Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
G5စနစ်သစ်မေးခွန်းစပြောင်းပြီ။4Skills လုံးစစ်ပြီ။
( G9 G 12 ပါ 4 Skills လုံးစစ်တော့မလား)

G5 English မေးခွန်း
ခုထိမရှင်းသေးသော သူများအတွက်ပါမေးခွန်းက 4 skills ပြည့်အောင်မေးထားပါတယ်

စာမေးပွဲဖြေဆို ချိန်က၁နာရီခွဲပါ

Section A.B.C ဖြေဆိုချိန်က၁နာရီ၁၀မိနစ်ပါ
ပထမပိုင်း ၁း၁၀မိနဈမှာ

အဖြေလွှာများ သိမ်းပါမယ်။ အခန်းစောင့် ၂ဦးအနက် တစ်ဦးက ၎င်းအဖြေလွှာများကို ယူကာ

Oral မေးမည့်အခန်းသို့ယူသွားရပါမယ် ကျန်အခန်းစောင့်ဆရာမကခုံနံပါတ်စဉ်အတိုင်းခလေးတစ်ဦးချင်းအား Oral ခန်းသို့ပို့ပေးရပါမယ်
မိနစ်၂၀အတိဖြေဆိုသူရှိသလိုမိနစ်အနည်းငယ်သူဖြေဆိုသူလည်းရှိပါတယ်Oral ဖြေပြီးတဲ့ခလေးကိုအခြားသီးသန့်အခန်းလွတ်တွင်ကြီးကြပ်သူဆရာမတစ်ဦးထပ်မံထားပြီးအချိန်စေ့မှပြန်လွှတ်ရပါမယ်။

Oral ဖြေနေစဉ်အငြင်းပွားမှုတစ်စုံတစ်ရာမဖြစ်ပေါ်စေရေး record ယူထားရပါမယ်ခလေးဖြေဆိုမှုအား အခန်းစောင့်မှ အမှတ်ပေးစည်းမျဉ်းပါအတိုင်းအမှတ်ပေးရပါမယ်ဒါလဲထူးခြားချက်တစ်ခုပါ
Section D Speaking ကမိနစ်၂၀ပါ

ခလေးတစ်ဦးချင်းတိုင်းအတွက်၂၀မိနစ်ဖြေဆိုခွင့်ရှိပါတယ်မှားတတ်လို့ပါတစ်ချို့ကခလေးအားလုံး၂၀မိနစ်အတွင်းအပြီးဖြေရမယ်လို့မှားကြပါတယ်သတိထားဖို့ပါ

Section (A) Listening
ပိုင်းက Listeningဆိုတဲ့အတွက်ကြောင့် ဆရာပြောတာကို ကေလး နားထောင်နိုင်မှုစွမ်းရည် ရွိ/ မရွိ စစ်ဆေးခြင်း ဖြစ်ပါတယ် ။ ဆရာက၃ကြိမ်၃ခါပီပီသသဖတ်ပြရမှာဖြစ်ပါတယ်

l.(A) က ဆရာဖတ်ပြတဲ့ အသံကို နားထောင်ပြီး True (OR) False ရေးဖြေရမှာ ဖြစ်ပါတယ်။
Tကိုအကြီးနဲ့ရေးပြီးFကိုလည်းအကြီးနဲ့ရေးရပါမယ် True! False !အပြည့်ရေးရပါမယ်

l.(B) Matching ပါ
ဆရာဖတ်ပြတဲ့ စာကြောင်းကို ကေလးက ယှဉ်တွဲ ရမွာ ဖြစ်ပါတယ်။ မေးခွန်းညွှန်ကြားချက်အတိုင်းဖြေရမှာဖြစ်ပါတယ်

l.(C) က ဆရာဖတ်ပြတဲ့ ဝါက်No.ကို ရေးဖြေရမှာ ဖြစ်ပါတယ်။ဆရာဖတ်ပြတဲ့ဝါကျနဲ့မေးခွန်းထဲကတူတဲ့ဝါကျရဲ့Noကိုရွေးပေးရပါမယ်

ListeningTestဖြစ်တာကြောင့်
နှုတ်မေးနှုတ်ဖြေ မဟုတ်ပါဘူး။

Audio ( or )Teacher
ပြောတာကို နားထောင်ပြီးအဖြေကို Question on paperမွာပဲ
တစ်ခါတည်း ဖြေပေးရမှာပါ။

Section B က Reading
Section C က Writingဖြစ်ပါတယ်
ဒီ၂ပိုင်းကအရင်လိုဘဲစာပိုဒ်နဲ့ word form Verb form ပုံစံသာဖြစ်ပါတယ်

Section( D)speakingကတစ်ခုကိုပဲ
နှုတ်မေးနှုတ်ဖြေပါ။ပုံလေးတွေလဲပြထားပေးပါတယ်Section Dကခလေးအဖြေ(နှုတ်ဖြင့်)ဖြေတာကိုအမှတ်ပေးယုံပါ ခေလးကon paper မှာရေးစရာမလိုပါ

တျခား Listening ,Reading ,Writing.Speaking အပိုင်းအားလုံး Question On Paper မွာပဲ ဖြေပေးရမှာပါ။

မေးခွန်းပေါ်မှာပဲတစ်ခါတည်း ဖြေရပါမယ်ဘာသာရပ်သင်ဆရာမကမြန်မာနိုင်ငံစာစစ်ကပေးထားတဲ့မေးခွန်းများအတိုင်းလေ့ကျင့်သင်ကြားထားမှသာအခက်အခဲတစ်စုံတစ်ရာမရှိမှာဖြစ်ပါတယ်ကြီးမှူးကEng နေ့မှာဆရာဆရာမအင်အားကိုရှိသမျှအသုံးပြုရမှာပါစာဖြေခန်း၅ခန်းရှိရင် Oral ၅ခန်းထားရမှာပါ ဒီထက်လဲပိုနိုင်ပါတယ်

Eng မေးခွန်းသည်ကြီးမှူး Teo များနှင့်ဆရာ ဆရာမများအားလုံးပူးပေါင်းဆောင်ရွက်မှသာအောင်မြင်နိုင်မှာပါ
အားလုံးပဲ အဆင်ပြေစေအောင်ရည်ရွယ်ပါတယ်လိုအပ်လျှင်ထပ်မံဖြည့်စွက်ပါ
👍1