Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
18.9K subscribers
3.92K photos
96 videos
1.2K files
510 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
@#ဒီဇင်ဘာကျောင်းပိတ်ရက်နဲ့ စာမေးပွဲဖြေရမယ့်ရက်
ခဏခဏမေးနေသူများ ပုံသာ Save ပြီးသိမ်းထားကြပါနော်
#စာမေးပွဲအတွက် ကျောင်းသားများ၏
နာမည်အက္ခရာအလိုက် ခုံနံပါတ်စီနည်း

စနစ်သစ် သင်ရိုး၏ အရေးပါဆုံး ကဏ္ဍဖြစ်သည့် အက္ခရာစဥ် အကြောင်း

မြန်မာစာ ကို စိတ်ဝင်စားသူတိုင်း
အက္ခရာစဥ် ( ၄) မျိုးကို မသိမဖြစ်
သိရှိဖို့ လိုအပ်ပါတယ်။
အခုဆ်ို ကျောင်းသား၊သူတွေ
အက္ခရာစဥ်အကြောင်း မသိလို့ မရပါဘူး ။
စနစ်သစ် တတိယတန်းက စလို့
မြန်မာစာ ဘာသာရပ်တွေမှာ
အတော်လေး အဆင့်မြင့်လာပါပြီ။

အစပိုင်းမှာ ဆရာ၊မ တွေ သိရှိနားလည်ဖို့လောက်သာ ပြဌာန်း ထားပေမယ် လို့
အတန်းကြီးလာတာနဲ့ အမျှ ကလေးတွေ
သိရှိနားလည်အောင် သင်ပေးရပါတော့မယ်။
ကလေးတွေ နားလည်သွားပြီ
ဆိုတာနဲ့ ကလေးတွေ ကို လုပ်ငန်းတွေ
ပေးရပါတော့မယ်။

နောက်ဆုံး သင်ခန်းစာတွေကို သူတို့ကိုယ်တိုင်
လေ့လာရမယ်။ ဆရာမလိုတော့ဘူး ။
စနစ်သစ် စတုတ္ထတန်း မြန်မာစာမှာ ဆိုရင်
ကျောင်းစာကြည့်တိုက် မှာ
စာအုပ်တွေ စာရင်း မှတ်တာတွေ ၊
တိုက်ပိုင်ဖြည့်တာတွေ စတာတွေကို ကလေးတွေ ကိုယ်တိုင်လုပ်ရမယ်။

စနစ်သစ် သတ္တမတန်း မှာ ဆိုရင် မြန်မာအဘိဓာန် စကားလုံးတွေရဲ့ အဓိပ္ပါယ်တွေကို
ကလေးကိုယ်တိုင် ရှာရတော့မယ်။
အဲ့လို ရှာတဲ့အခါမှာ ကလေးတွေကို
အရင်ဆုံး အက္ခရာစဥ် လေးမျိူးကို
သင်ထားဖို့ လိုအပ်တယ်။
ကလေးတွေကို သင်ဖို့ဆိုရင် အရင်ဆုံး
ဆရာ၊မ တွေ ကိုယ်တိုင် နားလည် ဖို့ လိုအပ်တယ်။

မြန်မာစာနဲ့ ကျောင်းပြီးထားရင်တော့
အက္ခရာစဥ် လေးမျိုးကို
ကောင်းကောင်းနားလည် လိမ့်မယ်လို့ ယုံကြည်တယ်။ မြန်မာစာနဲ့ ကျောင်းပြီးတယ်ဆို
ပေမယ့် အချို့ဆို ဘာမှ
နားမလည်တာ တွေ ရှိတယ်။
ဆရာ၊မ တွေ မြန်မာစာ နဲ့ ဘီအီးဒီ ဖြေတဲ့
အခါ မှာ အက္ခရာ စဥ် တွေ
မေးလာရင် ဖြေရတယ်။
ဒီတော့ အက္ခရာစဥ်ကတော့ စာမေးပွဲ
တိုင်းမှာ မရှိ မဖြစ် အရေးပါ
လာတယ်လို့ ပြောရမယ်။

ဆရာ၊မ ဝင်ခွင့်တွေ ဖြေတဲ့ အခါမှာလည်း
အက္ခရာစဥ်တွေကို
မေးလေ့မေးထရှိတယ်။
ဒါ့ကြောင့် ဆရာ၊မ တိုင်း အက္ခရာ စဥ်
လေးမျိုးကို မဖြစ်မနေ နားလည်ရမယ်။
ကျွမ်းကျင်ရမယ် ။

အက္ခရာစဥ်လေးမျိုး ဆိုတာက
(က) ဗျည်းစဥ်
(ခ) သရစဥှ
(ဂ) အသတ်စဥ်
(ဃ) ဗျည်းတွဲစဥ် တို့ပဲ ဖြစ်ပါတယ် ။

အခြေခံအားဖြင့်
ဗျည်းစဥ် ဆိုတာ မြန်မာ အက္ခရာ ``က" ကနေ ``အ" အထိ အစဥ်လိုက် စီတာကို ခေါ်ဆိုတာပါ ။

သရစဥ် ဆိုတာကတော့
``အ၊အိ၊အု၊အေ၊အဲ၊အော၊အံ၊အို"
ဆိုတဲ့ သရ ရှစ်မျိုးရှိပါတယ်။
အောက်က ပုံတွေကနေ လေ့လာလို့ရပါတယ်။

အသတ်စဥ် ကို အတ်ိုကောက်အနေနဲ့ မှတ်မယ်ဆိုရင်

``ကို ၊ ငယ် ၊ စိတ် ၊ ညစ် ၊ တယ် ၊
နောက် ၊ ပိုး ၊ မယ် ၊ ယုံ" လို့ မှတ်လို့ရတယ်။

အသတ်စဥ် အစဥ်လိုက်စီမယ်ဆိုရင် အရင်ဆုံး
က' သတ် ၊ နောက် င'သတ် ၊ နောက် တ' သတ် ၊ နောက် ည' သတ် ။ အထူးသတိထားရမှာက ည ' အက္ခရာ ရဲ့ ရှေ့မှာ ဉ' ကလေး ရှိတယ်ဆိုတာပါပဲ။ ဉ' ကလေး ညကလေး' သတ်ကို အရင်စီရပါမယ်။
ထို့နောက် တ'သတ် ၊ န' သတ် ၊ ပ' သတ် ၊ မ' သတ် ၊ ယ' သတ် ပါ ။ ယုံ' ကာရန်သည် အုံ' ကာရန်ပါ ။ နောက် အုမ်း' နဲ့လည်း သက်ဆိုင်ပါတယ် ။ အုံ ၊ အုံ့ ၊ အုံး' ပါ ။ ပုံတွင်လည်း လေ့လာလို့ ရပါတယ်။

