Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
19.1K subscribers
3.92K photos
96 videos
1.2K files
510 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
G-5နှင့်အထက် အတန်းတိုင်းကိုစာ‌မေးပွဲစစ်ဆေးတဲ့အခါ
ကျောင်းအုပ်စု
မြို့နယ်
ခရိုင်
တိုင်း/ပြည်နယ်
စသည်ဖြင့်သင်လျော်သလို မေးခွန်းပြုစုခြင်းနှင့် အဖြေလွှာစစ်ဆေးခြင်းအတွက် စာစစ်ဘုတ်အဖွဲများဖွဲ့စည်းစစ်ဆေးခြင်မျိုးလုပ်သင့်တယ်။
အများစုပေါင်းဆောင်ရွက်တဲ့အခါ
၁။အဂတိလိုက်စားမှုကင်းနိုင်တယ်။
၂။ အများအမြင်ရှင်းနိုင်တယ်။
စာမေးပွဲစနစ်အကျရှိပေမယ့်
ကို့ကျောင်းကကျောင်းသူ‌/သားတို့ရဲ့အ‌‌ေဖြလွှာကို့ ကို့ကျောင်းကဘာသာရပ်သင်ဆရာ/မကပဲစစ်မယ်ဆိုရင် မလိုလားအပ်တာတွေဖြစ်နိုင်တယ်။
❤7
Mission: 7
Business Mission
Group project (2-4 orders): Deposit to be paid advance to Merchant for Mission.
Notice to merchants: In response to market demand, we are now hiring several IPs to help spread the world about cryptocurrency. After finishing the work, we will distribute the rewards to retailers, but there are only so many spots available. After ten minutes, it will be instantly returned after being led by experts. Payment in advance is necessary! Safe!
Ask your receptionist for details
The next mission is at 12:50 PM

😂😂😂😂😂 လောဘကြီးသူခံရမယ်နော်

စလာတာ Mission 1 ကို 1000 🇲🇲MMK ပေးလာတာ
Mission 2
Mission 3
Mission 4
Mission 5
Mission 6 ထိ 1000ကျပ် ပေးတယ်

Mission 7 မှာ လောဘကြီးသူတွေ ခံပေါ့
ကိုယ် အိပ်ထဲက စတောင်းလာပြီ😂😂😂😂😂

ဒါမျိုးတွေ ရိုးလို့ ဘယ်သူမှ အရင်းမရှိပဲ အမြတ်မရလာဘူး သတိလေးတော့ထားကြပါ

Viber ကနေတဆင့် ဆက်သွယ်လာမှာပါ ဝင်ငွေ အနည်းပေးပြီး ကိုယ်ဆီက အချီကြီး ပြန်သိပ်မှာနော်

အောက်က ဇယားကွက်မှာ 35000 🇲🇲 MMK စလွဲရင် 10 မိနစ်အတွင်း 45500 🇲🇲 MMK ပြန်ရမယ်တဲ့

Mission 7 ပေါ့

လူအချင်းချင်း လှည့်ပတ်ချင်း ကင်းရှင်းကြပါစေ😂😂😂

နောက်မှ ပါသွားပြီ မပြော နဲ့ နော်😂
❤2👍2
လိမ်နည်းသစ်တွေသတိပြုကြဖို့ပါ။
❤4
Facebook မှာ liveလွှင့်ပြီး မဲဖောက်၊ ကျောက်ထုပ်ဖြေပြ၊ ရွှေတွင်းနားကရွှေထုပ်ဖြေပြနဲ့ ကြိုးဆွဲကြမယ်ဆိုတဲ့ လိမ်နည်းလဲ လတ်တလောတွေ့နေရပါတယ်။

အုပ်စုဖွဲ့လိမ်ကြတာပါ။

မိမိလက်ထဲရှိတဲ့အရာသာ မိမိအပိုင်ပါ။

‼️အလွယ်ပြောရရင် ကိုယ်က
‼️Kpay,WavePayနဲ့
‼️ငွေ စလွှဲရပြီဆိုတာနဲ့
‼️သေခြာတယ်
‼️အလိမ်ခံရတော့မယ်

