မူလတန်းဆင့်မှာ အတန်းတစ်ခုကို အနည်းဆုံး ဆရာ/မ တစ်ဦး ခန့်ထားစေချင်မိတယ် ။ ဘာကြောင့်လဲ.......? ။
KG တန်းဟာ စာကို သိပ်ပြီးမသင်ရဘူးဆိုသော်လည်း ကျောင်းပျော်စေဖို့အတွက် အစပျိုးရတဲ့ အတန်းဖြစ်တယ် ။ ဆရာ ၊ ဆရာမနဲ့ အချိန်ပြည့် ရှိနေရမဲ့အတန်းလည်းဖြစ်တယ် ။
KG တန်းကိုလွှတ်ထားရင် ကလေးတွေထိမိ ခိုက်မိဖြစ်မှာ စိတ်ပူရသလို ကလေးအချင်းချင်း ရန်ဖြစ်တာတွေ ၊ ကလေးအချင်းချင်း အနိုင်ကျင့်တာတွေ ခံရပြီး ကျောင်းကို ကြောက်မှာ ပူပန်ရတဲ့အတန်းဖြစ်တယ် ။
Grade 1 နဲ့ Grade 2 အတန်းကတော့ စာရေး ၊ စာဖတ်ကို သေသေချာချာသင်ရတဲ့အတန်းတွေ ဖြစ်တယ် ။ ဆရာ မလောက်လို့ အခြားအတန်းတွေနဲ့ တွဲထားရင် အခြေခံသင်ခန်းစာတွေ အားနည်းသွားမယ် ။ အခြားအတန်းကို သင်နေတဲ့အချိန် သင်္ချာလေ့ကျင့်ခန်း ပေးထားလို့ရတယ်ဆိုတဲ့ စကားလေးနဲ့တော့ အဆင်မပြေဘူးဆိုတာ မြေပြင်က ဆရာ ၊ ဆရာမတိုင်း သိတယ် ။ အတန်းတွဲ သင်နည်းနဲ့ သင်ရမှာဆိုတဲ့ စကားလုံးနဲ့ သင်လာတာ နှစ်ပေါင်းဘယ်လောက်ရှိမယ် ထင်လဲ ။ အခြေခံစာမတတ်လို့ အတန်းကြီးမှာ စာမလိုက်နိုင်တဲ့ ကလေးတွေ အများကြီးပဲ ။ ဆရာ ၊ ဆရာမ အပြစ်ပဲတော့ မဟုတ်ဘူးဆိုတာ အာမခံရဲပါတယ် ။
Grade 3 ဟာ စာဖတ်ပြီး နားလည်အောင်နဲ့ စကားလုံးတွေ သုံးတတ်အောင် ၊ စကားပြောတာနဲ့ ရေးထားတဲ့စာကို ချိတ်ဆက်မိဖို့ ၊ ပတ်ဝန်းကျင်က အသုံးအနှုန်းတွေ သုံးတတ်အောင် လေ့ကျင့်ရတဲ့ အတန်းဖြစ်တယ် ။ စာဖတ်ပြီး အဓိပ္ပါယ်တလွဲဖြစ်တာတွေ ၊ အဓိပ္ပါယ်ကို မသိ/နားမလည်တာတွေက လေ့ကျင့်သား မပြည့်ခဲ့လို့ဆိုပြီး သုံးသပ်နိုင်တယ် ။
ဆရာက များများပြောပေးရတယ် ။ကလေးတွေကို များများ မေးခွန်းတွေ မေးပေရတဲ့အတန်းလည်းဖြစ်တယ် ။ များများလည်း လေ့ကျင့်ပေးရတယ် ။
ကဲ အဲသည်အတန်းကို ဘယ်အတန်းနဲ့ တွဲသင့်လဲ ။
Grade 5 အတန်းက မူလတန်းရဲ့ အရေးအကြီးဆုံးအတန်းလို့ သတ်မှတ်ကြတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ခရိုင်ကမေးတဲ့ မေးခွန်းနဲ့ဖြေဆိုရပြီး ခရိုင်က အောင်/ရှုံး သတ်မှတ်ပေးလို့ပါ ။
Grade 5 ကို အဆင့်အတန်းရှိရှိ အောင်မြင်ဖို့ဆိုရင် Grade 4 ကအခြေခံသင်ခန်းစာတွေ ကျေညက်ဖို့လိုပါတယ် ။ ( Grade 4 သင်ခန်းစာတွေ ကျေညက်ဖို့ပြောလို့ Grade 5 မှာ အဲသည်သင်ခန်းစာတွေ မမေးပါဘူးလို့ စောဒကတက်ချင် တက်ပေါ့ဗျာ ) ။ Grade 4 နဲ့ အတန်းတွဲသင်တဲ့အခါ ဘယ်အတန်းနဲ့ တွဲသင့်သလဲ ။ အဲလိုတွဲရင် ဆရာက ဘယ်အတန်းကို ဦးစားပေး သင်မလဲ ။
ဆိုတော့ကာ Grade 4 သင်ခန်းစာတွေ ကျေညက်ဖို့လိုသလို Grade 5 ကလည်း လက်လွှတ်ထားလို့ မရပြန်ဘူး ။ ဒါ့ကြောင့် မူလတန်းကျောင်းတွေကို ပစ်ပယ်မထားဘဲ အတန်းတစ်ခု ဆရာတစ်ယောက်နှုန်း ခန့်ထားသင့်ကြောင်း တွေးမိတွေးရာ ရေးလိုက်ရပါတယ် ။
#ပြောလည်းပြောချင်တယ်
#ပြောလည်းပြောရဲဘူး

