Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
18.9K subscribers
3.92K photos
96 videos
1.2K files
510 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
အချို့တွေများ ဝီရိယတွေ ကောင်းချက်
ဖေဖေါ်ဝါရီလ ၆ ရက်ပိတ်အတွက်
ခရီးထွက်ဖို့ ၁ လ ကြိုတင်ပြီး
ဟိုတယ် Booking တွေ လုပ်နေကြတယ်
ချစ်သူများနေ့က ပိတ်ရက်ထဲ ပါသေး
#လူရည်ချွန်
#ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းစည်းကမ်းချက်များ၊
လေ့လာရန်ပါ။
#အောက်ပါစည်းကမ်းချက်များအရဆိုရင်
#အမှတ်၆၀ရဖို့
@ ကျား> မီတာ ၁၀၀. 13.4
မ. > မီတာ ၁၀၀. 15.2
@ ကျား > မီတာ ၈၀၀ 2.27.4
မ > မီတာ ၄၀၀ 1.12.8 s
@ ကျား > လက်ထောက်တွန်းတင် 50
မ > ။ 39
@ ရပ်လျှက်ခုန် ကျား 250 cm / မ. 215 cm

@ အိပ်ထမတင် ကျား 45 / မ. 35

#အမှတ်၃၆ရဖို့ဆိုရင်
@ ကျား > မီတာ ၁၀၀. 15.4
မ > ။ 17.2
@ ကျား > မီတာ ၈၀၀ 3:01.0
မ > ။ ၄၀၀ 1:24.5
@ ကျား > လက်ထောက်တွန်းတင် 26
မ > ။ 20
@ ရပ်လျှက်ခုန် ကျား 207 / မ. 172
@ အိပ်ထမတင် ကျား(24or23) မ(23or22)
၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန် ရွေးချယ်ရေး
စည်းကမ်း အတိုင်းဆို ကိုယ်ကာယကြံ့ခိုင်မှု ၃၆ မှတ်မရရင် မရွေးဘူး ဆိုထားခြင်းကြောင့် ကြိုးစားလေ့ကျင့်ကြပါ။
အားကစား (၅) မျိုး ရမှတ်ပေါင်းကို အောက်က တွက်နည်း (၃) မျိုးမှ ကြိုက်ရာတစ်နည်းနှင့်တွက်၍ ရသောအဖြေသည် သာ ကိုယ်ကာယကြံ့ခိုင်မှု ရမှတ်ပါ။
ဥပမာ။ ။ ကျောင်းသားတစ်ယောက် စံချိန်များကို တွက်ပြထားပါတယ်။ #36မှတ်ရဖို့ဆို ကာယ (၅) မျိုးပေါင်းအမှတ် 304 မှတ် ရရပါမယ်။
CrdCopyphoto ဆရာကြီးထွန်းဟန်Tin win Aung
11
လုပ်သက်၂နှစ်ပြည့် လ/ထမူပြများမှ စ၍ လျှောက်ထားလို့ရသည့် ကာယပညာ အပတ်စဉ်(၂၃)သင်တန်းလျှောက်လွှာခေါ်ယူပါတော့မည်။

#ကာယရာထူးတိုး
#လုပ်သက်
"ကမ္ဘာ နှင့် မြန်မာသုံး ခုနှစ် သက္ကရာဇ်များ"
"""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""
" ဘီစီ (B.C)နှင့် အေဒီ (A.D) "
••••••••••••••••••••••••••••••••••••
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြက္ခဒိန် အမျိုး
မျိုး အပြိုင်အဆိုင်အသုံးပြုကြလျှက် ရှိသော်
လည်း နိုင်ငံအများစုက ခရစ်နှစ် ကိုသာ
အပြည်ပြည်ဆိုင်ရာ ပြက္ခဒိန်ခုနှစ်အဖြစ်
အသုံးပြုကြသည်။ ခရစ်ခုနှစ်သည် ယေ
ရှု့ခရစ်မွေးဖွားသောနှစ်ကို သက္ကရာဇ်(၁)
ခုနှစ်အဖြစ် သတ်မှတ်သော ကမ္ဘာ့ရာသီ
ဥတု နှင့်ကိုက်ညီအောင် ပုပ်ရဟန်းမင်းကြီး
ဂရီဂိုရီ(Gregory)က ၁၅၈၂ခုနှစ်က နောက်
ဆုံးပြင်ဆင် သတ်မှတ်သည့် အီဂျစ်ခုနှစ်
သာဖြစ်သည်။

