Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Online + Offline သင်ကြားမှုများအတွက်
အကြံပြုချက်များ
==================================

ကျွန်မရဲ့ Training အများစုက သီအိုရီ အနည်းငယ်နဲ့
လက်တွေ့ပေါင်းစပ်လေ့ရှိတဲ့အပြင် များသောအားဖြင့် ဆရာ/မတွေ လက်တွေ့ပြုလုပ်ခြင်းကနေ အားသာချက်၊ လိုအပ်ချက်လေးတွေကို ညွှန်ပေးလေ့ရှိပါတယ်။ လက်တွေ့ကနေ သီအိုရီထုတ်ခြင်းအပိုင်းကို
ပိုနှစ်သက်သူမို့ ဆရာ/မ တွေအတွက် အကျိုးရှိမယ့်
Feedback တစ်ချို့ကို ဖော်ပြပေးပါမယ်။

✅Teacher’s Personality

-ဘာသာရပ်ကျွမ်းကျင်မှုရှိပြီး Activities တွေ
ကောင်းကောင်း ပြုလုပ်တတ်ပေမယ့် သံနေ
သံထား၊ မျက်နှာအမူအရာ၊ သင့်တင့်တဲ့ ကိုယ်ဟန်
အမူအရာမရှိရင် အဆင်ပြေဖို့ရာ ခက်ခဲပါတယ်။

-တစ်ချို့ဆရာ/မလေးတွေဆို Lesson Staging
လုပ်တာ အတော်လေးကောင်းတယ်။ အဆင့်လိုက်
လည်း သင်တတ်တယ်။ ပြရင်ပြသလို သေချာ
လိုက်လုပ်တတ်တယ်။ သို့ပေမယ့် အသံတအား
တိုးတာ၊ မျက်နှာသေနဲ့ စာသင်တာ၊ စကားလုံးတွေ
က နွေးထွေးပေမယ့် ကိုယ်ဟန်အမူအရာက လိုက်
ပါခြင်းမရှိတဲ့အခါ ကျောင်းသားစိတ်ဝင်စားအောင်
လုပ်ဖို့ အခက်အခဲလေးတွေ ကြုံကြရပါတယ်။

✅Teacher’s Feedback

-ကျောင်းသားရဲ့ လိုအပ်ချက်ကို ထောက်ပြတဲ့အခါ
မကောင်းတာကနေ စပြောတာထက် Sandwich
Method လေး သုံးသင့်ပါတယ်။ ပေါင်မုန့်နှစ်ခုကြား
မှာ အသား (သို့) ချီးစ် ထည့်ထားသလို Positive-
Negative-Positive ပုံစံမျိုး သွားရင် ပိုကောင်းပါ
တယ်။ ကျောင်းသားရဲ့ ကောင်းတဲ့အချက်ကို အရင်
ပြောတယ်၊ ပြီးမှ ဒီအပိုင်းလေးမှာ ဒီလိုလုပ်လိုက်ရင်
ပိုကောင်းသွားမယ်ဆိုပြီး ထောက်ပြတယ်၊ နောက်
ဆုံးကျ သူ့ရဲ့ကောင်းတဲ့အချက် တစ်ခုခုနဲ့ အဆုံး
သတ်ပေးမယ်ဆိုရင် ပိုထိရောက်မှာပါ။

-တစ်ချို့ကျ စေတနာပိုပြီး လိုတာတွေ တောက်
လျှောကိ တန်းစီပြီးပြောတော့ တစ်ဖက်က နားလည်
ရခက်သလို လက်မခံချင်သလိုပါ ဖြစ်တတ်ပါတယ်။

✅Reminders

-ကျောင်းသားရဲ့ လုပ်ဆောင်ချက်နဲ့ပက်သက်ပြီး
မလုပ်ခင် သတိပေးတဲ့အခါ အပြုသဘောဆန်ဆန်
သတိပေးသင့်ပါတယ်။
ဥပမာ - ဒီလိုမလုပ်ရင် အမှတ်လျှော့မယ်နော်လို့
ပြောတာထက်စာရင် ဒီလိုလေး လုပ်ရင် Sticker/
Present တစ်ခုခုပေးမယ်လို့ ပြောတာက ပိုပြီး
နားဝင်ချိုသလို ကိုယ့်စကားနားထောင်အောင်
ဆွဲဆောင်ရာလည်း ရောက်ပါတယ်။

-အတန်းထဲမှာ မြန်မာလိုပြောရင် Fine ကောင်းမယ်
လို့ ဆိုမယ့်အစား English လို အတန်းထဲတောက်
လျှောက်ပြောတဲ့ သူတွေကို တစ်ပတ်ကြာရင်
ဆုပေးပါမယ်လို့ ပြောတာက အပြုသဘောပိုဆောင်
ပါတယ်။

✅Whiteboard/ Screensharing

-အပြင်အတန်းတွေမှာဆိုရင် ဆရာ/မတွေက စာ
တစ်ခုခုရေးမယ်ဆိုရင် ကျောင်းသားဘက်ကို
တောက်လျှောက် ကျောပေးပြီး ရေးလေ့ရှိကြပါ
တယ်။ အတန်းကြီးဆို သိပ်ပြဿနာမရှိပေမယ့်
အတန်းငယ်လေးတွေကျ ဆရာ/မတစ်ဖက်လှည့်ရေး
ချိန်မှာ သူတို့က အချင်းချင်း ဆော့ကစားတာ၊ ရန်
ဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် စာရေး
မယ်ဆိုရင် ကိုယ်တစ်ခြမ်းသာ စောင်းရေးပြီး ရံဖန်
ရံခါ ကျောင်းသာဘက် လှည့်ကြည့်ပေးပါ။

-Online Class ဆိုရင်လည်း အတန်းစကတည်းက
Screenshare စလုပ်တာ (သို့) အတန်းသင်နေစဉ်
တောက်လျှောက် Screenshare တာမျိုးလေး ရှောင်
ပေးပါ။ Screenshare ရင် ကျောင်းသားအားလုံးရဲ့
မျက်နှာ အပြည့်အဝမမြင်ရတာကြောင့် ကင်မရာရဲ့
နောက်ကွယ်မှာ သူတို့လေးတွေက သူတို့ လုပ်ချင်
တာလုပ်နေနိုင်ပါတယ်။

✅Teacher’s Language

-မြန်မာစာသင်တဲ့ ဆရာ/မတွေဆိုရင် ကိုယ်ပြောမယ့်
စကားမှာ ဒေသစွဲအသံအကျင့်လေးတွေ မပါဖို့နဲ့
Formal အသုံးလေးတွေ သုံးပေးဖို့ လိုပါတယ်။
(ဥပမာ - ဒီလိုလေးရေးတာ အရမ်းကောင်းတယ်လို့
ဆိုပြီး “အရမ်း” ဆိုတဲ့ အသုံးအနှုန်း သုံးတဲ့အခါ
ကျောင်းသားတွေကပါ နားမလည်ဘဲ တုပသုံးတာ
မျိုးဖြစ်လာနိုင်ပါတယ်။ “အရမ်း” လို့ သုံးမယ့်အစား
“တော်တော်လေး” “အတော်လေး” လို့ သုံးတာလေး
က ပိုယဉ်ကျေးပါတယ်။

-ဒေသစွဲသံဖြစ်တဲ့ “ဝေ့” “ဟဲ့” “ဟေ” အစရှိတာလေး
တွေသတိထားပေးပါ။ “ပြီးပြီလားဝေ့” “ကြားလား
ဟေ” “မဟုတ်သေးဘူးဟဲ့” လို အရပ်သုံးပုံစံနဲ့
သူတို့လေးတွေကို ပြောတဲ့အခါ သူတို့ကပါ စာရေး
တာနဲ့ စကားပြောတာတွေမှာပါ လိုက်တုပပြီး သုံးလာ
ပါလိမ့်မယ်။

