Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ကိုယ်ရေးဖြည့်နည်း။ပုံစံသစ်
၂၀၂၂ အောင် တက္ကသိုလ် ဝင်ခွင့်ရသူများစာရင်းများထုတ်ပြန်မည့်နေ့ရက်ကြေညာ

http://203.81.81.180/news/

http://www.moe.gov.mm/
နိုင်ငံ‌တော်မှ ထုတ်ပြန်ထားသော ဒေသစရိတ် ခံစားခွင့် ရှိသည့်
သွားလာရေးနှင့် လူမှု‌ရေး ခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရ ဒေသ (၆)ခုတိုမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ
အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဆေးတက္ကသိုလ်
ဝင်ခွင့် လျှောက်လွှာ ခေါ်ယူ။။။
2022 ဝင်ခွင့် ဝင်ခွင့်ပြု အနိမ့်ဆုံးအမှတ်များ
ဒီဇင်ဘာ ကျောင်းပိတ်ရက်

(၂၂-၁၂-၂၀၂၂) ကြာသပတေးနေ့မှ
( ၂၆-၁၂- ၂၀၂၂) တနင်္လာနေ့ အထိ
( ၅ ) ရက် ပိတ်မည် ဖြစ်ကြောင်း
အခြေခံပညာဦးစီးဌာန၊ နေပြည်တော် ၏
(၁၄-၁၁-၂၀၂၂) ရက်စွဲပါ အရ သိရှိရပါသည်

ဒီဇင်ဘာ ပိတ်ရက်မတိုင်မီ
ရက်သတ္တပတ်တွင်
စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရမည်ဟု သိရှိရပါသည်။
ဆယ်တန်းစနစ်ဟောင်း နောက်ဆုံးနှစ်စာမေးပွဲအတွက် Form မတင်ဖြစ်လိုက်သူများ၊ Form တင်ဖို့ မမီလိုက်သူများကို (နောက်ဆုံး) အခွင့်အရေးအဖြစ် နေပြည်တော် စာစစ်ဌာန နဲ့ ရန်ကုန်စာစစ်ဌာနမှာ အခုလာမယ့် (၂၁) ရက်နေ့ကနေ (၂၅) နေ့ထိ Form တင်ခွင့် ထပ်ပေးပါမည် တဲ့

ပြန်ဖြေချင်ပြီး Form မတင်လိုက်ရတဲ့ ခလေးတွေအတွက် နောက်ဆုံးအခွင့်အရေးပါ။
❇️ မီတာ(၄၀၀)ပြေးမည့် လူရည်ချွန်များသို့ ရည်ရွယ်ရေးသားခြင်းသာ ဖြစ်ပါတယ်။

🧩 မီတာ(၄၀၀)ဟာ ဘောလုံးကွင်းတစ်ပတ်အကွာအဝေးကို ခေါ်ဆိုခြင်းသာ ဖြစ်တယ်။ လူရည်ချွန်များအား နားလည်ရလွယ်ကူစေရန် မီတာ(၄၀၀)ပြေးခြင်းအား အဆင့်(၄)ဆင့်ခွဲ၍ ​ဖော်ပြပေးချင်ပါတယ်-
----------------------------------------------
✴️ တာထွက်အဆင့်။ တာထွက်အဆင့်ပြေးရာတွင် လက်လွှဲ၊ဒူးမြှောက်ဖြင့် အားသုံးကာ ပထမ မီတာ(၁၀၀)အမှတ်ရောက်သည်အထိ ပြေးရပါမည်။မီတာ(၁၀၀) အမှတ်တွင်လုံးဝအားကုန်သွားအောင် ပြေးရမည် မဟုတ်ဘဲ၊ မိမိအားကိုချင့်ချိန်၍သာ ပြေးရန်တော့ ဂရုပြုရပါမည်။

➡️ ပြိုင်ပွဲဝင်အဆင့်။ ပြိုင်ပွဲဝင်အဆင့်ဆိုသည်မှာ မီတာ(၁၀၀)မှ မီတာ(၂၀၀)ထိ အစိမ်းရောင်မြှားဖြင့်ဖော်ပြထားသော အဆင့်ဖြစ်သည်။ ပြိုင်ပွဲဝင်နေသည့် ကိုယ်နေဟန်ပန်သို့ရောက်ရှိလာသည့် အဆင့်လည်းဖြစ်သည်။ သတိပြုရမည့်အချက်မှာ
​တာထွက်အဆင့်တွင်ပြေးလာသည့်အားဖြင့်သာ ပြိုင်ပွဲဝင်အဆင့်တွင် ခြေလှမ်းကျဲကျဲထုတ်၍ ဆက်ပြေးရန်သာ ဖြစ်သည်။ အထူးသဖြင့် လက်လွှဲရာတွင် တတ်နိုင်သမျှ ငြိမ်သက်စွာလွှဲ၍၊ခြေလှမ်းကိုသာ အားပြု၍ပြေးသည့်ပုံစံလည်းဖြစ်သည်။ အလွယ်ဆိုရသော် တတ်နိုင်သမျှ လက်မလွှဲဘဲ ခြေလှမ်းသာထုတ်ပြေးရန်သာ ဖြစ်ပါသည်။

