Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ဒီဘေဘီဆင်လေးကိုတောထဲကနေ Zoo ကိုခေါ်သွားတဲ့အခါ

သူ့မိဘတွေ မပါတဲ့အတွက်ဘေဘီဆင်လေးကသူ့အမြီး

သူငုံထားခဲ့ပါတယ်

သဘောကစိတ်သက်သာရာရဖို့အတွက်ဖြစ်ပါလိမ့်မယ်

သနားစရာလေး

Zoo မရှိသင့်တော့ပါဘူး

သတ္တဝါတွေသူတို့သဘာဝတောထဲမှာဘဲနေပါစေတော့
မူ အောက်ဆင့်
!KG
!Grade 1
!Grade 2
!Grade 3
နေ့စဥ်
သင်ယူ
အကဲဖြတ်မှတ်တမ်း.....
Photo .crd
❤4
"တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ"

ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

၄ ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။

၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေ
မည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။

၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန်
လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

အကြံပြုချက်များ
***
၁။ မတ်(စ်)တပ်ပါ
၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ
၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ
_______ တဆင့်ပြန်လည်မျှဝေပါတယ်
❤3👍1
AI တွေ အလွန် powerful ဖြစ်လာတယ်ဆိုပေမယ့် တချို့အရာတွေက Google ကိုအားကိုးနေရတုန်းမို့ သိထားသင့်ပါတယ်။

Google သုံးနည်း လမ်းညွှန်

ပြည်တွင်းရှိ ကျောင်းသားများအတွက် Google သည် မရှိမဖြစ် အရာတစ်ခုဟုသာ အဓိပ္ပာယ် ဖွင့်ဆိုရမည် ဖြစ်သည်။

သို့သော်လည်း ကျောင်းသားအများစုက မည်သို့အသုံးပြုရမည်ကို သေချာစွာ သိရှိခြင်း မရှိသေးပေ။ မိမိရှာဖွေလိုသည့်

အကြောင်းအရာ၊ အချက်အလက်များကို တိကျစွာရှာဖွေခြင်း၊ သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့ကို သေချာစွာ မသိရှိခြင်းကြောင့်

အချိန်ကုန်၊ လူပင်ပန်း၊ ငွေကုန်ကြေးကျ များရသည့် အဖြစ်မျိုးနှင့်လည်း ကြုံနေရသည်။ ယင်းကဲ့သို့ အခြေအနေများရှိသည့်

အတွက် ပြည်တွင်းရှိ ကျောင်းသားတိုင်းအတွက် Google အသုံးပြုနည်း လမ်းညွှန်အနေနှင့် အချက်အလက်များ ရှာဖွေခြင်း၊

သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့အတွက် နည်းလမ်းများကို စုစည်းဖော်ပြပေးအပ်ပါသည်။

Google Web Search (Tips and Tricks)

၁။ စာအုပ်တစ်အုပ်ကို pdf file format နှင့် ရှာဖွေလိုပါက filetype:pdf ဟု ထည့်သွင်းရေးသားပြီး ရှာဖွေနိုင်မည် ဖြစ်သည်။

ဥပမာ ။ ။ electronics filetype:pdf

၂။ အချို့စကားလုံးများကို မိမိရှာဖွေသည့် အဖြေရလဒ်အတွင်း ထည့်သွင်းမဖော်ပြစေလိုပါက ” – ” ( အနုတ်လက္ခဏာ) ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။

ဥပမာ။ restaurant -japan (Japan စားသောက်ဆိုင်မရှာရန် လုပ်ဆောင်ခြင်း ဖြစ်သည်။)

၃။ တစ်မျိုးမဟုတ်တစ်မျိုး တစ်ခုခုကို ရှာဖွေမှုရလဒ်မှာ ထည့်သွင်းဖော်ပြစေလိုပါက ‘OR’ ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။

ဥပမာ။ Drone OR UAV

၄။ Google တွင် အင်္ဂလိပ်ဘာသာမှ အင်္ဂလိပ်ဘာသာ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှာဖွေလိုပါက "Define" ကို အသုံးပြုနိုင်မည် ဖြစ်သည်။ ဥပမာ။ define Drone

၅။ ကိုယ်ရှာဖွေလိုတဲ့ အကြောင်းအရာရဲ့ စာလုံးပေါင်းကို မသိဘူးဆိုရင် "*" ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။

ဥပမာ။ electroni*s

၆။ ရှာဖွေမှုရလဒ်မှာ ကိုယ်ရှာချင်တာကို ရေးထားတဲ့အတိုင်း အတိအကျရှာဖွေဖို့အတွက် ဆိုရင်တော့ " " ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။

ဥပမာ။ “I am student”

၇။ Google မှာ Graph ရေးဆွဲလိုပါက ကိုယ်ရေးဆွဲမည့် Graph ၏ ညီမျှခြင်းကို ရိုက်ထည့်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်သည်။

ဥပမာ။ y=x^2+6x+9

၈။ Website တစ်ခုကနေ မိမိရှာဖွေလိုတာကို Google အသုံးပြုပြီး ရှာဖွေဖို့ဆိုရင် site:easy devboards.com Bluetooth ဟု ရိုက်ထည့်ပြီး ရှာဖွေနိုင်မည် ဖြစ်သည်။

၉။ အင်တာနက် ဆက်သွယ်မှု မရှိစဉ် ယခင်ရှာဖွေထားသည့် ရှိပြီး Cache များကို ပြန်လည်ကြည့်ရှုလိုပါက cache: ကို ခံပြီးရှာဖွေနိုင်မည် ဖြစ်ပါသည်။

ဥပမာ။ cache:easydevboards.com

Advanced Google Web Search

ရှာဖွေခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ နောက်ထပ်မံပြီး Webpage များတွင် ရှာဖွေခြင်းနှင့် ပတ်သက်သည့်

အချက်အလက်များကို သိရှိထားရန် လိုအပ်ပေသည်။

• စကားလုံးတိုင်းသည် ရှာဖွေမှုတိုင်းတွင် အရေးပါသည်ကို သတိပြုပါ။ who, the who, a who သုံးမျိုးကို ရှာဖွေကြည့်ပါက

ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။

• အကြောင်းအရာများကို ရှာဖွေရာတွင် စကားလုံး ရှေ့နောက်အထားအသိုသည်လည်း မှန်ကန်ရန် လိုအပ်ပါသည်။

ဥပမာအားဖြင့် blue sky, sky blue အထားအသို နှစ်ခုအပေါ်တွင် ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။

• မိမိရှာဖွေလိုသည့် စကားလုံးများကို စာလုံးအကြီးဖြင့်ဖြစ်စေ၊ စာလုံးအသေးဖြင့်ဖြစ်စေ ရေးသားနိုင်ပါသည်။ ရလဒ်ကွဲပြားမှု မရှိနိုင်ပါ။

•comma (,) ကဲ့သို့သော စာလုံးများကို မည်သို့ပင် ထည့်သွင်းစေကာမူ အရေးမကြီးလှပေ။

• သို့သော် အချို့သော C#, C++, Google+ စသည်ဖြင့် Programming language အမည်များ နောက်တွင် တွဲလျက်ပါသည့်

# သို့မဟုတ် + စသည်တို့မှာ အရေးပါသည်ကို သတိပြုရန် လိုအပ်ပေသည်။

ရံဖန်ရံခါ မိမိရှာဖွေသည့် အချက်အလက်များကို မတွေ့ဘဲ လည်နေခြင်းမျိုး ကြုံလာပါက Keyword လွဲမှားခြင်းကြောင့် ဖြစ်နိုင်ပါသည်။ Keyword ကို ပြောင်းလဲရှာဖွေ ကြည့်နိုင်ပါသည်။

ရှာဖွေမှုရလဒ်များ

တစ်စုံတစ်ခုကို ရှာဖွေမည်ဆိုပါက ကြော်ငြာများကိုလည်း ရလဒ်များတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

အဓိက မိမိရှာဖွေသည့် ရလဒ်အဖြေကိုသာ တိုက်ရိုက်ဖတ်ရှုဖို့ လိုအပ်မည် ဖြစ်ပါသည်။ Search Bar ၏ အောက်ဘက်ရှိ Filter တွင်

Web, image, maps, shopping စသည်ဖြင့် မိမိလိုအပ်သည့်အရာကို ရွေးချယ်နိုင်ပါသည်။ ပုံများကိုသာ ရှာဖွေလိုပါက image ကို

ရွေးချယ်နိုင်ပါသည်။ ရှာဖွေသည့် စကားလုံးကလည်း အတိအကျရှိမည်၊ Google ဘက်ကလည်း ရလဒ်ရှိမည် ဆိုပါက Knowledge

အနေနှင့် ဘေးဘက်တွင် သီးခြားပြသထားခြင်းမျိုးလည်း ရှိပါသည်။ အထူးသဖြင့် နေရာများကို ရှာဖွေရာတွင် သီးခြားပြသမှုများကို

မြင်တွေ့ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။

Advanced Searching

Advanced Searching ကို နည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

၁။ Advanced Search page
❤5
ဒီနေရာမှာ ပုံတွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_image_search တွင် ရှာဖွေနိုင်မည် ဖြစ်ပြီး၊ Website တွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_search တွင် ရှာဖွေနိုင်မည် ဖြစ်ပါသည်။

