Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
G5စနစ်သစ်မေးခွန်းစပြောင်းပြီ။4Skills လုံးစစ်ပြီ။
( G9 G 12 ပါ 4 Skills လုံးစစ်တော့မလား)

G5 English မေးခွန်း
ခုထိမရှင်းသေးသော သူများအတွက်ပါမေးခွန်းက 4 skills ပြည့်အောင်မေးထားပါတယ်

စာမေးပွဲဖြေဆို ချိန်က၁နာရီခွဲပါ

Section A.B.C ဖြေဆိုချိန်က၁နာရီ၁၀မိနစ်ပါ
ပထမပိုင်း ၁း၁၀မိနဈမှာ

အဖြေလွှာများ သိမ်းပါမယ်။ အခန်းစောင့် ၂ဦးအနက် တစ်ဦးက ၎င်းအဖြေလွှာများကို ယူကာ

Oral မေးမည့်အခန်းသို့ယူသွားရပါမယ် ကျန်အခန်းစောင့်ဆရာမကခုံနံပါတ်စဉ်အတိုင်းခလေးတစ်ဦးချင်းအား Oral ခန်းသို့ပို့ပေးရပါမယ်
မိနစ်၂၀အတိဖြေဆိုသူရှိသလိုမိနစ်အနည်းငယ်သူဖြေဆိုသူလည်းရှိပါတယ်Oral ဖြေပြီးတဲ့ခလေးကိုအခြားသီးသန့်အခန်းလွတ်တွင်ကြီးကြပ်သူဆရာမတစ်ဦးထပ်မံထားပြီးအချိန်စေ့မှပြန်လွှတ်ရပါမယ်။

Oral ဖြေနေစဉ်အငြင်းပွားမှုတစ်စုံတစ်ရာမဖြစ်ပေါ်စေရေး record ယူထားရပါမယ်ခလေးဖြေဆိုမှုအား အခန်းစောင့်မှ အမှတ်ပေးစည်းမျဉ်းပါအတိုင်းအမှတ်ပေးရပါမယ်ဒါလဲထူးခြားချက်တစ်ခုပါ
Section D Speaking ကမိနစ်၂၀ပါ

ခလေးတစ်ဦးချင်းတိုင်းအတွက်၂၀မိနစ်ဖြေဆိုခွင့်ရှိပါတယ်မှားတတ်လို့ပါတစ်ချို့ကခလေးအားလုံး၂၀မိနစ်အတွင်းအပြီးဖြေရမယ်လို့မှားကြပါတယ်သတိထားဖို့ပါ

Section (A) Listening
ပိုင်းက Listeningဆိုတဲ့အတွက်ကြောင့် ဆရာပြောတာကို ကေလး နားထောင်နိုင်မှုစွမ်းရည် ရွိ/ မရွိ စစ်ဆေးခြင်း ဖြစ်ပါတယ် ။ ဆရာက၃ကြိမ်၃ခါပီပီသသဖတ်ပြရမှာဖြစ်ပါတယ်

l.(A) က ဆရာဖတ်ပြတဲ့ အသံကို နားထောင်ပြီး True (OR) False ရေးဖြေရမှာ ဖြစ်ပါတယ်။
Tကိုအကြီးနဲ့ရေးပြီးFကိုလည်းအကြီးနဲ့ရေးရပါမယ် True! False !အပြည့်ရေးရပါမယ်

l.(B) Matching ပါ
ဆရာဖတ်ပြတဲ့ စာကြောင်းကို ကေလးက ယှဉ်တွဲ ရမွာ ဖြစ်ပါတယ်။ မေးခွန်းညွှန်ကြားချက်အတိုင်းဖြေရမှာဖြစ်ပါတယ်

l.(C) က ဆရာဖတ်ပြတဲ့ ဝါက်No.ကို ရေးဖြေရမှာ ဖြစ်ပါတယ်။ဆရာဖတ်ပြတဲ့ဝါကျနဲ့မေးခွန်းထဲကတူတဲ့ဝါကျရဲ့Noကိုရွေးပေးရပါမယ်

