Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
19.2K subscribers
3.92K photos
96 videos
1.2K files
510 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
စက်မှုစိုက်ပျိုးမွေးမြူ
================
GTHS ပြီးလို့ GTI ဆက်တက်မဲ့သူတွေရော GTI အကြောင်း သိချင်နေတဲ့သူများအတွက် GTI အကြောင်းလေးသိသလောက် မျှဝေပေးပါမည်။

-GTI ဆိုတာ အစိုးရစက်မှုလက်မှုသိပ္ပံပါ(Government Technical Institute)ဖြစ်ပါတယ်။
ပညာရေး၀န်ကြီးဌာနလက်အောက်မှာရှိ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန အုပ်ချုပ်မှုအောက်မှာရှိပါတယ်။

-ပညာသင်ကာလမှာ ၃ နှစ် ဖြစ်ပြီး တစ်လလျှင် ထောက်ပံ့ကြေး ၃ သောင်း ပေးအပ်မှာဖြစ်ပါတယ်။ကျောင်း ၃ နှစ်ပြီးလို့ အောင်မြင်ပါက AGTI ( Associate Government Technical institute)ဒီပလိုမာကိုရရှိမှာဖြစ်ပါတယ်။

-၀င်ခွင့်ကို နို၀င်ဘာအတွင်းခေါ်မည် ထင်ပါသည်။ သတင်းစာတွင် ထည့်ကြေငြာပါမည်။

-တက္ကသိုလ်၀င်တန်းကို physics ပါသော ဘာသာတွဲဖြင့်အောင်မြင်သူ အားလုံး လျှောက်နိုင်ပါတယ်။ အမှတ်ပေါင်းအရ ခေါ်တာ မဟုတ်ပါဘူး။
English+Mathematics နှစ်ဘာသာ ရမှတ်ပေါင်းနဲ့ခေါ်တာပါ။ အဲ့နှစ်ဘာသာ ရမှတ်ပေါ်မူတည်ပြီး ဦးစားပေးလျှောက်ထားသော ဘာသာရပ်ခွဲခြင်းကို ဆောင်ရွက်ပါတယ်။ ဒါ့ကြောင့် အမှတ်ဘယ်လောက်ဆိုတာ မရှိပါဘူး။
-အစိုးရနည်းပညာ အထက်တန်းကျောင်း (GTHS) မှထူးချွန်အောင်မြင်သူများလည်းတက်ရောက်နိုင်ပါတယ်။
-စဂ်ပူ - မြန်မာ သက်မွေးသင်တန်းကျောင်းမှ အောင်မြင်သူ တစ်ချို့ သတ်မှတ်ထားတဲအတိုင်းတက်ရောက်နိုင်ပါတယ်။
မေဂျာတစ်ခု ပျမ်းမျှ လူ ၄၀ လက်ခံပါတယ်။ လူ အယောက် ၄၀ ပြည့်ရင် ၄၀ မြောက်လူရဲ့ နှစ်ဘာသာ ရမှတ်က အဆိုပါ ဘာသာရပ်၊ အဆိုပါကျောင်းအတွက် အနိမ့်ဆုံးအမှတ်ဖြစ်ပြီး roll 1 ရမှတ်သည် အမြင့်ဆုံး အမှတ်ဖြစ်ပါသည်။ မည်သည့်ဘာသာရပ်မှ အမှတ်ကြိုတင်သတ်မှတ်ထားခြင်းမရှိပါ။ အမှတ်များသောသူများ လျှောက်ထားသော ဘာသာရပ်သည် အမှတ်မြင့်သွားမည်ဖြစ်ပါသည်။ နားလည်အောင်သေချာဖတ်ပါ အတက်နိုင်ဆုံး နားလည်အောင် ရေးထားပေးတာပါ။ ၀င်ခွင့်ဖြေဆိုရခြင်းမရှိသေးပါ။

-နှစ်ဘာသာ အမှတ်အရ လူရွေးချယ်ရတာပါ။
မေဂျာတစ်ခု လူ ၄၀ သတ်မှတ်ထားသည့်အတွက် အမှတ်မကောင်းသောသူများ၊ ၀င်ခွင့်မရသောသူများသည် သတ်မှတ်လူဦးရေ မပြည့်သေးသောကျောင်းများအား လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသောကျောင်းမှာသာ သင်တန်းပြီးဆုံးသည်အထိ နေရမည်ဖြစ်ပါသည်။ မိဘများ အလုပ်တာ၀န်ပြောင်းပါက ကျောင်းပြောင်းကို စဉ်းစားပေးပါတယ်။

-စာတွေ့ ၆၀ % လက်တွေ ၄၀% ပုံစံနဲ့သင်ကြားပေးပါတယ်။ပထမနှစ်နဲ့ဒုတိယနှစ်ပြီးရင် လုပ်ငန်းခွင်လက်တွေ့ ၁ လဆင်းရပြီး တတိယနှစ်ပြီးရင် ၃ လဆင်းရပါတယ်။ လက်တွေ့ကာလ ထောက်ပံ့ကြေးမရပါ။

-TU ပေါင်းကူးခွင့်နှင့်ပတ်သတ်ပြီး.ယခုထိ တော့ ပေါင်းကူးရှိပါသည်၊ ပေါင်းကူးခွင့်သတ်မှတ်ချက်အတိုင်း တက်ရောက်ခွင့်ရပါမည်။ သတ်မှတ်ချက်သည် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ၂၀ % တက်ရောက်ခွင့်ရှိပါတယ်။ ကြိုးစားမှ တက်ရောက်ခွင့်ရပါမည်။

