Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
18.8K subscribers
3.92K photos
96 videos
1.2K files
510 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
အဓိကမှတ်တမ်းများကို အမျိုးအစား (၇) မျိုးခွဲခြားထားပါသည်။
(၁) ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လက်စွဲစာစောင်များ
(၂) စာချုပ်စာတမ်း၊ သဘောတူညီချက်များ
(၃) ပုံစံ၊ ဓာတ်ပုံ၊ မြေပုံ၊ အသံ/ဗီဒီယိုဖိုင်များ
(၄) သုတေသနစာတမ်း၊ သဘောတူညီချက်များ
(၅) အစီရင်ခံစာ၊ စစ်ဆေးချက်မှတ်တမ်း၊ ငွေစာရင်းများ
(၆) ခေါင်းစဉ်အလိုက် ဖွင့်လှစ်ထားသော စာတွဲ၊ အမှုတွဲများ
(၇) လုပ်ငန်းစီမံချက်များ တို့ဖြစ်ပါသည်။

၂၁။ ပစ္စည်းထားရှိရာတွင် ယေဘုယျ လိုက်နာဆောင်ရွက်ရမည့် မူများကို ဖြေဆိုပါ။
ပစ္စည်းထားရှိရာတွင် အောက်ပါ မူ (၆) ရပ်ကို လိုက်နာရပါမည်။
(၁) ပစ္စည်းအဝင်/အထွက်ကို အမျိုးအမည်၊ အရေအတွက်၊ တန်ဖိုး၊ အကောင်း/အပျက် စသည်တို့နှင့် စာရင်းဇယားပြုလုပ်ရမည်။
(၂) ထုတ်ပေးခွင့်ကို တာဝန်ရှိအရာရှိ၏ ခွင့်ပြုချက်ဖြင့်သာ ပြုလုပ်ရမည်။
(၃) ပြေစာ၊ မိန့်ခွင့်စာများကို စနစ်တကျ ထိန်းသိမ်းရမည်။
(၄) စတိုတာဝန်ခံက မြေပြင်လက်ကျန်နှင့် စာရင်းလက်ကျန် ကိုက်ညီမှု ပုံမှန်စစ်ဆေးရမည်။
(၅) နိုင်ငံပိုင်ပစ္စည်းများကို တာဝန်ခံဝန်ထမ်း၏ ထိန်းသိမ်းမှုအောက်တွင်သာ ထားရှိရမည်။
(၆) ပျက်စီးပစ္စည်းများကို စည်းကမ်းနှင့်အညီ Write-off သို့မဟုတ် Auction ပြုလုပ်ရမည်။

၂၂။ ဘင်းကတ်ပြားတွင် ဖော်ပြရမည့် အချက်ကို ဖြေဆိုပါ။
ဘင်းကတ်ပြားတွင် အောက်ပါ (၉) ချက်ကို ဖော်ပြရပါမည်။
(၁) ပစ္စည်းအမျိုးအမည်
(၂) သင်္ကေတအမှတ် (Code No.)
(၃) ရေတွက်ပုံ (Unit)
(၄) သွင်း/ထုတ်ရက်စွဲ
(၅) ရရှိအရေအတွက်
(၆) ထုတ်ပေးအရေအတွက်
(၇) လက်ကျန်အရေအတွက်
(၈) အနည်းဆုံးထားရှိရန် အရေအတွက် (Minimum Stock)
(၉) မှတ်ချက်

၂၃။ ပစ္စည်းများကို စစ်ဆေးသည့် အရာရှိမှ သတိပြုရမည့် အချက်များကို ဖော်ပြပါ။
ပစ္စည်းစစ်ဆေးရာတွင် အောက်ပါ (၆) ချက်ကို သတိပြုရပါမည်။
(၁) မြေပြင်လက်ကျန်နှင့် စာရင်းလက်ကျန် ကိုက်ညီမှု ရှိ/မရှိ၊
(၂) အသွင်း/အထုတ်တွင် တာဝန်ခံလက်မှတ် ပါ/မပါ၊
(၃) စာရင်းရေးသွင်းမှု မှန်ကန်မှု ရှိ/မရှိ၊
(၄) ပြုပြင်ထိန်းသိမ်းရန် လိုအပ်မှု ရှိ/မရှိ၊
(၅) ပျောက်ဆုံး/ပျက်စီးမှု ရှိ/မရှိ၊
(၆) မီးဘေး/သဘာဝဘေးအန္တရာယ်မှ ကာကွယ်မှု စိတ်ချရမှု ရှိ/မရှိ။

