Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
19K subscribers
3.92K photos
96 videos
1.2K files
510 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
မေဂျာတွေကျလာပြီဆိုတော့.. ကျောင်းအပ်ရင်ဘာတွေလိုမလဲ(သို့)မေဂျာပြောင်းချင်တယ်ကျောင်းပြောင်းချင်တယ်ဆိုရင်ဘာတွေလိုအပ်လဲ သိချင်နေသူတွေအတွက်....
#Crd–to Department of Chemistry (WYU)
BreakingNews
ယခုစာသင်နှစ်သို့မဟုတ်နောက်လာမည့်စာသင်နှစ်မှစ ၍..........G5....G9....G11များ နောက်ဆုံးစာမေးပွဲအတွက် အကျစနစ်ရှိသွားပါပြီခင်ဗျာ

ဦးစစ်နိုင်(ပညာရေး)
👍33❤21👏14
**G1 မှ G4 အထိ အကျစနစ်မရှိသော်လည်း G5 အတန်း၏ စံနှုန်းနှင့်ကိုက်ညီအောင် သင်ကြားသင်ယူမူအရည်အသွေးတိုးတတ်အောင် ပြုလုပ်ပေးကြဖို့နှင့် ရလဒ်များဖြစ်သော A. .S. .E များကို စနစ်တကျပြုလုပ်သွားဖို့လည်း ထပ်ဆင်သိရပါတယ်။***

ဒါကြောင့် ယနေ့ကျင်းပပြီးစီးသော ဆရာ့သင်ကြားမူအရည်အသွေးမြှင့်တင်ခြင်း သင်တန်းကို အကျိုးရှိရှိဆွေးနွေးပေးကြဖို့နဲ့ ဘာသာရပ်မွမ်းမံသင်တန်းလို စာအရမ်းမသင်ကြားဘဲ ပေးထားခေါင်းစဥ်နှင့်
အခက်အခဲ...ထိုအခက်အခဲများကိုဖြေရှင်း၍သင်ကြားနည်းသတ်မှတ်ခြင်း.... သင်ကြားသူဆရာဆရာမအပိုင်းက မိမိသင်ကြားဘာသာရပ်သာမက ကျန်ဘာသာရပ်များကိုလည်းကျွမ်းကျင်ပိုင်နိုင်ဖို့နှင့်... စာသင်ခန်းအတွင်းမဝင်မီ သင်ခန်းစာကိုကြိုတင်ပြင်ဆင်ရန်နှင့်အတူ သင်ကြားနေစဥ်အတွင်း မူထက်ဆင့်ကို မူအောက်ဆင့်အတိုင်း အတန်းတွင်းစစ်ဆေးခြင်းများပြုလုပ်သွားရန်လည်း ထပ်ဆင့် မှာကြားသလို.... မူအောက်ဆင့်မှစ၍ CPD ကိုပြုလုပ်ဖို့လိုအပ်ပါပီ....
#ခက်တာကဝန်ထမ်းဦးရေမမျှတခြင်း........
သိုပေမယ့်
#စနစ်သစ်မို့ဆိုတာခဏမေ့လို့မိမိတို့တတ်နိုင်တဲ့အားနဲ့ရောက်သင့်တဲ့ခရီးကိုဆက်လက်ရုန်းကန်ပေးဖို့ပဲလိုပါတယ်။

အကျစနစ်ရှိလာမည့်အတန်းအတွက် မရောက်ခင်ကျန်အတန်းများသည်လည်းအရေးကြီးဆုံးမို့.........
ကျောင်းအုပ်များက ဆရာ+မိဘအစည်းအဝေးကို
စနစ်တကျပြုလုပ်ဖို့လိုအပ်ပီဖြစ်ပါတယ်။

#လွယ်ကူမလား

၁။ ခေါက်ရိုးကျိုးနေပီဖြစ်သောသင်ကြားသူစိတ်ထား

၂။ မအောင်မရှိဟု ခေါက်ရိုးကျိုးစွာစွဲနေသောမိဘများ၏ ပညာရေးအမြင်

ဒီနှစ်ချက်ကိုပြန်လည်ပြောင်းလဲဖို့က ကျနော်တို့ဆရာဆရာမများရဲ့တာဝန်ကြီးတစ်ခုပဲဖြစ်လာပါပြီ

ဒါကြောင့်....G3 မှစ၍ ပေးသင့်သလောက်အိမ်စာများ...ပေးတဲ့စနစ်ကို အနည်းငယ်ကျင့်သုံးရပါမည်။
ဒါ့အပြင် ဆရာဆရာမဘက်ကလည်း ပေးခဲ့သော စာများကို...တကယ်ပြန်စစ်လိူ့မေးမြန်းတယ်ဟူသောအတွေးမှတ်ချက်များ ကျောင်းသားကျောင်းသူများဦးနှောက်ထဲတွင်မှတ်သွားရလောက်အောင် ပြန်လည်စစ်ဆေးဖို့လိုပါတယ်။

