MUFL မှာ သင်တန်းတက်ချင်သူများ အတွက်
ဝင်ခွင့် ခေါ်စာများပါ။
ဝင်ခွင့် ခေါ်စာများပါ။
❤2
အစိုးရကျောင်း၊ ပုဂ္ဂလိကျောင်း နှင့် Private ကျောင်းအစရှိသည့် အမျိုးမျိုးသော ကျောင်းများအား ပညာရေးဌာနမှ တိုက်ရိုက်ဆင်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရပါသည်။
❤6
၁၀တန်းကနေB.Edဖြေတဲ့အထိစာကျက်တာရတာတွေချရေးတဲ့အကျင့်လုပ်လာတာစာမမေ့တော့ဘူး
စာသင်ရင်းနဲ့ကလေးတွေပြောပြတယ်စာကျက်ရင်ရေးကျက်တဲ့အကျင့်လုပ်ဖို့
“စာကျက်ချိန် တိုလေ စာရလေ”
ကျွန်မတို့သည် အကြောင်းအရာတစ်ခုကို လေ့လာကျက်မှတ်ရာတွင် အချိန်ကြာကြာကျက်မှတ်ဖို့ကိုသာ အဓိကထားစဉ်းစားမိတတ်ကြသည်။ ၂၀၁၅ ခုနှစ် မတ်လတွင် အမေရိကန်နိုင်ငံ ပီးယားစ် ကောလိပ်မှ စိတ်ပညာပါမောက္ခ ဒေါက်တာမာတီ လော့ဘ်ဒဲလ်က “စာကျက်ချိန်တိုလေ စာရလေ” (Study Less, Study Smart) ဟူသည့်စာအုပ်ကို ထုတ်ဝေခဲ့ပြီး ကျောင်းသားတို့ စာကိုအချိန်အကြာကြီး နှုတ်တိုက်ကျက်နေစရာမလိုဘဲ လွယ်လွယ်ကူကူနှင့် စာရစေမည့် စာကျက်နည်းစနစ်ကို ဖော်ထုတ်ခဲ့သည်။ ထိုအချိန်မှစ၍ ကမ္ဘာတစ်ဝန်းတွင် ဒေါက်တာ လော့ဘ်ဒဲလ်၏နည်းစနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြသည်။ ပရော်ဖက်ဆာ လော့ဘ်ဒဲလ် သည် ဝါရှင်တန်ပြည်နယ် ပီးယားစ်ကောလိပ်တွင် အနှစ် ၄၀ ကျော် စိတ်ပညာဘာသာရပ်ကိုသင်ကြားခဲ့သော စိတ်ပညာပါမောက္ခတစ်ဦးဖြစ်သည်။ သူ၏ ကျောင်းသားများသည် စာမေးပွဲဖြေဆိုရန် တစ်နေ့ ရှစ်နာရီမှ ၁၀ နာရီခန့် ဆက်တိုက်စာကျက်မှတ်နေခဲ့သော်လည်း စာမရ၊ စာမေးပွဲမဖြေနိုင်ဖြစ်နေကြကြောင်းကို သိရပြီးနောက် လော့ဘ်ဒဲလ်သည် ကျောင်းသားတို့၏ဦးနှောက်မှ သင်ခန်းစာများကို မမေ့ရန်နှင့် လွယ်လွယ်မှတ်မိနိုင်ရန် အထောက် အကူပြုမည့်နည်းစနစ်များကို လေ့လာဖော်ထုတ်ခဲ့သည်။ အချက်(၆)ချက်ပါ လော့ဘ်ဒဲလ်၏ စာကျက်နည်းအရ ကျောင်းသားတို့သည် စာကျက်ရာတွင် အချိန်တိုလေးများခွဲ၍ ခဏခဏကျက်ခြင်းအားဖြင့် စာတွင် အာရုံစူးစိုက်မှုပိုရစေပြီး ပိုမိုမှတ်မိစေမည်ဖြစ်သည်။
မိနစ်၂ဝ၊ နာရီဝက်ခန့် စာကျက်ချိန်ကလေးများအဖြစ် အလီလီခွဲ၍ကျက်ပါ။
လေ့လာဆန်းစစ်ချက်အရ ပုံမှန်အားဖြင့် လူတို့သည် အကြောင်းအရာတစ်ရပ်ကို ဆက်တိုက် ၂၅ မိနစ်၊ နာရီဝက်ထက်ပို၍ အာရုံမစူးစိုက်နိုင်ကြပါ။ ထို့ကြောင့် စာကျက်သည်ဖြစ်စေ၊ စာသင်ခန်းထဲ တွင်သင်ယူသည်ဖြစ်စေ သို့မဟုတ်ကျောင်းစာအုပ်များ ဖတ်ရှုလေ့လာသည်ဖြစ်စေ၊ ကျောင်းသားတို့သည် နာရီဝက်လျှင်တစ်ကြိမ် လေး၊ ငါးမိနစ်ခန့် အခြားအာရုံပြောင်း၍ ဦးနှောက်ကိုအနားပေးသင့်သည်ဟုဆိုသည်။ စာကျက်နေသောစားပွဲမှထ၍ တစ်ခုခုလုပ်ခြင်း၊ သီချင်းနားထောင်ခြင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားကစားခြင်း စသည့်အပြောင်းအလဲတစ်ခုခုဖြင့် ဦးနှောက်ကို ခေတ္တအနားပေးရမည်ဖြစ်သည်။ ပါမောက္ခ လော့ဘ်ဒဲလ်က ၎င်း၏ဟောပြောပွဲတွင် ဒိုင်ယာဂရမ်တစ်ခုဆွဲ၍ လူ့ဦးနှောက်၏ အလုပ်လုပ်ပုံကို ရှင်းပြခဲ့သည်။ ယေဘုယျအားဖြင့် လူ့ဦးနှောက်သည် နာရီဝက်ခန့် အာရုံစူးစိုက်မှတ်သားပြီးလျှင် စွမ်းရည်ကျသွားပြီး နောက်ထပ်မှတ်သားသမျှကို မမှတ်မိဘဲ ဖြစ်လာတတ်သည်။ ထို့ကြောင့်ကျောင်းသားတို့သည် စာကိုနာရီပေါင်းများစွာ ဆက်တိုက် ကျက်မှတ်နေခဲ့ပါက အချိန်သာကုန်ပြီး အကျိုးရလဒ် မရှိတတ်။ နာရီဝက်တစ်ကြိမ် မိမိဦးနှောက်ကို အနားပေးပြီး တစ်ဖန်လန်းဆန်းတက်ကြွလာမှ စာပြန်ကျက်သင့်သည်။ ဤသို့နာရီဝက်ခန့်ကျက်လိုက်၊ ခဏနား၍ အပန်းဖြေလိုက်၊ နောက်နာရီဝက်ခန့်ကျက်လိုက်ဆိုလျှင် မပင်မပန်းဘဲ သင်ခန်းစာကိုမှတ်မိကာ ကျက်သမျှ အကျိုးရှိစေမည်ဖြစ်သည်။ ဥပမာ-စာကျက်ချိန် စုစုပေါင်း ခြောက်နာရီဆိုလျှင် နာရီဝက်လျှင် နားချိန် ငါးမိနစ်ခန့်နုတ်လိုက်ပါက ငါးနာရီခွဲ အပြည့်အဝ စာကျက်ပြီးသားဖြစ်သွားမည်။ မနားဘဲ ခြောက်နာရီ ဆက်တိုက်ကျက်မှတ်နေသောကျောင်းသားမှာမူ ပထမနာရီဝက်နောက်ပိုင်းတွင် ဦးနှောက်၏အလုပ် လုပ်မှုသည် နှေးကွေးလာပြီး အချိန်ကြာမြင့်စွာ ကျက်မှတ်နေသော်လည်း စာမရဖြစ်နေလိမ့်မည်။ ထို့ကြောင့် အချို့ကျောင်းသားများသည် စာမေးပွဲနီးမှ ညလုံးပေါက်စာကျက်ပြီး စာမေးပွဲကျသည်ဟူသော သတင်းမျိုးကြားနေရခြင်းဖြစ်သည်။