၂၄။ အစုခေါင်းစဉ်နှင့်ပတ်သက်၍ လိုက်နာကျင့်သုံးရမည့် အချက်များကို ဖြေဆိုပါ။
အစုခေါင်းစဉ်နှင့်ပတ်သက်၍ အောက်ပါ (၄) ချက်ကို လိုက်နာရပါမည်။
(၁) စာပိုဒ်၏ အထက် လက်ဝဲဘက်တွင် ရေးရမည်။
(၂) အောက်တွင် မျဉ်းသားရမည်။
(၃) အတိုကောက်စာလုံးများ မသုံးရ။
(၄) နောက်အစုခေါင်းစဉ်မရောက်မီ ဆောင်ရွက်လိုသည့် အချက်အားလုံး ပါဝင်စေရမည်။

၂၅။ မှတ်စုလွှာရေးသားရာတွင် လိုက်နာရမည့် အချက်များကို ဖြေဆိုပါ။
မှတ်စုလွှာရေးသားရာတွင် အောက်ပါ (၁၁) ချက်ကို လိုက်နာရပါမည်။
(၁) လိုရင်းတိုရှင်း သပ်ရပ်စွာ ရေးရမည်။
(၂) ရုံးစာရေးသားနည်းအတိုင်း ရေးရမည်။
(၃) မူလစာကို ပုံစံတူကူးယူခြင်း မပြုရ။
(၄) အကျုံးဝင် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ တင်ပြရမည်။
(၅) အလားတူကိစ္စများတွင် ဆုံးဖြတ်ခဲ့သည်များကို သာဓကထည့်ရမည်။
(၆) မှားယွင်းပါက ဥပဒေ/နည်းဥပဒေနှင့် မကိုက်ညီမှုကို ဖော်ပြရမည်။
(၇) ရည်ညွှန်းကိုးကားချက်များ ပြည့်စုံစွာ ဖော်ပြရမည်။
(၈) ဆောင်ရွက်လိုသည်များ၊ မိမိသုံးသပ်ချက်၊ သဘောထားများ ဖော်ပြရမည်။
(၉) စာမူကြမ်း/စာချောကို တစ်ပါတည်း တင်ပြရမည်။
(၁၀) မှတ်စုလွှာကို အမှုတွဲတွင် ကတ်ပြားတွဲ၍ တင်ပြရမည်။
(၁၁) ပင်အပ်နှင့်ကလစ်တွဲရာတွင် လက်ဝဲထောင့်မှ ဖြတ်ထိုးပြီး အပ်ဖျားနစ်မြုပ်နေရမည်။ ကလစ်ညှပ်ရာတွင် လက်ဝဲဘေးမျဉ်းပေါ်တွင် ကပ်ကျစေရမည်။ အလံများ ထပ်မနေဘဲ အစွန်းထွက်နေရမည်။

၂၆။ စာအမှတ်တပ်ရာတွင် လိုက်နာရမည့် စည်းမျဉ်းများကို ဖြေဆိုပါ။
စာအမှတ်တပ်ရာတွင် အောက်ပါ စည်းမျဉ်း (၅) ရပ်ကို လိုက်နာရပါမည်။
(၁) စာအမှတ်ကို စာရွက်၏ လက်ဝဲဘက်အထက်ထောင့်တွင် ရုံးတံဆိပ်အတွင်း ရေးရမည်။
(၂) ပြက္ခဒိန်နှစ်အလိုက် အမှတ်စဉ်တပ်ရမည်။ ဥပမာ – ၁၀၁/က(၁)/၂၀၂၅။
(၃) ဌာနအလိုက် သီးခြားအမှတ်စဉ်တပ်ရမည်။
(၄) လျှို့ဝှက်စာများတွင် လျှို့ဝှက်အဆင့်ကို စာအမှတ်အောက် ရေးရမည်။
(၅) စာအမှတ်တစ်ခုကို တစ်ကြိမ်သာ အသုံးပြုရမည်။ ထပ်မံအသုံးပြုခြင်း မပြုရ။

