Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
16.4K subscribers
3.76K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
စနစ်ကျနေရဲ့လား
*****

ကျောင်းခေါ်ပြီဆိုတာနဲ့စုဝေးကွင်းသွားမယ်။

အတန်းလိုက်(သို့မဟုတ်)အသင်းအလိုက်
သက်သာနေအထားအတိုင်စီးတန်းရပ်မယ်။

ရှေ့ကြည့်
သတိ
ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအား
အလေးးးးးးးးးးပြု
နေမြဲ
ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွရဲဘော်အပေါင်းအား
အလေးးးးးးးးးးးပှု
နေမြဲ
နိုင်ငံတော်သီချင်းစ--------------ဆို
နေမြဲ
သက်သာ ပြန်ခေါ်ပြီးမှသီချင်းဆိုခိုင်းပါ

စစချင်းသက်သာအနေအထားဖြင့်တန်းစီပါ
(ခြေခွဲ
လက်အနေအထားက
ဘယ်လက်ဖဝါးထဲညာလက်ထည့်လို့နောက်ဘက်ခါးပေါ်မှာထားမယ်)

ရှေ့ကြည့်
(ခါးပေါ်မှလက်ကိုခါးအောက်ချလိုက်ပါ)

သတိ
(လက်အနေထားက
လက်မအပေါ်မှာထားပြီးလက်၄ချောင်းကွေးကာလက်သီးဆုပ်ထားပါ။
လက်သီးဆုတ်တွင်အားထည့်ထားမှ
ခန္ဓာကိုယ်မတ်နေပါမည်။
မျက်စိရှေ့တည့်တည့်သာကြည့်ရန်။
ညာခြေကိုဘယ်ခြေမှာလာကပ်လိုက်ပါ။
ညာခြေတချောင်းသာရွှေ့ရန်သတိပြု)

ပြည်ထောင်စုမြန်မာနိုင်ငံအားအလေးးးးးးးးးးးးပြု
(ဦးညွှတ်ပါ)
အနည်းဆုံး1မှ8အထိစိတ်ထဲမှတိုင်ပင်ခေါ်ပြီးနေမြဲအော်ပါ။

နေမြဲ
ပြန်မတ်ပါ။

ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများနှင့်ရဲ‌ဘော်အပေါင်းအား
အား အလေးးးးးးးးးးးးပှု
(ခါးညွှတ်ပါ)

နေမြဲ
ပြန်မတ်ပါ။

နိုင်ငံတော်သီချင်းစ--------------ဆို
(အားရပါးရဆိုခိုင်းပါ
မျိုးချစ်စိတ် ထိုသီချင်းမှအစပြုသည်။)

ဆိုပြီးပါကအလေးပြုပြီးနေ့မြဲခေါ်ပါ။

နေမြဲခေါ်ပြီးမှကျောင်းသီချင်းများသီဆိုပါစေ။

ဆရာ/မများလည်းစနစ်တကျအလေးပြုပါ။
(ဝိုင်းဖွဲ့၍စကားပြောနေခြင်း ၊ရယ်မောဟားတိုက်နေခြင်းမပြုသင့်)

ကျောင်းများတွင်တွေ့မြင်နေရသောအလွဲများအားပြုပြင်စေလို၍ရေးပါသည်။

ဤပို့စ်အား
DTECအမှတ်စဉ် 1/04
ကာယတီချယ်
တီချယ်ဒေါ်နော်ဟဲစေးနှင့်တီချယ်ဒေါ်ညွန်ညွန့်ရွှေ

စည်းစနစ်ကျလှသော
တီချယ်ကြီးဒေါ်မြသီတာတို့၏
ဂုဏ်ကျေးဇူးကိုဦးထိပ်ထားကာရေးပါသည်။

*‌ဆရာဆိုတာစံပြ
ဘယ်အရာကိုမှပေါ့ပေါ့တန်တန်မလုပ်နဲ့*
❤1👍1
PSC လျှောက်ထားမယ့်သူများအတွက်
လျှောက်လွှာနမူနာပုံစံနဲ့ လမ်းညွှန်ချက်တွေပါ
လိုအပ်တဲ့ စာရွက်စာတမ်းများကို ကြိုတင်
လေ့လာ ပြင်ဆင်လို့ရအောင်ပါ။
ဒေသဆိုင်ရာသင်ရိုး
******

2017
G-1မှစပြီး
သင်ရိုးသစ်မှာ
ဒေသဆိုရာသင်ရိုးကိုထည့်သွင်းသင်ကြားရပြီ။

မူအောက်ဆင့်
စာသင်ချိန်တချိန်စာမိနစ်လေးဆယ်

တ‌စ်နေ့စာသင် ၆ ချိန် + ဒေသ၁ချိန် = ၇ချိန်

မူထက်ဆင့်
တစ်နေ့စာသင်ချိန် ၇ ချိန် + ဒေသ၁ချိန် =၈ချိန်

ဒေသချိန်မှာဘာတွေသင်ရမလဲ။

1-တိုင်းရင်းသားဘာသာစကား
2-တိုင်းရင်းသားတို့ရဲ့သမိုင်းနှင့်ရိုးရာယဉ်ကျေးမှု
မိမိနေထိုင်ရာဒေသသမိုင်းကြောင်း
3-ဒေသဆိုင်ရာစီးပွားရေးအခြေအနေ
4-စိုက်ပျိုးရေးလုပ်ငန်းများနှင့်ရင်းမြစ်များ
(‌ဧရာဝတီမှာဆိုလယ်ယာမြေ၊သစ်တော၊ရေချို၊ရေငန်စသည်ဖြင့်....)
5-ကွန်ပြူတာအခြေခံ
(မူလတန်းဆိုဖုန်းသုံးခြင်းရဲ့ကောင်းခြင်းဆိုခြင်းစသည်ဖြင့်)
သင်ပေးရပါမယ်။

