Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
19K subscribers
3.92K photos
96 videos
1.2K files
510 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
လူရည်ချွန်ဖြေဖို့ မြန်မာစာ ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲ?

ကြိုတင်ပြင်ဆင် အောင်ပွဲ၀င် ဆိုသလို လူရည်ချွန်ပြိုင်ချင်တဲ့ ညီလေး ညီမလေးတွေအနေနဲ့ အခုကတည်းက ကြိုတင်ပြင်ဆင်ရမှာလေးတွေကို ပြောပြပေးပါမယ်။

(၁) ခက်ဆစ်
သင်ရိုးစာအုပ်ပါ ခက်ဆစ် တစ်အုပ်လုံးကို ကျေညက်စွား ကျက်မှတ် လေ့ကျင့်ထားရပါမယ်။ တစ်ချို့နှစ်တွေမှာ ခက်ဆစ်၁လုံးကို ၂မှတ်ပေး၍ မေးခဲ့သလို တစ်ချို့နှစ်တွေမှာ ခက်ဆစ်၁လုံးကို ၁မှတ်သာပေး၍ မေးခဲ့ပါတယ်။ ၁မှတ်ကလေးက အစ အလျော့ခံလို့ မရတဲ့ စာမေးပွဲ ဖြစ်တဲ့အတွက် တိတိကျကျ မှတ်သားလေ့ကျင့်ထားသင့်ပါတယ်။

(၂) သဒ္ဒါ
သဒ္ဒါပိုင်းဆိုင်ရာမေးခွန်းတွေကိုတော့ နှစ်စဥ် ပုံစံမတူဘဲ ပုံစံမျိုးစုံနဲ့ မေးလေ့ရှိပါတယ်။ သက်ဆိုင်ရာ အပြောသင်ခန်းစာ အရေးသင်ခန်းစာများမှ မှတ်စုများ သာဓကများ အဓိက အချက်များကို မှတ်သား ကျက်မှတ်ရပါမယ်။ ဒါ့အပြင် သက်ဆိုင်ရာ သဒ္ဒါလေ့ကျင့်ခန်း ၀ါကျ ဖွဲ့စည်းပုံ စာပေရေးသားနည်းတွေကို လေ့ကျင့်ရပါမယ်။

(၃) အလင်္ကာ
Grade 10 11 12 မြန်မာစာမေးခွန်းများမှာ ပုံသေ အမြဲ မေးလေ့မရှိပေမယ့် ကြိုတင်ပြင်ဆင်ရပါမယ်။
ဘယ်နားက စမ်းစမ်း ရနေရမှာဖြစ်လို့ သက်ဆိုင်ရာ သင်ခန်းစာများမှ အလင်္ကာများကို သေချာစွား လေ့ကျင့်ထားသင့်ပါတယ်။

(၄) မေးခွန်းတို
ပုံမှန်အားဖြင့် စာရေးသူတို့ရဲ့ အတ္ထုပတ္တိကို မေးလေ့ရှိပြီး သက်ဆိုင်ရာ စကားပြေ ကဗျာတို့ရဲ့ရှေ့မှာပါရှိတဲ့ အကြောင်းအရာများကို မှတ်စုထုတ်ပြီး နေ့စဥ် ပုံမှန် ဖတ်တာက အထိရောက်ဆုံးနည်းလမ်းပါ။ လူရည်ချွန် မြန်မာစာမေးခွန်းတွေရဲ့ ၆၅% မှာ မေးခွန်းတို မေးမြန်းခဲ့ပါတယ်။

(၅) မေးခွန်းရှည် သို့မဟုတ် မှတ်စုရှည်
မေးခွန်းရှည် အပုဒ်ရှည်တွေကို အလွတ်ကျက်မှတ်တာထက် ကိုယ်တိုင်နားလည်ရှင်းလင်းတင်ပြတာက အမှတ်ပိုရစေပါတယ်။ အပုဒ်ရှည်ကို ပုံမှန်အားဖြင့် အကြောင်းအရာတစ်ပုဒ် အရေးအသားတစ်ပုဒ် မေးလေ့ရှိပါတယ်။ မေးထားတဲ့ခေါင်းစဥ်နဲ့ အံ၀င်ခွင်ကျဖြစ်ပီး အကြောင်းအရာ အရေးအသားပိုကောင်းအောင် ကိုယ်ပိုင်ဉာဏ်နဲ့တင်ပြနိုင်တဲ့သူက အမှတ်ပိုကောင်းပါတယ်။ ထိထိမိမိနဲ့ လိုအပ်တဲ့အချက်အလက်ကို အချိန်မှီတင်ပြနိုင်ဖို့ နေ့စဥ် ၁ပုဒ်စီ ရေးကျင့် ကျင့်ဖို့ လိုအပ်ပါတယ်။ တိုက်ရိုက်ကျက်ဖြေတာမျိုး အားမပေးပါ။

