Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ကလေးစိတ်ပညာ
=============

ယနေ့ခေတ်ကလေးတွေအများစုက သူတို့ဘာသာ ဦးဆောင်ပြီး လုပ်ချင်တာတွေများလာတယ်။

အဓိပ္ပါယါရှိပြီး လက်တွေ့ကျတဲ့ သင်ကြားနည်းကို
သာ သူတို့ လက်ခံချင်လာတယ်။

ဆရာပြောတိုင်းလည်း ၁၀၀% သူတို့ လက်မခံချင်ရင်
အတင်း လုပ်ခိုင်းလို့မရပါဘူး။

သူတို့ရဲ့ စိတ်မှာ ဒီအလုပ်ဟာ တကယ်အရေးကြီးပါ
လား၊ ဒီလိုလုပ်ရမှာပါလားဆိုပြီး သေချာမှသာ
အဲအရာကို စလုပ်တတ်လာကြတယ်။

ဆရာက ရှေ့ကနေ စာအုပ်ဖွင့်သင့်ပြီး လိုက်ကူးခိုင်း
တာ၊ တစ်ချို့အရာတွေကို အလွတ်ကျက်ခိုင်းတာတွေ
ဆိုရင် သိပ်လက်မခံချင်ကြတော့ပါဘူး။

ရှေးရိုးစွဲဆရာတွေနဲ့ တွေ့တဲ့အခါကျ ကလေးတွေက
ရိုင်းလာတယ်၊ ဆရာစကားလည်း နားမထောင်ဘူး၊
သူတို့လုပ်ချင်တာ သူတို့လုပ်တယ်ဆိုတဲ့ အမြင်တွေ
ဖြစ်လာတယ်။

Psychology ပိုင်း နားလည်တဲ့ မိဘတွေဆိုရင် ကလေးတွေကို စာကျက်ဖို့ အတင်းမတိုက်တွန်းတော့
သလို စာမရရင် ရိုက်ဖို့လည်း ဆရာ/မတွေကို အားမပေးတော့ပါဘူး။

ဥပမာ-

Parts of Speech တွေကို ကျွန်မတို့ငယ်ငယ်ကဆို
“Article (a, an, the) နောက်မှာ Noun လိုက်တယ်
Demonstrative Adjectives (this, that, these,
those) နောက်မှာ Noun လိုက်တယ်”
လို့ ကဗျာလေးတွေ ရွတ်ပြီး ကျက်ခဲ့ရတယ်။

အဲနည်းက တကယ်ပျော်ဖို့ နှစ်ခြိုက်ဖို့ ကောင်းသလို
အဲလိုနည်းလေးကြောင့်ပဲ ကျွန်မတို့ Grammar ပိုင်း
လေးတွေ တတ်မြောက်ခဲ့တာပါ။

သို့ပေမယ့် ဒီဘက်ခေတ်ကျပြန်တော့ Teaching
Methodologists တွေက Grammar Terms တွေကို
ကျောင်းသားငယ်စဉ် (အထူးသဖြင့် ၁၀ နှစ်အောက်)
တွေကို မထိတွေ့စေချင်သေးဘူးလို့ ပြောပြန်တယ်။

ကျွန်မကိုယ်တိုင်လည်း ဟိုးအရင် စာစသင်ခါစတုန်း
က သိပ်လက်မခံချင်ပါဘူး။ ကိုယ်တိုင်လည်း ဒီနည်း
နဲ့ပဲ ကြီးပြင်းလာတာကိုး။

ဒါပေမယ့် တကယ်လက်တွေ့ မှာ ပုံစံအမျိုးမျိုးနဲ့
နှိုင်းယှဉ်သင်ကြည့်တဲ့အခါကျ ခုနကလို Grammar
Terms တွေ ထည့်သင်တာက ၊ Noun အမျိုးအစား
ဘယ်နှစ်မျိုးရှိသလဲ၊​ အဲ Noun တွေထဲမှာ ဘာတွေ
ပါလဲ အစရှိသဖြင့် အလွတ်ကျက်စေပြီး ပြန်မေးတာ
က သူတို့လေးတွေကို လက်တွေ့သုံးစေတာလောက်
ထိရောက်မှုမရှိပါဘူး။​ ထိရောက်ရင်တောင် တကယ့်
အပြောပိုင်းနဲ့ အရေးပိုင်းကျ သူများထက် နှေးပါတယ်။

