Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ပညာရည်အကဲဖြတ်မှတ်တမ်း မူလတန်း အောက်ဆင့် (၂ လတစ်ကြိမ်)၊ မူလတန်း အထက်ဆင့် ( (၃)လတစ်ကြိမ် ) ဖြည့်သွင်းပုံကို ရှင်းပြပေးပါမယ်ခင်ဗျာ။

👨‍🔬 စာပေဘာသာရပ်(၅)ခုဖြစ်သည့် (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး) ဘာသာရပ်များ အတွက်👉 ကော်လံတစ်ခုစီတွင် ဘာသာရပ်အလိုက်စစ်ဆေးအကဲဖြတ်ခြင်းနှင့် တတ်မြောက်မှုစစ်ဆေးအကဲဖြတ်ခြင်း နှစ်မျိုးစလုံး၏ ပျမ်းမျှရမှတ်ကို ဖြည့်သွင်းပါတယ်ခင်ဗျာ။

👨‍🔬 လုပ်ဆောင်မှုကို အခြေပြုသော ဘာသာရပ် (၅)ခုဖြစ်သည့် (စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ(ဂီတ)၊ အနုပညာ(ပန်းချီ) ဘာသာရပ်များအတွက်👉 ကော်လံတစ်ခုစီတွင် ဘာသာရပ်အလိုက်စစ်ဆေးအကဲဖြတ်ခြင်း၏ ပျမ်းမျှအပေါ်မူတည်၍ မှတ်ချက်ကို ဖြည့်သွင်းပါတယ်ခင်ဗျာ။

👨‍🔬 ကျောင်းလုပ်ငန်း👉 ကျောင်းသားတစ်ဦးစီ၏ ကျောင်းလုပ်ငန်းများအတွက် ဆရာ့မှတ်ချက်များ ဖြည့်သွင်းပါတယ်ခင်ဗျာ။

👨‍🔬 *ကျောင်းခေါ်ကြိမ်*👉 ကျောင်းခေါ်ကြိမ် (၇၅ %)အောက် လျော့နည်းသော ကျောင်းသားများကိုသာ ဖေါ်ပြရန်ဖြစ်ပါတယ်ခင်ဗျာ။
👍1
G5 သိပ္ပံမေးခွန်း(ခွင့်ပြုချိန်-40မိနစ်)
Crd#
ကျောင်းမအုပ်နိုင်သော ကျောင်းအုပ်များ

ကျောင်းအုပ်ဆိုတာ ကျောင်းကိုအုပ်ချုပ်သူများပါ
မူလတန်းကျောင်းအုပ် အလယ်တန်းကျောင်းအုပ် အထက်တန်းကျောင်းအုပ် အားလုံးက လုပ်ငန်းတူကြပါပေတယ်

ကျောင်းအုပ်တစ်ယောက်အလုပ်က များပြားလှပါတယ်။
သင်ကြားရေး လိုက်လံကြည့်ရှု လေ့လာသုံးသပ် လမ်းညွှန်ရပါတယ်။
စီမံရေး ကျောင်းသားများ လိုအပ်ချက် ကျောင်း၏ လိုအပ်ချက်များကို စီစဉ် ဆောင်ရွက်ပေးရပါတယ်။
စစ်ဆေးရေး စာရင်းဇယား မှတ်တမ်းများ စာမေးမွဲများ စစ်ဆေး မှတ်ချက်ပေးရပါတယ်။
ဘဏ္ဍာရေး လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သည်များ ဝယ်ယူဖြည့်ဆည်းရန် ငွေစာရင်းများ တွက်ချက် စာရင်းပြုစုရပါတယ်။

အခု ဒီဘက်ခေတ်မှာ ကျောင်းအုပ်အတော်များများ
မိမိကျောင်းရဲ့ သင်ကြား စီမံ စစ်ဆေး ဘဏ္ဍာ ကိစ္စတွေအတွက် မဆောင်ရွက်နိုင်ဘဲ အခြားကိစ္စတွေက ပိုများလာပါတယ်။
ကျောင်းမှာ ရှိနေတဲ့အချိန် ပိုနည်းလာပါတယ်။
နိုင်ငံအဝှမ်း ကျောင်းအုပ်အများစု ရင်ဖွင့်စကားများအရ အပြင်မှာ လက်တွေ့မြင်တွေ့နေရတာတွေက
မြို့နယ်ရုံးများသို့ စာရင်းဇယား မှတ်တမ်း စီမံချက် ဓာတ်ပုံ အစီရင်ခံစာ ပေးပို့ခြင်းက တစ်ပတ်တစ်ခါလောက် ရှိနေပါပြီ
တစ်လတစ်လ ပို့ရတဲ့ စီမံချက် စာရင်းဇယားက အစီရင်ခံစာက များလှတာကြောင့် ကွန်ပျူတာ မိတ္တူဆိုင်တွေမှာ အချိန်ကုန်နေတာ များလာပါပြီ။
ကျောင်းမှာနေချိန်မှာတော့ ပို့ရမှာတွေရေးလိုက် ချုပ်လိုက် ဓာတ်ပုံရိုက်လိုက် နဲ့ စာသင်ခန်းများဆီ မရောက်တော့တာ များပါပြီ။
မြို့နယ်ရုံးနဲ့ ဝေးတဲ့နေရာက ကျောင်းအုပ်တွေဆို မြို့ကိုတက် စီမံချက်တွေရိုက် ဓာတ်ပုံကူး နဲ့ အသွားတစ်ရက် အပြန်တစ်ရက်နဲ့ ကျောင်းနဲ့ဝေးတာ များပါပြီ။
လမ်းစရိတ် ကွန်ပျူတာ မိတ္တူစရိတ် ဓာတ်ပုံခ တွေနဲ့ ကျောင်းအတွက်ငွေက ပွန်းပဲ့နေပါပြီ။

သေချာတာက ကျောင်းအတော်များများမှာ
သင်ကြားရေးတွေ လွတ်လပ်
စီစဉ်မှုတွေ လစ်ဟာ
အုပ်ချုပ်မှုတွေ လျော့ရဲ
စစ်ဆေးမှုတွေ အားနည်း
အဓိကအရာတွေနည်းလာကာ
ကျောင်းမအုပ်နိုင်သော ကျောင်းအုပ်များအဖြစ်
ရောက်မှန်းမသိ ရောက်နေပါတော့ပြီ။