အက္ခရာစဥ် လေးမျိုးမှာ လူတိုင်းကြောက်တဲ့
အက္ခရာစဥ်က ဗျည်းတွဲစဥ်ပါ ။
ဗျည်းတွဲစဥ် တွေကတော့
`
ပင့် ၊ ရစ် ၊ ဆွဲ ၊ ထိုး ၊ ပင့်ဆွဲ ၊ ရစ်ဆွဲ ၊ ပင့်ထိုး ၊
ရစ်ထိုး ၊ ဆွဲထိုး ၊ ပင့်ဆွဲထိုး ၊ ရစ်ဆွဲထိုး "
ဆိုတာတွေပါပဲ ။
တကယ်တော့ သေသေချာချာ စိတ်အေးအေးနဲ့ လေ့လာမယ် ၊ အာရုံစိုက်မယ်ဆိုရင် မခက်ခဲပါဘူး ။
အဝေးသင်တွေ မှာ ဆိုရင်တော့
လေ့ကျင့်ခန်းတွေနဲ့ လေ့ကျင့်လို့ ရတယ် ။
ဒါပေမယ့် ကျွမ်းကျင် သွားရင်တော့
အက္ခရာစဥ် ဆိုတာ ထမင်းစားရေသောက်သာသာပါ။

တကယ်လည်း အသုံးဝင် ၊ အသုံးတည့်နေမှာပါ ။
ကိုယ်တိုင် လေ့လာ ၊ လေ့ကျင့် ကြည့်ကြပါ။
စာအုပ်တစ်အုပ်ရဲ့ မာတ်ိကာတ်ိုင်း ၊ ခေါင်းစဥ်တိုင်း ၊ စကားလုံးတ်ိုင်း ဟာ မြန်မာ အက္ခရာစဥ်နည်း တွေအတိုင်း အသုံးပြုထားတာပါ ။
မြန်မာအဘိဓာန်တွေ ရှာတဲ့အခါ မှာ လည်း လွယ်ကူ လျှင်မြန်စွာ ရှာဖွေ နိူင်ပါလိမ့်မယ် ။

ကျွန်တော် ရှေ့မှာ တင်ပေးခဲ့တဲ့
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွေ နဲ့
အက္ခရာစဥ်အတွက် လေ့လာရန် ဆိုသည့်
ပို့စ်တွေ တင်ပေးခဲ့ပါတယ် ။
ဆက်လက်လေ့လာကြည့်ရင် သိပါလိမ့်မယ်။

ဒါကတော့ ကျွန်တော်နားလည်သလို ပြန်လည်
မျှဝေလိုက်တာပါ ။
ကျွန်တော်ကတော့ အက္ခရာစဥ်ကို အတော်လေး နားလည်ပြီလို့ လက်ခံထားမိပါတယ်။
လိုအပ်ချက်များစွာလည်း ရှိမှာပါ ။
မိတ်ဆွေတို့ရဲ့ အလွယ်မှတ် ၊ နားလည်ထားတဲ့
အက္ခရာ စဥ်တွေ နဲ့ ပတ်သက်တာတွေလည်း
ရှိရင် မျှဝေပေးကြပါလို့ မေတ္တာ ရပ်ပါတယ်။

လေးစားလျက်
ဆ ရာ တိမ် ထွဋ် ခေါင်
📖 မြန်မာအက္ခရာစဉ် 📖

မြန်မာစာပေကို အခြေခံကျကျ လေ့လာသိရှိစေရန် အလွန်အရေးပါသည့် အက္ခရာစဉ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

#မြန်မာစာ_အက္ခရာစဥ်နည်း
----------
အစိုးရအလုပ်စာမေးပွဲတွေမှာ မေးလေ့ရှိတဲ့ အက္ခရာစဥ်နည်းပါ။ စဥ်နည်းသိရင် လွယ်လွယ်နဲ့ ၁၀ မှတ် အပြည့်ရနိုင်ပါတယ်။ ဒါပေမဲ့ တစ်လုံးမှားရင်လဲ ၁၀ မှတ်လုံး ပြုတ်နိုင်ပါတယ်။

အက္ခရာစဥ်ရာမှာ အဆင့် (၄) ဆင့်ရှိပါတယ်
(၁) ဗျည်းစဥ်
(၂) သရစဉ်
(၃) အသတ်စဥ်
(၄) ဗျည်းတွဲစဥ် ဆိုပြီး ဒီ (၄)ဆင့်ကို အစဥ်လိုက် စီရမှာပါ

(၁) ဗျည်းစဥ်
❤3
ပထမဆုံး ပေးထားတဲ့ စကားလုံးတွေကို မြန်မာဗျည်း (၃၃) လုံးအစဥ်လိုက်အတိုင်း (က မှ အ) အထိ အကြမ်း အရင်စဥ်လိုက်ပါ
ချွင်းချက် - ညကလေး နဲ့ ညကြီး နှစ်ခုပါလာပါက ညကလေးကို အရင်စဥ် ပြီးမှ ညကြီး ကိုစဥ်

ဥပမာ- ညီမျှ ၊ ဥာတိ
အဖြေ - ဥာတိ ၊ ညီမျှ

ထိုသို့ ဗျည်းစဥ်အတိုင်း စဥ်ပြီးရင်တော့ ပေးထားတဲ့ စကားလုံးတွေရဲ့ ရှေ.ဆုံး စာလုံးကိုကြည့်ပြီး အောက်ဖော်ပြပါ အချက် ၂ ၊ ၃ ၊ ၄ အတိုင်းဆက်စဥ်ပါ

( ၂) သရ စဉ်

သရစဥ်တွင် အခြေခံသရ ၈ လုံးရှိပါတယ်။
အ၊အိ၊အု၊အေ၊အဲ၊အော၊အံ၊အို။
(သ၊တိ၊ပြု၊နေ၊ဆဲ၊ဒေါ၊သံ၊ပို)
ထို ၈ လုံးကို ပွားလိုက်ရင် ၂၂ လုံးရပါတယ်။

အ၊ အာ၊ အား
အိ၊ အီ၊ အီး
အု၊ အူ၊ အူး(ဦး)
အေ၊ အေ့၊ အေး
အဲ၊ အဲ့ -၊ -----
အော၊ အော့၊ အော်
အံ၊ အံ့၊ -----
အို၊ အို့၊ အိုး

ထိုသရစဥ်များအတိုင်းစဥ်ရပါမယ်

အိ နဲ့ ဣ ...ယှဥ်လာရင် .....အိ ပြီး မှ ဣ
ဣ နဲ့ ၏ ... ယှဥ်လာရင်..... ဣ ပြီး မှ ၏
အု နဲ့ ဥ ...ယှဥ်လာရင် .....အု ပြီး မှ ဥ
အူ နဲ့ ဦ ...ယှဥ်လာရင် .....အူ ပြီး မှ ဦ
အေ နဲ့ ဧ ...ယှဥ်လာရင် .....အေ ပြီးမှ ဧ
အော နဲ့ သြ ...ယှဥ်လာရင် .....အော ပြီးမှ သြ
အော် နဲ့ သြော် ...ယှဥ်လာရင် .....အော် ပြီးမှ သြော်

(ရှေ.ဆုံး စာလုံးက ဗျည်းစဥ်ရော သရစဥ်ပါ တူနေရင် ဒုတိယစာလုံးကို ကြည့် ဗျည်းစဥ် အရင်စဥ်ပါ
ဗျည်းချင်းတူရင် သရစဥ် အသတ်စဥ် ဗျည်းတွဲစဥ် တွေကြည့်ပြီး စဥ်ရပါမယ်)

(၃) အသတ်စဥ်

အသတ်စဥ်ကိုလည်း မြန်မာဗျည်း က မှ အ အထိ အစဥ်တိုင်းစဥ်ပါတယ်
အသုံးများသော အသတ်များ-
(က် ၊ င် ၊ စ် ၊ ဥ် ၊ ည် ၊ တ် ၊ န် ၊ ပ် ၊ မ် ၊ ယ်)


က်၊....၊....၊....၊င်
စ်၊....၊....၊....၊ဉ်၊ည်
တ်၊....၊....၊....၊န်
ပ် ၊....၊....၊....၊မ် ၊ ( ုံ)
ယ်၊....၊....၊....၊

[ ထိုအသတ်ဆယ်မျိုးကို "အ၊အိ၊အု၊အော၊အို" ဟူသော သရ ၅ လုံးနှင့် ပေါင်းစပ်ပါက ပေါင်းနိုင်သမျှ အသတ်ကာရန်များကို ရပါတယ်

-က်
အက်၊ အုက်၊ အောက်၊ အိုက်

-င်
အင်(အင့်၊ အင်း)၊ အောင်(အောင့်၊ အောင်း)၊ အိုင်(အိုင့်၊ အိုင်း)

-စ်
အစ်

-ဉ်
အဉ်(အဥ့်၊ အဉ်း)

-ည်
အည်(အည့်၊ အည်း)

-တ်
အတ်၊ အိတ်၊ အုတ်

-န်
အန်(အန့်၊ အန်း)၊ အိန်(အိန့်၊ အိန်း)၊ အုန်(အုန့်၊ အုန်း)

-ပ်
အပ်၊ အိပ်၊ အုပ်

-မ်
အမ်(အမ့်၊ အမ်း)၊ အိမ်(အိမ့်၊ အိမ်း)၊ အုမ်/အုံ(အုမ့်/အုံ့၊ အုမ်း/အုံ

-ယ်
အယ်

* ဿ = သ် (အသတ်စဥ်တွင်ထည့်စဥ်ပါ)
ပိဿ = ပိသ်သာ

"အုမ် နှင့် အုံ" အတူတူဖြစ်သည်။ အုံ၊ အုံ့၊ အုံး ကို "မ"သတ်ဟုမှတ်ရသည်။ သို့သော် "အုမ်" ပြီးမှ "အုံ" ၊ "အုမ့်" ပြီးမှ "အုံ့" ၊ "အုမ်း" ပြီးမှ "အုံး" စဉ်ရသည်။ ]

❤မှတ်ချက်

ပါဌ်ဆင့်ပုဒ်များ၊ ကင်းစီးပုဒ်များကို ရိုးရိုးအသတ်နှင့် တစ်ပေါင်းတည်းစဉ်ရသည်။
ခတ္တာ = ခတ်တာ (ပါဌ်ဆင့်)
သင်္ဘော = သင်ဘော (ကင်းစီး)

ဒီနေရာမှထပ်ပြီး ချွင်းချက်အနေနဲ့ မှတ်ရမှာက
အဋ္ဌကထာ ၊ ဆဋ္ဌမ စတဲ့စကားလုံးတွေက "ဋ္ဌ" ကိုတွေ.ရင် အသတ်စဥ် လို့ မှတ်ရပါမယ် ဘာလို့လဲဆိုတော့
"ဋ္ဌ" သည် "ဋ နဲ့ ဌ( ထဝန်ဘဲ)" ကို အပေါ်က "ဋ" ကို အောက်က "ဌ" ဆင့်ထားတဲ့ အသတ်ဖြစ်နေလို့ပါ ရိုးရိုး ထဝန်ဘဲ(ဌ) နဲ့ရေးနည်းရော အသံထွက် ဖတ်ရာမှာပါ မတူပါဘူးနော် ဒါလေး သတိထားရပါမယ်

အဋ္ဌကထာ = အဋ်ဌကထာ
ဆဋ္ဌမ = ဆဋ်ဌမ

credit -Htet Wai Aung

[အသတ်တူနေရင် အသတ်ကိုဖယ် သရစဥ်အတိုင်း စဥ်]