အဘက်ဘက်ကနေစနစ်တကျပြုလုပ်မည်ဆိုပါက
အကျစနစ်တွင်...ကြံဖန်လို့တင်ပေးလိုက်ရတာမျိုးမိမိကျောင်းအတွက်အမည်မရှိအောင် သင်ယူလေ့လာပြီးသော သင်ကြားမူအရည်အသွေးကောင်းများကို ပြန်လည်ထုတ်ဖော်လို့ အသုံးချကြပါစို့ခင်ဗျာ။

မည်သည့်ရာထူးဖြစ်ဖြစ်အစဥ်လေးစားလျှက်

ဦးစစ်နိုင်(ရွှေလင်းမြေပညာရေး)
❤13
ပညာရေးနဲ့ ပတ်သက်တဲ့ စာပါ။ နည်းနည်းတော့ ရှည်ပါတယ်။ မဖတ်ချင်ရင်ကျော်သွားလို့လည်း ရပါတယ်။

KG+12 စနစ်သစ် ပညာရေးကို ပြောင်းလဲတဲ့အချိန်မှာ စနစ်သစ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် အကဲဖြတ်နည်းစနစ်ကို ကျင့်သုံးနိုင်ဖို့ အခြေခံပညာအဆင့် အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒ နဲ့ အဲဒီမူဝါဒကို ကျင့်သုံးနိုင်ဖို့ အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်းလမ်းညွှန်ဆိုပြီး ထုတ်ဝေခဲ့တာရှိတယ်။ အဲဒီ မူဝါဒနဲ့ လမ်းညွှန်စာအုပ်တွေမှာ အတန်းတွင်းစစ်ဆေးအကဲဖြတ်ခြင်း၊ ‌ကျောင်းအခြေပြုစစ်ဆေးအကဲဖြတ်ခြင်း၊ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးအကဲဖြတ်ခြင်း၊ နမူနာအခြေပြု သင်ယူမှု စ်စဆေးအကဲဖြတ်ခြင်း ဆိုပြီး စစ်ဆေးအကဲဖြတ်ခြင်းနဲ့ပတ်သက်တဲ့ အဓိက လုပ်ငန်း ၄ ခုဖော်ပြထားတယ်။ အဲဒီလုပ်ငန်း ၄ ခုကို ပြန်ပြီး အနှစ်ချုပ်ရင် သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်းနဲ့ သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်း ဆိုပြီး နှစ်မျိုး ရှိတယ်။ အတန်းတွင်းစစ်ဆေးအကဲဖြတ်ခြင်းကို သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်းနဲ့ ဆောင်ရွက်ရတယ်။ ကျောင်းအခြေပြုစစ်ဆေးအကဲဖြတ်ခြင်းမှာ သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်းရော၊ သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်းရော နှစ်မျိုးလုံး သုံးပြီး ဆောင်ရွက်ရတယ်။ အတန်းအဆင့်တွေ ပြီးမြောက်မှုကို စစ်ဆေးတာကတော့ ရှင်းပါတယ်။ သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်းပါ။ နမူနာအခြေပြု သင်ယူမှု စစ်ဆေးအကဲဖြတ်ခြင်းကတော့ တစ်နိုင်ငံလုံးရဲ့ ပညာရေးစနစ်ကို တခြားနိုင်ငံတွေရဲ့ ပညာရေးစနစ်နဲ့ နှိုင်းယှဉ်နိုင်ဖို့ သတ်မှတ် အတန်းအဆင့်က ကျောင်းသားတွေကို ကျပန်းရွေးထုတ်ပြီး တတ်မြောက်မှုကိုစစ်တာ။ မြန်မာနိုင်ငံမှာတော့ အရှေ့တောင်အာရှ နိုင်ငံတွေအတွက် တိုင်းတာတဲ့ SEA-PLM မှာပါဝင်ပြီး စစ်ဆေးအကဲဖြတ်တာလုပ်တယ်။ Grade 5 ကျောင်းသားတွေကိုစစ်ပါတယ်။ အဲဒါက ၅ နှစ်တစ်ခါလားမသိဘူးလုပ်တယ်။ ၂၀၁၅ SEA-PLM Result အရဆိုရင်တော့ မြန်မာနိုင်ငံရဲ့ မူလတန်းပညာရေးမှာ အရေး၊ အဖတ်သည် အာဆီယံပျမ်းမျှအဆင့်နီးပါးရှိပြီး အတွက်အချက်စွမ်းရည်ကတော့ ပျမ်းမျှအဆင့်အောက် လျော့ပါတယ်။ 2024 မှာ လုပ်ထားတဲ့ စစ်ဆေးအကဲဖြတ်မှုကတော့ အစီရင်ခံစာ ထွက်တာ မတွေ့သေးပါဘူး။