ပရော်ဖက်ဆာ လော့ဘ်ဒဲလ်က တစ်နေ့တာ စာကျက်ပြီးချိန်တွင် ကိုယ့်ကိုယ်ကိုယ်ဆုချခြင်းသည်လည်း မိမိဦးနှောက်တွင် အပြုသဘောဆောင်သော ဓာတုပစ္စည်းများထွက်လာအောင် အထောက်အကူပြုသည်ဟုဆိုသည်။ ဥပမာ-တစ်နေ့တာအတွက် ထိထိရောက်ရောက် စာကျက်ပြီးချိန်တွင် မိမိနှစ်သက်ရာ ရုပ်ရှင်၊ သီချင်း၊ ဝတ္ထုတို့ကိုဖတ်ရှုခြင်း၊ ကြည့်ခြင်း၊ သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်ထိုင်ခြင်း စသည်ဖြင့် မိမိကိုယ်မိမိအလိုလိုက်ခဲ့ပါက ဦးနှောက်သည် စာကျက်မှတ်ခြင်းအပေါ်အပြုသဘောဆောင်လာပြီး စာကျက်လိုစိတ်ကို လေ့ကျင့်မွေးမြူပြီး ဖြစ်သွားသည်ဟုဆိုသည်။ ဤနည်းအားဖြင့် တစ်ချိန်ထက်တစ်ချိန် ပို၍ကြာကြာကျက်မှတ်နိုင်လာမည်ဖြစ်သည်။
စာကျက်မည့်နေရာ သီးသန့်စီစဉ်ထားပါ။
ကျွန်မတို့ပတ်ဝန်းကျင်သည် ကျွန်မတို့၏အပြုအမူ၊ စိတ်အခြေအနေပေါ်တွင် များစွာလွှမ်းမိုးနိုင်စွမ်းရှိသည်။ စဉ်းစားကြည့်ပါ။ စာသင်ခန်းထဲရောက်လျှင် ကျောင်းသားများသည် သင်ခန်းစာကိုလေ့လာရန် အဆင်သင့်ဖြစ်နေကြသည်။ ပါမောက္ခကစာမေးလျှင် ဖြေရန်အသင့်ရှိသည်။ အိမ်မှာနေလျှင် ကျွန်မတို့သည် အိပ်ရာပေါ်လှဲနေလိုက်ပါက မကြာခင်အိပ်ပျော် သွားသည်။ မီးဖိုခန်းထဲမှာထိုင်နေလျှင် တစ်ခုမဟုတ်တစ်ခု စားမိတတ်ကြသည်။ အကြောင်းမှာ ကျွန်မတို့၏ ပတ်ဝန်းကျင်သည် ကျွန်မတို့၏စိတ်အခြေအနေကို တိမ်းညွတ်စေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် အိပ်ရာပေါ်တွင် စာကျက်ပါက အိပ်ပျော်သွားတတ်ပြီး မီးဖိုခန်းထဲတွင်စာကျက်ပါက အစားအသောက်တွေကိုသာ အာရုံပြုမိပြီး

❤11
စာကိုအာရုံစိုက်မရဖြစ်တတ်သည်။ ဧည့်ခန်းနေရာသည် ဧည့်သည်တွေ့ခြင်း၊ တီဗွီကြည့်ခြင်း၊ စကားစမြည်ပြောဆိုခြင်း စသည်တို့ လုပ်ဆောင်လေ့ရှိသည့်နေရာဖြစ်သည်။ ထို့ကြောင့် ဧည့်ခန်းထဲ စာထိုင်ကျက်ပါက ကျောင်းသား၏အာရုံ သည် လေ့လာနေသောသင်ခန်းစာတွင် စူးစိုက်၍ မရနိုင်။ ဘေးမှာထိုင်နေသော တီဗွီကြည့်နေသူများ၊ စကားပြောနေသော အိမ်သားများထံ စိတ်ရောက် နေတတ်သည်။ စိတ်စုစည်း၍ စာကျက်မှတ်ရန်မဖြစ်နိုင်။ စာကျက်မည့်နေရာကို သတ်သတ်မှတ်မှတ်ထားခဲ့ပါက ကျွန်မတို့သည် စာကျက်မည့်နေရာတွင် ထိုင်လိုက်သည်နှင့် စာကျက်လိုစိတ်ကြီးစိုးလာလိမ့်မည်။
စိတ်ဝင်စားစွာလေ့လာပါ။
ကျွန်မတို့သည်လေ့လာသင်ယူနေသောအကြောင်းအရာကို စိတ်ဝင်စားလေလေ၊ နားလည်တတ်မြောက်ရန် လွယ်ကူလေလေဖြစ်သည်။ စာတစ်ပိုဒ်ကို အလွတ်ကျက်မည့်အစား အကြောင်းအရာတစ်ခုလုံးကို အကြိမ်ကြိမ်နားလည်အောင်ဖတ်ရှုခြင်းအားဖြင့် စာကို လွယ်လွယ်ကူကူ မှတ်မိလာမည်ဖြစ်သည်။ သို့သော် မလေ့လာမီ မိမိလေ့လာကျက်မှတ်မည့် အကြောင်းအရာသည် အချက်အလက်လား (Facts)၊ အယူအဆလား(Concepts) ဆိုသည်ကို အမျိုးအစား ခွဲရမည်ဖြစ်သည်။ ဥပမာအားဖြင့် လေ့လာနေသော အကြောင်းအရာသည် အမည်များ၊ ခုနှစ်များအဖြစ် အပျက်များဆိုပါက ယင်းတို့သည် အချက်အလက်များဖြစ်သည်။ သဘောသဘာဝကို စဉ်းစားရမည်ဆိုပါက အယူအဆဖြစ်သည်။ အယူအဆများမှာ အချက်အလက်ထက်ပို၍အရေးကြီးသည်။ ဥပမာအားဖြင့် အစိုးရဆိုသည်မှာ ဘာလဲ၊ နိုင်ငံရေးကို ဘာကြောင့် လေ့လာသလဲ စသည်တို့သည် အယူအဆများဖြစ်သည်။ ကြောင်သုံးကောင်ဆိုလျှင် အချက်အလက်ဖြစ်ပြီး ကြောင်ဆိုတာဘာလဲဟု လေ့လာလျှင် အယူအဆဖြစ်သည်။ အယူအဆတို့ကိုလေ့လာရာတွင် ပထမဦးစွာ အစိုးရ၊ နိုင်ငံရေး၊ ကြောင် စသည့် သဘောတရားများကို အရင်နားလည်ဖို့လိုလာသည်။ အယူအဆကိုလေ့လာရာတွင် ၎င်းတို့ အလုပ်လုပ်ပုံကို ကောင်းစွာနားလည်မှသာ ကျွန်မတို့ခေါင်းထဲတွင် အဓိပ္ပာယ်ကို စွဲမြဲမှတ်မိမည်ဖြစ်သည်။ တစ်ဖက်တွင် အချက်အလက်များသည် အလွယ်တကူမေ့လျော့သွားနိုင်သည်။ သို့သော်လည်း ဂူဂဲလ်တွင် အချက်အလက်များကို အချိန်မရွေး လွယ်လွယ်ကူကူ ရှာဖွေ ဖတ်ရှုနိုင်သောကြောင့် မေ့သွားလည်းအရေးမကြီးပါ။ စာမေးပွဲဖြေဆိုရာတွင်မူ အချက်အလက်ရော၊ အယူအဆများပါ အလွတ်ရမှတ်မိနေရန်လိုအပ်သည်။ အယူအဆများအား နားလည်မှတ်မိနေစေရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့ကို မိမိကိုယ်ပိုင်စကားလုံး၊ ကိုယ်ပိုင်ဝါကျများဖြင့် ချရေးကြည့်ရန်နှင့် ရွတ်ဆိုကြည့်ရန်ဖြစ်သည်။
