Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
စစ်‌ဆေး အကဲဖြတ်ရလဒ်
A, S, E (or) A, B, C သည်
ဆရာသင်ကြားတဲ့အတိုင်း
ရခြင်း/မရခြင်း နှင့် တိုင်းတာခြင်းမဟုတ်။

သင်ခန်းစာဦးတည်ချက်အတိုင်း
ရခြင်း/မရခြင်း နှင့် တိုင်းတာခြင်း ဖြစ်သည်။

ဦးရဲ
ပညာရေး
(ကျွန်တော်နားလည်တဲ့ CPD)

“CPD ကို ဘယ်လိုရေးရမလဲ?” လို့ လိုက်မေးဖူးတယ်။
လူ ၁၀၀ မှာ ၉၀% က
“Board of Study လိုပဲ ရေးရတယ်” လို့ပဲ ဖြေကြပါတယ်။

ဒီလိုဆိုရင်တော့ လုံးဝမှားတယ်လို့ပဲ ငြင်းပါရစေ။
ဘာလို့လည်းဆိုတော့….
Board of Syudy ဆိုတာ မြန်မာနိုင်ငံရဲ့ မူလတန်းဆင့်မှာ
Japan က JACA ရဲ့ CCA နည်းနဲ့
ပညာရေးစမ်းသပ်ကာလက ထက်/လယ်ဆင့်အတွက်
ရေးဖို့ထွင်ခဲ့ကြတဲ့ စီမံချက်တစ်ခုသာ ဖြစ်ခဲ့လို့ပါပဲ။
အဲ့တုန်းကလည်း မဖြစ်မနေလုပ်ခဲ့ကြရတယ်။
ဘတ်ဂျက်တွေကုန် စီမံချက်တွေ ပြီးဆုံးသွားတဲ့အခါ
လက်ရှိပညာရေးစနစ်သစ်ကို ပြန်ပြီးစတင်ခဲ့ပြန်တယ်။

အခု ပညာရေးက South Korea ပညာရေးဖြစ်လာပြီ။
ဒီတော့မူဘောင်ပါ ထပ်ပြီးပြောင်းသွားရပြန်တယ်။
Board of Study ပုံစံနဲ့မဟုတ်တော့ဘူး။
လတ်တလော အနေအထားအရ မူဆင့်မှာဆိုရင် SITE ။
(School Based Inservice Teacher Education)
လယ်ဆင့်နဲ့ ထက်ဆင့်မှာဆိုရင် CPD။
(Continuous Professional Development)
ဒါတောင် ပညာရေးတိုးတက်စေလိုတဲ့လောဘတွေကြောင့်
တစ်ချို့မြို့နယ်က မူကျောင်းတွေကိုပါ CPD ရေးခိုင်းနေလေရဲ့။

အခု CPD ရေးနည်းအကြောင်းကို ပြောမယ်။
CPD မှာ မော်ဂျူး (၈)ခုကို ရှိတယ်။ မော်ဂျူး တစ်ခုကို မိနစ် ၉၀။
တစ်လမှာ မော်ဂျူး ၁-ခုနှုန်းနဲ့ ၈-ကြိမ်လုပ်ရမယ်။
သက်ဆိုင်ရာ ထက်/လယ်ကျောင်းအုပ်ကြီးနဲ့
ဘာသာရပ်ခေါင်းဆောင်တွေက CPD စာအုပ်ကိုကိုင်ပြီး
အမှန်တစ်ကယ် ဦဆောင်ဆွေးနွေးပြီးမှ ရရှိလာတဲ့
အမျိုးမျိုးသော အချက်အလက်တွေကို တစ်လချင်းစီ
ရေးရမယ့် စီမံချက် မှတ်တမ်းတစ်ခုသာဖြစ်ပါတယ်။
ဒီတော့ CPD ရေးနည်း မပြောခင် တစ်ခုမေးချင်တယ်။
“ကျောင်းတွေမှာCPD ဆွေးနွေးပွဲ တစ်ကယ်လုပ်ရဲ့လား?”

