Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
19K subscribers
3.92K photos
96 videos
1.2K files
510 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ဆက်သွယ်ဆောင်ရွက်မှုအပိုင်းမှာ ဆရာ၊မတွေကိုယ်တိုင်သင်ယူမှုမှာ ပါဝင်ဆောင်ရွက်ခြင်းနဲ့ အခြားလုပ်ဖေါ်ကိုင်ဖက်၊ မိဘတွေနဲ့ အပြန်အလှန်ဆက်သွယ်ခြင်းအကြောင်းဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်။

(၆) သင်ယူမှုတွင် ပါဝင်ဆောင်ရွက်ခြင်း (၂၀ မှတ်)

၆.၁ – ကိုယ်တိုင် ဘယ်နေရာမှာ ထပ်ပြီး သင်ယူဖို့လိုတယ်ဆိုတာကို ရှာဖွေတယ်၊ သင်ယူသင့်တဲ့အရာတွေကို သင်ယူနိုင်ဖို့ စီစဉ်တယ်။

၆.၂ – လက်တွေ့သင်ကြားရာမှာ တိုးတက်ဖို့အတွက် ကိုယ်တိုင်သင်ယူတဲ့အခါမှာလည်း စိတ်အားထက်သန်စွာလေ့လာတယ်။

၆.၃ – လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ သင်ကြားနည်းတိုးတက်ဖို့အတွက် ဗဟုသုတတွေ ဖလှယ်ကြတယ်၊ ဆွေးနွေးကြတယ်။

၆.၄ – သင်ယူခဲ့ရတဲ့ အချက်တွေကို လက်တွေ ပြန်လည် အသုံးချတယ်၊ လေ့ကျင့်တယ်။

(၇) ကလေးမိဘ၊ လုပ်ဖေါ်ကိုင်ဖက်၊ ရပ်မိရပ်ဖတွေနဲ့ အပြန်အလှန် ဆက်သွယ်ခြင်း (၂၀ မှတ်)

၇.၁ – ဆရာ၊မတွေစောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်သိက္ခာတွေကို စောင့်ထိန်း လိုက်နာတယ်။

၇.၂ – ကျောင်း၊ရပ်ရွာ၊ နိုင်ငံတော် စတာတွေချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေကို သိရှိနားလည်တယ်။ ဥပဒေနဲ့မကင်းလွတ်တဲ့အလုပ်တွေကို ရှောင်ရှားတယ်။

၇.၃ – အုပ်ထိန်းသူမိဘတွေနဲ့ ကောင်းမွန်သော ရင်းနှီးမှုတစ်ခုတည်ဆောက်နိုင်မယ့် နည်းစနစ်တွေ၊ ထိရောက်စွာ ပူးပေါင်းလုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို သိနားလည်တယ်။

၇.၄ – ဆရာ၊မတွေရဲ့ ပညာရေးဆိုင်ရာ အဖွဲ့လိုက်ဆွေးနွေးမှုတွေ၊ သင်ကြားရေးတိုးတက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း စတဲ့ လုပ်ငန်းနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေ ပွဲတွေမှာ ပါဝင်ပါတယ်။

ဒါတွေကို သိရှိထားပီးဆိုရင် လုပ်ငန်းခွင်ကိုစတင်ဝင်ရောက်လာတဲ့မည်သည့်ဆရာဆရာမ မဆို မိမိတို့၏လုပ်ငန်းကဏ္ဍ ၊ မိမိတို့ဘာတွေကိုလေ့လာရမလဲ ၊ မိမိတို့ဘာတွေကိုအမြဲလုပ်ဆောင်နေရမလဲဆိုတာသိရှိပြီး..... မိမိကျောင်း၏လုပ်ငန်းများ၊မိမိကျောင်းရှိကလေးများကို ပြည့်စုံကောင်းမွန်အောင်ပြန်လည်မွမ်းမံရင်း.....

ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်ကြီးဖြစ်အောင် ပြန်လည်တည်ဆောက်ကြပါစို့။
❤8
2025တက္ကသိုလ် ဝင်ခွင့် လျောက်ထားသူများအတွက် မိမိလျှောက်ထားသောတက္ကသိုလ်၊ကောလိပ်များတွင် တက်ခွင့် ရ၊မရ သိနိုင်ရန်

http://www.moe.gov.mm

http://www.dhe.gov.mm

,website မှာရှာကြည့်ကြပါ

❗နေ့သင်တန်း Day များသာ
၊၊‼️ အဝေးသင်အတွက်က December မှဟုသိရ။
ဒီဇင်ဘာကျောင်းပိတ်ရက်မှာ (၂ဝ-၁၂-၂၀၂၅ ) ရက်နေ့မှ (၂၅-၁၂-၂၀၂၅) ရက်နေ့ထိ ဖြစ်ပါသည်။
ဒီဇင်ဘာလအခန်းဆုံးစစ်ဆေးခြင်း စာမေးပွဲမှာ(၁၁-၁၂-၂၀၂၅) ရက်နေ့ မှ (၁၈-၁၂-၂၀၂၅) ရက်နေ့ထိဖြစ်ပါသည်။

#ကျောင်းပိတ်ရက်
#ဒီဇင်ဘာပိတ်ရက်
#ဒီဇင်ဘာအခန်းဆုံးစစ်ဆေးခြင်း
❤5👍1
ဒီနေ့သိရသောသတင်းများ

#ဆေးတက္ကသိုလ်ဝင်ခွင့်ရသူများ_ အခြားတက္ကသိုလ်များသို့ ပြန်ပြောင်းဖို့ ပြင်ဆင်သူများပြား။

#ဆေးတက္ကသိုလ်_ ဝင်ခွင့်ရသူများ နေရာစုံမှာ ဝင်ခွင့်ရ။

#ယ‌ေန့တက္ကသိုလ်အသီးသီးဝင်ခွင့်_ ကြေငြာမည်။

#တက္ကသိုလ်အပြောင်းအရွေ့_ တက္ကသိုလ်အားလုံးဝင်ခွင့်ထွက်ပြီးမှ ရရှိမည်။

#တက္ကသိုလ်အတွက်အသေးစိတ်ကိုအရင်လေ့လာပါ _ ကျောင်းကို ချက်ချင်းမအပ်ပါနဲ့

#ကျောင်းအမြန်မအပ်ပါနဲ့ _ အမှန်တကယ်တက်ချင်တာလား မိဘကြောင့်လား သေချာဝေခွဲပြီးမှ အပ်ပါ။

#ကျောင်းအပ်ပြီးမှ တချို့တက္ကသိုလ်တွေက အပြောင်းမပေးတာတွေ ရှိပါတယ်။

#ရန်ကုန်စီးပွားရေးအမှတ်မမီလို့_ မုံရွာစီးပွားရေးရောက်သွားသူတွေလဲရှိ။

#နည်းပညာတက္ကသိုလ်များ_ ယနေ့သိရမည်။

မြန်မာပြည်မှာ အပေါများဆုံးကျောင်းမို့ အမှတ်တွေ မမြင့်ပါ။

#၂၀၂၅အောင်တွေကပိုပင်ပမ်းမည်၂၀၂၄ အောင်တွေလို အမှတ်နည်းမယ်လို့ထင်ပြီး မနှစ်ကအမှတ်အတိုင်းတင်ခဲ့မိလို့ မပါသူတွေ များပြား။

#အားလုံးကိုသတိပေးမယ် ဆုံးဖြတ်ချက်မလောပါနဲ့။

ကျောင်းတက်ပြီးရင် ပြန်ပြောင်းရမလွယ်တော့ပါ။

၁၂ လပိုင်းအထိကျောင်းအပ်က ခွင့်ပြုပါတယ်။
❤11
မူလတန်းဆင့်မှာ အတန်းတစ်ခုကို အနည်းဆုံး ဆရာ/မ တစ်ဦး ခန့်ထားစေချင်မိတယ် ။ ဘာကြောင့်လဲ.......? ။