တပတ်၅ချိန်
တနှစ်သင်ချိန်၁၂၀ထက်မပိုပဲဆောင်ရွက်ရန်။

မှတ်ချက်။။ဒေသဆိုင်ရာသင်ရိုးသည်ပြည်ထောင်စုအစိုးရကပြုစုထားခြင်းမဟုတ်ပဲ ဒေသလိုအပချက်နှင့်အညီပြုစုထားသောအကြောင်းအရာဖြစ်၍၎င်းတို့၏အတည်ပုချက်ဖြင့်သင်ကြားနိုင်ပါသည်။

ဒေသသင်ရိုးကိုဂရုစ််ိုက်သင်ပါ။

သင်ယူသူကလေးငယ်များဟာ
မိမိဒေသအကြောင်းကိုသိပြီး
နေထိုင်လုပ်ကိုင်စားသောက်တတ်ဖို့
စီးပွားရှာတတ်ဖို့

မိမိဒေသအတွက်ဂုဏ်ယူတတ်ဖို့
ဒေသတန်ဘိုးနားလည်ဖို့

မိမိလူမျိုးဘာသာစကားနဲ့ဓလေ့ထုံးတမ်းတွေနားလည်ပြီးထိန်းသိမ်းစောင့်ရှောက်တတ်ဖို့

နည်းပညာကိုအကျိုးရှိရှိအသုံးချတတ်ဖို့

သင်ပေးကြပါလို့တိုက်တွန်းရင်းးးး
👍2
B2C ,B2B ,B2G ဆိုတာဘာလဲ

ကိုယ်ရဲ့ လုပ်ငန်း တစ်ခုဖြစ်စေ ၊productတွေပဲဖြစ်စေ လုပ်တဲ့အခါ ကိုယ်ရဲ့ သွားရမယ် business လုပ်ငန်းtypeနဲ့ sales channel ကိုစဥ်းစားတဲ့အခါ B2C ,B2B ,B2G ဆိုပြီး ပြောကြလေ့ရှိကြပါတယ်။

B2C ဆိုတာကတော့ Business to Consumer/customerဆိုပြီးဖြစ်ပါတယ် ကိုယ်လုပ်ငန်းရဲ့ productတွေက လူတစ်ဦးချင်းစီအလိုက်ဝယ်သုံးလို့ရတဲ့ productမျိုးဖြစ်ပါတယ် ဥပမာ FMCG productတွေဖြစ်တဲ့ စားသောက်ကုန်တွေ နောက် လူသုံးကုန်တွေဖြစ်တဲ့ ခေါင်းလျော်ရည်တို့ ဆပ်ပြာတို့ စသဖြင့်ရှိပြီး ဖုန်းတို့ လျှပ်စစ်ထမင်းအိုး ပန်ကာတို့ဆိုရင် consumer electric productတွေဖြစ်ပါတယ်။ဒီproductတွေကိုကြည့်ရင် မိသားစုအိမ်အလိုက်ဖြစ်စေ၊ တစ်ဦးတစ်ယောက်အတွက်ဖြစ်စေ နောက်ဆုံးအသုံးပြုကြတာမျိုးဆိုရင် B2C လုပ်ငန်း၊product လို့ပြောကြပါတယ်။

B2Bကတော့ Business to Business ဆိုပြီးဖြစ်ပါတယ် လုပ်ငန်းတွေအတွက် ရောင်းပေးတဲ့ ပစ္စည်း/service မျိုးတွေဖြစ်ပါတယ်။ ဥပမာ Ready Mix concrete လိုမျိုး အုန်းမွှေးလုံး mixer carတွေနဲ့ ကွန်ကရစ်ရောင်းတာမျိုးဆိုရင် လုပ်ငန်းတွေကို ရောင်းတာဖြစ်ပါတယ် နောက် မုန့်စက်ရုံအတွက် ဂျုံတွေရောင်းတာမျိုး ဆိုရင် B2Bဖြစ်ပါတယ် ဒီမှာ စဥ်းစားရမှာက ဂျုံမှုန့်ဆိုရင် B2Cကော B2Bပါ sales channelရှိပါတယ် အိမ်တွေမှာ သုံးဖို့ ဂျုံမှုန့် အထုပ်အသေးလေးတွေ ရောင်းလို့ရသလို စက်ရုံတွေအတွက် အိတ်အကြီး လုပ်ငန်းသုံးတွေ ရောင်းကြပါတယ် packaging size နဲ့ priceအပေါ်မှုတည်ပြီး B2C ၊B2B channelခွဲရောင်းလို့ရပါတယ်။