KG+12 အတန်းတိုင်းမှာ သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်းနဲ့ သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်းကို ဟန်ချက်ညီညီ ပေါင်းစပ်ကျင့်သုံးဖို့ မူဝါဒက ဦးတည်ပါတယ်။ အနှစ်ချုပ် လိုရင်း တိုရှင်းပြောရရင် မအောင်မရှိ ငါ့တပည့် မဟုတ်ဘဲ မတတ်မရှိ ငါ့တပည့် ဖြစ်ဖို့ပါ။ သို့သော် မတတ်မရှိ ငါတပည့်ဖြစ်ဖို့က မအောင်မရှိ ငါ့တပည့်လုပ်တာထက် အလုပ်ပိုလုပ်ရပါတယ်။ အဲဒီတော့ မအောင်မရှိ ငါတပည့်ဖက်ကိုပဲ ယိမ်းသွားပါတယ်။ သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်းဆိုတာ သင်ကြားပေးတဲ့ ဆရာ၊ ဆရာမက ကိုယ်သင်ပေးနေတဲ့ ကျောင်းသား၊ ကျောင်းသူရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုအခြေအနေ ကို စဉ်ဆက်မပြတ်သိအောင် အကဲဖြတ်ပြီး လိုအပ်တာတွေ ဖြည့်စွက် သင်ကြားပေးတာ၊ လေ့ကျင့်ပေးတာ လုပ်ဖို့ပါ။ သင်ရိုးသင်စဉ် သင်ရိုးမာတိကာ အတိုင်း ဘယ်အချိန် ဘယ်သင်ခန်းစာပြတ်အောင် သွားမယ်ဆိုတာမျိုးထက်တော့ အလုပ်ပိုပါတယ်၊ စေတနာပိုမှ ရပါတယ်။ အဲဒီတော့ အများအားဖြင့် သင်ရိုးသင်စဉ်အတိုင်းသင်မယ်၊ အခန်းဆုံးစစ်ဆေးခြင်းတွေ၊ နှစ်ဝက်စစ်ဆေးခြင်းတွေမှာ အနည်းဆုံး အောင် Grade ဖြစ်တဲ့ C တော့ရအောင် လုပ်ပေးလိုက်တယ်ဆိုတာမျိုးဖြစ်လာရော။ တတ်ခြင်းမတတ်ခြင်းထက် D ဖြစ်နေရင် ဖြေရှင်းရလို့ C ပဲ ပေးလိုက်ကြတာမျိုး။ မတတ်မရှိကနေ မအောင် မရှိ ဖြစ်လာတယ်ဆိုတာ အဲဒါမျိုး။ အဆင့်ပြီးမြောက်မှုစာမေးပွဲတွေမှာ အောင်/ရှုံး ဆုံးဖြတ်တဲ့အခါ နောက်ဆုံးစာမေးပွဲကြီးရလဒ် တစ်ခုတည်းမဟုတ်ဘဲ အခန်းဆုံးစစ်ဆေးခြင်းတွေ၊ နှစ်ဝက်စာမေးပွဲရမှတ်တွေနဲ့ ဘက်စုံပညာအရည်အချင်းမှတ်တမ်း (Comprehensive Personal Record) ရမှတ်ကိုပါ ကြည့်ပြီး တွက်ချက်ဆုံးဖြတ်တယ်။ အဲဒီအခါ ရှေ့ပိုင်းမှာ အဆင်ပြေအောင်ပေးထားတာတွေ ရှိနေလေတာ့ တော်ရုံနဲ့မကျတော့ဘူးပေါ့။

