Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
၂၀၂၅ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲ
အောင်စာရင်းကို

မန္တလေးငလျင်ကြောင့် ဇွန်လ (၁၆)ရက်နေ့တွင်

ပြန်လည် ဖြေဆိုကြမည့် ကျောင်းသား/သူများရဲ့

အောင်စာရင်း နှင့် အတူ ပူးတွဲ၍ ထုတ်ပြန်

ကြေညာပေးမည်ဟု သိရ။



ထို့ကြောင့် ၇ လပိုင်း (သို့မဟုတ်) ၈

လပိုင်း

လောက်မှ ထွက်နိုင်မည်ထင်ပါတယ်
❤2
အဆင့်မြင့် kpay ဟက်ခြင်း

ဒီနေ့မနက် ဆိုင်ဖွင့်တော့ လာနေကြ ကာစတန်မာတယောက် မျက်စီပျက် မျက်နှာပျက်နဲ့ အကိုရေ လုပ်ပါဦး kpay ထဲမှာ ပိုက်ဆံတွေ မရှိတော့လို့တဲ့။
ကျွန်တော်က kpay ရုံးကဆိုပြီး ဖုန်းဆက်လား? Code တွေမေးလား? လို့ မေးတော့ ဘယ်သူ့မှ ဖုန်းမဆက်ဘူးတဲ့။
အဲ့ဒါနဲ့ ကျွန်တော်လဲ သူ့ kpay ယူကြည့်တော့ logout ဖြစ်‌တာနဲ့ တခါထဲ ပြန်ဝင်ကြည့်တော့ ပိုက်ဆံက ရှိနေသေးတယ်၊ တခါထဲ ထုတ်မယ်ဆိုပြီး ရိုက်နေတဲ့အချိန် kpay code ထပ်ကျလာပြီး သူ့ဘာသာ other phone မှာ login ဝင်သွားပြီလို့ ပြောတယ်။ ကျွန်တော်လဲ အမြန် code ပြန်ချပြီး ပြန်ဝင်တော့ ဒီတခါလဲ ဟိုဘက်က code ထပ်ချပြီး ပြန်ယူသွားပြန်ရော၊ အဲ့ဒါနဲ့ ကာစတန်မာကို အမြန်မေးရတယ်၊ အကို ဖုန်းထဲ ညက ဘာapk တွေ downထားသေးလဲလို့၊ သူ့အိမ်နားက ကောင်လေးတော့ game တခု ထည့်ထားတယ်လို့ပြောတယ်။ အဲ့ဒါ ကျွန်တော့်ကိုပြဆိုပြီးတော့ သူပြတဲ့ စလော့ဂိမ်းapk ကို ဖျက်ပြီး နောက်တခါထပ်ဝင်တော့ code ထပ်ပြီး မကျတော့ဘူး၊တခါထဲ pin No ပါ ချိန်းပေးလိုက်တယ်။အဲ့ချိန်မှ သူ‌လဲ အပူလျော့သွားရှာတယ်။ kpay ဟက်တာ ခုမှ ကိုယ်တိုင် ကိုယ်ကျ မြင်ဖူးတော့တယ်။ ဖုန်းထဲကျတဲ့ code ကို လုံးဝ ဖုန်းဆက်မမေးဘူးနော်၊ ချက်ချင်းကျ ချက်ချင်း logout ဖြစ်သွားတာ၊ ကိုယ်မသိတဲ့ apk တွေ မdown ကြပါနဲ့၊ စလော့ဂိမ်းတွေ ဆော့ရင်လဲ permission တွေ ဇွတ်မပေးကြပါနဲ့။အရမ်း အဆင့်မြင့်တယ်နော် သတိထားနေကြပါ။
❤1
ကွန်ပျူတာထဲမှာ RAM, SSD/HDD, GPU, CPU တစ်ခုချင်းစီကို ဘယ်လိုကြည့်ရလဲ?
======================================