❤22
၂၀၂၅ခုနှစ် ရန်ကုန်ပညာရေးတက္ကသိုလ်
ဝင်ခွင့်ရသူများ အနိမ့်ဆုံးအမှတ်စာရင်း။
သိပ္ပံတွဲ ကျား..360 မှတ် / မ ..392 မှတ်
ဝိဇ္ဇာတွဲ ကျား...340 မှတ် / မ ..370 မှတ်
ဝိပ္ပံတွဲ ကျား ...360 မှတ် / မ ...402 မှတ်

❤9
သင်တန်းအချိန်စာရင်း မူ လယ် ထက် ၉နာရီမှ ၄နာရီ ၁၀ မိနစ် .
လူရည်ချွန်ကိုယ်ကာယကြံ့ခိုင်မှုနှင့်ယုံကြည်မှု
စစ်ဆေးခြင်းအမှတ်ပေးစနစ်။
အားကစားနည်း တစ်မျိုးအတွက် ပေးမှတ်က (၁၀၀) ပါ။ အားကစားနည်း (၅) မျိုး.စုစုပေါင်း ရမှတ်ကို( ၅ နှင့်စားပြီး) ပျမ်းမျှ ရှာပါတယ်။ရှာလို့ရတဲ့ ပျမ်းမျှကို တွက်နည်း(၃)နည်းထဲက ကြိုက်ရာနဲ့တွက် ယှဥ်ပြိုင်သူရဲ့ ရမှတ် ရပါတယ်။
TunHan Tinwinaung Acc နဲ့တင်ပြီးသားပါ။ ကာယ ဆရာဆရာမတွေကို အသေးစိတ် မေးပြီး ပြန်လည်မျှဝေပေးထားတာပါ။လိုအပ်ချက်များ ရှိကောင်းရှိပါမယ်ခင်မျ။ 2025-2026 ခုနှစ် လမ်းညွှန်ကို လေ့လာပြီးပြန်လည်မျှဝေပေးပါမယ်ခင်မျ။

❤1
မေဂျာတွေကျလာပြီဆိုတော့.. ကျောင်းအပ်ရင်ဘာတွေလိုမလဲ(သို့)မေဂျာပြောင်းချင်တယ်ကျောင်းပြောင်းချင်တယ်ဆိုရင်ဘာတွေလိုအပ်လဲ သိချင်နေသူတွေအတွက်....
#Crd–to Department of Chemistry (WYU)
#Crd–to Department of Chemistry (WYU)