KG တန်းဟာ စာကို သိပ်ပြီးမသင်ရဘူးဆိုသော်လည်း ကျောင်းပျော်စေဖို့အတွက် အစပျိုးရတဲ့ အတန်းဖြစ်တယ် ။ ဆရာ ၊ ဆရာမနဲ့ အချိန်ပြည့် ရှိနေရမဲ့အတန်းလည်းဖြစ်တယ် ။

KG တန်းကိုလွှတ်ထားရင် ကလေးတွေထိမိ ခိုက်မိဖြစ်မှာ စိတ်ပူရသလို ကလေးအချင်းချင်း ရန်ဖြစ်တာတွေ ၊ ကလေးအချင်းချင်း အနိုင်ကျင့်တာတွေ ခံရပြီး ကျောင်းကို ကြောက်မှာ ပူပန်ရတဲ့အတန်းဖြစ်တယ် ။

Grade 1 နဲ့ Grade 2 အတန်းကတော့ စာရေး ၊ စာဖတ်ကို သေသေချာချာသင်ရတဲ့အတန်းတွေ ဖြစ်တယ် ။ ဆရာ မလောက်လို့ အခြားအတန်းတွေနဲ့ တွဲထားရင် အခြေခံသင်ခန်းစာတွေ အားနည်းသွားမယ် ။ အခြားအတန်းကို သင်နေတဲ့အချိန် သင်္ချာလေ့ကျင့်ခန်း ပေးထားလို့ရတယ်ဆိုတဲ့ စကားလေးနဲ့တော့ အဆင်မပြေဘူးဆိုတာ မြေပြင်က ဆရာ ၊ ဆရာမတိုင်း သိတယ် ။ အတန်းတွဲ သင်နည်းနဲ့ သင်ရမှာဆိုတဲ့ စကားလုံးနဲ့ သင်လာတာ နှစ်ပေါင်းဘယ်လောက်ရှိမယ် ထင်လဲ ။ အခြေခံစာမတတ်လို့ အတန်းကြီးမှာ စာမလိုက်နိုင်တဲ့ ကလေးတွေ အများကြီးပဲ ။ ဆရာ ၊ ဆရာမ အပြစ်ပဲတော့ မဟုတ်ဘူးဆိုတာ အာမခံရဲပါတယ် ။

Grade 3 ဟာ စာဖတ်ပြီး နားလည်အောင်နဲ့ စကားလုံးတွေ သုံးတတ်အောင် ၊ စကားပြောတာနဲ့ ရေးထားတဲ့စာကို ချိတ်ဆက်မိဖို့ ၊ ပတ်ဝန်းကျင်က အသုံးအနှုန်းတွေ သုံးတတ်အောင် လေ့ကျင့်ရတဲ့ အတန်းဖြစ်တယ် ။ စာဖတ်ပြီး အဓိပ္ပါယ်တလွဲဖြစ်တာတွေ ၊ အဓိပ္ပါယ်ကို မသိ/နားမလည်တာတွေက လေ့ကျင့်သား မပြည့်ခဲ့လို့ဆိုပြီး သုံးသပ်နိုင်တယ် ။
ဆရာက များများပြောပေးရတယ် ။ကလေးတွေကို များများ မေးခွန်းတွေ မေးပေရတဲ့အတန်းလည်းဖြစ်တယ် ။ များများလည်း လေ့ကျင့်ပေးရတယ် ။
ကဲ အဲသည်အတန်းကို ဘယ်အတန်းနဲ့ တွဲသင့်လဲ ။