1. RAM ကိုကြည့်နည်း

Ctrl + Shift + Esc ကိုနှိပ်ပြီး Task Manager ဖွင့်ပါ။

Performance tab ကိုရွေးပါ။

ဘယ်ဘက်မှာ Memory ဆိုတာကိုရွေးပါ။

ဒီမှာ RAM အမျိုးအစား (DDR3, DDR4), အသုံးပြုနေတဲ့ RAM ပမာဏ, စုစုပေါင်း RAM ပမာဏတွေကိုမြင်ရပါမယ်။

2. SSD / HDD ကိုကြည့်နည်း

This PC (သို့မဟုတ် My Computer) ကိုဖွင့်ပါ။

အဲမှာသင့် hard drive တွေ၊ SSD တွေ ဖိုင်စနစ်နှင့် ပမာဏတွေကိုမြင်ရပါမယ်။

ပိုမိုသေချာချင်ရင်

Start Menu မှာ "Defragment and Optimize Drives" လို ရိုက်ထည့်ပြီး ဖွင့်ပါ။

ဒီမှာ SSD, HDD များရဲ့ State ၊ ပမာဏကို မြင်ရပါမယ်။

နောက်ထပ်နည်းက

Command Prompt မှာ wmic diskdrive get model,size,serialnumber ဆိုပြီးရိုက်ထည့်လို့လည်း ရပါတယ်။

3. GPU (Graphics Card) ကိုကြည့်နည်း

Task Manager ကိုဖွင့်ပါ (Ctrl + Shift + Esc)

Performance tab ကိုသွားပြီး ဘယ်ဘက်မှာ GPU ဆိုတာ ရှိပါမယ်။

ဒီမှာ GPU နာမည်၊ အသုံးပြုမှု အခြေအနေတွေကိုကြည့်နိုင်ပါတယ်။

နောက်ထပ်နည်းက

Run (Windows Key + R) ကိုဖွင့်ပြီး dxdiag လိုရိုက်ပြီး Enter နှိပ်ပါ။

Display tab ကိုရွေးပါ။ GPU အကြောင်းအသေးစိတ် (နာမည်၊ memory) မြင်ရပါမယ်။

4. CPU ကိုကြည့်နည်း

Task Manager ကိုဖွင့်ပြီး Performance tab ကိုသွားပါ။

ဘယ်ဘက်မှာ CPU ဆိုတာ ရှိပြီး အဲဒီမှာ CPU နာမည်၊ core တွေ၊ speed, usage စတာတွေကို မြင်ရပါမယ်။

နောက်ထပ်နည်းက

Run (Windows + R) မှာ msinfo32 ရိုက်ထည့်ပြီး Enter နှိပ်ပါ။

System Information မှာ Processor ဆိုပြီး CPU နာမည်နဲ့ အသေးစိတ်တွေ ကြည့်နိုင်ပါတယ်။
❤3👍1
(၂၀၂၅_၂၀၂၆)#ပညာသင်နှစ်အခြေခံပညာကျောင်းများ၏
#တတ်မြောက်မှုစစ်ဆေးရန် ဖြေဆိုချိန်၊ ပေးမှတ်နှင့် သင်ခန်းစာ
"တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ"

ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

၄ ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။

၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေ
မည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။

၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန်
လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

အကြံပြုချက်များ
***
၁။ မတ်(စ်)တပ်ပါ
၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ
၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ
___ တဆင့်ပြန်လည်မျှဝေပါတယ်
ကျောင်းပြင်ပ ပညာရေးအကြောင်း
=========================

မြန်မာနိုင်ငံအရပ်ရပ်မှမိဘပြည်သူများခင်ဗျာ

❗အကြောင်းအမျိုမျိုးကြောင့်
❗သက်လွန်ဖြစ်နေပါသော

❗အသက်၁၀နှစ်မှ၁၄နှစ်ကြား(မူလတန်း)

❗အသက် ၁၃နှစ်မှ၁၈နှစ်ကြား(အလယ်တန်း)