.-မြန်မာတစ်နိုင်ငံလုံးရှိ GTC,GTI များ

-ရန်ကုန်တိုင်း..ရွှေပြည်သာ အင်းစိန်
-မန္တလေးတိုင်း ..မြင်းခြံ၊ မန္တလေး၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ပြင်ဦးလွင်
-မကွေးတိုင်း..မကွေး၊ရေနံချောင်း၊ ချောက်၊ သရက်၊ဂန့်ဂေါ
-စစ်ကိုင်းတိုင်း..ရွှေဘို၊ ကန့်ဘလူ၊ ခန္တီး
-ပဲခူးတိုင်း..ပဲခူး ၊ လက်ပံတန်း
-ဧရာ၀တီတိုင်း.ဝါးခယ်မ၊ ကျိုက်လတ်၊ လပ္ပတ္တာ
-တနင်္သာရီတိုင်း.. မရှိသေးပါ
-ရှမ်းပြည်နယ်.. မရှိသေးပါ။
-ကချင်ပြည်နယ်..မိုးညှင်း၊ပူတာအို
-ချင်းပြည်နယ်..ဟာခါး
-ရခိုင်ပြည်နယ်..သံတွဲ၊ ကျောက်ဖြူ
-မွန်ပြည်နယ်..မော်လမြိုင်
-ကရင်ပြည်နယ်..မရှိသေးပါ
-ကယားပြည်နယ်..လွိုင်ကော်
-နေပြည်တော် တို့ဖြစ်ပါတယ်

အခြေ ခံအားဖြင့်..ကျောင်းတိုင်းမှာ..မေဂျာ(၄)ရှိပါတယ်
Civil
Ec
Ep
Mech
IT
EM
FM ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်းမေဂျာမတူပါ။

Civil-ဆိုရင်..အဆောက်အဦးတွေ.ဒီဇိုင်းရေးဆွဲရမယ်

Ec-ဆိုရင်..circuitပိုင်းဆိုင်ရာ...ph computer အဲ့အရာတွေရဲ့ အတွင်းပိုင်ဆိုင်ရာ ပစ္စည်းတွေကို ပြုပြင် တီထွင်ဖြေရှင်းရမယ်

Ep-ဆိုရင်..လျပ်စစ် ပစ္စည်းပိုင်းဆိုင်ရာ...motorတွေ transformerတွေ..ကျွန်တော်တို့..ခရီးသွားရင် စပါးခင်းထဲ မြင်ရတဲ့ လျပ်စစ် တာဝါတိုင်ကြီးတွေ အိမ်တွင်းလျပ်စစ်တွေ..အကြောင်း သင်ရမယ်

Mech-ဆိုရင် စက်ပိုင်းဆိုင်ရာ အတွင်းပိုင်းတွေ..ကား ဘာညာပေါ့...အဲ့လိုတွေကို ပြုပြု တထွင်ရမယ်
(အခုကျွန်တော်ပြောတာတွေက အခြေခံအပိုင်းသာဖြစ်ပြီး...ကျွန်တော်နားလည်သလောက်သာ ပြောပြခြင်းဖြစ်ပါတယ် ဖြည့်စွက်စေချင်သည်များကို လည်း လာရောက်ပြောဆိုနိူင်ပါတယ်)

EM နဲ့ FM ဘာသာရပ်များကိုတော့ သက်ဆိုင်ရာမေဂျာမှ..ကျောင်းသားများ.မိမိမေဂျာအကြောင်း..အကျယ်တဝင့် ကွန်းမန့် ရှင်းပြပေးရန်လည်း ဖိတ်ခေါ်ပေးပါတယ်။

မေဂျာ အလိုက်ဟာ..အကုန်လုံး တန်ဖိုးရှိကြပါတယ်...
ဘယ်ဟာပိုကောင်းလဲ...မမေးကြ..မတွေးကြပါနဲ့..
အကုန်လုံး..က..အင်ဂျင်နီယာလောကရဲ့...အရေးပါသောမေဂျာများသာဖြစ်ပါတယ်။

.ကိုယ်ကိုယ်တိုင် စဉ်းစားပါ...ငါနဲ့ ဘယ်မေဂျာက အသင့်တော်ဆုံး ဖြစ်မလဲ။ငါ့ဝါသနာကဘာလဲ..သူများတွေက ဒါကောင်းတယ်ပြောတိုင်းမျက်စိမှိတ်မရေးခဲ့ပါနဲ့...။
❤4
မနှစ်ကအနေအထားကတော့..ရန်ကုန်နဲ့ မန္တလေးက ဝင်ခွင့်အမှတ်အများဆုံးကျောင်းအဖြစ်ရပ်တည်ခဲ့ပါတယ်(135နဲ့ဖြတ်တယ် နောက်ဆုံးအမှတ်ကို)
တခြားကျောင်းတွေကတော့ အသင့်အတင့်လေး... ရှိပါတယ်
အမှတ်တွေ ကွာပေမယ့် သင်ရတဲ့ စာတွေကတော့ အတူတူပါပဲ ဘယ်ကျောင်းဖြစ်ဖြစ် ဒီစာပဲသင်ရတာပါ..အခွင့်အလမ်းတွေ..သင်ကြားမှုတွေ..ပတ်ဝန်းကျင်အခြေအနေနည်းနည်းတော့ ကွာခြားတာပေါ့

အကြံပေးချင်တာက...ဝါသနာကိုဦးစားပေးပါ...နေရာကိုဦးစားမပေးပါနဲ့ ဟာကွာ..ygn mdyက အမှတ်တွေက.အမြင့်ကြီးတွေ.အဲ့ကျောင်းပဲ တက်ချင်တယ်
ဘာရရကွာဆိုပြီး မလုပ်ကြပါနဲ့...