ထိရောက်သော မှတ်စုများပြုစုပါ။
စာသင်ချိန်တစ်ချိန်ပြီးသွားလျှင် တတ်နိုင်သမျှ မှတ်မိသလောက်ကို မှတ်စုတိုများ ချက်ချင်းချရေးပါ။ အရေးကြီးအချက်အလက်များကို ခေါင်းစဉ်ငယ် များတပ်၍ရေးပါ။ ဤနည်းအားဖြင့် သင်ခန်းစာပါ အယူအဆတို့ကို စိတ်ထဲတွင်ခိုင်မာစွဲမြဲစေသည်။ မှတ်ဉာဏ်၏သဘောအရ အကြောင်းအရာတစ်ခုသည် သင်ယူပြီး ၂၄ နာရီအကြာတွင် ၃၀ ရာခိုင်နှုန်းသာ မှတ်မိတော့သည်ဟု ဆိုသည်။ ဦးနှောက်ထဲရှိမှတ်ဉာဏ်နေရာသည် အကန့်အသတ်ရှိသောကြောင့် ဦးနှောက်သည် အကြောင်းအချက်အသစ်များကို ယာယီမှတ်ဉာဏ်တွင် မှတ်သားထားလေ့ရှိသည်။ ကျွန်မတို့က ယင်းအချက်အလက်များကို ထပ်တလဲလဲ ပြန်မဖတ်ပါက ၎င်းတို့သည် တဖြည်းဖြည်းမေ့လျော့ ပျောက်ကွယ်သွားသည်။
သင်လေ့လာမှတ်မိသမျှကို အနှစ်ချုပ်ပါ။ သို့မဟုတ် အခြားတစ်ယောက်ကို ပြန်ရှင်းပြပါ။
သင်ရိုးစာအုပ်များကို လေ့လာဖတ်ရှုရာတွင် ထိထိရောက်ရောက်ဖတ်ရှုတတ်ရန်လိုပါသည်။ SQ3R (Survey, Question, Read, Recite, Review) နည်းစနစ်ကို သုံးကြည့်ပါ။ ဦးစွာလေ့လာရမည့်သင်ရိုး စာအုပ် (Textbook)ကို ပထမတစ်ခေါက် အစအဆုံး အကြမ်းဖတ်ကြည့်ပါ။ ထို့နောက်သင်ရိုးထဲတွင်ပါသည့် အဓိကအချက်များကို မေးခွန်းထုတ်စဉ်းစားပါ။ တစ်ဖန်ပြန်ဖတ်ပါ။ အလွတ်ပြန်ဆိုကြည့်ပါ။ သုံးသပ် တွေးကြည့်ပါ။ ဤနည်းအားဖြင့် ကျွန်မတို့သည် သင်ရိုးပါအချက်အလက်များကို ထိထိရောက်ရောက် နားလည်သဘောပေါက် မှတ်မိလာမည် ဖြစ်သည်။
ပရော်ဖက်ဆာ လော့ဘ်ဒဲလ်က အကောင်းဆုံး သင်ယူနည်းသည် အခြားသူများကို ပြန်လည်သင်ကြားပေးခြင်း၊ ရှင်းပြခြင်းဖြစ်သည်ဟုဆိုခဲ့သည်။ ကျွန်မတို့သည် အခြားတစ်ဦးကို ပြန်ရှင်းပြနိုင်ရန်အတွက် ယင်းအကြောင်းအရာကို အမှန်တကယ်နားလည် သဘောပေါက်ထားရန်နှင့် ခြုံငုံနားလည်ရန်လိုအပ်သည်။ ကျွန်မတို့နားလည်မှတ်မိသမျှကို ပြန်လည် စုစည်းနိုင်ရန်လည်း လိုအပ်သဖြင့် ဦးနှောက်သည် အထူးအာရုံစိုက်၍ မှတ်သားလာရသည်။ အကြောင်းအရာနှင့်ပတ်သက်၍ သိမထားသူတစ်ဦးကို ရှင်းပြရသောအခါ ကျွန်မတို့သည် ကျွန်မတို့၏နားလည် သဘောပေါက်မှုတွင် လိုအပ်ချက်များ၊ အားနည်းချက်များကို သိမြင်လာသည်။ ယခင်က နားလည်သလိုလိုနှင့် အမှန်တကယ် နားမလည်သေးသောအချက်များကို တွေ့လာသည်။ ကျွန်မတို့သည် အကြောင်းအရာတစ်ခုကို ကိုယ်တိုင်က သေသေချာချာနားလည်မှသာလျှင် အခြားသူများကို ပြန်ရှင်းပြနိုင်မည်ဖြစ်၍ အမှန်တကယ် နားလည်နိုင်အောင်ကြိုးစားရင်း အကြောင်းအရာကို ကျွမ်းကျင်ပိုင်နိုင်လာမည်ဖြစ်သည်။
အချက်အလက်များ နည်းလမ်းများကိုသုံးပါ။

❤1
အလွတ်ကျက်မှတ်ရမည်ဆိုလျှင် မှတ်မိလွယ်စေမည့်အချက်အလက်များသည် အယူအဆများကဲ့သို့ တကယ့်အဓိပ္ပာယ်နှင့် ကြောင်းကျိုးဆက်စပ်ပြီး မှတ်သားရန်မလွယ်ဖြစ်တတ်သည်။ ထို့ကြောင့် ကျောင်းသားအများစုသည် နှုတ်တိုက်အလွတ်ကျက်သည့်နည်းလမ်း (rote memorization)ဘက်သို့ ဦးတည်သွားတတ်ကြသည်။ အမှန်မှာ ကျွန်မတို့သည် မှတ်မိလွယ်စေမည့်နည်းလမ်းများကိုသုံး၍ အချက်အလက်များကို ကျက်မှတ်နိုင်သည်။ ပရော်ဖက်ဆာ လော့ဘ်ဒဲလ်က လွယ်လွယ်မှတ်မိစေမည့် အလွတ် ကျက်မှတ်နည်းများကို ရှင်းပြထားသည်။
ပထမနည်းစနစ်မှာ ထိပ်စည်းအက္ခရာများကိုယူ၍ မှတ်သားနည်းဖြစ်သည်။ ဥပမာ သက်တံတွင်ပါဝင် သောအရောင်များကို ကျက်မှတ်လိုပါက (VIBGYOR) “ပန်းခရမ်းပြာ ပြာစိမ်းဝါလိမ်နီ”ဟု မှတ်ခြင်းမျိုးဖြစ်သည်။ ပန်းခရမ်း၊ ခရမ်းပြာ၊ အပြာ၊ အစိမ်း၊ အဝါ၊ လိမ္မော်၊ အနီဟူသည့် သက်တံရောင်စဉ်ခုနစ်မျိုးကို အစဉ်လိုက်မှတ်မိသွားစေမည်ဖြစ်သည်။ ကုန်းဘောင်မင်းဆက် (၁၁) ဆက်ကို ကျက်မှတ်လိုပါက “လောင်းနောင်ဆင်စဉ့် မောင်ဘိုးဘသာ ပုမင်းသီ”ဟု မှတ်ခြင်းမျိုးဖြစ်သည်။