ခရစ်တော်မမွေးဖွားမီ က သမိုင်းအ
အဖြစ်အပျက် အချိန်အပိုင်းအခြားကို ပိုင်း
ခြားသတ်မှတ်သောအခါ ခရစ်မပေါ်မီ
(Before Christ) အတိုကောက် (B.C)ဟု
သတ်မှတ်၏။ ဥပမာ ဂေါတမမြတ်စွာဘု
ရားသည် ခရစ်တော်မဖွားမြင်မီ နှစ်ပေါင်း
၅၈၉ က ပွင့်တော်မူသည်ဖြစ်၍ ခရစ်တော်
မပေါ်မီ ၅၈၉ ဘီစီ ဟုသတ်မှတ်သည်။

ခရစ်တော်ပေါ်ပြီးနောက်ပိုင်းနှစ်များ
ကိုမူ A.D ဟုသတ်မှတ်ပြီး လက်တင်ဘာ
သာစကား Anno Domini မှအတိုကောက်
ယူထား၏။ အဓိပ္ပါယ်မှာ Lord ခေါ် Jesus
Christ ခရစ်တော်ကိုရည်ညွန်း၏။ ခရစ်
တော်မွေးဖွားပြီးတစ်နှစ်ကို AD 1 ၊ခရစ်
တော်မမွေးဖွားခင် တစ်နှစ်ကို B.C 1 စသဖြင့်
သတ်မှတ်ခဲ့ကြသည်။ ဂျုလီယန်(Julian )
နှင့် ဂရေဂိုရီယမ်(Gregorian)ပြက္ခဒိန်များ
အသုံးပြုရာမှ ခရစ်နှစ်သည် နိုင်ငံတကာ
သုံးဖြစ်လာခဲ့သည်။

ခရစ်တော်ပေါ်ပြီး(A.D)ခုနှစ်များသည်
ရှေ့ခုနှစ်များက ငယ်၍ နောက်ခုနှစ်များက
ကြီးသည်။ ခရစ်မပေါ်မီ(B.C)ခုနှစ်များမှာ
မူ ရှေ့ခုနှစ်များကကြီး၍ နောက်ခုနှစ်များ
က ငယ်သည်ကိုတွေ့ရမည်ဖြစ်၏။ဥပမာ
ဂေါတမမြတ်စွာ ဘုရားသည် သက်တော်
၈၀အရွယ် ၅၄၄ဘီစီ တွင် ပရိနိဗ္ဗာန်စံမြန်း
၍ ဘုရားလောင်းသိဒ္ဓတ္ထမင်းသားကို ခရစ်
တော်မပေါ်မီ ၆၂၄ ဘီစီကဖွားမြင်သည်။
မွေးသည့်ခုနှစ်က ခရစ်မပေါ်မီနှစ်ဖြစ်၍
နောက်ပြန်ရေတွတ်ရသဖြင့် ပိုကြီးကာ
ပရိနိဗ္ဗာန်ပြုသောခုနှစ်က ပိုငယ်နေသည်
ကိုတွေ့ရ၏။

ထို့သို့ ခရစ်မပေါ်မီ ခုနှစ်များက သမိုင်း
ဆိုင်ရာအကြောင်းအရာ အဖြစ်အပျက်တို့
ကို မှတ်တမ်းတင်ရာ၌ ခရစ်တော်မွေးသည့်
ခုနှစ်နှင့် နီး၍ နီး၍ လာလေ ပိုငယ်လေဖြစ်
ပြီး ဝေးကွာသွားလေ ပိုကြီးလေဖြစ်သည်
ကို သတိပြုရာ၏။သို့မဟုတ်ပါက အမှတ်
တမဲ့ မျက်စေ့လည်သွားတတ်ပေသည်။
လွန်ခဲ့သော အနှစ်(၆၀၀၀)ခန့်ကမှသာ
အထောက်အထား အမှတ်အသား အခိုင်
အမာအရ ရေးထိုးနိုင်သည့် ကမ္ဘာ့သမိုင်း
ဆိုင်ရာ အဖြစ်အပျက်များကို မှတ်တမ်း
တင်နိုင်ခဲ့သဖြင့် ထို့အရင် ခေတ်ကို သမိုင်း
မပေါ်မီ ခေတ်ဟု ခေါ်ဆိုကြသည်။

အနောက်နိုင်ငံများတွင် လူ့သမိုင်းနှင့်
ပက်သက်၍ ခုနှစ်ကို ရေတွက်ကြရာတွင်
တစ်နှစ်ချင်း နှစ်နှစ်ချင်း မရေတွက်ဘဲ
ဆင်ကျုရီ Century ခေါ် အနှစ်တစ်ရာကို
အခြေထား၍ ရာစုနှစ်များဖြင့်လည်းရေး
လေ့ရှိသည်။ခရစ်တော်မွေးချိန်မှ စပြီး
အနှစ်တစ်ရာပေါင်း ၅ခုဆိုလျှင် Fifth
century ဟုဆိုAD 500ခုနှစ်အထိဖြစ်၏။
ထိုသို့ ရာစုနှစ်အတွင်းအဖြစ်အပျက်များ
ကိုရေးလျှင် အေဒီ၁၁ရာစုအတွင်းက စ
သည်ဖြင့်ရေးသားရာ ခုနှစ်အတိအကျ
ဆိုလျှင် အေဒီ ၁၀၀၁ မှ အေဒီ ၁၁၀၀ပြည့်
နှစ်အထိ ကာလအပိုင်းအခြားကိုဆိုသည်။
ဥပမာ။ ၁၉ရာစု ဟုဆိုလျှင် ၁၈၀၁ခုနှစ်
မှ ၁၉၀၀ပြည့်နှစ်အထိ ဖြစ်သည်။

"မြန် မာ လူ မျိုး တို့ ၏ ခု နှစ် သ က္က ရာဇ်"
•••••••••••••••••••••••••••••••••••••••••••••••••
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းမှီ
တင်းနေထိုင်ကြသော မြန်မာလူမျိုးတို့အသုံး
ပြုမှတ်သားနေသည့် ခုနှစ်သက္ကရာဇ်သုံးမျိုးရှိ
ရာ (၁)သာသနာသက္ကရာဇ် (၂)ကောဇာ
သက္ကရာဇ် နှင့်(၃)ကမ္ဘာသုံးခရစ်သက္ကရာဇ်
တို့ဖြစ်သည်။ သာသနာသက္ကရာဇ်မသတ်
မှတ်ရသေးမီ အချိန်က သုံးနေသောသက္က
ရာဇ်ကိုမဟာသက္ကရာဇ်ဟု ခေါ်ဆိုသည်။
မြတ်စွာဘုရား၏ ဘိုးတော်အဥ္စနမင်းကြီး
က ထိုမဟာသက္ကရာဇ် ၈၆၄၅ ခုနှစ်ကိုဖြို
၍ ၂ခုအကြွင်းထားကာ မဟာသက္ကရာဇ်
၂ခုနှစ်မှ စတင်ရေတွက်ခဲ့ရာ မြတ်စွာဘု
ရားလောင်းသိဒ္ဓတ္ထမင်းသားကို မဟာ
သက္ကရာဇ်(၆၇)ခုနှစ်၊ဝါဆိုလပြည့်နေ့တွင်
ဖွားမြင်တော်မူသည်။

သာသနာသက္ကရာဇ်မှာဘာသါ
ရေးအထိမ်းအမှတ်အဖြစ်အသုံးပြုပြီး ကော
ဇာသက္ကရာဇ်မှာခရစ်သက္ကရာဇ်နှင့်ယှဉ်တွဲအ
သုံးပြုလျှက်ရှိသည်။ ခရစ်။ခုနှစ်။လ။ရက် မှာ
ကမ ္ဘာသုံးပြက္ခဒိန်ရက်များဖြစ်သည်။
ယေရှု့ခရစ်တော်မွေးဖွားသည်မှစတင်ရေ
တွက်ခဲ့ခြင်းဖြစ်သည်။

သာသနာသက္ကရာဇ်
°°°°°°°°°°°°°°°°
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး
နောက်ရဟန္တာငါးရာနှင့်အခြံအရံသံဃာတော်
ခုနှစ်သိန်းတို့ဖြင့်ရှင်မဟာကသာပမထေရ်ဦး
စီးနာယကပြုသော ပထမသင်္ဂါယနာတင်ခဲ့
သည့်နှစ်ဖြစ်၍ အဇာတသတ်မင်းလက်ထက်
မှစတင်ရေတွက်သည်။ကောဇာသက္ကရာဇ်မှ
12👍1👏1
သာသနာသက္ကရာဇ်ကိုသိလိုလျှင်"ဧက ဧက
ဒွေး အဋ္ဌ (၁၁၂၈)" ကိုမြန်မာ့ကောဇာသက္က
ရာဇ်တွင်ထည့်ပေါင်းပါကရောက်ဆဲသာသ
နာသက္ကရာဇ်ကိုသိနိုင်၏။လက်ရှိကောဇာ
သက္ကရာဇ် ၁၃၇၉ ကို၁၁၂၈ ပေါင်းလျှင်ယခု
ရောက်ဆဲသာသနာသက္ကရာဇ်၂၅၀၇ခုနှစ်ကို
သိနိုင်၏။ ထို့အတူ ကောဇာသက္ကရာဇ်၁၃၇၉
ကို "၆၃၈"ထည့်ပေါင်းပါက လက်ရှိခရစ်
သက္ကရာဇ် ၂၀၁၇ ခုနှစ်ကိုသိနိုင်သည်။

မြန်မာကောဇာသက္ကရာဇ်
°°°°°°°°°°°°°°°°°°°°°
ယနေ့အသုံးပြုနေသောမြန်မာကော
ဇာသက္ကရာဇ်မှာ လက်ရှိသာသနာသက္ကရာဇ်
ကိုပုဂံခေတ်ပုပ္ပါးစောရဟန်းမင်းလက်ထက်
ကစတင်ဖြိုကြွင်းရာမှရေတွက်ခဲ့ခြင်းဖြစ်ပေ
သည်။ထို့အတူရှေးကလည်းမြတ်စွာဘုရား
မပွင့်ခင်ကာလကပင်ရှေးမင်းအဆက်ဆက်
တို့မှာလည်း ကမ္ဘာဦးမှစတင်ရေတွက်ခဲ့
သောသက္ကရာဇ်ကိုအကြိမ်ကြိမ်ဖြိုခဲ့ကြပေ
သည်။သက္ကရာဇ်ဖြိုကိန်းကြုံလျှက်မဖြိုလျင်
တိုင်းပြည်ပျက်ကာမင်းဆက်ပျက်သုန်းတတ်
ကြောင်းယုံကြည်မှတ်ထင်ခဲ့ကြပြီးသက္က
ရာဇ်ဖြိုသည့်ဘုရင်လည်းထိုနှစ်တွင်ပင်အ
သက်ဆုံးရှုံးရလေ့ရှိသည်။

