Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
အခြားနိုင်ငံများ၌ ကြီးသူက ငယ်သူကို အနိုင်မကျင့်စေရန် ဂရုစိုက်၏ ။ သွန်သင်ဆုံးမလေ့ ရှိ၏ ။ ကျောင်းသားများသည် မည်သို့ နေရမည် ထိုင်ရမည် အတူတကွ ပူးပေါင်းရမည် မည်သည့်တာဝန်များကို မည်သို့ ခွဲဝေယူရမည် စသည်ဖြင့် ညီအစ်ကို မောင်နှမစိတ် ဝင်စေရန်၊ အသင်းအဖွဲ့စိတ် ထားတတ်ရန် ပြုစုပျိုးထောင်လေ့ ရှိသည်။ (ပညာရေး မဟုတ်ပါ။ စိတ်ဓာတ်ရေးရာသာ ဖြစ်သည်)

မြန်မာ၌ကား ဤသို့မရှိ၊ ရှိသော်လည်း အားနည်း၏ ။ ဝါစိမ်းနီပြာ အသင်းများ တာဝန်ခွဲဝေခြင်းလောက်သာ ထောက်ပြစရာ ရှိပြီး နေ့လယ်စာ စားရန် တစ်ဖွဲ့က ပန်းကန်ယူစဉ် တစ်ဖွဲ့က ပြင်ဆင်ခြင်း၊ တစ်ဖွဲ့က ဆေးကြောခြင်း၊ တစ်ဦးက စစ်ဆေး၍ တစ်ဦးက လိုအပ်သည်ကို ဆောင်ရွက်ပေးရခြင်း စသည်တို့ ရှိရန်ထားဘိ၊ အားကစား အသင်းအဖွဲ့ပင် တရားဝင် မရှိကြပါချေ။ ရုံးခန်းတွင်မျှ ထုတ်စရာ ဘောလုံးမရှိ၊ တားစရာ ထုံးမရှိ၊ ဒိုင်လူကြီး ဆရာဆရာမ မရှိ၊ ကြပ်မတ်သင်ကြား ထိန်းကျောင်းပေးမည့်သူ မရှိ၊ လိုအပ်သည်တို့ ပြင်ဆင်ဆောင်ရွက်ပေးမည့် ဝန်ထမ်း မရှိသည်သာ များ၏ ။ တစ်ကျောင်းလုံးတွင် ကျောင်းဝန်ထမ်းမှာ တစ်ဦးပင် အနိုင်နိုင်။ ထိုအခါ ဆရာ ဆရာမတို့ ဝန်ထမ်းတာဝန် ပူးတွဲယူရပြီ။ ထိုအခါ ကလေးတို့အပေါ် များစွာ ပျက်ကွက်ခြင်းသည် ဖြစ်ပေါ်လာ၏ ။ ဘက်စုံ ထောင့်စုံမှ အရေးပါသည့် ထိန်းကျောင်းတည့်မတ်မှုများ လွတ်ဟာသွားရတော့ပြီ။

ဤသို့ဖြင့် မြန်မာနိုင်ငံသည် ပညာရေးတွင် ထူးချွန် ထက်မြက်သူတို့က နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ခဲ့ကြသော်လည်း စိတ်ဓာတ် အဆင့်အတန်း၊ အပြုအမူ အနေအထိုင် အကျင့်အကြံတို့တွင်ကား အမီလိုက်နိုင်သူ အလွန်နည်းပါးခဲ့လေသည်။ ယခုလည်း သေသေချာချာ သုံးသပ် ဆင်ခြင်ခြင်း မရှိဘဲ ပညာရေးကိုသာ လက်ညှိုးထိုးခဲ့ကြသည့်အတိုင်း လိုက်ယောင်ကြသဖြင့် နိုင်ငံတကာ ပညာရေးကို ပုံတူကူးချ ယူငင်သုံးစွဲကြပေဦးမည်။

ထိုအခါ ပုံစံခွက်ထဲ ထည့်သော မုန့်နှစ်နှင့် တူသည့် အခြားနိုင်ငံမှ ကလေးတို့မှာ သပ်ရပ်တိကျစွာ ပုံပေါ်လာသော်လည်း စည်းဘောင်မရှိ၊ တိကျသော ပုံစံခွက် စည်းမျဉ်း ကျင့်ဝတ်များ မပါဘဲ ခရိုခရိုင် ခွက်များအတွင်း အထည့်ခံရသော မြန်မာကျောင်းသား ကလေးသူငယ်များမှာ အလွန်ကောင်းသော ပညာမုန့်နှစ်များ အိကျယိုဖိတ်၍ ပုံပျက်ပန်းပျက် ထွက်လာကြပေဦးမည်မှာ မချွတ်။ ကျွန်တော်တို့ ခေတ်ထက်ပင် ပိုပျက်ဖို့ ရှိလေသည်။