B2G ဆိုတာကတော့ Business to Government ဆိုတဲ့ အစိုးရတွေကိုရောင်းတာဖြစ်ပါတယ် တနည်းပြောရရင် tender လိုက်တဲ့ အခါဖြစ်ပါတယ်။အစိုးရက tenderခေါ်ရင် လိုက်ပြီးရောင်းတာမျိုးပါ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်ခေါ်ယူတဲ့ကိုယ်နဲ့ဆိုင်တဲ့ ပစ္စည်းတွေကို လိုက်ရတာမျိုးဖြစ်ပါတယ်။
ဒါတွေကတော့ B2C ,B2B,B2G ဆိုတာဘာလဲဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်
❤2
#ဆရာဆရာမတိုင်း_သိရှိထားသင့်သော_နည်းလမ်းကောင်းများ (#edu #knowledge)

ဖတ်ရူ့ မူလွယ်ကူစေရန် ဆရာဆရာမ အစား “ ဆရာ ” ဟုသာ ရေးသားမည်ဖြစ်ပြီး ကျောင်းသူကျောင်းသားအစား “ ကျောင်းသား” ဟုသာ ခေါ်ဝေါ် ပါမည်။

၁။ မေတ္တာရင်းနီးမြုပ်နှံမူကို အလေးထားခြင်း

ဆရာများ အမြဲတမ်းသတိရနေသင့်တဲ့ အချက်တစ်ခုရှိပါတယ်။
“ သင်ဘယ်လောက်သိတယ်၊ ဘယ်လောက်တော်တယ် ဆိုတာထက်၊ သင်ကျောင်းသားများအပေါ် ဘယ်လောက်ချစ်တယ်၊ ဘယ်လောက်ဂရုစိုက်တယ်ဆိုတာကို ကျောင်းသားများ ပိုမိုအလေးထားကြပါတယ်။ ”

ဆရာများဟာ ကျောင်းသားများနဲ့ သူငယ်ချင်းဖြစ်ရမယ်လို့ မဆိုလိုပါဘူး၊ စာသင်ခန်းပြင်ပမှာ သင်သူတို့နဲ့ များများ ဆက်သွယ်ပါ။ သူတို့ကို အဟုတ်တကယ် စိတ်ဝင်စားပါ။

ထူးချွန်တဲ့ ဆရာတိုင်းသိကြပါတယ်၊ ကျောင်းသားများနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခြင်းဟာ စာအသင်အပြအတွက် များစွာ အထောက်အကူပြုပါတယ်။

စဉ်းစားကြည့်ပါ။ တကယ်လို့ ဆရာတစ်ဦးဟာ မိမိသင်ပြတဲ့ ကျောင်းသားရဲ့ အမည်ကိုတောင် မှန်ကန်အောင် မခေါ်ဆိုတတ်ဘူးဆိုရင် အဲဒီဆရာကို ဆရာကောင်းလို့ ဘယ်လို သတ်မှတ်တော့မလဲ။ ဆရာကောင်းဆိုတာ မိမိနဲ့ ထိတွေတဲ့ ကျောင်းသားတစ်ဦးစီတို့ရဲ့ ဝါတနာ၊ အားသာအားနည်းချက်၊ စိတ်ဝင်စားမူတို့ကို သိရှိထားတတ်ကြပါတယ်။ သူတို့ဟာ ကျောင်းသားများရဲ့ ဝါသနာနဲ့ အားသာချက်ကို အလေးပေးပျိုးထောင်ပေးတတ်ပြီး အားပေးအားမြောက်ပြုတတ်ကြပါတယ်။

၂။ ကျောင်းသားတစ်ဦးဦးကြောင့် တစ်တန်းလုံး အပြစ်မပေးပါနှင့်

ကျောင်းတက်ဖူးသူတိုင်း အတွေ့အကြုံတစ်ချို့ ရှိပါလိမ့်မယ်၊ ကျောင်းသားတစ်ဦးဦး ဆရာကို ဒေါသထွက်စေတဲ့အခါ တစ်တန်းလုံး အပြစ်ပေးခံရတတ်ပါတယ်။ ဒီလိုပြုမူခြင်းဟာ ကျောင်းသားများအပြင် ကျောင်းသားမိဘများပါ သင့်ရဲ့ ရန်ဘက်သို့ ပို့ဆောင်သလို ဖြစ်သွားပါလိမ့်မယ်။

၃။ စာသင်ကြားမူတွင် စဉ်ဆက်မပြတ်ဖြစ်ပါစေ

တစ်ခုခု သင်ကြားပို့ချတဲ့အခါ ကျောင်းသားများရဲ့ အာရုံးစူးစိုက်မူကို အပြည့်အ၀ ရနေတယ်ဆိုပါစို့၊ ဆရာရဲ့ လက်ကိုင်ဖုန်းမီလာပါတယ်။ ဆရာက ဖုန်းကိုင်လိုက်ပါတယ်။ ကျောင်းသားများ အာရုံပျက်သွားပါတယ်။ ဆရာစာသင်ကောင်းနေတယ်၊ အခြားဆရာက တံခါးလာခေါက်ပါတယ်၊ တစ်ခုခုပြောပြီးထွက်သွားပါတယ်၊ ကျောင်းသားများအာရုံပျက်သွားပါတယ်။ ဒီလိုကိစ္စမျိုးတွေ အများကြီးပါ။ ဒါကြောင့်၊ စာသင်ခန်းဆိုတာ လုံး၀ အနောက်အယှက်ကင်းတဲ့ နေရာ ဖြစ်ရပါမယ်။ တစ်ဦးတစ်ယောက်ယောက် အကြောင်းတစ်ခုခုနဲ့ ဝင်စရာ ရှိခဲ့မယ်ဆိုရင် ကြိုတင်ခွင့်တောင်းထားသင့်ပါတယ်။