ပြီးတော့. ထပ်သိဖို့လိုအပ်တာက..GTIကျောင်းဟာ
10တန်းအောင်နှင့် GTHS မှ ထူးချွန်သူများသာ
တက်ရောက်ခွင့်ရှိတဲ့ကျောင်းဖြစ်ပါတယ်
၈တန်းအောင် များ တက်ရတဲ့ကျောင်းမဟုတ်ပါ
(ပညာရေးကို ခွဲခြားနှိမ်လိုခြင်းမဟုတ် လွဲမှားနေသောအသိအား ပြင်စေချင်ခြင်းသာ)

ကျွန်တော်တို့ကျောင်းသည် နည်းပညာကျောင်းဖြစ်ပါတယ်
လက်တွေ့ကျကျ အလုပ်လုပ်ရပါတယ်
စာပိုင်းထက် လက်တွေ့ပိုင်းကို ပိုဦးစားပေးပြီးလုပ်ရပါတယ်
လုပ်ငန်းပိုင်ဆိုင်ရာတွင်.တခြားနည်းပညာကျောင်းများ တန်းတူ
ရင်ဘောင်တန်းနိုင်တဲ့အထိ ပညာများပေးစွမ်းနိုင်စွမ်းရှိပါတယ်လူကြီးမင်းအချို့ရဲ့.နှစ်ဘာသာပေါင်း တက်ရတဲ့ကျောင်းမလို့ အထင်သေးလိုစိတ်များလည်း
မေ့ပြစ်လိုက်ပါ။အခြေခံအပြည့်ပါလာသော GTHSကျောင်းတော်သားများနဲ့Eng math အမှတ်ကောင်းမှသာ..တက်ခွင့်ရမည့် ကျောင်းတော်ကြီးဖြစ်ပါတယ်။

အမှားပါရင် ဖြည့်စွက်ပေးပါ။com မှာအကြံပေးနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။
❤1
GTHS_GTI_GTC_TUအကြောင်းသိချင်သူများအတွက်မျှဝေပါသည်။
=============================
#GTHS_အစိုးရနည်းပညာအထက်တန်းကျောင်း
၈တန်းအောင်များတက်ရောက်နိုင်သည်။သတင်းစာများမှကြေငြာ၍လျှောက်လွှာခေါ်လေ့ရှိသည်။
၂နှစ် သို့မဟုတ် ၃ နှစ်တက်ရပါမည်။ထူးချွန်စွာအောင်မြင်ပါက GTI သို့ဆက်တက်ခွင့်ရရှိပါမည်။

#GTI_စက်မှုလက်မှုသိပ္ပံ
၁၀တန်းအောင်(အင်္ဂလိပ်+သင်္ချာ=၂ဘာသာ
အမှတ်ပေါင်း)ဖြင့်တက်ရောက်နိုင်သည်။(သတင်းစာများမှကြေငြာ၍သက်ဆိုင်GTC-GTI ကျောင်းများမှလျှောက်လွှာခေါ်လေ့ရှိသည်။#အသက်ကန့်သတ်ချက်မရှိပါ။#၁၀တန်းဘယ်နှစ်အောင်သည်ဖြစ်စေတက်ရောက်နိုင်ပါသည်။
၃နှစ်တက်ရပါမည်။ထူးချွန်စွာအောင်မြင်ပါက TU တတိယနှစ်သို့ဆက်တက်ခွင့်ရရှိပါမည်။

(GTHS/.GTI/GTC တက်ရောက်ခွင့်ရသူတိုင်းလစဥ်ထောက်ပံကြေး(၃၀၀၀၀)ကျပ်ရရှိပါမည်။)

#GTC_အစိုးရနည်းပညာကောလိပ်
(GTI ဝင်ခွင့်နည်းတူတက်ရောက်နိုင်သည်။)

#TU_နည်းပညာတက္ကသိုလ်
၁၀တန်းဘာသာစုံအမှတ်ပေါင်း G12အမှတ်ပေါင်း (သို့မဟုတ်)သက်ဆိုင်ရာတက္ကသိုလ်များမှ ၄ဘာသာရမှတ်ပေါင်းဖြစ်တက်ရောက်နိုင်ပါသည်။
တက္ကသိုလ်ဝင့်ခွင့်မှတဆင့်လျှောက်ထားရပါမည်။
ပထမနှစ်ကနေပဥ္စမနှစ်အထိ ၅ နှစ်တက်ရပါမည်။

နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန(DTVET) လက်အောက်တွင် ဖွင့်လှစ်ထားရှိသော GTC/GTI/GTHS/Polytechnic ကျောင်းများ

#GTC_GTI_ကျောင်းများ
၁။ မိုးညှင်း (GTC)
၂။ ရွှေဘို(GTC)
၃။ မြင်းခြံ (GTC)
၄။ ဟားခါး(GTI)
၅။ ဂန့်ဂေါ(GTI)
၆။ ကန့်ဘလူ(GTI)
၇။ ကျောက်ပန်းတောင်း (GTI)
၈။ ချောက်(GTI)
၉။ ရေနံချောင်း(GTI)
၁၀။ သံတွဲ(GTI)
၁၁။ ဝါးခယ်မ(GTI)
၁၂။ ပူတာအို(GTI)
၁၃။ သရက်(GTI)
၁၄။ ခန်တီး(GTI)
၁၅။ လက်ပံတန်း(GTI)
၁၆။ လပွတ္တာ(GTI)
၁၇။ မကွေး(GTI)
၁၈။ မော်လမြိုင်(GTI)
၁၉။ ကျောက်ဖြူ(GTI)
၂၀။ ကျောက်ဆည် (GTI)
၂၁။ ရွှေပြည်သာ (GTI)
၂၂။ မန္တလေး (GTI)
၂၃။လွိုင်ကော် (GTI)
၂၄။ပြင်ဦးလွင်(GTI)
၂၅။နေပြည်တော်(GTI)
၂၆။အင်းစိန်(GTI)
၂၇။ကျိုက်လတ်(GTI)
ဆက်လက်ဖွင့်မည့်ကျောင်းများ
၂၈။ဘားအံ(GTI)
၂၉။တောင်ငူ(GTI)
၃၀။ပဲခူး(GTI)
၃၁။တောင်ဒဂုံ (GTI)
၃၂။သန်လျင်(GTI)
၃၃။ဒလ(GTI)
၃၄။ပြည်(GTI)
၃၅။ကော့ကရိတ်(GTI)
၃၆။ပခုကျကူ(GTI)
၃၇။ထားဝယ်(GTI)
၃၈။မြိတ် (GTI)
၃၉။မိုးကုတ်(GTI). ....
. ......

