Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
19.1K subscribers
3.92K photos
96 videos
1.2K files
510 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
နိုဝင်ဘာ14ရက်နေ့မှ 16 ရက်နေ့အထိ
#ကျောင်း၃ရက်ဆက်ပိတ်

နိုဝင်ဘာလ14ရက်နေ့သည်အမျိုးသားနေ့ဖြစ်သဖြင့်ကျောင်း၃ရက်ဆက်ပိတ်ပါသည်။

အဆိုပါရက်များတွင်
မူလယ်ထက် ဆရာ/မများအားလုံးသည်
ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းများကို တက်ရောက်ရမည် ဖြစ်ပါသည်။

#အမျိုးသားနေ့
#ကျောင်းပိတ်ရက်
#သင်တန်း
❤5
ပညာရေးဝန်ကြီးဌာနမှ ဖြန့်ဝေထားသည့် တတ်မြောက်မှု #စစ်ဆေးအကဲဖြတ်‌ရမည့်
မူ/လယ်/ထက် အချိန်ဇယားများ။

#မျှဝေသူအားလေးစားစွာဖြင့် #လူရည်ချွန်စာပေ
ဆရာ/ဆရာမတိုင်း သိထားသင့်သည့်
သင်ထောက်ကူအကြောင်းအပြည့်အစုံပါ။

#သင်ထောက်ကူ
ပညာရေးဟာဒယ

ဆရာမကို ချစ်ရေးဆိုမိသောအခါ🤧
------------
ဒီမှာ.....!!!
ရှင်.. မယောင်မလည်နဲ့
ဒီကျောင်းနားမှာ
ဝေ့လည်ဝေ့လည် လုပ်နေတာကြာပြီ။
ကျောင်းထဲကပစ္စည်း
ဘာ.....အလစ်သုတ်မလို့လဲ။

ဟာ....!!!
မ...မဟုတ်ပါဘူး ဆရာမ။
ကျနော်က ...
ကျောင်းထဲကပစ္စည်းစိတ်မဝင်စားဘူး။

ရှင်.....!!!
အာ့ဆို ရှင်က ဘာကိုစိတ်ဝင်စားတာလဲ။

ဆရာမကို.....။

ဘာ....!!!
ကျွန်မကို ဟုတ်လား။

ဟာ....!!!
ဆရာမ စိတ်မဆိုးနဲ့နော်။
ကျနော်...တောင်းပန်ပါတယ်။

ရှင်က ကျွန်မ ကို...
လက်ထပ်ဖို့ရည်ရွယ်ထားသလား။

ခင်ဗျာ.....!!!
ဟို ..... ဟို ....,
အဲလောက်တော့
ကျနော်....မစဉ်းစားရသေးဘူး။

ဒီမှာ....!!!
ကျွန်မတို့ပညာရေးဌာနမှာ
အစမ်းခန့်ဆိုတာမရှိဘူး။
ခန့်မယ်ဆို.....တခါထဲခန့်တယ်။
အဲဒီတော့
ဆရာမကိုရည်းစားထားချင်ရင်
စမ်းသပ်ကာလဆိုတာ မရှိဘူး။
လက်ထပ်ဖို့ သေချာမှ
ရည်းစားစကား လာပြောပါ....,
ဟုတ်ပြီလား....!!!

ဟုတ်ကဲ့....ဆရာမ

ဒါဆို....‌ေနပါဦး။

စကားပြောလို့မပြီးသေးဘူး ရှင့်။
ဆရာမကိုလက်ထပ်မယ်ဆိုရင်
ဒါတွေပါ.....စဉ်းစားထားပါနော်...,

ဟုတ်ကဲ့.....ပြောပါခင်ဗျာ။

ကျွန်မတို့က
၅ နှစ်တစ်ကြိမ် မဲရုံမှုး လုပ်ရတယ်။
ပြည်ထောင်စုနေ့
လွတ်လပ်ရေးနေ့
အာဇာနည်နေ့
ဒီဇင်ဘာအားကစားလလမ်းလျှောက်ပွဲ
မနက် ၄ နာရီထပြီး ကျွန်မကို
လိုက်ပို့ရမယ်.....,
မဲရုံမှာ
ညဉ့်နက်နေရင် ညအိပ်စောင့်ပေးရမယ်

စနေ/တနင်္ဂနွေပိတ်ရက်ဆိုတာ
ရှိတော့......ရှိတယ်။
လိုအပ်ရင်
စနေဖြစ်ဖြစ်
တနင်္ဂနွေဖြစ်ဖြစ်ကျောင်းတက်ရတယ်။
စနေ/တနင်္ဂနွေရယ်လို့
အတူနေရမယ်.......မထင်နဲ့။