JACA ရဲ့ CCA သင်ကြားနည်း အောင်မြင်ဖို့
Board of Study နဲ့ ကျောင်းတွင်းမွမ်းမံမှု လုပ်ခဲ့ရတယ်။
မူဆင့် စနစ်သစ်သင်ရိုး အောင်မြင်ဖို့
SITE နဲ့ ကျောင်းတွင်းမွမ်းမံမှု လုပ်ကြရတယ်
အခု လယ်ဆင့်၊ ထက်ဆင့်သင်ရိုး အောင်မြင်ဖို့
CPD နဲ့ ကျောင်းတွင်းမွမ်းမံမှု လုပ်ရတဲ့သဘောပါပဲ။
ဒါကြောင့် ကျောင်းတွင်း CPD ကို
“တစ်ကယ်ရောလုပ်ရဲ့လား” လို့ မေးကြည့်တာပါ။

Board of Study က သက်ဆိုင်ရာ ဘာသာရပ်တွေကို
အမှီပြုပြီး ဆွေးနွေးကြရတာဖြစ်ပါတယ်။
CPD မှာကတော့ ဘာသာရပ်သီးသန့် မခွဲထွက်ဘူး။
မော်ဂျူးတစ်ခုစီရဲ့ မျှော်မှန်းချက်ရလဒ်တွေပါတယ်။
တစ်ဆင့်ချင်းစီအတွက် တိကျတဲ့ အချိန်တွေ ပါတယ်။
ဆွေးနွေးရမယ့် မေးခွန်းလေးတွေ အဆင်သင့်ရှိတယ်။

အရှင်းဆုံးပြောရမယ်ဆိုရင်တော……
CPD ဆိုတာ Board of Study လို
အခန်းလိုက် တစ်ဘာသာချင်း ပုံစံမဟုတ်ဘူး။
အလယ်တန်းအဆင့်နဲ့ အထက်တန်းအဆင့်အတွက်
“စဉ်ဆက်မပြတ် ဆရာ့အတတ်ပညာဖွံ့ဖြိုးတိုးတက်ရေး”
စီမံချက် တစ်ခုသာဖြစ်ပါတယ်။ ဒီအတွက်
ဆွေးနွေးရမယ့် အဓိက ခေါင်းစဉ်ကြီး ၈-ခုကိုလည်း
လက်စွဲစာအုပ်မှာ အတိအကျ သတ်မှတ်ပေးထားပါတယ်။
ပြီးရင် CPD ဟာ ရေးဖို့ထက် ဆွေးနွေးဖို့က အဓိကပါ။
ဆွေးနွေးတယ်ဆိုတာကို မှတ်တမ်းထားရတဲ့ သဘော။
ဒီတော့ CPD ကို မဆွေးနွေးကြဘဲ ရေးနေခြင်းဟာ
On Paper သက်သက်တစ်ခုကိုသာ ဖြစ်စေပါတယ်။
အချိန်ကုန် လူပင်ပမ်းပြီး ဘာအကျိုးရလဒ်မှလည်း
ရှိလာမှာမဟုတ်ပါဘူး။

ဒါပေမယ့် ဒီကာလမှာကလည်း အခက်သား။
စာသင်ခန်းထဲမှာ ဆရာတွေက မစုံတော့
CPD ကို မဆိုထားဘိနဲ့။ ဘာသာရပ်တွေကို စုံတောင်
မသင်နိုင်တဲ့ကျောင်းတွေတောင် ရှိနေကြပြန်ရော။
ရေဗူး က ဘယ်လိုပင် ပေါက်နေသော်ငြားလည်း
ရေ ရှိကြောင်းကပြရပြန်ရော။ ဒါကြောင့်…..
တစ်ချို့ကျောင်းတွေမှာ မဆွေးမနွေးဘဲ
မေးပြီး ရေးနေရတာကိုလည်း အပြစ်တစ်ခုလို့က
မဆိုသာပြန်ဘူးရယ်။

“ဒါဆိုရင် CPD ကို ဘယ်လိုရေးမလဲ?”
မော်ဂျူး-၂ ကို ဥပမာပေးပြီး ရှင်းပြပါမယ်။
ရေးရမယ့်ခေါင်းစဉ် ၆ခုရှိတယ်။(လက်စွဲမှာပါပြီးသား)

၁။ မော်ဂျူး-၂ (ခေါင်းစဉ်)
၂။ သင်ယူမှုရလဒ်များ
အဝေးကြီးတွေးမနေနဲ့။ စာအုပ်ထဲမှာ ပါတယ်။
၃။ အစပျိုးခြင်း
#ပြန်လည်သုံးသပ်ခြင်း
မေးခွန်း၃ ခုပေးထားတယ်။ ဝိုင်းပြီး ဆွေးနွေးကြပေါ့ဗျာ။
ရတဲ့ အချက်အလက်ကို ရေးပေါ့။
#မိတ်ဆက်ခြင်း
အချက်အလက်တွေ ပေးပြီး မေးခွန်းမေးထားတယ်။
လေ့လာ ဆွေးနွေးပြီး ရတဲ့ အချက်အလက်ကို ရေးပေါ့။
၄။ ချိတ်ဆက်သင်ကြားခြင်း
#ဖတ်ပါ
လေ့လာ ဆွေးနွေးပြီး ရတဲ့ အချက်အလက်ကို ရေးပေါ့။
၅။ စီစဉ်ပါ။ သင်ကြားပါ။ မိမိကိုယ်ကို ဆန်းစစ်ပါ။
ပေးထားတဲ့ ဇယားတွေမှာ ဆန်းစစ်ပေးလိုက်ရုံပဲ။
၆။ သင်ကြားပါ။ မိမိကိုယ်ကို ဆန်းစစ်သုံးသပ်ပါ။
နံပါတ် ၆ ဖြစ်တဲ့နောက်ဆုံးအချက်ကတော့
ဒီလမှာ ဆွေးနွေးထားတဲ့အကြောင်းအရာတွေကို
စာသင်ခန်းမှာ လက်တွေ့အသုံးချပြီး ကြုံရတဲ့
အောင်မြင်မှုနဲ့ ခက်ခဲမှုတွေကို နောက်လမှာမှ
မှတ်စုရေးပြီး #ပြန်လည်သုံးသပ်ခြင်း မှာ
ဆွေးနွေးမှတ်တမ်းတင်ရမှာဖြစ်ပါတယ်။