✅Production

-ဘယ်ဘာသာရပ်ပဲ သင်သင်လက်တွေ့ ဆန်ဆန်
ပြန်လည်အသုံးချတတ်အောင် သင်ပေးပါ။
Maths မှာ ပေါင်းခြင်း ၊ နုတ်ခြင်းအကြောင်း
သင်မယ်ဆိုရင် ကိုယ်ပေးတဲ့ လေ့ကျင့်ခန်းကို
ကျောင်းသားက မှန်အောင် တွက်နိုင်တာ တစ်ခု
တည်းမလုပ်သင့်ပါ။ သူတို့ အိမ်မှာ တိုးလာတဲ့
ပစ္စည်း၊ လျော့သွားတဲ့ ပစ္စည်း အစရှိတာလေးတွေ
ကိုပါ တွေးခိုင်းပြီး ပြောခိုင်းသင့်ပါတယ်။

-မြန်မာစာမှာ -ပ် နဲ့ -က် အကြောင်းသင်မယ်ဆိုရင်
လည်း ဘယ်စာလုံးက -ပ်၊ ဘယ်စာလုံက -က်
ဆိုပြီး ခွဲနိုင်တဲ့ Recognition အဆင့်မှာပဲ ရပ်ထားတာ
မျိုး မလုပ်သင့်ပါဘူး။ နောက်ဆုံးမှာ ကလေးတွေ
ကို အက္ခရာတွေ ပေးပြီး သူတို့ကြိုက်တဲ့ အက္ခရာ
နှစ်လုံးကို အသတ်တွေနဲ့ တွဲပြီး အဲဒီအကြောင်းလေး
ပြန်ပြောတာမျိုး လုပ်စေချင်ပါတယ်။
(ဥပမာ -ရပ် = သမီးက ရပ်နေရတာ သဘောကျ
တယ်။
တက်= မောင်လေးက လှေကားက တက်ရတာကြိုက်တယ်။)

တစ်စုံတစ်ရာအကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။
Short Notes
========

Vocabulary
Grammar
Function
Pronunciation
Listening Skills
Reading Skills
Writing Skills

ဘာလေးပဲ သင်သင် Speaking Skills လေး မပါမဖြစ်
အောင် ထည့်သင်ပါနော်။

အဲဒါမှ သင်ခန်းစာလေးက ပိုမြိုင်သလို ကျောင်းသား
တွေပျော်မှာ။

Input ပေးတဲ့အခါ လည်း English လို 90% ပြောပြီး သူတို့ကိုလည်း ဘာလုပ်ခိုင်းခိုင်း Speaking တွဲထည့်ပေးတော့ Exposure + Applying တွဲသွားတော့ ပုံမှန်
ထက် လေ့ကျင့်ရတာထက် ပိုမြန်ပြီး တိုးတက်မှုရှိပါမယ်။
များပြားလှသော ဆရာ့အခန်းကဏ္ဍ
================================
(Ref - Essential Teacher Knowledge)

ယနေ့ခေတ်တွင် အသက်မွေးဝမ်းကျောင်းမှု အခြေ
အနေ အခက်အခဲများကြောင့် သင်ကြားရေးနယ်ပယ်
သို့ ဝင်ရောက်လာကြသူ အတော်များပြားလာပါသည်။

လူတွေရှေ့မှာ မတ်တပ်ရပ်ပြီး ပြောရဲရုံ၊ ကင်မရာရှေ့တွင် အများအထင်ကြီးအောင် English လို ပြောပြ
နိုင်ရုံဖြင့် ဆရာဖြစ်သည်ဟု ယူဆပြီးသင်ကြားရေး
အလုပ်ကို အလွယ်ဆုံး အလုပ်သဖွယ်သဘောထားသူများလည်း ကြုံတွေ့လာရသည်။

တစ်ချို့လည်း သင်ကြားရေးနယ်ပယ်ကို မတော်တဆ
ဝင်လာရင်းမှ တကယ်ပင် ဝါသနာပါသွားလို့ သေချာ
ထဲထဲဝင်ဝင် သေချာလေ့လာသူ အမြောက်အမြားကို
လည်း တွေ့ရပြန်သည်။

ပုံစံအမျိုးမျိုးလေးနဲ့ ဆရာ/မတွေကို ဆုံတွေ့ခဲ့ရ
တာကြောင့် များပြားလှသည့် ဆရာ့အခန်းကဏ္ဍ
အား မျှဝေချင်စိတ်ဖြစ်လာပါသဖြင့် နားလည်
သလောက် အပိုင်း (၁) အနေနဲ့ ပြောပြပေးပါရစေ။

✅Teachers are all times of FACILITATORS of
Learning.

စာသင်တဲ့အခါမှာ အရာရာအဆင်ပြေအောင် ဘက်စုံ
ကနေ ပံ့ပိုးသူအနေနဲ့လည်း ရပ်တည်ရပါတယ်။
Stationeries မေ့ခဲ့လို့ ကိုယ့်ပစ္စည်းတွေ ငှါးပြီး ပေး
သုံးတာ၊ အဝေးမှုန်တဲ့ ကျောင်းသားကို အတန်းရှေ့
မှာ ထိုင်စေတာ၊ Ebooks Sharing ပဲ လုပ်နေရင်
ကျောင်းသားတွေ အဆင်မပြေမှာစိုးတာကြောင့်
PowerPoint ထဲပြန်ထည့်ပြီး ရှင်းလင်းအောင် လုပ်
ပေးတာမျိုးလေးတွေပါ။ စာတော့ မသင်ပေမယ့်
ကျောင်းသားတွေအတွက် အစစအရာရာ ချောမွေ့
အောင် နောက်ကွယ်က ပံ့ပိုးသူ၊ သူတို့ဘာသာသူတို့
အားကိုးတတ်အောင် လမ်းပြပေးသူဟာ Facilitator
ပါပဲ။

✅We often act as PROMPTERS.

တစ်ခုခုသင်ပြီးလို့ ကျောင်းသားတွေကို ပြန်မေးတဲ့
အခါ ချက်ချင်းမဖြေနိုင်ကြတာ များပါတယ်။ အဲဒီ
အခါ မျက်နှာအမူအရာဖြင့် ဖြစ်စေ၊ သံနေသံထား
ဖြင့် ဖြစ်စေ၊ စကားလုံးရဲ့ အစလေးပြောစေခြင်းဖြင့်
ဖြစ်စေ အရိပ်အမြွက်ပြောပြသူလေး အနေနဲ့လည်း
နေရပါသေးတယ်။ ဒါမှ ကျောင်းသားအနေနဲ့လည်း
ပိုပြီး ပြောရဲဆိုရဲရှိလာမှာပါ။

✅One of the teacher’s most important jobs is
COMPREHENSIBLE INPUT PROVIDER to
the students.

ဆရာဆိုတိုင်းလည်း ကိုယ်သိသမျှတိုင်းကို ကိုယ်
နားလည်သလို ကျောင်းသားတွေကို ပြောပြလို့
မဖြစ်ပြန်ဘူး။ သူတို့ရဲ့ အသက်၊ Level မူတည်ပြီး
ကိုက်ညီတဲ့ ဘာသာစကားကို ရွေးချယ်ပြောတတ်ဖို့
လည်း လိုပါသေးတယ်။

✅We often act as EVIDENCE GATHERERS.

Pairwork/ Groupwork လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်၊
တစ်ဦးဆီ လုပ်ရတဲ့ Presentationတွေမှာပဲဖြစ်ဖြစ်
သူတို့လေးတွေ Tasks လုပ်နေချိန်မှာဆိုရင် ဘယ်နေ
ရာမှာ ဘာလိုသွားသလဲဆိုတာကို အသေးစိတ်လိုက်
မှတ်ရတဲ့သူလည်း လုပ်ရပါသေးတယ်။ အများစု
ထင်သလို Groupwork လုပ်တိုင်း ဆရာက စကားမပြောရလို့ အနားရတယ်ဆိုတာ တကယ်တော့ မဟုတ်
ပါဘူး။
အရေးကြီးတဲ့ Task Preparation
==============================

ဆရာ/မတွေအနေနဲ့ စာသင်တဲ့အခါမှာ Task
Preparation အပိုင်းလေးကို မမေ့လျော့ဘဲ
သေချာလေး ပြုလုပ်သင့်ပါတယ်။ Task
Preparation ပိုင်း မေ့လျော့ခဲ့ရင် စာသင်တဲ့
အချိန်မှာ လိုတာထက် အချိန်ပိုကုန်တာ၊
အချိန်မီ မပြီးတာမျိုးတွေ အများကြီး ဖြစ်နိုင်ပါ
တယ်။

ဒါ့အပြင် ပိုးသာကုန် မောင်ပုံစောင်းမတတ်
ဆိုသလိုမျိုး လုပ်တော့လုပ်ဖြစ်ပြီး မထိရောက်တာကြောင့် အချည်းနှီးသာ ဖြစ်ပေလိမ့်မယ်။ ဒါကြောင့် Task Preparation နဲ့ ပက်သက်တဲ့ သတိပြုဖွယ်
အချက်လေးတွေ လေ့လာကြရအောင်။

✅ Whiteboard မှာ စာရွက်လေးတွေ လာကပ်တဲ့
Activities မျိုး လုပ်ချင်တယ်ဆိုရင် Paper
Tape တွေ ကြိုခွါပြီး Whiteboard ဘေးတွေ
မှာ အသင့်သုံးနိုင်ဖို့ ပြင်ဆင်ပေးထားတာမျိုး။

✅ Handouts မှာ အရောင်ခြယ်စေချင်တာဆိုရင်
လည်း မခြယ်ခင်မှာ ကျောင်းသားတွေအနေနဲ့
Color Pencil/Crayon တွေ ပါ၊ မပါ အရင်
စစ်ဆေးတာမျိုး။

✅ Reading Or Listening Comprehension တွေ
လုပ်မယ်ဆိုရင်လည်း လေ့ကျင့်ခန်းတွေရဲ့
Main Ideas တွေကို အရင်ထောက်ပြပြီးမှ
လုပ်ခိုင်းတာမျိုး။
( ဥပမာ -keywords ကို လိုင်းသားခိုင်းတာ)

✅ Online Class မှာဆိုလည်း ကိုယ့်ကျောင်းသားကို
Presentation လုပ်စေချင်တယ်စေရင် မလုပ်
ခင်မှာ လိုအပ်တဲ့ Tips တွေ ပြောပေးတာ၊
Tools တွေအကြောင်း ရှာဖွေနိုင်အောင် လမ်းပြ
ပေးတာမျိုး။

✅Listening တစ်ခုလုပ်မယ်ဆိုရင်လည်း မလုပ်ခင်
မှာ ဘယ်လိုပုံစံနဲ့ နားထောင်ရမလဲ၊ အသေးစိတ်
လား၊ ယေဘူယျလား၊ ဆရာရှာခိုင်းတဲ့အချက်ပဲ
နားထောင်ရမလားဆိုတာ ကြိုပြောပြပေးတာမျိုး။

✅ Exam-oriented အတန်းတွေဆိုရင်လည်း မေး
ခွန်းတွေ မဖြေခင်မှာ အဖြေရဖို့ အခြေခံလိုအပ်
တဲ့အရာတွေ ကြိုမေးတာမျိုး အစရှိတာတွေ
လုပ်နိုင်ပါတယ်။

🤗အခြားသော အခြေအနေတွေ အမျိုးမျိုးရှိပေမယ့်
အများနားလည်လွယ်အောင် ယေဘူယျဖော်ပြ
ပေးခြင်းသာ ဖြစ်ပါတယ်။ Task Preparation
ဆိုတာ အလွယ်ပြောရရင် တစ်ခုခုလုပ်ခိုင်းချင်
ရင် ဘာအရင် သိဖို့လိုမလဲ၊ သိပြီးရင် ဘယ်လို
လုပ်မလဲဆိုတာမျိုးပါ။

အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။
ESL Teaching ပိုင်း စလုပ်ချင်တယ်ဆိုသူများ
အတွက်
================================

မကြာခဏလေး လာမေးကြလို့ ထပ်ပြီး အတိုချုံ့လေး
ပြောပြပေးလိုက်မယ်နော်။

Step 1- English Proficiency ကောင်းအောင် အရင်
လုပ်ပါ။ အနည်းဆုံး B2 လောက်ရှိမှ ပိုအဆင်
ပြေပါတယ်။ ESL သင်ကြားရေးပိုင်းနဲ့ ပက်
သက်ပြီး လေ့လာရတာတွေက English
လိုသာများတဲ့အတွက် အခြေခံအားဖြင့်
Reading + Speaking Skills လုံးဝကောင်းဖို့
လိုပါတယ်။

Step 2 - Four Skills ပိုင်း သင်ကြားရေး အတွေ့အ
ကြုံရှိအောင် ကြိုးပမ်းရင်း လိုအပ်တဲ့
စာအုပ်စာတမ်းတွေ ဖတ်တာ၊ သင်တန်း
တွေ တက်တာလုပ်ပါ။
(Starters, Movers…IELTSသင်ကြားရေး
ပိုင်း အရင်မလုပ်ပါနဲ့)
Skills ကို ကောင်းကောင်း သင်တတ်အောင်
လေ့လာပြီးမှ Exam ပိုင်း သင်ကြားနည်း
လေ့လာသင့်ပါတယ်။

Step 3 - ဝါသနာပါလို့ Exam ပိုင်းတွေ သင်တတ်ချင်
တယ်ဆိုရင် Four Skills ကို အတန်းအနေ
နဲ့ ကျောင်းသားတွေကို သင်ဖူးပြီးမှသာ
စလေ့လာရင် ပိုထိရောက်ပါတယ်။
ဆိုပါစို့ IELTS သင်တက်ချင်သူဆိုရင်
ကလေးတန်း Four Skills သင်ဖူးရုံနဲ့မပြေ
ပါ။ လူကြီးတန်းကို သင်ဖူးမှသာ အဲအရွယ်
တွေရဲ့ ခံစားချက်၊ စိတ်သဘောထားတို့ကို
သိနိုင်မှာပါ။ နောက်အရေးကြီးတဲ့တစ်ချက်
က Exam သင်မယ်ဆိုရင် ကိုယ်တိုင်ပါ
အဲဒီ Exam ဖြေဖူးတဲ့ အတွေ့အကြုံရှိရင်
ပိုကောင်းပါတယ်။ Starters အတန်းသင်
မှာမို့ ကိုယ့်အသက်အရွယ်နဲ့ ဘယ်လိုဖြေ
ရမှာလဲလို့ တွေးကောင်း တွေးမိပါလိမ့်
မယ်။ အဲအခါကျရင်တော့ အဲ level ကို
မသင်ခင်မှာ ကျောင်းသားတစ်ယောက်လို
ခံစားချက်ထည့်ပြီး အချိန်နဲ့ ဖြေကြည့်ပါ။
အတိုင်းအတာတစ်ခုအထိ အခက်အခဲ
တွေ သိလာပါလိမ့်မယ်။

Step 4 - ကိုယ်ကလည်း စာသေချာသင်တတ်သလို
သင်ကြားပိုင်းဆိုင်ရာတွေ ဖတ်ရှုဖူးတယ်
ဆိုရင်တော့ နိုင်ငံတကာ အသိအမှတ်ပြု
လက်မှတ်ရ သင်တန်းတွေဘက်ကို စတင်
လျှောက်လှမ်းနိုင်ပါပြီ။
(Cambridge TKT, CELTA, TESOL,
DELTA etc)
အခုမှ စာစသင်မယ့်သူတို့၊ Early Childhood
ပိုင်း/ Subject Teaching ပိုင်းကနေ စ
ပြောင်းလာရင် Step 4 တန်းမလုပ်သင့်ပါ။

အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။
Classroom Management Tip 🥰
============================

Online မှာပဲ သင်သင်၊ အပြင်မှာပဲ သင်သင်
ဆရာ/မတွေမှာ နောက်ထပ် ကြုံလေ့ရှိတဲ့ ပြဿနာ
လေးကတော့ Rephrasing တအားလုပ်တာပါပဲ။

Rephrasing ဆိုတာ အတန်းထဲမှာ ကိုယ်လုပ်မယ့်
Procedures တွေကို ကျောင်းသားကို တစ်ပြိုင်နက်
အားလုံးချပြ အစီရင်ခံတာမျိုးပါ။

တစ်ခါတလေကျ အဲလိုလုပ်မိမှန်း မသိလိုက်အောင်
ကို ဆရာ/မအများစု လုပ်တတ်ကြပါတယ်။

ဆိုပါစို့….ကျောင်းသားကို သီချင်းလေးနားထောင်
ခိုင်းပြီး အဲသီချင်းက ဘာအကြောင်းအရာကို အဓိက
ရည်ညွှန်းသလဲ၊ ပြီးရင် ထပ်နားထောင်ပြီး Gap တွေ
ဖြည့်ခိုင်းချင်တယ်ဆိုရင် အဲဒါတွေအားလုံးကို
တစ်ပြိုင်နက် ကျောင်းသားကို Instructions ပေး
လို့မရပါဘူး။

Firstly , you need to listen to the song and then tell me what it is about. After that, let’s listen one more time and fill in the gaps. Then we’ll check the answer together.🫣🫣🫣

အဲလိုပြောတာက ကျောင်းသားဆီမှာ ကိုယ်တွေလုပ်
မယ့် အရာတွေကို အစီရင်ခံသလို ဖြစ်သွားတတ်ပါ
တယ်။ ဒါ့ကြောင့် လုပ်မယ့် အဆင့်တစ်ဆင့်ဆီ
အလိုက် ဖြတ်တောက်ပြောဆိုဖို့ လိုပါတယ်။

Everyone, let’s listen to the song.
After that, tell me what it is about.🤗🤗

(Ss listen and discuss what the song is about.)

ပြီးမှ နောက်တစ်ဆင့်အတွက် လုပ်ရမှာတွေကို
ပြောပါ။

Now, listen again and fill in the gaps.🤗🤗

(Ss listen and fill)

OK, it’s time to check the answers.🤗🤗

✅Instructions ပေးတဲ့အခါ အစီရင်ခံတာ၊ မိန့်ခွန်း
ပြောတာလို တဆက်တည်း မလုပ်ပါနဲ့။ နည်းနည်း
ဆီ တစ်ဆင့်ချင်း ပြောပေးပါ။

အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။
Classroom Management Tip 1 🥰
=========================

Online မှာ စာသင်ရင်း Screenshare နေတဲ့အခါ
Error ကြောင့် Screen မတက်လာတာ၊ ကြန့်ကြာ
နေတာမျိုးရှိရင် ချွေးမပြန်ပါနဲ့။

ဘာမှမပြောဘဲ Error ဖြစ်နေတာကိုပဲ အသံတိတ်
အံကြိတ်ကာ မျက်နှာကြီး မဲ့ပြီးမဖြေရှင်းပါနဲ့။

Technology က ပြဿနာမဟုတ်ဘဲ Teacher’s
Personality က အဓိက ပြဿနာဖြစ်တတ်ပါတယ်။

အပြင်မှာ သင်တာနဲ့ မတူတာက အပြင်မှာဆို ဆရာ့
မျက်နှာ စေ့စေ့ကြည့်ပြီး တစ်ချိန်ကုန်သင်ယူစရာ
မလိုတာကြောင့် Facial Expression ပြောင်းတိုင်း
ကျောင်းသားက သတိထားမိချင်မှ ထားမိမှာပါ။

Online ကျ တော့ ဆရာမျက်နှာ အထင်းသားကို
ကျောင်းသားတွေက တောက်လျှောက်တွေ့နေရတာမို့
မျက်နှာအမူအရာ ပြောင်းတိုင်း သတိထားမိဖို့ လွယ်ပါတယ်။

Screenshare Error တက်တယ်ဆိုရင်တောင် ပုံမှန်
အတိုင်းပြုံးပြုံးလေးနေပြီး စကားလေးတစ်ခုခု
ပြောနေတာ (သို့) အလုပ်တစ်ခုခု ခဏပေးထားပါ။

Laptop Error ပြင်ဆင်ချိန်မှာ ကျောင်းသားတွေကို
ဒီအတိုင်း စောင့်မနေပါစေနဲ့။

စာတိုပေမယ့် အကျိုးရှိမှာပါ။
School Management ပိုင်း ဆိုင်ရာ မှတ်စု
=============================

မနေ့ညက School Management Course ရဲ့ အမေးအဖြေ ကဏ္ဍမှာ ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာတစ်ချို့ ပြန်မျှဝေ ပေးပါမယ်။

Management Level လုပ်နေရတဲ့ ကျောင်းအုပ်ချုပ် သူတစ်ယောက် မေးထားတာလေးက သူ့ကျောင်းမှာ Supervisor အနေနဲ့ ဆရာမတစ်ယောက်ကို
ခန့်ထားပါတယ်။ ဘာတွေ ဘယ်လိုလုပ်ရမလဲဆိုတာ
သေချာညွှန်ကြားထားပြီး ဆရာ/မတွေကို အုပ်ချုပ်
စေပါတယ်။

သို့ပေမယ့် Supervisor က ဆရာ/မလေးတွေရဲ့ အဆင်မပြေတာတွေကို အမြဲအုပ်ထားပေးပြီး
အုပ်ချုပ်သူကို အမှန်အတိုင်း တင်ပြလေ့မရှိပါဘူး။
အဲဒီအခါ ဆရာ/မတွေနဲ့ Supervisor ရဲ့ ဆက်ဆံရေး
ဟာ ထင်ထားတာထက် ပိုကောင်းနေပြီး အုပ်ချုပ်သူ
ကျောင်းကို ရောက်လာချိန်မှာ ဆရာ/မတွေဟာ သူ့ကို
ကြောက်ရွံ့တဲ့ ပုံစံမျိုးပြကြပါတယ်။ အလုပ်တွေ
ကြည့်လိုက်တဲ့အခါမှာလည်း သူစီမံထားသလို ဖြစ်
မနေတဲ့အတွက် ဘယ်လိုဖြေရှင်းရမလဲဆိုတာလေး
မေးထားတာပါ။

အဲဒါနဲ့ ကျွန်မသုံးသပ်ပြီး ဒီအကြံလေးတွေ ပေးခဲ့ပါတယ်။

-အုပ်ချုပ်သူ အနေ နဲ့ ဆရာ/မ၊ ဝန်ထမ်းတွေနဲ့ ရင်းနှီး
မှု တည်ဆောက်သင့်ပါတယ်။ ဘယ်လောက်ပဲ
Supervisor ခန့်ထားထား၊ ကိုယ့်ဆီမှာ အလုပ်ဝင်
နေတဲ့သူတွေကို ပုဂ္ဂိုလ်ရေးအရ ဂရုစိုက်ကြောင်း၊
ကိုယ်သူတို့ကို ဘယ်လိုတန်ဖိုးထားကြောင်း ၊ ကိုယ်
ဟာ ဘယ်လိုလူမျိုး ဖြစ်ကြောင်း မသိမသာလေး
ပြပေးသင့်ပါတယ်။ Supervisor နဲ့ပဲ အမြဲလွှတ်ထား
ရင် ကိုယ်နဲ့ ဆရာ/မတွေ ကြားမှာ Gap တစ်ခုဖြစ်နေ
တတ်ပါတယ်။ ဒါ့ကြောင့် တစ်လမှာ အနည်းဆုံး ၂
ကြိမ်လောက် အားလုံးနဲ့တွေ့ဆုံပြီး Meeting လေး
တွေလုပ်ကာ အတူလက်တွဲ အဖြေရှာသင့်ပါတယ်။

-နောက်တစ်ခုက အုပ်ချုပ်သူဟာ ပညာရေးနယ်ပယ်
က မဟုတ်တဲ့အတွက် ဆရာဆရာမတွေ အနေနဲ့
တစ်ချို့ ပြောချင်တာတွေကို ပွင်းလင်းစွာ မပြော
နိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်က
စာမသင်ဘူးဆိုရင်တောင် သင်ကြားရေးပိုင်းနဲ့
ပက်သက်တွေ စာတွေဖတ်၊ သင်တန်းတက်၊
Workshop တွေပါ တက်ပေးမယ်ဆိုရင် ဆရာ/မ
တွေရဲ့ နယ်ပယ်အကြောင်း နားလည်လာပြီး
သူတို့ ခံစားချက်လေးတွေပါ ပိုသိလာပါလိမ့်မယ်။
သူတို့လုပ်တာလေးတွေကို ကိုယ်က သိတယ်၊
နားလည်တယ်ဆိုတာမျိုး ပြပေးနိုင်ရင်လည်း
ကြားခံဘယ်သူ့ဘယ်သူကြောင့်မှ ဝန်ထမ်းနဲ့
အုပ်ချုပ်သူကြားမှာ Gap ဖြစ်မှာ မဟုတ်တော့ပါ
ဘူး။

Tips✌️✌️✌️

-ဝန်ထမ်းတွေနဲ့ တွေ့ဆုံးစကားပြောဖို့ အချိန်ပေး
ပါ။ Manager/ Supervisor တို့နဲ့ပဲ လွှဲမထားပါနဲ့။

-ကိုယ်လုပ်ငန်းအကြောင်း ကိုယ်တိုင်သိနားလည်
အောင် အချိန်ပေးလေ့လာပါ။

==============================

သင်တန်းမှာ

နောက်ထပ်ဆွေးနွေးတာလေးတစ်ခုက Senior/
Junior ပြဿနာပါ။ ကျောင်းမှာ နှစ်ရှည်လများ
အလုပ်လုပ်လာတဲ့ ဆရာ/မတစ်ချို့ရှိပါတယ်။
လုပ်တာကြာပေမယ့် Skills တက်လာတာမျိုး
မရှိပါ။ ထပ်လေ့လာတာမျိုးလည်း မရှိတာကြောင့်
ပုံမှန်အတိုင်းပဲ စီးမျောနေပါတယိ။ ဒါကြောင့်
ပုံမှန်လစာသာ ပေးပါတယ်။ Juniors တွေ ဝင်လာ
တဲ့အခါ အသစ်တွေက Skills လည်း ကောင်းသလို၊
ကြိုးလည်းကြိုးစားတယ်။ ဒါ့ကြောင့် သူတို့ကို
လစာပိုပေးတဲ့အခါ Seniors တွေက မကျေနပ်ကြပါ
ဘူး။

ကျွန်မအကြံပြုပေးလိုက်တာကတော့ KPI (Key Performance Indicator) လေး ထားပေးဖို့ပါ။
KPI ဆိုတာကတော့ သူတို့အရည်အချင်းကို ဖော်
ပြပေးတဲ့ ပေတံလေးတစ်ခုပါ။ KPI မှာဆိုရင်
-အတန်းချိန်မှန်တာ
-အတန်းမပျက်တာ
-ကျောင်းသားတွေ ပျော်အောင် ဖန်တီးနိုင်စွမ်းရှိတာ
-ကျောင်းသားရလဒ်တွေကောင်းတာ
-ကျောင်းသား complaint မတက်တာ
-ကျောင်းသားမိဘနဲ့ ဆက်ဆံရေးပြေလည်တာ
-Continuous Professional Development လုပ်နိုင်
တာ အစရှိတဲ့ သင့်တော်တဲ့ အချက်တွေထည့်ထား
ပြီး လစဉ်ထောက်ပြဆွေးနွေးအမှတ်ပေးသင့်ပါ
တယ်။ လစာ Pay Slip လက်မှတ်မထိုးခင်မှာ
KPI Result လေးပြပြီး အဲဒါကိုပါ လက်မှတ်ထိုး
ခိုင်းသင့်ပါတယ်။

နောက်ပြီး KPI Results အရ အမှတ်အများဆုံးရတဲ့
ဆရာ/မ သို့ ဝန်ထမ်းကို The Best Staff of the Month အနေနဲ့ ရွေးချယ်ပြီး Appreciate လုပ်ပေး
မယ်၊ ကြေညာပေးမယ်ဆိုရင် Seniors တွေလည်း
ပိုကြိုးစားချင်စိတ်ရှိလာသလို အငယ်ဆရာ/မတွေ
လစာပိုရတာကို ကြည်ဖြူစွာ လက်ခံနိုင်ပါလိမ့်မယ်။

Tips ✌️✌️✌️

-KPI ထားဖြစ်အောင်ထားသလို ဝန်ထမ်းတွေကို
သိရှိကြောင်းလေး လက်မှတ်ထိုးခိုင်းပါ။

(ဖော်ပြပါအချက်တွေကတော့ မနေ့ညက သင်တန်းမှာ ဆွေးနွေးတာတွေထဲက တစ်ချို့ဖြစ်ပါတယ်။
တစ်စုံတစ်ရာ အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။)
2022ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှ ဝင်ခွင့်ဆိုင်ရာ အနိမ့်ဆုံးသတ်မှတ်ရမှတ်များ

ပညာရေးတက္ကသိုလ် BEd ဝင်ခွင့်
ရန်ကုန် + စစ်ကိုင်း ၊ အနိမ့်ဆုံးအမှတ်
သိပ္ပံဘာသာတွဲ - 450 မှတ်
ဝိပ္ပံဘာသာတွဲ - 420 မှတ်
ဝိဇ္ဇာဘာသာတွဲ - 400 မှတ်
စုစုပေါင်းကျောင်းသားဦးရေ = 400
သိပ္ပံဘာသာတွဲ = 200 ဦး
ဝိပ္ပံဘာသာတွဲ = 100 ဦး
ဝိဇ္ဇာဘာသာတွဲ = 100 ဦး

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် - 400 မှတ်နှင့်အထက်
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် - 420 မှတ်နှင့်အထက်
သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် - 360 မှတ်နှင့်အထက်

ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီးနယ်မြေ) - 380 မှတ်နှင့်အထက်
စုစုပေါင်းကျောင်းသားဦးရေ = 1600 ဦး
ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) - 420 မှတ်နှင့်အထက်
စုစုပေါင်းကျောင်းသားဦးရေ = 640 ဦး

ရန်ကုန်နည်းပညာတက္ကသိုလ်ဝင်ခွင့်အနိမ့်ဆုံးရမှတ်
ရူပ+ဓာတု+သင်္ချာ+အင်္ဂလိပ်စာ
(4ဘာသာရမှတ်ပေါင်း) - 320 မှတ်နှင့်အထက် ကျား220+မ180= 400 ဦး

မန္တလေးနည်းပညာတက္ကသိုလ်ဝင်ခွင့်အနိမ့်ဆုံးရမှတ်
ရူပ+ဓာတု+သင်္ချာ+အင်္ဂလိပ်စာ
(4ဘာသာရမှတ်ပေါင်း) - 320 မှတ်နှင့်အထက် ကျား210+မ170= 380 ဦး

သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်
(ချာ ဓာ ရူ ပါသောဘာသာတွဲများ)
စုစုပေါင်းရမှတ် - 450 မှတ်နှင့်အထက်
ကျောင်းသား/သူဦးရေ= 200 ဦး

ရန်ကုန်ကွန်ပျူတာတက္ကသိုလ် - 450 မှတ်နှင့်အထက်
(or) Eng+Maths - 140 မှတ်နှင့်အထက်
စုစုပေါင်းကျောင်းသား/သူ = 500 ဦး

မန္တလေးကွန်ပျူတာတက္ကသိုလ် - 430 မှတ်နှင့်အထက်
(ချာ ဓာ ရူ ပါသော ဘာသာတွဲဖြင့်အောင်မြင်သူများ)
(အင်္ဂလိပ်+သင်္ချာ ၂ ဘာသာပေါင်း 140 မှတ်နှင့်အထက် ရရှိသူ)
စုစုပေါင်းကျောင်းသား/သူ = 250 ဦး

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)- 420 မှတ်နှင့်အထက်
(ချာ ဓာ ရူ ပါသော ဘာသာတွဲများ)
၃၅၀ ဦး = ကျား 50% + မ 50%

နိုင်ငံခြားဘာသာတက္ကသိုလ်ဝင်ခွင့် - 400 မှတ်နှင့်အထက်
English ဘာသာရပ်ဆိုလျင် -
ရန်ကုန် - Eng 65 မှတ်အထက်
မန္တလေး - Eng 60 မှတ်အထက်

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် - 400 မှတ်နှင့် အထက်
(လိပ်၊ချာ၊ရူ၊ဓာ ၄ဘာသာပေါင်း = 300 မှတ်နှင့်အထက်)
200 ဦး = ကျား 70% + မ 30%

ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၊ ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များ၊ တိုင်းရင်းဆေးတက္ကသိုလ်၊
ပညာရေးဒီဂရီကောလိပ်များအနေဖြင့်
အမှတ်ကန့်သတ်ပေးထားခြင်းမတွေ့ရှိရပါ။

မြို့နယ်ရာခိုင်းနှုန်းအလိုက်၊
တက္ကသိုလ်များဝင်ဆံ့အင်အားအလိုက်
အမှတ် ဖြတ်ချသွားမည် ဖြစ်ပါသည်။

စိစစ်ရွေးချယ်ရေးအဖွဲ့ နေပြည်တော်
အမှတ်(-/-/-/)အောက်ဖော်ပြပါ မူလတန်းကျောင်းအုပ်(လစာနှုန်း ၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀/ပညာရှင်အဆင့်-၂)များအား (၂၇-၆-၂၀၂၂)ရက်နေ့မှစ၍
မူလတန်းကျောင်းအုပ် လစာနှုန်းကျပ်
(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)များအဖြစ်
ရာထူးတိုးမြှင့်ခန့်ထားလိုက်သည်-

_/__/_/___/

__/__/__/___/

/------------
ခရိုင်ပညာရေးမှူး

------------------------------ခရိုင်

------------

လတ်တလော
သတ်မှတ်ချက်နှင့်ကိုက်ညီသော
ဒုတိယအလယ်တန်းပြလစာစား
မူလတန်းကျောင်းအုပ်များအား ဖွဲ့စည်းပုံသစ်
မူလတန်းကျောင်းအုပ်လစာနှုန်းသို့
တိုးမြှင့်ခန့်ထားခြင်း
ရုံးအမိန့်စာ ကောက်နုတ်ချက်မှ

လုပ်သက်နှင့်အခြားသတ်မှတ်ချက်များဖြင့်
ကိုက်ညီသော မူလတန်းကျောင်းအုပ်များအား
ဖွဲ့စည်းပုံသစ်မူလတန်းကျောင်းအုပ်လစာနှုန်းသို့
တိုးမြှင့်ခန့်ထားပေးခြင်းဖြစ်ပါတယ်

အခြားသင်ကြားရေးရာထူးများကိုလည်း
လုပ်သက်နှင့်အခြားသတ်မှတ်ချက်များဖြင့်
ကိုက်ညီပါက ဖွဲ့စည်းပုံအသစ်ရာထူး
လစာနှုန်းများသို့ တိုးမြှင့်ခန့်ထားပေးသွားမှာ
ဖြစ်ပါကြောင်း။
ECCD မှရခဲ့တဲ့ သင်ခန်းစာ ၂

မြို့ထဲလိုနေရာမျိုးဟာ ကားပါကင်နေရာ ခက်ခဲလွန်းတဲ့အတွက် သူမသိပ်မလာချင်ပါ။ သူမရဲ့မိခင်က သူငယ်ချင်း တစ်ယောက် လူမမာသတင်းမေး သွားမယ်ဆိုလို့သာ လိုက်ပို့ပေးတာပါ။ ကံကောင်းစွာနဲ့ ပါကင်လေး ရလို့ကားရပ်ပြီး မိခင်က လူမမာသတင်းမေးဖို့ တိုက်ပေါ်တက်သွားသလို သူမကလည်း ပျင်းလို့ ကားထဲမှာ သီချင်းလေးဖွင့်ရင်း မိခင်ပြန်အလာကိုစောင့်နေပါတယ်။

အဲ့အချိန်မှာပဲ မျက်နှာခြင်းဆိုင်က ကားတစ်စီးပေါ်ကနေ ဆူညံပွက်လောရိုက်သံကိုကြားလိုက်ရလို့ ဘာများ ဖြစ်သလဲလို့ သူမနားစွင့်လိုက်တယ်။ အသက် ၃၅ နှစ်အရွယ် ယောက်ျားတစ်ဦးက ဖုန်းနဲ့ရန်ဖြစ်နေသံပါ။ တစ်ဆက်တည်းမှာပဲ အဲ့ဒီ ယောက်ျား ရဲ့ဘေးမှာ (၂) နှစ်အရွယ် ယောက်ျားလေးတစ်ဦးက ထိုင်နေပါတယ်တဲ့။ ဖုန်းပြောနေတဲ့ ယောက်ျားရဲ့အသံဟာ ဒေါသကြောင့် ကျယ်လောင်နေသလို သူ့မျက်နှာဟာလည်း အရမ်းကိုကြောက်စရာကောင်းလွန်းပါတယ်။ စီးပွားရေး ကိစ္စတစ်ခုမှာ သိန်းထောင်ချီ ရှုံးတဲ့ အတွက် လူယုံတပည့်ဖြစ်သူကို ဆူပူကြိမ်းမောင်း စကားများနေပုံပါ။ အဲ့လိုအချိန်မှာ မိုးပျံပူပေါင်းသည် တစ်ယောက်ကလမ်းထဲကိုဝင်လာပါတယ်။ အဲ့ဒါကိုလှမ်းမြင်တဲ့ ကလေးလေးက ဝမ်းသာအားရနဲ့ ဒေါသထွက်နေတဲ့ သူ့အဖေကို ပေပေ တားတားကို ပူပေါင်းဝယ်ပေးပါ ပေပေ ပူပေါင်း ဝယ်ပေးလို့ မပီကလာသံလေးနဲ့ တတွတ်တွတ် ပူဆာပါတယ်။ အဲ့အချိန် ဖခင်ဖြစ်သူကလည်း ဖုန်းပြောနေတာ မပြီးသေးသလို ဒေါသကလည်း အရှိန်မသေသေးပါဘူး။ ဒါကိုနားမလည်တဲ့ ကလေးလေးကလည်း သူ့အဖေသူ့ကို မကြည့်မချင်း သူ့အဖေဖုန်းပြောနေတဲ့လက်ကိုဆွဲလို့ ပေပေရေ ဝယ်ပေးပါ ဝယ်ပေးပါလို့ပဲ ထပ်တလဲလဲအော်နေပါတော့တယ်။

အဲ့အချိန်မှာ အဖေလုပ်သူက ဒေါသတကြီး ဖုန်းကိုချလိုက်ပြီး ကလေးဖြစ်သူဘက်လှည့်လိုက်တဲ့အခါ………………
…………………
သူမအဲ့မြင်ကွင်းကိုဆက်မကြည့်ရဲတော့ပါဘူးတဲ့ ဒေါသအရှိန်မြင့်လွန်းတဲ့ အဖေဖြစ်သူဟာ သားဖြစ်သူကို စိတ်လိုက်မာန်ပါနဲ့များ ရိုက်နှက်လိုက်မလား ဆဲဆိုလိုက်မလားရယ်လို့တွေးမိပီး ဒီကလေးတော့ နာပြီ ဆိုပြီးချက်ခြင်းကားပေါ်ကဆင်းပြီး အဲ့ကားရှိရာကို ပြေးသွားလိုက်ပါတော့တယ်။

ဒါပေမယ့် ကလေးအဖေဟာ သူမတွေးထင်ထားသလို ကလေးကို ရိုက်နှက်နေတာ မဟုတ်ဘဲ မျက်နှာက ပြုံးဖြီးဖြီးကြီးနဲ့ သူ့သားသူ့ကိုပြောတဲ့ မပီကလာသံလေးနဲ့ အေးပါတားတားရယ် ပေပေကတားလိုချင်တာ ချက်ချင်းဝယ်ပေးမှာပေါ့ ပေပေက တားကို အရမ်းချစ် ဆိုပြီး ကလေးကိုချီလို့ ပူပေါင်းထွက်ဝယ်ပေးပါသတဲ့။

သူမလည်း တစ်ယောက်တည်းကြောင်တောင်တောင်ဖြစ်ပြီး ကားပေါ်ပြန်တက်။ ခုနက ကလေးကိုရိုက်တော့မှာပဲဆိုပြီး စိုးရိမ်ထိန့်လန့်နေတဲ့စိတ်နဲ့ လူကမောနေပေမယ့် ကလေးအဖေဖြစ်သူရဲ့ သားအပေါ်ပြုမူလိုက်တဲ့ အပြုအမူတစ်ခုအတွက် ပြုံးရယ်မိပါသတဲ့။

ဘယ်လောက်တော်လိုက်တဲ့ အဖေလဲနော်။ သိန်းထောင်ချီတဲ့ စီးပွားတစ်ခု အရှုံးပေါ်မှုအတွက် ဒေါသတွေ မခံချင်မှုတွေ ဖြစ်နေတာတောင် သားဖြစ်သူအတွက် ထွက်နေတဲ့ဒေါသတွေကို ချက်ခြင်းမေ့ပြီး ပြုံးရယ်ပြီး ဘာမှမဖြစ်ခဲ့သလို ကလေးအပေါ် ဆက်ဆံနိုင်ခဲ့တယ်။သူလိုဒေါသကြီးတဲ့ ယောက်ျားရင့်မာကြီးတောင် ဖြစ်ပြီးခဲ့တဲ့ ဆုံးရှုံးမှု ကိစ္စတစ်ခုအတွက် ကိုယ့်သားသမီးအပေါ်မှာ ဒေါသကို ထိန်းနိုင်ခဲ့ရင် ကျမတို့ရော ဘာလို့မထိန်းနိုင်ရမှာလဲ။ ကိုယ့်ရဲ့မခံချင်စိတ် အတ္တ မာန ကြောင့်ဖြစ်ပေါ်လာတဲ့ဒေါသတွေကို မဆိုင်တဲ့ ကလေးတစ်ယောက်အပေါ် ပုံချ ပေါက်ကွဲ သင့်ပါသလား???

အလုပ်ကရှုပ်ရတဲ့ကြားထဲသူကတစ်မျိုးတို့ မိဘ က ဘာဖြစ်နေမှန်းမသိဘူး အလိုက်မသိဘူး ဆိုပြီး ကလေးကိုဆူမိတာမျိုး ဖြစ်ဖူးကြမှာပါ။ ကလေးဆိုတာကတော့ ကိုယ့်မိဘ ဘာဖြစ်နေသလဲဆိုတာ မသိနိုင်ဘူးလေ။ သူ့စိတ်ထဲမှာ တစ်နေ့လုံးခွဲနေရတဲ့မိဘ ပြန်လာတော့ အနားကပ်ချင်မှာပေါ့။ ဖြစ်နိုင်ရင်တော့ ကိုယ့်သားသမီး မိသားစုအတွင်းမှ မဟုတ်ပါဘူး။ လူမှုပါတ်ဝန်းကျင်မှာပါ ဒေါသကိုထိန်းပြီး ဆက်ဆံနိုင်ရင် အကောင်းဆုံးပါပဲ။

စောစောက ပြောခဲ့တဲ့ ဇာတ်လမ်းထဲက ကလေးအဖေနေရာမှာ သင်တို့ဆိုရင်ရော ဘယ်လိုပြုမှုမှာပါလဲ?????

2012-Feb တွင်တက်ရောက်ခဲ့သော ECCD သင်တန်းမှ နည်းပြဆရာမတစ်ဦး၏ ပို့ချမှုအား ပြန်လည်မျှဝေပါတယ်။
Downloadဆွဲနိုင်ပါပြီ

Grade-1 (စနစ်သစ်) = https://drive.google.com/folderview?id=144HyctEaOdeafkmykdriyosQiCaZu5hd
•••••
Grade-2 (သင်ရိုးသစ်) = https://drive.google.com/folderview?id=13S0A53w29u8JnGzxltaIuhkeyo3kHE_J
•••••
Grade-3 (သင်ရိုးသစ်) = https://drive.google.com/folderview?id=12onQ0WuV_YkLB9-SU1AdV7rC4Oz8n1ZY
•••••
Grade-4 (သင်ရိုးသစ်) = https://drive.google.com/folderview?id=11HSLMgq0xOfVD6JyHOLwrFHDgM3Tj4iT
•••••
Grade (5) မြန်မာဖတ်စာ
https://www.mediafire.com/file/t572xwz909axle3/(1)+Grade+-+5+မြန်မာစာပုံနှိပ်.pdf/file
..,. ....
Grade (5) English Textbook
https://www.mediafire.com/file/les6wwlmq0gu3hz/(2)+Grade+-+5+English+ပုံနှိပ်စာအုပ်.pdf/file
.............
Grade (5) သချာ် textbook
https://www.mediafire.com/file/dy83bayickspic0/(3)+Grade+-5+သချာ်+textbook.pdf/file
.................
Grade (5) လူမှုရေး Textbook
https://www.mediafire.com/file/hyhd0hva9cogz3f/(4)+Grade+-5+စနစ်သစ်+လူမှုရေး+Textbook.pdf/file
.............
Grade (5) Science Textbook
https://www.mediafire.com/file/3h220g8x47gsbai/(5)+Grade+(5)+Science+Textbook.pdf/file
..........
Grade (5) စာရိတ္တနှင့် ပြည်သူ့နီတိ Textbook
https://www.mediafire.com/file/o3pf2bisnp35jw9/(6)+Grade+-5+စာရိတ္တနှင့်+ပြည်သူ့နီတိ+Textbook.pdf/file
........
Grade-6 (သင်ရိုးသစ်) = https://drive.google.com/folderview?id=1JBGhlKR-fD-MVTKRioGkAasHL5YDVBFm
•••••
Grade-7 (စနစ်ဟောင်း) = https://drive.google.com/open?id=1sWSS34r2WANZ6RzJn1vrx3_ovUMb94Ho
•••••
Grade-7 (စနစ်သစ်) (ဆရာကိုင်) = https://drive.google.com/folderview?id=1-PQqRtM6SWdWbLJSvJaYXNPOiHyYsjO3
•••••
Grade-7 (သင်ရိုးသစ်) (ကျောင်းသားကိုင်) = https://drive.google.com/folderview?id=1NTnRMaglzRLdK79UmNBMxggtQLzuGeGu
•••••
Grade-8 (စနစ်ဟောင်း) = https://drive.google.com/open?id=1BCat15BlS95qsKodKTKqZ_r63CC_0coS
•••••
Grade-9 (စနစ်ဟောင်း) = https://drive.google.com/open?id=17BTjty7arS9mrIdhz8Cj1UlRtvGdZ-S9
•••••
Grade-10 (စနစ်သစ်) = Pdf file အနေဖြင့် ရှာဖွေနေဆဲပါ
•••••
Grade-11(စနစ်ဟောင်း) = https://drive.google.com/open?id=14I5uPQUVSBCCvjFj2iR4fPdgsK0R7acN
••••

•Google drive မှ PDF ကို ဆွဲနိုင်ပါတယ်။
👍1
ဝန်ထမ်းကျင့်ဝတ်-pdf
´´´´´´´´´´´´´´´´´´´´´´
စာမျက်နှာ - 83
pdf link-
http://www.mediafire.com/file/iriw2tf2lr9qx5w/%25E1%2580%259D%25E1%2580%2594%25E1%2580%25B9%25E1%2580%2591%25E1%2580%2599%25E1%2580%25B9%25E1%2580%25B8%25E1%2580%2580%25E1%2580%25BA%25E1%2580%2584%25E1%2580%25B9%25E1%2580%25B7%25E1%2580%259D%25E1%2580%2590%25E1%2580%25B9.pdf/file
*ကျောင်းအုပ်ကြီးများ၏ဒုက္ခ*
--------------------------------------
အိပ်စိုက်သုံးစွဲထားရခြင်းများကိုယ်ချင်းစာနာတတ်ကြပါစေ။
အကြမ်းပဲရေးထားရသေးကျန်တာဆက်မရေးချင်တော့အစစအရာရာဈေးကြီးနေတဲ့ကုန်ဈေးနှုန်းနဲ့လစာမကျန်ကျောင်းအုပ်များ။
ကျောင်းစဖွင့်ပါပြီဆိုကတည်းကလာလိုက်တဲ့စီမံချက်
မိတ္တူတစ်မျက်နှာ(၅၀)ကျပ်
အတန်းစဉ်အလိုက်စစ်ဆေးအကဲဖြတ်မိတ္တူများ/CPR/MRC/ကိုဗစ်ဆေးထိုးမှတ်တမ်း/စာစီခ/ကိုဗစ်ဆေးထိုးမိဘဝန်ခံချက်/
ကျောင်းဝင်ခွင့်/ကတိဝန်ခံချက်/ကစာရင်း/ဆရာ/ဆရာမတက်ပျက်/ကျောင်းသားတက်ပျက်/စုဝေးပွဲမှတ်တမ်း/နေ့စဉ်မှတ်တမ်း/ကျောင်းခေါ်ကြိမ်စာအုပ်/ဦးစီးဇယား/ဝန်ထမ်းခွင့်မှတ်တမ်း/စည်းကမ်းထိန်းသိမ်းရေးမှတ်တမ်း/ဧည့်မှတ်တမ်း/တာဝန်ချိန်ပြင်ပထွက်မှတ်တမ်း/အတန်းစဉ်အလိုက်ခွင့်မှတ်တမ်း/စည်းကမ်းထိန်းသိမ်းရေးမှတ်တမ်း/လစဉ်ကျောင်းခေါ်ကြိမ်ပေါင်းချုပ်/လေ့ကျင့်ခန်းစစ်ဆေးမှတ်တမ်း/အပူချိန်တိုင်းမှတ်တမ်း/လုံခြုံရေးမှတ်တမ်း/သင်ထောက်ကူပြုလုပ်မှုမှတ်တမ်း/နေ့ထူးနေ့မြတ်တွေမှာအခမ်းအနားပြုလုပ်မှုမှတ်တမ်း/အစည်းအဝေးဖိတ်စာ/ထောက်ခံချက်မိတ္တူ/
ကဲကျန်သေးတယ်ဆက်ရေးရရင်မကုန်နိုင်မတ္တူဖိုးနဲ့တင်ပေးတာကုန်နိုင်တယ်။
ကျောင်းဖွင့်ရင်လာပါပြီ မင်အိုး/မင်ချောင်း/မြေဖြူ/ဘောပင်နီပြာ/ဆော့ပင်/ရေအိုး/ရေခွက်/တံမြတ်စည်းကြမ်း/ချော/ရေပုံး/အမှိုက်ပုံး/ရေပိုက်ပြင်/စာသင်ခုံပြင်/ဝှိုက်ဘုတ်/ဘောဆေးသုပ်/
ကျောင်းမဖွင့်မီပုံနှိပ်တိုက်ခ/ဗလာစာအုပ်သယ်ခ/ကျောင်းဝန်းသန့်ရှင်းဖို့မြက်ရိတ်စက်ငှါး/မြက်ရိတ်စက်ဆီဖိုး/ခုံသယ်ခ/
အားလုံးအိပ်စိုက်ကျန်သေးတယ်ဆက်မရေးချင်တော့လို့။
မှတ်ချက်။ ။ အလုပ် လုပ်ရင်ကုန်တယ်-မလုပ်ရင်ဘာမှမကုန်။
PPTT.8/22ထပ်မံပြင်ဆင်ဖြည့်စွက်.အသက်၅နှစ်ထပ်တိုးခေါ်ယူပါသည်.လျှောက်လွှာပိတ်ရက်လည်းနောက်ဆုတ်ထားပါသည်
မြေတိုင်းဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူ