Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
19K subscribers
3.92K photos
96 videos
1.2K files
510 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
မကြာမီ အခြေခံပညာကျောင်းများသို့ ကျောင်းဖွံ့ဖြိုးမူအတွက်အသေးသုံးငွေ ဒုတိယအရစ်များ ပေးဖို့လျာထားနေပါပီ

ဒါကြောင့် ဒုတိယအရစ်မှာ မိမိကျောင်းတွေမှာအသုံးပြုမယ့် ငွေစာရင်းခေါင်းစဥ်နဲ့လျာထားငွေများကို သက်ဆိုင်ရာရုံးများသို့ တင်ပြရမှာဖြစ်ပါတယ်။

တင်ပြသည့်အခါ

ဒုတိယအရစ်အနေနဲ့မဖြစ်မနေပါဝင်ရမည့်ခေါင်းစဥ်တွေကတော့

၀၃၀၁ လုပ်အား
( အဓိကလုပ်ငန်း... ကျောင်းခြံမြက်ရှင်းခြင်း )

၀၃၀၄
( အဓိကလုပ်ငန်း... ပြပွဲပြိုင်ပွဲအတွက် စက်ပစ္စည်းငှားခြင်း )

၀၃၀၅
( အဓိကလုပ်ငန်း..... ရုံးသုံးပစ္စည်းများဝယ်ယူခြင်း)

၀၃၀၈
( အဓိကလုပ်ငန်း..... လျှပ်စစ်မီတာခ )

၀၃၁၃
( အဓိကလုပ်ငန်း....မင်အိုး၊မာကာ များဝယ်ယူခြင်း)

၀၃၂၀
( အဓိကလုပ်ငန်း.... စာစီစာရိုက်၊မိတ္တူ၊ဓာတ်ပုံများ)

၀၃၂၅
( အဓိကလုပ်ငန်း...... ကျောင်းတွင်းပြိုင်ပွဲ ရောက်ရှိစာသင်နှစ်အတွင်း ကျင်းပပြုလုပ်သည့် နေ့ထူးနေ့မြတ် အတွက် စာစီစာကုံး၊ပန်းချီ၊ပုံပြော၊ကဗျာ နှင့် စာဖတ်ပြိုင်ပွဲ တို့အတွက်သာ.....)
(#မှတ်ချက်... ပညာရည်ချွန်ဆုပေးပွဲနှင့်အားကစားပြိုင်ပွဲအတွက် ကုန်ကျငွေကို ကျောင်းအဆင့်အလိုက် သီးသန့်ပေးလာပါမည်ဖြစ်သည့်အတွက် ပညာရည်ချွန် ဆုများကို ယခုခေါင်း
စဥ်တွင် မပေးရပါ)

၀၄၀၉
(အဓိကလုပ်ငန်း...... မြေ/သဲ/ ကျောက် ဖို့ရန်
ကျင်းအလိုက် ဝယ်ယူခြင်း၊ မြေကျင်းတူးခြင်း၊ အသေးစားပရိဘောဂများပြုပြင်ခြင်း )

ဖော်ပြပါ ငွေစာရင်းခေါင်းစဥ်တွေကိုမထည့်မဖြစ်ထည့်ရမှာပါ...(#မှတ်ချက်..... လျှပ်စစ်မီတာခမလိုပါက မထည့်လို့ရပါတယ် ၂သိန်းရရှိသောကျောင်းများက ငွေစာရင်းခေါင်းစဥ်များလာလေ အသုံးပြုနှုန်းထားကခက်ပါမည်)

ထို့ကြောင့် မိမိတို့ကျောင်းတွင် အသုံးပြုမည့်ငွေစာရင်းခေါင်းစဥ်များကိုကြိုတင်ပြုလုပ်ထားပါရန် ဖော်ပြအပ်ပါတယ်ခင်ဗျာ။ (#မှတ်ချက် သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ယာယီတာဝန်ခံလွှဲပြောင်းခြင်းခံရသု များကသာပြုလုပ်ရန်ဖြစ်ပါတယ်။

ဦးစစ်နိုင်#SMT (ပညာရေး)
18
စာသင်ကျောင်းတွေမှာ နာမည်ကောင်းထွက်တဲ့ ဆရာအများစုမှာ တွေ့ရတဲ့ လက္ခဏာ ၅ခု