တော်ရုံနဲ့မကျတော့ ကျောင်းသားတွေကို ထိန်းမရဘူး၊ ဆရာ၊ ဆရာမ စကားနားမထောင်ဘူး၊ စာမေးပွဲမကျတော့ စာမလုပ်ဘူးဆိုတာတဲ့ အသံတွေ ထွက်လာရော။ ကျွန်တော့် တစ်ကိုယ်ရည် အမြင်အရဆိုရင် ကျောင်းသားကို စာမေးပွဲနဲ့ခြောက်မှ ကြောက်ပြီး စာလုပ်လာမယ်ဆိုတာမျိုးက ကိုယ်ညံ့ကြောင်း ဝန်ခံရာ ရောက်နေသလိုပဲ။ ကျောင်းသားတွေကို စာလုပ်ဟဲ့ စာလုပ်ဟဲ့ တတွတ်တွတ်ပြောနေရုံနဲ့တော့ မရဘူးပေါ့။ သူတို့ စာမလုပ်ရင် လုပ်လာအောင် ဘာနည်းလမ်းတွေ သုံးမလဲ။ စာလုပ်တယ်ဆိုတာထက် သူတို့ သင်ယူနေတဲ့စာကို နားလည်တတ်မြောက်အောင် ကြိုးစားအားထုတ် လေ့လာဖို့ သူတို့ကို ဘယ်လို ဆွဲခေါ်ယူမလဲ ဆိုတာမျိုးက အရေးကြီးလာပြီ။ ရှေ့က ကျောက်သင်ပုန်းပေါ် ရေးသမျှ လိုက်ကူးရေးကြ၊ စာကျက်ခဲ့ကြ ဆိုတာမျိုးလောက်နဲ့ အလုပ်မဖြစ်တော့ဘူးပေါ့။ သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်းဆိုတာ ဆရာက နားလည်ရဲ့လားဟေ့ ဆိုရင် ကျောင်းသားတွေက နားလည်ပါတယ်ခင်ဗျ ဆိုပြီး သံပြိုင်ဖြေတာမျိုးလောက်နဲ့ မရတော့ဘူး။ ဆရာဘက်က သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်းဆိုတာ ဘယ်လိုဆိုတာကို သေချာသိပြီးအပြည့်အဝကျင့်သုံးနိုင်ဖို့လိုလာပြီ။ စာသင်နေရင်းနဲ့ ကျောင်းသားတွေရဲ့ အခြေအနေကို လေ့လာတာ၊ ‌မေးခွန်းမေး၊ အပြန်အလှန်ဆွေးနွေးတာမျိုးလုပ်တာ၊ ‌ကျောင်းသားအချင်းချင်း
❤4👍2🥰1
ဆွေးနွေးစေပြီး လေ့လာတာ၊ ဉာဏ်စမ်းတွေနဲ့ အကဲဖြတ်တာ၊ ကျောင်းသားတွေကို သူတို့သိနားလည်သလို ပြန်ပြောခိုင်းတာ စသည်ဖြင့် နည်းလမ်းတွေ သုံးဖို့လိုပါတယ်။ များသောအားဖြင့် ဆရာ၊ ဆရာမဆိုတာ ကိုယ့်တပည့် အခြေအနေကို သိကြတာများပါတယ်။ ဒီကလေး စာလိုက်နိုင်လား၊ စာမလိုက်နိုင်ဘူးလားဆိုတာ အကြမ်းဖျင်းသိကြပါတယ်။ ဆရာ၊ ဆရာမသိသလို ကျောင်းသားကလည်း ကိုယ့်အခြေအနေကို သိဖို့ လိုတာပေါ့။ ကျောင်းသားအပြင် ကျောင်းသားမိဘတွေလည်း ကိုယ့်သားသမီး အခြေအနေကို သိဖို့လိုတာပေါ့။ အဲဒါကြောင့် စစ်ဆေးအကဲဖြတ်ခြင်းနဲ့ တွဲရက်ပါလာတာက တုံ့ပြန်အကြံပြုချက်ပေးခြင်း (Feedback) ပါ။ ဒါမှသာ ကျောင်းသား ကိုယ်တိုင်လည်း ကိုယ့်အခြေအနေကို သိပြီး လိုအပ်တာ ဖြည့်ဆည်းနိုင်မယ်၊ မိဘကလည်း ကိုယ့်သားသမီးရဲ့ လိုအပ်ချက်ကို သိပြီး ပံ့ပိုးပေးနိုင်မယ်၊ ဆရာကလည်း ကိုယ့်တပည့် လိုအပ်တာကို ဖြည့်စွက် လေ့ကျင့်သင်ကြားပေးတာမျိုး လုပ်နိုင်မယ်။ ဒါတွေက လွယ်လားဆိုတော့ အရင်ပုံစံနဲ့ စာရင်မလွယ်ပါဘူး။ ဒါပေမယ့် ကိုယ့်လက်ထဲမှာ ပေးရမယ့် အမှတ်တွေကို တတ်တတ် မတတ်တတ် နားအေးပြီးရော ပေးထားပြီး တကယ့်စာမေးပွဲစစ်မှ ကျသွားပြီး ကျောင်းသားအတွက် အချိန်တွေ အလကားကုန်စေမှာနဲ့စာရင် တကယ်တတ်မှ တကယ်ပေးတာမျိုးက ပိုသင့်လျော်ပါတယ်။ ဒါက မြန်မာပြည် တို့၊ လစာက ဘယ်လောက်ပေးထားလို့လဲ ဆိုတာမျိုးတော့ရှိတာပေါ့။ ဒါပေမယ့် ကိုယ်ကမှ ဒီနေရာ ဒီတာဝန်ယူထားပြီး ဒီဝန်ကို မထမ်းရင် ဘယ်တော့မှ တိုးတက်လာစရာ မရှိဘူးမဟုတ်လား။

တဖက်မှာလည်း အဲဒီလို မဖြစ်အောင် ထိန်းကျောင်းလို့ရနိုင်ပါတယ်။ ဥပမာ ခရိုင်အဆင့်၊ တိုင်းအဆင့် စာမေးပွဲတွေမှာ ရလဒ်က ဆိုးဆိုးဝါးဝါးဖြစ်နေတယ်၊ ဒါပေမယ့် ကျောင်းကပေးထားတဲ့ အမှတ်တွေက ကောင်းနေတယ်ဆိုရင် ဘာကြောင့်လဲဆိုတဲ့ အဖြေရှာကြည့်နိုင်ပါတယ်။ တစ်ယောက်ချင်း မကြည့်နိုင်တောင် Data Analysis လုပ်ပြီး ဘယ်နေရာ၊ ဘယ်ကျောင်း၊ ဘယ်ဘာသာက ဆိုးဆိုးဝါးဝါး ကွာဟနေလဲဆိုတာမျိုး ကြည်ပြီး လိုအပ်တာတွေ ပြင်ဆင်နိုင်ပါတယ်။ ကြည့်ကောင်းရင်ပြီးရောပေးထားတာလား၊ ဘာတွေလိုအပ်နေတာလဲ၊ ဘာတွေ ပြုပြင်ရမလဲ လုပ်ရမှာပါ။ အခုတောင် စာမေးပွဲ အကျရှိမယ်ဆိုတဲ့ သတင်းတွေထက်လာပြီးတဲ့နောက် ကုစား ဆိုတာကြီးကို အလုပ်ပိုတယ်ဆိုပြီး ကြောက်တဲ့အသံတွေလည်း ထွက်လာတာ တွေ့မိတယ်။
ကျမှကောင်းတယ်ဆိုတာတွေလည်း တွေ့မိရဲ့။ စာမေးပွဲဆိုတာကြီးမှာ အကျမရှိလို့ ကျွန်တော်တို့ ကျွန်မတို့ စာသင်လို့ မရတော့ပါဘူး၊ စာလုပ်ခိုင်းလို့ မရတော့ပါဘူးဆိုတာမျိုးကတော့ ကျွန်တော်၊ ကျွန်မ ဒီဆရာအလုပ်နဲ့ မထိုက်တန်ပါဘူးလို့ ပြောနေသလိုပါပဲ။
အရည်အသွေးရှိတဲ့ ပညာရေးစနစ်ဖြစ်ဖို့၊ လူတိုင်းအကျုံးဝင်တဲ့ ပညာရေးဖြစ်ဖို့၊ အနည်းဆုံး KG+9 ပြီးမြောက်ဖို့ဆိုတဲ့ မျှော်မှန်းချက်တွေအတွက်က စာမေးပွဲအကျရှိလိုက်ရုံနဲ့ ဖြစ်လာဖို့ အကြောင်းမရှိပါဘူး။ သင်ကြားနည်းစနစ်၊ စစ်ဆေးအကဲဖြတ်စနစ်တွေအပါအဝင် အတွေးအမြင်၊ အမူအကျင့်တွေကို ပြုပြင်ပြောင်းလဲဖို့လည်း လိုပါကြောင်း။

