Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
၂ဝ၂၃ - ၂ဝ၂၄ပညာသင်နှစ်
B.Ed ပညာရေးဘွဲ့ စာပေးစာယူသင်တန်းလျှောက်ထားရာတွင်လိုအပ်မည့်အချက်များ။
👍2
၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်မှစတင်ကျင်းပမည်
ယွန်း (NP News) - ဒီဇင်ဘာ ၂၉

၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်မှ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ယနေ့(ဒီဇင်ဘာလ ၂၉ ရက်) နံနက်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်မှ မတ်လ(၁၈)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စာမေးပွဲဖြေဆိုရမည့် အချိန်မှာ နံနက်(၉)နာရီမှ နံနက်(၁၂)အထိဖြစ်ပြီး မတ်လ (၈) ရက်၊ (၉)ရက် နှင့် (၁ဝ)ရက်တို့တွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်တို့ကို ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

မတ်လ(၁၁)ရက်နှင့် (၁၂)ရက်တို့တွင် စနေ၊ တနင်္ဂနွေ (၂)ရက်ပိတ်မည်ဖြစ်ပြီး မတ်လ(၁၃)ရက်နှင့် (၁၄)ရက်တို့တွင် ဓာတုဗေဒနှင့် ရူပဗေဒ ဘာသာရပ်တို့ကို ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် မတ်လ(၁၅)ရက်၌ ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်တို့ကို ဖြေဆိုရမည်ဖြစ်ပြီး မတ်လ(၁၆)ရက်၊ (၁၇)ရက်နှင့် (၁၈)ရက်တို့တွင် ပထဝီဝင်၊ သမိုင်းနှင့် စိတ် ကြိုက်မြန်မာစာတို့ကို ဖြေဆိုရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် စာမေးပွဲတွင် ဖြေဆိုသူစုစုပေါင်း (၂၈၁၇၅၁)ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်း (၄၆ ဒသမ ၈၈) ရာခိုင်နှုန်းဖြင့် အောင်မြင်သူ (၁၃၂ဝ၇၇)ဦးရှိခဲ့သည်။
👍1
#ခရီးစရိတ်ရေးတင်နည်း (TA Billဆွဲနည်း)
(Copy ယူလာတာပါဗျ)

အမှုထမ်းများအတွက် TF No.46 (Outer) Bill ကို အသုံးပြုရပါမယ်။

၁။ TF No.46လို့ ရေးသားထားတဲ့ စာမျက်နှာ
Establishment of ရဲ့နောက်မှာ မိမိအမည် ရာထူး နဲ့ ကျောင်း/ရုံးကိုရေးပြီး for the month of ရဲ့နောက်မှာ ကိုယ်ခရီးသွားခဲ့တဲ့ လ ကိုရေးရပါမယ်။

၂။ Englishလိုရေးထားတဲ့ စာပိုဒ်အောက် ညာဘက်ထောင့်မှာ Head of Officeနေရာမှာ အလက ၊ အထက(ခွဲ)၊အထက ကျောင်းက ဆရာ ဆရာမများအနေနဲ့ ကျောင်းအုပ်ကြီးကို လက်မှတ်ထိုးခိုင်းပါ။

၃။ နောက်ထပ် စာမျက်နှာမှာတော့ Establishment of ရဲ့နောက်မှာ မိမိအမည် ရာထူး နဲ့ ကျောင်း/ရုံးကိုရေးပြီး for the month ofရဲ့နောက်မှာ ကိုယ်ခရီးသွားခဲ့တဲ့ လ ကိုပြန်ရေးရပါမယ်။

၄။ Name ဆိုတဲ့ စာတိုင်အောက်မှာ မိမိအမည်ကိုရေးပါ။

Designation and Head စာတိုင်အောက်မှာ ရာထူးနဲ့ ကျောင်းရုံးကို ရေးပါ။

Pay ဆိုတဲ့ စာတိုင်အောက်မှာ လစာနှုန်းထားကိုရေးပါ။Dateဆိုတဲ့ စာတိုင်အောက်မှာ ခရီးစတင်ထွက်ခွါရက်ကို ရေးပါ။

Routeဆိုတာ ခရီးလမ်းကြောင်းပါ။ From နဲ့ Toဆိုတာ ပါပါတယ်။ From ရဲ့အောက်မှာ Station နဲ့ Hour of Departure ဆိုတာ ပါပါတယ် ။ Station နေရာမှာ မိမိခရီးစတင်လာခဲ့တဲ့နေရာကို ရေးပါ ။

Hour of Departure နေရာမှာ ထွက်ခွါချိန်ကို ရေးပါ။To ဆိုတဲ့အောက်မှာလည်း Station နဲ့ Hour of arrival ဆိုတာ ပါပါတယ်။

Station နေရာမှာ မိမိသွားလို့ရောက်တဲ့နေရာကို ရေးပါ။ Hour of arrival နေရာမှာ ရောက်ချိန်ကို ရေးပါ။

Purpose of Journey နေရာမှာ ခရီးသွားရတဲ့အကြောင်းရင်းရေးပါ။
ဥပမာ-ရာထူးတိုးပြောင်းရွှေ့ခြင်း)။

Name of Conveyanceနေရာမှာ မိမိအသုံးပြုတဲ့ ယာဉ်အမျိုးအစားရေးပါ ။
(ဥပမာ-ကား ၊ ရထား ၊ ဆိုင်ကယ် ၊ လေယာဉ် )။