ကျွန်တော်သည်လည်း စမ်းသပ်ခံပညာရေးကို မီလိုက်ပါသည်။ နိုင်ငံခြားပညာရေး မေးခွန်းများနှင့် ကြုံခဲ့ဖူးသလို အခြားနိုင်ငံ၏ ပညာရေး စာအုပ်များ ယူသင်ခြင်းကို ခံခဲ့ရဖူးပါသည်။ အဆင်မပြေလှပါ။ နည်းပညာတက္ကသိုလ်၌ သင်ရသည့် (အိန္ဒိယမှ ပါမောက္ခ ကျောင်းအုပ်ကြီး ရေးသားစီရင်ခဲ့သော) Robot ဘာသာရပ်စာအုပ်သည် ဒေါက်တာတင်အောင်၏ ဆယ်တန်း အင်္ဂလိပ်စာ ပုံပြင် ၁၅ ပုဒ်ကဲ့သို့ မြန်မာ့အာရုံထဲ မစီးဝင်နိုင်ခဲ့။ It was, therefore, a machine ဟူသော အရေးအသားသည် Once upon a time, there was a king. He has a grown up daughter ဟူသော စာကြောင်းရှည်ကြီးလောက်ပင် မစွဲငြိစေနိုင်ဘဲ ဖတ်မှတ်ရ အလွန်ခက်ခဲခဲ့သည်ကို မှတ်မိပါသေးသည်။

ထို့ပြင် စင်္ကာပူ poly မှ ဥာဏ်စမ်းမေးခွန်းကို ယူမေးခဲ့ပြီး အဖြေမရှိခဲ့သည့် ဖြစ်ရပ်ကိုလည်း ကြားဖူးခဲ့ဖပြီ။ အဝေးသင် အင်္ဂလိပ်စာ မေးခွန်းအား မသင်ဖူးဘဲ ရမှတ် ၆၀ ကျော်အောင် ဖြေပြနိုင်သော ကျွန်တော်သည် IELTS မေးခွန်းများကိုမူ ဖြေနိုင်ရန် ခက်ခဲခဲ့၏ ။ ထို့ပြင် စနစ်သစ် ပြည်ပပညာရေးများကို မဖြေနိုင်ခဲ့။ သင်ကြားပုံ၊ ချဉ်းကပ်ပုံ၊ တွေးခေါ်ပုံချင်း မတူကြသောကြောင့် ဖြစ်လေသည်။

မှတ်မှတ်ရရ Bali အကြောင်း မည်သည့် မဂ္ဂဇင်းထဲမှာ ဖော်ပြထားသနည်း ဆိုပြီး အဖြေလေးခုမှ ရွေးချယ်ခိုင်းခဲ့သည့် မေးခွန်းအား တစ်ခါမှ မသင် မကြားဖူးဘဲ စဉ်းစား ချင့်ချိန် ဖြေခဲ့ရသည်ကို သတိရ၏ ။ လေယာဉ်မဂ္ဂဇင်း ဟု ဖြေခဲ့သည်မှာ အပြင်ရောက်၍ မေးကြည့်သော် မှန်နေခဲ့သည်။ မည်သူ ထင်မည်နည်း။ ဘာလီ ဟူသည်မှာ ဘာလီစေ့လည်း ဖြစ်နိုင်သလို အင်ဒိုနီးရှား ဘာလီကျွန်းလည်း ဖြစ်နိုင်သည်။ အခြားနိုင်ငံမှ သူများကမူ ထိုမေးခွန်းမျိုးကို ပိုမိုလွယ်ကူစွာ စဉ်းစား ဖြေဆိုနိုင်ပေလိမ့်မည်။ ပုံစံခွက်ချင်း မတူကြသောကြောင့် ဖြစ်သည်။ နိုင်ငံခြား သင်ရိုးသည် မြန်မာတို့အတွက် အထစ်အငေါ့ ပိုများမည်မှာ အမှန်။

ထို့ကြောင့် မိမိညံ့ဖျင်းသည်ကို ပညာရေးစနစ်အား လွှဲချခြင်းဖြင့် အသုံးမကျခဲ့ကြသော သူတို့က နောင်လာနောက်သား မျိုးဆက်များကို တလွဲလက်ဆင့်ကမ်းပြီး ပုံစံမှားထဲ သွတ်သွင်းထိုးထည့် စမ်းသပ်နေခြင်းဖြင့် ပျက်စီးယိုယွင်း နိမ့်ကျနေသော စိတ်ဓာတ် အကျင့်စရိုက်များ ပြန်လည် အားကောင်း တည့်မတ်လာစရာ မရှိဘဲ ပညာရေးပါ ရှုပ်ထွေးရောယှက်သည့် အဖြစ်သို့ ရောက်ဦးမည့်အပြင် ကလေးများမှာ နည်းပညာခေတ်၏ ကျေးကျွန်ကလေးများအဖြစ် စာနှင့် ဖုန်းသာ သိကြတော့မည့် အရေးကို မြင်နေမိပါတော့သတည်း။
သင်နည်း(၂၁)နည်း အတိုကောက်
^^^^^^^^^^^^^^^^^^^^^^^^^^
တွေး -ကြည့် -စမ်း -တူ -နှစ်- စု-ယူ
ပေါင်း- ဆင-့် ဥာဏ်- ဟော -လက်- ဖြတ်-ပြော
‌ကွင်း-နာ-ကြုံ-ဖေ-ွ ရုပ် ပြ ဖြေ
သင်နည်းမှတ်ကြစေ။

တွေး-တွေး တွဲ မျှဝေနည်း
Think-pair-share
ကြည့်-ကြည့်ရှုလေ့လာခြင်းနည်း
observation
စမ်း-စူးစမ်းရှာဖွေနည်း
inquiry learning
တူ-သဏ္ဌာန်တူသရုပ်ဆောင်ကစားနည်း
simulation and game
နှစ်-နှစ်ယောက်တစ်တွဲအပြန်အလှန်ပြောဆိုနည်း
dyadic exchange
စု-အုပ်စုဖွဲ့ဆွေးနွေးနည်း
nominal group process
ယူ-ခြုံယူဆင်ခြင်နည်း
inductive approach
ပေါင်း-ပူးပေါင်းသင်ကြားနည်း
‌co-oporative learning
‌ဆင့်-အဆင့်ဆင့်ဆွေးနွေးနည်း
‌fish-bowl technique method
‌ဥာဏ်-ဥာဏ်ဖွင့်ဆွေးနွေးနည်း
‌brainstoming method
‌ဟော-ဟောပြောဆွေးနွေးခြင်းနည်း
‌lecture discussion method
‌လက်-လက်တွေ့စမ်းသပ်ခန်းသုံး၍သင်နည်း
‌laboratory technique method
‌ဖြတ်-ပုံပြင်ဖြတ်ဆက်နည်း
‌strip-story method
‌ပြော-ပုံပြောသင်နည်း
‌story-telling method
‌ကွင်း-ကွင်းဆင်းလေ့လာခြင်းနည်း
‌field trip method
‌နာ-ပြသနာဖြေရှင်းနည်း
‌problem solving method
‌ကြုံ-အတွေ့အကြုံ အားဖြင့်သင်ယူနည်း
‌experiential learning approach
‌ဖွေ-ရှာဖွေတွေ့ရှိခြင်းနည်း
‌discovery method
‌ရုပ်-သရုပ်ဆောင်သင်ကြားနည်း
‌role-playing method
‌ပြ-သရုပ်ပြသင်ကြားနည်း
‌demonstration method
‌ဖြေ-စာသင်ခန်းတွင်း အမေးအဖြေပြုခြင်း
‌question and answer method -----------------------------------------------------
သင်ကြားနည်း(၂၁)နည်းကဗျာ
"""""""""""""""""""""""""""""""""""
**စာသင်ခန်း မှာ ပုံပြင်ပြော လို့
ဟောပြောဆွေးနွေး သရုပ်ပြမယ်

လက်တွေ့ခန်းမှာ ပုံပြင်ဖြတ်လို့
နှစ်ယောက်တစ်တွဲ ခြုံ ကြားမယ်

ပြသနာကိုရှင်း ရှာဖွေခြင်း
ကွင်းဆင်း စူးစမ်းမယ်

အဲဒါမှ သဏ္ဌာန်တူ သရုပ်ဆောင်
ကြည့်ရှု့ ချင်ပါတယ်။

**အများသဘောတူ ဥာဏ်ကိုဖွင့်လို့
ပူးပေါင်းပါဝင် သင်ကြားမယ်

အဆင့်ဆင့်-တွေး အတွေ့အကြုံလေး
မှတ်ပေးသင်နည်းကွယ်



ဆရာ/ဆရာမများ မျှဝေနိုင်ကြပါစေ
‌
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
❤4👍1
FB_IMG_1659623677513.jpg
39.8 KB
ရာထူးအလိုက်ခံစားခွင့် အိမ်ဌားခနှုန်းထားများ
အုပ်ချုပ်မှုစရိတ် ✍

ထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများ အုပ်ချူပ်မှုစရိတ် မူရင်းလစာ၏ (10)% ရအုံးမည်
ပင်စင်ဆိုင်ရာအသိပညာပေးခြင်း
ဒီနေ့မှာတော့ နှစ်လွန်ပင်စင်ဖြစ်ပေါ်ရင် ဘယ်လိုဆောင်ရွက်ရမလဲ ဆိုတာနဲ့ပတ်သက်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။
နှစ်လွန်ပင်စင်ဆိုတာ ဘာလဲ?
မိဘပြည်သူပင်စင်စားတို့အနေဖြင့် မိမိတို့ပင်စင်လစာတွေကို အကြောင်းအမျိုးမျိုးကြောင့် လစဉ်မထုတ်နိုင်ဘဲ ပင်စင်မထုတ်ဖြစ်တာ (၁၂) လကျော်သွားခဲ့ရင် “နှစ်လွန်ပင်စင်” စာရင်းဝင်သွားမှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး အခြေအနေနဲ့ ကြုံလာခဲ့ရင် မိမိပင်စင်လစာကို ပြန်လည်ထုတ်ယူဖို့အတွက် နှစ်လွန်ပင်စင် လျှောက်ထားပေးရပါမယ်။
ဘယ်မှာလျှောက်ရမှာလဲ?
မိမိထုတ်ယူနေတဲ့ သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်ကနေပဲ နှစ်လွန်ပင်စင်လျှောက်ထားရမှာပါ။
ဘာတွေလိုအပ်သလဲ?
ပင်စင်စားတို့အနေဖြင့် နှစ်လွန်ပင်စင်လျှောက်ထားဖို့ လိုအပ်တဲ့ အချက်အလက်လေးတွေကတော့ ဖော်ပြပါအတိုင်းပဲဖြစ်ပါတယ်။
(၁) နှစ်လွန်ရသည့် အကြောင်းအရင်းကို ဖော်ပြထားသည့် ကိုယ်တိုင်းရေးလျှောက်လွှာ။
(၂) နှစ်လွန်နေစဉ်အတွင်း ရပ်ကွက်အတွင်း နေထိုင်ကြောင်း ရပ်/ကျေးဥက္ကဋ္ဌထောက်ခံချက်။
(၃) နှစ်လွန်နေစဉ် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်။
(၄) အငြိမ်းစားလက်ခံစာအုပ်။
ဒါကတော့ ပင်စင်စားဘက်က ပြင်ဆင်ထားရမည့် စာရွက်စာတမ်းတွေပါ။ ဒါတွေပြည့်စုံရန် သက်ဆိုင်ရာဘဏ်ကို သွားရောက်လျှောက်ထားနိုင်ပါတယ်။
ဘာတွေဆက်ဖြစ်မှာလဲ?
မြန်မာ့စီးပွားရေးဘဏ်ခွဲကနေ ပင်စင်လစာ မည်သည့်နေ့အထိ ထုတ်ပေးခဲ့ကြောင်း ထောက်ခံချက်နှင့်အတူ ပင်စင်ဦးစီးဌာနကို ပေးပို့ပါလိမ့်မယ်။ ပင်စင်ဦးစီးဌာနကို လျှောက်လွှာရောက်လာရင် ပင်စင်စားရဲ့ မိခင်ဌာနဆီကို ခွင့်ပြုမိန့်တောင်းခံပါမယ်။ ခွင့်ပြုမိန့်ရရှိလာရင်တော့ ပင်စင်ဦးစီးဌာနကနေ နှစ်လွန်ပင်စင် ခွင့်ပြုကြောင်းကို ပင်စင်စားနှင့် ဘဏ်ကို ပြန်လည်အကြောင်းကြားပေးပါတယ်။ အကြောင်းကြားစာ လက်ခံရရှိတာနဲ့ ဘဏ်ကိုသွားရောက်ပြီး နှစ်လွန်ပင်စင်ထုတ်ယူနိုင်ပါပြီခင်ဗျ
ဒါလေးကတော့ နှစ်လွန်ပင်စင်ရဲ့ ဆောင်ရွက်မှုပုံစံလေးကို ပင်စင်စားတို့ သိရှိစေရန် အသိပေးရခြင်း ဖြစ်ပါတယ်။ မိဘပြည်သူ ပင်စင်စားတို့အနေနှင့် ယခုကာလမှာ အခြေအနေအမျိုးမျိုးကြောင့် ပင်စင်လစာကို လစဉ်မထုတ်ယူနိုင်ခဲ့ရင် သိထားသင့်တဲ့ အကြောင်းအရာလေးလည်းဖြစ်ပါတယ်။ ပင်စင်စားတို့အားလုံး အဆင်ပြေကြပါစေခင်ဗျ။
👍1
အငြိမ်းစားလက်ခံစာအုပ် ပျက်စီး/ပျောက်ဆုံးခဲ့သော်
-------------------------------------------------
မင်္ဂလာပါခင်ဗျာ။🙏
ဒီနေ့မှာတော့ ပင်စင်စားတို့ လက်ဝယ်ရှိတဲ့ ပင်စင်စာအုပ် ပျက်စီး/ပျောက်ဆုံးခဲ့ရင် ဘယ်လိုဆောင်ရွက်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ⁉️
ပင်စင်ဦးစီးဌာနအနေနဲ့ ပင်စင်စားတို့အတွက် ငွေပေးမိန့်ထုတ်ပြန်တဲ့အခါမှာ မြန်မာ့စီးပွားရေးဘဏ်ကို အငြိမ်းစားလက်ခံစာအုပ်ကိုပါ ပူးတွဲပေးပို့ပေးပါတယ်။ ဒီစာအုပ်က ပင်စင်စားတို့ လစဉ်ပင်စင်ထုတ်ယူနေမှုတွေကို မှတ်တမ်းတင်ပေးထားတာဖြစ်လို့ အရမ်းအရေးပါ ပါတယ်။
ထိုအငြိမ်းစားလက်ခံစာအုပ် ပျက်စီးခြင်း (သို့) ပျောက်ဆုံးခြင်း ဖြစ်ပေါ်ပါက ပင်စင်ဦးစီးဌာနသို့ အသစ်ပြန်လည် လျှောက်ထားပေးရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
ဘယ်မှာလျှောက်ရမလဲ?
ပင်စင်စားထုတ်ယူနေတဲ့ လက်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲကနေပဲ လျှောက်ထားပေးရပါမယ်။
ဘာတွေလိုအပ်သလဲ?
အငြိမ်းစားလက်ခံစာအုပ် အသစ်လျှောက်ထားဖို့အတွက် လိုအပ်တာတွေကတော့
(၁) ပျက်စီး/ပျောက်ဆုံးရခြင်း အကြောင်းအရင်းဖော်ပြချက် (ကိုယ်တိုင်ရေးလျှောက်လွှာ) 📋
(၂) စာအုပ် ပျက်စီး/ပျောက်ဆုံးခြင်းအတွက် ဒဏ်ကြေးပေးသွင်းပြီးကြောင်း ချလံ (မူရင်း) (မှတ်ချက်။ ဒဏ်ကြေး ၁၀၀၀ ပေးသွင်းရမှာဖြစ်ပါတယ်) 💲
(၃) စာအုပ် ပျက်စီး/ပျောက်ဆုံးကြောင်း ရဲစခန်းသို့ တိုင်ကြားချက် 👮‍♂️တို့ပဲဖြစ်ပါတယ်။
ဘာတွေဆက်ဖြစ်မလဲ?
မြန်မာ့စီးပွားရေးဘဏ်ကနေ ဘဏ်အရာရှိလက်ခံ (မူရင်း) နှင့် မည်သည့်နေ့အထိ ပင်စင်ထုတ်ပေးပြီးကြောင်း ထောက်ခံချက်နှင့်အတူ ပင်စင်ဦးစီးဌာနသို့ ပေးပို့ပါလိမ့်မယ်။ ပင်စင်ဦးစီးဌာနက အထက်ပါ အချက်အလက်တွေကို စိစစ်ပြီး မှန်ကန်ပြည့်စုံမှုရှိပါက အငြိမ်းစားလက်ခံစာအုပ် (အသစ်) ပြန်လည် ထုတ်ပေးပါလိမ့်မယ်။ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်လစာငွေထုတ်ယူနိုင်ကြောင်း အကြောင်းကြားပါလိမ့် မယ်ခင်ဗျ။
ဒါကတော့ အငြိမ်းစားလက်ခံစာအုပ် ပျက်စီး/ပျောက်ဆုံးခဲ့ရင် ဆောင်ရွက်ရမယ့် နည်းလမ်းလေး ပဲဖြစ်ပါတယ်။ ပင်စင်စားတို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေး
ဆောင်ရွက်ချက်များနှင့်
ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ

ပင်စင်ဦးစီးဌာန
#အလင်းပညာရေး