ကျောင်းပြင်ပ ပညာရေးအတွက်
ရပ်ကွက်ထဲမှာတအိမ်တက်ဆင်း
ကျောင်းသားစာရင်းလိုက်ကောက်တဲ့အခါ ...လိုအပ်တဲ့အခါ
ရှင်.....လိုက်သင့်ရင်လိုက်ရမယ်။
အမူးသမားတွေ အိမ်မှာ
စာရင်းကောက်တဲ့အခါအရစ်ခံရတာများတယ်။

ရှင်....ကွန်ပျူတာစာစီစာရိုက်ကော ရလား....မေးခွန်းနဲ့
အမှတ်ပေးစည်းမျဉ်းက
အလှည့်ကျရေးရတာ
အပြင်မှာမပေါက်ကြားအောင်
အိမ်မှာပဲ.......စာစီရတာ။
ကွန်ပျူတာကျွမ်းအောင် လုပ်ထားပါ။

နောက်ပြီး
လစဉ်ဖြေတဲ့ရမှတ်တွေ
ခုနှစ်ကြိမ်ပေါင်း
ခုနှစ်နဲ့စား
ပျမ်းမျှရှာ။
အပေါင်းအနုတ်
အမြှောက်အစား
ရှင်......ကျွမ်းကျင်ရဲ့လား။
လိုအပ်ရင်
ရှင်......ကူလုပ်ရမယ်။

ထမင်းဟင်းကတော့
အမြဲတမ်းစိုစိုပြေပြေရှိမှာမဟုတ်ဘူး။
လိုအပ်ရင် ကိုယ်တိုင်......ဝင်ချက်ရမယ်...,
အဝတ်အစားလျှော်ဖွပ်တာ
မီးပူတိုက်တာ ကျွမ်းကျင်ရဲ့လား။

မယားကလုပ်ပေးလိမ့်မယ်လို့ မမျှော်လင့်နဲ့။
နောက်ဆုံးတစ်ခုက ဆရာမတွေဟာ
ကျောင်းမှာ ပြန်ပြောခွင့်မရသ၍
အိမ်ကျရင် ပေါက်ကွဲလိမ့်မယ်။
ဒါလေးတွေပါ ထည့်စဉ်းစားပါ။

ဗျာ....ဆရာမရယ်.ကျနော်လေ...
ဒီကျောင်းရှေ့ကို
နောက််,မလာတော့ပါဘူးဗျာ,
ကျနော်...
လူပျိုကြီးပဲလုပ်ပါတော့မယ်။

😁😁

ဆုမြတ်ပညာရေး
❤18🥰2
ဘယ်မျိုးဆက်ကလဲ၊ စစ်ဆေးကြည့်ပါ!

မိဘနဲ့ သားသမီးဆက်ဆံရေးဟာ ခေတ်အလိုက် ပြောင်းလဲလာခဲ့ပါတယ်။ တစ်ချိန်တုန်းက အလုပ်ဖြစ်ခဲ့တဲ့ နည်းလမ်းတွေဟာ အခုခေတ်မှာ ဘာလို့ အလုပ်မဖြစ်တော့လဲဆိုတာ သိနိုင်ဖို့ မိမိတို့ရဲ့ မျိုးဆက်အလိုက် ကြီးပြင်းလာပုံကို ပြန်ကြည့်ရအောင်။

🏚️ မျိုးဆက် ၁ (၁၉၆၀-၇၀ ဝန်းကျင်)

ဒီမျိုးဆက်က မိဘတွေက ကိုယ်ထိလက်ရောက် ဆုံးမခြင်းနဲ့ ပြုစုခဲ့ကြပါတယ်။
"ကလေးဆိုတာ မြင်နေရင် ရပြီ ၊ စကားပြောဖို့ မလိုဘူး" ဆိုတဲ့ စကားကို ကြားရတဲ့ ခေတ်ပါ။ မိဘရဲ့ စကားက ဥပဒေဖြစ်ပြီး၊ အစားအသောက် ရှားပါးပေမယ့် စည်းကမ်းကတော့ အတော်လေး တင်းကျပ်ခဲ့ပါတယ်။

🏢 မျိုးဆက် ၂ (၁၉၈၀-၉၀ ဝန်းကျင်)

ဒီမျိုးဆက်မှာတော့ ကိုယ်ထိလက်ရောက် ဆုံးမတာ နည်းလာပြီး နှုတ်နဲ့ ဆုံးမတာ ပိုများလာပါတယ်။

"စာမကြိုးစားရင် နောင်တစ်ချိန် ဒုက္ခရောက်မယ်" ဆိုတဲ့ ဖိအားတွေနဲ့ ကြီးပြင်းခဲ့ရပါတယ်။ မိဘရဲ့ မျှော်လင့်ချက်တွေဟာ ကလေးတွေအပေါ် လေးလံတဲ့ ဖိအားတွေ ဖြစ်လာခဲ့တဲ့ မျိုးဆက်ပါ။

