Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
CPD နဲ့ ပတ်သက်ပြီး CPD စာအုပ်တွေကို
ထက်/လယ်ဆင့် အခြေခံပညာကျောင်းတိုင်းအတွက်
သက်ဆိုင်ရာမြို့နယ်ပညာရေးရုံးကလည်း ဖြန့်ဝေပြီး
ဖြစ်ပါတယ်။ ဒီတော့ CPD နဲ့ပတ်သက်ရင်
“အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများ
အတွက် စဉ်ဆက်မပြတ် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး
လက်စွဲနှင့် မော်ဂျူးများ” ဆိုတဲ့ စာအုပ်ကိုသာ
သေသေချာချာဖတ်ပြီး ဆောင်ရွက်ကြပါလို့ တိုက်တွန်းရင်း….

ဦးရဲ
ပညာရေး
သက္ကရာဇ်တွေနဲ့ပတ်သတ်ပြီး သိထားသင့်သည့်အချက်များ
🖌🖌🖌
(၁) မဟာသက္ကရာဇ်
(၂) သာသနာသက္ကရာဇ်
(၃) ကောဇာသက္ကရာဇ်
(၄) ခရစ်သက္ကရာဇ်
(၅) ဘီစီ
(၆) အေဒီ ဟူ၍ရှိပါသည်၊
🖌🖌🖌
(၁) မဟာသက္ကရာဇ်
ဘုရားအလောင်းတော် သိဒ္ဓတ္တမင်းသား၏ ဘိုးတော် အဉ္စနမင်းကြီးနှင့် ကာလဒေဝီလ ရသေ့တို့ ထားခဲ့သောနှစ်ကို မဟာသက္ကရာဇ် ဟုခေါ်ပါသည်။ အလောင်းတော်ကို မဟာသက္ကရာဇ် (၆၈) ခုနှစ်တွင်မီးရှူးသန့်စင်ဖွားမြင်တော်မူခဲ့ပါသည် ။
🖌🖌🖌
(၂) သာသနာသက္ကရာဇ်
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး ပထမ သင်္ဂါယနာတင်သောနှစ်၊ အရှင်မဟာကဿ ပမထေရ် နှင့် အဇာတသတ်မင်းကြီးတို့ ထားခဲ့သောနှစ်ကို သာသနာသက္ကရာဇ်ဟုခေါ်ပါသည်၊
🖌🖌🖌
(၃) ကောဇာသက္ကရာဇ်
မြန်မာသက္ကရာဇ်ဟုခေါ်သော=ကောဇာသက္ကရာဇ်ကိုလည်း မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး ပထမသံဂါယနာတင်သောနှစ်မှစ၍ ရေတွက်လာခဲ့ရာ သက္ကရာဇ် (၆၂၂)ခုနှစ်အရောက် သရေခေတ္တရာခေတ် သုမုန္ဒရီ မင်းလက်ထက်မှာ ဖြိုခဲ့ပါသည်၊ ထိုမှတဖန် စတင်ရေတွက်လာရာ သက္ကရာဇ် (၅၆၀)ခုနှစ်အရောက် ပုဂံခေတ် ပုပ္ပါးစောရဟန်းမင်း လက်ထက်မှာ တစ်ခါဖြိုခဲ့ပြန်ပါသည်၊ မြန်မာသက္ကရာဇ် ခေါ်သော ကောဇာသက္ကရာဇ်ကို နှစ်ခါဖြိုခဲ့ပါသည်၊ ထို့ကြောင့် (၆၂၂) နှင့် (၅၆၀) နှစ်ရပ်ပေါင်းတော့ (၁၁၈၂) ဖြစ်ပါသည်၊ ထိုနှစ်ခါအဖြိုခံရသော သက္ကရာဇ်ကို မြန်မာသက္ကရာဇ်=ကောဇာသက္ကရာဇ် ဟုခေါ်ပါသည်။
🖌🖌🖌
မှတ်ချက်။ ။ ယခုရောက်ဆဲ မြန်မာသက္ကရာဇ်တွင် နှစ်ခါဖြိုခံရသော သက္ကရာဇ်(၁၁၈၂) ထဲ့၍ပေါင်းလိုက်လျှင် သာသနာတော်နှစ် ရပါသည်။
🖌🖌🖌
(၄) ခရစ်သက္ကရာဇ်
သာသနာသက္ကရာဇ် (၅၄၄) ခုနှစ် အရောက်တွင် ခရစ်တော်မွေးဖွားခဲ့ပါသည်၊ ထိုအချိန်မှစ၍ ရေတွက်သောနှစ်ကို ခရစ်သက္ကရာဇ် ဟုခေါ်ပါသည်။
🖌🖌🖌
မှတ်ချက်။ ။ ယခုရောက်ဆဲ ခရစ်သက္ကရာဇ် ကို (၅၄၄) ပေါင်းလျှင် သာသနာတော်နှစ် ရပါသည်