ဆရာတစ်ယောက်ကျောင်းမှာ နာမည်ကောင်းထွက်ဖို့ဆိုတာဟာ စာသင်ကောင်းရုံ တပည့်တွေစာမေးပွဲမှာ ရလဒ်ကောင်း နဲ့ အောင်ရုံနဲ့ မရပါဘူး။သူတို့ရဲ့ စာသင်နည်း၊ သဘောထားတွေ အပြင် သူတို့ရဲ့ စိတ်ဓာတ်တွေပေါ်မှာလည်း မူတည်ပါသေးတယ်။ ဆရာတိုင်းဟာ ကိုယ့်တစ်ပည့်တွေကို တော်စေချင် တတ်စေချင်သူတွေချည်းပါ။ ဒါပေမဲ့ ကိုယ်သင်တဲ့ နည်းစနစ်ဟာ ကလေးတွေနဲ့ မကိုက်ညီဘူးဆိုရင် ကလေးရဲ့ ချစ်မြတ်နိုးမှု ကို အပြည့်အဝ ရနိုင်မှာ မဟုတ်သေးပါဘူး။ကိုယ်ဟာ ကလေးတွေ အပေါ်မှာ တကယ်စေတနာထား သင်ပေမဲ့ ထင်သလောက် အောင်မြင်မှု မရတာတွေ ဖြစ်တတ်ပါတယ်။ စာသင်တဲ့ အလုပ်မှာ အောင်မြင်ဖို့ ဆိုတာဟာ ကျွန်တော်တို့ ဆရာတွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ ဒီအောက်က လက္ခဏာ ၅ရပ်က အောင်မြင်နေတဲ့ ဆရာတွေမှာ အများဆုံး တွေ့ရတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

၁။ စိတ်အားထက်သန်ခြင်း

ကျွန်တော်တို့ဆရာတွေဟာ ကိုယ်လုပ်နေတဲ့ စာသင်တဲ့ အလုပ်မှာ တကယ်ချစ်မြတ်နိုးမှု မရှိသရွေ့ အောင်မြင်ဖို့ဆိုတာဟာလည်း မဖြစ်နိုင်ပါဘူး။ကိုယ်သင်ရတဲ့ အတန်း ကိုယ်သင်ရတဲ့ ဘာသာရပ် ကိုယ်သင်တဲ့ အကြောင်းအရာပေါ်မှာ ဆရာဟာ လုံးဝ စိတ်ပါဝင်စားမှု ရှိဖို့လို့ပါတယ်။ ဆရာကိုယ်တိုင်က ကိုယ်သင်ရတဲ့ အတန်း ၊ဘာသာရပ် ၊အကြောင်းအရာပေါ်မှာ စိတ်ဝင်စားမှု မရှိရင် အရေးမကြီးသလို သဘောထားရင် အသင်ခံရတဲ့ ကလေးတွေဟာလည်း ဆရာ့လို လိုက်လုပ်မှာပါ။ဆရာဟာ ကိုယ်သင်တဲ့ အကြောင်းအရာတိုင်းကို လုံးဝ မြတ်နိုးပြပြီး ဘယ်လို အရေးကြီးကြောင်း ဘယ်လိုအသုံးဝင်ကြောင်း တွေကို ပြောပြနိုင်ရင် ကလေးတွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရမှာပါ။ ကိုယ်ကိုယ်တိုင် စိတ်အားထက်သန်မှုကို ကလေးတွေ မြင်အောင်ပြဖို့ လိုတာပါ။ ဒါကိုကလေးတွေ မြင်လာတဲ့အခါမှာ ဆရာလိုပဲ စိတ်အားထက်သန်မှုတွေ ရှိလာပြီး သင်ရတဲ့ အကြောင်းအရာ ဘာသာရပ်တွေကိုပါ စိတ်ဝင်လာမှာ သေချာပါတယ်။