🏠 မျိုးဆက် ၃ (၂၀၀၀-၁၀ ဝန်းကျင်)

ဒီမျိုးဆက် မိဘတွေက စိတ်ပညာကို အလေးထားပြီး "သားသမီး ပျော်ရွှင်ဖို့ အဓိကပဲ" ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပြုစုခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကောင်းပေမယ့်၊
ဒီမျိုးဆက် ကလေးတွေက မိဘရဲ့ မျှော်လင့်ချက်ကြောင့် စိုးရိမ်စိတ်များတာတွေ၊ ပေါများမှုကြားမှာ ရှုပ်ထွေးတာတွေ စတင်ကြုံတွေ့ရပါတယ်။

🌱 မျိုးဆက် ၄ (၂၀၂၀ ခုနှစ်များ)

ဒီမျိုးဆက်က ကလေးတွေဟာ သတင်းအချက်အလက် လွန်ကဲမှုအောက်မှာ ကြီးပြင်းနေရပါတယ်။
ရွေးချယ်စရာတွေ အဆုံးမရှိအောင် များပြားလွန်းတာကြောင့် ဘာလုပ်ရမှန်းမသိဘဲ ရှုပ်ထွေးနေကြရပါတယ်။

ပေါများမှုအပြင်၊ လူမှုကွန်ရက်ပေါ်က နှိုင်းယှဉ်ဖိအားတွေဟာ သူတို့ရဲ့ စိတ်အပေါ် သက်ရောက်နေပါတယ်။

မျိုးဆက်တိုင်းမှာ စီမံခန့်ခွဲမှု ပုံစံ မတူညီပါဘူး။

**မျိုးဆက် ၁ အတွက် အလုပ်ဖြစ်ခဲ့တဲ့ တင်းကျပ်မှုတွေဟာ မျိုးဆက် ၄ အတွက် စိတ်ဒဏ်ရာ ဖြစ်သွားနိုင်ပါတယ်။

ကလေးတွေ အားနည်းတာ မဟုတ်ဘဲ ကမ္ဘာကြီး ပြောင်းလဲသွားတာ** ဖြစ်ကြောင်း မိဘတို့အနေနဲ့ နားလည်ထားဖို့ အရေးကြီးပါတယ်။

ကိုယ်က မျိုးဆက်ဟောင်းဖြစ်ပေမယ့် သားသမီးက မျိုးဆက်သစ်ဖြစ်တာကြောင့် စည်းမျဉ်းအသစ်ကို သင်ယူပြီး လိုက်လျောညီထွေ ပြုပြင်ထိန်းညှိဖို့ လိုအပ်ပါတယ်။
❤14
သတိပြုဆင်ခြင်ဖွယ်ရာ
အဆင့်မြင့်လူရည်ချွန်
"ကျောင်းအုပ်ကြီး၏ တာဝန် ဝတ္တရားများ"

ကျောင်းဖွံ့ဖြိုးတိုးတက်ရေးသည် ကျောင်း
အုပ်ကြီးအ ပေါ် များစွာ တည်ပါသည်။ကျောင်း
လုပ်ငန်းများ စီမံဆောင် ရွက် ရာတွင် အ
ထောက်အကူ ဖြစ်စေရန် ရည်သန်၍ လိုက်နာ
ဆောင် ရွက်သင့်သည်များကို ဥာဏ်မီသမျှ
စေတနာရှေ့ ထား၍ ရေးသားတင်ပြအပ်ပါသည်။
ဆရာ/မတို့အ နေဖြင့်လည်း မိမိတို့ ခေါင်း
ဆောင်၏ အရည်အ သွေးကို အကဲဖြတ်နိုင်
ကြပါစေ။
၁။စီမံချက်ရေးဆွဲခြင်း
ပညာသင်နှစ်မစမီ မေလဆန်းမှာ တစ်နှစ်တာ
ကျောင်းလုပ်ငန်း စီမံချက်ကို ရေးဆွဲရပါမည်။
လုပ်သက် ရင့်ဆရာများ,အတန်းမှူး,အတန်း
ပိုင် များ,မိဘဆရာ အလုပ်အမှုဆောင်နှင့်
ကျောင်းအကျိုးတော်ဆောင် များ ပါဝင် စေ
ပြီး ညှိနှိုင်းရေးဆွဲရပါမည်။
၂။ရုံးလုပ်ငန်း စီမံခန့်ခွဲခြင်း
ကျောင်းအုပ်ကြီးသည် သင်ကြားရေးနှင့်
ရုံးလုပ်ငန်းများကို တွဲဖက်ဆောင် ရွက် ရပါ
သည်။ရုံးဝန်ထမ်းများက ဆရာ/မများ၏ ပူးပေါင်း
ကူညီမှုကို ရယူပြီး အမှားကင်း၍ တိကျမှန်ကန်
သော စာရင်းများဖြစ်စေရပါမည်။ဆရာများ၏
သင်ကြားရေးတာဝန်ကို မထိခိုက်စေရပါ။
"မည်သူပြုစုသည် ဖြစ်စေ တာဝန်ခံမှာ
ကျောင်းအုပ်ကြီး ဖြစ်ပါသည်"။
၃။တာဝန်ခွဲဝေခြင်း
ရုံးလုပ်ငန်း,သင်ကြားရေးနှင့်ဖွံဖြိုးရေး
တာဝန်များ ခွဲဝေရာတွင် တစ်ဦးချင်းစီ၏ ကျွမ်း
ကျင် မှု,လုပ်ငန်းစွမ်းရည်အလိုက် လူနှင့်
တာဝန် အံဝင် ခွင် ကျ ဖြစ်စေရပါမည်။ဘက်
လိုက်မှုကင်း မျှတခြင်း ရှိရပါမည်။တာဝန်
ထမ်းဆောင် စေရာတွင် လည်း ဝန်ထမ်းများ၏
ကိုယ်ပိုင် အချိန်ကို စာနာတန်ဖိုးထားရပါမည်။
၂၄ နာရီ တာဝန် ရှိသည် ဟူသည့် စကားလုံး
ဖြင့် အာဏာမကျင့်သုံးမိအောင် ဆင်ခြင် ရပါ
မည်။