ListeningTestဖြစ်တာကြောင့်
နှုတ်မေးနှုတ်ဖြေ မဟုတ်ပါဘူး။

Audio ( or )Teacher
ပြောတာကို နားထောင်ပြီးအဖြေကို Question on paperမွာပဲ
တစ်ခါတည်း ဖြေပေးရမှာပါ။

Section B က Reading
Section C က Writingဖြစ်ပါတယ်
ဒီ၂ပိုင်းကအရင်လိုဘဲစာပိုဒ်နဲ့ word form Verb form ပုံစံသာဖြစ်ပါတယ်

Section( D)speakingကတစ်ခုကိုပဲ
နှုတ်မေးနှုတ်ဖြေပါ။ပုံလေးတွေလဲပြထားပေးပါတယ်Section Dကခလေးအဖြေ(နှုတ်ဖြင့်)ဖြေတာကိုအမှတ်ပေးယုံပါ ခေလးကon paper မှာရေးစရာမလိုပါ

တျခား Listening ,Reading ,Writing.Speaking အပိုင်းအားလုံး Question On Paper မွာပဲ ဖြေပေးရမှာပါ။

မေးခွန်းပေါ်မှာပဲတစ်ခါတည်း ဖြေရပါမယ်ဘာသာရပ်သင်ဆရာမကမြန်မာနိုင်ငံစာစစ်ကပေးထားတဲ့မေးခွန်းများအတိုင်းလေ့ကျင့်သင်ကြားထားမှသာအခက်အခဲတစ်စုံတစ်ရာမရှိမှာဖြစ်ပါတယ်ကြီးမှူးကEng နေ့မှာဆရာဆရာမအင်အားကိုရှိသမျှအသုံးပြုရမှာပါစာဖြေခန်း၅ခန်းရှိရင် Oral ၅ခန်းထားရမှာပါ ဒီထက်လဲပိုနိုင်ပါတယ်

Eng မေးခွန်းသည်ကြီးမှူး Teo များနှင့်ဆရာ ဆရာမများအားလုံးပူးပေါင်းဆောင်ရွက်မှသာအောင်မြင်နိုင်မှာပါ
အားလုံးပဲ အဆင်ပြေစေအောင်ရည်ရွယ်ပါတယ်လိုအပ်လျှင်ထပ်မံဖြည့်စွက်ပါ
👍1
>>>လကို ကြယ်ဖောက်မည်၊ ကြယ်တံခွန်ပေါ်မည်<<<

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက် နံနက်ခင်း (၁၇ ည) မှာတော့ ဗြိစ္ဆာ ရာသီ (Scorpius) အတွင်းက Delta Scorpii (Dschubba) ကြယ်ကို ပြာသိုလဆုတ်လခြမ်းက ဖုံးကွယ်သွားပြီး လကို ကြယ်ဖောက်ခြင်းဖြစ်စဥ် ပေါ်ပေါက်မှာဖြစ်သလို မြန်မာနိုင်ငံပေါ်မှာလည်း အရိပ်ကျရောက်မှာ ဖြစ်ပါတယ်။ မြန်မာ့နက္ခတ်မှာတော့ အဆိုပါကြယ်ကို နဂါးဦးခေါင်း (အနုရာဓ နက္ခတ်) လို့ ခေါ်ဆိုကြပါတယ်။ အနုရာဓ က နဂါးဦးခေါင်းနေရာဖြစ်ပြီး၊ ဇေဌ နက္ခတ်က နဂါးအသည်းနှလုံး၊ မှုလ (မူလ) နက္ခတ်က နဂါးအမြီး စသည်ဖြင့် စုပေါင်းပြီး ကြယ်နဂါးလို့ သတ်မှတ်ထားပါတယ် (ပုံ)။ အနောက်တိုင်းနက္ခတ်မှာတော့ ကင်းမြီးကောက်ပုံစံ Scorpio ကြယ်စု (တနည်း) ဗြိစ္ဆာရာသီ အတွင်းက ကြယ်စုများဖြစ်ပါတယ်။

အနုရာဓ နက္ခတ် လကိုစဖြတ်ချိန် (တနည်း) ပျောက်ကွယ်ချိန် (Disapperance) ဟာ ၁၈ ရက်နေ့ နံနက် ၂ နာရီ ၅၁ မိနစ်ဖြစ်ပြီး အရှေ့တောင်အရပ် မိုးကုတ်စက်ဝိုင်းအထက် ၁ ဒီဂရီ အမြင့်လောက်မှာပဲ လရဲ့ လင်းနေတဲ့ အခြမ်းဘက်ကနေ ကပ်ဝင်သွားမှာ ဖြစ်လို့ မြင်နိုင်ဖို့ အင်မတန်ခက်ခဲနိုင်ပါတယ်။ အဆိုပါ နက္ခတ် (ကြယ်) ဟာ နံနက် ၃ နာရီ ၄၉ မိနစ်မှာ အရှေ့တောင်အရပ် မိုးကုတ်စက်ဝိုင်းရဲ့ ၁၃.၅ ဒီဂရီ အမြင့်ကနေ လအရဲ့ မှောင်နေသောအခြမ်းဘက်မှ (Reappearance) ပြန်လည်ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ လအား ကြယ်ဖောက်ခြင်းဖြစ်စဥ်ကို မြင်တွေ့နိုင်ရမှာ မြန်မာအပါအဝင် အရှေ့တောင်အာရှ နိုင်ငံအချို့သာ ရှိပါတယ် (မြေပုံ)။

နောက်ထပ် ထူးခြားဖြစ်စဥ် တစ်ခုကတော့. C/2022 E3 (ZTF) လို့ အမှတ်စဥ်ပေးထားတဲ့ ကြယ်တံခွန်တစ်ခုဟာ နေနှင့် အနီးဆုံးလမ်းကြောင်းမှ ကပ်ပြီး ဖြတ်သန်းမှာ ဖြစ်တဲ့အတွက် အမှောင်အားကောင်းတဲ့ နေရာမှကြည့်လျှင် သာမန်မျက်စိနဲ့ မြင်တွေ့ရနိုင်လောက်ပါတယ်။ တယ်လီစကုတ်၊ ကင်မရာတို့နှင့် ကြည့်နိုင်လျှင်တော့ ဖုန်မှုန့်အမြီးတန်းကိုပါ မြင်တွေ့ရနိုင်ပါတယ်။ ၂၀၂၃ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ အကောင်းဆုံးမြင်တွေ့ရနိုင်မည့်ရက်ဖြစ်ပြီး ယခုရက်ပိုင်းကစလို့ အရှေ့မြောက်ဘက် မိုးကောင်းကင်မှာ ည ၁နာရီခွဲလောက်မှစပြီး နံနက်ခင်း နေမထွက်မီ အချိန်ထိ တရိပ်ရိပ် မြင့်တက်လာတာကို လေ့လာကြည့်ရှုနိုင်ပါတယ်။ ကြယ်တံခွန်ဟာ လက်ရှိအချိန်ထိ Corona Borealis လို့ခေါ်တဲ့ ဝိသာခါ နက္ခတ်အတွင်းမှာ တည်ရှိနေပြီး၊ နောက်ရက်များကစလို့ Bootes လို့ခေါ်တဲ့ သွာတိ နက္ခတ်သို့ ကူးပြောင်းရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ၄င်းနောက်မှာတော့ တင်းတာရာ (Draco)၊ ကြေးမှုံတာရာ (Ursa Minor) နဲ့ မြောက်ဓူဝံကြယ်အနီးသို့ တဖြည်းဖြည်းချင်း တက်ရောက်သွားမှာဖြစ်သလို မြင်တွေ့ရမည့် အချိန်တွေကလည်း ရှေ့သို့ တဖြည်းဖြည်း တိုးသွားမှာ ဖြစ်ပါတယ်။ ဒီကြယ်တံခွန်ကို ၂၀၂၂ ခု မတ်လ ၂ ရက်နေ့ကမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး နေကိုဗဟိုပြုပြီးလှည့်ပါတ်နေတဲ့ သူ့လမ်းကြောင်းဟာ နှစ် ၅၀၀၀၀ ခန့် ကြာမြင့်မယ်လို့ ခန့်မှန်းရပါတယ်။

အနာဂတ်ပညာရေးအတွက်..
👍2