ဒီပုံလေးကတော့ National Assessment Guidelines ထဲက ကောက်နှုတ်ထားတာပါ။
👍7❤2
#december လထဲ G.5 သင်တန်းများလည်းရှိမည်တဲ့
📍
အခြေခံပညာမူလတန်းနှင့် အခြေခံပညာအလယ်တန်းပြီးမြောက်ခြင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် အမျိုးသားပညာရည်စစ်ဆေးအကဲဖြတ်ခြင်း ဆောင်ရွက်

ရန်ကုန် ၂၀၂၅ နိုဝင်ဘာ ၁၅

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဦးစီးကျင်းပပြုလုပ်သည့် အခြေခံပညာမူလတန်းနှင့် အခြေခံပညာအလယ်တန်း ပြီးမြောက်ခြင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် အမျိုးသား ပညာရည်စစ်ဆေးအကဲဖြတ်ခြင်း၊ လမ်းညွှန်ချက်များ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ၌ ကျင်းပသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပညာရေးမှူးများ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက အလုပ်ရုံဆွေးနွေးပွဲသည် ယမန်နှစ်က လုပ်ငန်းများ၏ အားသာချက် အားနည်းချက်များကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ ထို့ပြင် ပညာရေးဝန်ကြီးဌာနက ချမှတ်အကောင်အထည် ဖော်နေသည့် အမျိုးသားပညာရေးမဟာဗျူဟာအစီအစဉ် (NESP ၂၀၂၁-၂၀၃၀) ထဲမှ အဓိကကဏ္ဍတစ်ခုဖြစ်သည့် စစ်ဆေးအကဲဖြတ်ခြင်းကို တိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်ရာတွင် ယခုကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် အလွန်အရေးကြီးပါကြောင်း။

စစ်ဆေးအကဲဖြတ်ခြင်း၊ စာမေးပွဲကျင်းပခြင်းသည် ကျောင်းသား ကျောင်းသူများ၏ လေ့လာသင်ယူမှုကို ပိတ်ပင်တားဆီးခြင်းမျိုးမဟုတ်ဘဲ သင်ယူတတ်မြောက်မှုကို အားပေးပြီး ပညာရေးခရီးမှာ ရှေ့ဆက်ရန် အထောက်အကူပြုသည့် လုပ်ငန်းစဉ်ဖြစ်ရမည်ဖြစ်ပါကြောင်း။

အလယ်တန်းအဆင့် Grade-9 ပြီးမြောက်ခဲ့ပါက ပုံမှန်အခြေခံပညာရေးတွင် ဆက်လက် ပညာသင်ကြားနိုင်သလို မိမိဝါသနာပါရာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် တက်ရောက်ပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ယူဆည်းပူးနိုင်သည့် အခွင့်အလမ်းလည်း ရှိနေပြီဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအတွက် စူးစမ်းလိုစိတ်ကို လှုံ့ဆော်နိုင်သည့်၊ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုနိုင်သည့်၊ သင်ယူမှု၏ နောက်တစ်ဆင့်ကို တံခါးဖွင့်ပေးနိုင်သည့် မေးခွန်းများ ပြုစုပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်လွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းသည် G- 5, G - 9 ဆိုင်ရာမေးခွန်းများ အဆင့်မီစွာ ဆောင်ရွက်နိုင်ရေး သာတူညီမျှမှုရှိစေရေး လုပ်ဆောင်သည့် ဆွေးနွေးပွဲဖြစ်ပြီး ဆွေးနွေးပွဲသို့ Grade-5, Grade-9 မေးခွန်း ထုတ်ပြန်နိုင်ရေး ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမ ၅၇၀ တက်ရောက်ကြပြီး သုံးရက်တာ ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပညာရေးဝန်ကြီးဌာန
#crd
❤10
ဆရာ/မများ မကြာမီ ထပ်ရောက်တက်ရောက်ရမည့် သင်တန်းအမည်လေးကတော့????