(၄) ဗျည်းတွဲစဥ်

တစ်လုံးဗျည်း
......................
ယပင့် (ျ )
ယရစ် (ြ )
ဝဆွဲ (ွ )
ဟထိုး (ှ )
(ပင့်၊ရစ်၊ဆွဲ၊ထိုး)

(၂) လုံဗျည်း
..................
ယပင့်ဝဆွဲ ( ျွ )
ယရစ်ဝဆွဲ ( ြွ )
ယပင့်ဟထိုး ( ျှ )
ယရစ်ဟထိုး ( ြှ )
ဝဆွဲဟထိုး ( ွှ )
(ပင့်ဆွဲ၊ရစ်ဆွဲ၊ပင့်ထိုး၊ရစ်ထိုး၊ဆွဲထိုး)

(၃)လုံးဗျည်း
....................
ယပင့်ဝဆွဲဟထိုး ( ျွှ )
ယရစ်ဝဆွဲဟထိုး ( ြွှ )
(ပင့်ဆွဲထိုး၊ယစ်ဆွဲထိုး)

ဗျည်းစဥ်ရော ဗျည်းတွဲစဥ် တူနေပါက သရစဥ်အတိုင်း
စဉ်ပါ။
ဥပမာ - ခြံထွက် ၊ ခြူလုံး
ရရစ် ချင်းတူနေတယ် "ခ" ဗျည်းချင်းလည်းတူနေတယ် အဲ့တော့ အဲ့နှစ်ခုကို ချေလိုက်ရင် ခံ နဲ့ ခူ ကျန်မယ် သရစဥ်ကို ပြန်ကြည့်တော့
ံ = အံ ၊ ူ = အူ
အူ ကအရင်လာတော့
အဖြေ - ခြူလုံး ၊ ခြံထွက်

ဥပမာတစ်ခုကို မေးခွန်းဟောင်းထဲကနေ စဥ်ပြပါမယ်
ပိုရှင်းသွားအောင်လို့ပါ

မေးခွန်း
-----

ကချင် ၊ စီးဖြန်း ၊ ခဲဖွယ်ဘောဇဥ် ၊ ခဲဖျက် ၊ စူးစမ်း ၊ ပူးသတ် ၊ ပေတံ ၊ မင်းတိုင်းကျေလုပ် ၊ မောင်းချဓါး ၊
ကာချယ်

အဖြေ (အကြမ်း)
----------

ပထမဆုံး အကြမ်းမှာ ဗျည်းစဥ် အရင်စဥ်မယ် ကျန်တဲ့ ၃ ချက်က နောက်မှစဥ်းစားမယ်

"က"
ကချင် (အ) သရ
ကာချယ် (အာ)သရ

"ခ"
ခဲဖွယ်ဘောဇဥ် (အဲ)သရ
ခဲဖျက် (အဲ)သရ

"စ"
စီးဖြန်း (အီး)သရ
စူးစမ်း (အူး)သရ

"ပ"
ပူးသတ် (အူး)သရ
ပေတံ (အေ)သရ

"မ"
မင်းတိုင်းကျေလုပ် (အင်း)သရ
မောင်းချဓါး (အောင်း)သရ

အခုလို စီပြီးရင်တော့ အခု စီထားတဲ့ အတိုင်းကို ကျန်တဲ့ ၃ ချက်နဲ့ ညှိပြီးပြန်စဥ်မယ်

ကချင်နဲ့ကာချယ်
က = အ
ကာ = အာ
ကချင် ၊ ကာချယ်

ခဲဖွယ်ဘောဇဥ် နဲ့ ခဲဖျက်
ခဲ ချင်းတူနေတော့ နောက်တစ်လုံးကိုကြည့်မယ်
ဗျည်းကို ကြည့်လိုက်တော့ ဖ ချင်းတူနေတယ် အဲ့တော့ ကျန်တာဆက်ကြည့်မယ် ွ (ဝဆွဲ) နဲ့ ျ (ရပင့်)
ရပင့်က အရင်လာတော့
ခဲဖျက် ၊ ခဲဖွယ်ဘောဇဥ်
❤3
စီးဖြန်း နဲ့ စူးစမ်း
စီး = အီး ၊ စူး = အူး
သရစဥ်ကို ပြန်ကြည့်တော့ အီး ကအရင် ပြီးမှ အူး
အဲ့တော့ စီးဖြန်း ၊ စူးစမ်း

ပူးသတ် နဲ့ ပေတံ
ပူး = အူး
ပေ = အေ
သရစဥ်ကို ပြန်ကြည့်တော့ အူး ကအရင် ပြီးမှ အေ
အဲ့တော့ ပူးသတ် ၊ ပေတံ

မင်းတိုင်းကျေလုပ် နဲ့ မောင်းချဓါး
မင်း နဲ့ မောင်း ငသတ်ချင်းတူတော့ "င်" သတ်ကိုဖယ် သရစဥ်တိုင်းစဥ်မယ် မ နဲ့ မော ကျန်မယ်
မ ကအရင်လာတော့
မင်းတိုင်းကျေလုပ် ၊ မောင်းချဓါး

အဖြေ
-----

ကချင်
ကာချယ်
ခဲဖျက်
ခဲဖွယ်ဘောဇဥ်
စီးဖြန်း
စူးစမ်း
ပူးသတ်
ပေတံ
မင်းတိုင်းကျေလုပ်
မောင်းချဓါး

တစ်ဆင့်ချင်း နားလည်အောင်ဖတ်ပြီး လေ့ကျင့်နိုင်ကြပါစေ။

Credit: ⓓⓞⓤⓑⓛⓔ_ⓚ_ⓩⓘⓝ
အက္ခရာစဥ်အကြောင်း
ဂဃနဏ မသိဘဲ
သင်ရိုးသစ်
မြန်မာစာသင်ခန်းစာကို
မသင်ပါနှင့်...