🖌🖌🖌
(၅) ဘီစီ (BC)
ဘီစီ (Before Christ)ဆိုသည်မှာ ခရစ်တော်မပေါ်ခင်ရေတွက်အပ်သော နှစ်ဟု အဓိပ္ပါယ်ရပါသည်၊ အလောင်းတော်ကို ဘီစီ(၆၂၃)ခုနှစ်တွင် မီးရှုးသန့်စင်ဖွားမြင် တော်မူခဲ့ပါသည်၊
🖌🖌🖌
(၆) အဒေီ (AD)
အေဒီ (Anno Domini) ဆိုသည်မှာ ခရစ်တော်မွေးဖွားပြီးနောက် ရေတွက်အပ်သောနှစ်ဟုအဓိပ္ပါယ်ရပါသည်၊ (Anno Domini) ဆိုသည်မှာ ငါတို့ဘုရားသခင်နှစ်ဟုအဓိပ္ပါယ်ရပါသည်။
🖌🖌🖌
(မှတ်ချက်)
သာသနာတော်နှစ်...
ခရစ်နှစ်..
ပထမသင်္ဂါယနာ.. မှအမှန်။
🖌🖌🖌
သက္ကရာဇာ... ကစလို့ သက္ကရာဇ်ပါ။
ကျန်.. သာသနာ၊နဲ့ခရစ်တွေကို သက္ကရာဇ်ဟုမသုံးရ။
🖌🖌🖌
နှစ်...ဟုသာသုံးရပါသည်ဟုလည်းဆိုကြသည်။
🖌🖌🖌
👍1
အိမ္ငွါးခ တခလ.pdf
105.4 KB
`ၐအိမ်ငှါးခတောင်းခံလွှာ လိုသူများအတွက် ဒါနပါ။
❤1
အိမ်ငှါးခတောင်းခံလွှာပါ။ လစဉ်အသုံးပြုနိုင်အောင် စာစီပေးထားပါတယ်။ အသုံးဝင်နိုင်ကြပါစေ။
Ready to printout!
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ကြေညာချက်။
တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့်ပုံစံစာအိတ်ကို ဩဂုတ်လ (၁၈)ရက် ကြာသပတေးနေ့မှ စတင်၍ မိမိစာမေးပွဲဖြေဆိုအောင်မြင်ခဲ့သော အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများထံတွင် ကိုယ်တိုင်ထုတ်ယူနိုင်ပြီး ဩဂုတ်လ ၁၈ ရက်မှ စက်တင်ဘာ ၂ရက်နေ့အထိ အောက်ပါတက္ကသိုလ်များတွင် လျှောက်ထားနိုင်ကြောင်း သိရှိရပါသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ကြေညာ
👍1
တက္သိုလ်ဝင်ခွင့် ၂၀၂၂
👍1
တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခြင်း မရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့် အစီအစဉ်

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့် အစီအစဉ်

ရက်စွဲ- ၂၀၂၂ ခုနှစ်ဩဂုတ်လ( ၂၃ )ရက်

၁။ တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခြင်း မရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင် စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ်တွင် ကျင်းပသွားမည် ဖြစ်ပါသည်

၂၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း လျှောက်ထားရမည်ဖြစ်ပြီး တစ်ဦးလျှင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်း (၇ဝဝိ/-) နှင့် လျှောက်လွှာတစ်စောင် (၂၀ဝိ/-) စုစုပေါင်း (၉ဝဝိ/-) ကျသင့်ပါမည်။

၃။ စာမေးပွဲဝင်ခွင့် လျှောက်လွှာတင်သွင်းရာ၌ ဘာသာတွဲ အမှတ်စဉ် (၁)(၅)(၆)(၇)၊ (၈) များဖြင့် ဖြေဆိုမည့်သူများအတွက် အစိမ်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် လည်းကောင်း၊ ဘာသာတွဲ အမှတ်စဉ် (၂)၊ (၃)(၄) များဖြင့် ဖြေဆိုမည့်သူများအတွက် ပန်းရောင်ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် တင်သွင်းရန် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ် ထားပါသည်။

၄။ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများတွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင် အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသားကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး (၇၀ဝိ/-)ကျပ်တန် ငွေသွင်း တံဆိပ်ခေါင်းများ ဝယ်ယူပြီးလျှောက်လွှာ တစ်စောင်ချင်းတွင် ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံစာစစ် ဦးစီးဌာနသို့ သတ်မှတ်ရက်အမီ တင်သွင်းကြရမည် ဖြစ်ပါသည်

၅။ ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများသည် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများ တွင် စာမေးပွဲဝင်ကြေး (၇ဝဝိ/-) ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့် လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့ အမှန်တကယ်နေထိုင်သည့် မြို့နယ် ပညာရေးမှူးရုံးတွင် သတ်မှတ်ရက်များအတွင်း တင်သွင်းကြရမည် ဖြစ်ပါသည်

၆။ စာဖြေသူ ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ ပုံစံတွင် မိဘအမည်မွေးသက္ကရာဇ်များကို ကျောင်းဝင်(ခ)စာရင်းအတိုင်း မှန်ကန်စွာ ဖြည့်စွက် ရေးသွင်းရန် လိုအပ်ပါမည်။

၇။ စာဖြေသူ တင်သွင်းသည့် စာမေးပွဲဝင်ခွင့် လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲ ဖြေဆိုခွင့်ပြုမည် မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှု ရှိ-မရှိ သေချာစွာ စစ်ဆေးပြီး သတ်မှတ်ရက်များအတွင်း အချိန်မီပေးပို့ရန် ဖြစ်ပါသည်

၈။လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို နေပြည်တော်၊ ရုံးအမှတ်(၅၂)၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်) နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်နယ်မြေရန်ကုန်မြို့တို့တွင် လာရောက်ဝယ်ယူနိုင်ပါသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
👍2
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ကြေညာချက်။
တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့်ပုံစံစာအိတ်ကို ဩဂုတ်လ (၁၈)ရက် ကြာသပတေးနေ့မှ စတင်၍ မိမိစာမေးပွဲဖြေဆိုအောင်မြင်ခဲ့သော အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများထံတွင် ကိုယ်တိုင်ထုတ်ယူနိုင်ပြီး ဩဂုတ်လ ၁၈ ရက်မှ စက်တင်ဘာ ၂ရက်နေ့အထိ အောက်ပါတက္ကသိုလ်များတွင် လျှောက်ထားနိုင်ကြောင်း သိရှိရပါသည်။
👍3
သင်္ကြန်ရုံးပိတ်ရက် ၉ ရက် ပါတဲ့
လာမယ့်၂၀၂၃ခုနှစ်အတွက် အများပြည်သူ
ရုံးပိတ်ရက်တွေ ထုတ်ပြန်။
#ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့
အထိမ်းအမှတ် စာစီစာကုံး၊ကဗျာ၊ပန်းချီ၊ကာတွန်း
နံရံကပ်ပိုစတာ ပြိုင်ပွဲဝင်ကြမည့်
အခြေခံပညာကျောင်းသား၊ကျောင်းသူများ
အထောက်အကူပြုစေရန်မျှဝေပါသည်
-----------------------

နှစ်စဉ်စက်တင်ဘာလ ၁၆ ရက်နေ့သည်
ကုလသမဂ္ဂ အထွေထွေညီလာခံ၏
သတ်မှတ်ချက် ချမှတ်သည့်အရ
ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်သည်။

#ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့
ဖြစ်ပေါ်လာပုံ

ယနေ့ကမ္ဘာတွင် ရာသီဥတုပြောင်းလဲမှု၊ အိုဇုန်းလွှာပျက်စီးမှုနှင့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုဆိုင်ရာ အဓိကပြဿနာများ ကြုံတွေ့နေရသည်။ အိုဇုန်းလွှာသည် ဘေးအန္တရာယ်ရှိသော ရောင်ခြည်လှိုင်းများ ကမ္ဘာမြေပြင်ပေါ်ကို မကျရောက်အောင် စုပ်ယူပေးသည့် သဘာဝအကာအရံတစ်ခုဖြစ်သည့်အတွက် မရှိမဖြစ် လိုအပ်သည်။ အိုဇုန်းလွှာထိန်းသိမ်းနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များကို ကုလသမဂ္ဂမှ ဦးဆောင်ပြဋ္ဌာန်းခဲ့သည်။ ၁၉၈၅-ခုနှစ် အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း ၁၉၈၇-ခု အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ဆိုင်ရာ မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်နှင့် ပြင်ဆင်ချက်စာချုပ်များအဖြစ် လန်ဒန်ပြင်ဆင်ချက်၊ ကိုပင်ဟေဂင်ပြင်ဆင်ချက်၊ မွန်ထရီယယ်ပြင်ဆင်ချက်နှင့် ပေကျင်းပြင်ဆင်ချက်များတွင် မြန်မာနိုင်ငံ အနေဖြင့် အဖွဲ့ဝင်အဖြစ် ပါဝင်၍ ကမ္ဘာ့နိုင်ငံများဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ မွန်ထရီယယ်နောက်ဆက်တွဲစာချုပ်ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၇-နိုင်ငံလုံး ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ဆောင်ရွက်မှု ရလဒ်အနေဖြင့် CFC သုံးစွဲမှုတန်ပေါင်း ၁.၁သန်းမှ စတင်လျော့ချခဲ့ရာ ၂၀၁၀-ပြည့်နှစ်တွင် သုံးစွဲမှုအား လုံးဝရပ်ဆိုင်းနိုင်ခဲ့သောကြောင့် ၎င်းစာချုပ်ကို အအောင်မြင်ဆုံး ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက် တစ်ခုအဖြစ် အသိအမှတ်ပြုသည့် အနေဖြင့် စာချုပ်ချုပ်ဆိုခဲ့သော စက်တင်ဘာလ ၁၆-ရက်နေ့ကို ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံက သတ်မှတ်ခဲ့ပြီး နှစ်စဉ် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာအနှံ့နိုင်ငံများတွင် အခမ်းအနားများ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် လှုတ်ရှားမှုများကို ၁၉၉၅-ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပနိုင်ခဲ့သည်။

#အိုဇုန်းလွှာပျက်စီးမှု
ကမ္ဘာမှာ လူဦးရေတိုးတက်များပြားလာမှုနှင့်အတူ လူသားများ စားဝတ်နေရေး၊ လုံခြုံရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ လိုအပ်ချက်များကြောင့် သယံဇာတများ အလွန်အကျွံ ထုတ်ယူအသုံးပြုခြင်း၊ သဘာဝနှင့် လိုက်လျောညီထွေ နေထိုင်မှုပုံစံများ မရှိခြင်း၊ ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းများကြောင့် ကမ္ဘာပေါ်ရှိ နိုင်ငံအချို့မှာ အလွန်ပြင်းထန်သော လေမုန်တိုင်းများ တိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ တွေ့ကြုံခံစားနေရသည်။

အိုဇုန်းလွှာ ပျက်စီးမှုကြောင့် သက်ရှိသတ္တဝါများအတွက် ခရမ်းလွန်ရောင်ခြည် တိုက်ခိုက်ထိတွေ့မှုများကို ခံစားရစေပြီး အရေပြားကင်ဆာ ရောဂါများ၊ မျက်စိတိမ်စွဲရောဂါများ၊ ခုခံစွမ်းအား ကျဆင်းမှုများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးနှံပင်များ ကြီးထွားမှုနှောင့်နှေးခြင်း၊ အာဟာရဖြစ်စေမှုကို ကျဆင်းစေပြီး အဆိပ်အတောက် ဖြစ်မှုကို တိုးပွားစေခြင်း၊ ဂေဟစနစ်များကို ပြင်းထန်သော ဆိုးကျိုးများစေနိုင်သည်။ သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိသတ္တဝါများအတွက် အန္တရာယ် မကျရောက်စေရန် အိုဇုန်းလွှာနှင့် ပတ်သက်၍ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရပါမည်။