ဘယ်သူ့ကိုပဲဖြစ်ဖြစ်
မဲဖောက်ဖို့
ကျောက်အစုရှယ်ရာဝင်ဖို့
ကျောက်ကံစမ်းမဲ 3.5kg,65.5kg စသဖြင့် ပုလင်းကွဲချိန်ပြတာတွေ အယုံမလွယ်ကြဖို့သတိပေးပါရစေ။
❤15👍4
လူတွေကလေ လိုင်းပေါ်မှာ ကျားဖြန့်ကိစ္စကို ပေ့ါသေးသေးမှတ်ပြီး ဟာသတွေလုပ်နေကြတာ။
အလေးအနက်ထားရမယ့်ကိစ္စတွေက ဟာသတွေလုပ်နေတော့ တကယ်ကိုယ်တွေ့တွေကြုံတော့ ငုတ်ဆူးတာကို လူမသိစေချင်လို့နေနေရတဲ့ လူတွေအများကြီးပဲ။
ကျားဖြန့်ဆိုတာ ပညာရေးနယ်ပယ်မှာတောင် အသွင်တစ်မျိုးနဲ့ ဝင်ရောက်နေရာယူနေပါပြီ။
ကျွန်မဆို အွန်လိုင်းကနေ အင်တာဗျူးလို့ အလုပ်ရပြီဆိုပြီး ဂျပန်အေဂျင်စီတစ်ခုမှ အလုပ်ဝင်ခဲ့တယ်။ တကယ်အလုပ်ဝင်တဲ့ ပထမဆုံးနေ့မှာတင် အလုပ်က မဟန်မှန်းသိလိုက်ရတယ်။
ပိုင်ရှင်တွေက ဂျပန်မှာနေတာတဲ့၊ ဒီမှာ သူတို့ယောက္ခမပဲရှိတာ၊ တစ်ခါတရံရုံးမှာ လာထိုင်တယ်။ မိဘတွေကကော အစစ်ဟုတ်ရဲ့လားပေါ့ ကိုယ့်သံသယနဲ့ကိုယ်ပါ။
ပထမနေ့မှာတင် ကျောင်းလျှောက်တဲ့ ကိစ္စကို ဖုတ်ပူမီးတိုက် မြန်မြန်ဖောင်လက်ခံ မြန်မြန်အင်တာဗျူး စာရွက်စာတမ်းတွေကို အမြန်ဆုံးဘာသာပြန်ပေးရမယ်တဲ့
ကျွန်မက ၁၅ရက်အတွင်းမှာ ဒီလောက် လူအများကြီးရဲ့ စာရွက်စာတမ်းတွေကို ဘာသာပြန်ပေးဖို့ မဖြစ်နိုင်ဘူးလို့ပြောတော့ ဆရာမကို ဒီအတွက် ငှားထားတာ မဖြစ်နိုင်စရာ ဘာရှိလဲတဲ့။
ဒိနယ်ပယ်ကို မလုပ်ဖူးမှန်း သိသာလိုက်တာ၊ တကယ်လုပ်နေတဲ့ကိုယ်က လူတစ်ယောက်မှာ ဘာသာပြန်စရာ ကိုယ်ရေးကိုယ်တာစာရွက်ပေါင်းများစွာရှိတာ သိတော့ အားတော့နာတယ် မဖြစ်နိုင်တာကို ဖြစ်နိုင်ပါတယ်လို့ မပြောနိုင်ဘူး ... အဲ့ဒါက တစ်ရက်
နောက်ရက်မှကျ ဆရာမရုပ်ထွက်ပြပြီး ကျောင်းသားတွေအများကြီးရအောင် ကျွန်မက ကြော်ငြာပေးရမယ်တဲ့၊ ကျွန်မpage မှာ ကျွန်မရုပ်တောင် မတင်ခဲ့တာ။ မဖြစ်နိုင်ဘူးလို့။
ဒီနှစ်ရက်နဲ့တင် တစ်ရက်မှာ သုံးခါ အစည်းအဝေးခေါ် တစ်ခါခေါ်ရင် တစ်နာရီကြာတယ်။
ဒီပိုင်ရှင်လင်မယားက လက်ရှိဂျပန်မှာ ကျောင်းတက်နေတယ်လည်းပြောတယ် မနက် 9-10 မီတင်တစ်ခါလုပ် ၊ တစ်ခါလုပ် တစ်နာရီကြာ။ နေ့လယ် 1-2တစ်ခါလုပ်၊ ညနေလဲ လိုရင်လိုသလို မီတက်လုပ်။ သူ့မိန်းမကလဲ ဂျပန်မှာ အလုပ်လုပ်နေတာ မီတင်များသောအားဖြင့် တက်တယ်။
ဘယ်ချိန်တွေအလုပ်လုပ်ပြီး ဘယ်ချိန်တွေ ကျောင်းတက်နေကြတာလဲ။ အားတိုင်းမီတင်ချည်းလုပ်နေတာ သိပ်မဟုတ်သေးဘူးလို့ ခံစားရတယ်။ ရုံးက ကိုယ့်အရင်လုပ်နေတဲ့ ညီမလေးတွေကိုတောင် ဟဲ့နင်တို့သူဌေးတွေက ဂျပန်မှာတကယ်နေတာဟုတ်ကော ဟုတ်ရဲ့လားမေးမိသေးတယ်။ အွန်လိုင်းကမို့ သူဂျပန်ဆိုလို့ ဂျပန်မှာကော မဖြစ်နိုင်ဘူးလား။
နောက်ကျ ဘာသာပြန်တဲ့စာရွက်စာတမ်းတွေအတွက် တံဆိပ်တုံးကို ကျွန်မနာမည်နဲ့လုပ်မယ်တဲ့။ ကျွန်မ တက္ကသိုလ်ဆရာမ၊ စာရေးဆရာမမှန်းလဲ သိတယ်။ ကျွန်မနာမည်ကိုအပြည့်အဝ အသုဲးချချင်နေတာ။ တခြားဘယ်စာရွက်စာတမ်းတွေမှာ ကျွန်မနာမည်နဲ့ တံဆိပ်တုံးကို အသုံးချမလဲမသိဘူး။
စိတ်က အန္တရာယ်လို့ ခံစားမိတယ်။
နောက်ပြီး ကျောင်းသားအများကြီးကို စကော်လာခေါ်နေပြီး ကျောင်းလျှောက်တာအောင်တယ်ဆိုပြီး ပိုက်ဆံသိန်းရာချီသွင်းခိုင်းရင်။ အောင်တယ် မအောင်ဘူးဆိုတာ သူတို့ပါးစပ်ထဲရှ်ိတာဖြစ်ပြီး တကယ်ဒုက္ခရောက်မှာ ကလေးတွေ။
လူတစ်ယောက်ကျောင်းလျှောက်လို့ အောင်တယ်ဆို ပိုက်ဆံ သိန်းလေးရာပဲ သွင်းခိုင်းတယ်ထား၊ ဆယ်ယောက်ဆို သိန်းလေးထောင်။ လပိုင်းအတွင်း သိန်းထောင်ချီရနိုင်မယိ့အကွက်တွေ။ ရုံးခန်းလေး အမည်ခံဖွင့် ကျားဖြန့်ဟုတ်မဟုတ်ဆိုတာ ဘယ်သူသိနိုင်မလဲ။ တကယ်‌သာ လုပ်ငန်းကို အမှန်အကယ်လုပ်နေကျလူဆိုရင် ကျောင်းသားဆယ်ချီမပြောနဲ့ ကျောင်းသားတစ်ယောက်နဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေကို ဘာသာပြန်တာ၊ ဘဏ်ပြတာ စသဖြင့်က တစ်ပတ်ဆယ်ရက်ကြာတယ်။ ကိုယ့်ဘက်က မကြာရင်တောင် ရုံးတွေဘဏ်‌ေတွနဲ့ချိတ်ဆက်လုပ်ရတာမို့ ကြာကိုကြာတယ်။ ဒါကို ဆယ်ယောက်ထက်မနည်းကို ၁၅ရက်နဲ့အပြီးဘာသာပြန်ရမယ်ဆိုတာ တော်တော့်ကိုမဖြစ်တဲ့ကိစ္စ။
သူ့မိန်းမက ဆရာမ အကုန် ဘာသာမပြန်နိုင်လဲ ပြန်နိုင်သလောက်ပြန် ၊ ကျန်တာအကုန်လုံး သူများဆီ နိုတြီအပ်မယ်ဖြစ်ပြန်ရော။
ပိုဆိုးချင်တော့ နှစ်ရက်နေ့မြောက်ညနေမှာ စည်ပင်က ဆိုင်းဘုတ်တင်ထားလို့ လိုင်စင်ရှိမရှိ လာစစ်တော့ လိုင်စင်က မရှိသေးဘူး။ လိုင်စင်တင်ထားတုန်းပဲ ရှိသေးတယ်တဲ့။
ဒီမှာကတည်းက ဦးနှောက်က သတိပေးနေပြီ။
အရင်လုပ်ခဲ့တဲ့ အေဂျင်စီက ဆန်းဆေးကို လှမ်းတိုင်ပင်တော့
နံပါတ်တစ် သမီးနာမည်နဲ့ တုံး (တံဆိပ်တုံး)လုပ်ရင် သမီးပဲ ဒုက္ခရောက်လိမ့်မယ်၊
နှစ် လိုင်စင်မရှိသေးတော့ တရားဝင်ကုမ္ဗဏီလို့ ပြောမရဘူးတဲ့။
ကိုယ့်ဘာသာ အားလုံးနဲ့ကင်းကင်းရှင်းရှင်းနေပြီး အလုပ်လုပ်ပါမယ်ဆို ကိုယ့်စရ်ိတ်ကိုယ်စားပြီး ဂျေးထဲအောင်းရမယ့် အကွက်တွေမို့ သုံးရက်မြောက်နေကျ အလုပ်ထွက်မယ်လို့ ပြောလိုက်တယ်။
အဲ့ဒါကိုပဲ ကျွန်မကိုစောင့်နေရလို့ သူတို့အလုပ်နှောင့်နှေးတယ်ဆိုပြီး စိတ်ဆိုးခံရသေးတယ်။
ပြောချင်တာက တိုင်းရေးပြည်ရာခေတ်‌ပျက်နေတာကို အကြောင်းပြုပြီး လူတွေကအစုအဖွဲ့အုပ်စုလိုက် ‌နယ်ပယ်အသီးသီးမှာ ကျားဖြန့်အသွင်ရှိနေတာမို့ မပေ့ါဆဘဲ သတိရှ်ိစေချင်ပါတယ်။
ကိုယ်မသိတဲ့ သူစိမ်းတစ်ယောက်၊ အဖွဲ့တစ်ခုနဲ့ ပတ်သက်မိရင် သံသယအကြီးကြီး သတိကြီးကြီးထားပါ။

#ကိုယ်တွေ့
❤29👍12
ကျောင်းအုပ်ကြီးများအတွက်
#ပညာရေးစုံညီပွဲတော်ကိုဘာကြောင့်ကျင်းပပေးရတာလဲ

သက်ဆိုင်ရာကျောင်းအုပ်ကြီးက စုံညီပွဲနေ့တွင် ထည့်သွင်းပြောကြားပေးဖို့လိုပါတယ်ခင်ဗျာ။

ပညာရေးစုံညီပွဲတော်၏ရည်ရွယ်ချက် (၄)ရပ်ဖြစ်သော

(က) ပညာရေးမြှင့်တင်မှု အစီအစဉ်အရ ကျောင်း၏ တိုးတက်ဖြစ်ပေါ်မှုများ၊ အောင်မြင်မှုများကို မိဘ ပြည်သူ များအား အသိပေးရန်။

(ခ) မိဘ၊ဆရာ၊ကျောင်းသားပိုမိုရင်းနှီးပြီး ပညာရေးတိုးတက်ဖွံ့ဖြိုးမှုအတွက် ပူးပေါင်းပါဝင်မှု ပိုမိုမြင့်မားလာစေရန်။

(ဂ) မိဘပြည်သူများက ကျောင်းအပေါ်ပိုမိုစိတ်ဝင်စားမှု စေတနာထားလာမှုတို့ဖြင့် ကျောင်းသံယောဇဉ် ပိုမိုတိုးမြင့်လာစေရန်

(ဃ) မိဘ၊ဆရာ၊ကျောင်းသားပူးပေါင်းမှုဖြင့် ပညာရေးအကောင်အထည်ဖော် ဆောင်ရွက်မှု ပိုမို အောင်မြင် လာစေရန်။

