Dip.Ep သင်တန်းဆင်းများအတွက်
#ထောက်ပံကြေးလစဥ်ရရှိ
Dip Ep တက်ထားသောဆရာဆရာမများ ယခုလမှစ၍ ထောက်ပံ့ကြေးငွေရရှိပါမည်....ယခုလတွင်ယခင် ၁လ(စက်တင်ဘာ) လဖြင့်ပေါင်း၍ ၂၀၀၀၀ ကျပ်ရရှိမည်ဟုသိရပါတယ်.....
နောက်လ (၁၁လပိုင်း) မှစ၍ ၁၀၀၀၀ ကျပ်စီသာပေးသွားမည်ဖြစ်ပါတယ်။
Dip Ep ကိုတက်ရောက်ပြီး ရာထူးတိုး၍ ကျောင်းအုပ်ဖြစ်သွားသူများက ထိုထောက်ပံ့ကြေးကို ရရှိမည်မဟုတ်ဟု တိုင်းဒေသကြီးတစ်ခုကကြေညာထားပါတယ်။
ဦးစစ်နိုင်(ပညာရေး)

❤3
BreakingNews
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ပညာရေးဝန် ကြီးဌာန၊အသိပေးကြေညာစာ၊၂၀၂၅ ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် Grade (12) သင်ရိုးအပြောင်းအလဲအကြောင်း။
(၁) ပညာရေးဝန်ကြီးဌာနမှ ၂၀၂၅-၂၀၂၆ပညာသင် နှစ်မှစ၍ တက္ကသိုလ်ဝင်တန်း (Grade 12) သင်ရိုးအကြောင်းအရာများကို ပြင်ဆင်ပြောင်းလဲမည့်အကြောင်း အသိပေးကြေညာအပ်ပါသည်။ ဤပြောင်းလဲမှုကို ဒီနေ့ (၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့) မှစ၍ ဌာနအဆင့်အလိုက် အစည်းအဝေးများကျင်းပကာ သက်ဆိုင်ရာဌာနများအကြား ညွှန်ကြားဆောင်ရွက်နေပါသည်။
(၂) လျော့ချသွားမည့်အကြောင်းအရာများတွင် သီအိုရီအခြေခံအပိုင်းများထဲမှ ထပ်တူတူဖြစ်သောအခန်းများ၊ သင်ကြားချိန်မလိုအပ်သည့်အပိုင်းများနှင့် သက်ဆိုင်ရာဘာသာရပ်အလိုက် မရှိသင့်သည့်အချက်အလက်များ ပါဝင်ပါသည်။
(၃) သင်ကြားမှုနှင့် စာမေးပွဲဆောင်မှုများ ပိုမိုတိကျမှန်ကန်စေရန်အတွက် အသစ်ပြင်ဆင်ထားသော “Updated Syllabus Guide for Grade 12 (2025–2026)” ကို မကြာမီ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ပေးမည် ဖြစ်ပါသည်။ ထိုအညွှန်းစာအုပ်အတိုင်း သင်ကြားရေးဆောင်ရွက်ရန် လိုအပ်ပါသည်။
(၄) ထို့အပြင် တက္ကသိုလ်ဝင်တန်းဆရာအုပ်များ၊ သက်ဆိုင်ရာ ပညာရေးဌာနအဖွဲ့များနှင့် သင်ကြားရေးဝန်ထမ်းများအား အဆိုပါ သင်ရိုးအပြောင်းအလဲအပေါ် သေချာသိရှိပြီး သင်ကြားရေးဆောင်ရွက်မှုများတွင် တိကျစွာအကောင်အထည်ဖော်ရန် အသိပေးအပ်ပါသည်။
#credit@EducationalChannelMM

❤22
မှတ်မှတ်သားသား ထိုစကား
================
တပိုင်းကြောင် ကျက်စာရရုံနဲ့
အများကြီး သိတာတတ်တာမျိုး မရှိပေမယ့် (ကိုယ့်ကိုယ်ကိုယ် ပြောတာပါ) ပညာရေး ဘွဲ့ရ ဆရာ/မ များဟာ ကျန် ဆရာ/မ များထက် မြန်မာ့ပညာရေး အေခြနေမှန် ကို အတွင်းကျကျ ပိုသိသူ ပညာရေးအတွေးအခေါ် ရှိသူများ ဖြစ်တယ်လို့ ကျနော် ယုံတယ် လက်လဲ လက်ခံတယ်။ ဘာလို့လဲ ဆိုတော့ ပညာရေးလိုင်းဘက်က မဟုတ်တဲ့သူများ အများစုက ရန်ကုန်၊ မန်းလေး၊ တောင်ကြီးလောက်ကို အခြေတည်ပီး မြန်မာ့ပညာရေး ဘယ်လိုဘယ်ညာ ပြောနေကြတာ အတော် နားခါးစရာပါ။ နယ်ကျေးလက်ကသာ မြန်မာ့ပညာရေး အစစ်အမှန် ဆိုတာ မသိကြဘူး။
ဘယ်သိမတုန်း။ မြို့ပေါ်နဲ့ နံနံဂျား ပဲ သွားပီး နယ်မသိ ရွာမသိ ဆရာကဝိ များကိုး။ နောက်တခု ရှိသေးတယ်။ ပညာရေးဘွဲ့ရ များဟာ နယ်ဘက်ကျေးဘက်က လာသူများတယ်။ နောက် မြို့ပေါ်ကသူတောင် နယ်ဘက်ကျေးဘက် တာဝန်ကျကြ သွားကြရ လာကြရတယ်။ ဒီတော့ နယ်ပညာရေး မြို့ပညာရေး မြို့ကြီး ပညာရေး ပညာရေး အလွှာအလွှာ ကွာပုံကို သိတယ်။ နားလည်တယ်။ B.Ed. တွေ ညံ့ချင် ညံ့မယ်။ ဒါပေမယ့် လူထုပညာေရးနဲ့တော့ ဘယ်တော့မှ ကင်းကွာမနေကြဘူး။ လူတစုပညာရေးနဲ့ လူထု ပညာရေး ကိုလဲ ခွဲခွဲခြားခြား နားလည်တယ်။ ဘိုစာ တခုတည်း နဲ့ ပညာရေးသမားတွေကို နှိမ်ချင်သလိုလို လုပ်နေတာက ကိုယ်တိုင် ဘိုရူး ဘူးယို ဖြစ်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် နားလည်သင့်တယ်။ တပိုင်းကြောင် ကျက်စာရရုံနဲ့ မြန်မာ့ပညာရေး ဘာလားတွေ ညာလားတွေ မလုပ်သင့်ဘူး။ ကျနော်တို့မှာသာ ဆရာထုတ်လုပ်စက် နဲ့ စက်ရုံရှိရင် B.Ed. ဘွဲ့ ပညာရေးဘွဲ့ရတွေကို ပိုပီး ထုတ်လုပ်မယ်။
ကြောင်မှာဖြင့်လဲ တပိုင်းပဲ မကြောင်ကြနဲ့ ၊ ထမင်းဟင်းလွတ် ကြောင်တာကဘပိုကောင်းပါကြောင်း။

❤13🥰1
#ဦးစားပေးတက္ကသိုလ်ပြောင်း -❌ မရတော့ပါ
#ဆေးတက္ကသိုလ်နောက်ထပ်လူတွေ့ viva 24-10-2025 သွားဖြေနေသူများရှိ
#ဆေးတက္ကသိုလ်အသစ်လျှောက် - ခွင့်မပြုတော့ပါ
ရေကြောင်းတက္ကသိုလ် _ ၂၁ မှ ၂၄လူတွေ့ဖြေနေပြီ
#ရေကြောင်းကောလိပ် -monday 27 ရက်နေ့
#ကျောင်းအပြောင်းအရွေ့ကိစ္စများ - အခုမရသေးပါ ကျောင်းဝင်ခွင့်တွေကျလာမှ အပြောင်းရပါမည်
#နယ်စပ်ဆေးများ - အခုမခေါ်သေးပါ
#သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်လျှောက်ထားသူများပြား
#မှတ်ချက်
ကျောင်းသားကျောင်းသူများကိုပညာရေးသတင်းတွေသိစေဖို့တင်ပေးရခြင်းဖြစ်ပါတယ်။
သတင်းမှားတွေမယုံကြည်ပါနဲ့။

❤6