No. of miles နေရာမှာ ခရီးမိုင်အကွာအဝေးရေးပါ။

၅။ Allowances claimed အောက်မှာ Actual Expense,Daily Allowance,Railway fare,Steamer fare ဆိုပြီး လေးကွက်ရှိပါတယ် ။ Railway ရထားနဲ့ Steamer သင်္ဘောက သိပ်မသုံးတော့ပါဘူး။ပြောင်းလဲထားတဲ့ ညွှန်ကြားချက်အသစ်အရ အမှန်တကယ်ကုန်ကျစရိတ် Actual Expenseကို ခွင့်ပြုပါပြီ။
ဒါကြောင့် Actual Expense ဆိုတဲ့နေရာမှာ အမှန်ကားခ အမှန်ဆိုင်ကယ်ကယ်ရီခကို ရေးပေးပါ။

Daily Allowance နေရာမှာ မိမိခရီးဟာ နေ့(၁၂)နာရီ မတိုင်မီစပြီး ည(၁၂)မကျော်ရင် ရေးစရာမလိုဘဲ
ညအိပ်သွားရတဲ့ခရီးဖြစ်ရင် ကြာသလောက်ရက်ကို Rate နေရာမှာရေး Amountနေရာမှာ (၄၈၀၀) ထည့်ပါ။

၆။ Total of each line ဆိုတာ စုစုပေါင်းချုပ်ခိုင်းတာပါ။

အဲ့ဒီအောက်မှာ-

#ဝန်ထမ်းပစ္စည်းသယ်ယူစရိတ်ကို ခရီးလမ်းကြောင်းတစ်ခုချင်းစီ ကုန်ချိန်၊နှုန်းထားဖော်ပြပြီး ထည့်ပေါင်းပါ။

#အမှုထမ်းအထွက် ပိဿာချိန်(၄၈၀)ဆိုပေမယ့် မကျော်လွန်အောင် သတ်မှတ်ထားတာပါ။အပြည့်တွက်ပေးမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။အမှန်သယ်ယူစရိတ်ပဲ ပေးပါမယ်။

ပြီးရင် ကတိဝန်ခံချက်(၅)ချက်ရေးပါ။

အမည် ၊ ရာထူး ၊ ကျောင်း/ရုံး ရေးပြီး လက်မှတ်ထိုးပါ။

အဆင်ပြေကြပါစေ
ဝန်ထမ်းကောင်းလျှောက်လွှာတင်ရန် လိုအပ်ချက်များ။

(၁)လျှောက်လွှာ (၅)စုံ။
(၂)မှတ်ပုံတင် မိတ္တူ(၅)စုံ။
(၃)စိစစ်ထောက်ခံချက် (၅)စုံ။
(၄)ဝန်ခံကတိ (၅)စုံ။
(၅)ပြန်တမ်း (၅)စုံ။
(ပြည်သူ့ဝန်ထမ်း တံဆိပ် အတွက်)ငြိမ်ဝပ်ပိပြားရေး နှင့် တရားဥပဒေစိုးမိုးရေး တံဆိပ်(၅)စုံ။
(ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်အတွက်) ငြိမ်ဝပ်ပိပြားရေး နှင့် တရားဥပဒေ စိုးမိုးရေး တံဆိပ်(၅)စုံ + ပြည်သူ့ဝန်ထမ်း တံဆိပ် (၅)စုံ တို့ကို
ပူးတွဲပေးပို့ရပါမည်။
(၆) ရပ်ကွက်ထောက်ခံစာ (၅)စုံ
ရဲစခန်းထောက်ခံစာ(၅)စုံ(မူရင်းတစ်စုံ)ပါရပါမည်။ (ပင်စင်စားများ အတွက်)
(၇)ရာထူး/ကျောင်း/ရုံး/မြို့နယ် တို့ကို အရှည်ရေးရပါမည်။
(၈)အမှုထမ်းသက်ကို အပြည့်အစုံရေးရန်။(ကျော်မရေးရပါ။)
(၉)အဖ အမည်/အမိအမည်/ကာယကံရှင်၏ အမည် ကွဲလွဲလျှင် မရပါ။
(၁၀)(ငြိမ်ဝပ်ပိပြားရေး နှင့် တရားဥပဒေစိုးမိုးရေး တံဆိပ်) လျှောက်ထားရန် ဝန်ထမ်းလုပ်သက်(၂)နှစ်။
(ပြည်သူ့ဝန်ထမ်း တံဆိပ်) လျှောက်ထားရန် ဝန်ထမ်းလုပ်သက်(၁၅)နှစ်။
(ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်)လျှောက်ထားရန် ဝန်ထမ်းလုပ်သက်(၂၆)နှစ် ရှိရပါမည်။
(၁၁)မှတ်ပုံတင် မသဲကွဲလျှင် ပယ်ဖျက်မည်။
(၁၂)ပြည့်စုံမှန်ကန်မှု မရှိပါက ပယ်ဖျက်မည်။
(၁၃)ပြစ်မှု/ပြစ်ဒဏ် ရှိခဲ့ဖူးပါက လျှောက်ထားခြင်းမပြုရပါ။
(၁၄)(၃၀-၆-၂၀၂၁)ရက်ဖြင့် လုပ်သက်တွက်ရန်။

မှတ်ချက်။ ။ဆုတံဆိပ် (၃)မျိုး ရရှိထားသော်လည်း အသက်(၅၇)နှစ် ရှိသူများကိုသာ ဆုချီးမြှင့်ပေးပါသည်။
1
ငွေစာရင်း ထိန်းသိမ်းရေး နည်းလမ်း ညွှန်ကြားချက်