
စာစစ်သူအဖြစ်နဲ့ စတင်ဆောင်ရွက်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ စာစစ်မှူးတာဝန်နဲ့ အနှစ် ၂၀ နီးပါးဆောင်ရွက်ခဲ့ပြီး နောက်ဆုံး ၂၀၂၀ ပြည့်နှစ်အထိ မြန်မာစာ စာစစ်မှူးချုပ်တာဝန်ကို ၇ နှစ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို တက္ကသိုလ်ဝင်တန်း မြန်မာစာ စာစစ်တာဝန် ကိုထမ်းဆောင်ခဲ့တဲ့ ၃၅နှစ် ကျော်လောက် ကာလတစ်လျှောက်မှာ စာစီစာကုံးခေါင်းစဉ်အောက်မှာ ‘မျဉ်းသားရမယ်’ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ‘မျဉ်းမသားရဘူး’ ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဘယ်စာစစ်မှူးချုပ်ကမှ သတ်မှတ်မထားခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတဲ့ သတ်မှတ်ချက်ခြင်း၊ မသတ်မှတ်ခြင်းရဲ့နောက်မှာ အကျိုးအကြောင်း ဆိုတာတွေ ရှိနေလို့ပဲ ဖြစ်ပါတယ်။
စာစီစာကုံးရေးသားတဲ့အခါ ခေါင်းစဉ်အောက်မှာ မျဉ်းသားခြင်း၊ မသားခြင်းဟာ အဓိကကျတဲ့ကိစ္စ မဟုတ်ပါဘူး။ အဓိကမကျတဲ့ကိစ္စဖြစ်လို့လဲ ဒီကိစ္စအပေါ်မှာ အစဉ်အဆက် ဘာသတ်မှတ်ချက်မှ မထားရှိခဲ့ပါဘူး။ အဓိကမကျတဲ့ကိစ္စကို ‘မျဉ်းသားပါ’ လို့သတ်မှတ်လိုက်ရင် အကြောင်းကြောင်းကြောင့် မျဉ်းမသားမိသူတွေ နစ်နာသွားနိုင်သလို ‘မျဉ်းမသားရ’ လို့ သတ်မှတ်ထားရင်လဲ ခေါင်းစဉ်ကို ပေါ်လွင် စေချင်လို့ မျဉ်းသားမိသူတွေ နေရင်း ထိုင်ရင်း အမှတ်လျော့သွားမှာ ဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးအပေါ်မှာ ဘယ်လိုသတ်မှတ်ချက်မှ ထားရှိစရာမလိုတဲ့အတွက် သတ်မှတ်ချက်မထားခဲ့ကြတာ ဖြစ်ပါတယ်။ သင်ကြားရေးပိုင်းမှာ သင်ကြားပေးတဲ့ ဆရာဆရာမတွေထဲမှာလဲ ခေါင်းစဉ်ကို မျဉ်းသားတာကို ကြိုက်တဲ့ ဆရာက မျဉ်းသားခိုင်းမှာဖြစ်ပြီး၊ မျဉ်းသားဖို့မလိုအပ်ဘူးလို့ ထင်တဲ့ဆရာတွေက မျဉ်းသားခိုင်းမှာ မဟုတ်ပါဘူး။ ဒီလိုကွဲပြားမှုတွေ ရှိနိုင်တာကြောင့်လဲ ‘မျဉ်းသားရ’ ‘မသားရ’ သတ်မှတ်ချက်ဟာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ အခုထိလဲ မရှိပါဘူး။
ဒီကိစ္စကို ဘယ်နေရာ ဘယ်ဒေသ ဘယ်အတန်းက ဘာကို အကြောင်းပြုပြီး စာစီစာကုံးရေးရင် ခေါင်းစဉ်ကို ‘မျဉ်းမသားရဘူး’ လို့ သတ်မှတ်ခဲ့တယ်ဆိုတာ ကျွန်တော်လဲမသိပါဘူး။ ကျွန်တော့်နဲ့ ခေတ်ပြိုင် လုပ်ဖော်ကိုင်ဖက်တွေလဲ သိကြမယ်မထင်ပါဘူး။ မြန်မာစာနဲ့ ပတ်သက်ပြီးတာဝန်ရှိသူတွေ အပိုင်းကတော့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး။ ဖြစ်နိုင်တာကတော့ မြန်မာစာနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင် တတ်ကျွမ်းနားလည်ခြင်းမရှိဘဲ အပေါ်ယံအသိလောက်နဲ့ မရောင်ရာ ဆီလူးပြီး သမားဂုဏ် ပြချင်တဲ့သူတချို့ရဲ့ သတ်မှတ်ချက်ကြောင့် ပေါ်ထွက်လာခဲ့တယ်လို့ ထင်မှတ်ရပါတယ်။ ဒီကိစ္စဟာ လက်တွေ့မြေပြင်မှာ တကယ်ဖြစ်ပေါ်နေပြီး တကယ်လဲနစ်နာသူတွေ ရှိခဲ့ဟန်တူပါတယ်။ စာစီစာကုံး ဖြေတဲ့အခါ ခေါင်းစဉ်ကိုမျဉ်းသားမိတဲ့အတွက် အမှတ်လျှော့ခံရတဲ့ ကျောင်းသားတွေ ရှိကောင်း ရှိခဲ့ဟန်တူ ပါတယ်။
ဒါ့ကြောင့်လဲ ဒီပြဿနာကိုအကြောင်းပြုပြီး ပို့စ်တင်တဲ့သူက စာစီစာကုံးဖြေတဲ့အခါ ခေါင်းစဉ်ကို ‘မျဉ်းသားရမယ်’ ဆိုပြီး အထောက်အထားနဲ့ တင်ပြလာပါတယ်။ သူတင်ပြတဲ့အထောက်အထားက မြန်မာစာအဖွဲ့ကထုတ်ဝေထားတဲ့ ‘မြန်မာသဒ္ဒါ’ စာအုပ်ပါအကြောင်းအရာဖြစ်လို့ လူအများ လက်ခံချင်စဖွယ် ဖြစ်လာပါတယ်။ မြန်မာစာအဖွဲ့က ပြုစုထုတ်ဝေတဲ့ မြန်မာသဒ္ဒါစာအုပ်ပါ ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများ အခန်း စာမျက်နှာ ၁၀၂ မှာ -
“အောက်မျဉ်း
၆၀ (က) ခေါင်းစဉ်ကြီး၊ စာပိုဒ် ခေါင်းစဉ် စသည်တို့ကို အောက်မျဉ်းသားရသည်။
(ခ) မှတ်ချက်၊ မှတ်ရန် စသော သတိပြုရန်လိုသည့်စကားလုံးများအောက်တွင်မျဉ်းသားရသည်။”
လို့ ဖော်ပြထားပါတယ်။
မြန်မာသဒ္ဒါစာအုပ်မှာ ဒီလိုဖော်ပြထားတာမှန်ပေမဲ့ ဒီဖော်ပြချက်ဟာ အခြေအနေတစ်ခု အတွက်သာ ဆီလျော်မှန်ကန်နိုင်မှာ ဖြစ်ပါတယ်။ ဒီဖော်ပြချက်ကို လှေနံဓားထစ်မှတ်ယူပြီး တိုင်းတာလို့ ရမှာမဟုတ်ပါဘူး။ ဒီဖော်ပြချက်ကို အထောက်အထားပြုပြီး ခေါင်းစဉ်ကြီးတိုင်း၊ သတိပြုဖို့လို့တဲ့ စကားလုံးတိုင်းကို မျဉ်းသားထားတာကိုလဲ တွေ့ရမှာမဟုတ်ပါဘူး။ ဒီဖော်ပြချက်ပါရှိတဲ့ မြန်မာသဒ္ဒါစာအုပ် ကိုယ်တိုင်မှာလဲ ခေါင်းစဉ်ကြီးတိုင်း၊ အလေးပေးဖော်ပြချင်တဲ့စကားလုံးတိုင်းကို မျဉ်းသားဖော်ပြထားတာ တွေ့ရမှာ မဟုတ်ပါဘူး။
မြန်မာသဒ္ဒါစာအုပ်မှာ မျဉ်းသားတာနဲ့ပတ်သက်ပြီး ဒီလိုဖော်ပြထားပေမဲ့ အဲဒီစာအုပ်မှာကိုက ဘာဖြစ်လို့ ခေါင်းစဉ်ကြီးတိုင်း၊ အလေးပေးဖော်ပြချင်တဲ့စကားလုံးတိုင်းကို မျဉ်းမသားထားရတာလဲ။ အဖြေကတော့ မလိုအပ်လို့ပါ။ ဘာဖြစ်လို့ မလိုအပ်တာလဲ။ ပုံနှိပ်စာလုံးတွေမှာ ခေါင်းစဉ်တွေ၊ စကားလုံးတွေကို ထင်ရှားစေချင်ရင် စာလုံးအရွယ်အစား (font size) တွေ၊ စာလုံးမည်း (bold type) တွေ၊ စာလုံးစောင်း (italic) တွေကို အသုံးပြုနိုင်လို့ပဲ ဖြစ်ပါတယ်။ မြန်မာသဒ္ဒါ စာအုပ်ရဲ့ ခေါင်းစဉ်ကြီးတွေကို စာလုံးကြီးတွေ၊ စာလုံးမည်းတွေ၊ အလေးပေးချင်တဲ့စကားလုံးတွေကို စာလုံးမည်းတွေနဲ့ ဖော်ပြထား တာကြောင့် ဒီစကားလုံးတွေမှာ မျဉ်းလိုက်သားမနေပါဘူး။ မလိုအပ်ဘဲမျဉ်းလိုက်သားနေရင် မျက်စိရှုပ်စရာ ဖြစ်ပါတယ်။
စာစီစာကုံးရေးသားတဲ့အခါမှာလဲ ခေါင်းစဉ်တပ်တဲ့အခါ စာစီစာကုံးစာသားအပေါ်မှာ သီးခြား ရှိနေတဲ့ စာကြောင်းဟာ ခေါင်းစဉ်ဆိုတာ ပေါ်လွင်ထင်ရှားပြီးသား ဖြစ်ပါတယ်။ ခေါင်းစဉ်ကို မျဉ်းသားပေးနေစရာမလိုပါဘူး။ ကျောင်းသားကို ပိုပြီးပေါ်လွင်ထင်ရှားစေချင်လို့ ခေါင်းစဉ်အောက်မှာ မျဉ်းသားမယ်ဆိုရင်လဲ လက်မခံနိုင်စရာ
❤3