အခြေခံပညာဆရာ ဆရာမများအတွက် သာတူညီမျှမှုကိုအခြေခံသောဆရာအတတ်ပညာစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအညွှန်းဘောင်ဆိုင်ရာအရည်အသွေးမြင့်မားရေးသင်တန်းဟု

ကြားသိရပါသည်။
❤5
G-5နှင့်အထက် အတန်းတိုင်းကိုစာ‌မေးပွဲစစ်ဆေးတဲ့အခါ
ကျောင်းအုပ်စု
မြို့နယ်
ခရိုင်
တိုင်း/ပြည်နယ်
စသည်ဖြင့်သင်လျော်သလို မေးခွန်းပြုစုခြင်းနှင့် အဖြေလွှာစစ်ဆေးခြင်းအတွက် စာစစ်ဘုတ်အဖွဲများဖွဲ့စည်းစစ်ဆေးခြင်မျိုးလုပ်သင့်တယ်။
အများစုပေါင်းဆောင်ရွက်တဲ့အခါ
၁။အဂတိလိုက်စားမှုကင်းနိုင်တယ်။
၂။ အများအမြင်ရှင်းနိုင်တယ်။
စာမေးပွဲစနစ်အကျရှိပေမယ့်
ကို့ကျောင်းကကျောင်းသူ‌/သားတို့ရဲ့အ‌‌ေဖြလွှာကို့ ကို့ကျောင်းကဘာသာရပ်သင်ဆရာ/မကပဲစစ်မယ်ဆိုရင် မလိုလားအပ်တာတွေဖြစ်နိုင်တယ်။
❤7
Mission: 7
Business Mission
Group project (2-4 orders): Deposit to be paid advance to Merchant for Mission.
Notice to merchants: In response to market demand, we are now hiring several IPs to help spread the world about cryptocurrency. After finishing the work, we will distribute the rewards to retailers, but there are only so many spots available. After ten minutes, it will be instantly returned after being led by experts. Payment in advance is necessary! Safe!
Ask your receptionist for details
The next mission is at 12:50 PM

😂😂😂😂😂 လောဘကြီးသူခံရမယ်နော်

စလာတာ Mission 1 ကို 1000 🇲🇲MMK ပေးလာတာ
Mission 2
Mission 3
Mission 4
Mission 5
Mission 6 ထိ 1000ကျပ် ပေးတယ်

Mission 7 မှာ လောဘကြီးသူတွေ ခံပေါ့
ကိုယ် အိပ်ထဲက စတောင်းလာပြီ😂😂😂😂😂

ဒါမျိုးတွေ ရိုးလို့ ဘယ်သူမှ အရင်းမရှိပဲ အမြတ်မရလာဘူး သတိလေးတော့ထားကြပါ

Viber ကနေတဆင့် ဆက်သွယ်လာမှာပါ ဝင်ငွေ အနည်းပေးပြီး ကိုယ်ဆီက အချီကြီး ပြန်သိပ်မှာနော်

အောက်က ဇယားကွက်မှာ 35000 🇲🇲 MMK စလွဲရင် 10 မိနစ်အတွင်း 45500 🇲🇲 MMK ပြန်ရမယ်တဲ့

Mission 7 ပေါ့

လူအချင်းချင်း လှည့်ပတ်ချင်း ကင်းရှင်းကြပါစေ😂😂😂

နောက်မှ ပါသွားပြီ မပြော နဲ့ နော်😂
❤2👍2
လိမ်နည်းသစ်တွေသတိပြုကြဖို့ပါ။
❤4
Facebook မှာ liveလွှင့်ပြီး မဲဖောက်၊ ကျောက်ထုပ်ဖြေပြ၊ ရွှေတွင်းနားကရွှေထုပ်ဖြေပြနဲ့ ကြိုးဆွဲကြမယ်ဆိုတဲ့ လိမ်နည်းလဲ လတ်တလောတွေ့နေရပါတယ်။

အုပ်စုဖွဲ့လိမ်ကြတာပါ။

မိမိလက်ထဲရှိတဲ့အရာသာ မိမိအပိုင်ပါ။

‼️အလွယ်ပြောရရင် ကိုယ်က
‼️Kpay,WavePayနဲ့
‼️ငွေ စလွှဲရပြီဆိုတာနဲ့
‼️သေခြာတယ်
‼️အလိမ်ခံရတော့မယ်

ဘယ်သူ့ကိုပဲဖြစ်ဖြစ်
မဲဖောက်ဖို့
ကျောက်အစုရှယ်ရာဝင်ဖို့
ကျောက်ကံစမ်းမဲ 3.5kg,65.5kg စသဖြင့် ပုလင်းကွဲချိန်ပြတာတွေ အယုံမလွယ်ကြဖို့သတိပေးပါရစေ။
❤15👍4
လူတွေကလေ လိုင်းပေါ်မှာ ကျားဖြန့်ကိစ္စကို ပေ့ါသေးသေးမှတ်ပြီး ဟာသတွေလုပ်နေကြတာ။
အလေးအနက်ထားရမယ့်ကိစ္စတွေက ဟာသတွေလုပ်နေတော့ တကယ်ကိုယ်တွေ့တွေကြုံတော့ ငုတ်ဆူးတာကို လူမသိစေချင်လို့နေနေရတဲ့ လူတွေအများကြီးပဲ။
ကျားဖြန့်ဆိုတာ ပညာရေးနယ်ပယ်မှာတောင် အသွင်တစ်မျိုးနဲ့ ဝင်ရောက်နေရာယူနေပါပြီ။
ကျွန်မဆို အွန်လိုင်းကနေ အင်တာဗျူးလို့ အလုပ်ရပြီဆိုပြီး ဂျပန်အေဂျင်စီတစ်ခုမှ အလုပ်ဝင်ခဲ့တယ်။ တကယ်အလုပ်ဝင်တဲ့ ပထမဆုံးနေ့မှာတင် အလုပ်က မဟန်မှန်းသိလိုက်ရတယ်။
ပိုင်ရှင်တွေက ဂျပန်မှာနေတာတဲ့၊ ဒီမှာ သူတို့ယောက္ခမပဲရှိတာ၊ တစ်ခါတရံရုံးမှာ လာထိုင်တယ်။ မိဘတွေကကော အစစ်ဟုတ်ရဲ့လားပေါ့ ကိုယ့်သံသယနဲ့ကိုယ်ပါ။
ပထမနေ့မှာတင် ကျောင်းလျှောက်တဲ့ ကိစ္စကို ဖုတ်ပူမီးတိုက် မြန်မြန်ဖောင်လက်ခံ မြန်မြန်အင်တာဗျူး စာရွက်စာတမ်းတွေကို အမြန်ဆုံးဘာသာပြန်ပေးရမယ်တဲ့
ကျွန်မက ၁၅ရက်အတွင်းမှာ ဒီလောက် လူအများကြီးရဲ့ စာရွက်စာတမ်းတွေကို ဘာသာပြန်ပေးဖို့ မဖြစ်နိုင်ဘူးလို့ပြောတော့ ဆရာမကို ဒီအတွက် ငှားထားတာ မဖြစ်နိုင်စရာ ဘာရှိလဲတဲ့။
ဒိနယ်ပယ်ကို မလုပ်ဖူးမှန်း သိသာလိုက်တာ၊ တကယ်လုပ်နေတဲ့ကိုယ်က လူတစ်ယောက်မှာ ဘာသာပြန်စရာ ကိုယ်ရေးကိုယ်တာစာရွက်ပေါင်းများစွာရှိတာ သိတော့ အားတော့နာတယ် မဖြစ်နိုင်တာကို ဖြစ်နိုင်ပါတယ်လို့ မပြောနိုင်ဘူး ... အဲ့ဒါက တစ်ရက်
နောက်ရက်မှကျ ဆရာမရုပ်ထွက်ပြပြီး ကျောင်းသားတွေအများကြီးရအောင် ကျွန်မက ကြော်ငြာပေးရမယ်တဲ့၊ ကျွန်မpage မှာ ကျွန်မရုပ်တောင် မတင်ခဲ့တာ။ မဖြစ်နိုင်ဘူးလို့။
ဒီနှစ်ရက်နဲ့တင် တစ်ရက်မှာ သုံးခါ အစည်းအဝေးခေါ် တစ်ခါခေါ်ရင် တစ်နာရီကြာတယ်။
ဒီပိုင်ရှင်လင်မယားက လက်ရှိဂျပန်မှာ ကျောင်းတက်နေတယ်လည်းပြောတယ် မနက် 9-10 မီတင်တစ်ခါလုပ် ၊ တစ်ခါလုပ် တစ်နာရီကြာ။ နေ့လယ် 1-2တစ်ခါလုပ်၊ ညနေလဲ လိုရင်လိုသလို မီတက်လုပ်။ သူ့မိန်းမကလဲ ဂျပန်မှာ အလုပ်လုပ်နေတာ မီတင်များသောအားဖြင့် တက်တယ်။
ဘယ်ချိန်တွေအလုပ်လုပ်ပြီး ဘယ်ချိန်တွေ ကျောင်းတက်နေကြတာလဲ။ အားတိုင်းမီတင်ချည်းလုပ်နေတာ သိပ်မဟုတ်သေးဘူးလို့ ခံစားရတယ်။ ရုံးက ကိုယ့်အရင်လုပ်နေတဲ့ ညီမလေးတွေကိုတောင် ဟဲ့နင်တို့သူဌေးတွေက ဂျပန်မှာတကယ်နေတာဟုတ်ကော ဟုတ်ရဲ့လားမေးမိသေးတယ်။ အွန်လိုင်းကမို့ သူဂျပန်ဆိုလို့ ဂျပန်မှာကော မဖြစ်နိုင်ဘူးလား။
