Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
16.4K subscribers
3.76K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
၄ ၊ ၅ ၊ ၆ ၊ ၇ ၊ ၈ အတန်းတွေနဲ့ Uni ကျောင်းသား/သူများ အတွက် ...

တက္ကသိုလ် မှာတော့ Interrogative ဆိုပြီး မေးတယ် ...............
State မှာတော့ Change into question. ပေါ့.................

တကယ်တော့ Interrogative ကို သဘောပေါက် နားလည်ကြရင်
Negative ကိုပါ ရသွားမယ်။ ပြီးတော့ Read the passage.
မေးခွန်းတွေကိုပါ ဖြေတတ်သွားမယ်။ Seen ပဲ မေးမေး Unseen
ပဲ မေးမေး။ သို့ပေမယ့်လည်း အကူကြိယာရဲ့ function ကို ကောင်း
ကောင်း သဘောမပေါက်ရင်တော့ (၄) တန်းအဆင့် မေးခွန်းမေးလည်း
(၁၀) တန်းကျောင်းသား ပျားတုပ်မှာပါပဲ 😊

ဒါကြောင့် အကူကြိယာတွေကို ကျက်ထားရပါမယ်။
သို့မှသာ Interrogative နဲ့ Negative ကို ဖြေတတ်ပါလိမ့်မယ်။

####

Interrogative pattern - မေးခွန်းဝါကျ တည်ဆောက်ပုံ

👉 He is a student.
=> သူသည် ကျောင်းသား ဖြစ်သည်။

## (အကူကြိယာ is ကို Sub ရှေ့ ထုတ်ရေးရင် မေးခွန်း။)

👉 Is he a student?
=> သူက ကျောင်းသား လား။

👉 He can swim in the river.
=> သူ မြစ်ထဲမှာ ရေကူးနိုင်တယ်။

## (အကူကြိယာ can ကို Sub ရှေ့ထုတ်ရေးရင် မေးခွန်း။)

👉 Can he swim in the river?
=> သူ မြစ်ထဲမှာ ရေးကူးနိုင်လား။

➳ ဒါကြောင့် မေးခွန်းဝါကျ ဖြစ်ချင်ရင် အကူကြိယာကို Sub ရှေ့သို့
ထုတ်ရေးရပါမယ်။အကူကြိယာ မရှိရင်တော့ do, does, did
ခေါ်။ do, does, did ဘာကို သုံးရမလဲ သိချင်ရင် Verb ကို
ကြည့်။ Verb ကိုကြည့်လို့ Verb က -----

( 1 ) Vs ဆိုရင် ==> does Sub V1
( 2 ) V1 ဆိုရင် ==> do Sub V1
( 3 ) V2 ဆိုရင် ==> did Sub V1

👉 He lives in Yangon.
=> သူ ရန်ကုန်မှာ နေတယ်။

## (အကူကြိယာကို Sub ရှေ့ထုတ်ဖို့ အကူကြိယာမရှိဘူး။အကူကြိ
ယာ မရှိရင် do, does, did ခေါ်မယ်။do, does, did ခေါ်
ဖို့ Verb ကိုကြည့်တော့ Verb က Vs ( lives ) ဒါကြောင့်
Vs ဆိုရင် ==> does Sub V1 ပုံစံနဲ့ မေးရမယ်။

👉 Does he live in Yangon?
=> သူ ရန်ကုန်မှာ နေတာလား။

#####

Helping Verb - အကူကြိယာ
အကူကြိယာ (၄) မျိုး ရှိပါတယ်။ အဲဒါတွေက ---------
1. Verb to be
2. Verb to do
3. Verb to have
4. Modal verb

1. Verb to be - am , is , are ➳ V1
- was , were ➳ V2
- been ➳ V3
- being ➳ V-ing
- be ➳ Infinitive verb

2. Verb to do - do , does ➳ V1
- did ➳ V2
- done ➳ V3
- doing ➳ V-ing
- do ➳ Infinitive verb

3. Verb to have - has , have ➳ V1
- had ➳ V2
- had ➳ V3
- having ➳ V-ing
- have ➳ Infinitive verb

4. Modal verb. V1 V2
- can , could
- shall , should
- will , would
- may , might
- must , had to

# W.H. စကားလုံး သုံးပြီး မေးတဲ့အခါ ပေးထားတဲ့ဝါကျထဲက W.H.
နဲ့ သက်ဆိုင်တဲ့ စကားလုံး (သို့) စကားစုတွေကို ဖြုတ်ခဲ့ရပါမယ်။

1. She went to Bagan last year. ( Where )
မနှစ်က သူမ ပုဂံကို သွားခဲ့တယ်။

# W.H. စကားလုံး ဘာပေးထားလဲကြည့်တော့ ==> ( Where )
Where - ဘယ်နေရာလဲ - နေရာကိုဖြုတ်
" နေရာ " ဆိုတာ Preposition နဲ့ Noun နဲ့ ပေါင်းထားတာ။
ဒါကြောင့် ဖြုတ်ရမည့်စကားစုက ==> to Bagan