အက္ခရာစဥ် လေးမျိုးရှိတယ်။

၁။ ဗျည်းစဥ်
၂။ သရစဥှ
၃။ အသတ်စဥ်
၄။ ဗျည်းတွဲစဥ်

အောက်ပါပုံတွေကို နားလည်အောင် လေ့လာပြီးရင် အခုပေးထားတဲ့ မေးခွန်းတွေကို လေ့ကျင့်ပါ။

လေ့ကျင့်ရန်မေးခွန်းများ

၁။ ပုန်းညက် ၊ သော်က ၊ ခွာညို ၊ နှင်းဆီ ၊ သရဖီ ၊ ကံ့ကော် ၊ ခရေ ၊ သစ္စာ ၊ အင်ကြင်း ၊ ချယ်ရီ ၊ သဇင် ၊ သစ်ခွ ၊ စပယ် ၊ ပိတောက် ၊ ဒေါန ။

၂။ ညီညွတ် ၊ မျှတ ၊ ဖော်ရွေ ၊ ပျူငှာ ၊ နွေးထွေး ၊ မြူးပျော် ၊ နှောင်ဖွဲ့ ၊ တွယ်တာ ၊ ခုံမင် ၊ နှစ်သက် ၊ ဆီးကြို ၊ တမ်းတ ၊ ပေါင်းဆုံ ၊ လွမ်းဆွတ် ၊ ပျော်မွေ့ ၊ ကြည်နူး ။

၃။ နာရီ ၊ ဘီရို ၊ စားပွဲ ၊ ထိုင်ခုံ ၊ အံဆွဲ ၊ တံခါး ၊ ခန်းဆီး ၊ ပန်းအိုး ၊ လွယ်အိတ် ၊ စာအုပ် ၊ ခဲတံ ၊ ဖောင်တိန် ၊ စက်ဘီး ၊ ဆိုင်ကယ် ၊ သင်ပုန်း ၊ မြေဖြူ ။

အထူးသတိပြုရန်

၁။ အက္ခရာစဥ် မေးခွန်းတွေဟာ ရိုးရိုးလေးမလာဘူး။
ဘယ်လိုပဲ လာလာ အစဥ်လိုက် စီဖို့ပဲ။
ရှေ့အက္ခရာ တူနေရင် ဒုတိယ အက္ခရာချင်း ယှဥ်ရပါမယ်။
ဒုတိယ အက္ခရာ တူရင် တတိယ အက္ခရာ ချင်းယှဥ်ရပါမယ်။

၂။ အက္ခရာစဥ် အစဥ်လိုက်စီ ဆိုတာက ဗျည်းစဥ်ကို ဦးစားပေးပါ။ ဒု တိယ ဦးစားပေးက သရစဥ်ပါ ။ တတိယဦးစားပေးက အသတ်စဥ်ပါ ။ စတုတ္ထဦးစားပေးက ဗျည်းတွဲစဥ်ပါ။

၃။ အက္ခရာတစ်လုံးတည်းပေးရင်တော့ အက္ခရာစဥ် အစဥ်လိုက် စဥ်ရုံပါပဲ ။ အကုန်လုံး ရောသမမွှေလာရင်တော့ သတိသာထားပေတော့ ။

အက္ခရာစဥ်ကို ကျွမ်းကျင်သွားပြီဆိုရင်တော့ မြန်မာ အဘိဓာန် ကြည့်နည်း လည်း ရသွားမယ်။ စာကြည့်တိုက် လုပ်ငန်းတွေလည်း အတော်အတန် နားလည်သွားမယ်။ မြန်မာစာ ၊ မြန်မာစကားနဲ့ ပတ်သက်လာရင် အက္ခရာစဥ် လေးမျိုးနဲ့ နှိုင်းယှဥ်တတ်လာမယ်။ တော်တော်လေး အကျိုး ရှိ အသုံးဝင်ပါတယ်။

တော်သေးပြီ ။

အက္ခရာစဥ်အကြောင်း နားလည်အောင် ရှင်းပြရတာ လက်တွေ ညောင်းလာပြီ ။ ဒီလောက်နဲ့ ပဲ ကျေနပ်ပါ။

သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ အပေါင်းအား
လေးစားလျက်............
❤7
Sociology (လူမှုဗေဒပညာ)
=•=•=•=•=•=•=•=•=•=•=•

Anthropology(မနုဿဗေဒ)၊ Archaeology
(ရှေးဟောင်းသုတေသန)၊ Geography (ပထဝီ)
Economics(စီးပွါးရေး)၊ Law (ဥပဒေ)၊ ဘာသာ
ဗေဒ (Linguistics)၊ Politics(နိုင်ငံရေး)၊ စိတ်ပညာ
(Psychology) နဲ့ လူမှုဗေဒပညာ (Sociology)
ဘာသာရပ်တွေကို Social Sciences (လူမှုရေးသိပ္ပံ)
ဘာသာရပ်များအဖြစ်သတ်မှတ်ထည့်သွင်းလေ့ရှိပါ
တယ်။ လူတွေပါတဲ့၊ လူတွေနဲ့သက်ဆိုင်တဲ့(Social)
အရေးကိစ္စတွေကို သိပ္ပံနည်းကျ လေ့လာကြတဲ့
ဘာသာရပ်တွေဖြစ်လို့ လူမှုရေးသိပ္ပံလို့ခေါ်တာပါ။

တချို့လူများစွာက သိပ္ပံပညာဆိုတာ ဓာတု၊ ဇီဝ၊
ရူပတို့လိုဘာသာရပ်တွေမှ သိပ္ပံပညာလို့ထင်ကြ
ပါတယ်။ တကယ်တော့ သိပ္ပံပညာဆိုတာ ဘာသာ
ရပ်နယ်ပယ်တစ်ခုမဟုတ်ပါ။ လေ့လာတဲ့နည်းသာ
ဖြစ်ပါတယ်။ ဘယ်နယ်ပယ်မှာဘဲ ဖြစ်ဖြစ် တိကျတဲ့
ဓမ္မဓိဌာန်ကျတဲ့ သိပ္ပံနည်းကိုသုံးပြီးလေ့လာရင်
အဲဒီဘာသာရပ်ဟာ သိပ္ပံဘာသာရပ်ဖြစ်သွားပါပြီ။