✅ ပထမအဆင့်က ကဗျာကို ကျက်ရတယ်။
✅ ဒုတိယအဆင့်က အဲကဗျာမှာပါတဲ့ Terms ကို
မှတ်ရတယ်။
✅ တတိယအဆင့်က စာရေးမယ်၊ စကားပြောမယ်
ဆိုရင် ကဗျာကို ပြန်ရွတ်ရင်း ဒီနေရာမှာ Noun
သုံးရမလား၊ Adjective သုံးရမလား ပြန်စဉ်းစား
ရပြန်တယ်။

အဲဒီအခါမှာ Abstract ဖြစ်တဲ့ Grammar Terms
တွေက သူတို့လေးတွေကို ပိုရှုပ်လာစေတယ်။

လိုတာထက်လည်း အချိန်ပိုကြာစေတယ်။

အဲလိုကြောင့် အငယ်တန်းလေးတွေကို သင်မယ်ဆို
ရင် Terms တွေ သိပ်မသုံးဘဲ နမူနာလေး တစ်ခုပေး
ပြီး အဲအတိုင်းလိုက်ရေး၊​လိုက်ပြောစေတာက
ပိုမြန်ပြီး ပိုထိရောက်စေပါတယ်။

Color နဲ့ Things သင်ပြီးသွားလို့
ကိုယ်က အရေး (သို့) အပြောအတွက် Pattern သင်မယ်
ဆိုရင် It is + a + color + noun လို ပြလိုက်တာထက်
သူတို့အိတ်ထဲမှာ ရှိတာ (သို့)​အတန်းထဲမှာ ရှိတဲ့
အရာတစ်ခုခုကို ပြောခိုင်းလိုက်တာ ပိုအဆင်ပြေပါတယ်။
ကိုယ်ကနေတော့ ဥပမာ တစ်ခုနဲ့ စရမှာပေါ့။
“It’s a yellow pencil. It’s a green bag” အစရှိသဖြင့်
ပြောပြီး သူတို့ဘာသာ သူငယ်ချင်းနဲ့ အချက်များနိုင်သမျှ
များများပြောစေတာက ပိုထိရောက်ပါတယ်။

Grammar Terms တွေက ငယ်ရွယ်တဲ့ ကလေးတွေ
အတွက် မှတ်ရခက်ပါတယ်။✅

အဲ Terms တွေရဲ့ အမျိုးအစားကွဲတွေနဲ့ အသုံးတွေ
ပြန်စဥ်းစားရတာလည်း မလိုအပ်ဘဲ ကလေးတွေရဲ့
Energy သုံးရသလိုဖြစ်ပါတယ်။✅

တတ်နိုင်သမျှရှောင်ပေးပါ။✅

နောက်တစ်ချက်ကတော့ ကိုယ်ကနေပဲ ဦးဆောင်
ရှင်းပြမယ်ဆိုတဲ့ စိတ်ကို အတတ်နိုင်ဆုံးဖျောက်ပေး
ပါ။

ကျွန်မတို့ ခေတ်တုန်းကတော့ ဆရာတွေကို ပိုနာခံလွယ်
ပြီး တစ်ခုခုဆို “Ready to take notes “ ဆိုတဲ့ အနေ
အထားမှာ ရှိနေကြပေမယ့် ဒီဘက်ခေတ်မှာတော့
ကလေးတွေဟာ နောက်လိုက်လုပ်ရတာထက် ဦးဆောင်
သူပိုလုပ်ချင်လာကြပါတယ်။

ဒီတော့ မသင်ခင်မှာ မေးခွန်းမေးတာ၊ သူတို့လေး
ဘယ်လောက်သိပြီးပြီလဲဆိုတာကို သိသာစေမယ့်
Activities လေးတွေနဲ့ စပေးပါ။ ✅

ဒါမှသာ သူတို့လေးတွေဟာ Activities တွေမှာ
ပါဝင်နေရင်း သူတို့ မသိသေးတဲ့ အရာတွေကို
ပိုပြီး နားလည်လာမယ်။✅

နားလည်လာပါမှ ကိုယ်ရှင်းပြမယ့် အချိန်ကျ
နားထောင်တတ်ဖို့ အသင့်ဖြစ်နေပါမယ်။✅

ကိုယ်ကလည်း ကိုယ်ပြင်ဆင်ထားတဲ့အတိုင်း
အစမှ အဆုံးအထိ သင်ဖို့ မလိုအပ်ဘဲ သူတို့
လိုအပ်တဲ့ အချက်လေးတွေကိုသာ အဓိက
သင်ပေးခြင်းဖြင့် Teacher-Talking-Time
ကို လျှော့ပေးလာနိုင်မည် ဖြစ်ပါသည်။✅

ကလးစိတ်ပညာကို နားလည်ပြီး အကောင်းဆုံး
ဖန်တီးပေးနိုင်ပါစေ။
❤1👍1
အားကျစိတ်🤗
============

အခုခေတ်မှာ ဆရာ/မအများစုဟာ online ကနေ
Activities/ Games တွေ မြိုင်မြိုင်ဆိုင်ဆိုင် သုံးပြီး
သင်ကြားလာနိုင်ကြပါပြီ။

Activities တွေရဲ့ သဘောသဘာဝအရ ကျောင်းသား
ကို ပျော်စေတယ်၊ တက်ကြွစေတယ်။

အဲဒီအခါမှာ ကျောင်းသားတွေ စာလည်းရ၊ ပျော်လည်းပျော်တယ်လို့ မြင်သွားမိကြတယ်။

Activities တွေက ပျော်ဖို့ကောင်းပါတယ်။
ဒါပေမယ့် Activities တိုင်းကတော့ ကျောင်းသား
တိုင်းကို ၁၀၀% တိုးတက်စေလားဆိုတဲ့ အချက်ကို
တော့ သေချာချိန်ဆသင့်ပါတယ်။

ဆရာ/မအငယ်လေးတွေဆိုလည်း Activities မြိုင်
မြိုင်ဆိုင်ဆိုင် သုံးနိုင်သူတွေကိုဆို အင်မတန်အားကျ
လေ့ရှိကြပါတယ်။

သူတို့လို Activities သုံးတတ်အောင် ဘယ်လိုလုပ်ရ
မလဲဆိုပြီး လာမေးတာတွေလည်း ရှိကြပါတယ်။

နောက်ပြီး Training/ Workshop တက်တဲ့အခါဆိုရင်
လည်း Activities/ Games တွေ အဓိက ပို့ချတာမျိုး
ဆို အင်မတန်စိတ်ဝင်စားကြပါတယ်။ အဲလိုပါတဲ့
Session မျိုးကိုပဲ အဓိက ရွေးချယ်တက်ကြတာ
များပါတယ်။

သို့ပေမယ့် ကျွန်မအမြဲပြောလေ့ရှိတာ နဲ့ ယုံကြည်တာကတော့ အခြေခံ သီအိုရီကို အရင်ပိုင်နိုင်အောင်

စာများများဖတ်၊ YouTube ကနေ လေ့လာရပါမယ်✅

သိထားတာကို အခြေအနေအမျိုးမျိုးမှာ ဘယ်လို
ပြန်သုံးမလဲဆိုတာ တွေးတောရပါမယ်✅

အတွေးတွေ လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့
ပြန်လည်သင်ပြပေးနိုင်တဲ့ ဝန်းကျင်တစ်ခုရှိရပါမယ်✅

ဒီ ၃ ဆင့်လုံးပြီးမှသာ ပျော်ဖို့ကောင်းတဲ့ Activities တွေကို ရှာဖွေလေ့လာရင်း သီအိုရီနဲ့ ချိတ်ဆက်
အသုံးပြုမယ်ဆိုရင် ပျော်ဖို့လည်းကောင်း၊ သီအိုရီ
လည်း သေချာချိတ်မိဖြစ်မှာပါ။✅

Framework First, Activities Later😉

ဒါတွေရပြီးရင် နောက်အရေးကြီးတာက ကိုယ့်ရဲ့
Personality ပါ။✅

Structure ကျအောင်လည်း သင်တတ်တယ်။
Activities တွေလည်း သိတယ်။

သို့ပေမယ့် မျက်နှာခပ်တည်တည်နဲ့ပဲနေတာ၊
ကျောင်းသားတွေနဲ့ ခင်ခင်မင်မင် မနေတတ်တာ၊
စာအုပ် (သို့) သင်ခန်းစာကိုပဲ အသားပေးပြီး
ကျောင်းသားတွေဘက် ပြန်မကြည့်တတ်တာ၊
အသံဩဇာမရှိတာမျိုးဆိုရင်လည်း အဆင်မပြေ
တတ်ပြန်ပါဘူး။

ဆိုတော့ကား Activities/Games တွေ လုပ်နိုင်တဲ့
ဆရာ/မတွေကို အားကျလို့ Activities တွေနောက်
မလိုက်ဘဲ စနစ်တကျ သင်ယူတတ်အောင် အရင်
လေ့လာပါ။

လက်တွေ့သင်ကြားပါ။

Frame ပိုင်ပါမှ Activities/Games နဲ့ ပေါင်းစပ်ရင်း
ကျောင်းသားတွေနဲ့ ပေါ့ပေါ့ပါးပါး နေပြီး ဆရာဟန်
သိပ်မလုပ်ဘဲ သင်ကြားကြပါစို့။
👍1
Peer-feedback က ထိရောက်မှုရှိလား။
============================

Peer-feedback ဆိုတာကတော့ အပြန်အလှန် လိုအပ်တာလေးတွေ ထောက်ပြပြောပေးတာ၊ ကောင်း
ကွက်လေးတွေ မြင်လာအောင် ပြပေးတာမျိုးပါ။

စာသင်ခန်းမှာဆိုလည်း ဆရာကနေ ကျောင်းသားကို
အမြဲတမ်း ထောက်ပြပြောဆိုပေးတာထက် သူတို့
အချင်းချင်း လိုအပ်တာလေး ပြောပြတတ်အောင်
လေ့ကျင့်ပေးထားသင့်ပါတယ်။ ဒါမှ

✅သူများတစ်ခုခုလုပ်တဲ့အခါ စိတ်ဝင်စားမှု အပြည့်
ရှိလာမယ်။

✅ကိုယ့်ရဲ့ ကောင်းကွက်၊ လိုအပ်ချက်ကို ဆရာဆီက
နေမကဘဲ သူငယ်ချင်းတွေဆီကပါ ရလာမှာမို့
မတူတဲ့ အမြင်လေးတွေကနေ သင်ယူနိုင်မယ်။

✅ဆရာသာ အဓိကဆိုတဲ့ Traditional Norms ကနေ
ခွဲထွက်ပြီး အပြန်အလှန် လေ့လာနိုင်တဲ့ Peer-
Learning Environment ကိုလည်း ဖော်ဆောင်ရာ
ရောက်မယ်။

✅ကိုယ်ကနေ သူများကို Feedback ပေးနိုင်ဖို့
ကိုယ်တိုင် အဲအကြောင်းအရာကို သေချာသိဖို့
လိုတယ် ဆိုတာမျိုးလည်း နားလည်သွားမယ်။

✅သူများရဲ့ ကောင်းကွက်ကို ပြောပြရဲပေမယ့်
လိုအပ်ချက်ကို အပြုသဘောနဲ့ ထောက်ပြပေး
နိုင်တဲ့ သတ္တိမျိုးလည်း တည်ဆောက်ပေးပြီး
သားဖြစ်မယ်။

ဒါဆိုရင် ကျောင်းသားတွေ အနေနဲ့ အချင်းချင်း
ထောက်ပြပေးနိုင်အောင် ဘယ်အရွယ်က စပြီး
လေ့ကျင့်ပေးနိုင်မလဲဆိုတဲ့ မေးခွန်းလေးလည်း
ရှိပါတယ်။

တကယ်တော့ ငယ်စဉ် ၅-၆ နှစ်အရွယ်လောက်ကတည်းက ဖြည်းဖြည်းဆီ လေ့ကျင့်ပေးနိုင်ပါ
တယ်။ အကြီးတန်းတွေလို HOTs (Higher Order
Thinking Skills) မဖွံ့ဖြိုးသေးပေမယ့်လည်း
အလွယ်လေးတွေကစပြီး လေ့ကျင့်နိုင်ပါတယ်။

ဥပမာ - Animals ပုံလေးတွေ အရောင်ခြယ်ပြီးလို့
ပုံလေးတွေပြပြီး အတန်းရှေ့ထွက်ပြောတာမျိုးဆိုရင်
ကိုယ်က Chart မှာ အချက်လေးတွေကို Smile Face လေးတွေနဲ့ ပေးထားပြီး ထွက်ပြောသူရဲ့ ဘာလေးကို
ကြိုက်လဲဆိုတာ အချက်နဲ့ သွားကပ်ခိုင်းလို့ရပါတယ်။

✅သူငယ်ချင်း ပုံဆွဲထားတာလေးကို ကြိုက်တယ်။

✅အရောင်ခြယ်ထားတာ ကြိုက်တယ်။

✅စကားပြောတာလေးကို ကြိုက်တယ်။

အဲလိုအခြေခံလေးတွေပေးထားနိုင်ပါတယ်။

ဒါဆိုရင် သူတို့ကြိုက်တာကို Smile Face ဆွဲပြီး
ဘာမှ မဆွဲထားတဲ့ နေရာကျ ကိုယ်က မေးမြန်း
ပေးနိုင်ပါတယ်။ ပြီးမှ Smile Face လေးတွေပေါင်း
ပြီး အမှတ်လေးတွေ ပေါင်းပေးတဲ့အခါ သူတို့လုပ်တဲ့
အလုပ်တစ်ခုရဲ့ ကောင်းခြင်း၊ မကောင်းခြင်း ဆုံးဖြတ်
ချက်ဟာ ဆရာရဲ့ ဆုံးဖြတ်ချက်တင်မကဘဲ
သူငယ်ချင်းတွေဆီမှာလည်း မူတည်ပါလားဆိုတာ
သဘောပေါက်သွားနိုင်ပါတယ်။ Peer-feedback ပေးခိုင်းပြီး Life Skills ပါ မသိမသာသင်ပေးသလို ဖြစ်
မှာပါ။

အကြီးတန်းတွေဆိုရင်တော့ Sandwich Feedback လိုမျိုးလေး လေ့ကျင့်နိုင်ပါတယ်။ ကောင်းတာလေး
အရင်ပြောခိုင်းပြီး လိုအပ်တာလေးကို ကြားမှာထည့်၊
နောက်ဆုံးကျ ကောင်းတာလေးပြန်ပြောပြီး အဆုံး
သတ်ခိုင်းနိုင်ပါတယ်။ အကြီးတွေမှာကျ သူများကို
ထောက်ပြရမှာ အားနာတတ်တာကြောင့် ဝေဖန်ချက်
တွေကသာ လူတစ်ယောက်ကို တကယ်တိုးတက်
စေနိုင်ကြောင်း၊ လူတစ်ယောက်ရဲ့ လိုအပ်ချက်ကို
သူ့ကွယ်ရာမှာ ပြောတာက သူ့အတွက်မတိုးတက်သလို မည်သူတစ်ဦးတစ်ယောက်အတွက်မှ အကျိုးမရှိတာ၊ သူ့ရှေ့မှာ ထောက်ပြမှ အဲလူကနောက်ပိုင်း
တကယ်တိုးတက်မှာဆိုပြီး အားပေးတာမျိုးလေး လုပ်သင့်ပါတယ်။

တစ်ချို့ကျ အများကြီးထောက်ပြတတ်တာမျိုးရှိရင်
အချက်ရေကန့်သတ်ပေးပြီး ပြောခိုင်းတာမျိုးလည်း
လုပ်သင့်ပါတယ်။ သို့မှသာ ကျောင်းသားအချင်းချင်း
ဆက်ဆံရေးလည်း မပျက်ပြားနိုင်မည် မဟုတ်ပါလားနော်။

Peer-Feedback လေးတွေ ပေးခိုင်းရင်း ပိုကောင်းတဲ့
Environment လေး ဖန်တီးကြပါစို့။

အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။