(၆) ပြဇာတ် (Grade 11 & 12)
သင်ရိုးပါ ပြဇာတ် အရေးအသား အကြောင်းအရာကိုလည်း ဖွဲ့နွဲ့ရေးတတ်စေရန် ကြိုတင်ပြင်ဆင်ရပါမယ်

(၇) အဆို အချေ နှင့် စာစီစာကုံး
စာပေအရေးအသားဆိုတာမျိုးက ခုသင် ခုတတ် ခုရမျိုး မဟုတ်တဲ့အတွက် ၁ပတ် ၁ပုဒ် အရေးလေ့ကျင့်ပီး စာစီစာကံူးစာအုပ်တွေကို နေ့စဥ် ၁ရက်၁ပုဒ် ဖတ်မှတ် လေ့လာပြီးတော့ အရေးအသားစွမ်း ရည်ကိုလည်း မြှင့်တင်ထားဖို့လိုပါတယ်
ကဲ ဒီလောက်ဆိုရင်တော့ ညီလေးညီမလေးတို့လည်း လူရည်ချွန်ဖြေဖို့ အဆင်သင့်ဖြစ်ပါပြီနော်😘

#လူရည်ချွန် #LYC #lyc #Luyeechun #luyeechun #လူရည်ချွန်မေးခွန်း #လူရည်ချွန်မြန်မာစာ #မြန်မာစာ #န၀မတန်းစနစ်သစ် #ဒသမတန်းစနစ်သစ် #ဧကာဒသမတန်းစနစ်သစ် #ဒွါဒသမတန်းစနစ်သစ်
❤9
နိုဝင်ဘာ14ရက်နေ့မှ 16 ရက်နေ့အထိ
#ကျောင်း၃ရက်ဆက်ပိတ်

နိုဝင်ဘာလ14ရက်နေ့သည်အမျိုးသားနေ့ဖြစ်သဖြင့်ကျောင်း၃ရက်ဆက်ပိတ်ပါသည်။

အဆိုပါရက်များတွင်
မူလယ်ထက် ဆရာ/မများအားလုံးသည်
ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းများကို တက်ရောက်ရမည် ဖြစ်ပါသည်။

#အမျိုးသားနေ့
#ကျောင်းပိတ်ရက်
#သင်တန်း
❤5
ပညာရေးဝန်ကြီးဌာနမှ ဖြန့်ဝေထားသည့် တတ်မြောက်မှု #စစ်ဆေးအကဲဖြတ်‌ရမည့်
မူ/လယ်/ထက် အချိန်ဇယားများ။

#မျှဝေသူအားလေးစားစွာဖြင့် #လူရည်ချွန်စာပေ
ဆရာ/ဆရာမတိုင်း သိထားသင့်သည့်
သင်ထောက်ကူအကြောင်းအပြည့်အစုံပါ။

#သင်ထောက်ကူ
ပညာရေးဟာဒယ

ဆရာမကို ချစ်ရေးဆိုမိသောအခါ🤧
------------
ဒီမှာ.....!!!
ရှင်.. မယောင်မလည်နဲ့
ဒီကျောင်းနားမှာ
ဝေ့လည်ဝေ့လည် လုပ်နေတာကြာပြီ။
ကျောင်းထဲကပစ္စည်း
ဘာ.....အလစ်သုတ်မလို့လဲ။

ဟာ....!!!
မ...မဟုတ်ပါဘူး ဆရာမ။
ကျနော်က ...
ကျောင်းထဲကပစ္စည်းစိတ်မဝင်စားဘူး။

ရှင်.....!!!
အာ့ဆို ရှင်က ဘာကိုစိတ်ဝင်စားတာလဲ။

ဆရာမကို.....။

ဘာ....!!!
ကျွန်မကို ဟုတ်လား။

ဟာ....!!!
ဆရာမ စိတ်မဆိုးနဲ့နော်။
ကျနော်...တောင်းပန်ပါတယ်။

ရှင်က ကျွန်မ ကို...
လက်ထပ်ဖို့ရည်ရွယ်ထားသလား။

ခင်ဗျာ.....!!!
ဟို ..... ဟို ....,
အဲလောက်တော့
ကျနော်....မစဉ်းစားရသေးဘူး။

ဒီမှာ....!!!
ကျွန်မတို့ပညာရေးဌာနမှာ
အစမ်းခန့်ဆိုတာမရှိဘူး။
ခန့်မယ်ဆို.....တခါထဲခန့်တယ်။
အဲဒီတော့
ဆရာမကိုရည်းစားထားချင်ရင်
စမ်းသပ်ကာလဆိုတာ မရှိဘူး။
လက်ထပ်ဖို့ သေချာမှ
ရည်းစားစကား လာပြောပါ....,
ဟုတ်ပြီလား....!!!