၂၇။ ရုံးစာရေးသားရာတွင် စာပိုဒ်ခွဲရေးသားနည်းကို ဖြေဆိုပါ။
ရုံးစာရေးသားရာတွင် စာပိုဒ်ခွဲရေးသားရာတွင် အောက်ပါအတိုင်း ဆောင်ရွက်ရပါမည်။
(၁) စာပိုဒ်ခွဲကို အာရပ်ဂဏန်းဖြင့် ရေးရမည်။
(၂) စာပိုဒ်ခွဲတစ်ခုလျှင် အကြောင်းအရာတစ်ခုသာ ဖော်ပြရမည်။
(၃) စာပိုဒ်ခွဲအောက်တွင် မျဉ်းသားရမည်။
(၄) စာပိုဒ်ခွဲအတွင်း အချက်ခွဲများကို အင်္ဂလိပ်စာလုံးငယ်ဖြင့် ရေးရမည်။ ဥပမာ – (a) (b) (c)
(၅) စာပိုဒ်ခွဲများကို တစ်ပိုဒ်လျှင် (၅) ခုထက် မပိုစေရ။ ပိုပါက နောက်စာပိုဒ်ခွဲ ဖွင့်ရမည်။

၂၈။ စာချွန်လွှာတွင် ဖော်ပြရမည့် အချက်များကို ဖြေဆိုပါ။
စာချွန်လွှာတွင် အောက်ပါ (၈) ချက်ကို ဖော်ပြရပါမည်။
(၁) စာချွန်လွှာအမှတ်စဉ်
(၂) ရက်စွဲ
(၃) ချွန်ချာရှင်၏ အမည်၊ ရာထူး၊ ဌာန
(၄) ချွန်ချာရှင်၏ လက်မှတ်
(၅) ငွေထုတ်ယူရမည့် ဘဏ်/ဘဏ်ခွဲ
(၆) ထုတ်ယူရမည့် ငွေပမာဏ (ဂဏန်းနှင့် စာဖြင့်)
(၇) ငွေထုတ်ယူရသည့် အကြောင်းအရာ
(၈) ဘဏ်စာရင်းနံပါတ် (Account No.)

၂၉။ ငွေစာရင်းစစ်ဆေးရာတွင် စစ်ဆေးရမည့် အချက်များကို ဖြေဆိုပါ။
ငွေစာရင်းစစ်ဆေးရာတွင် အောက်ပါ (၇) ချက်ကို စစ်ဆေးရပါမည်။
(၁) ငွေစာရင်းဇယားနှင့် ငွေလက်ကျန် ကိုက်ညီမှု
(၂) ငွေထုတ်ပုံစံများတွင် လက်မှတ်ပြည့်စုံမှု
(၃) ငွေထုတ်ခွင့်ပြုချက် ရှိ/မရှိ
(၄) ငွေသွင်းပြေစာများ စနစ်တကျ ထားရှိမှု
(၅) ဘဏ်စာရင်းထုတ်ပြန်ချက်နှင့် စာရင်းဇယား ကိုက်ညီမှု
(၆) ငွေလက်ကျန်ကို လုံခြုံစွာ သိမ်းဆည်းထားမှု
(၇) ငွေစာရင်းမှတ်တမ်းများ ပြည့်စုံမှု

၃၀။ ရုံးစာရေးသားရာတွင် စာပိုဒ်ချင်းကြား ကွက်လပ်ထားရှိမှုကို ဖြေဆိုပါ။
ရုံးစာရေးသားရာတွင် စာပိုဒ်ချင်းကြား ကွက်လပ်ကို အောက်ပါအတိုင်း ထားရပါမည်။
(၁) စာပိုဒ်တစ်ပိုဒ်နှင့် နောက်စာပိုဒ်ကြား – စာကြောင်း (၂) ကြောင်း ကွက်လပ်ထား။
(၂) အစုခေါင်းစဉ်နှင့် စာပိုဒ်ကြား – စာကြောင်း (၃) ကြောင်း ကွက်လပ်ထား။
(၃) စာရွက်အသစ်တွင် စတင်ရေးသားပါက – အထက်ဘောင်မှ (၂) လက်မခန့် ချန်ထား။
(၄) စာရွက်ဘယ်ဘက်နှင့် ညာဘက်ဘောင် – (၁) လက်မစီ ချန်ထား။