#TU_နည်းပညာတက္ကသိုလ်များ
၁။TU(မြစ်ကြီးနား)
၂။TU(ဗန်မော်)
၃။TU(ကလေး)
၄။TU(မုံရွာ)
၅။TU (စစ်ကိုင်း)
၆။TU(နည်းပညာတက္ကသိုလ်-မန္တလေး)
၇။MTU(မန္တလေးနည်းပညာတက္ကသိုလ်)
၈။TU(ကျောက်ဆည်)
၉။TU(မိတ်ထီလာ)
၁၀။TU (ရမည်းသင်း)
၁၁။TU(တောင်ကြီး)
၁၂။TU(လားရှိုး)
၁၃။TU(ကျိုင်းတုံ)
၁၄။TU(ပင်လုံ)
၁၅။TU(ပြည်)
၁၆။TU(တောင်ငူ)
၁၇။TU(မကွေး)
၁၈။TU(ပခုက်ကူ)
၁၉။TU(ဘားအံ)
၂၀။TU(မော်လမြိုင်)
၂၁။TU(ထားဝယ်)
၂၂။TU(မြိတ်)
၂၃။TU(ပုသိမ်)
၂၄။TU(မအူပင်)
၂၅။TU(ဟင်္သာတ)
၂၆။TU(စစ်တွေ)
၂၇။TU(သံတွဲ)
၂၈။TU(လွိုင်ကော်)
၂၉။TU(မှော်ဘီ)
၃၀။TU(သန်လျင်)
၃၁။TU(လှိုင်သာယာ)
၃၂။YTU(ရန်ကုန်နည်းပညာတက္ကသိုလ်)

#POLYTECHNICUniversity
အများအပြားရှိပါတယ်

#GTHSကျောင်းများ
၁။ မြစ်ကြီးနား(GTHS)
၂။ ကလေး (GTHS)
၃။ မုံရွာ(GTHS)
၄။ တောင်ကြီး (GTHS)
၅။ လားရှိုး(GTHS)
၆။ ပင်လုံ(GTHS)
၇။ မိတ်ထီလာ (GTHS) မိတ္ထီလာ
၈။ ပခုက်ကူ (GTHS)
၉။ မကွေး(GTHS)
၁၀။ ကျောက်ဆည် (GTHS)
၁၁။ နေပြည်တော်(GTHS)
၁၂။ တောင်ငူ (GTHS)
၁၃။ ပြည် (GTHS)
၁၄။ လွိုင်ကော် (GTHS)
၁၅။ ဘားအံ (GTHS)
၁၆။ မော်လမြိုင် (GTHS)
၁၇။ ပုသိမ် (GTHS)
၁၈။ ဟင်္သာတ (GTHS)
၁၉။ မအူပင်(GTHS)
၂၀။ ထားဝယ်(GTHS)
၂၁။ မြိတ် (GTHS)
၂၂။ စစ်တွေ (GTHS)
၂၃။ ရှာမ(GTHS)
၂၄။ ကျိုင်းတုံ(GTHS)
၂၅။ ခန်တီး(GTHS)
၂၆။ ပင်းပက်(GTHS)
၂၇။ ဗန်းမော် (GTHS)
၂၈။ မင်းတပ် (GTHS)
၂၉။ ချောင်းဦး (GTHS)
၃၀။ မန္တလေး (GTHS)
၃၁။ တီးတိန် (GTHS)
၃၂။ မြင်းခြံ (GTHS)
၃၃။ လက်ခုပ်ကုန်း (GTHS)
၃၄။ ကျိုက်လတ်(GTHS)
၃၅။ အမာ(GTHS)
၃၆။ ပြင်စလူ (GTHS)
၃၇။ ချောင်းဝ(GTHS)

#ဦးစီးဌာနအောက်ရှိအခြားကျောင်းများ
၁။ နည်းပညာမြင့်တင်ရေး သင်တန်းဌာန (ဘဲလင်း)
၂။ ညောင်ရွှေသက်မွေးပညာ သင်တန်းကျောင်း
၃။ ရတနာဂဟေဆက် နည်းပညာသင်တန်းကျောင်း (အောင်ဆန်း)09451040339
၅။ မော်တော်ယာဉ် နည်းပညာ သုတေသနဌာန (ပြင်ဦးလွင်)
၆။ စင်ကာပူ မြန်မာ သက်မွေးပညာသင်ကျောင်း (ရန်ကုန်၊ ဗဟန်း)
၇။ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု သင်တန်းကျောင်း
၈။ DTVET ရုံးချုပ် (နေပြည်တော်)
၉။ DTVET တောင်ပိုင်းရုံးခွဲ (ရန်ကုန်၊ ဗဟန်း)

ဦးစီးဌာန အောက်ရှိ အခြားကျောင်းများ
၁။ နည်းပညာမြင့်တင်ရေး သင်တန်းဌာန (ဘဲလင်း)
၂။ ညောင်ရွှေသက်မွေးပညာ သင်တန်းကျောင်း
၃။ ရတနာဂဟေဆက် နည်းပညာသင်တန်းကျောင်း (အောင်ဆန်း)
၅။ မော်တော်ယာဉ် နည်းပညာ သုတေသနဌာန (ပြင်ဦးလွင်)
၆။ စင်ကာပူ မြန်မာ သက်မွေးပညာသင်ကျောင်း (ရန်ကုန်၊ ဗဟန်း)
၇။ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု သင်တန်းကျောင်း
၈။ DTVET ရုံးချုပ် (နေပြည်တော်)
၉။ DTVET တောင်ပိုင်းရုံးခွဲ (ရန်ကုန်၊ ဗဟန်း)


သိစေချင်လို့မျှဝေပေးလိုက်ပါတယ်
❤8
#ဆရာဆရာမဘဝ.....

#စာသင်ကြားတဲ့အလုပ်က တကယ်သင်ရင် တကယ်ပင်ပမ်းပါတယ်.....