အဲဒီအထဲမှာ Sociology(လူမှုဗေဒပညာ)ဟာလည်း
လူမှုရေးသိပ္ပံဘာသာရပ်တစ်ခုဖြစ်ပါတယ်။ မြန်မာ
ပြည်မှာ တချိန်က တည်ရှိခဲ့ပေမဲ့ အကြောင်းကြောင်း
ကြောင့် မှေးမှိန်တိမ်မြှုပ်နေခဲ့ရပါတယ်။ ဒီဘက်ခေတ်
မှာ တက္ကသိုလ်သင်ရီုးအဖြစ် ပြန်ရေးဆွဲမယ်လုပ်တော့
Psychologyကလည်းသူနဲ့ဆိုင်တယ်။ Anthropology
ကလည်းသူနဲ့ဆိုင်တယ်။ သူသင်မယ်လုပ်ကြသတဲ့။
ဟုတ်ပါတယ် လူမှုရေးသိပ္ပံဘာသာရပ်တွေဆိုတော့
တချို့ခေါင်းစဉ်တွေက ဆက်စပ်နေပြီးဆိုင်တယ်လို့
ထင်ကြတာပေါ့။ ညီအစ်ကိုမောင်နှမဘာသာရပ်တွေ
လေ။ ဝမ်းကွဲတွေပေါ့။ ညီအကိုမောင်နှစ်မအရင်းတွေ
တော့မဟုတ်ကြပါဘူး။

Sociology လူမှုဗေဒဘာသာရပ်ဟာ သီးခြားတည်ရှိ
တဲ့လူမှုရေးသိပ္ပဘာသာရပ်ပါ။ အခြားလူမှုရေးသိပ္ပ
ဘာသာရပ်တွေနဲ့ လေ့လာတဲ့ခေါင်းစဉ်တွေဆက်နွယ်
နေပေမယ့် ကြည့်မြင်တဲ့ရှုထောင့်ချင်း၊ ချဉ်းကပ်ပုံ
ခြင်းမတူပါဘူး။

တကယ်တော့ Sociology(လူမှုဗေဒပညာ)ဆိုတာ
လူ့အဖွဲ့အစည်းများနဲ့ လူတို့ရဲ့အုပ်စုလိုက်အပြုအမူ
တွေကို သိပ္ပံနည်းကျလေ့လာတဲ့ပညာပဲဖြစ်ပါတယ်။
စိတ်ပညာလိုလူတွေရဲ့တစ်ဦးချင်းအပြုအမူတွေကို
သိပ်စိတ်မဝင်စား မလေ့လာပါဘူး။ ဒါပေမဲ့ တစ်ဦး
ချင်းအပြုအမူကို ဘယ်အချိန်မှာစဉ်းစားလည်းဆို
ရင် လူအဖွဲ့အစည်းကြီးရဲ့ပုံဖော်ပေးမှုကြောင့် လူတွေ
တစ်ဦးချင်းစီရဲ့အပြုအမူတွေ ဘယ်လိုဖြစ်ပျက်ကုန်
သလဲလေ့လာပါတယ်။ ဥပမာ- Psychologyကတော့
လူတွေဘာလို့ ဆေးစွဲ၊ စိတ်ရောဂါဖြစ်လဲ အဖြေရှာ
ရာမှာ လူတစ်ဦးရဲ့ ကိုယ်ရည်ကိုယ်သွေးအားနည်းမှု၊
ငယ်စဉ်ကလေးဘဝက မှားယွင်းတဲ့သင်ယူခဲ့ရမှုတွေ
ကြောင့်လို့ စဉ်းပါတယ်။ Sociology ကတော့ လူအဖွဲ့
အစည်းတစ်ခုဟာ လူတွေရဲ့အောင်မြင်မှုကိုတော့
တန်ဘိုးထားတယ်၊ ဒါပေမဲ့လူတွေကိုအောင်မြင်ဖို့
အခွင့်အလမ်းတွေကိုတော့ လမ်းဖွင့်မပေးဘူးဆိုရင်
လူတွေဟာ ဘေးကြပ်နံကြပ်အခြေအနေကြီးထဲမှာ
ဘာလုပ်ရမှန်းမသိ ထွက်ပေါက် ပိတ်ကုန်ကြပြီး
ဆေးစွဲတာတွေ၊ စိတ်ရောဂါတွေဖြစ်ကုန်မယ်လို့ လူ့
အဖွဲ့အစည်းအပေါ်ချဉ်းကပ်အကြောင်းရှာကြည့်မြင်
ပါလိမ့်မယ်။ Sociology ဟာ လူ့ပြဿနာတွေကို
Microlevel ကချဉ်းကပ်အဖြေရှာရတာထက်
Macro level ကချဉ်းကပ်ရတာကို ပိုကြိက်ပါတယ်။
စိတ်ပညာကတော့ Small group ကိုလေ့လာမှုတွေ၊
စမ်းသပ်မှုသုတေသနနည်းတွေသုံးပေမဲ့
Sociologyကတော့ လွှမ်းခြုံလေ့လာနည်း
(Survey method)၊ ကိုယ်တိုင်ပါဝင်လေ့လာနည်း
(Participant observation )နည်းတွေကို ပိုကြိုက်ပါ
တယ်။

Sociology ဘာသာရပ်ရပ်ဟာ လူအဖွဲ့အစည်းတွေ
ဘယ်လိုဆင့်ကဲပေါ်ပေါက်လာလဲ၊ ရုပ်ယဉ်ကျေးမှုနဲ့
ရုပ်မဲ့ယဉ်ကျေးမှုတွေဘယ်လို့ဆင့်ကဲထွန်းကားလာ
လဲ၊ လူမှုအလွှာတွေ ဘယ်လိုဖွဲ့စည်းပေါ်ပေါက်လာပြီး
လူတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိလဲ၊ ရာဇ
ဝတ်မှုခင်း၊ ကျင့်ဝတ်စည်းကမ်းမလိုက်နာမှုတွေ
ဘာကြောင်ဖြစ်လဲ၊ မိသားစုအဖွဲ့အစည်း၊ စီးပွါးရေး၊
ပညာရေး၊ ဘာသာရေး၊ နိုင်ငံအစိုးရအဖွဲ့အစည်းပေါ်
ပေါက်လာပုံ၊ လူဦးရေဖွဲ့စည်းမှုရဲ့လူတွေအပေါ်
သက်ရောက်မှု၊ မြို့ပြများဖြစ်ပေါ်ပြောင်းလည်းလာမှု
အကြောင်း၊ ကမ္ဘာနိုင်ငံအလွှာအဖွဲ့အစည်းတွေ၊ ပဋိပက္ခတွေ၊ တော်လှန်ရေးတွေ ဘယ်လိုဖြစ်ပေါ်လာလည်းဆို
တာ သူရဲ့ဘာသာရပ်ရှုထောင့်ကနေ ကြည့်မြင်
လေ့လာပါတယ်။

လူတိုင်း လူအဖွဲ့အစည်းထဲကိုဝင်တော့မယ့်လူငယ်တိုင်း
လေ့လာသင့်တဲ့ လူမှုရေးသိပ္ပဘာသာရပ်တစ်ခုဖြစ်ပါ
တယ်။ စိတ်ပညာ ယူတဲ့ကျောင်းသားများလည်း ပိုပြီး
ကျယ်ပြန်စွာ စိတ်ပညာဘာသာရပ်ကို လေ့လာနိုင်ဖို့
Sociology ကိုလည်းတွဲဖက်လေ့လာသင့်ပါတယ်။

အဲဒီအကြောင်းရင်းတွေကြောင့် Sociology ဘာသာရပ်
မိတ်ဆက်စာအုပ်တစ်ရေးဖြစ်ပါတယ်။ ဆုရောင်စဉ်စာ
ပေကထုတ်ဝေပါတယ်။

ဒေါက်တာမြင့်လွင်(စိတ်ပညာ)
❤10👍2
စာမေးပွဲရလဒ်တွေကို မကြည့်ဘဲ ကျောင်းသားတိုင်းကို အတန်းကူးပြောင်းခွင့်ပြုတဲ့ စနစ်ဟာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အားပေးလိုတာကြောင့် ကျင့်သုံးရခြင်း ဖြစ်တယ်ဆိုတဲ့ အဆိုက ကျောင်းသားတွေကို ဝေဖာချပ်နဲ့ တိုက်ဆောက်ခိုင်းလိုက် သလိုပါပဲ။

(၁၂)တန်းရောက်တာနဲ့ တိုက်ပြိုကျပြီပဲ။

စာမလုပ်လည်း အောင်မှာ သိနေတဲ့ ကျောင်းသားကို စာတတ်သွားအောင် သင်ဖို့ အရမ်း လွယ်တယ် ထင်ကြသူများ ကြောင့်သာ ဒီစနစ်ကြီး ဖြစ်လာတယ်လို့ ထင်ပါတယ်။

မြန်မာ့သမိုင်းမှာ သင်ခဲ့ရတယ်။ ကိုလိုနီခေတ်က အင်္ဂလိပ် အုပ်စိုးသူများက လူတိုင်းတက္ကသိုလ် တက်ဖို့ မလွယ်အောင် လုပ်ပြီး အသိပညာ နိမ့်ကျနေကာ ပညာတတ်နည်းအောင် လုပ်ခဲ့ ကြပါသတဲ့။

ကျွန်တော်တို့နိုင်ငံကနေ အာရှနဲ့ ဥရောပအတွက် အလုပ်ကြမ်းသမားတွေ မွေးထုတ်ပေးနေတဲ့ ရည်ရွယ်ချက်က အတော် အောင်မြင်နေပါပြီနော်။

ကော်လာပြာထက် ကော်လာဖြူတွေ များများထွက်လာအောင် ရည်ရွယ်ပြီး ကျောင်းသားတွေကို စာမသင်ခင်မှာ စာတကယ်တတ်အောင် သင်ယူကြဖို့ နေ့တိုင်း တရားချ နေကြရလို့ ဆရာ/မတွေ စာမသင်ဘဲ တရားပြဆရာ လုပ်ရင် အရမ်းအောင်မြင်ကြမှာ သေချာပါတယ်။

ကိုယ့်သားသမီး အတန်း မှန်မှန်အောင်ရင် တော်ပြီလို့ တွေးမှတ်ထားကြတဲ့ မိဘတွေကို ပြောချင်ပါတယ်။ကိုယ့် မျိုးဆက်ကို ကိုယ့်ထက်နိမ့်ကျစေချင်ရင် အဲ့သလောက်နဲ့ ကျေနပ်ကြပါလို့...

စာသင်ခန်းထဲက စာမေးပွဲရလဒ်တိုင်းကိုလည်း အမှန်လို့ချည်းပဲ ယုံမနေကြနဲ့ဦးနော်...ခေါင်းတွေကို ၃၆၀° လှည့်ပြီး အမှတ်ကောင်းနေတာမျိုးလည်း ရှိတတ်ပါတယ်။

စာမေးပွဲကို စာမေးပွဲနဲ့ တူအောင် စစ်တဲ့ကျောင်း၊ မေးခွန်း နှစ်စုံ ကြိုချပေးပြီး တစ်စုံကိုသာ စစ်တာမျိုး မလုပ်တဲ့ ကျောင်း၊ သင်ရိုးအစကနေ ပြန်ပြန် စစ်နေတဲ့ကျောင်း၊ စာတကယ်တတ်အောင် သင်ပေးတဲ့ စေတနာအားကြီးတဲ့ ဆရာ/မ တွေ များများရှိတဲ့ကျောင်း၊ အဲ့သလို ကျောင်းမျိုးတွေမှာ ထားပါ။ Grade B ထက် ရမှတ်နည်းရင် သည်းမခံဘဲ စာတကယ်တတ်အောင် ပြန်သင်စေဖို့ ဖိအားပေးနိုင်တဲ့ မိဘတွေ ဖြစ်စေချင်ပါတယ်။

ကိုယ်မပြောင်းနိုင်တဲ့ စနစ်ထဲမှာ ကိုယ်စွမ်းနိုင်တာလေးတော့ ဖိလုပ်ကြပါ ခင်ဗျ။

အနှစ်ချုပ်က ကိုယ့်သားသမီးမှ ကိုယ် ပြန်မကယ်နိုင်ရင် ကလေးမမွေးကြနဲ့ လို့ ...မှာချင်ပါတယ် ခင်ဗျာ။

လွန်တာရှိက ဝန္ဒာမိ ပါ ခင်ဗျ

နိုင်ဝင်းလတ်(ဂုဏ်ထူးဇီဝ)
❤27👍5
၁၉၈၈ မတိုင်ခင်ထုတ် ကျောင်းသုံးစာအုပ်တွေ
တင်ထားတဲ့စာ = မှန်အောင် မရေးတတ်ကြသူများ ကကြီးကနေစပြီး သင်ယူပါလေ။
ကွန်မင့်တခု = ဘယ်ကနေရှာပြီးဖတ်ရမလဲ ဆရာ။
ပြန်စာ = ၁၉၈၈ မတိုင်ခင်ထုတ် ကျောင်းသုံးစာအုပ်တွေ
သူငယ်တန်းကနေ တက္ကသိုလ်အထိ အားလုံး ကောင်းတယ်။
၁၉၇၇ တတိယတန်း မြန်မာဖတ်စာသစ် https://www.mediafire.com/file/le9d15nj1awmew5/G3_Myanmar_1977_S.pdf/file
https://drive.google.com/file/d/1L-HptjHK91xNkXMXohStUGWbY2OTHGeM/view?usp=sharing
၁၉၇၂ ခုနှစ်က သူငယ်တန်း မြန်မာသင်ပုန်းကြီး ဖတ်စာသစ် https://www.facebook.com/.../permalink/1113230666279941
၁၉၆၄ ခုနှစ်က ပထမတန်း မြန်မာဖတ်စာသစ် https://www.facebook.com/.../permalink/1114610376141970
၁၉၈၀ ခုနှစ်က ဒုတိယတန်း မြန်မာဖတ်စာသစ် https://www.facebook.com/.../permalink/1115339756069032
၁၉၆ဝ ခုနှစ် မူလတန်း မြန်မာဖတ်စာ https://drive.google.com/file/d/19P05Gc0Lw9BjaKteG49EeqGJD7jiVBlE/view?usp=sharing
၁၉၇၂ ခုနှစ် သူငယ်တန်း မြန်မာသင်ပုန်းကြီး ဖတ်စာသစ် https://drive.google.com/file/d/1DGoOHgZMd0pZmwDWQPVuJx_nA9uK8fZx/view?usp=sharing
၁၉၉၃ မြန်မာ သင်ပုန်းကြီးဖတ်စာ သူငယ်တန်း https://drive.google.com/file/d/10P0ZBScO-a9ZNovD0rYPJ2KJ1c1yE9FS/view?usp=sharing
သင်ပုန်းကြီး လင်္ကာ https://burmese-spelling.blogspot.com/2023/04/blog-post_499.html
ရှေးခေတ်ပညာသင်ကြားမှု နမူနာတခု https://burmese-spelling.blogspot.com/2023/10/blog-post_672.html
ဂဏန်း သင်ပုန်းကြီး https://burmese-spelling.blogspot.com/2024/02/blog-post_478.html
Nursery Rhymes သင်ပုန်းကြီး https://burmese-spelling.blogspot.com/2022/11/nursery-rhymes.html
က ကစွန်းပင် ရေမှာရွှင် https://burmese-spelling.blogspot.com/2023/11/blog-post_677.html
ခေတ်ဟောင်း ကျောင်းသုံးဖတ်စာအုပ်များ (၁) https://burmese-spelling.blogspot.com/2023/08/blog-post_605.html
သူငယ်တန်း ဖတ်စာ https://burmese-spelling.blogspot.com/2024/05/blog-post_331.html
ပထမတန်း မြန်မာဖတ်စာ https://burmese-spelling.blogspot.com/2022/11/blog-post_607.html
Equator Line အီကွေတာ နေရာပြောင်းပြီလော https://burmese-spelling.blogspot.com/2022/12/equator-line.html
KG နှင့် Kg ကျောင်းသုံးစာအုပ် အမှားများထဲက တခု https://burmese-spelling.blogspot.com/2025/01/kg-kg.html
Nursery Rhymes သင်ပုန်းကြီး https://burmese-spelling.blogspot.com/2022/11/nursery-rhymes.html
က ကစွန်းပင် ရေမှာရွှင် https://burmese-spelling.blogspot.com/2023/11/blog-post_677.html
ကျောင်းသုံးစာအုပ်တွေ မှားနေတယ် (၂) https://burmese-spelling.blogspot.com/2025/02/blog-post_204.html
ကျောင်းသုံးစာအုပ်တွေ မှားနေတယ် https://burmese-spelling.blogspot.com/2024/06/blog-post_418.html
ကျောင်းသုံးစာအုပ်တွေကပြောသော နိုင်ငံရေး https://burmese-spelling.blogspot.com/2024/01/blog-post_608.html
ကျောင်းသုံးစာအုပ်ပါ အမှားများ https://burmese-spelling.blogspot.com/2025/01/blog-post_748.html
ခေတ်ဟောင်း ကျောင်းသုံးဖတ်စာအုပ်များ (၁) https://burmese-spelling.blogspot.com/2023/08/blog-post_605.html
ဂဏန်း သင်ပုန်းကြီး https://burmese-spelling.blogspot.com/2024/02/blog-post_478.html
စတုတ္ထတန်းမြန်မာဖတ်စာ https://burmese-spelling.blogspot.com/2022/11/blog-post_553.html
နိုင်ငံတော်အမှား https://burmese-spelling.blogspot.com/2023/05/blog-post_874.html
ပထမတန်း မြန်မာဖတ်စာ https://burmese-spelling.blogspot.com/2022/11/blog-post_607.html
ရှေးခေတ်ပညာသင်ကြားမှု နမူနာတခု https://burmese-spelling.blogspot.com/2023/10/blog-post_672.html
သင်ပုန်းကြီး လင်္ကာ https://burmese-spelling.blogspot.com/2023/04/blog-post_499.html
သူငယ်တန်း ဖတ်စာ https://burmese-spelling.blogspot.com/2024/05/blog-post_331.html
ဒေါက်တာတင့်ဆွေ
❤8👍1
ကြေညာချက်များ
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သင်ရိုးသစ် ပြောင်းလဲပြင်ဆင်မှုများ။

#Myanmareducation
#highlightsシ゚
❤15