# ဖြုတ်လိုက်တဲ့ စကားစုက verb ရှေ့ကလား၊verb နောက်ကလား
Verb နောက်က ==> ဒါကြောင့် Verb ကို ကြည့်ပြီး မေးခွန်းပုံစံ
ပြောင်း Verb ကိုကြည့်တော့ V2 (went) => did Sub V1

➳ Where did she go last year?
မနှစ်က သူမ ဘယ်ကို သွားခဲ့တာလဲ။

2. That bridge was built in 1990. ( When )
၁၉၉၀ ပြည့်နှစ်မှာ ဟိုးကတံတားကို ဆောက်လုပ်ခဲ့တယ်။

# W.H. စကားလုံး ဘာပေးထားလဲကြည့်တော့ ==> ( When )
When - ဘယ်အချိန်လဲ - အချိန် ကိုဖြုတ်
" အချိန် " ဆိုတာ Preposition နဲ့ Noun နဲ့ ပေါင်းထားတာ။
ဒါကြောင့် ဖြုတ်ရမည့်စကားစုက ==> in 1990

# ဖြုတ်လိုက်တဲ့ စကားစုက verb ရှေ့ကလား၊verb နောက်ကလား
Verb နောက်က ==> ဒါကြောင့် Verb ကို ကြည့်ပြီး မေးခွန်းပုံစံ
ပြောင်း Verb ကိုကြည့်တော့ was built => was Sub V3
❤7
➳ When was that bridge built?
ဟိုးကတံတားကို ဘယ်အချိန်က ဆောက်လုပ်ခဲ့တာလဲ။

3. He bought a red pen. ( Which )
သူ ဘောပင်အနီတစ်ချောင်းကို ဝယ်ခဲ့တယ်။

# W.H. စကားလုံး ဘာပေးထားလဲကြည့်တော့ ==> ( Which )
Which - ဘယ်ဟာလဲ - အရောင် ကိုဖြုတ်
A red pen = အနီရောင် ဘောပင်၊ ဘောပင် အနီရောင်
Which pen = ဘယ်ဘောပင်
ဒါကြောင့် ဖြုတ်ရမည့်စကားစုက ==> a red

# ဖြုတ်လိုက်တဲ့ စကားစုက verb ရှေ့ကလား၊verb နောက်ကလား
Verb နောက်က ==> ဒါကြောင့် Verb ကို ကြည့်ပြီး မေးခွန်းပုံစံ
ပြောင်း V ကိုကြည့်တော့ V2 (bought) ==> did Sub V1

➳ Which pen did he buy?
သူ ဘယ်ဘောပင်ကို ဝယ်ခဲ့တာလဲ။

4. U Kyaw Min will go to Bago tomorrow. (Who)
မနက်ဖြန် ဦးကျော်မင်း ပဲခူးကို သွားလိမ့်မယ်။

# W.H. စကားလုံး ဘာပေးထားလဲကြည့်တော့ ==> ( Who )
Who - ဘယ်သူလဲ - လူ Sub ကိုဖြုတ်
Sub ဆိုတာ Verb ရှေ့က
ဒါကြောင့် ဖြုတ်ရမည့်စကားလုံးက ==> U Kyaw Min

# ဖြုတ်လိုက်တဲ့ စကားစုက verb ရှေ့ကလား၊verb နောက်ကလား
Verb ရှေ့က ==> ဒါကြောင့် ဖြုတ်ပြီး ကျန်တာ ဆက်ရေးလိုက်ပါ။

➳ Who will go to Bago tomorrow?
မနက်ဖြန် ဘယ်သူ ပဲခူး သွားမှာလဲ။

#Credit_ArKar
❤3
အားနာလို့ရေးတဲ့တောင်းပန်စာ
*****

(သင်ရိုးလမ်းညွှန်မဖတ်သောဆရာများနှင့်
ဗျာများနေသောမိဘများအတွက်
ဒီစာကိုရေးပါတယ်။)