မြန်မာပြည်တွင်သက္ကရာဇ်သုံးကြိမ်ဖြိုခဲ့
၏ နှစ်ကြိမ်မှာပြိုပြီးနောက်ဆုံးတစ်ကြိမ်တွင်
မပြိုခဲ့ပေ။ကမ္ဘာဦးကာလမှစ၍ရေတွက်လာ
ခဲ့သောသက္ကရာဇ်ကို သမိုင်းတစ်လျှောက်ဖြို
ခဲ့သည်မှာနောက်ဆုံးမိုးညှင်းမင်းတရား ထိ
ခုနှစ်ကြိမ်ရှိခဲ့သည်။ ပထဆုံးအကြိမ်အဖြစ်
ကမ ္ဘာဦးမှစရေတွက်ခဲ့သော၁၁၄၉၇၈၅ခု
နှစ်ကို အာကာရမင်းကြီးလက်ထက်တွင်မ
ဟာသုဒ္ဒဝယပ္ပ ဟူသောပိဋကတ်သင်္ချာကိန်း
ခန်းနှင့်အညီဖြို၍ ၁ခုနှစ်မှစတင်ရေတွက်ခဲ့
သည်။

ထိုမှစတင်ခဲ့ရာ ၁၄၉၃၈၅၆၀ခုနှစ်တွင်
ကုသမင်းကြီးလက်ထက်၌ နာလိမဇ္ဇလဒ္ဓ
ဝိယ ဟူသောကိန်းခန်းအရဖြိုဖျက်ခဲ့ပြန်၏
ထိုမှ မြတ်စွာဘုရားရှင်၏ ဘိုးတော် အဉ္ဇန
မင်းကြီးလက်ထက်တွင်သက္ကရာဇ် ၈၆၄၅
ခုနှစ်ကို မာဃစန္ဒေ ဟူသောကိန်းနှင့်အညီ
ဖြိုခဲ့ပါသည်။ မြတ်စွာဘုရားပရ်ိနိဗ္ဗာန်စံဝင်
ပြီူနောက်အဇာတသတ်မင်းကြီးနှင့်အရှင်မ
ဟာကသာပမထေရ်တို့တိုင်ပင်ပြီးဒေဝီယ
ဟူသောကိန်းနှင့်အညီ သက္ကရာဇ် ၁၄၈ ခု
နှစ်ကိုဖြိုကာ ၁ မှစတင်ရေတွက်ခဲ့သည်
ယင်းမှာ သာသနာသက္ကရာဇ်အဖြစ်ယနေ့
တိုင်အသုံးပြုနေဆဲဖြစ်၏။

ထိုမှသက္ကရာဇ် ၆၂၄ ခုနှစ်ရောက်သော
အခါ မြန်မာနိုင်ငံသီရိခေတ္တရာပြည်သုမုန္ဒရီ
မင်းသည် ဒေါဒေါရသကိန်းအရ ၂ခုအကြွင်း
ထားကာ သက္ကရာဇ်ဖြိုခဲ့ပြီး ၂မှစတင်ရေ
တွက်ခဲ့ပြန်သည်။ထိုမှ ၅၆၂ခုနှစ်သို့ရောက်
သောအခါ ပုဂံပြည်ပုပ္ပါးစောရဟန်းမင်း က
အလံဗိကကိန်းကြုံသဖြင့် သက္ကရာဇ် ၂ခုမှ
စတင်ရတွက်ပြီး သက္ကရာဇ်ဖြိုခဲ့ပြန်သည်။
ထိုမှ သက္ကရာဇ်၈၀၀ပြည့်နှစ်ရောက်သော
အခါ အင်းဝပြည်မိုးညှင်းမင်းတရားကြီး က
ဗသျုးဆိန္ဒမုနိကိန်းအရသက္ကရာဇ်ဖြိုသော်
လည်း ကိန်းခန်းမရောက်၍မပြိုဟုဆိုကြ
သည်။ ယင်းမှဆက်လက်ရေတွက်လာရာ
လက်ရှိကောဇာသက္ကရာဇ်အဖြစ်မြန်မာတို့
အသုံးပြုနေကြခြင်းပင်ဖြစ်ပေသည်

စာကိုး။ ကမ္ဘာ့သမိုင်းမှတ်တိုင်များ
စာပေဗိမာန်
မဟာရာဇဝင်ကြီး(ပတွဲ)
တင်နိုင်တိုး"မြန်မာနှင့်ဗုဒ္ဓဘာသာ"
®Phoe K(28:12:2020)
8
#၅လပိုင်းတွင်ထုတ်ပြန်ထားသောစာ

လောလောဆယ်တော့ ၅လပိုင်းကတည်းကထုတ်ပြန်ထားတဲ့ ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀ အဆင့်နှင့်
၂၃၄၀၀၀-၂၀၀၀-၂၄၄၀၀၀ လစာစကေးဝင်
အဆင့် အမူထမ်းများအားလုံး ပြန်တမ်းဝင်အရာရှိအဆင့်သို့ တိုးမြှင့်ခန့်ထားနိုင်ရေးကို ၂၇ •၅ •၂၀၂၅
ရက်စွဲဖြင့်ထုတ်ပြန်ပေးပြီးဖြစ်သလို
ထိုရာထူးကိုရရှိနိုင်ရေးအတွင် စံနှုန်းနှင့်ကိုက်ညီသော သတ်မှတ်သင်တန်းကိုတက်ရောက်ပြီးမှသာ ဟူ၍ .... ထိုလစာစကေးဝင်အမူထမ်းများအားလုံး သိရှိကြောင်းလက်မှတ်ရေးထိုးရပါတယ်။
(မလိုချင်ရင်မတက်လို့ရပါတယ်... လိုချင်သူများသာ)

#အလှည့်ရောက်လာလေမလား

ကြားသိရသောမူအရ.....
Dip Ep တက်ရန်
အကြုံးဝင်သော ရာထူးအဆင့်များသည်လည်း
ယခုနှစ်နွေရာသီတွင် Dip Ep သင်တန်းကိုမဖြစ်မနေတက်ရောက်ကြပါရန်လေးစားစွာကြိုတင်အသိပေးအပ်ပါသည်။(ထိုလစာစကေးဘက်လည်းရောက်မလာနိုင်ဘူးဟုတပ်အပ်မပြောနိုင်)

#အရှိန်အဟုန်ဖြင့်သွားနေသောပညာရေးစနစ်တွင်

ပညာရေးစနစ်အရမြှင့်တင်နေသောအချိန်အခါများတွင် သင်တန်းကဏ္ဍကလည်းမဖြစ်မနေအရေးကြီးတဲ့နေရာမှာပါဝင်လာသည်ဟုလည်းထင်မြင်ယူဆမိပါတယ်ခင်ဗျာ။

#ဆုတောင်းမိသည်က
်

#စနစ်အရမူကိုချမှတ်လျှင်ထိုမူအတိုင်းသာဖြစ်ကြပါစေလို့ဆုတောင်းမိပါတယ်။

#မှတ်ချက်

ရာထူးကိုအထောက်ကူပြုသည့်သင်တန်းများထဲတွင် စွမ်းရည်မြှင့်၊မွမ်းမံများမပါဝင်ပါ..
ထိုသင်တန်းများသည် ဝန်ထမ်းတစ်ဦးချင်းစီ၏အရည်အသွေးကို ထက်မြတ်လာအောင် နှင့်
ဘက်စုံအရည်အသွေးပြည့်ဝသောကျောင်းသားကျောင်းသူများပေါ်ထွက်လာရေးနှင့်သာဆိုင်ပါသည်။

#ဆက်လက်တောင်းဆိုချင်မိသည်က

သို့
#ပညာရေးဝန်ကြီး
#ပညာရေးဝန်ကြီးဌာန

သင်တန်းတိုင်းတွင် ထမင်းထုပ်သွားရသည်ကားတာဝန်မကြီးပါခင်ဗျာ...သို့ပေမယ့်လမ်းခရီးအတိုင်းအတာအရ ဆိုင်ကယ်ဆီသည်အရေးကြီးသည့်အတွက် သင်တန်းစရိတ် တစ်နေ့ ၃၀၀၀ကျပ်နှုန်းကို ၂၀၀၀ တိုး၍ ၅၀၀၀ကျပ်နှုန်း
ဖြင့် တိုးမြှင်ပေးပါရန်လည်း လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျာ။

#ဦးစစ်နိုင်(ရွှေလင်းမြေပညာရေး)
10