အထက်ပါကျောင်းသားကျောင်းသူများ၏
ကျောင်းသားသူများ၏မိဘများသိစေရန်ပါ။

😘ကလေးများပညာဆက်လက်သင်ယူခွင့်ရပါစေရန်
သတင်းကောင်းပေးချင်ပါတယ်။

🇲🇲မိမိနေထိုင်ရာမြို့နယ်အတွင်း
⭐ကျောင်းပြင်ပ ပညာရေး
အကောင်အထည်ဖေါ်သင်ကြားပေးရာ
နေရာများအားမေးမြန်းစုံစမ်းပြီး
အပ်နှံကာပညာဆက်လက်သင်ယူနိုင်ပါတယ်။


🇲🇲NFPE နဲ့ NFME နှစ်ခုရှိပါတယ်။

❗NFPE က မူဆင့်အတွက်ပါ level နှစ်ခုပါ နှစ်ခုလုံးအောင်ရင် G 5 အောင်တာနဲ့အတူတူပါ။

❗❗ NFME က level 3ခုပါ 3 ခုလုံးပြီးရင် G9 အောင်ပါတယ်။

🗓️ ရွေးချယ်ထားတဲ့မြို့နယ်တွေက အစိုးရကျောင်းတစ်ချို့မှာပဲဖွင့်ပါတယ်။

🎉တက်ချင်ရင်နီးစပ်ရာမြို့နယ်ပညာရေးမှူးရုံးတွေမှာ စုံစမ်းလို့ရပါတယ်။

1️⃣မူလတန်း ကျောင်းပြင်ပ ပညာရေး
(အသက်10နှစ်မှ 14နှစ်ကြား)
Non Formal Primary Education (NFPE)
Level-1(G-1+G-2+G-3) ၁နှစ်
Level-2(G4+G-5) ၁နှစ်

❗(#ဇူလိုင်လစဖွင့်ရန်)

နှင့်

2️⃣အလယ်တန်းဆင့် ကျောင်း ပြင်ပ ပညာရေး
( အသက်13နှစ်မှ 18နှစ်ကြား)
Non Formal Middle Education (NFME)
Level-1(G-6+G-7) ၁နှစ်
Level-2 (G-8) ၁နှစ်
Level-3(G-9) ၁နှစ်
❗(#ဩဂုတ်လစဖွင့်ရန်)

ဟု
ကျောင်းပြင်ပ ပညာရေးဖြင့် အတန်းညှိသင်ကြားပေးမှာပါ။

❗အထက်တန်းမရှိသေးပါ။


1️⃣မူလတန်းဆင့် ကျောင်းပြင်ပပညာရေး
NFPE ရှင်းချက်1️⃣

🌟Level 1
တစ်နှစ်တက်ပြီးပါက မူအောက်ဆင့် G-3ပြီးဆုံးပြီး

🌟Level 2
တစ်နှစ်တက်ပြီးပါက မူထက်ဆင့် G-5ပြီးဆုံးကာ
နှစ်နှစ်စလုံးတက်ရောက်ပြီးမူလတန်းဆင့်ပြီးဆံုးမည်ဖြစ်ပါသည်။

🌟မူလတန်းဆင့်ပြီးဆုံးအောင်မြင်ပြီး
ထိုကျောင်းများမှကျောင်းထွက်လက်မှတ်ဖြင့်အလယ်တန်းဆင့်ကျောင်းများသို့
ဆက်လက်ပညာသင်ယူနိုင်မည်ဖြစ်ပါသည်။

🌟အသုံးလုံးမဟုတ်ပါ။
အသက်ကြီး ကျောင်းပြင်ပရောက်နေသော၊စာသင်လိုသော၊
ကျောင်းနေလိုသောကလေးများအား
တန်းညှိသင်ကြားပေးသောကျောင်းဖြစ်ပါတယ်။