၂၀၁၆သင်ရိုးသစ်KGစ

၂၀၁၇ G1သင်ရိုးစ

G-1သင်တန်းမှာ ဆရာတွေသင်တန်းတက်တော့
သင်တန်းတက်တဲ့ဆရာတွေတိုင်းကို
သင်ရိုးလမ်းညွှန်
ဆရာလမ်းညွှန်
ကျောင်းသားကိုင်text bookတွေထုတ်ပေးပြီးသင်တန်းတက်ရောက်ရပါတယ်။

နည်းပြတွေကိုယ်တိုင်
သင်ရိုးသစ်၏တာဝန်ဝတ္တရားများအသစ်များမှကျောင်းသုံးစာအုပ်အသုံးပြု
သင်ရိုးသစ်ကဏ္ဌကိုသေချာမသင်၊

သင်တဲ့သင်တန်းသားရောနည်းပြရော
စာအုပ်ကိုမလေ့လာမဖတ် မမှတ်တဲ့အခါ

ကျောင်းသုံးစာအုပ်ဖြန့်ဝေတဲ့အခါ
ကျောင်းမှာသိမ်းဆည်းထားပြီး
သင်မှထုတ်သင်ရမယ့်

ဘဝတွက်တာ
ကာယ
ပန်းချီ
ဂီတကျောင်းသားကိုင်တွေကို
ကျောင်းသားတွေကိုဖြန့်ဝေပေးလိုက်တဲ့အခါ

နောက်တနှစ်ကူးပြောင်းလို့
ပုံနိပ်စာအုပ်ဖြန့်ဝေချိန်
အထကိပါမဖြန့်ဝေရတဲ့စာအုပ်လေးမျိုး
နယ်ပယ်လေးခုပါမလာတော့ပါဘူး။

ကျောင်းလက်ခံလဲမရှိတော့
သင်စရာမရှိတော့ပါဘူး။

မိဘတွေဝယ်ခိုင်းတော့မိဘတွေဗျာများရပြီပေါ့။

ဝန်ထမ်းတွေတာဝန်မကျေတဲ့အခါ
မိဘတွေကိုအားနာမိတယ်။

စာသင်မယ်ဆို
ဆရာလမ်းညွှန်နဲ့ကျောင်းသားကိုင်ပူးတွဲသင်မှ
ထိရောက်အောင်မြင်မယ့်ဟာ
တချို့ဆရာတွေဆို
ဆရာလမ်းညွှန်တောင်မကိုင်ပဲသင်နေကြတာ
သူတို့ရဲ့ခံယူချက်တွေကိုအံ့ဩမိတယ်။

အေးပေါ့လေ

ပညာရေးမှာ၇၀%သောဆရာတွေက
အလုပ်ခန့်ပြီးလို့ဆရာဖြစ်သွားရင်

အချိန်တန်လစာရတယ်။
အချိန်တန်လို့နှစ်ပြည့်ရင်ရာထူးတိုးတယ်။

ခံယူချက်မလိုဘူး။
စေတနာမလိုဘူး။
ကြိုးစားအားထုတ်လေ့လာဖို့မလိုဘူး။

အဲ့အပြင်အချို့သောဆရာတွေက(A)ဆိုတဲ့အဆင့်သတ်မှတ်ချက်အပေါ်အမြတ်ထုတ်လိုက်ကြသေးတယ်။

ရင်းလိုက်ရတာကလေးတွေ။
နည်းစနစ်မမှန်သင်နေတဲ့ဆရာတွေဆီ
ဝကွက်အပ်ထားရတာကို
ဖြစ်လာပါ့မလားရင်ပူနေတဲ့မိဘတွေ
ကျောင်းမှာမတတ်နားမလည်လို
ကျုရှင်ယူကြရတဲ့မိဘတွေ

ကလေးရောမိဘရော
ပညာသင်ရတာဝန်တွေပိလိုက်ကြတာ။

မကင်းလိုကောင်းအောင်နေနေကြရတာ။

ဖြစ်ရပ်တွေမြင်ရကြားရတိုင်း
လိပ်ပြာမလုံစွာနဲ့
မိဘပြည်သူတွေကို
တာဝန်မယူတတ်တဲ့ဝန်ထမ်းတွေကိုယ်စား
အားနာတောင်ပန်မိတယ်။