တစ်ချို့က ITPR နဲ့ ဆက်စပ်ပြီး ကောင်းနိုးရာရာ
ရေးကြတာလည်းတွေ့ရပါတယ်။
ထပ်ပြောပါမယ်……..
ITPR ဆိုတာ ထက်/လယ်ဆင့်ပညာရေးစနစ်သစ်ရဲ့
သင်ကြား/ယူမှုလုပ်ငန်းအဆင့်ဆင့်သာ ဖြစ်ပါတယ်။
ဆရာလမ်းညွှန်တွေနဲ့ သေချာရှင်းပြထားပါတယ်။
CPD က CPD။ ITPR က ITPR ပါ။
CPD နဲ့ ITPR မတူရေးချ လုံးဝမတူပါဘူး။
👍1
CPD နဲ့ ပတ်သက်ပြီး CPD စာအုပ်တွေကို
ထက်/လယ်ဆင့် အခြေခံပညာကျောင်းတိုင်းအတွက်
သက်ဆိုင်ရာမြို့နယ်ပညာရေးရုံးကလည်း ဖြန့်ဝေပြီး
ဖြစ်ပါတယ်။ ဒီတော့ CPD နဲ့ပတ်သက်ရင်
“အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများ
အတွက် စဉ်ဆက်မပြတ် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး
လက်စွဲနှင့် မော်ဂျူးများ” ဆိုတဲ့ စာအုပ်ကိုသာ
သေသေချာချာဖတ်ပြီး ဆောင်ရွက်ကြပါလို့ တိုက်တွန်းရင်း….