၃၁။ အမိန့်ကြော်ငြာစာတွင် ပါဝင်ရမည့် အချက်များကို ဖြေဆိုပါ။
အမိန့်ကြော်ငြာစာတွင် အောက်ပါ (၆) ချက်ကို ဖော်ပြရပါမည်။
(၁) အမိန့်ကြော်ငြာစာ အမှတ်စဉ်နှင့် ရက်စွဲ
(၂) ထုတ်ပြန်သည့် ဌာန/အဖွဲ့အစည်း
(၃) ကြော်ငြာရသည့် အကြောင်းအရာ
(၄) အမိန့်ကြော်ငြာစာ အကျုံးဝင်သူ/ဌာနများ
(၅) အကျိုးသက်ရောက်မည့် ရက်စွဲ
(၆) ထုတ်ပြန်သူ၏ အမည်၊ ရာထူး၊ လက်မှတ်

၃၂။ အစိုးရဝန်ထမ်းများ၏ တာဝန်ခံမှုဆိုသည်မှာ အဘယ်နည်း။
အစိုးရဝန်ထမ်းများ၏ တာဝန်ခံမှုဆိုသည်မှာ ဝန်ထမ်းတစ်ဦးသည် မိမိဆောင်ရွက်ချက်များနှင့် ဆုံးဖြတ်ချက်များအတွက် ဥပဒေ၊ စည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ တာဝန်ယူရခြင်း၊ တာဝန်ခံရခြင်းကို ဆိုလိုပါသည်။ ၎င်းတွင် အုပ်ချုပ်ရေးဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ၊ ဥပဒေရေးရာတာဝန်ခံမှု (၃) ရပ် ပါဝင်ပါသည်။

၃၃။ ရုံးတွင်း စာပေးစာယူပုံစံ (U.O. Note) တွင် ပါဝင်ရမည့် အချက်များကို ဖြေဆိုပါ။
ရုံးတွင်းစာပေးစာယူပုံစံ (U.O. Note) တွင် အောက်ပါ (၇) ချက်ကို ဖော်ပြရပါမည်။
(၁) ပေးပို့သည့် ဌာန/ပုဂ္ဂိုလ်
(၂) လက်ခံရမည့် ဌာန/ပုဂ္ဂိုလ်
(၃) U.O. Note အမှတ်စဉ်နှင့် ရက်စွဲ
(၄) အကြောင်းအရာ (Subject)
(၅) တင်ပြလိုသည့် အကြောင်းအရာ
(၆) လိုအပ်သည့် ဆောင်ရွက်ချက်
(၇) ပေးပို့သူ၏ အမည်၊ ရာထူး၊ လက်မှတ်

၃၄။ စာဖြင့် ဆက်သွယ်ရာတွင် အားသာချက်များကို ဖြေဆိုပါ။
စာဖြင့် ဆက်သွယ်ခြင်း၏ အားသာချက် (၅) ရပ်မှာ –
(၁) မှတ်တမ်းတစ်ခု ကျန်ရစ်နိုင်ခြင်း
(၂) အကွာအဝေးများပြီး ဆက်သွယ်နိုင်ခြင်း
(၃) တစ်ပြိုင်နက် လူများစွာထံ ပေးပို့နိုင်ခြင်း
(၄) တရားဝင်မှုရှိခြင်း
(၅) နောင်ကိုးကားရန် အဆင်ပြေခြင်း တို့ဖြစ်ပါသည်။

၃၅။ စာဖြင့် ဆက်သွယ်ရာတွင် အားနည်းချက်များကို ဖြေဆိုပါ။
စာဖြင့် ဆက်သွယ်ခြင်း၏ အားနည်းချက် (၄) ရပ်မှာ –
(၁) အချိန်ကြန့်ကြာနိုင်ခြင်း
(၂) ချက်ချင်းတုံ့ပြန်မှု မရရှိနိုင်ခြင်း
(၃) စာရေးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုမှု ကွဲလွဲနိုင်ခြင်း
(၄) လျှို့ဝှက်အချက်များ ပေါက်ကြားနိုင်ခြင်း တို့ဖြစ်ပါသည်။

၃၆။ ရုံးလက်စွဲစာအုပ်တွင် ပါဝင်ရမည့် အခန်းများကို ဖြေဆိုပါ။
ရုံးလက်စွဲစာအုပ်တွင် အောက်ပါ အခန်း (၁၀) ခန်း ပါဝင်ရပါမည်။
(၁) ရုံးဖွင့်လှစ်ချိန်၊ ပိတ်ချိန်
(၂) ရုံးတက်/ရုံးဆင်းချိန်၊ ခွင့်ခံစားခွင့်
(၃) စာပေးစာယူနည်းစနစ်
(၄) စာရွက်စာတမ်း ထိန်းသိမ်းနည်း
(၅) ပစ္စည်းစီမံခန့်ခွဲမှု
(၆) ငွေစာရင်းစီမံခန့်ခွဲမှု
(၇) လုံခြုံရေးနှင့် သန့်ရှင်းရေး
(၈) ဝန်ထမ်းတာဝန်နှင့် စည်းကမ်း
(၉) အရေးပေါ်အခြေအေန ဆောင်ရွက်နည်း
(၁၀) အခြားအထူးညွှန်ကြားချက်များ

နပေတိုး
ရုံးစာရေးကြီး
❤1
၂၀၂၅ ခုနှစ်၊ ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်
၂၀၂၅ ခုနှစ်၊ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် ဆောင်ပုဒ်
ဌစ များ
English တွေ မြန်မာလိုပြန်နေရတာ ပျင်းလာလို့ မြန်မာစာကို မြန်မာလို ပြန်တင်ပေးလိုက်ပါတယ်ဗျ။
ဦးစီးဌာနများဖြစ်တဲ့အတွက်ဦးစီးဌာနစာရင်းထားနည်း ပုံစံ ၁၆ ခုရှိပါတယ်

ဌစ စာရင်းများလို့ခေါ်ပါတယ်

ဌစ - ၁
ဘဏ်စာရင်းဖွင့်လှစ်ရန် သက်ဆိုင်ရာဦးစီး
ဌာန ခွင့်ပြုမိန့်ချမှတ်ပေးရပါမည်။
ဌာနဆိုင်ရာငွေထုတ်စာရင်း Drawing Account
ဖွင့်လှစ်ပေးရန်ကိစ္စ ( အမှာစာ)

ဌစ. ၂
သုံးလပတ်အတွက် ငွေသားလိုအပ်ချက်စာရင်းဇယား

ဌစ.၃
ရန်ပုံငွေလွှဲအပ်စာရင်း ဖွင့်လှစ်ခြင်း

ဌစ.၄
ချက်လက်မှတ် သိုလှောင်မှတ်ပုံတင်

ဌစ.၅
ငွေစာရင်းစာအုပ်

ဌစ.၆
ငွေစာရင်းစာအုပ် လက်ကျန်ရှင်းတမ်း

ဌစ.၇
ဘဏ်ရငွေစာရင်းစာအုပ်

ဌစ .၈
ဘဏ်ပေးငွေစာရင်းစာအုပ်

ဌစ.၉
ငွေစာရင်းစာအုပ်အလိုက်အခြေပြစာရင်း

ဌစ .၁၀
လစဉ်ငွေစာရင်းရှင်းတမ်း

ဌစ . ၁၁
ဘဏ်နှင့်လစဉ်စာရင်းညိုနှိုင်းမှုဇယား

ဌစ .၁၂
ကြွေးမြီနှင့်အပ်ငွေခေါင်းစဉ်အတွက်အပေါင်းအနှုတ်ဇယား

ဌစ .၁၃
အသေးအဖွဲသုံးငွေစာရင်းစာအုပ်

ဌစ . ၁၄
ကြိုတင်ထုတ်ပေးငွေစာရင်းစာအုပ်

ဌစ . ၁၅
အပ်ငွေမှတ်ပုံတင်

ဌစ .၁၆
ယာယီစာရင်းအတွက်မှတ်ပုံတင်စာအုပ်

ဌစ ပါဝါပွိုင့်အား ဆရာဦးဝင်းဦး၏ budget management 2016 မှ ယူထားပါတယ်ခဗျ။
❤1