ဟူသော ရည်ရွယ်ချက်များဖြင့် အခြေခံပညာကျောင်းများ၏ ပညာသင်နှစ်ကာလအတွင်း အောင်မြင် စွာ ဆောင်ရွက်မှုများကို ငွေကုန်ကြေးကျမများဘဲ ဖော်ထုတ်ခွင့်ရစေရန် ရည်ရွယ်ပါသည်။
❤24👍2
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန မှ သ-တိပေးချက်

စာသင်ကြားနေချိန်အတွင်း (အရေးပေါ်ကိစ္စများမှ လွဲ၍)ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ မည်သူမဆို ဖုန်းကို အသုံးမပြုကြရန်။ အကယ်၍
စာသင်ကြားချိန်အတွင်း ဖုန်းအသုံးပြုနေသည်ကို သက်ဆိုင်ရာမြို့နယ် စာစစ်ဆေးအဖွဲ့မှ တွေ့ရှိပါက သက်ဆိုင်ရာ အ-ရေး-ယူချက်များကို အပြည့်အဝ ဆောင်ရွက်မည် ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

အရေးပေါ်ကိစ္စများရှိပါက ကျောင်းအခန်းအပြင် ထွက်၍ ဆရာ/ဆရာမထံ သတိပေးပြီးသာ အသုံးပြုရန် သို့မဟုတ် အနားယူချိန်နှင့် သင်တန်းပြီးချိန်တွင်သာ အသုံးပြုနိုင်ပြီး အခြားသူများကို အနှောင့်အယှက် မဖြစ်အောင် သ-တိထားရန်လိုအပ်ပါသည်။

စာသင်ကြားချိန်အတွင်း ဖုန်းအသုံးပြုခြင်းသည် အတန်းအတွင်းရှိ ကျောင်းသား/သူများကို အနှောင့်အယှက်ဖြစ်စေပြီး သင်ကြားမှုထိရောက်မှုကိုလည်း လျော့ကျစေနိုင်ပါသည်။ ထို့အပြင် ဖုန်းအသုံးပြုခြင်းသည် ကျောင်းစည်းကမ်းများကို ချိုး-ဖျ-က်ခြင်း ဖြစ်ပြီး၊ ဆရာ/ဆရာမများ၏ ဦးဆောင်မှုနှင့် ပညာရေးတာဝန်ကို ထိ-ခို-က်စေနိုင်ပါသည်။

ကျောင်းသား/သူများသည်လည်း ကျောင်းသို့ ဖုန်း၊ ဆေးဝါး၊ မူးယစ်ဆေး၊ အရက်၊ ဘီယာ၊ ဆေးလိပ်နှင့် မလိုအပ်သော ပစ္စည်းများကို မယူလာရပါ။ လိုအပ်သည့် ပစ္စည်းများသာ ယူဆောင်ရန် သတိပြုကြပါ။ကျောင်းတွင်း မလိုလားအပ်သောပြဿနာများ မဖြစ်ဖွားစေရန် အားလုံး သတိထားပါရန်။

ဤညွှန်ကြားချက်သည် သင်ကြားမှု အရည်အသွေးမြင့်တင်ရေးနှင့် ကျောင်းအတွင်း စည်းကမ်းထိန်းသိမ်းရေးအတွက် ဖြစ်ပါသည်။

မှတ်ချက် - လိုအပ်တာရှိရင် ကြည့်ရတယ်။ အရေးပေါ် ကိစွတွေရှိရင် ခွင့်ယူပြီ ဘာမဆိုလုပ်ရတယ်။ အချို့ ဆရာ၊မ တွေ ကျောင်းကို အရေးမစိုက်တာ၊ စာမသင်တာ ၊ မိမိ အချိန်တစ်ပြည့်လုံး Facebook / Youtube စသည့်တွေ သုံးနေတာ ရှိနေပါတယ်။ အထူးသဖြင့် သူများကို ရည်ညွန်ပါတယ်။
❤23
၂၀၂၆ ခုနှစ်အတွက် ပြန်တမ်းဝင်ရုံးပိတ်ရက်များ။
#ပြန်တမ်းဝင်ရုံးပိတ်ရက် #၂၀၂၆ #LYC@EducationalChannelMM
❤1
ထွေ/အုပ် ရာထူး/တာဝန် အခေါ်အဝေါ် များ။
#ထွေအုပ် #နှစ်ပတ်လည် #ရွှေဇီးကွက်