ဒုတိယနည်းမှာ အသံတူများ၊ စကားပုံများကို အသုံးပြု၍ မှတ်သား နည်းဖြစ်သည်။ သီချင်း၊ ကဗျာပုံစံစပ်၍လည်း မှတ်သားနိုင်သည်။ ဥပမာအားဖြင့် ကားမောင်းသမား(Chauffeur)၏ အသံထွက်ရှိုဖာကို မမှတ်မိဘဲဖြစ်နေပါက ဆိုဖာ(Sofa)ပေါ်မှာ ရှိုဖာထိုင်နေတယ်ဟု မှတ်လိုက်ပါ။ ထိုအခါ Chauffeur ကိုမြင်သည်နှင့် အသံထွက် ဆိုဖာ၊ ရှိုဖာဟူ၍တွဲပြီး အသံထွက်အမှန်ကို ချက်ချင်းသတိရသွားမည် ဖြစ်သည်။
တတိယနည်းမှာ ကျက်မှတ်လိုသောအချက်အလက်များကို ရယ်ရွှင် ဖွယ်ပုံရိပ်များအဖြစ်လည်းကောင်း၊ ကိုးရိုးကားရား၊ အူကြောင်ကြောင် ပုံရိပ်များအဖြစ်လည်းကောင်း စိတ်ကူး၍ ဆက်စပ်ပုံဖော်ကြည့်ခြင်းဖြစ်သည်။ ဥပမာအားဖြင့်ကမ္ဘာကျော်မင်းသား၊ ရေခဲမုန့်၊ လေထီး၊ ကမ္ဘာကျော် ရုပ်တု၊ စကိတ်စသည်စကားလုံးတို့ကို သူ့ချည်းအလွတ်ကျက်ရမည် ဆိုပါက မှတ်မိရန်မလွယ်သော်လည်း အကယ်၍ ကမ္ဘာကျော်မင်းသားက ရေခဲမုန့် စားနေသည်ကိုမြင်ယောင်ကြည့်ပါ။ ထိုအချိန်တွင် လေထီးကျလာပြီး လေထီးနှင့်အတူ ကမ္ဘာကျော်ရုပ်တုကြီးပါလာသည်ကို စိတ်ကူးကြည့်ပါ။ ကမ္ဘာကျော်ရုပ်တုကြီးသည် မြေပြင်ပေါ်ရောက်လာပြီးနောက် စကိတ်စီး၍ ထွက်သွားသည်ကိုမြင်ယောင်ကြည့်ပါ။ ထိုသို့ အူကြောင်ကြောင် စိတ်ကူးယဉ်ပုံပြင်ဇာတ်လမ်းပုံဖော်၍မှတ်သားပါက အချက်အလက်တို့သည် မှတ်ရလွယ်လာကြောင်းတွေ့ရလိမ့်မည်။ အထက်ပါ နည်းလမ်းများအပြင် လေ့ကျင့်ခန်းလုပ်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း တို့သည်လည်း မှတ်ဉာဏ်တိုးတက်စေသည်ဟု ဆိုသည်။
နိဂုံးချုပ်ရသော် ကျောင်းသားတို့နားလည်ရမည်မှာ စာကျက်ချိန်များတိုင်း စာရသည်မဟုတ်၊ နည်းမှန်လမ်းမှန်ကျက်မှတ်မှသာ အချိန်ကုန်သမျှ အကျိုးရှိမည်ဖြစ်ပြီး ကျက်သလောက်လည်း မှတ်မိနိုင်မည်ဖြစ်ကြောင်း သိထားရမည်။ ထို့အတွက် စာသင်သားတို့ မပင်မပန်းနှင့် ထိရောက်စွာကျက်မှတ်ကြရန် အကြံပြုတင်ပြလိုက်ပါသည်။ ။
#ဒေါက်တာမိမိကြီး(IR)
မြဝတီ
(၂၁-၁၀-၂၀၂၅)

🥰5❤4
မြန်မာပြည်မှာ kpay တွေ၊ ဘဏ်အကောင့်တွေသုံးပြီး လိမ်လို့ရနေတာ ဘာကြောင့်လဲ စဉ်းစားတာ အဖြေမထွက်ဘူး။
ဖမ်းကြပါဗျာ...
.
တချို့ ဘွဲ့ရပုဂ္ဂိုလ်ကြီးတော့...
"အိမ်ထဲနေရင်း ဝင်ငွေရမယ် အစ်မ၊ အွန်လိုင်းကနေ အော်ဒါလေး တင်ပေးရုံပဲ" ဆိုတာကြီး အဟုတ်မှတ်လို့ လိုက်လုပ်လိုက်တာ ခု သိန်း ၅၀ ပါသွားပြီ။
နိုင်ငံရပ်ခြားမှာ...
ဖင်ကြားက ချွေးထွက်အောင်လုပ်မှ ရထားတဲ့ ကျုပ်ရဲ့ချွေးနည်းစာ ငွေလေးတွေ...
အိမ်ထဲ အဲယားကွန်းနဲ့ အိပ်နေရင်းက အလိမ်ခံရလိုက်ပြီတဲ့။
သာဓု သာဓု သာဓု
တွေးမိတိုင်း တနုန့်နုန့်နဲ့
ရင်ထဲ မချိပါဘူးဗျာ။
ကိုယ့်မှာက...
အင်္ကျီတစ်ထည် $20-25 ဆို ဝယ်မဝတ်ဘူး၊ ဈေးကြီးတယ်လို့ သတ်မှတ်တာ။
Site ထဲက စူပါဗိုက်ဆာ အနဲမှာ iphone နှစ်လုံးနဲ့၊
ကိုယ့်မှာက oppo $350 တန်နဲ့။
(ကျုပ်ရိုက်တဲ့ ပုံတွေမှာ ပေါ်နေတဲ့ iphone 17 promax ဆိုတာ အဟုတ်မှတ်မနေနဲ့၊ ကင်မရာ setting ထဲ ဝင်ရေးထားတာ၊ တကယ်က oppo Reno 12 လေးရယ်)
ထားပါတော့ဗျာ။
အလိမ်ခံရတဲ့ အဓိကအခြေခံအကြောင်းက ၄ မျိုးပဲ ရှိပါတယ်။
- လောဘကြောင့် အလိမ်ခံရတယ်
- ဗဟုသုတနည်းလို့ အလိမ်ခံရတယ်
- အားနာတတ်လို့ အလိမ်ခံရတယ်
- ယုံကြည်မိလို့ အလိမ်ခံရတယ်
ဒါပါပဲ။
ခများတို့လည်း အလိမ်မခံချင်ရင် အပေါ်က အချက် ၄ ချက်ကို ဂရုစိုက်ပေါ့။
1. လောဘမကြီးနဲ့
==============
'နည်းနည်း၊ များများ၊ ဘယ်ဟာမှ အလကားမရဘူး' ဆိုတာကို အမြဲ မှတ်ထားရမယ်။
'ဘယ်အရာမှ လွယ်လွယ်မရဘူး' ဆိုတာလောက်တော့ သိထားသင့်တယ်။
သိပ်လွယ်နေရင် ကိုယ့်ဆီထိရောက်မလာဘူး၊
သူ့ ဆွေမျိုးသားချင်းတွေဆီ ခွဲဝေပေးမှာပေါ့၊
ဘယ်သူက ဆွေမတော်မျိုးမစပ် တကူးတက လိုက်လာပြီး အခွင့်အရေး ပေးနေမှာလဲ။
ဒီလောက်လေးတော့ စဉ်းစာဉာဏ် ရှိသင့်တယ်။
2. အ, လို့၊ ဗဟုသုတနည်းလို့
=====================
အဲ့လို အလိမ်မခံရအောင်...