၂။ ဒုတိယ နည်းလမ်းတစ်ခု အနေနှင့် Operator များကို အသုံးပြုပြီးလည်း ရှာဖွေနိုင်မည် ဖြစ်ပါသည်။ Operator List များကို https://support.google.com/websearch/answer/2466433 ဤလင့်ခ်တွင် ကြည့်ရှုနိုင်မည် ဖြစ်ပြီး Operator များ အကြောင်းကို အထက်တွင် Tips and Tricks အနေနှင့် ဖော်ပြပြီး ဖြစ်ပါသည်။

စာအုပ်များ ရှာဖွေခြင်း

မိမိဖတ်ရှုလိုတဲ့ စာအုပ်တွေကို ရှာဖွေမည် ဆိုပါက Google Book မှတစ်ဆင့် ရှာဖွေပါက အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ ယင်းအပြင် Google Book တွင် စာအုပ်တစ်အုပ်လုံးကို မဟုတ်သော်လည်း အချို့အစိတ်အပိုင်းများကို နမူနာဖတ်ရှုခွင့် ပေးထားသည့်အတွက် စာအုပ်ရှာဖွေ ဒေါင်းလုပ်ရယူမည့်သူများ အတွက် အထူးပင် အဆင်ပြေစေနိုင်မည် ဖြစ်ပါသည်။

https://books.google.com/ တွင် စာအုပ်များကို ရှာဖွေနိုင်မည် ဖြစ်ပါသည်။

နမူနာအနေနှင့် Wireless Communication နှင့် ပတ်သက်သည့် စာအုပ်စာတန်းများ ရှာဖွေလိုပါက အထက်ပါလင့်ခ်တွင် Wireless

Communication ဟု ရိုက်ထည့်ပြီး ရှာဖွေပါက စာအုပ်စာတမ်းများ ကျလာမည် ဖြစ်သည်။ ယင်းစာအုပ်များ၏ လင့်ခ်တွင်

“https://books.google.com/books?isbn=___” ဟု ဖော်ပြထားမည် ဖြစ်သည်။ ယင်းကွက်လပ်နေရာတွင် ဂဏန်းများပါရှိမည် ဖြစ်ပြီး

ယင်းနံပါတ်များသည် အပြည်ပြည်ဆိုင်ရာသုံး စာအုပ်နံပါတ် (ISBN) ဖြစ်သည်။

အကယ်၍ မိတ်ဆွေ၊ သူငယ်ချင်းများက စာအုပ်တစ်အုပ်ကို ညွှန်းပါက ISBN ကို ကွက်လပ်နေရာမှာ ရိုက်ထည့်ပြီး အလွယ်တကူ

ရှာဖွေနိုင်မည် ဖြစ်ပါသည်။

ISBNနံပါတ်တွေကို စာအုပ်တွေရဲ့ ရှေ့ဆုံးစာ မျက်နှာမှာလည်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။

စာအုပ်များကို ဖတ်ရှုပြီးပါကလည်း စာအုပ်ကို မိမိ Library တွင် သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ Google Account လိုအပ်မည်

ဖြစ်သော်လည်း ကျောင်းသားအများစုက Gmail အသုံးပြုတာကြောင့် Google Account ရှိပြီး ဖြစ်ပေလိမ့်မည်။

Library အတွင်း သိမ်းဆည်းထားခြင်းဖြင့် မိမိဖတ်ရှုပြီး စာအုပ်များကို မှတ်သားထားနိုင်ပြီး ဖတ်ရှုရန် လိုအပ်သည့် စာအုပ်များကိုလည်း အ
လွယ်တကူ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

အထက်ပါအချက်များကို Google မှာ လေ့လာရှာဖွေမည့် ကျောင်းသူ/သားများအတွက် အထောက်အကူဖြစ်ရန်အတွက် အသုံးများသောအချက်များကို
ဖော်ပြလိုက်ရပါသည်။ တကယ်တော့ Google SE ကသင်တို့ထင်တာထက် အများကြီးကျယ်ပြန့်ပါတယ်။
❤2
တစ်နေကုန် ဖုန်းကြည့်၊ you tube ကြည့်ပြီး
မြန်မာစကားတောင် မပြောတတ်ဘဲ ဘိုလိုတွေဘဲ
ပြောတတ်တဲ့ ကလေးတွေ ဒီခေတ်အတော်ပေါလာပါပြီ
သာမန်ကြည့်ရင် ကလေးကတော်လိုက်တာပေ့ါ
တကယ်တော့ screetime များပြီးside effects တွေပိနေတဲ့ ကလေးတွေ ဖြစ်လာတာပါ

သင်တန်းမှာလာတဲ့ အချို့ကလေးတွေ
အသက် ၅ နှစ်ပြည့်ပြီးတာတောင်
ခဲဖျက်တောင် လက်ထဲမြဲအောင် မကိုင်နိုင်တော့တာ
Grip တွေမကောင်းတော့တာ
Body က passive ဖြစ်ပြီး
သေးသေး လီလီ ဖြစ်နေတာတွေ
လက်တွေ့ မြင်နေရပါတယ် …

ဘိုစကားတတ်ဖို့က
တစ်နေ့နည်းနည်း သင်လည်းတတ်ပါတယ်
လောဘမကြီးပါနဲ့
ဖုန်းအပေးလွန်ပြီး
ကလေး physical/ mental abnormal ဖြစ်သွားတာက
ပိုဆိုးပါတယ်

♦️♦️♦️♦️♦️♦️

မိဘများအချိန်ပေးပြီးဖတ်ပေးပါရန်💕💕💕

ယနေ့မှစ ကလေးငယ်များကိုဖုန်းဖြတ်ကြပါရန်။မည် မည်သူမှ ဖုန်းမပြရန်တောင်းဆိုချင်ပါသည်။

ဖုန်းနဲ့ ငြိမ်တယ်
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။
ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။

Phone, Tablet, Games, TV, ကာတွန်း စသည့်
Screen Time ၏ ဆိုးကျိုးများ

ဦးနှောက်အားရုံကြော ပုံမှန်အလုပ်မလုပ်ခြင်း။
လူတွေနဲ့ စကားပြောဆက်သွယ်မှုမလုပ်နိုင်ခြင်း။
မှတ်ဥာဏ်သာကောင်းပြီး ပုံမှန်မတွေးခေါ်နိုင်ခြင်း။
နေ့စဉ် အီးသေးကိစ္စပင် မတောင်းဆိုတတ်ခြင်း။
ထမင်းဟင်းအာဟာရကို ပုံမှန်ကလေးများလို မစားတတ်ခြင်း၊
လိုချင်တာ ဖြစ်ချင်တာ မတောင်းတတ်ခြင်း။
စိတ်ကစင့်ကလျားဖြစ်နေခြင်း။
ကိုယ်ခန္ဓာကို မထိန်းချူပ်နိုင်ခြင်း။
ခံစားမှုကို မဖော်ပြတတ်ခြင်း ။
အမြဲ ဂဏာမငြိမ်ခြင်း။
အိပ်စက်နိုင်မှုမရှိခြင်း၊

ကလေးငယ်စဉ်မှာ မိသားစုများ မအားလပ်လို့ ကလေးအား
Phone, Tablet, Games, TV, ကာတွန်း စသည့်တို့ဖြင့်
ငြိမ်နေအောင် အချိန်ကုန် အဖော်ပြုစေပါက
ကလေးသည် လူမှု့ဘ၀တွင် အခက်အခဲများစွာ ရင်ဆိုင်နိုင်ဖို့ ကလေးမိသားစုများ အဆင်သင့်ပြင်ထားပါ။

ယနေ့ သင်မအားလပ်မှုသည်
သင်ကလေး၏ လူမှု့ဘ၀ကို ပေးဆပ်ရပါလိမ့်မည်။

ကလေးများ ငယ်စဉ်မှာ သင်အားအောင်လုပ်ပါ။
သင့်ကလေးကို အဖေါ်အဖြစ် အုပ်ထိန်းသူအဖြစ်
နေ့စဉ် သင်ကြားကစားပေးပါ။

ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။

မိသားစုအတော်များများထဲက
၅နှစ်အောက် ကလေးတွေ ဒီပြသနာတွေနဲ့
ရင်ဆိုင်နေရပါတယ်။

နေ့စဉ်နဲ့အမျှ ဒီလိုကလေးတွေကို တွေ့ရတာများလာတော့
ရင်ထဲ စိတ်မကောင်းလွန်းလို့ပါ။

ကလေးက စကားသိပ်မပြောဘူး
မိဘက မအားလို့
အဖိုးအဖွားတွေ မရှိလို့ မထိန်းနိုင်လို့
ကလေးထိန်းနဲ့ပဲထားရလို့
ဘယ်သူမှ ကလေးနား နေချိန်မပေးနိုင်လို့
အကြောင်းပြချက်များစွာသည်
ကလေးဘ၀ကို တကယ်ပင် ငြိမ်သွားစေတာပါပဲ။

ကလေးကို ကလေးမိသားစုက ကူညီမှ ဖြစ်မှာပါ။

ကလေးကို ချစ်ရင် ကလေးနဲ့အတူ အချိန်ကုန်လွန်ပါစေ
ကလေးနဲ့အတူ ကလေးလို ဆော့ကစားပါ။
ကလေးနဲ့အတူ ပြေးလွှားခုန်ကစားပါ။
ကလေးနဲ့အတူ ပြောဆိုငြင်းခုံကာ ကစားပါ။
သင်ကလေးသည် ပုံမှန်ထက် ထူးချွန်နေပါလိမ့်မည်။

သင့်ကလေးကို တကယ်ချစ်သလား။
အထပ်ထပ် အခါခါ မိမိကိုယ်ကို မေးကြည့်ပါ။
သင့်ကလေးကို သင်ချစ်ပေးပါ။

လူတိုင်း မိသားစုတိုင်း ဘ၀အခက်အခဲများစွာ ရင်ဆိုင်ရပါတယ်
ဘယ်လောက်ကြီးသော ရည်မှန်းချက် နဲ့ အခက်အခဲရှိရှိ
သင့်ကလေးဘ၀ကို စတေးမခံပါနဲ့။

တကယ်ချစ်ပေးပါ❤❤❤
❤5
" ကြောင်မရှိ ကြွက်ထ "
( ကြောင်မရှိခိုက် ကြွက်တို့ ထကြွမြူးထူးသကဲ့သို့ ကြောက်ရွံ့ရမည့်သူ မရှိခိုက် ထင်သလို ပြောဆိုပြုမူနေထိုင်သည် )

မြန်မာစကားပုံ
❤4
#ကျောင်းအုပ်ထားရှိသင့်သောအနုပညာ

#လူတိုင်းကျောင်းအုပ်မလုပ်နိုင်သလို ကျောင်းအုပ်တိုင်းလည်း
လူကောင်းမဖြစ်နိုင်ပေ။ သို့ရာတွင် ကျောင်းအုပ်တစ်ယောက်မှာ
ရှိသင့်သော အနုပညာများတော့ သိထားသင့်သည်။
ဆောင်သင့်ပါသည်။

(၁) #စိတ်ရှည်သည်းခံခြင်း အနုပညာ

#ကလေးများရဲ့ဆိုးမှု
လက်ထောက်များရဲ့ လစ်ဟာမှု
ရွာလူထုရဲ့စကားများအတွက်
ကိုယ့်ဘက်က စိတ်ရှည်သည်းခံခြင်း အနုပညာ
တတ်ထားဖို့လိုပါတယ်။

(၂) #ဂရုမစိုက်ခြင်း အနုပညာ

#တစ်ဖက်သတ်ဆန်သောစကားများ
အမှားပါသောစကားများ
အလေးမထားဆက်ဆံသောအပြုအမူများ
အယူသီးသော အစွဲအလန်းများအတွက်
ဂရုမစိုက်ခြင်း အနုပညာကိုတတ်ထားရမယ်။

(၃) #စေတနာ မေတ္တတရားထားခြင်း အနုပညာ

#ကလေးများအပေါ် ဆရာ/မများအပေါ်
တာဝန်ကျရွာ မိဘများအပေါ်မှာ
မှန်ကန်သော စေတနာတရား
မွန်မြတ်သော မေတ္တာတရားထားခြင်း အနုပညာ
တတ်ထားဖို့လည်း လိုအပ်တယ်။

(၄) #ရန်ဖြစ်ခြင်း အနုပညာ

#တုတ်ဆွဲ ဓားကိုင် လမ်းပေါ်ထွက်ရန်ဖြစ်တာမျိုး
မဟုတ်ပေ။ ဆိုလိုတာက စကားရည်လုပွဲလိုမျိုး
ကလေးများအတွက်
ကိုယ့်လက်ထောက်များအတွက်
ကျောင်းအတွက်လိုအပ်တဲ့အရာဆိုရင်တော့
ရန်ဖြစ်ခြင်း အနုပညာ တတ်ထားရမယ်။

(၅) #အမုန်းခံခြင်း အနုပညာ

#ကောင်းစေချင်တဲ့ဆန္ဒ ဖြစ်စေလိုတဲ့ရည်ရွယ်ချက်
အောင်မြင်စေလိုသော စေတနာနဲ့ဆိုရင်
ကရုဏာ ဒေါသတွေအတွက်က အမုန်းခံခြင်း အနုပညာ
တတ်ထားရမယ်။

(၆) #အကောင်းပြောသော အနုပညာ

#လူတိုင်းသည် စကားပြောမကောင်းနိုင်ပေ။
စကားပြောကောင်းတိုင်းလည်း အကောင်းပြော
သူလို့မယူနိုင်ပါ။ သို့အတွက်ကြောင့်
တာဝန်ကျရွာ မိဘ ကလေးများ
ဆရာ၊ဆရာမများ အတွက် အကောင်းပြောသော
အနုပညာ တတ်ကျွမ်းထားဖို့လိုပါတယ်။

(၇) #ဦးဆောင်မှုကောင်းသော အနုပညာ

#အားလုံးအတွက် ကောင်းမွန်သော
အကြောင်းအရာများနှင့် ရှေ့ဆောင်လမ်းပြနိုင်သော
ဦးဆောင်နိုင်သော အနုပညာ တတ်ထားရမယ်။

(၈) #စည်းရုံးရေးကောင်သော အနုပညာ

#လုပ်ငန်းတစ်ခုလုပ်ဆောင်ရာတွင် အောင်မြင်ဖို့အတွက်
ဦးစွာပါဝင်လုပ်ဆောင်မည့်လူများကို
ယင်းအလုပ်တွင် စိတ်အားထက်သန်စွာ
ပါဝင်လာနိုင်အောင် လုပ်ဆောင်အောင်မြင်ဖို့အတွက်
စည်းရုံးရေးကောင်းသော အနုပညာ တတ်ထားရမယ်။

(၉) #တစ်ခုခုကို တတ်ကျွမ်းသော အနုပညာ

#ခေါင်းဆောင်တစ်ယောက်တွင် အများနှင့်မတူ
တမူထူးခြားသော တတ်ကျွမ်းမှုတစ်ခုခုတော့
ရှိသင့်တယ်။ တတ်ထားသင့်တယ်။

(၁၀) #စာဖတ်ခြင်း အနုပညာ

#စာဖတ်ခြင်းသည် သိရှိစေတယ်
စာရေးခြင်းသည် တိကျစေတယ်
ဆွေးနွေးခြင်းသည် အဆင်သင့်ဖြစ်စေတယ် တဲ့။
လမ်းပြဦးဆောင်နိုင်ဖို့ စာဖတ်ခြင်း အနုပညာ တတ်ထားရမယ်။

(၁၁) #လေ့လာကြိုးစားလိုသော အနုပညာ

#ရှေ့ကိုခေါ်ဆောင်မယ့်သူအတွက် မိမိကိုယ်တိုင်
လေ့လာဖို့လိုအပ်တယ်။ နိုးနိုးကြားကြား
ရိုးသားစွာဖြင့် ကြိုးစားလိုသော အတတ်ပညာလည်း တတ်ထားရမယ်။

(၁၂) #တီထွင်ကြံဆ နိုင်သော အနုပညာ

#ကျောင်းအတွက်လိုအပ်သော နေရာ
ကလေးများအတွက် လိုအပ်သောနေရာ
ဆရာ၊ဆရာမများအတွက် ဖြည့်ဆည်းဖို့လိုသော
နေရာများတွင် တီထွင်ကြံဆ နိုင်သော အနုပညာ တတ်ထားရမယ်။

(၁၃) #ပြဿနာဖြေရှင်းနိုင်သော အနုပညာ

#ကလေးများနှင့်ဆရာအကြား
ဆရာအချင်းချင်းကြား
ကလေးအချင်းချင်းကြား
ဆရာနှင့်မိဘများအကြား
မိဘနှင့်ကလေးအကြား ဖြစ်လေ့ဖြစ်ထ ရှိသော
အကြောင်းအရာများအတွက် အပြုသဘောဆောင်သော
ဖြေရှင်းမှုမျိုး လုပ်ဆောင်နိုင်ဖို့အတွက်လည်း
ပြဿနာဖြေရှင်းနိုင်သော အနုပညာ တတ်ထားရမယ်။

စသည်ဖြင့် ့့ံ့ံ
❤1
KGမှ G8အထိ စာသင်ချိန်များ ခွဲဝေမှုဇယား
လိုအပ်ပါကယူပါ။
❤4
စာသင်ကျောင်းလို့ပြောရင်
အစိုးရစရိတ်နဲ့ထောင်တဲ့ကျောင်း
အခြေခံပညာ (မူ၊လယ်၊ထက်)ကျောင်းတွေ
ကိုယ်ပိုင်စရိတ်နဲ့ထောင်တဲ့ကျောင်းနဲ့
ဘုန်းတော်ကြီးတွေထောင်တဲ့ကျောင်း တွေလို့အကြမ်းခွဲကြတာပေါ့။

အစိုးရကျောင်းတချို့က
စည်စည်ကားကားနဲ့ပျော်ရွှင်စရာ ကောင်းသလို တချို့ကတိတ်ဆိတ်ငြိမ်သက် အသက်မဲ့သလို ကျောင်း ‌တွေလည်းအများသားပေါ့။

အစိုးရ၊ကိုယ်ပိုင်၊ဘုန်းတော်ကြီးသင် ဘယ်လို ကျောင်းမျိုးဖြစ်ပါစေ တိုးတက်လာတာ ရှိသလို ဆုတ်ယုတ်သွားတဲ့ကျောင်းတွေလည်း ရှိပါတယ်။

ယုတ်လျှော့ရတဲ့အကြောင်းက
ကျောင်းအုပ်လို့ခေါ်တဲ့ ကျောင်းစီမံခန့်ခွဲသူနဲ့
သူရဲ့ လက်ထောက်များရဲ့ ကိုယ်ရည်ကိုယ်သွေးစံမီခြင်း၊မမီခြင်းနဲ့ဆိုင်တယ်။

သူတို့ရဲ့ လာရာနဲ့ လားရာ ပေါ်မူတည်ပြီး ကျောင်းတစ်ကျောင်းရဲ့ တိုးတက်ဖွံ့ဖြိုးခြင်း၊ဆုတ်ယုတ်ခြင်းတွေ ဖြစ်လာတာပဲ။

စာသင်ကျောင်းဆိုတာ ကျောင်းနဲ့အနီးဆုံးလူသားတွေအတွက်မို့ သူတို့ရဲ့ ပါဝင်ဆောင်ရွက်ချင်စိတ်က အရေးကြီးတယ်။

သူတို့(ကျောင်းသားမိဘ)တွေပါဝင်လာရင် သန့်ရှင်းရေးကအစ၊ကြီးကျယ်ခန်းနားတဲ့ပွဲတော်ကြီးတွေ အထိ အကုန်ဖြစ်နိုင်တယ်။

မိဘတွေစိတ်မပါရင်တော့ အစားထိုးရတဲ့တစ်နေ့ ကိုယ်ကို လက်ပြနူတ်ဆက်ကြမှာပဲ။

တိုးတက်ဖို့ဆိုတာ အစိုးရကိုမှီခိုတဲ့ကျောင်းထက် ကျောင်းတည်ရှိရာ အရပ်ကိုမှီခိုနိုင်ရင် ပိုကောင်းပါတယ်။ကျောင်းတည်ရှိရာ အရပ်ကို မှီခိုရတဲ့ကျောင်းက ကျောင်းအုပ်နဲ့ဆရာတွေက တပည့်ချစ်တဲ့ဆရာတွေ၊ ‌အရပ်နံ့၊လိုက်လျောညီထွေ ဖြစ်တဲ့ဆရာတွေ ဖြစ်နေတတ်ကြတယ်။
ကျောင်းအုပ်လုပ်တဲ့သူက သူတာဝန်ကျရာ အရပ်မှာ ဆရာ့ကျင့်ဝတ်ကျေသူ၊ရပ်ရွာနဲ့ပေါင်းသင်း ဆက်ဆံတတ်သူဖြစ်ဖို့လိုတယ်။
Social influencer လို့ပြောရမှာပေါ့။ပြောတာ ပြောရတာ တော်တော်ရှားတယ်။
❤6
သင်ရိုးညွှန်းတမ်းဆိုင်ရာအကြံပြုချက် (၇)

စွမ်းရည်အခြေပြုသင်ရိုးအသုံးပြုမည့်ကျောင်းများအတွက် စစ်ဆေးခြင်းဆိုင်ရာအကြံပြုချက်ကို အောက်ပါဇယား (၄) ခုဖြင့် ရှင်းပြထားပါသည်။

ဇယား (၁)

Formative Assessment 60%
Summative Assessment 40%

Formative Assessment ကိုသက်ဆိုင်ရာဘာသာရပ်ဆရာက သင်ခန်းစာတခုချင်းအလိုက်စစ်ရန်။ Summative Assessment ကို ကျောင်းအုပ်ချုပ်ရေးကောင်စီ သို့မဟုတ် သက်ဆိုင်ရာကျောင်းပါဝင်သည့် ပညာရေးအဖွဲ့အစည်းကစစ်ရန်။ Summative Assessment ကို တနှစ်လျှင် ၂ ကြိမ်စစ်ရန်။

ဇယား (၂)

ဘာသာရပ်သင်ဆရာများက သင်ခန်းစာတခုစီအလိုက်စစ်ဆေးမှုကိုမှတ်တမ်းထားရှိရန်။ စစ်ဆေးရာတွင် သင်ယူရာ၌ပါဝင်ဆောင်ရွက်မှု၊ သင်ခန်းစာကိုနားလည်တတ်မြောက်မှုနှင့် စဉ်စားမှု/တီထွင်မှုများအတွက်အမှတ်ပေးရန်ဇယားဖြစ်ပါသည်။ သင်ခန်းစာတခုကို စာသင်ချိန် ၃ ချိန်ထက်မပိုအောင်ရွေးချယ်သင့်ပါသည်။

ဇယား (၃)

သင်ခန်းစာတခုစီအလိုက် သင်ခန်းစာပြင်ဆင်ရန်ဖြစ်ပါသည်။ ဤဇယားသည် တက်ကြွစွာသင်ယူခြင်း၊ ဝေဖန်ပိုင်းခြားစဉ်းစားခြင်း (RWCT) နည်းစနစ်များဖြင့် သင်ကြားသော သင်ခန်းစာပြင်ဆင်မှုဖြစ်ပါသည်။

ဇယား (၄)

စွမ်းရည်အခြေပြုသင်ကြားမည့် ဘာသာရပ် (၇) မျိုးအတွက် ဆရာနှင့်အတူတကွလေ့လာသင်ယူရန် အချိန်ဇယားဖြစ်ပါသည်။ တနှစ်စာသင်ရက် ၂၀၀၊ ရက်သတ္တပါတ် ၄၀၊ စာသင်ချိန်စုစုပေါင်း နာရီ ၈၈၀ အတွက်ပြင်ဆင်ထားပါသည်။ စာသင်ချိန် တချိန်လျှင် တနာရီ၊ တနေ့စာသင်ချိန် ၅ နာရီဖြစ်ပါသည်။

ဒေါက်တာသိန်းလွင်
စဉ်းစားတွေးခေါ်သောစာသင်ခန်း
၂၀၂၅ ဇွန်လ ၁၀ ရက်။

………………………………
❤1
၂၀၂၅ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲ
အောင်စာရင်းကို

မန္တလေးငလျင်ကြောင့် ဇွန်လ (၁၆)ရက်နေ့တွင်

ပြန်လည် ဖြေဆိုကြမည့် ကျောင်းသား/သူများရဲ့

အောင်စာရင်း နှင့် အတူ ပူးတွဲ၍ ထုတ်ပြန်

ကြေညာပေးမည်ဟု သိရ။



ထို့ကြောင့် ၇ လပိုင်း (သို့မဟုတ်) ၈

လပိုင်း

လောက်မှ ထွက်နိုင်မည်ထင်ပါတယ်
❤2
အဆင့်မြင့် kpay ဟက်ခြင်း

ဒီနေ့မနက် ဆိုင်ဖွင့်တော့ လာနေကြ ကာစတန်မာတယောက် မျက်စီပျက် မျက်နှာပျက်နဲ့ အကိုရေ လုပ်ပါဦး kpay ထဲမှာ ပိုက်ဆံတွေ မရှိတော့လို့တဲ့။
ကျွန်တော်က kpay ရုံးကဆိုပြီး ဖုန်းဆက်လား? Code တွေမေးလား? လို့ မေးတော့ ဘယ်သူ့မှ ဖုန်းမဆက်ဘူးတဲ့။
အဲ့ဒါနဲ့ ကျွန်တော်လဲ သူ့ kpay ယူကြည့်တော့ logout ဖြစ်‌တာနဲ့ တခါထဲ ပြန်ဝင်ကြည့်တော့ ပိုက်ဆံက ရှိနေသေးတယ်၊ တခါထဲ ထုတ်မယ်ဆိုပြီး ရိုက်နေတဲ့အချိန် kpay code ထပ်ကျလာပြီး သူ့ဘာသာ other phone မှာ login ဝင်သွားပြီလို့ ပြောတယ်။ ကျွန်တော်လဲ အမြန် code ပြန်ချပြီး ပြန်ဝင်တော့ ဒီတခါလဲ ဟိုဘက်က code ထပ်ချပြီး ပြန်ယူသွားပြန်ရော၊ အဲ့ဒါနဲ့ ကာစတန်မာကို အမြန်မေးရတယ်၊ အကို ဖုန်းထဲ ညက ဘာapk တွေ downထားသေးလဲလို့၊ သူ့အိမ်နားက ကောင်လေးတော့ game တခု ထည့်ထားတယ်လို့ပြောတယ်။ အဲ့ဒါ ကျွန်တော့်ကိုပြဆိုပြီးတော့ သူပြတဲ့ စလော့ဂိမ်းapk ကို ဖျက်ပြီး နောက်တခါထပ်ဝင်တော့ code ထပ်ပြီး မကျတော့ဘူး၊တခါထဲ pin No ပါ ချိန်းပေးလိုက်တယ်။အဲ့ချိန်မှ သူ‌လဲ အပူလျော့သွားရှာတယ်။ kpay ဟက်တာ ခုမှ ကိုယ်တိုင် ကိုယ်ကျ မြင်ဖူးတော့တယ်။ ဖုန်းထဲကျတဲ့ code ကို လုံးဝ ဖုန်းဆက်မမေးဘူးနော်၊ ချက်ချင်းကျ ချက်ချင်း logout ဖြစ်သွားတာ၊ ကိုယ်မသိတဲ့ apk တွေ မdown ကြပါနဲ့၊ စလော့ဂိမ်းတွေ ဆော့ရင်လဲ permission တွေ ဇွတ်မပေးကြပါနဲ့။အရမ်း အဆင့်မြင့်တယ်နော် သတိထားနေကြပါ။
❤1