Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
18.8K subscribers
3.92K photos
96 videos
1.2K files
510 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ပညာရေးလောကမှာ ပါဝင်ပတ်သက်နေတဲ့ ဆရာဆရာမတွေမှာ ရှိသင့်တဲ့ စံနုန်းတွေတကယ်ရှိကြပြီလား ဆန်းစစ်လေ့လာ သင့်ပြီ

တောင်ကိုရီးယားနိုင်ငံမှာ “ဆရာဟူသည် နိုင်ငံတော်ကို တည်ဆောက်သူ” လို့ဆိုထားပါတယ်။ တိုင်းပြည်ကို ထူထောင်တဲ့နေရာမှာ အရေးအပါဆုံးသူတွေဆိုပြီးတော့ ဂုဏ်ပြုသတ်မှတ်ထားတဲ့ သဘောပါ။

ဆရာကောင်းတစ်ယောက်ကိုဘာနဲ့တိုင်းတာမလဲ၊ ဘယ်လို ပိုင်းဖြတ်ကြမလဲ။ ဆရာကောင်းတစ်ယောက်မှာ တိုင်းတာပြလို့ရနိုင်တဲ့ အချက်ပေါင်းများစွာ ရှိနိုင်ပါတယ်။
နိုင်ငံတကာစံနဲ့တိုင်းတာမယ်ဆိုရင်တော့ဆရာဆိုတာ

(၁) ဆရာဆိုသည်မှာတာဝန်ယူနိုင်သူ

ဆရာဆိုတာ ကိုယ့်ကိုယ်ကိုယ်လည်း ကိုယ့်ကျင့်တရားနဲ့ ပညာမှာ တာဝန်ယူရသူဖြစ်သလို တပည့်တွေကိုလည်း စံပြုလောက်တဲ့သူဖြစ်အောင် နေထိုင်ပြောဆိုဖို့ တာဝန်ယူထားသူဖြစ်ရမယ်။ စံပြဖြစ်အောင် တာဝန်ယူနိုင်သူ ဆိုတာ တပည့်တွေကို ကိုယ်တိုင်က ဆေးလိပ်သောက်ပြီး ဆေးလိပ်မသောက်နဲ့လို့ ဆုံးမနေတဲ့ ဆရာမျိုးတွေ မဖြစ် သင့်ဘူးလို့ပြောတာ။

(၂) ဆရာဆိုတာပြင်ဆင်လာသူ

အိမ်ကထွက်လာရင် ဘာမှ မပါလာဘဲ စာသင်ခန်းထဲ လက်တန်းဝင်သင်သူတွေ မဖြစ်သင့်ဘူး။ ကိုယ်သင်တဲ့ အကြောင်းအရာအပေါ် သူတို့ စိတ်ဝင်စားအောင်၊ သူတို့ မေးခွန်းထုတ်လာနိုင်တာတွေကို ရင်ဆိုင်နိုင်အောင်၊ သူတို့ အရှင်းလင်းဆုံး သိသွားနိုင်အောင် ပြင်ဆင်လာနိုင်ရမယ်။

(၃) ဆရာဆိုတာစောင့်ရှောက်သူ

ငါတာဝန်ယူထားတဲ့အပိုင်း သင်ပြီးရင် တာဝန်ကျေပြီလို့ ထင်တဲ့သူတွေဟာ ဆရာမဟုတ်ဘူး။ တပည့်တွေရဲ့ တစ်ဦးချင်းအနေအထား၊ စိတ်ဓာတ်၊ အပြုအမူ၊ ခံစားချက်၊ တုံ့ပြန်မှု၊ စိတ်ပါဝင်စားမှု အားလုံးကို ခြုံငုံသုံးသပ်ပြီး အရိပ်တကြည့်ကြည့် စောင့်ရှောက်နိုင်သူလည်း ဖြစ်ဖို့လိုတယ်။

(၄) ဆရာဆိုတာကရုဏာတရားကြီးမားသူ။

ကျောင်းသားဆိုတာ ကျောင်းမှာချည်း ပြဿနာရှိနိုင်တာ မဟုတ်ပါဘူး။ အပြင်က ပြဿနာ ကျောင်းထဲသယ်လာ သူတွေလည်း ဖြစ်နိုင်တာပဲ။ ဘာတွေဖြစ်လာဖြစ်လာ ဆရာက ဘေးရန်ဆီးကာပေးဖို့ တာဝန်ရှိတယ်။ သူ ရန်ဖြစ်လာလည်း အမှန် အမှား မားမားမတ်မတ်ရပ်ပေးမယ်။ တပည့်အပေါ် အလေးထားတယ်ဆိုတာ လေးစားစရာပါ။

(၅) ဆရာဆိုတာ ပူးပေါင်းဆောင်ရွက်သူ

မိဘ၊ ဆရာ၊ ကျောင်းသား၊ အရပ်၊ အဖွဲ့အစည်းတွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်နေရမယ်။ ဆရာ အချင်းချင်းလည်း ပူးပေါင်းမှ တပည့်တွေအကြောင်း ကောင်းကောင်းသိပြီး ကိုင်တွယ်နိုင်ပါတယ်။ ကိုယ်နေတတ် သလိုနေမယ်။ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူးဆိုတာ ဆရာစိတ်ဓာတ် မဟုတ်ပါ။

(၆) ဆရာဆိုတာတီထွင်ဖန်တီးတတ်သူ

ကိုယ်သင်တဲ့ အကြောင်းအရာ ဘယ်လိုလေးသင်လိုက်ရရင် သူတို့ ပိုပြီး စိတ်ဝင်စားသွားမလဲလို့ အမြဲစိတ်ထဲ ရောက်နေသူဟာ ဆရာပါ။ စာအုပ်ကြီးထဲကအတိုင်း ဖတ်ပြပြီးသင်တဲ့ဆရာတွေကို ကျောင်းသားတွေက စိတ်မဝင် စားတတ်ပါဘူး။ ထိုးဖောက်တီထွင်သင်ကြည့်ပါ။ တပည့်အားလုံးက အတန်းထဲကို သင်ဝင်လာလျှင် မျက်လုံး လေးတွေ အရောင်တောက်ပြီး စောင့်ကြည့်နေတာကို မြင်ရပါလိမ့်မယ်။

(၇) ဆရာဆိုတာဆုံးဖြတ်ချက်ခိုင်မာသူ

ဆရာဆိုတာ ဘယ်လို ပြဿနာတွေပေါ်လာသည်ဆိုစေ ဖြေရှင်းနိုင်သူဖြစ်ရမယ်။ တပည့်တွေက သိလိုတာကြောင့် မေးလာတာတွေ ရှိကောင်းရှိနိုင်တယ်။ မသိတာကို မသိကြောင်း ရိုးသားစွာ ဝန်ခံနိုင်ရမယ်။ ကိုယ်တိုင်မသိ သော်လည်း အဲဒီအကြောင်းကို သိအောင် ဘယ်နေရာမှာ ရှာဖွေလို့ရတယ်ဆိုတာ သူတို့ကို လမ်းညွှန်ပေးနိုင်ရမယ်။

(၈) ဆရာဆိုတာကိုယ်ချင်းစာနာတတ်သူ

ဆရာဆိုတာ ကိုယ့်တပည့်အရေး ကိုယ့်အရေးလို့ တွေးပေးနိုင်သူတွေဖြစ်ရမယ်။ ကျောင်းသားတစ်ယောက် မှိုင်နေတာ တွေ့ရင် ဗိုက်ဆာလို့လား၊ မုန့်ဖိုးမရလာလို့လား၊ အိမ်မှာ ဘာဖြစ်လို့လဲ၊ စာမရလို့လားကအစ စာနာ ထောက်ထား မေးမြန်းစူးစမ်း ကူညီဖြေရှင်းပေးနိုင်သူတွေ ဖြစ်ရမယ်။

(၉) ဆရာဆိုတာမကြောက်တတ်သူ။

ဆရာဆိုတာ ဘာမဆို ကိုယ်တိုင်မစူးစမ်း မစစ်ဆေး မမြင်မတွေ့ရရင် လက်မခံသူဖြစ်သင့်တယ်။ သူများ အပြောနဲ့ သူများဝေဖန်တာတွေကို အလေးထားပြီး ဘာမဆို မလုပ်ရဲ မကိုင်ရဲ ဖြစ်နေသူတွေ မဖြစ်သင့်ဘူး။ တပည့်တွေကို လမ်းညွှန်သူတွေ စံပြဖြစ်သူတွေအဖြစ် ရှေ့တန်းက နေရမယ့်သူတွေ ဖြစ်နေတော့ ငါတို့ဆရာဟာ ငါတို့ရှေ့က မားမားမတ်မတ်ရပ်ပေးတတ်သူလို့ တပည့်တွေအမြင်မှာ သူရဲကောင်းတစ်ယောက်လို ဖြစ်နေသင့်တယ်။

(၁၀) ဆရာဆိုတာခွင့်လွှတ်တတ်သူ

ကိုယ့်တပည့်လေးတွေအပေါ်မှာ အမုန်းတရားနဲ့ အညှိုးအတေးထားသူတွေဟာ ဆရာမဟုတ်ပါဘူး။ အပြစ်မဲ့ သူတွေ၊ ကိုယ့်လက်ထဲက ဖယောင်းတုံးလေးတွေဟာ ကိုယ်ပုံသွင်းသလို ဖြစ်နေရမှာဆိုတာကို လက်ခံရင် သူတို့ မိုက်မဲတာကို ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်ရမှာပါ။ တပည့်ကို မုန်းလိုက်တာလို့ ပြောတာ ဆရာမဟုတ်ပါ။

#CRD
❤25👍3
တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်တွင် ထည့်သွင်းထားသော QR Code နှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း
🔰🔰🔰🔰🔰🔰🔰🔰🔰

📌 မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသည် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်များမှစတင်၍ အောင်လက်မှတ်ပါ အချက်အလက်များကို စစ်ဆေးနိုင်သော QR Code ထည့်သွင်း၍ ထုတ်ပေးခဲ့ပါသည်။
📌 ၎င်း QR Code သည် မြန်မာနိုင်ငံရှိ တရားဝင်အစိုးရဌာနများသာ အသုံးပြုနိုင်သော gov.mm ကိုအသုံးပြု၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website URL ဖြစ်သော verify.dme.gov.mm သို့ချိတ်ဆက်ထားပါသည်။
📌 ယခုအခါ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ် အတုပြုလုပ်သည့် မသမာသူများမှ ဖန်တီးထားသော QR Code ပါသည့်အောင်လက်မှတ်များ ရှိနေကြောင်း သိရှိရပါသည်။ ၎င်းအောင်လက်မှတ်အတုများတွင်ပါဝင်သော QR Code သည် verify.dme.gov.mm သို့ ချိတ်ဆက်ခြင်းမဟုတ်ဘဲ အခြား Website URL တစ်ခုသို့ ချိတ်ဆက်၍ အတုအပ ပြုလုပ်ထားကြောင်း တွေ့ရှိရပါသည်။
📌 သို့ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်ပါ QR Code သည် verify.dme.gov.mm သို့ချိတ်ဆက်၍ အချက်အလက်များစစ်ဆေးအတည်ပြုနိုင်မှသာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးသည့် အောင်လက်မှတ်အစစ်ဖြစ်ပါကြောင်း၊ အခြား Website URL များသို့ ချိတ်ဆက်ဖော်ပြသည့် QR Code ဖြင့် အောင်လက်မှတ်များအားလုံးသည် အတုဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် လိုအပ်သော လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အများပြည်သူ သိရှိနိုင်ရန် အသိပေးကြေညာအပ်ပါသည်။
❤6
လူတစ်ဦးရဲ့ အရွယ် ၁၀ ပါး
❤16
#ညွှန်ကြားစာ

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် Naypyitaw State Academy တို့မှ ဝန်ထမ်းများနှင့် အခြေခံကျောင်းများတွင်တာဝန်ထမ်းဆောင်နေသော ဆရာ ဆရာမများသည်

#တာဝန်ထမ်းဆောင်ချိန်တွင်အောက်ဖော်ပြပါအတိုင်းဝတ်စားဆင်ယင်ရန် ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာခဲ့သည်။

(က) အမျိုးသားများအနေဖြင့် အစည်းအဝေးများ၊ အခမ်းအနားများနှင့် စာမေးပွဲခန်းများတွင် ရှပ်အင်္ကျီ(လည်ကတုံး)အဖြူနှင့် တိုက်ပုံအဖြူ(ကြယ်သီးအပြည့်တပ်)ဝတ်ဆင်ရန်၊

(ခ) တိုက်ပုံအင်္ကျီနှင့်ကြယ်သီးများ ညစ်ပေစွန်းထင်းမှုများမရှိဘဲ သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ရန်၊

(ဂ) ဝန်ထမ်းများ၊ ဆရာမများအနေဖြင့် လည်ပင်းဟိုက်သော အင်္ကျီများ မဝတ်ဆင်ရန်၊ လက်တံတောင်ဆစ်အထက် မဝတ်ဆင်ရန်၊ လက်တံတောင်ဆစ်ကျော်သည့် အင်္ကျီများကိုသာ ဝတ်ဆင်ရန်၊ မြန်မာ့ရိုးရာဓလေ့အတိုင်း စနစ်တကျဝတ်ဆင်ရန်နှင့် အစည်းအဝေး အခမ်း အနားများတွင် လက်ရှည်၊ ပဝါ အပြည့်အစုံဝတ်ဆင်ရန်၊

(ဃ) ဝန်ထမ်းများအနေဖြင့် ရုံးချိန်အတွင်း T-Shirt များ မဝတ်ဆင်ရန်.......

စတဲ့အချက်များကိုအသိပေး ညွှန်ကြားလာပါပီခင်ဗျာ။

ဦးစစ်နိုင် (ပညာရေး)SMT
❤4👍1
#ရာထူးတိုးပြောင်းခန့်ထားရေးမူများ
#ပြန်လည်မျှဝေပါတယ်

#CrdSayayin

Thank ,
"knowledge sharer" Shine Aung
❤2