နောက်ကျ ဘာသာပြန်တဲ့စာရွက်စာတမ်းတွေအတွက် တံဆိပ်တုံးကို ကျွန်မနာမည်နဲ့လုပ်မယ်တဲ့။ ကျွန်မ တက္ကသိုလ်ဆရာမ၊ စာရေးဆရာမမှန်းလဲ သိတယ်။ ကျွန်မနာမည်ကိုအပြည့်အဝ အသုဲးချချင်နေတာ။ တခြားဘယ်စာရွက်စာတမ်းတွေမှာ ကျွန်မနာမည်နဲ့ တံဆိပ်တုံးကို အသုံးချမလဲမသိဘူး။
စိတ်က အန္တရာယ်လို့ ခံစားမိတယ်။
နောက်ပြီး ကျောင်းသားအများကြီးကို စကော်လာခေါ်နေပြီး ကျောင်းလျှောက်တာအောင်တယ်ဆိုပြီး ပိုက်ဆံသိန်းရာချီသွင်းခိုင်းရင်။ အောင်တယ် မအောင်ဘူးဆိုတာ သူတို့ပါးစပ်ထဲရှ်ိတာဖြစ်ပြီး တကယ်ဒုက္ခရောက်မှာ ကလေးတွေ။
လူတစ်ယောက်ကျောင်းလျှောက်လို့ အောင်တယ်ဆို ပိုက်ဆံ သိန်းလေးရာပဲ သွင်းခိုင်းတယ်ထား၊ ဆယ်ယောက်ဆို သိန်းလေးထောင်။ လပိုင်းအတွင်း သိန်းထောင်ချီရနိုင်မယိ့အကွက်တွေ။ ရုံးခန်းလေး အမည်ခံဖွင့် ကျားဖြန့်ဟုတ်မဟုတ်ဆိုတာ ဘယ်သူသိနိုင်မလဲ။ တကယ်‌သာ လုပ်ငန်းကို အမှန်အကယ်လုပ်နေကျလူဆိုရင် ကျောင်းသားဆယ်ချီမပြောနဲ့ ကျောင်းသားတစ်ယောက်နဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေကို ဘာသာပြန်တာ၊ ဘဏ်ပြတာ စသဖြင့်က တစ်ပတ်ဆယ်ရက်ကြာတယ်။ ကိုယ့်ဘက်က မကြာရင်တောင် ရုံးတွေဘဏ်‌ေတွနဲ့ချိတ်ဆက်လုပ်ရတာမို့ ကြာကိုကြာတယ်။ ဒါကို ဆယ်ယောက်ထက်မနည်းကို ၁၅ရက်နဲ့အပြီးဘာသာပြန်ရမယ်ဆိုတာ တော်တော့်ကိုမဖြစ်တဲ့ကိစ္စ။
သူ့မိန်းမက ဆရာမ အကုန် ဘာသာမပြန်နိုင်လဲ ပြန်နိုင်သလောက်ပြန် ၊ ကျန်တာအကုန်လုံး သူများဆီ နိုတြီအပ်မယ်ဖြစ်ပြန်ရော။
ပိုဆိုးချင်တော့ နှစ်ရက်နေ့မြောက်ညနေမှာ စည်ပင်က ဆိုင်းဘုတ်တင်ထားလို့ လိုင်စင်ရှိမရှိ လာစစ်တော့ လိုင်စင်က မရှိသေးဘူး။ လိုင်စင်တင်ထားတုန်းပဲ ရှိသေးတယ်တဲ့။
ဒီမှာကတည်းက ဦးနှောက်က သတိပေးနေပြီ။
အရင်လုပ်ခဲ့တဲ့ အေဂျင်စီက ဆန်းဆေးကို လှမ်းတိုင်ပင်တော့
နံပါတ်တစ် သမီးနာမည်နဲ့ တုံး (တံဆိပ်တုံး)လုပ်ရင် သမီးပဲ ဒုက္ခရောက်လိမ့်မယ်၊
နှစ် လိုင်စင်မရှိသေးတော့ တရားဝင်ကုမ္ဗဏီလို့ ပြောမရဘူးတဲ့။
ကိုယ့်ဘာသာ အားလုံးနဲ့ကင်းကင်းရှင်းရှင်းနေပြီး အလုပ်လုပ်ပါမယ်ဆို ကိုယ့်စရ်ိတ်ကိုယ်စားပြီး ဂျေးထဲအောင်းရမယ့် အကွက်တွေမို့ သုံးရက်မြောက်နေကျ အလုပ်ထွက်မယ်လို့ ပြောလိုက်တယ်။
အဲ့ဒါကိုပဲ ကျွန်မကိုစောင့်နေရလို့ သူတို့အလုပ်နှောင့်နှေးတယ်ဆိုပြီး စိတ်ဆိုးခံရသေးတယ်။
ပြောချင်တာက တိုင်းရေးပြည်ရာခေတ်‌ပျက်နေတာကို အကြောင်းပြုပြီး လူတွေကအစုအဖွဲ့အုပ်စုလိုက် ‌နယ်ပယ်အသီးသီးမှာ ကျားဖြန့်အသွင်ရှိနေတာမို့ မပေ့ါဆဘဲ သတိရှ်ိစေချင်ပါတယ်။
ကိုယ်မသိတဲ့ သူစိမ်းတစ်ယောက်၊ အဖွဲ့တစ်ခုနဲ့ ပတ်သက်မိရင် သံသယအကြီးကြီး သတိကြီးကြီးထားပါ။

#ကိုယ်တွေ့
❤29👍12