ကျောင်းသားများရဲ့ အာရုံစူးစိုက်မူဆိုတာ ပျက်သွားရင် မူလနေရာကို ချက်ချင်းပြန်ခေါ်လို့ မရလို့ပါ။ အတန်းချိန်စလို့ စာစသင်ပြီဆိုရင် စဉ်ဆက်မပြတ်ဖြစ်ပါစေ။

၄။ ပုဂ္ဂိုလ်ရေး မပါသင့်ပါ။

ကျောင်းသားတစ်ဦးတစ်ယောက်ရဲ့ အမှားတစ်ခုခုကို ကျောင်းအုပ်ဆရာကြီးနဲ့ တိုင်ပင်ဆွေးနွေးရတဲ့ အခါမျိုးမှာ ဖြစ်ပေါ် ခဲ့တဲ့အမှားကိုသာ ပြောပါ။ တိုင်ကြားပါ။

ပုဂ္ဂိုလ်ရေး မပါစေနှင့်၊ ဒီမောင်ဟဝါ တော့ အမြဲတန်း ဒီလိုပဲ၊ အဖေတူသားပဲ စသည့်စကားမျိုး မပြောဆိုမိအောင် ရှောင်ကျဉ်ပါ။ ဘယ်လိုပဲတိုင်တိုင်၊ ဘယ်လိုပဲ မှတ်ချက်ပြုပြု စေတနာအရင်းခံဟာကျောင်းသားကို ပြုပြင်နိုင်ဖို့သာ ဖြစ်သင့်ပါတယ်။ ကျောင်းအုပ်ဆရာကြီးကို တိုင်ကြားတာထက် အကူအညီတောင်းတဲ့ စိတ်ထားမျိုး ရှိသင့်ပါတယ်။

၅။ ကျောင်းသားများရဲ့ ပါဝင်မူကို ဦးစားပေးပါ။

သင်ကြားပို့ချမူကို ဆွေးနွေးမူဖြစ်အောင် ဖန်တီးတဲ့ သဘောပါ။ စာသင်ကြားတဲ့အခါမှာ ကျောင်းသားများနဲ့ ဆွေးနွေးမူ များလေလေ၊ စာသင်ခန်းအောင်မြင်လေလေ ဖြစ်ပါတယ်။ ပြသနာတစ်ခုကို ပြောပြလိုက်တယ်၊ သူတို့ကို လေးယောက် တစ်အုပ်စုဖွ့ဲပြီး ဆွေးနွေးခိုင်တယ်။ ပြီးရင် အပြန်အလှန်ဆွေးနွေးစေမယ်၊ ပြီးရင် အဖြေထုတ်မယ်။
သင်္ချာ၊ သမိုင်း၊ ပထဝီ ဘာသာရပ်အားလုံးကို အပြန်အလှန်ဆွေးနွေးတဲ့ နည်းစနစ်နဲ့ သင်ကြားလို့ ရပါတယ်။ သိပ္ဗံဆိုရင် လက်တွေ့ပါတဲ့အတွက် ကျောင်းသားများရဲ့ ပါဝင်မူ ပိုများပါတယ်။

၆။ စာသင်ခန်း အစီအစဉ် ကျမူ

ဆရာများရဲ့ နောက်စေ့မှာလည်း မျက်စိတစ်စုံ ပါရှိသင့်ပါတယ်။ ဆိုလိုတာက ကျောက်သင်ပုန်းမှာ တစ်ခုခုရေးနေတဲ့ အချိန်မှာ နောက်မှာ ဖြစ်ပျက်နေတာတွေကို အနည်းဆုံး ခန့်မှန်းနိုင်ရပါမယ်။ အတွေ့အကြုံရှိတဲ့ ကျောင်းဆရာများအဖို့ ဒါခက်ခဲ့တဲ့ အရာမဟုတ်ပါဘူး။ ဆရာတိုင်းဟာ သူသင်ကြားနေကျ စာသင်ခန်းအပေါ် ဆဋ္ဌအာရုံ အနည်းနဲ့ အများဆိုသလို ရှိကြပါတယ်။

၇။ ကျောင်းသားများရဲ့ “ တန်ဖိုးစိတ်"

ကျောင်းသားတိုင်းဟာ သူ့အရွယ်နဲ့သူ တန်ဖိုးစိတ်ကိုယ်စီ ရှိကြပါတယ်။ ဆရာများ ကျောင်းသားများကို ဆုံးမတဲ့အခါ အဆိုပါ တန်ဖိုးစိတ်ကို မထိခိုက်မိအောင် သတိထားရပါလိမ့်မယ်။ မင်းတို့ အသုံးမကျဘူး၊ မင်းတို့ ဘယ်တော့မှ ထူးချွန်တဲ့ကောင် ဖြစ်လာမှာ မဟုတ်ဘူး စတဲ့ တန်ဖိုးစိတ်ကို ထိခိုက်စေတဲ့ စကားမျိုးကို ကျောင်းဆရာများ မည်သည့်အခါမျှ မသုံးသင့်ပေ။

၈။ လစ်လျူရူ့မူ
❤4
ကျောင်းဆရာတစ်ဦးဟာ ကျောင်းသားများ ကျူးလွန်တဲ့ အပြစ်ကို ကျောင်းစည်းကမ်းအတိုင်း အရေးယူ ဆောင်ရွက်သင့်တယ် ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ ကျောင်းသားနဲ့ အနီးကပ်ထိတွေ့ရလေတော့ ကျောင်းသားများ အပြစ်လုပ်မိတဲ့ မူလရည်ရွယ်ရင်းစိတ်ကို သိရှိနိုင်ပါတယ်။ ဒါကြောင့် အရေးယူသင့်တဲ့အပြစ်၊ လစ်လျူရူ့သင့်တဲ့အပြစ်ဆိုပြီး စိတ်ထဲမှာ ချိန်ခွင်တစ်ခုထားရှိသင့်ပါတယ်။

၉။ ငြိမ်ငြိမ်လေး ခေါ်ယူဆုံးမခြင်းသည် အော်ဟောက်ဆုံးမခြင်းထက် ထိရောက်သည်။

သုတေသနအရ ရေရှည်မှာ အော်ဟစ် ဆဲဆိုခြင်းဟာ အကောင်းထက် အဆိုးကိုသာ ဦးတည်စေပါတယ်။ ကျောင်းသားကို အေးအေးဆေးဆေး ခေါ်ယူပြီး အေးအေးလူလူ ဆွေးနွေးဆုံးမခြင်းက ပိုမိုထိရောက်တတ်ပါတယ်။

မူရင်းရေးသားသူ: Aung Ko Latt
KG. ပေါ့ပေါ့မတွေးနဲ့
*****
KGတန်းဆိုတာ
သင်ယူမှုရဲ့အစအရေးကြီးဆုံးအတန်းပါ။

သူငယ်တန်းပညာရေးKG
*****
သူငယ်တန်းပညာရေးဆိုသည်မှာ
ပထမတန်းသို့ကူးပြောင်းမှုလွယ်ကူစေရန်
အသက်5နှစ်ပြည့်ပြီးကလေးများအတွက်
ဘက်စုံဖွံ့ဖြိုးမှုနှင့်သင့်လျော်သောနည်းလမ်းများကို
အသုံးပြုပြီးပြုစုပျိုးထောင်ပေးသော‌ပညာရေးကိုဆိုလိုသည်။

အသက်5နှစ်ပြည့်ပြီးကလေးများသည်
သူငယ်တန်းKGပညာရေးကိုစတင်သင်ယူရမည်။

မွေးစမှ8နှစ်တာကာလသည်
ဦးနှောက်ဖွံ့ဖြိုးမှုအမြန်ဆုံးနှင့်
သင်ယူမှုအခွင့်အလမ်းအမြင့်ဆုံးအချိန်ဖြစ်သည်။

ဦးနှောက်ဖွံ့ဖြိုးစေရန်(ဉာက်ကောင်းစေရန်)
ကလေးများ၏သသ်ယူမှုပုံစံဖြစ်သည့်
ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း၊
စူးစမ်းလေ့လာခြင်၊
လက်တွေ့စမ်းသပ်ဆောင်ရွက်ခြင်း၊
ကြည့်ရှုလေ့လာခြင်း၊
အကြိမ်ကြိမ်ဆောင်ရွက်ခြင်း၊
မေးမြန်းခြင်း၊
ကစားခြင်းတို့ကိုဆောင်ရွက်ခွင့်ပေးရမည်။

ထိုအခွင့်အရေးများများရရှိလေ
ဦးနှောက်ဖွံ့ဖြိုးခွင့်ရလေဖြစ်သည်။

ဦးနှောက်နှင့်စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှသာသင်ယူရန်အဆင်သင့်ဖြစ်စေပါ၍အောက်ဖေါ်ပြပါဖွံ့ဖိုးမှုများရရန်ဦးစွာဆောင်ရွက်ရပါမည်။

ဖွံ့ဖြိူးမှုနယ်ပယ်၅ရပ်
*******
၁_ရုပ်ပိုင်းဆိုင်ရာ
၂_အသိဉာဏ်ဆိုင်ရာ
၃_လူမှုဆက်ဆံရေးဆိုင်ရာ
၄_စိတ်လှုပ်ရှားမှုဆိုင်ရာ
၅_စာရိတ္တဖွံ့ဖြိုးမှု

KGသင်ရိုးသစ်ကို
5နှစ်အရွယ်ကလေးများ၏ဖွံ့ဖြိုးမှုအဆင့်နှင့်လိုက်လျောညီထွေရှိသည့်
သင်ယူမှုနယ်ပယ်နှင့်သင်ယူမှုနယ်ပယ်အားလုံးကိုလွမ်းခြုံမှုရှိန်ိင်သောအကြောင်းအရာများ၊
ကလေးဗဟိုပြုချည်းကပ်နည်းများကိုအသုံးပြုကာလုပ်ကိုင်ဆောင်ရွက်ပေးမည့်သင်ယူမှုပုံစံဖြင့်ရေးဆွဲထားသည်။