⏬ အရှိန်လျှော့အဆင့်။ လူတစ်ဦးသည် မီတာ(၄၀၀)ကွင်းတစ်ပတ် အကွာအဝေးအား အားကုန်သုံး၍ဆက်တိုက်​ပြေးရန်မှာ မစွမ်းသာပါ။ သို့ဖြစ်၍ မီတာ(၂၀၀)နှင့်(၂၅၀)အမှတ်ကြားတွင် အရှိန်လျှော့အဆင့်အဖြစ်သတ်မှတ်၍ အသက်ရှူပြီး ပြေးအားအနည်းငယ်လျှော့ကာ မီတာ(၅၀)ခန့် မျောလိုက်သွားရမည်ဖြစ်ပါသည်။ မျောလိုက်ရမည့် ဟူသည့်အဓိပ္ပါယ်မှာ ပြိုင်ပွဲဝင်အဆင့်တွင်ပြေးလာသည့် အရှိန်ဖြင့်သာ အားမသုံးပဲ ဆက်၍ပြေးခြင်းသာဖြစ်သည်။ သတ်ိပြုရမည့်အချက်မှာ ယခုအဆင့်သည် ပြိုင်ပွဲဝင်အဆင့်အနေအထားနှင့်ပြောင်းပြန်ဖြစ်သည်။ အရှိန်လျှော့အဆင့်တွင်မူ ခြေလှမ်းမထုတ်တော့ပဲ လက်လွှဲအားကိုသာ အဓိကသုံးပြီး ပြေးသွားရမည်လည်းဖြစ်သည်။ တစ်နည်းဆိုရသော် မီတာ(၅၀)ခန့် အားလျှော့ချ၍ ခြေလှမ်းနားလိုက်ခြင်းသည် နောက်ဆုံးအဆင့်ပြေးရန်အတွက်အားမွေးလိုက်ခြင်းလည်း ဖြစ်သည်။

အားကုန်ပြေးအဆင့်။ အားကုန်ပြေးအဆင့်သည် တစ်နည်းအားဖြင့် ပန်းဝင်အဆင့်လည်းဖြစ်သည်။ မီတာ(၂၅၀)အမှတ်ရောက်သည်နှင့် လက်လွှဲခြင်းကို နဂိုထက်ပို၍ပို၍လွှဲရန်သာဖြစ်သည်။ ခြေလှမ်းအားကိုလည်းတတ်နိုင်သမျှ အားကုန်ထုတ်ရတော့မည်ဖြစ်သည်။ လူပင်ပန်း၍ခြေလှမ်းနှေးသွားသည့်တိုင်အောင် ရှေ့သို့ဆက်သွားနေစေရန်လက်လွှဲအားကို အထူးအားပြုရတော့မည်ဖြစ်သည်။ သို့ဖြစ်၍ ပန်းဝင်စည်းရောက်သည်အထိ လက်လွှဲခြင်းကို တိုး၍တိုး၍သာ အားကုန်လွှဲရန်သာဖြစ်တော့သည်။ အားကုန်ပြေးအဆင့်သည် မီတာ(၄၀၀)​၏ နောက်ဆုံးအဆင့်သာဖြစ်၍ မိမိတွင်ရှိသမျှအားကိုထုတ်သုံးပြီး လက်လွှဲ၊ဒူးမြှောက်၍ ကြိုးစားပြေးရမည်သာ ဖြစ်ပါတော့သည်။
__________
✳️ မီတာ(၄၀၀)ပြေးမည့် လူရည်ချွန်များသို့ ရှင်းလင်းနားလည်လွယ်စေရန် ရည်ရွယ်ကာ အဆင့်ဆင့်ခွဲခြား၍ ဖော်ပြပေးလိုက်ရပါတယ်။

Freelance Runner
Certified Sports Nutrition.
Certified Fundamental Running.
၂ဝ၂၃ - ၂ဝ၂၄ပညာသင်နှစ်
B.Ed ပညာရေးဘွဲ့ စာပေးစာယူသင်တန်းလျှောက်ထားရာတွင်လိုအပ်မည့်အချက်များ။
👍2