၂။တီထွင်နိုင်ခြင်း

ကျောင်းသားတွေဟာ ပျင်းဖို့ကောင်းတဲ့ သင်ခန်းစာတွေကို ဂိမ်းတွေအဖြစ်၊ကာလာစုံသင်ထောက်ကူတွေနဲ့ စိတ်ဝင်စားအောင် ပြောင်းလဲ သင်ပေးနိုင်တဲ့ ဆရာတွေကို တအားချစ်ကြပါတယ်။ကလေးတွေကို တတ်မြောက်မှု စစ်ဆေးဖို့ မေးခွန်းမေးရာမှာတောင် တီထွင်နိုင်တဲ့ဆရာက ကလေးတွေ မေးခွန်းဖြေနေရတယ်လို့ မထင်ဘဲ ပါဝင်ဆွေးနွေးနေရတယ်၊ ပြိုင်ပွဲဝင်တစ်ဦးအနေနဲ့ ကစားနေရတယ်လို့ ထင်အောင် တီထွင်နိုင်ကြပါတယ်။ဆရာတစ်ယောက်က သင်ခန်းစာ တစ်ခုကို ရိုးရိုးရှင်းရှင်းနဲ့ ကလေးနားလည်အောင် သင်နိုင်ရင် အဲ့ဆရာကို စာသင်တော်တယ်လို့ ပြောနိုင်ပေမဲ့ ကလေးတွေက စာသင်တာ အရမ်းတော်တယ်လို့ မသတ်မှတ်သေးပါဘူး။ ဒါကြောင့် ဆရာတွေဟာ ကိုယ်သင်မဲ့ သင်ခန်းစာအတွက် ကလေးနားလည်ဖို့နဲ့ စိတ်ဝင်စားဖို့သင်နည်းတွေကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။

၃။လိုက်လျောညီထွေ ရှိခြင်း

အောင်မြင်နေတဲ့ ဆရာတော်တော်များများဟာ ကလေးတွေကို နားလည်ပေးနိုင်တယ်။ ကလေးတွေနဲ့တရင်းတနှီးရှိတယ်။ ကလေးတွေနဲ့ တသားတည်းရှိပြီး ကလေးတွေ ဘက်ကနေတွေးပေးနိုင်တာကို တွေ့ရမှာပါ။ ကိုယ်သင်တဲ့ အကြောင်းအရာကို ကလေး နားလည်နိုင်၊မနိုင်ကို တွေးသိနိုင်ရုံမက ကလေးရဲ့ စိတ်အခြေအနေ ကလေးရဲ့ ပြဿနာတွေကိုပါ နားလည်ပြီး ကလေးနဲ့ လိုက်လျောညီထွေရှိတာကို တွေ့ရမှာပါ။

၄။ ပေါင်းစပ်နိုင်ခြင်း

ပညာသင်တယ်ဆိုတာ ကလေးတွေ နောင်တစ်ချိန် လူ့ပတ်ဝန်းကျင်မှာ အဆင်ပြေပြေ ချော့ချော့မွေ့မွေ့နေနိုင်ဖို့ကို ရည်ရွယ်တာဖြစ်တယ်။ ဒါကြောင့် သင်ယူရတဲ့ အကြောင်းအရာတွေဟာပတ်ဝန်းကျင်က အကြောင်းအရာတွေနဲ့ ပတ်သက်နေပါတယ်။ ဒါကြောင့် ဆရာဟာ မိမိသင်တဲ့ အကြောင်းအရာတွေဟာ ကလေးတွေရဲ့ ပတ်ဝန်ကျင်မှာ အသုံးဝင်ကြောင်း၊ အရေးပါကြောင်း သိလာစေရန် သင်ခန်းစာနဲ့ ပတ်ဝန်ကျင်ကို ပေါင်းစွမ်းနိုင်စွမ်း ရှိရပါတယ်။ ဒီလို ပေါင်းစပ်ပေးနိုင်တာဟာ ကလေးရဲ့ စိတ်ဝင်စားမှုကို ရရှိရုံမက ကလေးတွေ သင်ခန်းစာကို မှတ်မိလွယ်တဲ့အတွက် အောင်မြင်တဲ့ ဆရာဖြစ်ဖို့ အထောက်အကူဖြစ်ပါတယ်။

၅။ချိတ်ဆက်နိုင်ခြင်း

အောင်မြင်တဲ့ ဆရာတွေဟာ သင်ခန်းစာတွေကို ကလေးတွေရဲ့ သင်ပြီးသား အကြောင်းအရာတွေနဲ့ ချိတ်ဆက်ပေးနိုင်ပါတယ်။ ကလေးတွေရဲ့ ရှိပြီးသား အသိသညာကို လစ်လျူရှုထားလို့မရပါဘူး။ ရှိပြီးသား အသိသညာ နဲ့ ချိတ်ဆက်ပေးနိုင်မှသာ ကလေးသင်ကြားပြီးခဲ့တဲ့ အကြောင်းအရာကို ပြန်ဖော်ထုတ်ပေးရုံသာမက သင်ကြားနေတဲ့ သင်ခန်းစာကို နားလည်ပြီး ခိုင်မြဲ နေစေပါတယ်။ရှိပြီးသား အသိသညာနဲ့ ချိတ်ဆက်ရာမှာ သင်ခန်းစာဟောင်းကို မိမိအာဘော်နဲ့ ပြန်လည် သုံးသပ်သင်ကြားပေးခြင်းဖြင့် အခြေခံအားနည်းတဲ့ ကလေးတွေကိုပါ ဆွဲခေါ်ရာ ရောက်ပါတယ်။

ဒီအချက်တွေဟာ အခြေခံကျောင်းမှာ အောင်မြင်နေတဲ့ ဆရာအများစုမှာ တွေ့ရတဲ့ လက္ခဏာရပ်တွေ ဖြစ်ပါတယ်။ ဒါတွေအပြင် ဒီပြင်လက္ခဏာရပ်တွေလည်း ရှိနိုင်ပါသေးတယ်။

ဆရာ၊ဆရာမများ အားလုံး မိမိရဲ့ စာသင်တဲ့ အလုပ်ပေါ်မှာ အောင်မြင်မှု ရရှိပြီး အောင်မြင်မှုကို ဆက်လက် ထိန်းထားနိုင်ဖို့ ရည်ရွယ်လျက်..........

Credit Teacher Goals in Myanmar
28👍10
#ဒီနေ့သိရသောပညာရေးသတင်းများ
၃၁-၁၀-၂၀၂၅

#တက္ကသိုလ်ဝင်ခွင်တွေအားလုံး_၁၁လပိုင်းဝင်ခွင့်ရသူစာရင်းတရားဝင်ကြေငြာမည်

#ရေကြောင်းကောလိပ် - လူတွေ့ ဆေးစ စ်ခြင်း များ ဆောင်ရွက်နေ

#‌ဝေးလံရှားပါးဆေး- လျှောက်လွှာများအခုထိ ထုတ်‌မပေးသေးပါ

#ဆေးတက်ရောက်ချင်သူများ _ ကျန်းမာရေးဝန်ကြီးဌာနကို အသနားခံစာ တင်ပို့သူများ

#ပညာရေး‌ကောလိပ်များ _ ဖြတ်မှတ် မမြင့်ပါ

#ရတနာပုံဆိုင်ဘာစီးတီး _ မနှစ်ကထက် လျှောက်ထားသူများပြား

#သွားဆေးတက္ကသိုလ်- လူဦးရေ လိုအပ်ချက်များပါက ထပ်တိုးခေါ်လာနိုင်

#ရေ‌ဆင်းတက္ကသိုလ်- ဝင်ခွင့်ရသူများကို ကျောင်းမှ ဖုန်းဆက်နေပါသည် တက်ရောက်မည့်ကျောင်းသားများ ဖုန်းကိုင်ပေးပါ
#ခန့်မှန်းဖြတ်မှတ်
ကျား.360
မ..385

#ဆေးတက္ကသိုလ်- Viva ဖြေထားသူများအောင်စာရင်းထွက်ပေးတော့မည်

#အမျိုးသားစီမံခန့်ခွဲဒီဂရီကောလိပ် - ဝင်ခွင့်ရသူစာရင်းကြေငြာတော့မည်

#တက္ကသိုလ်ဝင်ခွင့် - လျှောက်ထားသူများ ၁၁ လပိုင်းမှ ဝင်ခွင့်တွေသိရမည်

#ရေကြောင်းကောလိပ် _ ပဏာမရွေးခိယ်ခံရသူများ နှင့် အရံ လူစာရင်းများ ကျောင်းသားရေးရာကို စာရင်းလာပေးသူများပြား

#တက္ကသိုလ်အပြောင်းအရွေ့- ဝင်ခွင့်ကျမှ ပြောင်းလို့ရပါမည်

#ဆေးတက္ကသိုလ်_ ၃ ဘာသာပေါင်း အမှတ် ၂၅၀ ကျော်သူများ ထပ်တိုးခေါ်ဖို့ မျှော်လင့်သူများပြား

#ရေကြောင်းတက္ကသိုလ် _ ထပ်တိုးမခေါ်နိုင်တော့ပါ _အပြောင်းအရွေ့ကို လက်ခံမယ်သိရ
16
အစိုးရ စက်မှုလက်မှုသိပ္ပံ (AGTI)

ပထမနှစ် ဝင်ခွင့်ခေါ်ယူခြင်း

Eng + Math ၂ဘာသာပေါင်းရမှတ်အပေါ် မူတည်ပြီး ရွေးချယ်မည်

နှစ်ချို့များလဲလျှောက်ထား နိုင်သည်

အမှတ်စာရင်း မူရင်း လိုအပ်ပါသည်

G-12 ရူပဗေဒ
Chapter-12
Page -201က RE- 1 ဖြုတ်
Page - 212က RE - 2. 3 ဖြုတ်
Page- 219က RE - 1 ဖြုတ်
Page - 221က Ex -12ဖြုတ်
ဦးဖြိုးမောင်မောင်(ရူပဗေဒ)
#crd
#ñ_måťĥš
21👏7
နိုင်ငံ့ဝန်ထမ်းများအားလုံး မဖြစ်မနေသိထားသင့်ပါတယ်
လုပ်သက် ၁၅နှစ်ကျော်ပြီး
တံဆိပ်တခုမှ မရသေးဘူးလို့ ညီငယ်တွေက ပြောပြောနေကြလို့ပါ..... တင်ပေးလိုက်ပါတယ်

နိုင်ငံ့ဝန်ထမ်းများအား စွမ်းဆောင်မှုအတွက်ချီးမြှင့်ရန် သတ်
မှတ်ပြဌာန်းထားသော ဂုဏ်ထူးဆောင်တံဆိပ် (၁၆)မျို း ရှိပါ
သည်။ယင်းတံဆိပ်(၁၆)မျိုး းတွင် နယ်ဘက်ဝန်ထမ်းများရရှိနိုင်
သည့် ဂုဏ်ထူးဆောင်တံဆိပ်မှာ(၄)မျို းသာရှိပါသည်။
၄င်းတို့မှာ--
(၁) နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်
(၂) ငြိမ်ဝပ်ပိပြားရေးနှင့်တရားဥပဒေစိုးရေးတံဆိပ်
(၃) ပြည်သူ့ဝန်ထမ်းတံဆိပ်
(၄) ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်

တံဆိပ်ချီးမြှင့်ရန်
သတ်မှတ်အရည်အချင်းနှင့်ခံစားခွင့်များ--

(၁)နိုင်ငံတော်အေးချမ်းသာယာရေး
တံဆိပ်

၁၉၈၆ -ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့မှ ၁၉၈၇-ခုနှစ်
ဇန်နဝါရီလ(၆)ရက်အထိ(၅၂)ရက်တာကာလတွင် နိုင်ငံ့ဝန်ထမ်းအဖြစ်တာဝန် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဌာနဆိုင်ရာအရေးယူခံရဖူးခြင်း မရှိသူဖြစ်ရပါမည်။
ယင်းတံဆိပ်ရရှိပြီးသူအား ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်အတွက်
အမှတ် ၂ မှတ် ရေတွက်ခွင့်ပြုပါသည်။

(၂)ငြိမ်ဝပ်ပိပြားရေးနှင့်တရားဥပဒေစိုးမိုးရေးတံဆိပ်

နိုင်ငံ့ဝန်ထမ်းလုပ်သက်တစ်ဆက်တည်(၂)နှစ်ထမ်းဆောင်ခဲ့သော ဌာနဆိုင်ရာအရေးယူခံရဘူးခြင်းမရှိသူဖြစ်ရပါမည်။
ယင်းတံဆိပ်ရရှိပြီးသူအား ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်အတွက်အမှတ် ၂ မှတ် ရေတွက်ခွင့်ပြုပါသည်။