#စိတ်ရော ကိုယ်ပါ နှစ်ပြီးလုပ်ရတဲ့ အလုပ်မို့ စိတ်ပင်ပမ်း လူပင်ပမ်း အိမ်ပြန်‌ေရာက်ရင် fell downပဲ......

#ကျောင်းသားအယောက်20ဆို အကျင့်စရိုက် အမျိုး 20ပဲ......ပညာရေးကို စိတ်ဝင်စားတဲ့ကျောင်းသားက3ပုံပုံရင် 1ပုံတောင် ရှိဖို့အခက်သားပဲ......

ထို ထိုသို့သော အခြေအနေမျိုးတွေမှာ သူတို့လေးတွေ သင်ကြားတတ်မြောက်ဖို့....

#ဘဝလမ်းခရီးဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ဖို့ ........

#လိမ္မာ ယဉ်ကျေးသော လူတော် လူကောင်းလေးများဖြစ်‌ေစရန်ထုဆစ် ပုံဖော် ရုပ်လုံးကြွအောင် ဆောင်ရွက်နေကြသော ပန်းပုဆရာ ဆရာဆရာမများအနေနှင့် အစွမ်းကုန်ကြိုးစားကြရတာပါ.....

#ခက်ခဲတဲ့ဘဝပုစ္ဆာ တွေကို နက်နဲသော အသိတွေနှင့် ဆင်ခြင် တွေးတော သုံးသပ် ဆုံးဖြတ်တတ်စေရန် ရင်နှစ်သည်းချာ သမီး သားကဲ့သို့ ပဲ့ပြင် ဆုံးမ ပေးခဲ့ကြတယ်..........

#တပည့်များကို ဆူလိုက်ပြီးပေမဲ့ စိတ်မကောင်းဖြစ်နေတတ်တာ ဆရာဆရာမတွေပါ.....

#ရိုက်လိုက်ပြီးပေမဲ့ နာကျင် လေမလားလို့ စိတ်ထဲ ငိုကြွေး နေတာ ဆရာဆရာမတွေရယ်ပါ......

ဒါကြောင့်မို့......
ကလေးတို့ရေ.....မင်းတို့ကို ဆရာမမှာချင်ပါတယ်..........

ဆရာဆရာမတွေကို.....

#ဘယ်တော့မျှ ဥပေက္ခာ မပြုလိုက်လေနဲ့...….

#ဘယ်တော့မျှ မပြစ်မှားမိစေနဲ့.........

#ဘယ်တော့မျှ မလေးမစား မဆက်ဆံမိစေနဲ့.............

#ဆရာဆရာမတွေရဲ့ ရင်ထဲ နှလုံးသားထဲမှာ မင်းတို့ဟာ ထာဝရ တပည့်များသာဖြစ်ပါတယ်......(feeling)

ကျေးဇူးရှင်ဆရာဆရာမများကို အစဉ်ဦးခိုက်လျှက်🙏🏻

#ဆုမြတ်(ပညာရေး)
(BA, B, Ed)

Photo credit
❤14
MUFL မှာ သင်တန်းတက်ချင်သူများ အတွက်
ဝင်ခွင့် ခေါ်စာများပါ။
❤2
အစိုးရကျောင်း၊ ပုဂ္ဂလိကျောင်း နှင့် Private ကျောင်းအစရှိသည့် အမျိုးမျိုးသော ကျောင်းများအား ပညာရေးဌာနမှ တိုက်ရိုက်ဆင်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရပါသည်။
❤6
၁၀တန်းကနေB.Edဖြေတဲ့အထိစာကျက်တာရတာတွေချရေးတဲ့အကျင့်လုပ်လာတာစာမမေ့တော့ဘူး

စာသင်ရင်းနဲ့ကလေးတွေပြောပြတယ်စာကျက်ရင်ရေးကျက်တဲ့အကျင့်လုပ်ဖို့

“စာကျက်ချိန် တိုလေ စာရလေ”

ကျွန်မတို့သည် အကြောင်းအရာတစ်ခုကို လေ့လာကျက်မှတ်ရာတွင် အချိန်ကြာကြာကျက်မှတ်ဖို့ကိုသာ အဓိကထားစဉ်းစားမိတတ်ကြသည်။ ၂၀၁၅ ခုနှစ် မတ်လတွင် အမေရိကန်နိုင်ငံ ပီးယားစ် ကောလိပ်မှ စိတ်ပညာပါမောက္ခ ဒေါက်တာမာတီ လော့ဘ်ဒဲလ်က “စာကျက်ချိန်တိုလေ စာရလေ” (Study Less, Study Smart) ဟူသည့်စာအုပ်ကို ထုတ်ဝေခဲ့ပြီး ကျောင်းသားတို့ စာကိုအချိန်အကြာကြီး နှုတ်တိုက်ကျက်နေစရာမလိုဘဲ လွယ်လွယ်ကူကူနှင့် စာရစေမည့် စာကျက်နည်းစနစ်ကို ဖော်ထုတ်ခဲ့သည်။ ထိုအချိန်မှစ၍ ကမ္ဘာတစ်ဝန်းတွင် ဒေါက်တာ လော့ဘ်ဒဲလ်၏နည်းစနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြသည်။ ပရော်ဖက်ဆာ လော့ဘ်ဒဲလ် သည် ဝါရှင်တန်ပြည်နယ် ပီးယားစ်ကောလိပ်တွင် အနှစ် ၄၀ ကျော် စိတ်ပညာဘာသာရပ်ကိုသင်ကြားခဲ့သော စိတ်ပညာပါမောက္ခတစ်ဦးဖြစ်သည်။ သူ၏ ကျောင်းသားများသည် စာမေးပွဲဖြေဆိုရန် တစ်နေ့ ရှစ်နာရီမှ ၁၀ နာရီခန့် ဆက်တိုက်စာကျက်မှတ်နေခဲ့သော်လည်း စာမရ၊ စာမေးပွဲမဖြေနိုင်ဖြစ်နေကြကြောင်းကို သိရပြီးနောက် လော့ဘ်ဒဲလ်သည် ကျောင်းသားတို့၏ဦးနှောက်မှ သင်ခန်းစာများကို မမေ့ရန်နှင့် လွယ်လွယ်မှတ်မိနိုင်ရန် အထောက် အကူပြုမည့်နည်းစနစ်များကို လေ့လာဖော်ထုတ်ခဲ့သည်။ အချက်(၆)ချက်ပါ လော့ဘ်ဒဲလ်၏ စာကျက်နည်းအရ ကျောင်းသားတို့သည် စာကျက်ရာတွင် အချိန်တိုလေးများခွဲ၍ ခဏခဏကျက်ခြင်းအားဖြင့် စာတွင် အာရုံစူးစိုက်မှုပိုရစေပြီး ပိုမိုမှတ်မိစေမည်ဖြစ်သည်။

မိနစ်၂ဝ၊ နာရီဝက်ခန့် စာကျက်ချိန်ကလေးများအဖြစ် အလီလီခွဲ၍ကျက်ပါ။

လေ့လာဆန်းစစ်ချက်အရ ပုံမှန်အားဖြင့် လူတို့သည် အကြောင်းအရာတစ်ရပ်ကို ဆက်တိုက် ၂၅ မိနစ်၊ နာရီဝက်ထက်ပို၍ အာရုံမစူးစိုက်နိုင်ကြပါ။ ထို့ကြောင့် စာကျက်သည်ဖြစ်စေ၊ စာသင်ခန်းထဲ တွင်သင်ယူသည်ဖြစ်စေ သို့မဟုတ်ကျောင်းစာအုပ်များ ဖတ်ရှုလေ့လာသည်ဖြစ်စေ၊ ကျောင်းသားတို့သည် နာရီဝက်လျှင်တစ်ကြိမ် လေး၊ ငါးမိနစ်ခန့် အခြားအာရုံပြောင်း၍ ဦးနှောက်ကိုအနားပေးသင့်သည်ဟုဆိုသည်။ စာကျက်နေသောစားပွဲမှထ၍ တစ်ခုခုလုပ်ခြင်း၊ သီချင်းနားထောင်ခြင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားကစားခြင်း စသည့်အပြောင်းအလဲတစ်ခုခုဖြင့် ဦးနှောက်ကို ခေတ္တအနားပေးရမည်ဖြစ်သည်။ ပါမောက္ခ လော့ဘ်ဒဲလ်က ၎င်း၏ဟောပြောပွဲတွင် ဒိုင်ယာဂရမ်တစ်ခုဆွဲ၍ လူ့ဦးနှောက်၏ အလုပ်လုပ်ပုံကို ရှင်းပြခဲ့သည်။ ယေဘုယျအားဖြင့် လူ့ဦးနှောက်သည် နာရီဝက်ခန့် အာရုံစူးစိုက်မှတ်သားပြီးလျှင် စွမ်းရည်ကျသွားပြီး နောက်ထပ်မှတ်သားသမျှကို မမှတ်မိဘဲ ဖြစ်လာတတ်သည်။ ထို့ကြောင့်ကျောင်းသားတို့သည် စာကိုနာရီပေါင်းများစွာ ဆက်တိုက် ကျက်မှတ်နေခဲ့ပါက အချိန်သာကုန်ပြီး အကျိုးရလဒ် မရှိတတ်။ နာရီဝက်တစ်ကြိမ် မိမိဦးနှောက်ကို အနားပေးပြီး တစ်ဖန်လန်းဆန်းတက်ကြွလာမှ စာပြန်ကျက်သင့်သည်။ ဤသို့နာရီဝက်ခန့်ကျက်လိုက်၊ ခဏနား၍ အပန်းဖြေလိုက်၊ နောက်နာရီဝက်ခန့်ကျက်လိုက်ဆိုလျှင် မပင်မပန်းဘဲ သင်ခန်းစာကိုမှတ်မိကာ ကျက်သမျှ အကျိုးရှိစေမည်ဖြစ်သည်။ ဥပမာ-စာကျက်ချိန် စုစုပေါင်း ခြောက်နာရီဆိုလျှင် နာရီဝက်လျှင် နားချိန် ငါးမိနစ်ခန့်နုတ်လိုက်ပါက ငါးနာရီခွဲ အပြည့်အဝ စာကျက်ပြီးသားဖြစ်သွားမည်။ မနားဘဲ ခြောက်နာရီ ဆက်တိုက်ကျက်မှတ်နေသောကျောင်းသားမှာမူ ပထမနာရီဝက်နောက်ပိုင်းတွင် ဦးနှောက်၏အလုပ် လုပ်မှုသည် နှေးကွေးလာပြီး အချိန်ကြာမြင့်စွာ ကျက်မှတ်နေသော်လည်း စာမရဖြစ်နေလိမ့်မည်။ ထို့ကြောင့် အချို့ကျောင်းသားများသည် စာမေးပွဲနီးမှ ညလုံးပေါက်စာကျက်ပြီး စာမေးပွဲကျသည်ဟူသော သတင်းမျိုးကြားနေရခြင်းဖြစ်သည်။

ပရော်ဖက်ဆာ လော့ဘ်ဒဲလ်က တစ်နေ့တာ စာကျက်ပြီးချိန်တွင် ကိုယ့်ကိုယ်ကိုယ်ဆုချခြင်းသည်လည်း မိမိဦးနှောက်တွင် အပြုသဘောဆောင်သော ဓာတုပစ္စည်းများထွက်လာအောင် အထောက်အကူပြုသည်ဟုဆိုသည်။ ဥပမာ-တစ်နေ့တာအတွက် ထိထိရောက်ရောက် စာကျက်ပြီးချိန်တွင် မိမိနှစ်သက်ရာ ရုပ်ရှင်၊ သီချင်း၊ ဝတ္ထုတို့ကိုဖတ်ရှုခြင်း၊ ကြည့်ခြင်း၊ သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်ထိုင်ခြင်း စသည်ဖြင့် မိမိကိုယ်မိမိအလိုလိုက်ခဲ့ပါက ဦးနှောက်သည် စာကျက်မှတ်ခြင်းအပေါ်အပြုသဘောဆောင်လာပြီး စာကျက်လိုစိတ်ကို လေ့ကျင့်မွေးမြူပြီး ဖြစ်သွားသည်ဟုဆိုသည်။ ဤနည်းအားဖြင့် တစ်ချိန်ထက်တစ်ချိန် ပို၍ကြာကြာကျက်မှတ်နိုင်လာမည်ဖြစ်သည်။