Grade 5 အတန်းက မူလတန်းရဲ့ အရေးအကြီးဆုံးအတန်းလို့ သတ်မှတ်ကြတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ခရိုင်ကမေးတဲ့ မေးခွန်းနဲ့ဖြေဆိုရပြီး ခရိုင်က အောင်/ရှုံး သတ်မှတ်ပေးလို့ပါ ။

Grade 5 ကို အဆင့်အတန်းရှိရှိ အောင်မြင်ဖို့ဆိုရင် Grade 4 ကအခြေခံသင်ခန်းစာတွေ ကျေညက်ဖို့လိုပါတယ် ။ ( Grade 4 သင်ခန်းစာတွေ ကျေညက်ဖို့ပြောလို့ Grade 5 မှာ အဲသည်သင်ခန်းစာတွေ မမေးပါဘူးလို့ စောဒကတက်ချင် တက်ပေါ့ဗျာ ) ။ Grade 4 နဲ့ အတန်းတွဲသင်တဲ့အခါ ဘယ်အတန်းနဲ့ တွဲသင့်သလဲ ။ အဲလိုတွဲရင် ဆရာက ဘယ်အတန်းကို ဦးစားပေး သင်မလဲ ။

ဆိုတော့ကာ Grade 4 သင်ခန်းစာတွေ ကျေညက်ဖို့လိုသလို Grade 5 ကလည်း လက်လွှတ်ထားလို့ မရပြန်ဘူး ။ ဒါ့ကြောင့် မူလတန်းကျောင်းတွေကို ပစ်ပယ်မထားဘဲ အတန်းတစ်ခု ဆရာတစ်ယောက်နှုန်း ခန့်ထားသင့်ကြောင်း တွေးမိတွေးရာ ရေးလိုက်ရပါတယ် ။

#ပြောလည်းပြောချင်တယ်
#ပြောလည်းပြောရဲဘူး
❤22
၂၀၂၅ခုနှစ် ရန်ကုန်ပညာရေးတက္ကသိုလ်
ဝင်ခွင့်ရသူများ အနိမ့်ဆုံးအမှတ်စာရင်း။
သိပ္ပံတွဲ ကျား..360 မှတ် / မ ..392 မှတ်
ဝိဇ္ဇာတွဲ ကျား...340 မှတ် / မ ..370 မှတ်
ဝိပ္ပံတွဲ ကျား ...360 မှတ် / မ ...402 မှတ်
❤9
သင်တန်းအချိန်စာရင်း မူ လယ် ထက် ၉နာရီမှ ၄နာရီ ၁၀ မိနစ် .
အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းမှတ်တမ်း
လူရည်ချွန်ကိုယ်ကာယကြံ့ခိုင်မှုနှင့်ယုံကြည်မှု
စစ်ဆေးခြင်းအမှတ်ပေးစနစ်။

အားကစားနည်း တစ်မျိုးအတွက် ပေးမှတ်က (၁၀၀) ပါ။ အားကစားနည်း (၅) မျိုး.စုစုပေါင်း ရမှတ်ကို( ၅ နှင့်စားပြီး) ပျမ်းမျှ ရှာပါတယ်။ရှာလို့ရတဲ့ ပျမ်းမျှကို တွက်နည်း(၃)နည်းထဲက ကြိုက်ရာနဲ့တွက် ယှဥ်ပြိုင်သူရဲ့ ရမှတ် ရပါတယ်။
TunHan Tinwinaung Acc နဲ့တင်ပြီးသားပါ။ ကာယ ဆရာဆရာမတွေကို အသေးစိတ် မေးပြီး ပြန်လည်မျှဝေပေးထားတာပါ။လိုအပ်ချက်များ ရှိကောင်းရှိပါမယ်ခင်မျ။ 2025-2026 ခုနှစ် လမ်းညွှန်ကို လေ့လာပြီးပြန်လည်မျှဝေပေးပါမယ်ခင်မျ။
❤1