1️⃣အလယ်တန်းဆင့် ကျောင်းပြင်ပပညာရေး
NFME ရှင်းချက်1️⃣

🌟Level 1
တစ်နှစ်တက်ပြီးပါက အလယ်တန်းဆင့် (G-6+G-7) ပြီးဆုံးပြီး

🌟Level 2
တစ်နှစ်တက်ပြီးပါက အလယ်တန်းဆင့် (G-8)ပြီးဆုံးကာ

🌟Level 3
တစ်နှစ်တက်ပြီးပါက အလယ်တန်းဆင့် (G-9)ပြီးဆုံးကာ

သုံးနှစ်စလုံးတက်ရောက်ပြီးအလယ်တန်းဆင့်ပြီးဆံုးမည်ဖြစ်ပါသည်။

🌟အလယ်တန်းဆင့်ပြီးဆုံးအောင်မြင်ပြီး
ထိုကျောင်းများမှကျောင်းထွက်လက်မှတ်ဖြင့်အထက်တန်းဆင့်(G-10+11+12)
ကျောင်းများသို့
ဆက်လက်ပညာသင်ယူနိုင်မည်ဖြစ်ပါသည်။

🌟အသုံးလုံးမဟုတ်ပါ။
အသက်ကြီး ကျောင်းပြင်ပရောက်နေသော၊
စာသင်လိုသော၊
ကျောင်းနေလိုသောကလေးများအား
တန်းညှိသင်ကြားပေးသောကျောင်းဖြစ်ပါတယ်။

🇲🇲မိဘများအားလုံး ကျန်းမာချမ်းသာကြပါစေ။
❤11
စိန်ခေါ်မှုများကို တစ်စိတ်တစ်ပိုင်းကျော်လွှားစရာ---" ကျောင်းပြင်ပ ပညာရေး" မှာ
******

အမျိုးသားပညာရေးဥပဒေတွင် ပုံမှန်ကျောင်းပညာရေး
သာမက --- ပုံမှန်ကျောင်းမတက်နိုင်သူများအတွက်
" ကျောင်းပြင်ပ ပညာရေး " လုပ်ဆောင်ပေးနိုင်ရန်
လုပ်ပိုင်ခွင့် အပ်နှင်းပေးထားတာ လေ့လာတွေ့ရှိရပါတယ်။

မောင်ဘရွတ်ကြုံတွေ့ဖူးတဲ့ အတွေ့အကြုံကို
ပြောရလျှင် ----
* ပညာရေးညွှန်ချုပ်အငြိမ်းစား ဆရာကြီးဦးတင်ညိုနဲ့အတူ
ပဲခူး နှင့် တောင်ငူအကြားရှိ "ပုံမှန် ကျောင်းပညာရေး
(Formal Education)" မတက်ရောက်နိုင်သူများအတွက်
ကျောင်းပြင်ပပညာရေး(Non-formal Education) သင်ကြား
ပေးရာစခန်းသို့ သွားရောက်လေ့လာခဲ့ဖူးပါတယ်။
* ပုံမှန်ကျောင်းပညာတက်ရောက်မသင်ကြားနိုင်သူများအတွက်
သက်မွေးနည်းပညာ သင်ကြားပေးမှုများအနေဖြင့် -----
- ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အထည်ချုပ်လုပ်ငန်း
ပြည်ပရင်းနှီးမြှုပ်နှံမှုများတိုးပွားလာခဲ့ချိန်တွင်
လစဥ်အထည်ချုပ်လုပ်သား ထောင်ချီ၍လိုအပ်နေသောကြောင့်
နယ်စပ်ရေးရာဝန်ကြီးဋ္ဌာနက သမားရိုးကျပုံမှန် ၃ လကြာ
ရိုးရိုးစက်ချုပ်သင်တန်းကို စက်ရုံများလိုအပ်နေသော
မော်တာစက်ချုပ်သင်တန်းကာလတိုဖြင့် ပြောင်းလဲလေ့ကျင့်
မွေးထုတ်ခဲ့တာတွေ့ရှိခဲ့ရပါတယ်။
- စစ်တွေမြို့ပေါ်က စက်မှုလက်မှုအထက်တန်းကျောင်းတွင်
ကျောင်းသား ၁၀ ဦးခန့်သာရှိနေပြီး၊စိတ်ဝင်စားမှုနည်းသော်လည်း
နယ်စပ်ရေးရာဝန်ကြီးဋ္ဌာနက "ရွေ့လျားသက်မွေးနည်းပညာသင်တန်း
(Mobile Technical and Vocational Training)"
ရက်တိုဖွင့်ချိန်၌ ကျောင်းသား ၁၀၀ ကျော်အထိ စိတ်ဝင်စားစွာ
လာရောက်သင်ယူကြကြောင်း သိရှိရပါတယ်။