- စာများများဖတ်၊
- လေ့လာ၊
- သူများတွေ ခံရတာကို သင်ခန်းစာယူ၊
အွန်လိုင်းတော့ သုံးတယ် 'ဖေတော့မောင်တော့' တွေနဲ့၊ ဆယ်လီတွေရဲ့ ဿတ်ပွဲတွေချည်း ကြည့်မနေနဲ့။
3. အားမနာနဲ့
==========
ဘယ်သူ့ကိုမှ အားမနာနဲ့၊
မြန်မာစကားပုံရှိတယ်၊ 'အားနာရင် ခါးပါတတ်တယ်' တဲ့။
တကယ်က 'ခါးပါတယ်' ဆိုတာ ယဉ်ကျေးအောင် ပြောတာ၊
အမှန်က 'ခါးအောက်ကဟာကြီး' ပါသွားတာ။
ဓာတ်ဆီ ဓာတ်ဆံ ဟာသထဲကလို 'အပျိုကြီး ဒေါ်ကျင်၊ အရမ်းအားနာတတ်တာ၊ ကလေး ၅၄ ယောက်ရှိတယ်၊ ဘယ်သူ့ အဖေခေါ်ရမှန်း မသိဘူး' ဆိုတာလို ဖြစ်နေမယ်၊ အားမနာကြနဲ့။
4. ဘယ်သူ့မှ မယုံနဲ့
===============
- အမေအဖေမိုလို့ မယုံနဲ့
- ညီအကိုမောင်နှမမိုလို့ မယုံနဲ့
- သူငယ်ချင်း အပေါင်းအသင်းမိုလို့ မယုံနဲ့။
ဒါ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ အယုံအကြည်မဲ့အောင် ရန်တိုက်ပေးနေတာ မဟုတ်ဘူး။
ကိုယ်က ကိုယ့်အမေမလို့၊ အဖေမလို့၊ အကိုမလို့ သူတို့ပြောသလိုလိုက်လုပ်မိတယ်ထား။
သူတို့တိုက်တွန်းသလို ပါသွားတယ် ဆိုပါတော့။
အဲ့ဒီ အဖေ၊ အမေ၊ အစ်ကို၊ အစ်မ ဆိုသူတွေက ဉာဏ်ရည်မမှီတဲ့သူ ဖြစ်နေရင်၊ ဗဟုသုတ နိမ့်ပါးသူ ဖြစ်နေရင်၊ အစာပဲ မြင်ပြီး ဂျိပ်ကိုမမြင်တဲ့သူ ဖြစ်နေရင်၊ ခများ ကိုယ်ကျိုးနဲမှာပေါ့။
Copy from ဗဟုသုတဟင်းလေးအိုးကြီးpage

❤9
နွေဦးကာလမြူထသောခါ
ယခင်စနစ်ဟောင်းဆယ်တန်း ယခုဧကာဒသမတန်း ဝန်ကြီးပဒေသရာဇာ၏ နွေဦးကာလမြူထသောအခါကို သင်ရင်း လေ့လာထားသည်များကို ပြောပြမိသည်။ ကျွန်တော်နေသော မြေပြန့်အရပ်သည် ထန်းတက်လုပ်ငန်းနှင့် အတော်ပင် စိမ်းပါသည်။ စာတွေ့တွေကိုအားပြုပြီး သိသူများကို မေးရပါသည်။ ခရီးထွက်ရင်း တိုက်ဆိုင်သည့်အခါလည်း မေးမြန်းရပါသည်။ စုဆောင်းမိတာလေးတွေကို ပြန်တင်ပြလိုက်ပါသည်။
#ထန်းပြင်သည်ဆိုရာဝယ်
ကျွန်တော်က ကလေးတွေကိုအကျင့်လုပ်ထားသည်။ မေးခွင့်ပေးထားတော့ သူတို့သိချင်တာ မေးတော့သည်။ ကျွန်တော်လည်း ခေါင်းလည်အောင်ကို ရှာရတော့သည်။ ခုလည်း ထန်းအကြောင်းမေးနေသည်။ တျာချင်းသင်တုန်းက သူတို့စိတ်ကြိုက်မေးလို့ ဖြေခဲ့ရပြီးပြီ။ ခုလည်း ခက်ဆစ်တွေ ပြန်နွှေးနေရင်း ကလိုင် တွင်ပါသော ထန်းပြင်ရာတွင် ဆိုသည်ကို မေးတော့သည်။ ထန်းကိုဘယ်လို ပြင်တာလဲဟုမေးသည်။ ကလိုင်ကို ထန်းပြင်ရာတွင် သုံးသည်ဆိုတော့ သူတို့သိချင်နေ၍ ဖြစ်မည်။
ကျွန်တော့်မှာတော့ ခက်ရသည်။ ထန်းလုပ်ငန်းနဲ့လည်းမနီးစပ်။ သန်လျင်မှာလည်း ထန်းတောက အဲ့လောက်မများတော့။ လက်တွေ့အမြင်မရှိပေ။ စာတွေ့သာ အားကိုးဖြေရတော့သည်။ ထန်းပြင်သည် ဆိုသည်မှာ ထန်းရည်ရရန်အတွက် ထန်းပင်ရှိ ထန်းလက်၊ ထန်းရွက်၊ ထန်းနို့များကို ရှင်းလင်းဖယ်ရှား သည်ကို ခေါ်ခြင်းဖြစ်သည်။ ထိုအချိန်ကိုလည်း ထန်းပြင်ချိန်ဟု ခေါ်ကြသည်။
ထန်းရည်ရချိန်ကို ထန်းဖို၊ ထန်းမအလိုက် ရာသီခြောက်မျိုးမှာ ထုတ်ယူကြသည်။ ထန်းဖိုပင်မှ ထန်းဖိုဦးနှင့် ညှပ် ရာသီအဖြစ် ထုတ်ယူကြသည်။ ထန်းမပင်မှ သီးနုနှင့် သီးရင့် ရာသီအဖြစ်ထုတ်ယူကြသည်။ အပွက်နှင့် အတီ ရာသီအဖြစ် ထန်းဖိုပင်နှင့် ထန်းမပင်တို့မှ ထုတ်ယူကြသည်။ ရာသီအလိုက် ထန်းပြင်ခြင်းကွာခြားပေတော့သည်။ ထန်းရည်ထွက်ရာတွင် ထန်းဖိုပင်ထက် ထန်းမပင်က ပို၍ ထန်းရည်ထွက်ပါသည်။ ခုတော့ ထန်းဖိုပင် ထန်းဖိုဦး ထန်းပြင်ပုံကိုသာ ဖော်ပြပါမည်။ ကျွန်တော်လည်း ကလေးတွေကို ထိုအကြောင်းပဲ ရှင်းပြလိုက်တော့သည်။
တပို့တွဲလသည် ထန်းဖိုဦးရာသီဖြစ်သည်။ ထန်းရာသီ၏ အဦးဆုံးထန်းရည်ချိုထုတ်ယူခြင်း ဖြစ်၍ ထန်းဖိုဦးဟု ခေါ်ကြသည်။ ထိုအချိန်ရာသီ ထန်းရည်ထုတ်ယူခြင်းကို ထန်းဖိုနု ဟုလည်း ဆိုကြသည်။ ထိုအချိန်ထန်းပြင်ခြင်းကို "ထန်းရစ်"၊ "နုရစ်"၊ "ထန်းနွှေး" စသဖြင့် ဒေသအလိုက်ခေါ်ကြသည်။ ထန်းပြင်ရာတွင် လိုအပ်သော အဓိကကိရိယာများမှာ ဓားချွန်း၊ ဓားပွင့် ၊ ကလိုင် တို့ဖြစ်သည်။