ဦးရဲ
ပညာရေး
သက္ကရာဇ်တွေနဲ့ပတ်သတ်ပြီး သိထားသင့်သည့်အချက်များ
🖌🖌🖌
(၁) မဟာသက္ကရာဇ်
(၂) သာသနာသက္ကရာဇ်
(၃) ကောဇာသက္ကရာဇ်
(၄) ခရစ်သက္ကရာဇ်
(၅) ဘီစီ
(၆) အေဒီ ဟူ၍ရှိပါသည်၊
🖌🖌🖌
(၁) မဟာသက္ကရာဇ်
ဘုရားအလောင်းတော် သိဒ္ဓတ္တမင်းသား၏ ဘိုးတော် အဉ္စနမင်းကြီးနှင့် ကာလဒေဝီလ ရသေ့တို့ ထားခဲ့သောနှစ်ကို မဟာသက္ကရာဇ် ဟုခေါ်ပါသည်။ အလောင်းတော်ကို မဟာသက္ကရာဇ် (၆၈) ခုနှစ်တွင်မီးရှူးသန့်စင်ဖွားမြင်တော်မူခဲ့ပါသည် ။
🖌🖌🖌
(၂) သာသနာသက္ကရာဇ်
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး ပထမ သင်္ဂါယနာတင်သောနှစ်၊ အရှင်မဟာကဿ ပမထေရ် နှင့် အဇာတသတ်မင်းကြီးတို့ ထားခဲ့သောနှစ်ကို သာသနာသက္ကရာဇ်ဟုခေါ်ပါသည်၊
🖌🖌🖌
(၃) ကောဇာသက္ကရာဇ်
မြန်မာသက္ကရာဇ်ဟုခေါ်သော=ကောဇာသက္ကရာဇ်ကိုလည်း မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး ပထမသံဂါယနာတင်သောနှစ်မှစ၍ ရေတွက်လာခဲ့ရာ သက္ကရာဇ် (၆၂၂)ခုနှစ်အရောက် သရေခေတ္တရာခေတ် သုမုန္ဒရီ မင်းလက်ထက်မှာ ဖြိုခဲ့ပါသည်၊ ထိုမှတဖန် စတင်ရေတွက်လာရာ သက္ကရာဇ် (၅၆၀)ခုနှစ်အရောက် ပုဂံခေတ် ပုပ္ပါးစောရဟန်းမင်း လက်ထက်မှာ တစ်ခါဖြိုခဲ့ပြန်ပါသည်၊ မြန်မာသက္ကရာဇ် ခေါ်သော ကောဇာသက္ကရာဇ်ကို နှစ်ခါဖြိုခဲ့ပါသည်၊ ထို့ကြောင့် (၆၂၂) နှင့် (၅၆၀) နှစ်ရပ်ပေါင်းတော့ (၁၁၈၂) ဖြစ်ပါသည်၊ ထိုနှစ်ခါအဖြိုခံရသော သက္ကရာဇ်ကို မြန်မာသက္ကရာဇ်=ကောဇာသက္ကရာဇ် ဟုခေါ်ပါသည်။
🖌🖌🖌
မှတ်ချက်။ ။ ယခုရောက်ဆဲ မြန်မာသက္ကရာဇ်တွင် နှစ်ခါဖြိုခံရသော သက္ကရာဇ်(၁၁၈၂) ထဲ့၍ပေါင်းလိုက်လျှင် သာသနာတော်နှစ် ရပါသည်။
🖌🖌🖌
(၄) ခရစ်သက္ကရာဇ်
သာသနာသက္ကရာဇ် (၅၄၄) ခုနှစ် အရောက်တွင် ခရစ်တော်မွေးဖွားခဲ့ပါသည်၊ ထိုအချိန်မှစ၍ ရေတွက်သောနှစ်ကို ခရစ်သက္ကရာဇ် ဟုခေါ်ပါသည်။
🖌🖌🖌
မှတ်ချက်။ ။ ယခုရောက်ဆဲ ခရစ်သက္ကရာဇ် ကို (၅၄၄) ပေါင်းလျှင် သာသနာတော်နှစ် ရပါသည်
🖌🖌🖌
(၅) ဘီစီ (BC)
ဘီစီ (Before Christ)ဆိုသည်မှာ ခရစ်တော်မပေါ်ခင်ရေတွက်အပ်သော နှစ်ဟု အဓိပ္ပါယ်ရပါသည်၊ အလောင်းတော်ကို ဘီစီ(၆၂၃)ခုနှစ်တွင် မီးရှုးသန့်စင်ဖွားမြင် တော်မူခဲ့ပါသည်၊
🖌🖌🖌
(၆) အဒေီ (AD)
အေဒီ (Anno Domini) ဆိုသည်မှာ ခရစ်တော်မွေးဖွားပြီးနောက် ရေတွက်အပ်သောနှစ်ဟုအဓိပ္ပါယ်ရပါသည်၊ (Anno Domini) ဆိုသည်မှာ ငါတို့ဘုရားသခင်နှစ်ဟုအဓိပ္ပါယ်ရပါသည်။
🖌🖌🖌
(မှတ်ချက်)
သာသနာတော်နှစ်...
ခရစ်နှစ်..
ပထမသင်္ဂါယနာ.. မှအမှန်။
🖌🖌🖌
သက္ကရာဇာ... ကစလို့ သက္ကရာဇ်ပါ။
ကျန်.. သာသနာ၊နဲ့ခရစ်တွေကို သက္ကရာဇ်ဟုမသုံးရ။
🖌🖌🖌
နှစ်...ဟုသာသုံးရပါသည်ဟုလည်းဆိုကြသည်။
🖌🖌🖌
👍1
အိမ္ငွါးခ တခလ.pdf
105.4 KB
`ၐအိမ်ငှါးခတောင်းခံလွှာ လိုသူများအတွက် ဒါနပါ။
❤1
အိမ်ငှါးခတောင်းခံလွှာပါ။ လစဉ်အသုံးပြုနိုင်အောင် စာစီပေးထားပါတယ်။ အသုံးဝင်နိုင်ကြပါစေ။
Ready to printout!
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ကြေညာချက်။
တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့်ပုံစံစာအိတ်ကို ဩဂုတ်လ (၁၈)ရက် ကြာသပတေးနေ့မှ စတင်၍ မိမိစာမေးပွဲဖြေဆိုအောင်မြင်ခဲ့သော အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများထံတွင် ကိုယ်တိုင်ထုတ်ယူနိုင်ပြီး ဩဂုတ်လ ၁၈ ရက်မှ စက်တင်ဘာ ၂ရက်နေ့အထိ အောက်ပါတက္ကသိုလ်များတွင် လျှောက်ထားနိုင်ကြောင်း သိရှိရပါသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ကြေညာ
👍1