KGတွင်ဘာသာရပ်မရှိပါ။
ကျောင်းသုံးစာအုပ်မရှိပါ။

နယ်ပယ်‌6ခုသာရှိသည်။
1-ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာခြင်း
2-စာရိတ္တ မိတ္တ စိတ်လှုပ်ရှားမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်ခြင်း
3-အပြန်အလှန်ပြောဆိုဆက်သွယ်ခြင်း
4-သင်္ချာအခြေခံများကိုစူးစမ်းလေ့လာခြင်း
5-အနုပညာရသခံစားခြင်းနှင့်ဖန်တီးခြင်း
6-ပတ်ဝန်းကျင်လောကကိုသိရှိနားလည်ခြင်း
ပတ်ဝန်းကျင်လောကကိုသိရှိနားလည်ခြင်း

KGပြီးတဲ့ကလေးတယောက်ဟာ
အထက်ကဖေါ်ပြခဲ့တဲ့နယ်ပယ်တွေမှာ
ဖွံ့ဖြိုးတိုးတက်လာရမယ်။
#မရသွားရင် KGရည်ရွယ်ချက်မအောင်မြင်ဘူး။#
Grade_1အတွက်အဆင်သင့်မဖြစ်ပါဘူး။

သူငယ်တန်းKGသင်က‌လေးဖွံ့ဖြိုးမှုသင်ရိုးမှာမှာ
1-အကြောင်းအရာအားဖြင့်ကိုက်ညီဆီလျှော်မှု
2-ကလေးရဲ့အသက်အရွယ်လိုက်ဖွံ့ဖြိုးမှုနှင့်ကိုက်ညီဆီလျော်မှု
3-ပညာရေးနှင့်ကိုက်ညီဆီလျော်စွာရေးဆွဲထားပါတယ်။

သူငယ်တန်းKGမှာရှိရမည့်စာအုပ်များ
ကျောင်းတိုင်းမှာရှိကိုရှိရပါမယ်။
❤2
၄ ၊ ၅ ၊ ၆ ၊ ၇ ၊ ၈ အတန်းတွေနဲ့ Uni ကျောင်းသား/သူများ အတွက် ...

တက္ကသိုလ် မှာတော့ Interrogative ဆိုပြီး မေးတယ် ...............
State မှာတော့ Change into question. ပေါ့.................

တကယ်တော့ Interrogative ကို သဘောပေါက် နားလည်ကြရင်
Negative ကိုပါ ရသွားမယ်။ ပြီးတော့ Read the passage.
မေးခွန်းတွေကိုပါ ဖြေတတ်သွားမယ်။ Seen ပဲ မေးမေး Unseen
ပဲ မေးမေး။ သို့ပေမယ့်လည်း အကူကြိယာရဲ့ function ကို ကောင်း
ကောင်း သဘောမပေါက်ရင်တော့ (၄) တန်းအဆင့် မေးခွန်းမေးလည်း
(၁၀) တန်းကျောင်းသား ပျားတုပ်မှာပါပဲ 😊

ဒါကြောင့် အကူကြိယာတွေကို ကျက်ထားရပါမယ်။
သို့မှသာ Interrogative နဲ့ Negative ကို ဖြေတတ်ပါလိမ့်မယ်။

####

Interrogative pattern - မေးခွန်းဝါကျ တည်ဆောက်ပုံ

👉 He is a student.
=> သူသည် ကျောင်းသား ဖြစ်သည်။

## (အကူကြိယာ is ကို Sub ရှေ့ ထုတ်ရေးရင် မေးခွန်း။)

👉 Is he a student?
=> သူက ကျောင်းသား လား။

👉 He can swim in the river.
=> သူ မြစ်ထဲမှာ ရေကူးနိုင်တယ်။

## (အကူကြိယာ can ကို Sub ရှေ့ထုတ်ရေးရင် မေးခွန်း။)

👉 Can he swim in the river?
=> သူ မြစ်ထဲမှာ ရေးကူးနိုင်လား။

➳ ဒါကြောင့် မေးခွန်းဝါကျ ဖြစ်ချင်ရင် အကူကြိယာကို Sub ရှေ့သို့
ထုတ်ရေးရပါမယ်။အကူကြိယာ မရှိရင်တော့ do, does, did
ခေါ်။ do, does, did ဘာကို သုံးရမလဲ သိချင်ရင် Verb ကို
ကြည့်။ Verb ကိုကြည့်လို့ Verb က -----

( 1 ) Vs ဆိုရင် ==> does Sub V1
( 2 ) V1 ဆိုရင် ==> do Sub V1
( 3 ) V2 ဆိုရင် ==> did Sub V1

👉 He lives in Yangon.
=> သူ ရန်ကုန်မှာ နေတယ်။

## (အကူကြိယာကို Sub ရှေ့ထုတ်ဖို့ အကူကြိယာမရှိဘူး။အကူကြိ
ယာ မရှိရင် do, does, did ခေါ်မယ်။do, does, did ခေါ်
ဖို့ Verb ကိုကြည့်တော့ Verb က Vs ( lives ) ဒါကြောင့်
Vs ဆိုရင် ==> does Sub V1 ပုံစံနဲ့ မေးရမယ်။

👉 Does he live in Yangon?
=> သူ ရန်ကုန်မှာ နေတာလား။

#####

Helping Verb - အကူကြိယာ
အကူကြိယာ (၄) မျိုး ရှိပါတယ်။ အဲဒါတွေက ---------
1. Verb to be
2. Verb to do
3. Verb to have
4. Modal verb

1. Verb to be - am , is , are ➳ V1
- was , were ➳ V2
- been ➳ V3
- being ➳ V-ing
- be ➳ Infinitive verb

2. Verb to do - do , does ➳ V1
- did ➳ V2
- done ➳ V3
- doing ➳ V-ing
- do ➳ Infinitive verb

3. Verb to have - has , have ➳ V1
- had ➳ V2
- had ➳ V3
- having ➳ V-ing
- have ➳ Infinitive verb

4. Modal verb. V1 V2
- can , could
- shall , should
- will , would
- may , might
- must , had to

# W.H. စကားလုံး သုံးပြီး မေးတဲ့အခါ ပေးထားတဲ့ဝါကျထဲက W.H.
နဲ့ သက်ဆိုင်တဲ့ စကားလုံး (သို့) စကားစုတွေကို ဖြုတ်ခဲ့ရပါမယ်။

1. She went to Bagan last year. ( Where )
မနှစ်က သူမ ပုဂံကို သွားခဲ့တယ်။

# W.H. စကားလုံး ဘာပေးထားလဲကြည့်တော့ ==> ( Where )
Where - ဘယ်နေရာလဲ - နေရာကိုဖြုတ်
" နေရာ " ဆိုတာ Preposition နဲ့ Noun နဲ့ ပေါင်းထားတာ။
ဒါကြောင့် ဖြုတ်ရမည့်စကားစုက ==> to Bagan

# ဖြုတ်လိုက်တဲ့ စကားစုက verb ရှေ့ကလား၊verb နောက်ကလား
Verb နောက်က ==> ဒါကြောင့် Verb ကို ကြည့်ပြီး မေးခွန်းပုံစံ
ပြောင်း Verb ကိုကြည့်တော့ V2 (went) => did Sub V1

➳ Where did she go last year?
မနှစ်က သူမ ဘယ်ကို သွားခဲ့တာလဲ။

2. That bridge was built in 1990. ( When )
၁၉၉၀ ပြည့်နှစ်မှာ ဟိုးကတံတားကို ဆောက်လုပ်ခဲ့တယ်။

# W.H. စကားလုံး ဘာပေးထားလဲကြည့်တော့ ==> ( When )
When - ဘယ်အချိန်လဲ - အချိန် ကိုဖြုတ်
" အချိန် " ဆိုတာ Preposition နဲ့ Noun နဲ့ ပေါင်းထားတာ။
ဒါကြောင့် ဖြုတ်ရမည့်စကားစုက ==> in 1990

# ဖြုတ်လိုက်တဲ့ စကားစုက verb ရှေ့ကလား၊verb နောက်ကလား
Verb နောက်က ==> ဒါကြောင့် Verb ကို ကြည့်ပြီး မေးခွန်းပုံစံ
ပြောင်း Verb ကိုကြည့်တော့ was built => was Sub V3
❤7
➳ When was that bridge built?
ဟိုးကတံတားကို ဘယ်အချိန်က ဆောက်လုပ်ခဲ့တာလဲ။

3. He bought a red pen. ( Which )
သူ ဘောပင်အနီတစ်ချောင်းကို ဝယ်ခဲ့တယ်။

# W.H. စကားလုံး ဘာပေးထားလဲကြည့်တော့ ==> ( Which )
Which - ဘယ်ဟာလဲ - အရောင် ကိုဖြုတ်
A red pen = အနီရောင် ဘောပင်၊ ဘောပင် အနီရောင်
Which pen = ဘယ်ဘောပင်
ဒါကြောင့် ဖြုတ်ရမည့်စကားစုက ==> a red

# ဖြုတ်လိုက်တဲ့ စကားစုက verb ရှေ့ကလား၊verb နောက်ကလား
Verb နောက်က ==> ဒါကြောင့် Verb ကို ကြည့်ပြီး မေးခွန်းပုံစံ
ပြောင်း V ကိုကြည့်တော့ V2 (bought) ==> did Sub V1

➳ Which pen did he buy?
သူ ဘယ်ဘောပင်ကို ဝယ်ခဲ့တာလဲ။

4. U Kyaw Min will go to Bago tomorrow. (Who)
မနက်ဖြန် ဦးကျော်မင်း ပဲခူးကို သွားလိမ့်မယ်။

# W.H. စကားလုံး ဘာပေးထားလဲကြည့်တော့ ==> ( Who )
Who - ဘယ်သူလဲ - လူ Sub ကိုဖြုတ်
Sub ဆိုတာ Verb ရှေ့က
ဒါကြောင့် ဖြုတ်ရမည့်စကားလုံးက ==> U Kyaw Min

# ဖြုတ်လိုက်တဲ့ စကားစုက verb ရှေ့ကလား၊verb နောက်ကလား
Verb ရှေ့က ==> ဒါကြောင့် ဖြုတ်ပြီး ကျန်တာ ဆက်ရေးလိုက်ပါ။

➳ Who will go to Bago tomorrow?
မနက်ဖြန် ဘယ်သူ ပဲခူး သွားမှာလဲ။

#Credit_ArKar
❤3
အားနာလို့ရေးတဲ့တောင်းပန်စာ
*****

(သင်ရိုးလမ်းညွှန်မဖတ်သောဆရာများနှင့်
ဗျာများနေသောမိဘများအတွက်
ဒီစာကိုရေးပါတယ်။)

၂၀၁၆သင်ရိုးသစ်KGစ

၂၀၁၇ G1သင်ရိုးစ

G-1သင်တန်းမှာ ဆရာတွေသင်တန်းတက်တော့
သင်တန်းတက်တဲ့ဆရာတွေတိုင်းကို
သင်ရိုးလမ်းညွှန်
ဆရာလမ်းညွှန်
ကျောင်းသားကိုင်text bookတွေထုတ်ပေးပြီးသင်တန်းတက်ရောက်ရပါတယ်။

နည်းပြတွေကိုယ်တိုင်
သင်ရိုးသစ်၏တာဝန်ဝတ္တရားများအသစ်များမှကျောင်းသုံးစာအုပ်အသုံးပြု
သင်ရိုးသစ်ကဏ္ဌကိုသေချာမသင်၊

သင်တဲ့သင်တန်းသားရောနည်းပြရော
စာအုပ်ကိုမလေ့လာမဖတ် မမှတ်တဲ့အခါ

ကျောင်းသုံးစာအုပ်ဖြန့်ဝေတဲ့အခါ
ကျောင်းမှာသိမ်းဆည်းထားပြီး
သင်မှထုတ်သင်ရမယ့်

ဘဝတွက်တာ
ကာယ
ပန်းချီ
ဂီတကျောင်းသားကိုင်တွေကို
ကျောင်းသားတွေကိုဖြန့်ဝေပေးလိုက်တဲ့အခါ

နောက်တနှစ်ကူးပြောင်းလို့
ပုံနိပ်စာအုပ်ဖြန့်ဝေချိန်
အထကိပါမဖြန့်ဝေရတဲ့စာအုပ်လေးမျိုး
နယ်ပယ်လေးခုပါမလာတော့ပါဘူး။

ကျောင်းလက်ခံလဲမရှိတော့
သင်စရာမရှိတော့ပါဘူး။

မိဘတွေဝယ်ခိုင်းတော့မိဘတွေဗျာများရပြီပေါ့။

ဝန်ထမ်းတွေတာဝန်မကျေတဲ့အခါ
မိဘတွေကိုအားနာမိတယ်။

စာသင်မယ်ဆို
ဆရာလမ်းညွှန်နဲ့ကျောင်းသားကိုင်ပူးတွဲသင်မှ
ထိရောက်အောင်မြင်မယ့်ဟာ
တချို့ဆရာတွေဆို
ဆရာလမ်းညွှန်တောင်မကိုင်ပဲသင်နေကြတာ
သူတို့ရဲ့ခံယူချက်တွေကိုအံ့ဩမိတယ်။

အေးပေါ့လေ

ပညာရေးမှာ၇၀%သောဆရာတွေက
အလုပ်ခန့်ပြီးလို့ဆရာဖြစ်သွားရင်

အချိန်တန်လစာရတယ်။
အချိန်တန်လို့နှစ်ပြည့်ရင်ရာထူးတိုးတယ်။

ခံယူချက်မလိုဘူး။
စေတနာမလိုဘူး။
ကြိုးစားအားထုတ်လေ့လာဖို့မလိုဘူး။

အဲ့အပြင်အချို့သောဆရာတွေက(A)ဆိုတဲ့အဆင့်သတ်မှတ်ချက်အပေါ်အမြတ်ထုတ်လိုက်ကြသေးတယ်။

ရင်းလိုက်ရတာကလေးတွေ။
နည်းစနစ်မမှန်သင်နေတဲ့ဆရာတွေဆီ
ဝကွက်အပ်ထားရတာကို
ဖြစ်လာပါ့မလားရင်ပူနေတဲ့မိဘတွေ
ကျောင်းမှာမတတ်နားမလည်လို
ကျုရှင်ယူကြရတဲ့မိဘတွေ

ကလေးရောမိဘရော
ပညာသင်ရတာဝန်တွေပိလိုက်ကြတာ။

မကင်းလိုကောင်းအောင်နေနေကြရတာ။

ဖြစ်ရပ်တွေမြင်ရကြားရတိုင်း
လိပ်ပြာမလုံစွာနဲ့
မိဘပြည်သူတွေကို
တာဝန်မယူတတ်တဲ့ဝန်ထမ်းတွေကိုယ်စား
အားနာတောင်ပန်မိတယ်။

အောက်ကပုံထဲကပို့စ်နဲ့မန့်‌တွေကို
အစဉ်လိုက်ဖတ်ကြည့်ပါ။
အခြေအနေမှန်ကိုသိရပါလိမ့်မယ်။

ခုလိုရေးလိုက်မိလို့ကျွန်မကိုမုန်းပါ။
ဆဲပါ။
အတင်းပြောဝေဖန်ပါ။
တိုက်ခိုက်ပါ။

လူမုန်းခံရမှာကိုကြောက်ရင်ဒီပို့စ်ကိုမရေးဘူး။

သက်သေပြစရာတွေတပုံကြီး။
❤5👍2