ထန်းပြင်ရန်အတွက် ထန်းဖိုပင်ပေါ်သို့ ထန်းသမားကြီးရောက်သောအခါ ထန်းနို့၊ ထန်းခိုင်များအား ဖုံးကွယ်နေသော ထန်းလက်များ၏ အခြေမှ ပတ်ခွ များကို ကလိုင် ဖြင့် ထိုး၍ခွာချရသည်။ ကလိုင်ကို ထန်းလက်၏အရင်းမှ ပတ်ခွကြားထဲသို့ ထိုးထည့်၍ ခြေဖြင့်နင်းချသောအခါ ထန်းလက်များ ကွာကျကုန်သည်။ ထန်းလက်၏အရင်းကို ကလိုင်ထိုးသွင်းပြီး ကလိုင်ကိုလည်းကောင်း၊ ထန်းလက်ပေါ်သို့လည်းကောင်း ခြေဖြင့်နင်းချခြင်းဖြစ်သည်။ ထန်းသမားကလည်း ထိုကလိုင်ပေါ်တွင်ထိုင်ပြီး ထန်းပြင်တော့သည်။
ထန်းပြင်သည်ဆိုသည်မှာ ထန်းရည်ထွက်နိုင်မည့် ထန်းနို့ခိုင်ကို လှီးဖြတ် ပြင်ဆင်ရခြင်းဖြစ်သည်။ ထန်းနို့ခိုင်များကို ရွေးပြီး ထန်းလှီးရန်မလိုသော ထန်းနို့ခိုင်များကို ခုတ်ချရသည်။ ရွေးထားသော ထန်းနို့ခိုင်များကို အတွင်းသား ထန်းနို့နုနုကလေးများ ပေါ်လာသည်အထိ ထန်းနို့ခွံကို ဓားပွင့်ဖြင့် လှီးဖြတ်ရသည်။ သည်နေရာတွင် ထန်းသမားတို့၏ လက်သုံးစကားပေါ်လာသည်။ "ထန်းဖိုနု အပျိုထက်ယု" ဟုဆိုပြတော့သည်။ ထန်းသမားသည် ကလိုင်ပေါ်တွင် တည်ငြိမ်အောင်ထိုင်ကာ ခြေနှစ်ဖက်ကို ပက်ခွများကြားသို့ ထောက်ခံထားရသည်။ လက်နှစ်ဖက်ကတော့ ထန်းနို့နုနု ရစ်ရန်၊ လှီးဖြတ်ရန်အတွက် ဖြစ်သည်။
ထန်းနို့ကို ဓားပွင့်ဖြင့် ရစ်၍ ထန်းဖုံးဆံခွံများကို ခွာထုတ်ပစ်ရသည်။ အတွင်းသား ထန်းနို့နုနုလေးများကို မထိအောင်သတိထားရသည်။ အကိုင်ကြမ်း၍ ထန်းနို့နာသွားပါက ထန်းရည်မလိုက်တော့ဘဲ ထန်းပျက်သွားတတ်သည်။ ဒါ့ကြောင့် "ထန်းဖိုနု အပျိုထက်ယု" ဟုဆိုကြခြင်းဖြစ်သည်။ (အပျိုထက်ယု ဆိုလိုက်သည်နှင့် ကျောင်းသားအချို့ ပြုံးစစလုပ်နေကြသည်။)
ခွာပြီးသော ထန်းနို့နုနုကလေးကို ထန်းပင်ပေါ်မှ ထန်းဖူးတိုင် ပေါ်ထွက်လာစ ရွက်နုကလေးဖြင့် ထန်းနို့ကို ညင်သာစွာ စည်းနှောင်ပေးရသည်။ ထန်းရွက်နုကလေးကို ထက်ခြမ်းခွဲ၍ လျှော်အဖြစ် အသုံးပြုပြီး ထန်းနို့နုနုကလေးကို တကွင်းစီ တလက်မခန့် အကွာအဝေးပြု၍ စည်းနှောင်ရသည်။ ထန်းပြင်ပြီး လေးရက်ခန့်အကြာတွင် ကျပ်စည်းထားသော ထန်းနို့နုကလေး၏ သုံးပိုင်းနှစ်ပိုင်းကို ချန်ထား၍ အဖျားပိုင်းကို ဓားဖြင့်လှီးရသည်။ ထန်းလှီးရာတွင်လည်း သတိထားလှီးရပြန်သည်။ ထို့နောက် နံနက်တကြိမ်၊ ညနေတကြိမ် ထိပ်ဖျားမှ ထပ်၍လှီးပေးရသည်။ ထိုသို့လှီးပေး၍ ငါးရက်မြောက်နေ့တွင် မျက်ရည်စို့လာသည်။ (ထန်းရည်စတင်၍ ထွက်လာခြင်းဖြစ်သည်။)

❤3
ထန်းနို့မှ ထန်းရည်လိုက်ပုံကိုကြည့်၍ မြူအိုးဆွဲပြီး ထန်းရည်ခံကြသည်။ အချို့ထန်းနို့များသည် သုံးလေးရက်ရလျှင် အရည်ကောင်းကောင်းလိုက်သည်။ အချို့ကား တပတ်ခန့်ကြာမှ အရည်လိုက်ကြသည်။ ထန်းဖိုဦးရာသီ မှ ထန်းပြင်ခြင်းအကြောင်းကို ကျွန်တော်ပြောပြလိုက်သည်။ သူတို့ထန်းပြင်ခြင်းအကြောင်းကို သဘောတရားအရသိသွားပေပြီ။ ကျွန်တော်က စကားပလ္လင်ခံထားရသည်။ ဒေသအလိုက်ကွာခြားနိုင်သည်။ တကယ်လုပ်ရာတွင် ပို၍အသေးစိပ်ကျသည်ဟုတော့ ပြောထားရသည်။ သူတို့ကျေနပ်သွားကြသည်။ ကျွန်တော်လည်း အသိတခုရလိုက်တော့သည်။
#ထန်းတက်ရာတွင်အဓိကအသုံးအဆောင်များ
ဆယ်တန်းတွင် ဝန်ကြီးပဒေသရာဇာ၏ တျာချင်း ကိုသင်ရသည်။ ထန်းသမားမိသားစု၏ ဘဝကို ရေးထားခြင်းဖြစ်သည်။
နွေဦးကာလမြူထသောအခါ
ရင်းထောင် ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ
ဓားနှီးထက်စွာ ခါးမှာချပ်လျှက်
ထန်းပွင့် ထန်းခိုင် ရွှန်းမြိုင်မြိုင်
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။
ထိုကဗျာတွင်ပါသော ထန်းတက်လုပ်ငန်းခွင် ဝင်ရာတွင် ယူဆောင်သွားသော ပစ္စည်းများကို တွေ့ရသည်။ ထိုပစ္စည်းတွေအကြောင်းကို ကျွန်တော်သိချင်မိသည်။ ကျွန်တော်လိုပဲ သိချင်သူတွေအတွက် ပြန်လည်ဝေငှလိုက်ပါသည်။
#ရင်းထောင်
ရင်းထောင်သည် ထန်းပင်အခြေတွင် ကပ်၍ ထောင်ရသော လှေကားဖြစ်သည်။ အမြင့် ၁၂ ပေ မှ ၃၀ ပေ အထိရှိတတ်သည်။ ထန်းတက်သော ထန်းတော့၏ အနိမ့်အမြင့်ကိုလိုက်၍ ပြုလုပ်ကြခြင်းဖြစ်သည်။ ရင်းထောင် ပြုလုပ်ရန်အတွက် မြင်ဝါးကို အသုံးပြုကြသည်။ ရင်းထောင်ဝါးသည် မတုတ်လွန်း မသေးလွန်းစေရ။ အသင့်အတင့်ရှိရမည်။ မာကျောပြီး အနာအဆာကင်းရမည်။ ဖြောင့်ဖြူး၍ နေရမည်။ အဆစ်ပိတ်ဝါးကို အသုံးပြု နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ ထန်းပင်နိမ့်လျှင် ဝါးတစ်ပြန်စာဖြင့် ရနိုင်သော်လည်း ထန်းပင်မြင့်လျှင် နောက်ထပ် ဝါးဆက်ရသည်။ ရင်းထောင်၏ အောက်ဝါးကို "ဝါးမ" ဟုခေါ်ပြီး အထက်မှဆက်သော ဝါးများကို "အပေါ်ဝါး" ဟုခေါ်သည်။ အပေါ်ဝါးများသည် မတုတ်လွန်းစေရ။ ဝါးမများ၏ အဖျားပိုင်း သာသာမျှသာ ရှိရမည်။
ရင်းထောင်အတွက် လှေကားဆန် ပြုလုပ်ရန် ဆီးသားသည် အကောင်းဆုံးဖြစ်သည်။ အညာဒေသရှိ ထန်းလုပ်သားတိုင်းလိုလို ဆီးသားကိုအသုံးပြုကြသည်။ ဆီးသားအစား ဖလံသား၊ နပဲသား၊ တမာသားတို့ကို လည်း အသုံးပြုကြသည်။
ရင်းထောင်သည် တစ်ပင်တည်းတွင်သာမက ထန်းတော့အတွင်းရှိ လှီးထန်းမှန်သမျှတွင် အသုံးပြု ရခြင်းဖြစ်သည်။ ထန်းတက်သောအခါ ထန်းလုပ်သားသည် ရင်းထောင်ကို တစ်ပင်ပြီးတစ်ပင် ချီမသယ်ဆောင်၍ တက်ရသည်။ တစ်နေ့တာထန်းတက်ရန်အတွက် ရင်းထောင်သည် ထန်းလုပ်သား၏ လက်စွဲတော် ဖြစ်ပေသည်။ ထို့ကြောင့် ရင်းထောင်ကို တောင့်တင်းခိုင်ခံ့အောင် ပြုလုပ်ကြသည်။
#ရင်းဆွဲ
ရင်းဆွဲသည် ထန်းပင်ထက်ရှိ "ဦးထုပ်ကြိုး" ဖြင့် ချိတ်ဆွဲပြီး ထန်းပင်အထက်ပိုင်းတွင် ပုံသေကပ်၍ ချည်ထားသော လှေကားဖြစ်သည်။ ဦးထုပ်ကြိုး ဆိုသည်မှာ ထန်းပင်မှ လျော်စိုနှစ်ခုကို ဘေးသားနှင့် ဝမ်းသားပါအောင် ဓားဖြင့် ဒုတစ်လက်မနီးပါးမျှ ခွာဆုတ်ပြီး ကြိုးသဖွယ်ပြုလုပ်ထားခြင်း ဖြစ်သည်။ ဦးထုပ်ကြိုး အဆုတ်ကောင်းလျှင် ခြောက်သွေ့မသွားတော့ဘဲ ထန်းတုံးသည်အထိ စိမ်းစို၍ နေလေသည်။
ရင်းဆွဲကို ထန်းပင်၏ အနိမ့်အမြင့် ရင်းထောင်၏ အတိုအရှည်ကို လိုက်၍ လိုအပ်သလို ပြုလုပ်ကြသည်။ လှေကားထစ် သုံးထစ် လေးထစ်မှ ၁၄ ထစ်အထိ ပြုလုပ်တတ်ကြသည်။ ထန်းပင်သည် ပေ ၅၀ ခန့်ရှိပြီး ရင်းထောင်၏ အမြင့်သည် ၃၀ ပေခန့် ရှိလျှင် ရင်းဆွဲကို ၂၀ ပေခန့် အထိ ပြုလုပ်ရလေသည်။ ဤသို့ ထန်းသမားတို့ ရင်းဆွဲပြုလုပ်ခြင်းကို ရင်းဆွဲဖွဲ့သည်ဟု ခေါ်သည်။
ရင်းဆွဲသည် ရင်းထောင်ဖွဲ့ပုံနှင့် ပုံသဏ္ဌာန် မတူချေ။ လှေကားထစ်များကို ရင်းဆွဲ၏ ထိပ်နှင့် သုံးပေခန့် အကွာမှစ၍ ထည့်သွင်းသွားရသည်။ လှေကားထစ်ထည့်ပုံ ချည်တုပ်ပုံမှာ ရင်းထောင်နှင့် အတူတူပင် ဖြစ်သည်။ သို့သော် ရင်းဆွဲ၏ ထိပ်ဖျားရှိ ဝါးနှစ်လုံး၏ အစွန်းနှစ်ခုကို အေ(A) ပုံသဏ္ဌာန်ဖြစ်အောင် ပူးချည်တုပ်နှောင် ရသည်။ အဓိကနေရာဖြစ်သဖြင့် အရှည်ဆုံး အကောင်းဆုံး လျှော်သုံးပင်ကို ရွေးပြီး သုံးချက်တိတိ ချည်ရခြင်း ဖြစ်သည်။ ထိုနေရာကို "သျှောင်ဖိုတုပ်" ဟုခေါ်ကြသည်။
ရင်းဆွဲတင်သောအခါ ထန်းလုပ်သားသည် ရင်းဆွဲတင်ကြိုးဖြင့် ဆွဲယူပြီး ထန်းပင်ပေါ်သို့ တင်ရသည်။ ထို့နောက် ဦးထုပ်ကြိုး တစ်ဘက်တစ်ချက်ဖြင့် သျှောင်ဖိုတုပ်ကို ဘူးလည်သီးခတ် ချည်ဆွဲထားရသည်။ ရင်းဆွဲ၏ ဒုတိယ လှေကားထစ်ခါးပန်းကြိုးချည်ရသည်။ အောက်ပိုင်းတွင်မူ ရင်းဆွဲအတိုအရှည်ကိုလိုက်၍ ခါးပန်းတိုက်ရလေသည်။ အများဆုံး လေးငါးချက်အထိ ခါးပန်းတိုက်လေ့ ရှိကြသည်။ ခါးပန်းကြိုးသည် တစ်လက်မထူသော ထန်းလျှော်ကြိုးပင် ဖြစ်ပါသည်။
ထန်းတောအတွင်းရှိ လှီးနေသောထန်းပင်မှန်သမျှ ရင်းဆွဲတင်ရသည်။ ထန်းပင် ၅၀ လှီးသော ထန်းသမားသည် ရင်းဆွဲအစင်းရေ ၅၀ မျှ ဖွဲ့ရမည်ဖြစ်သည်။ ရင်းဆွဲမပါသော ထန်းပင်သည် ထန်းလှီးရာ၌ အခက်အခဲ ကြံုရသည်။ ဖြစ်ကတတ်ဆန်း လှီးသဖြင့် ထန်းလုပ်သားကို အန္တရာယ်ပေးနိုင်သည်။ ထို့ကြောင့် ထန်းလုပ်သားတိုင်း ထန်းလှီးမှန်သမျှ ရင်းဆွဲတင်သင့်သည်။

#ရင်းပတ်
ကဗျာတွင်တော့မပါပေ။ ထန်းပင်သည် ရှည်လွန်းနေ၍ ရင်းထောင်နှင့် ရင်းဆွဲကြားတွင် လွတ်နေပါက တပ်ရသောလှေကားငယ်ကို ရင်းပတ်ဟု ခေါ်ခြင်းဖြစ်သည်။
#ထန်းလျော်
ထန်းလက်၏ အကြောကို ခွာယူ၍ ချည်စရာအဖြစ် အသုံးပြုခြင်းဖြစ်သည်။ ကျွန်တော်တို့အရပ်တွင် အသုံးပြုသော နှီးကဲ့သို့ပင်ဖြစ်သည်။
#မြူအိုး
မြူအိုးကို ထန်းရည်ချို ခံယူရန်အတွက် အသုံးပြုကြသည်။ မြေဖြင့် ပြုလုပ်ထားသော မြေအိုးဖြစ်ပြီး ထန်းရည်ချို တစ်ပြည်သားခန့်ဝင်သည်။ မြူအိုးဖြင့် ထည့်ထားသော ထန်းရည်ချိုကို ထန်းလုပ်သားတို့ ခေါ်ဝေါ်သုံးစွဲပုံမှာ မြန်မာ အချင်အဝင်အတိုင်း ဖြစ်သည်။ မြူအိုးအပြည့်ကို တစ်မြူ၊ မြူအိုးတစ်ဝက်ကို တစ်ခွက်ရည်၊ ထိုမှ တစ်စလယ်ရည်၊ တစ်လမယ်ရည် စသည်ဖြင့် ခေါ်ဆိုသုံးစွဲကြသည်။
မြူအိုးကို ထန်းပင်ပေါ်မှာ ချိတ်ဆွဲရန် ချည်ကြိုးကို ကွင်းပြုလုပ်ပြီး တပ်ရသည်။ မြူအိုးတပ်သော ကြိုးကို "ကြိုးဖြေ" ဟုခေါ်သည်။ ကြိုးဖြေပါမှသာ မြူအိုးကို ထန်းပင်ပေါ်၌ အသုံးပြုနိုင်သည်။ ထန်းအပင် ၃၀ တက်သော ထန်းလုပ်သားတစ်ဦးအတွက် မြူအိုး ၂၀၀ မှ ၂၅၀ ခန့်အထိ လိုအပ်လေသည်။
#ကလိုင်
ကလိုင် ဆိုတာ ကကျတော့ လေးပေးကျော်လောက်ရှိတဲ့ ဝါးအမာ ၂ချောင်းကို ကြိုးနဲ့ပူးချည်ထား ခြင်းဖြစ်သည်။ ထန်းပင်ပေါ်တက် ပြီးရင် ထန်းရွက်တွေ ကြားမှာ အဲဒီကလိုင်နဲ့ ကလန့် ပြီး ထန်းသမားက အဲဒီပေါ်မှာ ထိုင်ရသည်။ ဒီတိုင်းထိုင်ရင် ထန်းလက်တွေက ချောနေတာ လိမ့်ကျတာတို့ ၊ ထန်းဇောင်းရှတာ တို့ဖြစ် တတ်သည်။ အဲဒါကြောင့် ကလိုင်ပေါ် ကျကျ နန ထိုင်ပြီး ထန်းခိုင်လေးတွေကိုပြင်ရသည်။
#ထန်းလှီးဓါး
တချွန်းဓား ၊ ထန်းလှီးဓား ဆိုတဲ့ ထန်းကိုင်ဓား ၂ မျိုးကို ဓားအိမ်ထဲထည့် ၊ ကလိုင် ကို လွယ်ပြီး ထန်းပင်ပေါ်စတက်ရသည်။ တချွန်းဓားဆိုတာက ဓားအသေး ၊ ထန်းရွက်တွေဘာတွေ ခုတ်ချတဲ့အခါ ၊ ထန်းလက်တွေ ရဲ့ အနားစပ် တွေမှာရှိတဲ့ ရှတတ်တဲ့ ထန်းဇောင်းတွေ ရှင်းပစ်တဲ့အခါ သုံးရသည်။ ထန်းလှီးဓား ကတော့ ထန်းခိုင် လေးတွေကို ပါးပါးလှီးတဲ့နေရာမှာသုံးတဲ့ ဓားအနုဖြင့် သုံးကြသည်။
(ကိုးကား တက္ကသိုလ်စိန်တင်၏ ထန်း၊ မောင်လင်းသူ(ညောင်ဦး)၏ ထန်းနှင့်ထန်းလုပ်ငန်းဆိုင်ရာ သိကောင်းစရာ)
ငြိမ်းချမ်း(ဗိုလ်ချုပ်ရွာ)

`ရွာကျောင်းကဆရာမ´
<><><><><><><><>
ခေါင်းလောင်းမရှိဘူး
သံချောင်းတီးပြီးကျောင်းတက်တယ်။ ။ ။
တစ်ကျောင်းလုံးမှာမှ
စာသင်ခန်းကတစ်ခုထဲ
လည်ချောင်းကွဲမတတ်အော်မှ
ကိုယ့်တပည့်တေအတွက်ကအနေတော်။ ။ ။
ကျောင်းကလေးအိုမင်းချက်က
မိုးရွာတဲ့ရက်တွေလာကြည့်မှ
ရှင်တို့ပိုသိလိမ့်မယ်။ ။ ။
ခေါင်မိုးကကြယ်မြင်ပေမယ့်
ဘေးထရံဟင်းလင်းတွေက
လယ်ထဲကစပါးခင်းတွေကို
အထင်းသားတော့မြင်နေရသား။ ။ ။
နေရေးစားရေးကို
ကျွန်မတို့မ တွေးအားဘူး။ ။
အဖြူအစိမ်းတောင် ဝတ်မထား
နွမ်းပါးရှာတဲ့တပည့်တွေ
တတ်နိုင်သမျှပညာအမွေပေးဖို့ပဲစဉ်းစားတယ်။ ။ ။
ဒီလိုနဲ့
မြွေမကြောက်
ရေမကြောက်
တောင်ပေါ်ရောက်တဲ့သူကရောက်။ ။
ကမ်းရိုးတန်းနဲ့မြေပြန့်
နေရာအနှံ့ခြေကိုဆန့် ရင်း
ကျွန်မတို့
ရွာကျောင်းလေးတွေကိုပဲခင် တွယ်လာကြ တော့တယ်။ ။ ။
photo;credit
M.M.Z.H.A...

❤7
၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅ ထောက်ပံ့ကြေးအမိန့်စာများ။
(၂၀၂၄ အမိန့်စာရှာမတွေ့၍ ရှိသူများ ပို့ပေးနိုင်)