အောက်ကပုံထဲကပို့စ်နဲ့မန့်‌တွေကို
အစဉ်လိုက်ဖတ်ကြည့်ပါ။
အခြေအနေမှန်ကိုသိရပါလိမ့်မယ်။

ခုလိုရေးလိုက်မိလို့ကျွန်မကိုမုန်းပါ။
ဆဲပါ။
အတင်းပြောဝေဖန်ပါ။
တိုက်ခိုက်ပါ။

လူမုန်းခံရမှာကိုကြောက်ရင်ဒီပို့စ်ကိုမရေးဘူး။

သက်သေပြစရာတွေတပုံကြီး။
❤5👍2
အသက် ၂၅ နှစ်အောက်
တက္ကသိုလ်ဝင်တန်းအောင်များအတွက်

သူနာပြု-သားဖွားဒီပလိုမာ ၃ နှစ်သင်တန်းနဲ့
ဘက်စုံသားဖွားဒီပလိုမာ၂ နှစ်သင်တန်း
လျှောက်လွှာခေါ်စာပါ။
❤5
ဝါတွင်း တနင်္ဂနွေ ၊ ဥပုသ် ကျောင်းပိတ်ရက်များ
ဇူလိုင်လပိတ်ရက်များ
၅-၇-၂၀၂၅ ---> စနေနေ့
၆-၇-၂၀၂၅ ---> တနင်္ဂနွေနေ့
၉-၇-၂၀၂၅ ---> ဓမ္မစက်ြာအခါတော်နေ့
၁၃-၇-၂၀၂၅ ---> တနင်္ဂနွေနေ့
၁၇-၇-၂၀၂၅ ---> ဥပုသ်နေ့ (ကြာသပတေး)
၁၉-၇-၂၀၂၅ ----> စနေနေ့ (အာဇာနည်နေ့)
၂၀-၇-၂၀၂၅ ---> တနင်္ဂနွေနေ့
၂၄-၇-၂၀၂၅ ---> ဥပုသ်နေ့ (ကြာသပတေး)
၂၇-၇-၂၀၂၅ ---> တနင်္ဂနွေနေ့

ဩဂုတ်လကျောင်းပိတ်ရက်
၁-၈-၂၀၂၅ ---> ဥပုသ်နေ့ (သောကြာ)
၃-၈-၂၀၂၅ ---> တနင်္ဂနွေနေ့
၈-၈-၂၀၂၅ ---> ဥပုသ်နေ့ (သောကြာ)
၁၀-၈-၂၀၂၅ ---> တနင်္ဂနွေနေ့
၁၆-၈-၂၀၂၅ ---> ဥပုသ်နေ့ (စနေ)
၁၇-၈-၂၀၂၅ ---> တနင်္ဂနွေနေ့
၂၂-၈-၂၀၂၅ ---> ဥပုသ်နေ့ (သောကြာ)
၂၄-၈-၂၀၂၅ ---> တနင်္ဂနွေနေ့
၃၀-၈-၂၀၂၅ ---> ဥပုသ်နေ့ (စနေ)

စက်တင်ဘာလ ကျောင်းပိတ်ရက်များ
၆-၉-၂၀၂၅ ---> ဥပုသ်နေ့ ( စနေ )
၇-၉-၂၀၂၅ ---> တနင်္ဂနွေ
၁၄-၉-၂၀၂၅ ---> တနင်္ဂနွေ ၊ ဥပုသ်
၂၁-၉-၂၀၂၅ ---> တနင်္ဂနွေ ၊ ဥပုသ်
(ရက်စား ပိတ်/မပိတ် မသိရသေး)
၂၈-၉-၂၀၂၅ ---> တနင်္ဂနွေနေ့
၂၉-၉-၂၀၂၅ ---> ဥပုသ်နေ့ (တနင်္လာ)

အောက်တိုဘာလ ကျောင်းပိတ်ရက်များ
၅-၁၀-၂၀၂၅ မှ ၁၂ - ၁၀ - ၂၀၂၅ ထိ သီတင်းကျွတ်ကျောင်းပိတ်ရက် (၈)ရက်
၁၈-၁၀-၂၀၂၅ ----> စနေနေ့
၁၉-၁၀-၂၀၂၅ ----> တနင်္ဂနွေနေ့
၂၅-၁၀-၂၀၂၅ ----> စနေနေ့
၂၆-၁၀-၂၀၂၅ ----> တနင်္ဂနွေနေ့

ဇူလိုင်လ ကျောင်းပိတ်ရက် (၉) ရက်

ဩဂုတ်လကျောင်းပိတ်ရက်(၁၀)ရက်

စက်တင်ဘာလ ကျောင်းပိတ်ရက်(၈)ရက် သို့မဟုတ် ရက်စားပိတ်မည်ဆိုပါက (၁၀)ရက်
မှတ်ချက် ။။ ၁၀ ရက်တော့ မထင်ပါ။

အောက်တိုဘာလ ကျောင်းပိတ်ရက် (၁၂)ရက်
❤6
အခြေခံပညာ မူလတန်း (ထက်/လယ်/မူ) ကျောင်းများတွင် ပြုလုပ်ရမည့် စာရင်းများကို အဆင့်လိုက် ဖော်ပြပေးပါမည်။

၁။ကျောင်းနှစ်အလိုက် စာရင်းများ
- ကျောင်းအပ်နှံခြင်းစာရင်း (ကျောင်းသား/သူများ၏ အချက်အလက်)
- ဆရာ/ဆရာမများ စာရင်း (ဘာသာရပ်အလိုက်)
- အတန်းအလိုက် ကျောင်းသား/သူ စာရင်း
- ကျောင်းတက်ရောက်မှု နေ့စဉ်မှတ်တမ်း (Attendance Record)
- သင်ရိုးညွှန်းတမ်း အကောင်အထည်ဖော်မှု စာရင်း

၂။ဘဏ္ဍာရေးနှင့် ပစ္စည်းစာရင်းများ
- ကျောင်းလခ/ကြေး ကောက်ခံမှု စာရင်း
- ကျောင်းပစ္စည်းများ (စာအုပ်၊ ရုံးပစ္စည်း၊ အားကစားပစ္စည်း) စာရင်း
- ထောက်ပံ့ပစ္စည်း (အစိုးရ/အလှူရှင်များထံမှ) စာရင်း

၃။သင်ကြားရေးဆိုင်ရာ စာရင်းများ
- နေ့စဉ်/အပတ်စဉ် သင်ခန်းစာများ၏ မှတ်တမ်း
- စာမေးပွဲအမှတ်စာရင်း (ကြိုတင်/လစဉ်/နှစ်ကုန်)
- ကျောင်းသား/သူတို့၏ စွမ်းရည်အကဲဖြတ်ချက် စာရင်း
- အိမ်စာ/လုပ်ငန်းစဉ် ထည့်သွင်းမှတ်တမ်း

၄။ကျန်းမာရေးနှင့် လူမှုရေး စာရင်းများ
- ကျောင်းသား/သူများ၏ ကျန်းမာရေးမှတ်တမ်း
- ကာကွယ်ဆေးထိုးနှံမှု စာရင်း
- အထူးလိုအပ်ချက်ရှိသည့် ကျောင်းသား/သူများ၏ စာရင်း
- မိဘဆရာအသင်း လှုပ်ရှားမှုများ၏ မှတ်တမ်း

၅။အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှု စာရင်းများ
- ကျောင်းသုံးစာအုပ်နှင့် သင်ထောက်ကူပစ္စည်း စာရင်း
- ကျောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းမှု စာရင်း
- လုံခြုံရေးနှင့် သန့်ရှင်းရေး စာရင်း
- ကျောင်းလုပ်ငန်းစဉ် (Academic Calendar) နှင့် ခရီးစဉ်များ

၆။အရည်အသွေးမြှင့်တင်ရေး စာရင်းများ
- ဆရာများ၏ လေ့လာသင်ယူမှု (Training/Workshop) စာရင်း
- ကျောင်းသား/သူများ၏ ပြိုင်ပွဲ၊ အားကစား၊ ယဉ်ကျေးမှု ပါဝင်မှု စာရင်း
- ကျောင်းစီမံကိန်း (School Development Plan) နှင့် အစီရင်ခံစာများ

📌 အရေးကြီးသော အချက်များ
- စာရင်းများကို တိကျစွာ မှတ်တမ်းတင်ပါ။
- မိဘများ၊ ပညာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပါ။
- အစိုးရ၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ စီမံပါ။

ဤစာရင်းများသည် ကျောင်း၏ ထိရောက်သော အုပ်ချုပ်မှုနှင့် ပညာရေးအရည်အသွေးမြှင့်တင်ရန် အထောက်အကူဖြစ်စေပါသည်။

Photos - ဦးစစ်နိုင် ( အကောင့်မှ copy)