#မြန်မာနိုင်ငံနှင့်အိုဇုန်းလွှာထိန်းသိမ်းရေး

မြန်မာနိုင်ငံ အနေဖြင့် မွန်ထရီယယ်နောက်ဆက်တွဲစာချုပ်ကို နိုင်ငံအတွင်း အကောင်အထည်ဖော်နိုင်ရန် အတွက် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်းအမိန့်ကို ၂၀၁၄-ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်(HCFC) သုံးစွဲမှုလျှော့ချရပ်ဆိုင်းနိုင်ရေးအတွက် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC)များ သုံးစွဲမှု လျော့ချ ရပ်ဆိုင်းရေး လုပ်ငန်းစီမံကိန်း (HPMP) ကို UNEP နှင့် UNIDO တို့၏ အကူအညီဖြင့် ရေးဆွဲခဲ့ပြီး နည်းဗျူဟာများ ချမှတ်အကောင်အထည်ဖော်လျက်ရှိ ကြောင်း၊ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များအတွက် ကမ္ဘာ့လေထုအတွင်း အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ ကင်းဝေးစေရန် နှင့် ရာသီဥတုပြောင်းလဲမှု လျော့ချနိုင်ပြီး ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များ၊ ပြည်သူများမှ ကမ္ဘာ့အပူချိန် လျော့ချဖို့ ဆက်လက်ဆောင်ရွက်၍စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်သင့်ပေသည်။

++++++++++++++++++++++++++++++++++++(
#အိုဇုန်းလွှာအကြောင်းသိကောင်းစရာ

#အိုဇုန်းဓာတ်ငွေ့နှင့်အိုဇုန်းလွှာ
အောက်ဆီဂျင်အက်တမ် သုံးခုပါဝင်သော မော်လီကျူး တစ်ခုဖြစ်သည့် အိုဇုန်းဓာတ်ငွေ့သည် အပြာရောင် ဖျော့ဖျော့ရှိပြီး အလွန်အနံ့ပြင်း၍ မြေပြင်ပေါ်တွင် တည်ရှိပါက လေထုညစ်ညမ်းမှု ဖြစ်စေသည်။ စက်ရုံ အလုပ်ရုံများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ရုံများ၊ မော်တော်ယာဉ်များမှ ထုတ်လွှတ်သော ဓာတ်ဆီငွေ့များတွင် အဓိက ပါဝင်သည့် နိုက်ထရိုဂျင်နှင့် အောက်ဆီဂျင်ဒြပ်ပေါင်းများ (Oxide of Nitrogen)နှင့် အငွေ့ပြန်လွယ်သော အော်ဂဲနစ် G8cule:(Volatile Organic Compound-VOC)ąp: နေရောင်ခြည်နှင့်ဓာတ်ပြု၍ ဖြစ်ပေါ်လာရသည့် အိုဇုန်း ဓာတ်ငွေ့များသည် ကမ္ဘာ့မြေမျက်နှာပြင်မှ ငါးမိုင်အတွင်းရှိ ထရိုပိုစဖီးယား(Troposphere)အလွှာတွင် တည်ရှိနေပါသည်။

သို့ရာတွင် ကမ္ဘာ့မြေပြင်အထက်
ခြောက်မိုင်မှ ၃၁ မိုင်အတွင်း ကမ္ဘာ့လေထု၏ ဒုတိယအလွှာဖြစ်သော စထရာတိုစဖီးယား (Stratosphere) အလွှာတွင် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် အိုဇုန်းလွှာသည် နေရောင် ခြည်နှင့်အတူပါလာသည့် ခရမ်းလွန်ရောင်ခြည် သုံးမျိုးအနက် လူနှင့် သက်ရှိတို့အား အန္တရာယ်ဖြစ်စေသော ခရမ်းလွန်ရောင်ခြည် UV-B ကို ၉၅ ရာခိုင်နှုန်းအထိ လည်းကောင်း၊ UV-C ကို ၁၀၀ ရာခိုင်နှုန်းအထိလည်းကောင်း စုပ်ယူစစ်ထုတ်ပေးနေသည့် အငွေ့စစ်ကိရိယာ တစ်ခုအနေဖြင့်
အကျိုးပြုလျက်ရှိပါသည်။

#အိုဇုန်းလွှာပျက်စီးခြင်း

လူနှင့်သက်ရှိတို့ကို ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ်ပေးနေသော စထရာတိုစဖီးယားအလွှာရှိ အိုဇုန်းလွှာသည် ရေခဲသေတ္တာနှင့် လေအေးပေးစက်များတွင် အများဆုံးအသုံးပြုသည့် ကလိုရင်း၊ ဖလိုရင်းနှင့် ကာဗွန်ဒြပ်ပေါင်း ကလိုရိုဖလူရိုကာဗွန (CFCs) ကြောင့် ပျက်စီးကြောင်း ၁၉၇၄ ခုနှစ်တွင် သိပ္ပံပညာရှင်များက စတင်တွေ့ရှိခဲ့ကြပြီး နောက်ပိုင်းတွင် ကလိုရင်း၊ ဖလိုရင်းနှင့် ဘရိုမင်းများ ပါဝင်သော ဒြပ်ပစ္စည်းများကလည်း အိုဇုန်းလွှာ ပျက်စီးမှုကို ဖြစ်ပေါ်စေကြောင်း
ဆက်လက်တွေ့ရှိ ခဲ့ကြသည်။

အိုဇုန်းလွှာ၏ အနိမ့်ဆုံး ပျမ်းမျှအထူမှာ
၂၀ ဒေါ့တ်ဆန် ယူနစ် (၂ ဒသမ ၂ မီလီမီတာ)
ဖြစ်ပြီး ၎င်း ပျမ်းမျှအထူထက်
လျော့နည်းလာခြင်းကို အိုဇုန်းလွှာပျ-က်စီးခြင်း/ အိုဇုန်းလွှာ ပေါ-က်ပြဲခြင်း(Ozone Hole) ဟု သတ်မှတ်ခေါ်ဝေါ်ခြင်း ဖြစ်သည်။

၁၉၈၅ ခုနှစ်တွင် သိပ္ပံပညာရှင်များက ကမ္ဘာ့ပထမဆုံး အိုဇုန်းလွှာအပေါ-က်ကို အန္တာတိကတိုက် အပေါ်တွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ၉၄ ဒေါ့တ်ဆန်ယူနစ်နှင့် ၂၀၁၆ ခုနှစ်တွင် ၁၂၄ ဒေါ့ခ်ဆန်ယူနစ်သာ ရှိကြောင်း တွေ့ရှိရပါသည်။

#အိုဇုန်းလွှာပျက်စီးမှုရဲ့ဆိုးကျိုးသက်ရောက်မှုများနှင့်ရာသီဥတုပြောင်းလဲမှု

အိုဇုန်းလွှာပျက်စီးမှုကြောင့် အရေပြားကင်ဆာရောဂါ၊ မျက်စိတိမ်စွဲရောဂါနှင့် ကိုယ်ခံအားကျဆင်းမှုများ ဖြစ်ပေါ်စေနိုင်သည့်အပြင် သီးနှံအထွက်နှုန်း ကျဆင်းမှု၊ အဏ္ဏဝါဂေဟစနစ် ပျက်စီးမှုနှင့် ရုပ်ဝတ္ထုပစ္စည်း ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ခရမ်းလွန်ရောင်ခြည်ကျရောက်မှုကြောင့် ကမ္ဘာတစ်ဝန်း နှစ်စဉ်လူဦးရေ နှစ်သန်းမှ သုံးသန်းအထိ အရေပြားကင်ဆာရောဂါဖြစ်ပွားလျက်ရှိပြီး နှစ်စဉ် ခန့်မှန်းခြေလူဦးရေ ၆၆၀၀၀ခန့် သေဆုံးမှုဖြစ်ပေါ်လျက်ရှိကြောင်း ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP)၏ အစီရင်ခံစာအရ သိရှိရသည်။ ၎င်းအပြင် အိုဇုန်းလွှာကိုပျက်စီးစေသော ဒြပ်ပစ္စည်း အများစုသည် ကမ္ဘာ့ပူနွေးမှုညွှန်းကိန်း (Global Warming Potential-GWP) မြင့်မားကြပြီး အင်အားကြီးသော မှန်လုံအိမ်အာနိသင်ဓာတ်ငွေ့ (GHGs) များ ဖြစ်ကြသောကြောင့် ယင်းဒြပ်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုသည် ရာသီဥတုပြောင်းလဲမှု ဖြစ်စေသည့် အဓိကအကြောင်းတစ်ရပ်ဖြစ်သည်။

#အိုဇုန်းလွှာပျက်စီးမှုထိန်းချုပ်ခြင်းဆောင်ရွက်ချက်များ

အိုဇုန်းလွှာပျက်စီးခြင်းကို ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို ၁၉၈၅ ခုနှစ်တွင်လည်းကောင်း၊ အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများ ထိန်းချုပ်ရေးဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲ စာချုပ်ကို ၁၉၈၇ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင် လည်းကောင်း အတည်ပြု ချုပ်ဆိုခဲ့ကြပြီး မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး ပူးပေါင်းပါဝင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

#ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့

မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သော စက်တင်ဘာလ ၁၆ ရက်နေ့ကို "ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့"အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် အိုဇုန်းလွှာပျက်စီးစေသော အဓိကဒြပ်ပစ္စည်းဖြစ်သည့်ကလိုရိုဖလူရိုကာဗွန်(CFCs) ထုတ်လုပ် အသုံးပြုမှုကို ၂၀၁၀ ခုနှစ်ကပင် ရပ်ဆိုင်းခဲ့ပြီး ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) များ အသုံးပြုမှုကို ၂၀၄၀ ပြည့်နှစ်တွင် အပြီးသတ် ရပ်ဆိုင်းနိုင်ရန် ၂၀၁၅ ခုနှစ်မှစ၍ နှစ်အလိုက် ကန့်သတ်ပမာဏအတိုင်း ခွဲတမ်းစနစ်ဖြင့်သာ တင်သွင်းခွင့်ပြုလျက်ရှိသည်။
မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်အရ ကမ္ဘာ့နိုင်ငံ အားလုံး၏ အိုဇုန်းလွှာကာကွယ်ရေး ကြိုးပမ်းမှုများကြောင့် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ကာဗွန်ဒိုင် အောက်ဆိုဒ် ၃၅ ဘီလီယံတန်ခန့်နှင့် ညီမျှသည့် အိုဇုန်းလွှာကိုပျက်စီးစေသော ဓာတ်ငွေ့များ လေထုအတွင်း ထုတ်လွှတ်မှုကို တားဆီးပေးနိုင်ခဲ့ခြင်းဖြင့် ရသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေးကို ပံ့ပိုးပေးနိုင်ခဲ့သည်။

ယခုအခါ အိုဇုန်းလွှာကိုပျက်စီးစေသော အအေးပေးဒြပ်ပစ္စည်းများအစား အစားထိုးအသုံးပြုနေသည့် ဟိုက်ဒရို ဖလူရိုကာဗွန် ( HFCs) များသည် အင်အားကြီးသော မှန်လုံ အိမ် အာနိသင်ရှိသည့် (Greenhouse Gas-GHGs) ဓာတ်ငွေ့များဖြစ်ကြောင်း တွေ့ရှိချက်များအရ၎င်း HFCs များ ထုတ်လုပ်မှု၊ သုံးစွဲမှုတို့ကို လျှော့ချနိုင်ရန် မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် အဖွဲ့ဝင်နိုင်ငံများ၏ (၂၈) ကြိမ်မြောက် အစည်းအဝေးတွင် ကီဂါလီပြင်ဆင်ချက်ကို ချမှတ်ခဲ့ကြပြီး HFCs များ ထုတ်လုပ်သုံးစွဲမှုကို ဖွံ့ဖြိုးပြီးနိုင်ငံ များတွင် ၂၀၁၉ ခုနှစ်နှင့်၂၀၂၀ ခုနှစ်တို့မှစ၍လည်းကောင်း၊ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၂၀၂၉ ခုနှစ်မှ စ၍လည်းကောင်း လျှော့ချခြင်းဖြင့် အိုဇုန်းလွှာပျက်စီးမှု ကာကွယ်ထိန်းချုပ်ခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်းကိုပါ တစ်ကမ္ဘာလုံး၏ ပူးပေါင်းမှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများနှင့် ၎င်းဒြပ်ပစ္စည်းများကို အသုံးပြုသည့် ပစ္စည်းများမှာ-

#ကလိုရိုဖလူရိုကာဗွန်(CFC)

