Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
18.8K subscribers
3.92K photos
96 videos
1.2K files
510 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
နိုင်ငံတော်၏အစီအစဥ်ဖြင့် ပညာရေးဌာနကနေ အခြေခံပညာကျောင်းများကို ပညာရေးစုံညီပွဲတော်ကျင်းပနိုင်ရန်အတွက် အသုံးစရိတ်များ ပေးမည့်
အစီအစဥ်ရှိပါသဖြင့် .........

ထိုအချိန်တွင် အသုံးပြုရမည့်စာရင်းပုံစံများကို ကြိုတင်၍ ဖော်ပြပေးထားပါတယ်ခင်ဗျာ။

ဦးစစ်နိုင် (ပညာရေး)SMT
❤6
ကျောင်းများသို့ဒုတိယအကြိမ်
ကြီးကြပ်အကဲဖြတ်ရာတွင်အဓိကမှာကြားချက်(၁)
************

၁-ကျောင်းပျက်များနေတဲ့ကလေးတွေရှိပါသလား။
ရှိခဲ့ပါလျှင်မိဘခေါ်ယူတွေ့ဆုံပြီးကျောင်းပြန်တက်အောင်စည်းရုံးပါ။
မိဘ/ကျောင်းသားတွေ့ဆုံမှုမှတ်တမ်းထားပါ။
ယခင်တက်ခဲ့သောကျောင်းခေါ်ကြိမ်နှင့်
ယခုစာသင်နှစ်လက်ကျန်ကျောင်းခေါ်ကြိမ်
၇၅%ပြည့်မှီမှုရှိနိုင်ပါသလားဆန်းစစ်ပါ။

မှီနိုင်သေးပါကဂရုစိုက်သင်ပါ။
၇၅%မပြည့်ပါကဌာနညွှန်ကြားချက်များအတိုင်းဆက်လက်ဆောင်ရွက်ပါ။

(တရားဝင်ညွှန်ကြားချက်မဟုတ်သော်လည်းအတွေ့အကြုံများအရကျောင်းခေါ်ကြိမ်၇၅%အပြည့်မှီပါက
အတန်းတင်မပေးသင့်ကြောင်းကို
သင်ရိုးသစ်သင်သင်ရိုးလက်စွဲစာအုပ်တွင်အတန်းတင်မပေးသင့်ဟုပါသော်လည်းမြေပြင်အခြေအနေများတွင်ထိုအခြေအနေကိုလက်မခံကြ၍အတန်းတင်ပေးကြရာမိဘနှင့်ကျောင်းသားစိတ်ထဲကျောင်းမတက်၊စာမဖတ်လဲအောင်တာပဲဆိုသည့်ပညာရေးအားအထင်မကြီးသည့်အတွေးများရှိနေကြောင်း
မတတ်ပဲအတန်းတင်‌ပေးပါက
နောက်တတန်းတွင်ကလေးရောဆရာပါဝန်ပိကြောင်း
နောက်စာသင်နှစ်များတွင်အတန်းချစနစ်ရှိသည်ဟုကြားသိပါသောကြောင့်တတ်ရန်လိုအပ်ပါကြောင်း၊
စကားပြောခဲကြသည်ပေါ့🤗)

ထို့ကြောင့်
ကျောင်းတွင်ကျောင်းပျက်များသောကလေးရှိပါကမိဘခေါ်ယူတွေ့ဆုံဆွေးနွေးမှတ်တမ်းထားသင့်ကြောင်းဆွေးနွေးမှာကြားခဲ့သည်။

ဆွေးနွေးကြရအောင်။
ဘာတွေပြောချင်လဲ
ဘာတွေဖြစ်သင့်လဲ။
မန့်ပေးခဲ့ကြပါဦးနော်။
❤9👍9
TC နှင့်ပါတ်သက်၍ ပုံစံ
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၅) ရက် - ဂျပန်နိုင်ငံ၏ သမိုင်းဝင် အာကာသစွမ်းအင် အောင်မြင်မှု

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့တွင် ဂျပန်နိုင်ငံသည် သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အာကာသထဲ၌ လျှပ်စစ်ထုတ်လုပ်ပြီး ကမ္ဘာမြေသို့ အောင်မြင်စွာ ပြန်လည်ပေးပို့နိုင်သည့် နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။

ဤထူးခြားပြောင်မြောက်သော စမ်းသပ်မှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

စမ်းသပ်မှုပုံစံ - ဂျပန်လေကြောင်းနှင့်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ (JAXA) သည် ပတ်လမ်းအတွင်းရှိ နေရောင်ခြည်စွမ်းအင်သုံးပြား (Solar Array) များမှ ကီလိုဝပ်ပေါင်းများစွာရှိသော မိုက်ခရိုဝေ့ဖ်စွမ်းအင် (Microwave power) များကို ကမ္ဘာမြေပြင်ရှိ လက်ခံစခန်းသို့ ပေးပို့ခဲ့ပြီး၊ ၎င်းကို အသုံးပြုနိုင်သော လျှပ်စစ်စွမ်းအင်အဖြစ် စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ပြောင်းလဲနိုင်ခဲ့သည်။

သမိုင်းဝင်ဖြစ်ရပ် - ၁၉၆၀ ပြည့်လွန်နှစ်များကတည်းက အဆိုပြုခဲ့သော အယူအဆတစ်ခုကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ အာကာသပတ်လမ်းမှ ကမ္ဘာမြေပြင်သို့ ကြိုးမဲ့စနစ်ဖြင့် လျှပ်စစ်စွမ်းအင်ကို ပထမဆုံးအကြိမ် ပေးပို့နိုင်ခြင်းဖြစ်သည်။

နည်းပညာ၏ အားသာချက် - အာကာသထဲတွင် လေထုအတားအဆီးမရှိခြင်း၊ ညဘက်အချိန်မရှိခြင်းတို့ကြောင့် နေရောင်ခြည်ကို အမြဲတမ်းရရှိနေပါသည်။ ထို့ကြောင့် အာကာသစခန်းတစ်ခုတည်းမှ ထုတ်လုပ်နိုင်သော သန့်ရှင်းသောစွမ်းအင်ပမာဏသည် ကမ္ဘာမြေပေါ်ရှိ ဆိုလာခြံများထက် များစွာပိုမိုနိုင်ပါသည်။

အနာဂတ်အလားအလာ - ဂျပန်နိုင်ငံသည် အာကာသအခြေစိုက် နေရောင်ခြည်စွမ်းအင်နည်းပညာ (Space-based Solar Power) တွင် ဦးဆောင်နေပြီဖြစ်ပြီး၊ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းများထဲမှ အကန့်အသတ်မရှိ သန့်ရှင်းသောစွမ်းအင် အိပ်မက်သည် ယခုအခါ လက်တွေ့အင်ဂျင်နီယာပိုင်းဆိုင်ရာ အောင်မြင်မှုတစ်ခု ဖြစ်လာခဲ့ပါပြီ။

#အာကာသနှင့်သိပ္ပံ #astoverse #စကြာဝဠာနည်းပညာ #နေအဖွဲ့အစည်း #science #space #galaxy #NASA #japan #SolarEnergy
❤6👏6
ဖေဖော်ဝါရီလမှာဖြေဆိုရမည့်
G5 ခရိုင်စစ်စာမေးပွဲအတွက်
အသေးစိတ်အညွှန်းဇယားများ
#ဘယ်အခန်းက ဘယ်နှမှတ်ဖိုးမေးတာလဲ သိချင်သူများအတွက်ပါ။

#TOS
#Grade5
❤6