ဟုတ်ကဲ့....ဆရာမ

ဒါဆို....‌ေနပါဦး။

စကားပြောလို့မပြီးသေးဘူး ရှင့်။
ဆရာမကိုလက်ထပ်မယ်ဆိုရင်
ဒါတွေပါ.....စဉ်းစားထားပါနော်...,

ဟုတ်ကဲ့.....ပြောပါခင်ဗျာ။

ကျွန်မတို့က
၅ နှစ်တစ်ကြိမ် မဲရုံမှုး လုပ်ရတယ်။
ပြည်ထောင်စုနေ့
လွတ်လပ်ရေးနေ့
အာဇာနည်နေ့
ဒီဇင်ဘာအားကစားလလမ်းလျှောက်ပွဲ
မနက် ၄ နာရီထပြီး ကျွန်မကို
လိုက်ပို့ရမယ်.....,
မဲရုံမှာ
ညဉ့်နက်နေရင် ညအိပ်စောင့်ပေးရမယ်

စနေ/တနင်္ဂနွေပိတ်ရက်ဆိုတာ
ရှိတော့......ရှိတယ်။
လိုအပ်ရင်
စနေဖြစ်ဖြစ်
တနင်္ဂနွေဖြစ်ဖြစ်ကျောင်းတက်ရတယ်။
စနေ/တနင်္ဂနွေရယ်လို့
အတူနေရမယ်.......မထင်နဲ့။

ကျောင်းပြင်ပ ပညာရေးအတွက်
ရပ်ကွက်ထဲမှာတအိမ်တက်ဆင်း
ကျောင်းသားစာရင်းလိုက်ကောက်တဲ့အခါ ...လိုအပ်တဲ့အခါ
ရှင်.....လိုက်သင့်ရင်လိုက်ရမယ်။
အမူးသမားတွေ အိမ်မှာ
စာရင်းကောက်တဲ့အခါအရစ်ခံရတာများတယ်။

ရှင်....ကွန်ပျူတာစာစီစာရိုက်ကော ရလား....မေးခွန်းနဲ့
အမှတ်ပေးစည်းမျဉ်းက
အလှည့်ကျရေးရတာ
အပြင်မှာမပေါက်ကြားအောင်
အိမ်မှာပဲ.......စာစီရတာ။
ကွန်ပျူတာကျွမ်းအောင် လုပ်ထားပါ။

နောက်ပြီး
လစဉ်ဖြေတဲ့ရမှတ်တွေ
ခုနှစ်ကြိမ်ပေါင်း
ခုနှစ်နဲ့စား
ပျမ်းမျှရှာ။
အပေါင်းအနုတ်
အမြှောက်အစား
ရှင်......ကျွမ်းကျင်ရဲ့လား။
လိုအပ်ရင်
ရှင်......ကူလုပ်ရမယ်။

ထမင်းဟင်းကတော့
အမြဲတမ်းစိုစိုပြေပြေရှိမှာမဟုတ်ဘူး။
လိုအပ်ရင် ကိုယ်တိုင်......ဝင်ချက်ရမယ်...,
အဝတ်အစားလျှော်ဖွပ်တာ
မီးပူတိုက်တာ ကျွမ်းကျင်ရဲ့လား။

မယားကလုပ်ပေးလိမ့်မယ်လို့ မမျှော်လင့်နဲ့။
နောက်ဆုံးတစ်ခုက ဆရာမတွေဟာ
ကျောင်းမှာ ပြန်ပြောခွင့်မရသ၍
အိမ်ကျရင် ပေါက်ကွဲလိမ့်မယ်။
ဒါလေးတွေပါ ထည့်စဉ်းစားပါ။

ဗျာ....ဆရာမရယ်.ကျနော်လေ...
ဒီကျောင်းရှေ့ကို
နောက််,မလာတော့ပါဘူးဗျာ,
ကျနော်...
လူပျိုကြီးပဲလုပ်ပါတော့မယ်။

😁😁

ဆုမြတ်ပညာရေး
❤18🥰2
ဘယ်မျိုးဆက်ကလဲ၊ စစ်ဆေးကြည့်ပါ!

မိဘနဲ့ သားသမီးဆက်ဆံရေးဟာ ခေတ်အလိုက် ပြောင်းလဲလာခဲ့ပါတယ်။ တစ်ချိန်တုန်းက အလုပ်ဖြစ်ခဲ့တဲ့ နည်းလမ်းတွေဟာ အခုခေတ်မှာ ဘာလို့ အလုပ်မဖြစ်တော့လဲဆိုတာ သိနိုင်ဖို့ မိမိတို့ရဲ့ မျိုးဆက်အလိုက် ကြီးပြင်းလာပုံကို ပြန်ကြည့်ရအောင်။

🏚️ မျိုးဆက် ၁ (၁၉၆၀-၇၀ ဝန်းကျင်)

ဒီမျိုးဆက်က မိဘတွေက ကိုယ်ထိလက်ရောက် ဆုံးမခြင်းနဲ့ ပြုစုခဲ့ကြပါတယ်။
"ကလေးဆိုတာ မြင်နေရင် ရပြီ ၊ စကားပြောဖို့ မလိုဘူး" ဆိုတဲ့ စကားကို ကြားရတဲ့ ခေတ်ပါ။ မိဘရဲ့ စကားက ဥပဒေဖြစ်ပြီး၊ အစားအသောက် ရှားပါးပေမယ့် စည်းကမ်းကတော့ အတော်လေး တင်းကျပ်ခဲ့ပါတယ်။

🏢 မျိုးဆက် ၂ (၁၉၈၀-၉၀ ဝန်းကျင်)

ဒီမျိုးဆက်မှာတော့ ကိုယ်ထိလက်ရောက် ဆုံးမတာ နည်းလာပြီး နှုတ်နဲ့ ဆုံးမတာ ပိုများလာပါတယ်။

"စာမကြိုးစားရင် နောင်တစ်ချိန် ဒုက္ခရောက်မယ်" ဆိုတဲ့ ဖိအားတွေနဲ့ ကြီးပြင်းခဲ့ရပါတယ်။ မိဘရဲ့ မျှော်လင့်ချက်တွေဟာ ကလေးတွေအပေါ် လေးလံတဲ့ ဖိအားတွေ ဖြစ်လာခဲ့တဲ့ မျိုးဆက်ပါ။

🏠 မျိုးဆက် ၃ (၂၀၀၀-၁၀ ဝန်းကျင်)

ဒီမျိုးဆက် မိဘတွေက စိတ်ပညာကို အလေးထားပြီး "သားသမီး ပျော်ရွှင်ဖို့ အဓိကပဲ" ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပြုစုခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကောင်းပေမယ့်၊
ဒီမျိုးဆက် ကလေးတွေက မိဘရဲ့ မျှော်လင့်ချက်ကြောင့် စိုးရိမ်စိတ်များတာတွေ၊ ပေါများမှုကြားမှာ ရှုပ်ထွေးတာတွေ စတင်ကြုံတွေ့ရပါတယ်။

🌱 မျိုးဆက် ၄ (၂၀၂၀ ခုနှစ်များ)

ဒီမျိုးဆက်က ကလေးတွေဟာ သတင်းအချက်အလက် လွန်ကဲမှုအောက်မှာ ကြီးပြင်းနေရပါတယ်။
ရွေးချယ်စရာတွေ အဆုံးမရှိအောင် များပြားလွန်းတာကြောင့် ဘာလုပ်ရမှန်းမသိဘဲ ရှုပ်ထွေးနေကြရပါတယ်။

ပေါများမှုအပြင်၊ လူမှုကွန်ရက်ပေါ်က နှိုင်းယှဉ်ဖိအားတွေဟာ သူတို့ရဲ့ စိတ်အပေါ် သက်ရောက်နေပါတယ်။

မျိုးဆက်တိုင်းမှာ စီမံခန့်ခွဲမှု ပုံစံ မတူညီပါဘူး။

**မျိုးဆက် ၁ အတွက် အလုပ်ဖြစ်ခဲ့တဲ့ တင်းကျပ်မှုတွေဟာ မျိုးဆက် ၄ အတွက် စိတ်ဒဏ်ရာ ဖြစ်သွားနိုင်ပါတယ်။

ကလေးတွေ အားနည်းတာ မဟုတ်ဘဲ ကမ္ဘာကြီး ပြောင်းလဲသွားတာ** ဖြစ်ကြောင်း မိဘတို့အနေနဲ့ နားလည်ထားဖို့ အရေးကြီးပါတယ်။

ကိုယ်က မျိုးဆက်ဟောင်းဖြစ်ပေမယ့် သားသမီးက မျိုးဆက်သစ်ဖြစ်တာကြောင့် စည်းမျဉ်းအသစ်ကို သင်ယူပြီး လိုက်လျောညီထွေ ပြုပြင်ထိန်းညှိဖို့ လိုအပ်ပါတယ်။
❤14
သတိပြုဆင်ခြင်ဖွယ်ရာ
အဆင့်မြင့်လူရည်ချွန်