၄။အောင် ချက်မြင့်မားရေး ဆောင် ရွက်ခြင်း

၅။မိဘများကို ပူးပေါင်းပါဝင် စေခြင်း
"မိဘ,ဆရာ ပူးပေါင်း က လေး ပညာ
ကောင်း"ဆောင် ပုဒ်ကို လက်တွေ့ကျင့်သုံးရ
ပါမည်။
၆။ကျောင်းစည်းကမ်းထိန်းသိမ်းခြင်း
စည်းကမ်းသည် ချုပ်နှောင် သည့်
ကန့်သတ်ချက်များမဟုတ် အလုပ်အောင် ရန်
သတ်မှတ်ချက်များ ဖြစ်ကြောင်း လက်ခံ ယုံ
ကြည်စေရပါမည်။အ ကြောက်တရားနှင့်
မယှဉ်,အသိနှင့်ယှဉ်၍ အစဉ်လိုက်နာခြင်း
ဖြစ် ရပါမည်။ကျောင်းအုပ်ကြီးကိုယ်တိုင် စံနမူနာ
ကောင်း ဖြစ် ရပါမည်။
၇။ကျောင်းပတ်ဝန်းကျင် လုံခြုံရေးနှင့် စိမ်းလန်း
စိုပြည် သန့်ရှင်းသာယာရေး
၈။ရန်ပုံငွေ ရှာဖွေသုံးစွဲခြင်း
ရ ငွေ,ကုန်ငွေ စာရင်းများ စနစ်တကျ ပြုစု
ခြင်း,စာရင်းစစ်ခြင်း,ရှင်းတမ်းတင်ပြခြင်းများ
ပြုရပါမည်။မိဘများ၏ စိတ်ချယုံကြည်မှု ခံယူ
နိုင် ပြီဆိုလျှင် ငွေကြေးကိစ္စ ပြည့်စုံပြေလည်
ပါမည်။
၉။မှတ်တမ်းတင်ခြင်း
လုပ်ဆောင် မှုမှန်သမျှ မှတ်တမ်းထားရ
ပါမည်။အစီရင် ခံ တင်ပြခြင်း ရှိရပါမည်။
အချုပ်အားဖြင့် ဆိုရ သော် တစ်ယောက်
အားနှင့်ယူသော်မရ ,တစ်သောင်းအားနှင့်
ယူသော်ရ၏ စကားနှင့်အညီ ကျောင်းအုပ်ကြီး
၏ မှန်ကန်စွာ ဦးဆောင် မှု,အဖွဲ့ဝင် များ၏
ဆန္ဒတူ ကြည်ဖြူ လိုလားစွာ ပါဝင် မှုစွမ်းအား
ဖြင့် စေတနာထားကြိုးစားလျှင် မုချ အောင်မြင်
မည်ဖြစ်ပါကြောင်း တင်ပြလိုက် ရသည်။
# Photo credit
စာကိုး။ ။ပညာတန်ဆောင် မဂ္ဂဇင်းပါ
ဆရာ တေဇ-ကျောက်ပန်းတောင်း ၏ ဆောင်းပါး
ကို ကိုးကားပါသည်။
❤5