(၃)ပြည်သူ့ဝန်ထမ်းတံဆိပ်

နိုင်ငံ့ဝန်ထမ်းလုပ်သက်တစ်ဆက်တည်း(၁၅)နှစ်ထမ်းဆောင်ပြီး
ဌာနဆိုင်အရေးယူခံရဖူးခြင်းမရှိသူဖြစ်ရပါ
မည်။ယင်းတံဆိပ်ရရှိပြီးသူအား ပြည်သူ့ဝန်ထမ်းကောင်း
တံဆိပ်အတွက် အမှတ် ၂ မှတ် ရေတွက်ခွင့်ပြုပါသည်။

(၄)ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်

နိုင်ငံ့ဝန်ထမ်းလုပ်သက်တစ်ဆက်တည်း(၂၆)နှစ်ထမ်း
ဆောင်ခဲ့သော ဌာနဆိုင်ရာအရေးယူခံရဖူးခြင်းမရှိသူဖြစ်
ကာ ၊ ယင်းတံဆိပ်အတွက်ပေးမှတ် အမှတ် ၃၀ ပြည့်သူ
ဖြစ်ရပါမည်။ပေးမှတ်ကို အောက်ပါနည်းလမ်းအတိုင်း ရေ
တွက်ခွင့်ပြုပါသည်။
လုပ်သက် ၁ နှစ် ၁မှတ်နှုန်းဖြင့် လုပ်သက် ၂၆ နှစ်အတွက်
ရေတွက်ခွင့်ပြုပါသည်။(ထို့ကြောင့် လုပ်သက် ၂၆ နှစ်ကျော်
သော်လည်း လုပ်သက်အတွက်ရမှတ် ၂၆ မှတ်သာရရှိနိုင်
ပါသည်)

နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်ရရှိပါက ၂ မှတ်

ငြိမ်ဝပ်ပိပြားရေးနှင့်တရားဥပဒေစိုးမိုးရေးတံဆိပ်ရရှိပါက
၂ မှတ်

ပြည်သူ့ဝန်ထမ်းတံဆိပ် ရရှိပါက ၂ မှတ်
စုစုပေါင်း ၃၁ မှတ်ရရှိပါသည်။

ထို့ကြောင့် အမှတ်ရေတွက်ခွင့်ရှိ ဂုဏ်ထူးဆောင်တံဆိပ်
၂ မျို းရရှိထားပြီး နိုင်ငံ့ဝန်ထမ်းလုပ်သက် ၂၆ နှစ်ပြည့်သူ
တာဝန်ထမ်းဆဲဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်းများသည်
ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ချီးမြှင့်ရန် သတ်မှတ်ချက်
နှင့်ကိုက်ညီသူများဖြစ်ပါသည်။
ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူသည်နိုင်ငံတော်အစိုး
ရ၏တစ်လုံးတစ်ခဲတည်းချီးမြှင့်ငွေကျပ်တစ်သိန်းခွဲကို ရရှိခံ
စားခွင့်ရမည်ဖြစ်ပါသည်။
(အမှတ်ရေတွက်ခွင့်ရှိ ဂုဏ်ထူးဆောင်တံဆိပ်များရရှိခဲ့
သည့် ခုနှစ်၊ ချီးမြှင့်သည့်ပြန်တမ်းအမှတ်နှင့်နေ့စွဲ၊ မိမိအ
မည်ပါ ပြန်တမ်းစာမျက်နှာမိတ္တူ စသည်တို့တင်ပြနိုင်ရန်
လိုပါသည်)
မူရင်းရေးသားသူ.....

Crd.HK
#credit
7
လူရည်ချွန်ရွေးချယ်ရေး မြို့နယ်အဆင့်
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်
⬇️⬇️⬇️

#အခြေခံပညာအဆင့်
#LYC
#Education
1
၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန် ရွေးချယ်ရေး Grade 9, 10, 11, 12

#LYC@EducationalChannelMM
3