ယခုလို စိန်ခေါ်မှုတွေများတဲ့ကာလမှာ--- ပညာရေးကဏ္ဍ ကို
သမားရိုးကျစဥ်းစားလုပ်နိုင်တဲ့နယ်ပယ်တွေ ရှိသော်လည်း၊
အချို့ကိစ္စက
သမားရိုးကျနည်းလမ်းကနေ -- ဖေါက်ထွက်စဥ်းစား
စီမံပေးသင့်တဲ့နယ်ပယ်တွေလည်း ---ရှိနေပါတယ်။

ထိုအခြေအနေအမျိုးမျိုးအပေါ်တွင်
အမျိုးသားပညာရေးဥပဒေ မူဘောင်လုပ်ပိုင်ခွင့်အတွင်းမှ
စဥ်းစားစီမံပေးသွားနိုင်ပါက
" အားလုံးလွှမ်းခြုံနိုင်သောပညာရေး" အဆင့်သို့
မရောက်ရှိသေးသည့်တိုင်
တတ်နိုင်သမျှလွှမ်းခြုံပေးနိုင်သော ပညာရေး အဖြစ်
ဦးတည်ရောက်ရှိလာလိမ့်မယ်လို့
မျှော်လင့်ပါတယ်။
ကျောင်းပြင်ပပညာရေး နဲ့ ဖတ်စာများ

https://www.learnbig.net/my/book_category/textbooks/

မြန်မာနိုင်ငံတွင် ကျောင်းပြင်ပ ပညာရေး နှင့် ပတ်သက်၍ အထောက်အကူပြုသော အရင်းအမြစ်များစွာရှိပါသည်။ သင်ဖော်ပြထားသော LearnBig ဝက်ဘ်ဆိုက်သည် မြန်မာနိုင်ငံရှိ ကျောင်းသားများအတွက် အခမဲ့ဖတ်စာအုပ်များ၊ သင်ရိုးညွှန်းတမ်းများနှင့် ပညာရေးဆိုင်ရာ အရင်းအမြစ်များကို ပံ့ပိုးပေးသော ကောင်းမွန်သည့် ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။ အောက်ပါတွင် LearnBig နှင့် အခြားအရင်းအမြစ်များကို အသေးစိတ်ဖော်ပြထားပါသည်။

---

### LearnBig ဝက်ဘ်ဆိုက် အကြောင်း
- ဝက်ဘ်ဆိုက်လင့်ခ်: [https://www.learnbig.net/my/book_category/textbooks/](https://www.learnbig.net/my/book_category/textbooks/)
- ပံ့ပိုးမှုများ:
- KG မှ Grade 12 အထိ မြန်မာနိုင်ငံ၏ သင်ရိုးညွှန်းတမ်းများနှင့် ကိုက်ညီသော ဖတ်စာအုပ်များ။
- သင်္ချာ၊ သိပ္ပံ၊ အင်္ဂလိပ်စာ၊ မြန်မာစာ အစရှိသော ဘာသာရပ်များအတွက် စာအုပ်စာတမ်းများ။
- ပညာရေးဆိုင်ရာ ဗီဒီယိုများနှင့် လေ့ကျင့်ခန်းများ။
- အသုံးပြုနည်း:
- ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး လိုအပ်သော ဖတ်စာအုပ်များကို အခမဲ့ဒေါင်းလုတ်ရယူနိုင်သည်။
- အင်တာနက်မရှိလျှင်ပင် အော့ဖ်လိုင်းဖတ်ရှုနိုင်ရန် PDF ဖိုင်များကို သိမ်းဆည်းထားနိုင်သည်။

---

### မြန်မာနိုင်ငံ ကျောင်းပြင်ပ ပညာရေးအတွက် အခြားအရင်းအမြစ်များ

#### 1. အခမဲ့အွန်လိုင်းပညာရေးပလက်ဖောင်းများ
- Khan Academy (မြန်မာဘာသာ):
- လင့်ခ်: [https://www.khanacademy.org/](https://www.khanacademy.org/)
- သင်္ချာ၊ သိပ္ပံနှင့် အခြားဘာသာရပ်များအတွက် အခမဲ့သင်ခန်းစာများ။

- Coursera (အင်္ဂလိပ်ဘာသာ):
- လင့်ခ်: [https://www.coursera.org/](https://www.coursera.org/)
- ထိပ်တန်းတက္ကသိုလ်များမှ အခမဲ့သင်တန်းများ။

- edX (အင်္ဂလိပ်ဘာသာ):
- လင့်ခ်: [https://www.edx.org/](https://www.edx.org/)
- MIT၊ Harvard စသော တက္ကသိုလ်များမှ အခမဲ့သင်တန်းများ။

#### 2. မြန်မာစာပေနှင့် ပညာရေးဆိုင်ရာ ဝက်ဘ်ဆိုက်များ
- မြန်မာ့အလင်းစာပေ:
- လင့်ခ်: [https://www.myanmaralinn.com/](https://www.myanmaralinn.com/)
- မြန်မာစာပေနှင့် ပညာရေးဆိုင်ရာ စာအုပ်စာတမ်းများ။

- မြန်မာစာပေများ:
- လင့်ခ်: [https://www.myanmarbookshop.com/](https://www.myanmarbookshop.com/)
- မြန်မာစာပေနှင့် ပညာရေးဆိုင်ရာ စာအုပ်စာတမ်းများ။

#### 3. အခမဲ့စာအုပ်စာတမ်းများ
- Project Gutenberg:
- လင့်ခ်: [https://www.gutenberg.org/](https://www.gutenberg.org/)
- ကမ္ဘာ့ဂန္ထဝင်စာအုပ်စာပေများကို အခမဲ့ဖတ်ရှုနိုင်သည်။

- Internet Archive:
- လင့်ခ်: [https://archive.org/](https://archive.org/)
- စာအုပ်စာပေများ၊ ဗီဒီယိုများနှင့် အခြားဒစ်ဂျစ်တယ်အရင်းအမြစ်များ။

---

### ကျောင်းပြင်ပ ပညာရေးအတွက် အကြံပြုချက်များ
1. ကိုယ်ပိုင်စာကြည့်တိုက် တည်ဆောက်ပါ:
- စိတ်ဝင်စားသော ဘာသာရပ်များနှင့် ပတ်သက်သည့် စာအုပ်စာပေများကို စုဆောင်းပါ။

2. အွန်လိုင်းသင်တန်းများ တက်ရောက်ပါ:
- LearnBig, Khan Academy, Coursera စသော ပလက်ဖောင်းများမှ အခမဲ့သင်တန်းများကို လေ့လာပါ။

3. စာအုပ်စာပေများကို ပုံမှန်ဖတ်ရှုပါ:
- တစ်ပတ်လျှင် စာအုပ်တစ်အုပ် သို့မဟုတ် စာတမ်းတစ်ခုကို ဖတ်ရှုရန် ရည်မှန်းချက်ထားပါ။

4. အတွေးအမြင်များ မျှဝေပါ:
- စာအုပ်စာပေများမှ သင်ယူရရှိသော အသိပညာများကို မိတ်ဆွေများနှင့် မျှဝေပါ။

---

### နိဂုံး
မြန်မာနိုင်ငံတွင် ကျောင်းပြင်ပ ပညာရေးသည် ကျောင်းသင်ရိုးညွှန်းတမ်းများထက် ပိုမိုကျယ်ပြန့်သော အသိပညာနှင့် ကျွမ်းကျင်မှုများကို ပေးစွမ်းနိုင်ပါသည်။ LearnBig ကဲ့သို့သော ပလက်ဖောင်းများနှင့် အခြားအရင်းအမြစ်များကို အသုံးပြု၍ သင့်ပညာရေးကို မြှင့်တင်နိုင်ပါသည်။ စာအုပ်စာပေများကို ပုံမှန်ဖတ်ရှုခြင်းဖြင့် သင့်ဘဝကို ပိုမိုကြွယ်ဝစေပါစေ။
❤5