စာကျက်မည့်နေရာ သီးသန့်စီစဉ်ထားပါ။

ကျွန်မတို့ပတ်ဝန်းကျင်သည် ကျွန်မတို့၏အပြုအမူ၊ စိတ်အခြေအနေပေါ်တွင် များစွာလွှမ်းမိုးနိုင်စွမ်းရှိသည်။ စဉ်းစားကြည့်ပါ။ စာသင်ခန်းထဲရောက်လျှင် ကျောင်းသားများသည် သင်ခန်းစာကိုလေ့လာရန် အဆင်သင့်ဖြစ်နေကြသည်။ ပါမောက္ခကစာမေးလျှင် ဖြေရန်အသင့်ရှိသည်။ အိမ်မှာနေလျှင် ကျွန်မတို့သည် အိပ်ရာပေါ်လှဲနေလိုက်ပါက မကြာခင်အိပ်ပျော် သွားသည်။ မီးဖိုခန်းထဲမှာထိုင်နေလျှင် တစ်ခုမဟုတ်တစ်ခု စားမိတတ်ကြသည်။ အကြောင်းမှာ ကျွန်မတို့၏ ပတ်ဝန်းကျင်သည် ကျွန်မတို့၏စိတ်အခြေအနေကို တိမ်းညွတ်စေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် အိပ်ရာပေါ်တွင် စာကျက်ပါက အိပ်ပျော်သွားတတ်ပြီး မီးဖိုခန်းထဲတွင်စာကျက်ပါက အစားအသောက်တွေကိုသာ အာရုံပြုမိပြီး
❤11
စာကိုအာရုံစိုက်မရဖြစ်တတ်သည်။ ဧည့်ခန်းနေရာသည် ဧည့်သည်တွေ့ခြင်း၊ တီဗွီကြည့်ခြင်း၊ စကားစမြည်ပြောဆိုခြင်း စသည်တို့ လုပ်ဆောင်လေ့ရှိသည့်နေရာဖြစ်သည်။ ထို့ကြောင့် ဧည့်ခန်းထဲ စာထိုင်ကျက်ပါက ကျောင်းသား၏အာရုံ သည် လေ့လာနေသောသင်ခန်းစာတွင် စူးစိုက်၍ မရနိုင်။ ဘေးမှာထိုင်နေသော တီဗွီကြည့်နေသူများ၊ စကားပြောနေသော အိမ်သားများထံ စိတ်ရောက် နေတတ်သည်။ စိတ်စုစည်း၍ စာကျက်မှတ်ရန်မဖြစ်နိုင်။ စာကျက်မည့်နေရာကို သတ်သတ်မှတ်မှတ်ထားခဲ့ပါက ကျွန်မတို့သည် စာကျက်မည့်နေရာတွင် ထိုင်လိုက်သည်နှင့် စာကျက်လိုစိတ်ကြီးစိုးလာလိမ့်မည်။

စိတ်ဝင်စားစွာလေ့လာပါ။

ကျွန်မတို့သည်လေ့လာသင်ယူနေသောအကြောင်းအရာကို စိတ်ဝင်စားလေလေ၊ နားလည်တတ်မြောက်ရန် လွယ်ကူလေလေဖြစ်သည်။ စာတစ်ပိုဒ်ကို အလွတ်ကျက်မည့်အစား အကြောင်းအရာတစ်ခုလုံးကို အကြိမ်ကြိမ်နားလည်အောင်ဖတ်ရှုခြင်းအားဖြင့် စာကို လွယ်လွယ်ကူကူ မှတ်မိလာမည်ဖြစ်သည်။ သို့သော် မလေ့လာမီ မိမိလေ့လာကျက်မှတ်မည့် အကြောင်းအရာသည် အချက်အလက်လား (Facts)၊ အယူအဆလား(Concepts) ဆိုသည်ကို အမျိုးအစား ခွဲရမည်ဖြစ်သည်။ ဥပမာအားဖြင့် လေ့လာနေသော အကြောင်းအရာသည် အမည်များ၊ ခုနှစ်များအဖြစ် အပျက်များဆိုပါက ယင်းတို့သည် အချက်အလက်များဖြစ်သည်။ သဘောသဘာဝကို စဉ်းစားရမည်ဆိုပါက အယူအဆဖြစ်သည်။ အယူအဆများမှာ အချက်အလက်ထက်ပို၍အရေးကြီးသည်။ ဥပမာအားဖြင့် အစိုးရဆိုသည်မှာ ဘာလဲ၊ နိုင်ငံရေးကို ဘာကြောင့် လေ့လာသလဲ စသည်တို့သည် အယူအဆများဖြစ်သည်။ ကြောင်သုံးကောင်ဆိုလျှင် အချက်အလက်ဖြစ်ပြီး ကြောင်ဆိုတာဘာလဲဟု လေ့လာလျှင် အယူအဆဖြစ်သည်။ အယူအဆတို့ကိုလေ့လာရာတွင် ပထမဦးစွာ အစိုးရ၊ နိုင်ငံရေး၊ ကြောင် စသည့် သဘောတရားများကို အရင်နားလည်ဖို့လိုလာသည်။ အယူအဆကိုလေ့လာရာတွင် ၎င်းတို့ အလုပ်လုပ်ပုံကို ကောင်းစွာနားလည်မှသာ ကျွန်မတို့ခေါင်းထဲတွင် အဓိပ္ပာယ်ကို စွဲမြဲမှတ်မိမည်ဖြစ်သည်။ တစ်ဖက်တွင် အချက်အလက်များသည် အလွယ်တကူမေ့လျော့သွားနိုင်သည်။ သို့သော်လည်း ဂူဂဲလ်တွင် အချက်အလက်များကို အချိန်မရွေး လွယ်လွယ်ကူကူ ရှာဖွေ ဖတ်ရှုနိုင်သောကြောင့် မေ့သွားလည်းအရေးမကြီးပါ။ စာမေးပွဲဖြေဆိုရာတွင်မူ အချက်အလက်ရော၊ အယူအဆများပါ အလွတ်ရမှတ်မိနေရန်လိုအပ်သည်။ အယူအဆများအား နားလည်မှတ်မိနေစေရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့ကို မိမိကိုယ်ပိုင်စကားလုံး၊ ကိုယ်ပိုင်ဝါကျများဖြင့် ချရေးကြည့်ရန်နှင့် ရွတ်ဆိုကြည့်ရန်ဖြစ်သည်။

ထိရောက်သော မှတ်စုများပြုစုပါ။

စာသင်ချိန်တစ်ချိန်ပြီးသွားလျှင် တတ်နိုင်သမျှ မှတ်မိသလောက်ကို မှတ်စုတိုများ ချက်ချင်းချရေးပါ။ အရေးကြီးအချက်အလက်များကို ခေါင်းစဉ်ငယ် များတပ်၍ရေးပါ။ ဤနည်းအားဖြင့် သင်ခန်းစာပါ အယူအဆတို့ကို စိတ်ထဲတွင်ခိုင်မာစွဲမြဲစေသည်။ မှတ်ဉာဏ်၏သဘောအရ အကြောင်းအရာတစ်ခုသည် သင်ယူပြီး ၂၄ နာရီအကြာတွင် ၃၀ ရာခိုင်နှုန်းသာ မှတ်မိတော့သည်ဟု ဆိုသည်။ ဦးနှောက်ထဲရှိမှတ်ဉာဏ်နေရာသည် အကန့်အသတ်ရှိသောကြောင့် ဦးနှောက်သည် အကြောင်းအချက်အသစ်များကို ယာယီမှတ်ဉာဏ်တွင် မှတ်သားထားလေ့ရှိသည်။ ကျွန်မတို့က ယင်းအချက်အလက်များကို ထပ်တလဲလဲ ပြန်မဖတ်ပါက ၎င်းတို့သည် တဖြည်းဖြည်းမေ့လျော့ ပျောက်ကွယ်သွားသည်။

သင်လေ့လာမှတ်မိသမျှကို အနှစ်ချုပ်ပါ။ သို့မဟုတ် အခြားတစ်ယောက်ကို ပြန်ရှင်းပြပါ။

သင်ရိုးစာအုပ်များကို လေ့လာဖတ်ရှုရာတွင် ထိထိရောက်ရောက်ဖတ်ရှုတတ်ရန်လိုပါသည်။ SQ3R (Survey, Question, Read, Recite, Review) နည်းစနစ်ကို သုံးကြည့်ပါ။ ဦးစွာလေ့လာရမည့်သင်ရိုး စာအုပ် (Textbook)ကို ပထမတစ်ခေါက် အစအဆုံး အကြမ်းဖတ်ကြည့်ပါ။ ထို့နောက်သင်ရိုးထဲတွင်ပါသည့် အဓိကအချက်များကို မေးခွန်းထုတ်စဉ်းစားပါ။ တစ်ဖန်ပြန်ဖတ်ပါ။ အလွတ်ပြန်ဆိုကြည့်ပါ။ သုံးသပ် တွေးကြည့်ပါ။ ဤနည်းအားဖြင့် ကျွန်မတို့သည် သင်ရိုးပါအချက်အလက်များကို ထိထိရောက်ရောက် နားလည်သဘောပေါက် မှတ်မိလာမည် ဖြစ်သည်။

ပရော်ဖက်ဆာ လော့ဘ်ဒဲလ်က အကောင်းဆုံး သင်ယူနည်းသည် အခြားသူများကို ပြန်လည်သင်ကြားပေးခြင်း၊ ရှင်းပြခြင်းဖြစ်သည်ဟုဆိုခဲ့သည်။ ကျွန်မတို့သည် အခြားတစ်ဦးကို ပြန်ရှင်းပြနိုင်ရန်အတွက် ယင်းအကြောင်းအရာကို အမှန်တကယ်နားလည် သဘောပေါက်ထားရန်နှင့် ခြုံငုံနားလည်ရန်လိုအပ်သည်။ ကျွန်မတို့နားလည်မှတ်မိသမျှကို ပြန်လည် စုစည်းနိုင်ရန်လည်း လိုအပ်သဖြင့် ဦးနှောက်သည် အထူးအာရုံစိုက်၍ မှတ်သားလာရသည်။ အကြောင်းအရာနှင့်ပတ်သက်၍ သိမထားသူတစ်ဦးကို ရှင်းပြရသောအခါ ကျွန်မတို့သည် ကျွန်မတို့၏နားလည် သဘောပေါက်မှုတွင် လိုအပ်ချက်များ၊ အားနည်းချက်များကို သိမြင်လာသည်။ ယခင်က နားလည်သလိုလိုနှင့် အမှန်တကယ် နားမလည်သေးသောအချက်များကို တွေ့လာသည်။ ကျွန်မတို့သည် အကြောင်းအရာတစ်ခုကို ကိုယ်တိုင်က သေသေချာချာနားလည်မှသာလျှင် အခြားသူများကို ပြန်ရှင်းပြနိုင်မည်ဖြစ်၍ အမှန်တကယ် နားလည်နိုင်အောင်ကြိုးစားရင်း အကြောင်းအရာကို ကျွမ်းကျင်ပိုင်နိုင်လာမည်ဖြစ်သည်။

အချက်အလက်များ နည်းလမ်းများကိုသုံးပါ။
❤1