အရေးမကြီးသည်များ အရေးကြီးနေမှုများ
အနှစ်နည်းပါးသော For Show လုပ်ငန်းများ
ပြန်လည်သုံးသပ်ကာ ပြောင်းလဲလာမည့် အချိန်ရောက်မှသာ ကျောင်းအုပ်များ ကျောင်းအုပ်နိုင်ပေတော့မည်လား
တွေးမြင်ခံစားမိပါတော့သည်။
Credit by

Aung Aung (Education)
👍1
📝📝📝📝📝📝📝📝📝
သက္ကရာဇ်တွေနဲ့ပတ်သတ်ပြီး သိထားသင့်သည့်အချက်များ
🖌🖌🖌
(၁) မဟာသက္ကရာဇ်
(၂) သာသနာသက္ကရာဇ်
(၃) ကောဇာသက္ကရာဇ်
(၄) ခရစ်သက္ကရာဇ်
(၅) ဘီစီ
(၆) အေဒီ ဟူ၍ရှိပါသည်၊
🖌🖌🖌
(၁) မဟာသက္ကရာဇ်
ဘုရားအလောင်းတော် သိဒ္ဓတ္တမင်းသား၏ ဘိုးတော် အဉ္စနမင်းကြီးနှင့် ကာလဒေဝီလ ရသေ့တို့ ထားခဲ့သောနှစ်ကို မဟာသက္ကရာဇ် ဟုခေါ်ပါသည်။ အလောင်းတော်ကို မဟာသက္ကရာဇ် (၆၈) ခုနှစ်တွင်မီးရှူးသန့်စင်ဖွားမြင်တော်မူခဲ့ပါသည် ။
🖌🖌🖌
(၂) သာသနာသက္ကရာဇ်
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး ပထမ သင်္ဂါယနာတင်သောနှစ်၊ အရှင်မဟာကဿ ပမထေရ် နှင့် အဇာတသတ်မင်းကြီးတို့ ထားခဲ့သောနှစ်ကို သာသနာသက္ကရာဇ်ဟုခေါ်ပါသည်၊
🖌🖌🖌
(၃) ကောဇာသက္ကရာဇ်
မြန်မာသက္ကရာဇ်ဟုခေါ်သော=ကောဇာသက္ကရာဇ်ကိုလည်း မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး ပထမသံဂါယနာတင်သောနှစ်မှစ၍ ရေတွက်လာခဲ့ရာ သက္ကရာဇ် (၆၂၂)ခုနှစ်အရောက် သရေခေတ္တရာခေတ် သုမုန္ဒရီ မင်းလက်ထက်မှာ ဖြိုခဲ့ပါသည်၊ ထိုမှတဖန် စတင်ရေတွက်လာရာ သက္ကရာဇ် (၅၆၀)ခုနှစ်အရောက် ပုဂံခေတ် ပုပ္ပါးစောရဟန်းမင်း လက်ထက်မှာ တစ်ခါဖြိုခဲ့ပြန်ပါသည်၊ မြန်မာသက္ကရာဇ် ခေါ်သော ကောဇာသက္ကရာဇ်ကို နှစ်ခါဖြိုခဲ့ပါသည်၊ ထို့ကြောင့် (၆၂၂) နှင့် (၅၆၀) နှစ်ရပ်ပေါင်းတော့ (၁၁၈၂) ဖြစ်ပါသည်၊ ထိုနှစ်ခါအဖြိုခံရသော သက္ကရာဇ်ကို မြန်မာသက္ကရာဇ်=ကောဇာသက္ကရာဇ် ဟုခေါ်ပါသည်။
🖌🖌🖌
မှတ်ချက်။ ။ ယခုရောက်ဆဲ မြန်မာသက္ကရာဇ်တွင် နှစ်ခါဖြိုခံရသော သက္ကရာဇ်(၁၁၈၂) ထဲ့၍ပေါင်းလိုက်လျှင် သာသနာတော်နှစ် ရပါသည်။
🖌🖌🖌
(၄) ခရစ်သက္ကရာဇ်
သာသနာသက္ကရာဇ် (၅၄၄) ခုနှစ် အရောက်တွင် ခရစ်တော်မွေးဖွားခဲ့ပါသည်၊ ထိုအချိန်မှစ၍ ရေတွက်သောနှစ်ကို ခရစ်သက္ကရာဇ် ဟုခေါ်ပါသည်။
🖌🖌🖌
မှတ်ချက်။ ။ ယခုရောက်ဆဲ ခရစ်သက္ကရာဇ် ကို (၅၄၄) ပေါင်းလျှင် သာသနာတော်နှစ် ရပါသည်
🖌🖌🖌
(၅) ဘီစီ (BC)
ဘီစီ (Before Christ)ဆိုသည်မှာ ခရစ်တော်မပေါ်ခင်ရေတွက်အပ်သော နှစ်ဟု အဓိပ္ပါယ်ရပါသည်၊ အလောင်းတော်ကို ဘီစီ(၆၂၃)ခုနှစ်တွင် မီးရှုးသန့်စင်ဖွားမြင် တော်မူခဲ့ပါသည်၊
🖌🖌🖌
(၆) အဒေီ (AD)
အေဒီ (Anno Domini) ဆိုသည်မှာ ခရစ်တော်မွေးဖွားပြီးနောက် ရေတွက်အပ်သောနှစ်ဟုအဓိပ္ပါယ်ရပါသည်၊ (Anno Domini) ဆိုသည်မှာ ငါတို့ဘုရားသခင်နှစ်ဟုအဓိပ္ပါယ်ရပါသည်။
🖌🖌🖌
(မှတ်ချက်)
သာသနာတော်နှစ်...
ခရစ်နှစ်..
ပထမသင်္ဂါယနာ.. မှအမှန်။
🖌🖌🖌
သက္ကရာဇာ... ကစလို့ သက္ကရာဇ်ပါ။
ကျန်.. သာသနာ၊နဲ့ခရစ်တွေကို သက္ကရာဇ်ဟုမသုံးရ။
🖌🖌🖌
နှစ်...ဟုသာသုံးရပါသည်ဟုလည်းဆိုကြသည်။
🖌🖌🖌
👍1
July 17

လက်ရှိတာဝန်ထမ်းဆောင်ဆဲ
အခြေခံပညာရေးဝန်ထမ်းများအနေဖြင့်
နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနအောက်ရှိ
အစိုးရအခြေခံပညာကျောင်းများတွင်
တာဝန်ပေးအပ်ထားသည့် သင်ကြား၊သင်ယူရေးနှင့်
ပညာရေးဝန်ထမ်းဆိုင်ရာတာဝန်များကို
ထမ်းဆောင်ခြင်းမှ လွဲ၍
ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိပဲ
တရားမဝင် ဖွင့်လှစ်ထားသော
Private Schoolအချို့ အပါအဝင်
အခြားတရားမဝင် စာသင်ကျောင်းများတွင်
ပြင်ပ၌လည်းကောင်း၊ Online Class များအနေဖြင့်လည်းကောင်း အခကြေးငွေများ၊တံစိုးလက်ဆောင်များကို နည်းအမျိုးမျိုးဖြင့်လက်ခံရယူ
သင်ကြားခြင်းမပြုကြပါရန်သက်ဆိုင်ရာဌာနများမှ
အသိပေးညွှန်ကြားထားပြီးဖြစ်ပါသဖြင့် ညွှန်ကြားချက်များအပေါ်
ဖျောက်ဖျက်ကျူးလွန်ကြောင်း
စစ်ဆေးတွေ့ရှိပါက ကျူးလွန်သူဝန်ထမ်း၊
ပူးပေါင်းပါဝင်အားပေးသူများ၊သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်တို့အား နိုင်ငံ့ဝန်ထမ်းဥပဒေ
နည်းဥပဒေများ၊အခြားတည်ဆဲဥပဒေများနှင့်အညီ
အရေးယူခြင်းခံရမည်ဖြစ်ကြောင်းသိရသည်။
"နိမ့်ကျခြင်း တရားခံ"

ယနေ့ခေတ် ကာလတွင် မြန်မာနိုင်ငံ ဘက်စုံနိမ့်ကျလာခြင်းကို ယခင်ခေတ် ပညာရေးကြောင့်ဟု အများက သတ်မှတ် ပြောဆိုလေ့ ရှိကြရာ ထိုစကားမှာ ဟုတ်မယောင်နှင့် ယုတ္တိမရှိ၊ ဆင်ခြေသက်သက် လွှဲချခြင်းသာ ဖြစ်ကြောင်း တွေ့ရပြီး ထို ပညာရေးမှပင် တော်တတ်ထက်မြက်သည့် ပုဂ္ဂိုလ်များ စဉ်ဆက်မပြတ် ထွက်ပေါ်နေခြင်းက သက်သေခံနေပေသည်။

#ယခုပြောမည့် အကြောင်းအရာများကို မြန်မာဟူသော အမြင်ဖြင့် မကြည့်မူဘဲ လူတစ်ယောက်၏ ပကတိ နှလုံးသားဖြင့်သာ ကြည့်ရှုပါရန်၊ မိမိသည် ဂြိုဟ်သားတစ်ဦးကဲ့သို့ တစ်ကမ္ဘာလုံးအား အထက်စီးမှ ခြုံငုံသုံးသပ်သကဲ့သို့သာ ရှုမြင်ပါရန် ကြိုတင် ပန်ကြားအပ်ပါသည်။

ကျွန်တော်သည် နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက်မှ မြန်မာ့ ပညာရေးစနစ်များနှင့် သင်ရိုးများကို သတိထား လေ့လာခဲ့ရာ ရှေးမြန်မာမင်းများ လက်ထက်မှ အစ၊ အင်္ဂလိပ်ခေတ်အလယ်၊ ယနေ့ခေတ် နိုင်ငံတကာ ပညာရေးများ အဆုံး ရနိုင်သလောက် စူးစမ်းရှာဖွေ သုံးသပ်ခဲ့၏ ။ ထို့ကြောင့် နိမ့်ကျလာခြင်း၏ တရားခံမှာ ပညာရေး မဟုတ်ဘဲ အခြားအကြောင်းကြာင့်သာ ဖြစ်ကြောင်း ခိုင်မာသထက် ခိုင်မာလာ၏ ။

ယခင်ခေတ် ပညာရေးများမှာ မြန်မာ့နည်း မြန်မာ့ဟန်သာ ဖြစ်စေကာမူ မြန်မာလူမျိုးတို့၏ ရှင်းလင်းသွက်လက်သည့် ဦးနှောက်ဉာဏ်ကြောင့် နိုင်ငံတကာတွင် ဝင်ဆံ့လျက် ယှဉ်နိုင်ခဲ့သည်ချည်း ဖြစ်ကြောင်း တွေ့ရသည်။ သို့သော် မည်သည့် နေရာတွင် မယှဉ်နိုင်တော့သနည်းဟု ကြည့်လိုက်သောအခါ #ပညာရေးမဟုတ်ဘဲစိတ်ဓာတ်စည်းကမ်းနှင့်ကျင့်ဝတ်ဆိုင်ရာများ၌ ဖြစ်နေကြောင်း ထင်ရှားလာသည်။ ကျွန်တော် တစ်ဦးတည်း၏ အမြင် မဟုတ်ပါ။ မည်သည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများကို မေးမေး အဖြေမှာ ထပ်တူနီးပါး ဤအတိုင်းသာ ဖြစ်နေပါလိမ့်မည်။

ဟုတ်ပြီ။ သို့ဆိုလျင် မြန်မာတွေ အဘယ်မှာ အားနည်းခဲ့ကြသနည်း။ ကျင့်ဝတ်နှင့် စိတ်ထားအား စနစ်တကျ တည်ဆောက်ရမည့် အပိုင်း၌ အကြီးအကျယ် လျစ်လျူရှု မေ့လျော့ ပေါ့ဆကာ အားနည်းခဲ့ကြခြင်းသာ ဖြစ်နေပါပေသည်။ ရှင်းပါမည်။ ယနေ့ ကမ္ဘာပေါ်၌ အတိုးတက်ဆုံး နှင့် စံအထားရဆုံး အမေရိကန်၊ ဂျာမနီ၊ အင်္ဂလန်၊ အစ္စရေး၊ ဂျပန် နှင့် စင်္ကာပူနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါ။

ထိုနိုင်ငံသားများသည် မည်သည့်နိုင်ငံရောက်ရောက် လေးစားမှု ခံရသည်။ သူတို့သည် အရာရာတိုင်းတွင် တတ်နေသည် မဟုတ်။ သူ့ကျွမ်းကျင်ရာ နယ်ပယ်အလိုက်သာ professional အဖြစ်ဖြင့် အခြားနိုင်ငံများသို့ သွားရောက်ကြသူများ ဖြစ်သည်။ သို့ရာတွင် လူမှုနယ်ပယ်၌ သူတို့အား ခန့်ညားရ၏ ။ အဘယ်ကြောင့်ဆိုသော် အခြေခံစိတ်ဓာတ်ကောင်း၍ ကျင့်ဝတ်ပြည့်ဝသဖြင့် နိုင်ငံကြီးသား ပီသသော အပြုအမူ အနေအထိုင် ရှိကြခြင်းကြောင့်ပင်တည်း။

အမေရိကန်တို့သည် မဟုတ်လျင် မခံ၊ တုံ့ပြန်ရဲကြ၏ ။ အင်္ဂလန်သားဆိုလျင် သိက္ခာရှိ၍ စည်းစနစ်ကြီးကြောင်း နာမည်ကျော်သည်။ ဂျာမနီလူမျိုးသည် အတိတ်မှ သင်ခန်းစာ ယူခဲ့ကြသည်ဖြစ်၍ မဟုတ်တာ လုပ်ကြရမည်ကို အလွန်ရှက်ကြောက်ကြပြီး ထက်မြက်နိုးကြားသူများ ဖြစ်ကြသည်။ အစ္စရေးသည်လည်း ထို့အတူ၊ ဂျပန်သည် နိုင်ငံတကာမှ စံထား လေးစားလောက်သည့် အပြုအမူ အကျင့်အကြံများကြောင့် ထင်ရှားသလို စင်္ကာပူမှာ နိုင်ငံသေးသလောက် ကမ္ဘာ့အမြင့်ဆုံး မှတ်တမ်းများ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်လေသည်။

သူတို့နှင့် ယှဉ်လျင် မြန်မာများသည် ချောကလက်နှင့် ကြက်ချေးကဲ့သို့လည်းကောင်း၊ ကျောက်စိမ်းလုံး နှင့် ဘဲဥပုပ်ကဲ့သို့လည်းကောင်း ကွာခြားလှပြီ။ မည်မျှ နိုင်ငံကြီးသား ဆန်သည် ဆိုစေကာမူ အခြေခံ ကျင့်ဝတ်များမှ အစ ဆိတ်ကွယ်ရာ ပြုတတ်သည့် အမူအကျင့်များအလယ် တွေးတောသည့် အတွေးအဆုံး စိတ်ဓာတ် အမူအကျင့်များ အခြားနားကြီး ခြားနားလေတော့သည်။

ဥပမာ ဆိုရသော် လွယ်လျင် သူကြွယ်ပင် မနေ၊ ရေအဆုံး ကုန်းတစ်ဝက် စသည့် ဆောင်ပုဒ်များအတိုင်း အများစုက ကျင့်သုံးနေကြသည်မှာ အခြားနိုင်ငံသားများအတွက် နှာခေါင်းရှုံ့စရာ ဖြစ်နေသော်လည်း ဤနိုင်ငံတွင်မူ လုပ်ရိုးဖြစ်စဉ်ကဲ့သို့သာ သဘောထားလျက် ရှိကြသည်ကို ကြည့်ပါ။ စားပြီး အိတ်ခွံကို မြောင်းထဲ သို့မဟုတ် လမ်းဘေး ပစ်ချခြင်းသည် လည်းကောင်း၊ ကွမ်းတံတွေးကို လမ်းပေါ်နှင့် အခြားသူ၏ အိမ် နံရံ တိုင် စသည့်နေရာတို့၌ ပက်ခနဲ ထွေးချရဲသည်ကိုလည်းကောင်း၊ ဤသို့သော အပြုအမူဆိုးများကို လုပ်လို့ရသည်ဟု ခံယူထားကြခြင်းကို ဆိုလိုပါသည်။

ကြည့်ရသည်မှာ ဤအကျင့်ဆိုးများကိုပင် နိုင်ငံသားများ၏ မွေးရာပါ မူလအခွင့်အရေးအဖြစ် မှတ်ထင်နေကြဟန် ရှိ၏ ။ အခြားနိုင်ငံ၌မူ ဆေးလိပ်တို ဖင်စီခံကလေးကိုမျှ မည်သူမျှ လမ်းပေါ် ပစ်မချကြ။ မြန်မာများပင် မပစ်ရဲ၊ ပစ်လိုက်သည်နှင့် ဒဏ်ငွေ နင့်ခနဲ ဆောင်လိုက်ရပေမည်။ စနစ်တကျ တည်ဆောက်ထားသော ကျင့်ဝတ် ဆိုသည်မှာ ၎င်းစည်းကမ်းများဖြင့် နိုင်ငံသားများအား မွေးရာပါ ကျင့်သုံးစေခြင်းမျိုး၊ ပညာပေးထားခဲ့ခြင်းမျိုးကို ဆိုလိုပေသည်။

ကျွန်တော်တို့ နိုင်ငံတွင် ပညာကား သင်ရ၏ ။ သို့သော် လူများ နေချင်သလို နေခွင့် ရသလို စိတ်များ တွေးချင်သလိုတွေး၊ ထားချင်သလို ထားခွင့် ရခဲ့ကြ၏ ။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ချမှတ်ထားသော စနစ်ကျသည့် ကျင့်ဝတ်များ မရှိခဲ့။ လိုက်နာစရာ မလိုအပ်ခဲ့ကြ။ အခြားနိုင်ငံတွင် သစ်ပင်တစ်ပင် ခုတ်လိုသာ် သစ်ပင်တစ်ပင် အစားပြန်စိုက်ပေးစေသော်လည်း
မြန်မာ၌မူ ခုတ်ချင်တိုင်းခုတ်၊ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ လုပ်၍ ပြန်စိုက်ရမည် ဟူသော စည်းမျဉ်းများ အတိအကျ ချမှတ်ထားခြင်း မရှိသည့်အတွက် လိုက်နာရန်ပင် မလိုအပ်ခဲ့ကြချေ။

နယ်ပယ်အစုံ ကဏ္ဍအစုံ၌ ထိုအတိုင်းချည်း ဖြစ်သည်။ အထက်မှ စည်းမျဉ်းသတ်မှတ်ရမည့်သူများကိုယ်တိုင် ဖောက်ဖျက်ချိုးဖောက်နေ၍ စည်းမျဉ်းသည် နိုင်ငံတော်ကျင့်ဝတ် ဖြစ်မလာဘဲ လူကြားကောင်းရုံ ထုတ်ထားသော ဥပဒေများအဖြစ်သာ တည်ရှိခဲ့သည် များ၏ ။ အထက်က ပျက်ကွက်လျင် အောက်က လိုက်နာရန်မရှိသဖြင့် ပိုဆိုးကြကုန်၏ ။ နိုင်ငံတော်မှ တာဝန်ယူ ကြပ်မတ်မှု အားနည်းခဲ့သဖြင့် စည်းကမ်း စည်းမျဉ်း ကျင့်ဝတ် ကိုယ်ကျင့်တရားတို့၌ နိုင်ငံသည် ချို့တဲ့ယုတ်လျော့ခဲ့ရတော့သည်။

အကယ်၍ ကမ္ဘာ့နိုင်ငံအသီးသီး၏ စိတ်ဓာတ် အဆင့်အတန်းများကို လေ့လာနှိုင်းယှဉ်သည် ဖြစ်အံ့။ မြန်မာနိုင်ငံ၏ စိတ်ဓာတ်အဆင့်အတန်းမှာ အလွန် အောက်တန်းကျကြောင်း ပေါ်လွင်လာပေလိမ့်မည်။ အကြောင်းအရာမျိုးစုံအပေါ် မည်သို့ စိတ်ထားကြသည်ကို စစ်တမ်းထုတ်မည် ဆိုပါက မြန်မာတို့သည် အကြောင်းအရာတစ်ခုကို အဆိုးမြင်နှင့် စတင်ချည်းကပ်လေ့ရှိသည်ကို တွေ့ရပေလိမ့်မည်။

ယင်းအကြောင်းအရာအား တွေးတောရာ၌ စိတ်ပျက်ဖွယ်ကောင်းပြီး ကြံစည်ရာ၌ နှလုံးနာဖို့ ကောင်းလေ၏ ။ မဆင်မခြင် ပြောဆိုလိုက်သည့် နေရာတွင်မူ ထိပ်ဆုံးမှ ရှိ၍ တာဝန်ယူမှုအပိုင်း၌ လုံးဝ မရှက်မကြောက် လျစ်လျူရှု နေရဲကြသည်ကို တွေ့ရလိမ့်မည်။ ထိုအကြောင်းအရာပေါ်တွင် ပြုမူ တုံ့ပြန်ပုံမှာ မှားယွင်းလွဲချော်၍ သင့်တော်မှန်ကန်အောင်မျှ မတွေးတတ်ကြတော့သည်ကိုလည်း စိတ်မကောင်းဖွယ် ကွက်ကွက်ကွင်းကွင်းကြီး သိမြင်ရလိမ့်မည်သာတည်း။

အဘယ့်ကြောင့်နည်း။ မှန်ကန်စွာ မပြောဆို မတွေးခေါ်ဘဲ သူတစ်ပါးအား အပြစ်ပုံ လွှဲချပစ်ခြင်း နည်းလမ်းမှာ ငယ်စဉ်မှ စတင်ကာ ပတ်ဝန်းကျင်တစ်ခုလုံးက သုံးစွဲ ရိုက်သွင်း သင်ကြားလာကြခြင်းကြောင့် ဖြစ်သည်။ ကိုယ် ညံ့ဖျင်း အားနည်း အသုံးမကျသည်ကို ပစ္စည်းအား လက်ညှိုးထိုးလေ့ ရှိကြသလို လက်ဦးဆရာများကပင်လျင် မိမိတို့ သားငယ် ချော်လဲသည်ကို မဆီမဆိုင် ထိုင်ခုံအား ရိုက်ပြတတ်သည့် အံ့သြဖွယ် နိုင်ငံကြီး ဖြစ်ခြင်းကြောင့်တည်း။ အဘယ်မျှ စိတ်ပျက်လက်ပျက် ရယ်ချင်ဖွယ် ကောင်းပါသနည်း။

အခြားနိုင်ငံမှ ကျောင်းများ၊ မိဘများ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်း လူမှုနယ်ပယ်များက ကလေးများအား မည်သို့ စိတ်ထားရမည်၊ မည်သို့ ကျင့်ကြံရမည်၊ မည်သို့ ရှုမြင်ရမည်၊ မည်သို့ တုံ့ပြန်သင့်သည် ဟု စနစ်တကျ တင်းကြပ်စွာ သင်ကြား ဆုံးမ ပြသ လမ်းညွှန်ခဲ့ကြ၏ ။ ဥပမာ ဂျပန်တွင် လူအချင်းချင်း တွေ့လျင် ခါးချိုးကာ တလေးတစား နှုတ်ဆက်ရန်မှာ ထိန်းသိမ်းရမည့် ရိုးရာယဉ်ကျေးမှု ဖြစ်ပြီး မိဘတိုင်း ဆရာတိုင်း၊ ကျောင်းတိုင်း ဝန်းကျင်တိုင်းက သွန်သင်ညွှန်ကြားကြလေ့ ရှိ၏ ။ မလိုက်နာလျင် တရားစွဲသည့် ဥပဒေ မရှိသော်လည်း လိုက်ကို လိုက်နာရမည့် ကျင့်ဝတ်မျိုး ဖြစ်သည်။

မြန်မာတွင်လည်း လူကြီးသူမရှေ့ ခါးညွှတ်ရမည်၊ ခေါင်းငုံ့သွားရမည် စသည့် ရိုးရာကျင့်ဝတ်များ ရှိပါသည်။ သို့သော် ကြပ်ကြပ်မတ်မတ် ဆုံးမ သွန်သင်ကြခြင်း မဟုတ်၊ သက်ကြီးရွယ်အို သို့မဟုတ် ဆရာဆရာမ တစ်ဦးတလေကသာ တစ်ခါ နှစ်ခါ သာမန်ခါ လျှံခါ ပြောသော ဆုံးမစကားမျိုး ဖြစ်ခဲ့ပြီး လူတိုင်း၊ မိဘတိုင်း၊ ဆရာတိုင်း၊ ပတ်ဝန်းကျင်ရှိ လူကြီးသူမတိုင်းက မလိုက်နာသည်ကို တွေ့သည်နှင့် ပြောတတ်ခြင်းကား မဟုတ်။ ဧည့်သည်ရှေ့၌ ခေါင်းငုံ့ငုံ့ မငုံ့ငုံ့ မိဘများက သတိပေးရန် ပျက်ကွက်၏ ။ ဧည့်သည်က ကျေနပ်၏ ။ အဖိုးအဖွားများက ငါ့မြေးက ငယ်သေးလို့ပါ စသည်ဖြင့် ဖာထေး၏ ။ အမျိုးများက ပြုံးရယ်ခြင်းဖြင့် ဖျက်ဆီးလေ၏ ။

ဤသို့ ဝိုင်းဝန်းပျက်ကွက်ခြင်းအားဖြင့် ခေါင်းငုံ့ခြင်း တည်းဟူသော ကျင့်ဝတ်မှာ လူ့ကျင့်ဝတ်၊ နိုင်ငံသားကျင့်ဝတ် ဖြစ်မလာဘဲ အရေးပါသော လူကြီးရှေ့မှသာ ဟန်လုပ်ရသော အမူအကျင့်အဖြစ် ပြောင်းလဲသွားလေတော့သည်။ ကလေးသည် ကြောက်ရသော ကျောင်းအုပ်ရှေ့တွင် ခေါင်းငုံ့ ခါးညွှတ်သွားသလောက် မကြောက်သော ဘုန်းကြီးဆိုလျင် ပေါင်ပေါ်တက်ထိုင် မုန့်တောင်းသည်အထိ ရောင့်တက်နိုင်ပေ၏ ။ ခေါင်းမငုံ့ပါက ကျောင်းအုပ်သည် ရိုက်လိမ့်မည် ဖြစ်ပြီး သဘောကောင်းသော ဘုန်းကြီးမှာမူ ခေါင်းတုံးကို ပွတ်သော်လည်း တဟဲဟဲ သဘောကျနေမည်သာတည်း။

ဤ အမူအကျင့် တစ်ခုချင်းစီသည် စနစ်တကျ ချမှတ်လိုက်နာအပ်သည့် စည်းမျဉ်းကျင့်ဝတ်များ ဖြစ်မလာဘဲ မလိုက်နာလျင်လည်း မည်သို့မျှ အရေးမပါသော စည်းကမ်းပိုများ ဖြစ်သွားသောအခါ... လူတိုင်းသည် ကဏ္ဍတိုင်း၊ နေရာတိုင်း၌ ပျက်စီး သိမ်ဖျင်း အောက်တန်းကျလာကြတော့သည်။ ထို့ကြောင့် ပညာမတတ်သူသည် အတွေးအခေါ် သိမ်ဖျင်း၏ ဟူသည့် အယူအဆမှာ လုံးဝဥဿုံ မမှန်ဘဲ ပညာမတတ်သော်လည်း စိတ်ထားအလွန်မြင့်မြတ်သူများ ရှိနေကြခြင်းပင် ဖြစ်လေသည်။ အဓိက အရာကား သွန်သင်ဆုံးမမှု နိုင်နင်ခြင်းနှင့် ပတ်ဝန်းကျင်ကောင်းခြင်းက ဗီဇကို ပြဋ္ဌာန်းခြင်း ဖြစ်ပါ၏ ။
အခြားနိုင်ငံများ၌ ကြီးသူက ငယ်သူကို အနိုင်မကျင့်စေရန် ဂရုစိုက်၏ ။ သွန်သင်ဆုံးမလေ့ ရှိ၏ ။ ကျောင်းသားများသည် မည်သို့ နေရမည် ထိုင်ရမည် အတူတကွ ပူးပေါင်းရမည် မည်သည့်တာဝန်များကို မည်သို့ ခွဲဝေယူရမည် စသည်ဖြင့် ညီအစ်ကို မောင်နှမစိတ် ဝင်စေရန်၊ အသင်းအဖွဲ့စိတ် ထားတတ်ရန် ပြုစုပျိုးထောင်လေ့ ရှိသည်။ (ပညာရေး မဟုတ်ပါ။ စိတ်ဓာတ်ရေးရာသာ ဖြစ်သည်)

မြန်မာ၌ကား ဤသို့မရှိ၊ ရှိသော်လည်း အားနည်း၏ ။ ဝါစိမ်းနီပြာ အသင်းများ တာဝန်ခွဲဝေခြင်းလောက်သာ ထောက်ပြစရာ ရှိပြီး နေ့လယ်စာ စားရန် တစ်ဖွဲ့က ပန်းကန်ယူစဉ် တစ်ဖွဲ့က ပြင်ဆင်ခြင်း၊ တစ်ဖွဲ့က ဆေးကြောခြင်း၊ တစ်ဦးက စစ်ဆေး၍ တစ်ဦးက လိုအပ်သည်ကို ဆောင်ရွက်ပေးရခြင်း စသည်တို့ ရှိရန်ထားဘိ၊ အားကစား အသင်းအဖွဲ့ပင် တရားဝင် မရှိကြပါချေ။ ရုံးခန်းတွင်မျှ ထုတ်စရာ ဘောလုံးမရှိ၊ တားစရာ ထုံးမရှိ၊ ဒိုင်လူကြီး ဆရာဆရာမ မရှိ၊ ကြပ်မတ်သင်ကြား ထိန်းကျောင်းပေးမည့်သူ မရှိ၊ လိုအပ်သည်တို့ ပြင်ဆင်ဆောင်ရွက်ပေးမည့် ဝန်ထမ်း မရှိသည်သာ များ၏ ။ တစ်ကျောင်းလုံးတွင် ကျောင်းဝန်ထမ်းမှာ တစ်ဦးပင် အနိုင်နိုင်။ ထိုအခါ ဆရာ ဆရာမတို့ ဝန်ထမ်းတာဝန် ပူးတွဲယူရပြီ။ ထိုအခါ ကလေးတို့အပေါ် များစွာ ပျက်ကွက်ခြင်းသည် ဖြစ်ပေါ်လာ၏ ။ ဘက်စုံ ထောင့်စုံမှ အရေးပါသည့် ထိန်းကျောင်းတည့်မတ်မှုများ လွတ်ဟာသွားရတော့ပြီ။

ဤသို့ဖြင့် မြန်မာနိုင်ငံသည် ပညာရေးတွင် ထူးချွန် ထက်မြက်သူတို့က နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ခဲ့ကြသော်လည်း စိတ်ဓာတ် အဆင့်အတန်း၊ အပြုအမူ အနေအထိုင် အကျင့်အကြံတို့တွင်ကား အမီလိုက်နိုင်သူ အလွန်နည်းပါးခဲ့လေသည်။ ယခုလည်း သေသေချာချာ သုံးသပ် ဆင်ခြင်ခြင်း မရှိဘဲ ပညာရေးကိုသာ လက်ညှိုးထိုးခဲ့ကြသည့်အတိုင်း လိုက်ယောင်ကြသဖြင့် နိုင်ငံတကာ ပညာရေးကို ပုံတူကူးချ ယူငင်သုံးစွဲကြပေဦးမည်။

ထိုအခါ ပုံစံခွက်ထဲ ထည့်သော မုန့်နှစ်နှင့် တူသည့် အခြားနိုင်ငံမှ ကလေးတို့မှာ သပ်ရပ်တိကျစွာ ပုံပေါ်လာသော်လည်း စည်းဘောင်မရှိ၊ တိကျသော ပုံစံခွက် စည်းမျဉ်း ကျင့်ဝတ်များ မပါဘဲ ခရိုခရိုင် ခွက်များအတွင်း အထည့်ခံရသော မြန်မာကျောင်းသား ကလေးသူငယ်များမှာ အလွန်ကောင်းသော ပညာမုန့်နှစ်များ အိကျယိုဖိတ်၍ ပုံပျက်ပန်းပျက် ထွက်လာကြပေဦးမည်မှာ မချွတ်။ ကျွန်တော်တို့ ခေတ်ထက်ပင် ပိုပျက်ဖို့ ရှိလေသည်။

ကျွန်တော်သည်လည်း စမ်းသပ်ခံပညာရေးကို မီလိုက်ပါသည်။ နိုင်ငံခြားပညာရေး မေးခွန်းများနှင့် ကြုံခဲ့ဖူးသလို အခြားနိုင်ငံ၏ ပညာရေး စာအုပ်များ ယူသင်ခြင်းကို ခံခဲ့ရဖူးပါသည်။ အဆင်မပြေလှပါ။ နည်းပညာတက္ကသိုလ်၌ သင်ရသည့် (အိန္ဒိယမှ ပါမောက္ခ ကျောင်းအုပ်ကြီး ရေးသားစီရင်ခဲ့သော) Robot ဘာသာရပ်စာအုပ်သည် ဒေါက်တာတင်အောင်၏ ဆယ်တန်း အင်္ဂလိပ်စာ ပုံပြင် ၁၅ ပုဒ်ကဲ့သို့ မြန်မာ့အာရုံထဲ မစီးဝင်နိုင်ခဲ့။ It was, therefore, a machine ဟူသော အရေးအသားသည် Once upon a time, there was a king. He has a grown up daughter ဟူသော စာကြောင်းရှည်ကြီးလောက်ပင် မစွဲငြိစေနိုင်ဘဲ ဖတ်မှတ်ရ အလွန်ခက်ခဲခဲ့သည်ကို မှတ်မိပါသေးသည်။

ထို့ပြင် စင်္ကာပူ poly မှ ဥာဏ်စမ်းမေးခွန်းကို ယူမေးခဲ့ပြီး အဖြေမရှိခဲ့သည့် ဖြစ်ရပ်ကိုလည်း ကြားဖူးခဲ့ဖပြီ။ အဝေးသင် အင်္ဂလိပ်စာ မေးခွန်းအား မသင်ဖူးဘဲ ရမှတ် ၆၀ ကျော်အောင် ဖြေပြနိုင်သော ကျွန်တော်သည် IELTS မေးခွန်းများကိုမူ ဖြေနိုင်ရန် ခက်ခဲခဲ့၏ ။ ထို့ပြင် စနစ်သစ် ပြည်ပပညာရေးများကို မဖြေနိုင်ခဲ့။ သင်ကြားပုံ၊ ချဉ်းကပ်ပုံ၊ တွေးခေါ်ပုံချင်း မတူကြသောကြောင့် ဖြစ်လေသည်။

မှတ်မှတ်ရရ Bali အကြောင်း မည်သည့် မဂ္ဂဇင်းထဲမှာ ဖော်ပြထားသနည်း ဆိုပြီး အဖြေလေးခုမှ ရွေးချယ်ခိုင်းခဲ့သည့် မေးခွန်းအား တစ်ခါမှ မသင် မကြားဖူးဘဲ စဉ်းစား ချင့်ချိန် ဖြေခဲ့ရသည်ကို သတိရ၏ ။ လေယာဉ်မဂ္ဂဇင်း ဟု ဖြေခဲ့သည်မှာ အပြင်ရောက်၍ မေးကြည့်သော် မှန်နေခဲ့သည်။ မည်သူ ထင်မည်နည်း။ ဘာလီ ဟူသည်မှာ ဘာလီစေ့လည်း ဖြစ်နိုင်သလို အင်ဒိုနီးရှား ဘာလီကျွန်းလည်း ဖြစ်နိုင်သည်။ အခြားနိုင်ငံမှ သူများကမူ ထိုမေးခွန်းမျိုးကို ပိုမိုလွယ်ကူစွာ စဉ်းစား ဖြေဆိုနိုင်ပေလိမ့်မည်။ ပုံစံခွက်ချင်း မတူကြသောကြောင့် ဖြစ်သည်။ နိုင်ငံခြား သင်ရိုးသည် မြန်မာတို့အတွက် အထစ်အငေါ့ ပိုများမည်မှာ အမှန်။

ထို့ကြောင့် မိမိညံ့ဖျင်းသည်ကို ပညာရေးစနစ်အား လွှဲချခြင်းဖြင့် အသုံးမကျခဲ့ကြသော သူတို့က နောင်လာနောက်သား မျိုးဆက်များကို တလွဲလက်ဆင့်ကမ်းပြီး ပုံစံမှားထဲ သွတ်သွင်းထိုးထည့် စမ်းသပ်နေခြင်းဖြင့် ပျက်စီးယိုယွင်း နိမ့်ကျနေသော စိတ်ဓာတ် အကျင့်စရိုက်များ ပြန်လည် အားကောင်း တည့်မတ်လာစရာ မရှိဘဲ ပညာရေးပါ ရှုပ်ထွေးရောယှက်သည့် အဖြစ်သို့ ရောက်ဦးမည့်အပြင် ကလေးများမှာ နည်းပညာခေတ်၏ ကျေးကျွန်ကလေးများအဖြစ် စာနှင့် ဖုန်းသာ သိကြတော့မည့် အရေးကို မြင်နေမိပါတော့သတည်း။
သင်နည်း(၂၁)နည်း အတိုကောက်
^^^^^^^^^^^^^^^^^^^^^^^^^^
တွေး -ကြည့် -စမ်း -တူ -နှစ်- စု-ယူ
ပေါင်း- ဆင-့် ဥာဏ်- ဟော -လက်- ဖြတ်-ပြော
‌ကွင်း-နာ-ကြုံ-ဖေ-ွ ရုပ် ပြ ဖြေ
သင်နည်းမှတ်ကြစေ။

တွေး-တွေး တွဲ မျှဝေနည်း
Think-pair-share
ကြည့်-ကြည့်ရှုလေ့လာခြင်းနည်း
observation
စမ်း-စူးစမ်းရှာဖွေနည်း
inquiry learning
တူ-သဏ္ဌာန်တူသရုပ်ဆောင်ကစားနည်း
simulation and game
နှစ်-နှစ်ယောက်တစ်တွဲအပြန်အလှန်ပြောဆိုနည်း
dyadic exchange
စု-အုပ်စုဖွဲ့ဆွေးနွေးနည်း
nominal group process
ယူ-ခြုံယူဆင်ခြင်နည်း
inductive approach
ပေါင်း-ပူးပေါင်းသင်ကြားနည်း
‌co-oporative learning
‌ဆင့်-အဆင့်ဆင့်ဆွေးနွေးနည်း
‌fish-bowl technique method
‌ဥာဏ်-ဥာဏ်ဖွင့်ဆွေးနွေးနည်း
‌brainstoming method
‌ဟော-ဟောပြောဆွေးနွေးခြင်းနည်း
‌lecture discussion method
‌လက်-လက်တွေ့စမ်းသပ်ခန်းသုံး၍သင်နည်း
‌laboratory technique method
‌ဖြတ်-ပုံပြင်ဖြတ်ဆက်နည်း
‌strip-story method
‌ပြော-ပုံပြောသင်နည်း
‌story-telling method
‌ကွင်း-ကွင်းဆင်းလေ့လာခြင်းနည်း
‌field trip method
‌နာ-ပြသနာဖြေရှင်းနည်း
‌problem solving method
‌ကြုံ-အတွေ့အကြုံ အားဖြင့်သင်ယူနည်း
‌experiential learning approach
‌ဖွေ-ရှာဖွေတွေ့ရှိခြင်းနည်း
‌discovery method
‌ရုပ်-သရုပ်ဆောင်သင်ကြားနည်း
‌role-playing method
‌ပြ-သရုပ်ပြသင်ကြားနည်း
‌demonstration method
‌ဖြေ-စာသင်ခန်းတွင်း အမေးအဖြေပြုခြင်း
‌question and answer method -----------------------------------------------------
သင်ကြားနည်း(၂၁)နည်းကဗျာ
"""""""""""""""""""""""""""""""""""
**စာသင်ခန်း မှာ ပုံပြင်ပြော လို့
ဟောပြောဆွေးနွေး သရုပ်ပြမယ်

လက်တွေ့ခန်းမှာ ပုံပြင်ဖြတ်လို့
နှစ်ယောက်တစ်တွဲ ခြုံ ကြားမယ်

ပြသနာကိုရှင်း ရှာဖွေခြင်း
ကွင်းဆင်း စူးစမ်းမယ်

အဲဒါမှ သဏ္ဌာန်တူ သရုပ်ဆောင်
ကြည့်ရှု့ ချင်ပါတယ်။

**အများသဘောတူ ဥာဏ်ကိုဖွင့်လို့
ပူးပေါင်းပါဝင် သင်ကြားမယ်

အဆင့်ဆင့်-တွေး အတွေ့အကြုံလေး
မှတ်ပေးသင်နည်းကွယ်



ဆရာ/ဆရာမများ မျှဝေနိုင်ကြပါစေ
‌
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
❤4👍1
FB_IMG_1659623677513.jpg
39.8 KB
ရာထူးအလိုက်ခံစားခွင့် အိမ်ဌားခနှုန်းထားများ
အုပ်ချုပ်မှုစရိတ် ✍

ထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများ အုပ်ချူပ်မှုစရိတ် မူရင်းလစာ၏ (10)% ရအုံးမည်