ရေခဲသေတ္တာ၊ မော်တော်ယာဉ် လေအေးပေးစက်၊ အအေးခန်း စူပါမားကတ်နှင့် ကုန်တိုက်ကြီးများရှိ Chiller များတွင် အအေးပေးပစ္စည်းအဖြစ် အသုံးပြုသည်။

ဆိုဖာရေမြှုပ် ထုတ်လုပ်ရာတွင် အမြှုပ်ထစေသော ပစ္စည်းအဖြစ် အသုံးပြုသည်။

ရင်ကျပ်ရောဂါ ဝေဒနာရှင်များအတွက် ရှူဆေးများတွင် အသုံးပြုသည်။

လျှပ်စစ်ပစ္စည်းများကို သန့်စင်ရာတွင် အသုံးပြုသည်။

#ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်(HCFC)

အိမ်သုံး/အဆောက်အအုံသုံး လေအေးပေးစက်များ၊ အအေးခန်း စူပါမားကတ်နှင့် ကုန်တိုက်ကြီးများရှိ Chiler များတွင် အအေးပေးပစ္စည်းများအဖြစ် အသုံးပြုသည်။

ဆိုဖာရေမြှုပ် ထုတ်လုပ်ရာတွင် အမြှုပ်ထစေသော ပစ္စည်းအဖြစ် အသုံးပြုသည်။

#ကာဗွန်တက်ထရာကလိုရိုဒ်(CCI4)

သတ္တုပစ္စည်းများ သန့်စင်ရာတွင် အသုံးပြုသည်။

#မီသိုင်းကလိုရိုဖောင်း(CH3cci3)

အီလက်ထရောနစ်ပစ္စည်း သန့်စင်ရာတွင် အသုံးပြုသည်။

#မီသိုင်းဘရိုမိုဒ် (CH3Br)

စိုက်ပျိုးမြေများကို ပိုးသ--တ်ခြင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များ ပိုးသ-တ်ခြင်းတွင် အသုံးပြုသည်။

#ဟေလွန် (CBr F3)

မီးသ--တ်ဆေးဘူးများတွင် အသုံးပြုသည်။ အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးအတွက် တစ်ဦးချင်းစီ ပါဝင်ဆောင်ရွက်ရန်အချက်များ

ပြည်သူတစ်ဦးချင်းအနေဖြင့် အောက်ပါအချက်များကို ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် အိုဇုန်းလွှာ ပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ထိန်းသိမ်း နိုင်မည်ဖြစ်သည်။

ရေခဲသေတ္တာ၊ လေအေးပေးစက် စသည့် အအေးပေး အသုံးအဆောင်ပစ္စည်းများ ဝယ်ယူရာတွင် Ozone Friendly (33) CFC/HCFC Free(38) Energy Efficiency အမှတ်အသားပါသော ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူ သုံးစွဲကြပါ။

ဟေလွန်ပါဝင်သည့် မီးသ--တ်ဆေးဘူးများ သုံးစွဲမှုကို ရှောင်ကြဉ်ပါ။

ပန်းနာရောဂါနှင့် နာတာရှည် အဆုတ်ရောဂါအတွက် ကလိုရိုဖလူရိုကာဗွန် - CFC ပါဝင်သော ရှူဆေးများအား အခြားခေတ်မီ အစားထိုး ကုသနည်းများကို ခံယူပါ။

ပြည်ပသို့တင်ပို့သည့် သီးနှံထုတ်ကုန်များကို ပိုးသ--တ်ရာတွင် မီသိုင်းဘရိုမိုဒ်- CH3Br အစား အခြား အိုဇုန်းလွှာ ထိခိုက်မှုမရှိသည့် အစားထိုး
ပစ္စည်းများကို အသုံးပြုပါ။

မှန်လုံအိမ်အာနိသင်ရှိသည့် အိုဇုန်းလွှာကို ပျက်စီးစေသော ဒြပ်ပစ္စည်းများကို လျှော့ချသုံးစွဲခြင်း၊ စနစ်တကျ သုံးစွဲခြင်းဖြင့် အိုဇုန်းလွှာ ထိခိုက်ပျက်စီးမှုနှင့် ရာသီဥတု ပြောင်းလဲခြင်းတို့ကို လျှော့ချ ကာကွယ်ပါ။

#ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာ