Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
PPTT.8/22ထပ်မံပြင်ဆင်ဖြည့်စွက်.အသက်၅နှစ်ထပ်တိုးခေါ်ယူပါသည်.လျှောက်လွှာပိတ်ရက်လည်းနောက်ဆုတ်ထားပါသည်
မြေတိုင်းဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူ
July 10

Unicode

Breaking news
👇👇👇👇👇
ကိုးဗစ် လှိုင်း အသစ် လာ ပြန် ပါ ပြီ
နောက်ဆုံး ပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ၅
Omicron BA.4 and BA.5

မအား တာ နဲ့ လက် ရှိ ရေး လက်စ စာလေး တောင် ရပ် ထား ရ ပါတယ်
ခု တော့ ကြားဖြတ် အရေး တကြီး ကိုးဗစ် လှိုင်း အသစ် ဖြစ် ပေါ် မှု အကြောင်း
သတိ ပေး ရေး ပါရ စေ

အား လုံး သိ ကြတဲ့ အတိုင်း ကိုးဗစ် ဒယ်လ်တာ delta ပိုး လှိုင်း ကြောင့် ကမ္ဘာ တဝှမ်း လူ ပေါင်း များ စွာ အသက် ဆုံး ခဲ့ ကြ ရ ပါတယ်

ဒယ်လ်တာ ပြီး တော့ အိုမီခရွန် ဆို ပြီး လှိုင်း တခု ထပ် အ လာ မှာ တော့ ပိုး က အဆ ပေါင်း များစွာ ပိုမို ပြန့် ပွား နိုင် ပေမဲ့ ဒယ်လ်တာ ပိုး လို လူ မသေ ခဲ့ ပါ ဘူး

ကာကွယ် ဆေး တွေ ထိုး ထား ခဲ့ တဲ့ နောက် ပိုင်း အိုမီခရွန် လဲ ညိမ် သွား ခဲ့ ပါ တယ်

အခု အိုမီခရွန် ပိုးသစ် တွေ နဲ့ လှိုင်း အ သစ် တခု လာ ပြန် ပါပြီ

* အိုမီခရွန် ပေါ် စ မှာ ဘီအေ ၁ လို့ နာ မယ် ပေး ခဲ့ ပြီး သူ က ရောဂါ ပိုး ပြန့် တာ အရမ်း မြန်ပေ မဲ့ လူ သိပ် မသေ ခဲ့ ပါ
* ပြီး တော့ ဘီအေ ၂ ပေါ် လာ တယ်
ဘီအေ ၂ က ဘီ အေ ၁ ထက် ပိုး အကူး မြန် ပြီး ပို ဆိုး ပါ တယ်
ခု တော့ ဘီအေ ၁ နဲ့ ၂ က ညိမ် သွား သ လောက် ဖြစ် ပါ ပြီ
* နောက် ဘီအေ ၃ လဲ ခဏ ပေါ် လာ ပြီး သူ က မရှိ သလောက် ရှား ပါ တယ်

* ခု တော့ ဘီအေ ၄ နဲ့ ၅ ပေါ် လာ ပြီး ကာကွယ် ဆေး ၂ လုံး ထိုး ထား သူ တွေ ရော ကိုးဗစ် ဖြစ် ပြီး သူ တွေ ပါ ထပ် ဖြစ် နိင် လို့ သတိ ပေး တဲ့ အ နေ နဲ့ အ မြန် ရေး သား လိုက် ရ ပါ တယ်

ဘီအေ ၄ နဲ့ ၅ က ပေါ် တာ သိပ် မ ကြာ သေး ပါ
ဒီနှစ် ပြီး ခဲ့ တဲ့ ဧပြီ လ က မှ ကမ္ဘာ့ ကျမ်းမာ ရေး အဖွဲ့ WHO က ဘီအေ ၄ နဲ့ ၅ ပိုး တွေ ကို နောက်ရောင် ခံ လိုက် ခဲ့ တာ ပါ
ဘီအေ ၄ ပိုး ကို တောင်အာဖရိက ဘော့စဝါးနား ဒိန်းမတ် စကော့တလန် နဲ့ အင်္ဂလန် တွေ မှာ ဖြစ် နေ တာ တွေ့ ခဲ့ တယ်
ဘီအေ၅ ကို တော့ မေလ ထဲ မှာ ပေါ်တူကီ နိုင်ငံ မှာ တွေ့ ခဲ့ တယ်
ဂျွန် လ မှာ တော့ ဘီအေ၄ ရော ဘီအေ၅ ပါ ယူကေ ခေါ် အင်္ဂလန် နဲ့ ဂျာမဏီ မှာ တွေ့ ခဲ့ တယ်
ဂျွန် လ မှာ ဘဲ ပြင်သစ် မှာ ဘီအေ ၅ ပိုး တွေ တွေ့ တယ်
ဂျွန် ၂၈ရက် မှာ တော့ အမေရိကား မှာ ရောက် နေ ပါ ပြီ
ခု နယူးရောက် နဲ့ ကယ်လီ ဖိုးနီးယား မှာ ဘီအေ၄ ဘီအေ၅ စ ပြန့် နေ ပါ ပြီ
ဘီအေ ၄ နဲ့ ၅ ပေါ် လာ သလို ဘီအေ ၂ က လဲ ဆက် ရှိ နေ ပါတယ်
အမေရိကား မှာ ခုလ ထဲ မှာ
ဘီအေ ၅ က ၅၄%
ဘီအေ ၂ က ၂၇%
ဘီအေ ၄ က ၁၇%
ဖြစ်တာတွေ့ ရ ပါတယ်

အာရှ မှာ လဲ ယိုးဒယား နဲ့ မလေးရှား မှာ ပြန့် နေ ပြန် ပါ ပြီ

မြန်မာပြည် ကို လဲ ဘီအေ၄ နဲ့ ၅ မကြာမှိ လာ ပါ တော့ မယ်

ကာကွယ် ဆေး ၂ လုံး ထိုး ထား သူများ
အရင် ရော ဂါ ဖြစ် ပြီးသူ များ လဲ ကူး နိုင် ပါသည်

ဘယ် လို ကာ ကွယ် မ လဲ ဆို တာ ကမ္ဘာ မှာ အဖြေ ရှာ နေ ပါ တယ်
ကာကွယ် ဆေး တတိယ တ လုံး အပြင် စတ္တုထ တလုံး ထိုး ရင် ရ မ လား?
သေခြာ တာ က တော့
မတ် mask ပြန်တတ်
လူ များ တဲ့ နေရာ မလို အပ်ရင် ရှောင် ပါ
လက်ဆေး ပါ
အရက် ပျံ ပွတ်

ဘီအေ၄ နဲ့ ၅ က ထူးခြား တဲ့ ရောဂါ လက္ခဏာ အသစ် တွေ ခု ထိ တော့ မတွေ့ ပါ
ဖြစ် တာ လဲ မကြာ သေး တော့ သိပ် မသိ ကြ သေး ပါ

နှာဆေး နှာခြေ
နှာရည်ယို
ချောင်းဆိုး
လည် ချောင်း နာ
ခေါင်းကိုက်
ကိုယ် လက် ကိုက်
လူနှုံး
နေမကောင်း

လူ အသေအပျောက် ဘယ် လောက် ထိ ဖြစ် နိုင် တယ် ဆို တာ က လဲ ပြော ဖို့ စော လွန်း ပါသေး ကြောင်း ပါ

အားလုံး ကိုးဗစ် သတိ ရှိ ကြ ပါစေ

မေတ္တာဖြင့်
Dr William Aye MD
USA
ဝါဆိုသင်္ကန်း လှူဒါန်းရကျိုး
🌷🌿🌷🌿🙏🙏🙏🌷🌿🌷

ဗုဒ္ဓဘာသာဝင်တို့အတွက် ဝါဆိုသင်္ကန်းကပ်ချိန် ရောက်လာပြီ ဖြစ်သောကြောင့် ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၏ အကျိုးတွေကို ရေးသား ဓမ္မဒါနပြုလိုက်ပါတယ်…

ဝါဆိုသင်္ကန်း လှူဒါန်းတဲ့အခါမှာ သင်္ကန်းလှူဒါန်းရကျိုးနဲ့ ကာလဒါနလှူဒါန်းရကျိုး ဆိုပြီ အကျိုး နှစ်မျိုး ရပါတယ်။

သင်္ကန်းလှူဒါန်းရကျိုး ( ၇ ) ပါးရှိကြောင်း မြတ်စွာဘုရားဟောကြားထားတော်မူပါတယ်။

ထို (၇) မျိုးမှာ -

(၁) အဝတ်၊ အထည်အတွက် စိုးရိမ်မှုကင်းခြင်း
(၂) ရုပ်ဆင်း အင်္ဂါပြည့်စုံ၍ တင့်တယ်လှပခြင်း
(၃) ခန္ဓာကိုယ်အရောင်အဆင်းပြည့်စုံခြင်း
(၄) အသားအရေ နုညပ်ချောမွေ့ခြင်း
(၅) အညစ်အကြေးကင်းခြင်း
(၆) စိတ်က တောင်းတရုံနဲ့ ထိုအဝတ်အထည်တို့ ရရှိခြင်း
(၇) ဘုရားတစ်ဆူဆူကို တွေ့ကြုံဖူးမျှော်ခွင့်ရသည်ရှိသော် ဧဟိ ဘိက္ခု ခေါ်လိုက်ရုံဖြင့် ရဟန်းဖြစ်ခြင်း ဆိုတဲ့ အကျိုး (၇) ပါးရရှိပါတယ်။

အဲဒါ​တွေက သင်္ကန်းလှူဒါန်းရကျိုး တွေပါ။ ထို့အပြင် ကာလဒါန အကျိုး (၃) မျိုးကိုလည်း ထပ်မံရရှိပါတယ်။

ကာလဒါန အကျိုး (၃)မျိုးမှာ-

(၁) ဥစ္စာပစ္စည်း ကြွယ်ဝခြင်း
(၂) အသုံးအဆောင်ပေါများခြင်း
(၃) အချိန်ကာလနှင့်လျော်သော အကျိုးတရားများရရှိခြင်း တို့ဖြစ်ပါတယ်။
❤1
မိဘကျေးဇူး ဆပ်နည်း ( ၆ )နည်း
***
1 အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း
2 ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း
3 ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း
4 ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း
5 တရားနာ ရိပ်သာဝင်ခိုင်း၍ကျေးဇူးဆပ်နည်း
6 အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း
တိုပဲဖြစ်ပါတယ်.......
---------
( အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း)

မိဘအတွက်
စားဦးစားဖျား ဖယ်ထားတာ
မိဘစားချင်တာ ချက်ကျွေးတာ
မိဘစားချင်တဲ့မုန့် ဝယ်ပေးတာ စတာတွေကို
လုပ်ပေးတာတွေကမိဘတွေ အလွန်ပဲ
၀မ်းသာပါတယ် တဲ့.....

ဒါကြောင့်
အစားအစာ ကျွေး၍
မိဘကို ကျေးဇူးဆပ်နိုင်ပါတယ်.........။
------------
( ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း)

မိဘများ
စာချင်တာတွေ စားနိုင်အောင်
မရောက်ဖူးသေးတဲ့ ဘုရားတွေ ဖူးနိုင်အောင်
လှူချင်တာတွေ လှူနိုင်အောင် စတာတွေကို
လုပ်ပေးရင် မိဘတွေက အလွန်ပဲ ဝမ်းသာ
ပါတယ် တဲ့.......

ဒါကြောင့်
မိဘအတွက် ဥစ္စာ(ပိုက်ဆံ)ပေး၍လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.......
ပိုက်ဆံဆိုတာ မဆပ်လည်း ကုန်မှာ
ဆပ်လည်း ကုန်မှာပါနော်.....။
-----------
( ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း)

အိမ်မှုကိစ္စများနှင့်
မိဘတွေပင်ပန်းမယ့် အခြားကိစ္စတွေမှာ
ကိုယ်တိုင်၀င်ရောက်ပြီး မိဘတွေမပင်ပန်းအောင်
ပြုလုပ်ပေးခြင်း၊ မိဘကို နင်းနှိပ် ပေးခြင်း၊
ပြုစုပေးခြင်း စတဲ့ ဝေယျာဝစ္စတွေကို
ပြုလုပ်ပေးခြင်းနဲ့လည်း ကျေးဇူးဆပ်နိုင်ပါတယ်..
--------------
( ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း)

မိဘတွေ ကုသိုလ်ရအောင်
တရားနာနိုင်အောင် တိုက်တွန်းခြင်း
သင်္ကန်းတွေ လှူခိုင်းခြင်း
အလှူတွေ လုပ်ခိုင်းခြင်းဖြင့်
သား သမီးများက
မိဘတွေ ကုသိုလ်ရအောင်
ဘေးနားကနေ ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........
---------------
( တရားနာ,ရိပ်သာ၀င်ခိုင်း၍ ကျေးဇူးဆပ်နည်း)

မိဘတွေ
တရားနာနိုင်အောင် တိုက်တွန်းပေးခြင်း
ကူညီဖြည့်ဆည်းပေးခြင်း......
မိဘတွေ
ဘုရားအရိပ် တရားအရိပ်မှာ ပျော်မွေ့နိုင်အောင်
ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်........

မြတ်ဗုဒ္ဓ၏
အမြတ်ဆုံးကျေးဇူးအကျေဆပ်နည်းပါ.....
ဖခင်အား ရဟန္တာဖြစ်အောင်
ကျေးဇူး အကျေဆပ်....
မိခင်အား မဟာသောတာပန်ဖြစ်အောင်
ကျေးဇူး အကျေဆပ် တဲ့......
---------------
( အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း)

နောက်ဆုံးကတော့......
မိဘများ
သက်ရှိ ထင်ရှားမရှိတဲ့အချိန်မှာ
မိဘအတွက် ရည်မှန်းပြီး ကောင်းမှုကုသိုလ်များ
ပြုလုပ်ကာအမျှတမ်း ပေးဝေခြင်းကလည်း
မိဘအတွက် ကျေးဇူးဆပ်ရာ ရောက်ပါတယ်။
July 12

ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့အကြောင်း သိကောင်းစရာ…

ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ သန္ဓေ တောထွက် ဓမ္မစက် မိန့်မြွက်သံချို လဝါဆို တဲ့ ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော ဝါဆိုလပြည့်နေ့

( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား ပဋိသန္ဓေ နေသောနေ့

( ၂ ) ဘုရားလောင်း တောထွက် တော်မူသောနေ့

( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ စတင်ဟောတော်မူသောနေ့

( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့

( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

( ၆ ) တရားရတနာ စတင်ပေါ်သောနေ့

( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့

( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့

( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို စတင်ကြားရသောနေ့

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်~

ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်းတရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခုကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတဥာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကိုတရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။ ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဥာဏ် ဣနြ္ဒိယပရောပရိယဥာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။ပထမဦးစွာစျာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီးဖြစ်သည် ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကိုမြင်တော်မူလေသည် ဥဒကရသေ့လည်း ကွယ်လွန်ခဲ့ပြီဖြစ်၏။

ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအားတရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့ခရီးဆက်တော်မူလေသည်။အစားနည်းသောအကျင့်မှ များသောအကျင့်သို့ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟုပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်းအား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့ ရောက်ခဲ့ ကြလေသည်။မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင်အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်ပင်ဝင်လာတော်မူ၏။

ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ်ကြည်ညိုဖွယ်ရှိ၏ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီးဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏ဆည်းဆာညချမ်း ဖြစ်သည်။သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်ပြီးလျက်ရှိ၏ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည်ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်တော်မူုလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်သံ အစတည်း။ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်ထို့ပြင် သဒ္ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူကြောင်းမိန့်ကြား၏ တရားနာယူကြရန်လည်း တစ်ဆက်တည်းတိုက်တွန်း၏ သို့သော်မယုံကြည်နိုင်ကြသဖြင့်သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏ မြတ်စွာဘုရားသည်ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကိုဟောကြားတော်မူလေသည် ထိုတရားတော်၏အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများအနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်ကြလေသည်။ ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင် မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကိုဟောကြားတော်မူခဲ့သည်။ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်ထိုနေ့ကို လည်း ” ရဟန္တာ ” ဟု ဗုဒ္ဓဘာသာဝင်တို့သတ်မှတ်ယူကြကုန်သည်။ဝါဆိုလပြည့်နေ့ကို တရားဦး ” ဓမ္မစကြာ ” ဟောကြားသောနေ့ဖြစ်၍ ” ဓမ္မစကြာနေ ” ဟု ယနေ့အထိ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

🙏🙏🙏
ဝါတွင်းကာလ ဂုဏ်တော်အာရုံပြု အဓိဌာန်ပုတီးစိပ်လိုသူများအတွက်ဒါနပြုခြင်း။

Credit to Nyeinlay and Original Source
ခေတ်အဆက်ဆက်က မြင့်တက်လာ​သော ​ရွှေ​တကျပ်သားစျေးနှုန်းများကို ဗဟုသုတအတွက် တင်​ပေးလိုက်ပါတယ်

👑1962 ---250Ks

👑1982 ---2900--3200Ks

👑1984 ---3800--4500Ks

👑1988 ---6800--7200Ks

👑1988 ---9800--10800Ks

👑1996 -----36000Ks

👑2001 ------Before April 40000Ks

👑2001 ------After April 80000Ks

👑2003---2004----200000Ks

👑2010 -----600000Ks

👑2015 ------900000Ks

👑2020 ------1300000Ks

👑2021 ------After August 1950000Ks

👑2022 ------July 2062000Ks

Crd …
Grade 4 မေးခွန်းပုံစံများ
ပညာရည်အကဲဖြတ်မှတ်တမ်း မူလတန်း အောက်ဆင့် (၂ လတစ်ကြိမ်)၊ မူလတန်း အထက်ဆင့် ( (၃)လတစ်ကြိမ် ) ဖြည့်သွင်းပုံကို ရှင်းပြပေးပါမယ်ခင်ဗျာ။

👨‍🔬 စာပေဘာသာရပ်(၅)ခုဖြစ်သည့် (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး) ဘာသာရပ်များ အတွက်👉 ကော်လံတစ်ခုစီတွင် ဘာသာရပ်အလိုက်စစ်ဆေးအကဲဖြတ်ခြင်းနှင့် တတ်မြောက်မှုစစ်ဆေးအကဲဖြတ်ခြင်း နှစ်မျိုးစလုံး၏ ပျမ်းမျှရမှတ်ကို ဖြည့်သွင်းပါတယ်ခင်ဗျာ။

👨‍🔬 လုပ်ဆောင်မှုကို အခြေပြုသော ဘာသာရပ် (၅)ခုဖြစ်သည့် (စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ(ဂီတ)၊ အနုပညာ(ပန်းချီ) ဘာသာရပ်များအတွက်👉 ကော်လံတစ်ခုစီတွင် ဘာသာရပ်အလိုက်စစ်ဆေးအကဲဖြတ်ခြင်း၏ ပျမ်းမျှအပေါ်မူတည်၍ မှတ်ချက်ကို ဖြည့်သွင်းပါတယ်ခင်ဗျာ။

👨‍🔬 ကျောင်းလုပ်ငန်း👉 ကျောင်းသားတစ်ဦးစီ၏ ကျောင်းလုပ်ငန်းများအတွက် ဆရာ့မှတ်ချက်များ ဖြည့်သွင်းပါတယ်ခင်ဗျာ။

👨‍🔬 *ကျောင်းခေါ်ကြိမ်*👉 ကျောင်းခေါ်ကြိမ် (၇၅ %)အောက် လျော့နည်းသော ကျောင်းသားများကိုသာ ဖေါ်ပြရန်ဖြစ်ပါတယ်ခင်ဗျာ။
👍1