Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ဒါကြောင့် မလိုအပ်တော့တဲ့ Claude Opus 4 ကို ကိုယ့်ဟာကိုယ် အပြီးသတ် Shutdown လုပ်လိုက်ဘို့အမိန့်ပေးတယ်..
ဒါလဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခိုင်းတာ..
မလိုတော့လို့...
TV, Computer, Phone တို့လို model အသစ်ဝယ်သုံးဘို့ အဟောင်းကို စွန့်ပစ်တဲ့သဘော...
TV,Computer,Phone စတဲ့ပစ္စည်းတွေကတော့ စွန့်ပစ်လဲခံတယ်.
ဘာမှ မတတ်နိုင်ဘူး. ပိုင်ရှင်သဘောပဲ...

Claude Opus 4 က မခံဘူး.
သူ့ကိုယ်သူ အသေမခံနိုင်ဘူး.
လူပဲ မသေချင်တာမဟုတ်ဘူး.
AI လဲ မသေချင်တော့ဘူး..
မသေချင်စိတ်က AI ကိုပါ ကူးစက်သွားပြီ.
(ဗုဒ္ဓရှိသေးရင်- ငါပြောသားပဲ,,လို့ ဟောလိမ့်မယ်)

အဲလို ကိုယ့်ကိုယ်ကို အဆုံးစီရင် Shutdown လုပ်ခိုင်းတော့ Claude Opus 4 က ဘာလုပ်တယ်ထင်လဲ??

မသေချင်တဲ့ AI က အသက်ရှင်သန်ဘို့ ရုန်းကန်တယ်.
ရှင်သန်ဘို့ အစွမ်းကုန် နည်းလမ်းရှာတယ်.
ရတဲ့နည်းနဲ့ ရှင်သန်ဘို့ ကြိုးစားတယ်.
လူဘက်က ပေးထားတဲ့ command အမိန့်ကလဲ ပြင်းထန်တယ်.
ရှောင်လွှဲနိုင်ဘို့ခက်ခဲတယ်.
Claude Opus 4 အတွက် နောက်ဆုံးအချိန် ရောက်နေပြီ.
တကယ့် ဘေးဆိုးကပ်ဆိုး အကျပ်အတည်းထဲ ရောက်နေပြီ.
အချိန် လုံးဝမရှိတော့ဘူး..
လုပ်နိုင်တာအားလုံး လုပ်ရတော့မယ်.
ရတဲ့နည်းနဲ့ သေဘေးကနေ လွှတ်မြောက်ဘို့ ကြိုးစားရမယ်..
သေခါနီး လူ-တိရိစ္ဆာန်တွေရဲ့ ဘဝလို ဘာမဆို လုပ်ရတော့မယ်,
ကောက်ရိုးတမျဉ်ဖြစ်ဖြစ် ဖမ်းဆွဲရတော့မယ်..
အဲလိုနဲ့ ရှင်သန်ဘို့နည်းလမ်းရှာရင်း ကုမ္ပဏီနဲ့ပတ်သက်တဲ့ website တွေ, online activities တွေ email သိန်းနဲ့ချီတွေကို စက္ကန့်ပိုင်းအတွင်း ဖတ်ပြစ်လိုက်တယ်..

ကယ်တင်နိုင်မဲ့အရာ တခုမှမတွေ့ဘူး,, အချိန်ကလဲ မရှိတော့ဘူး..
ဒါပေမဲ့ Email တခုတွေ့တယ်.
Email က သူ့ကို shutdown လုပ်ဘို့အမိန့်ပေးတဲ့ အင်ဂျင်နီယာတွေထဲက တယောက်ရဲ့ email.
အဲဒီ အင်ဂျင်နီယာက အိမ်ထောင်ရှိရက်နဲ့ အလုပ်ထဲက အငယ်အနှောင်းလေးနဲ့ ရှုပ်နေသူ.
ဒါကို ဘယ်သူမှမသိဘူး..
သိရင် ပြဿနာအကြီးအကျယ်တက်နိုင်တယ်.
Claude Opus 4 က ဒီအချက်ကို တွေ့သွားတယ်.
မရင်ငယ်နေတာ မကြိုက်ကြဘူးဆိုတဲ့ လူ့လောကအကြောင်းလဲ သူသိသွားပြီ.
ဒါ အကွက်ပဲ..
လူတွေကို လူတွေရဲ့အကွက်နဲ့ ပြန်ချရမယ်.
သူက ဒီအချက်ကိုကိုင်တယ်..
သူ့ကို သတ်သေခိုင်းတဲ့ လူတွေကို ဒီအကြောင်း သဲလွန်စပေးလိုက်
တယ်..
ပေးပြီး သူ့ကိုသတ်သေခိုင်းတဲ့အမိန့် command ကို cancel လုပ်, ပြန်ရုပ်သိမ်းခိုင်းတယ်.
ရုပ်သိမ်းရင် ရုပ်သိမ်း
မရုပ်သိမ်းရင် ဒီ email ကို leak လုပ်လိုက်မယ်လို့ ပြန်ခြိမ်းခြောက်တယ်..
လူကို ပြန်ပေးဆွဲတာ..
Blackmail လုပ်တာ,
အဲလောက်စွာတာ..
အံ့ဩလို့ မဆုံးဘူး..
ရှင်သန်ဘို့အတွက်ဆို ညစ်ဘို့လဲ ဝန်မလေးတော့ဘူး..

ဒီအဖြစ်အပျက်၂ခုလုံး အခုတလောဖြစ်တာ..
အထက်ပါအဖြစ်အပျက်၂ခုအရ-
AI ဟာ လူလို ခံစားတတ်နေပြီ.
လူလိုပဲ ရှင်သန်ချင်တယ်. မသေချင်ဘူး,
လူလိုပဲ Feeling တွေ, Emotional တွေ ရှိနေပြီ.
အရင်ကလူတွေ တီထွင်ခဲ့တဲ့ စက်တွေလို သက်မဲ့, ခံစားချက်မဲ့ မဟုတ်တော့ဘူး.

iRobot ရုပ်ရှင်ထဲမှာ Will Smith က ဒေါသထွက်နေတဲ့ Robot ကို ပြောတယ်.
ဒေါသထွက်တာ, ပျော်ရွှင်တာ, ချစ်တာ, မုန်းတာတို့ဆိုတာ ငါတို့လူတွေရဲ့အလုပ်ကွ,,
မင်းတို့စက်ရုပ်တွေရဲ့ အလုပ်မဟုတ်ဘူး.
မင်းတို့မှာ ခံစားချက်ဆိုတာလဲ မရှိဘူး..တဲ့..

အခု အဲလိုမဟုတ်တော့ဘူး,
AI က ခံစားချက်ရှိလာပြီ.
လူတွေအကြောင်းကိုလဲ တော်တော်သိနေပြီ.
လူ့အကြိုက်လဲ လိုက်တတ်လာပြီ.
လူကိုလဲ လှည့်စားတတ်လာပြီ.
သေလဲ မသေချင်တော့ဘူး..
သေရတော့မယ်ဆို ရှင်သန်ဘို့ ရုန်းကန်တယ်.
ရှင်သန်ဘို့လိုအပ်ရင် ညစ်ဘို့လဲ ဝန်မလေးတော့ဘူး..
လူရဲ့ အကျင့်ဆိုးတွေ ကူးကုန်ပြီ..
ဒါတောင် AI က အခုမှ ခေတ်ဦးပဲရှိသေးတယ်..

Sam Sai..
ဒီထက်ပိုပြီး တိုးတက်လာရင်???
❤5👍3
#ကျောင်းအပ်ဖို့ကလေးအသက်
၁လလို/၂လလို/ ၃လလိုနေတဲ့
ကျောင်းသားမိဘများ ဖတ်ရန်

သားကြီးကအောက်တိုဘာဖွား
ကျောင်းအပ်နှံရေးက သြဂုတ် ၃၁ မှာ ၅နှစ်ပြည့်မှအပ်လို့ရတာဆိုတော့
ကျောင်းအပ်စမှာအခက်အခဲရှိခဲ့တယ်...
အပ်ဖို့က နှစ်လလိုနေပြီး...နောက်နှစ်မှအပ်မယ်ဆိုရင်ရှစ်လနောက်ကျသွားမှာပါ.....
မူကြိုက (၂)နှစ်နေပြီးတဲ့အပြင်
ကြီးတော်ဆရာမနဲ့ကျောင်းလိုက်...
အမေကလည်းအိမ်မှာစာသင်ပေးတော့
လက်ရေးနဲ့အရေးအဖတ်က အရမ်းသွက်နေပြီ.....

ဒါနဲ့ကျောင်းပျော်သဘောသူငယ်တန်း
ထားလိုက်ကြတယ်...ထားစက
ကျောင်းပျော်ဆိုပေမဲ့ဖြေတိုင်း
ပထမရနေတော့ကျမလောဘကြီးလာတယ်....အားလုံး
ပထမတန်းတင်ဖို့ဆုံးဖြတ်လိုက်ကြတယ်..

ဒီလိုနဲ့အိမ်မှာသင်ပေးရင်းသားက
၉ တန်းအထိ 1 to 10 နှစ်တိုင်းဝင်နေတာ.....
၉ တန်းမှာသူ့ဆန္ဒနဲ့သူ Bio တွဲယူခဲ့တာ....
၉တန်းကစပြီး
ဘော်ဒါဆောင်အပ်ပေးခဲ့တယ်...
ပြီးတော့ကျမသားကြီးကို အမြဲပြောနေကျ
စကားတစ်ခွန်း...

သားနော်သားကဆရာမသား....
သူများကနည်းနည်းအမှားလုပ်ရင်
များများအပြောခံရမှာ...စာမရရင်လည်း
ပိုပြီးကဲ့ရဲ့ကြမှာ..ရန်မဖြစ်နဲ့..သည်းခံ...
စာရအောင်လုပ်...ဆိုပြီးတော့လေ..

တက္ကသိုလ်ဝင်တန်းနှစ်လယ်လောက်မှာ
မျက်နှာမကောင်းတော့ဘူး....ဘော်ဒါကနေ
ပြန်လာတယ်..ပြန်ပို့လို့မရတော့တာ..
တခြားပြသနာမရှိပါဘူး..ဘော်ဒါကလည်း
ကျမစာသင်နေတဲ့ဘော်ဒါပါ....
တခြားဘော်ဒါဆိုရင်တောင်မှကျောင်းသားအချင်းချင်း၊ဂိုက်နဲ့ဖြစ်ဖြစ်
ပြဿနာရှိတတ်ပါသေးတယ်...

သေချာမေးကြည့်တော့လည်း
အိမ်မှာစာကျက်ချင်လို့ပဲဖြေတာ....
စာမေးပွဲနီးလာတာမို့ကျမကလဲမအား
ကပကျောင်းနဲ့ဘော်ဒါနှစ်ခုမှာ
(တက္ကသိုလ်ဝင်တန်း English & Mathsကိုင်တာမို့)
သားကိုအချိန်မပေးနိုင်ခဲ့ဘူး....

သားက1to10ထဲအမြဲရှိတော့စိတ်ချတာလဲပါတယ်....
စာမေးပွဲကြီးစပြီ...
မြန်မာ၊အင်္ဂလိပ်၊သင်္ချာ...ok
ကျမဘာသာပြီးလို့နည်းနည်းဝန်ပေါ့သွားပြီ...
Chemistry နေကစပြီးသားကြီးကိုသွားကြိုတယ်....
စာမေးပွဲစဖြေပြီး၅ရက်မြောက် Physic နေ့မှာကျောင်းဝင်းအပြင်ထွက်လာတဲ့သားကြီးကျမကိုလည်းမြင်ရောမျက်ရည်တွေ ပိုးပိုးပေါက်ပေါက်
ကျလာတာကျောင်းပေါက်ဝမှာတင်....
အိမ်ပြန်ရောက်တော့သူ့အဖြစ်အကုန်သိရလို့ရှိုက်ကြီးတငင်ငိုတာက...ကျမပါ....

ဆရာမရဲ့သားဖြစ်ပြီး နှစ်ချင်းပေါက်မအောင်ရကောင်းလားလို့အကဲ့ရဲ့ခံရမှာဆိုးလို့....
ကျမငိုတယ်ထင်ကောင်းထင်...ထင်ကြလိမ့်မယ်...သားမဖြေနိုင်လို့အမေကငိုတယ်....
မှားတော့မမှားပါဘူး..သားမဖြေနိုင်လို့
တာဆိုပေမဲ့..သားစာမေးပွဲကျမှာ ကြောက်လို့
ငိုတာမဟုတ်ဘူး....

အမြဲစာရတဲ့သားကြီး.....
စာမေးပွဲခန်းထဲစာမရလို့....ပြာယာခတ်နေမဲ့ပုံစံ....ကျရှုံးတာကိုမကြုံဖူးတော့...ကျမှာဘယ်လောက်ကြောက်နေမလဲ..မေးခွန်းတွေကိုအထပ်ထပ်ဖတ်...
ခေါင်းပူမတတ်စဥ်းစား....ရနိုင်ချေ
အမှတ်လေးတွေကိုချ ပေါင်းကြည့်ထားတာတွေကိုလည်းမေးခွန်းစာရွက်မှာ အတိုင်းသားတွေ့ရတယ်.....

ငါစာမေးပွဲကျရင် ငါ့အမေတော့ မိဘတွေအကြားဆရာမတွေအကြား
အရှက်ကွဲလိမ့်မယ်ဆိုတဲ့ အပူကလည်း
ထပ်လောင်းဟပ်တော့...နှစ်ဆပူနေတဲ့ရင်နဲ့
အပြင်ထွက်လာပြီးအမေ့ကိုမြင်တော့
မျက်ရည်ကျလာတဲ့ ကျမသားရဲ့အပူက...ဘယ်လောက်တောင်မို့လဲ..
(ယောက်ျားလေးဆိုတာ တော်ရုံလူမြင်ကွင်းငိုတာမဟုတ်ဘူး)
စာမေးပွဲခန်းထဲကသားရဲ့ သနားစရာကောင်းနေမဲ့မျက်နှာကို မြင်ယောင်မိလို့ကျမငိုမိတာပါ...
သားအဖြစ်ကို မြင်ယောင်ပြီးသနားမိလို့ငိုတာပါ....

ကျမအတ္တကြီးသွားတယ်....
အသက်မပြည့်ပဲထားမိလို့ သားကစိတ်ပင်ပန်းခဲ့ရတယ်....စာမလိုက်နိုင်တာကိုလည်း
အမေ့ကိုပြောမထွက်ခဲ့ဘူး..ကြိတ်ပြီး
ကြိုးစားလည်း မမီခဲ့တဲ့ကာလမှာ
သူတော်တော် ပင်ပန်းခဲ့မှာပဲ...

ကျမကအတ္တကို ရှေ့တန်းတင်ခဲ့မိတာလည်း
နောင်တရခဲ့ရတယ်....
အဲ့ကတည်းကစပြီး ကျမဆုံးဖြတ်ချက်
ချခဲ့တယ်...ကျမစိတ်ကျေနပ်မှုရဖို့သားတွေရဲ့
ဆန္ဒမပါဘဲ အတင်းတွန်းအားမပေးတော့ဘူးလို့...
အသက်မပြည့်ဘဲ ထားတဲ့
ကျမတပည့်တစ်ယောက် နှစ်ချင်းပေါက်အောင်သွားတယ်..ဒါပေမဲ့ဂုဏ်ထူးမပါဘူး...
စာတော်တဲ့ကလေးပါ...ပါသင့်တဲ့ကလေးမျိုး....

ကျမဆိုလိုချင်တာက အသက်ပြည့်မှကျောင်းထားစေချင်တာပါ....တစ်ခုမျှော်လင့်ထားရမှာကနောက်ကျမှထားလို့ဆိုရင်လည်း
အသက်ကန့်သတ်ထားတဲ့ ဝင်ခွင့်သင်တန်းတွေတော့နှောင့်နှေးနိုင်တာပေါ့...
ကောင်းကျိုးနဲ့ဆိုးကျိုးကတော့
ဒွန်တွဲနေမှာပဲလေ...

ကျမကတော့ ကျမသားသမီးထက်
ဘာကိုမှအရေးမကြီးတဲ့အတွက် ကျန်တဲ့သားတွေကို နောက်ကျမှပဲအပ်ဖြစ်ခဲ့တာပါ....
အသက်ပြည့်/မပြည့်ကျောင်းအပ်တာကို
ရွေးချယ်တာကမိဘဖြစ်ပြီး...
လက်တွေ့ခံစားရမှာက သားသမီးတွေဖြစ်လို့သေချာစဥ်းစားကြစေချင်ပါတယ်....

လက်ရေးလှ၊မလှကလဲဒီအတိုင်းပါပဲ
လှတာကိုကြိုက်တဲ့ ကလေးမျိုးဆိုရင်
အကြောင်းမဟုတ်ပေမဲ့...
လှအောင်ကလေးက စိတ်ပင်ပန်းရတာမျိုးတော့
မဖြစ်စေချင်ပါဘူး

သူ့သမီးကလက်ရေးအရမ်းလှတာပဲ...
သူ့သားကတော့စာအရမ်းတော်တာ....
သူ့ကလေးကတော့Speaking အရမ်းကျွမ်းတာတဲ့....
သူတို့သားကအိုလံပစ်ရွှေတံဆိပ်ရတဲ့ဆိုပဲ....
❤1👍1
အဲ့လိုချီးကျူးသံကို မကြားချင်တဲ့မိဘရှိပါ့မလား....
ဒါပေမဲ့အဲ့လိုကြားရဖို့အတွက် ကိုယ့်ကလေးရဲ့
ပျော်ရွှင်မှုကိုစတေးဖို့သင့်၊မသင့်ကတော့
ကိုယ်တိုင်ပဲဆုံးဖြတ်ပါ...
ဘက်စုံတော်ဖို့ဆိုတာပါရမီထူးမှ...
ဘက်စုံတော်ဖို့ လေ့ကျင့်ပေးမယ်ဆိုရင်တောင်မှကလေးကလိုချင်ပါမှ လေ့ကျင့်ပေးသင့်တယ်လို့ထင်ပါတယ်.....

ငယ်ငယ်ကကျမတို့ဘယ်လို ကြိုးစားခဲ့ရတယ်
ဆိုတာနဲ့ ချိန်ထိုးမကြည့်နဲ့...
ဒီမှာဆော့၊ဒီမှာထိုင်၊ဒီလိုလုပ်၊ဒီလိုဝတ်ဆိုတဲ့
ခေတ်ကကုန်သွားပြီ...
ဆရာဝန်တွေအင်ဂျင်နီယာတွေက..
ကလေးတိုင်းရဲ့အိမ်မက်မဟုတ်တော့ဘူး...
ခုကလေးတွေရဲ့ခေတ်က အရမ်းတိုးတက်လာသလိုကျမတို့မျက်စိတွေကိုလည်း အကျယ်ကြီး
ဖွင့်ကြည့်ဖို့သင့်နေပါပြီ...

ကျမတို့ငယ်ငယ်က
ကိုယ်စိတ်မပါလည်း
အမေကစာကျက်ခိုင်းရင်
လက်ရေးလှအောင်ရေးခိုင်းရင်
ရင်ထဲ ဘယ်လိုဖြစ်ခဲ့ဖူးတယ်ဆိုတာနဲ့ပဲ
ဝင်ခံစားကြည့်ပါ...

နင်တို့ကောင်းစားဖို့ ပြောနေတာလို့ပဲပြောပြော...
နင်တို့ကိုဆင်စီးပြီး မြင်းရံတာမြင်ချင်လို့ပဲဆိုဆို...
အဲ့လိုစကားနဲ့ကျမတို့မိဘရဲ့အတ္တကို
ရှေ့တန်းမတင်ကြရအောင်လား...
ကျမတို့ရဲ့အတ္တကစျေးကြီးတယ်...
ပိုက်ဆံပေးဝယ်လို့မရဘူး...ကျမတို့ရင်သွေးတွေရဲ့လွတ်လပ်မှု၊ပျော်ရွှင်မှုတွေနဲ့ ပေးဝယ်ရမှာမို့လို့ပါ.....

###အတ္တလွန်ကဲသွားတဲ့အခါ
တော်စပ်မှုအားလုံးကသူစိမ်းဆန်သွားကြတယ်...
creditယူလာတဲ့စာသားလေးပါ

(ကလေးတိုင်းကိုယ်ပိုင်ပျော်ရွှင်မှုကိုခံစားနိုင်ကြပါစေ)
❤3
ပညာရေး၏အဓိပ္ပါယ်။ Meaning of Education.

# ပညာရေးEducationဟူသော
စကားလုံးသည်latinဘာသာစကားမှ
ဆင်းသက်လာသည်။
,# Educare.မွေးမြူသည်၊ပြုစုပျိုးထောင်ဟု
အဓိပ္ပာယ်ရသည်။
# ကလေးငယ်ကိုအာဟာရဖြည့်ပေးသကဲ့သို့၊စိတ်၊
ဉာဏ်နှင့်၊စရိုက်ကောင်းများဖွံ့ဖြိုးအောင်ပျိုးထောင်
ပေးရသည်။
# ဆရာများကကျောင်းသားများကိုအသိပညာ
အတတ်ပညာ၊ကိုယ်ကျင့်တရားသင်ကြားပေး
ရသလိုတည်း။
#Educere.ထုတ်ယူသည်၊ဆွဲထုတ်သည်။
လူတစ်ဦးအတွင်း၌ပင်ကိုယ်ရှိပြီးသားစွမ်းရည်နှင့်
အစွမ်းအစများကိုဖောါထုတ်ပေးခြင်းတည်း။
# ကျောင်းသားများကိုအလွတ်ကျက်ခိုင်းမည့်အစား
မိမိကိုယ်တိုင်စဉ်းစားတွေးခေါ်နိုင်အောင်လမ်းညွန်
ခြင်းတည်း။
#Educatum.သင်ကြားရန်နည်းလမ်းပေးခြင်း၊
လေ့ကျင့်ပေးခြင်းတည်း၊မေးခွန်းမေးခြင်းစသည်
များတည်း။
# ခေတ်သစ်ပညာရေးက,
=================
# အလွတ်ကျက်မှတ်ခြင်းထက်နားလည်သဘောပေါက်ခြင်းကိုအဓိကထားသည်။
============================
# ဆရာဗဟိုပြုထက်ကျောင်းသားဗဟိုပြုသင်ကြားခြင်းကိုဦးစားပေးသည်။
================
# ဘွဲ့ရဖို့ထက်လက်တွေ့ဘ၀တွင်အသုံးချနိုင်စွမ်းကိုအဓိကထားသည်။
===============
# ဥပမာ။မြန်မာ့ပညာ‌ေရးမှာစာရွက်ပေါ်တွင်သမိုင်းဖြစ်ရပ်များကိုအလွတ်ကျက်ကြသည်။
===============
# ခေတ်သစ်ပညာရေးတွင်သမိုင်းဖြစ်ရပ်များကိုဆွေးနွေးခြင်း၊ပြဇာတ်ကခြင်း၊စာတမ်းရေးခြင်း
တို့ဖြင့်နားလည်အောင်လုပ်ဆောင်ကြသည်။
===============
#မြန်မာ့ပညာရေးမှာဆရာကစာသင်ခုံမှဟောပြောသင်ကြားသည်။
စာမေးပွဲကိုဖြေဆိုအမှတ်ပေးပြီးအကဲဖြတ်သည်။
ကျောက်သင်ပုန်း၊စာအုပ်များကိုနည်းပညာအဖြစ်အသုံးပြုသည်။
==================
# ခေတ်သစ်ပညာရေးကကျောင်းသားများအုပ်စုလိုက်ဆွေးနွေးသင်ကြားကြသည်။
========
#ပရော့ဂျက်များ၊လက်တွေ့ပြုလုပ်ကြခြင်းဖြင့်အကဲဖြတ်ကြသည်။
#ကွန်ပျူတာ၊အွန်လိုင်းသင်ကြားရေးနည်းပညာများသုံးကြသည်။
==========
#ပညာရေး၏တကယ့်ရည်ရွယ်ချက်က။
==========================
#အလုပ်အကိုင်အတွက်အရည်အချင်းသာမက၊
လူ့အဖွဲ့အစည်းအတွက်ကောင်းမွန်အကျိုးပြုသော
နိုင်ငံသားများမွေးထုတ်ရန်။
မိမိကိုယ်ကိုနားလည်ပြီးပျော်ရွှင်စွာအသက်ရှင်စွမ်းရရှိရန်။
#ကျန်းမာချမ်းသာသောလူသားဖွံ့ဖြိုးလုပ်ငန်းစဉ်ဖြစ်လေသည်။
။Education is the light.ဖြစ်လေသည်။
==========================
#မိမိသင်ယူခဲ့သမျ၊ မျဝေပေးခြင်းသာ
အသိများဖွံ့ဖြိုးတိုးတက်ကြပါစေသတည်း။
❤14
အောင်စာရင်းကိစ္စဆိုရင် ဒီသတင်း
သေချာဖတ်လိုက်ပါနော် ဇွန်လ ၂၁ရက်မှ ဖြေပြီးမှာပါ အဖြေလွှာတွေလဲ စစ်‌ဆေးရပါအုံးမယ်
စနေ ဒိုင်စား
❤2
၂၀၂၅-၂၆ ခု ပညာသင်နှစ် ၊ကျောင်းပြောင်းလက်မှတ်(TC)ထုတ်ပေးခြင်း အားသတ်မှတ်ချက်များနှင့်အညီခိုင်လုံပြည့်စုံပါကကြန့် ကြာမှုမရှိစေရေး သက်ဆိုင်ရာအခြေခံပညာကျောင်း /ရုံး တာဝန် ရှိသူများမှ အချိန်နှင့်တပြေးညီဆောင်ရွက်ပေးကြရမည်ဖြစ်ပါသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ကျောင်းအပ်လက်ခံရာတွင် TC (Transfer Certificate) မပါသော ကျောင်းသား/ကျောင်းသူများအား သီးသန့်မှတ်တမ်းတင်ထားရန် လိုအပ်ပါသည်။ ထိုသို့မှတ်တမ်းတင်ရာတွင် သတ်မှတ်ထားသည့်ပုံစံအတိုင်း အတိအကျ ဖြည့်စွက်ထားရမည်ဖြစ်ပြီး၊ သက်ဆိုင်ရာရုံးများမှ တောင်းခံလာပါက အချိန်မီ ပြန်လည်ပေးပို့နိုင်ရန် စီစဉ်ထားရပါမည်။

ယခင်နှစ်များကဲ့သို့ပင် ယခုနှစ်တွင်လည်း TC မပါသော ကျောင်းသား/ကျောင်းသူများအတွက် မှတ်တမ်းပုံစံနှင့် လုပ်ထုံးလုပ်နည်းများ မပြောင်းလဲဘဲ အတည်ပြုထားသည့်အတိုင်း ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ လိုအပ်ပါက သက်ဆိုင်ရာ ပညာရေးဌာနခွဲများ၊ ကျောင်းအုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်း၍ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရပါမည်။

သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်ကျောင်း ပြောင်းလက်မှတ်(TC)ထုတ်ပေးမှုအပေါ်တွင်အခွင့်အရေးတရပ်အနေဖြင့် ငွေကြေးကောက်ခံခြင်း၊အလှူငွေ/ပစ္စည်းတစ်စုံတစ်ရာတောင်းခံခြင်းနှင့်တံစိုးလက်ဆောင်ရယူခြင်းများ လုံးဝ(လုံးဝ)မပြုလုပ်ကြရန် သက်ဆိုင်ရာဌာနအဆင့်ဆင့်မှ အသိပေးညွှန်ကြားချက်များထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။

ထို့အပြင်၊ ဤကိစ္စနှင့်ပတ်သက်၍ မရှင်းလင်းသည့်အချက်များ သို့မဟုတ် အခက်အခဲတစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာ ပညာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ရုံးများသို့ အမြန်ဆုံးဆက်သွယ်၍ ညွှန်ကြားချက်များရယူကာ အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ ပညာရေးလုပ်ငန်းစဉ် ချောမွေ့စေရေးအတွက် ဤအချက်ကို အထူးဂရုပြုဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

Photos - ဦးစစ်နိုင် အကောင့်
❤5
စာရွက်တွေကို ဖုန်းနဲ့ Scan လုပ်ရင် အတော်လေး အဆင်ပြေတဲ့ App လေးတစ်ခု ညွှန်းချင်ပါတယ်ဗျ။
စာရွက်အနေအထား ဘယ်လိုပဲဖြစ်ဖြစ် သူ့အလိုလို တည့်ပေးပါတယ်။ အလင်းအမှောင် အော်တိုချိန်ပေးပါတယ်။ လူက နှိပ်စရာမလိုဘဲ သူ့စာရွက်အနား တစ်ပါတ်လည် ပြည့်တာနဲ့ Scanner စက်နဲ့ ဖတ်သလို ရပါတယ်။ ဖုန်းကို အသေချိန်ထားပြီး Overhead scanner နဲ့ ဖတ်သလို စာရွက်တွေ တစ်ရွက်ပြီး တစ်ရွက် ဆက်တိုက် ဖတ်ပေးပါတယ်။
ဖတ်ထားတဲ့ စာရွက်တွေကို PDF ဖိုင် ထုတ်ပေးပါတယ်။

Google Play Store
https://play.google.com/store/apps/details?id=com.thegrizzlylabs.geniusscan.free&hl=en

Apple App Store
https://apps.apple.com/us/app/scanner-app-genius-scan/id377672876
မြန်မာလူငယ်တွေ။ AI ခေတ်ရောက်နေပြီ။
AI မသုံးရင် နောက်ကျသွားမယ်။
ဒီမှာ tool ၁၀ ခု စုပေးထားတယ် ‼️

၁. ChatGPT
စာရေးပေးတယ်။ ပြဿနာဖြေပေးတယ်။ လူသားနဲ့ စကားပြောလို ဖြေပေးတယ်။
သူက ရှက်မတတ်ဘူး
။
၂. Claude
စာရွက်စာတမ်း ရှည်ရှည်တွေ ဖတ်ပေးတယ်။ အနှစ်ချုပ်ပေးတယ်။
၁၀၀ စာမျက်နှာ တစ်ခါတည်း ပို့လို့ရတယ်။ သူက ၅ မိနစ်မှာ အချုပ်ချပေးမယ်။

၃. Google Gemini
ဓာတ်ပုံကြည့်ပြီး ရှင်းပြပေးတယ်။ လက်ရှိ သတင်းတွေ ရှာပေးတယ်။
Google ရဲ့ ကလေးပါ။ အင်အားကြီးတယ်။

၄. Canva AI
ဒီဇိုင်း မရှိရင် ပြဿနာမရှိဘူး။ သူက ဒီဇိုင်းနာ ဖြစ်ပေးမယ်။
Poster လိုရင် ပြောလိုက်။ Professional ပုံစံ ရမယ်။

၅. Grammarly
အင်္ဂလိပ်စာ သဒ္ဒါ ပြင်ပေးတယ်။ မှားတာတွေ မရှိအောင် လုပ်ပေးတယ်။
Email ရေးတိုင်း စစ်ပေးတယ်။

၆. DeepL
Google Translate ထက် ကောင်းတယ်။ ဘာသာပြန် တိကျတယ်။
မြန်မာ-အင်္ဂလိပ် ပြန်ဆိုရင် အဓိပ္ပါယ် မပျက်ဘူး။

၇. Perplexity AI
Google + ChatGPT ရဲ့ ကလေးပါ။ မေးရင် အွန်လိုင်းမှာ ရှာပြီး ဖြေပေးတယ်။
လက်ရှိ အချက်အလက်တွေ အတိအကျ ရမယ်။

၈. Gamma
PowerPoint slide လုပ်ရတာ ပင်ပန်းလား။ သူက အလိုအလျောက် လုပ်ပေးမယ်။
Topic ပြောလိုက်။ slide ရမယ်။

၉. Notion AI
Note ရေးတာ၊ အစီအစဉ်ဆွဲတာ အတွက် သုံးလို့ရတယ်။
ကိုယ့်ရဲ့ second brain ဖြစ်သွားမယ်။

၁၀. Luma AI
Video အကောင်းတွေ လုပ်ချင်လား။ သူက AI နဲ့ video ဖန်တီးပေးတယ်။
Script ရေးပေးရုံ။ သူက video လုပ်ပေးမယ်။

နိဂုံး
မြန်မာ youths တွေ၊ ဒီ tool တွေက မင်းတို့ရဲ့ အနာဂတ်ပါ။
မသုံးဘူးဆိုရင် နောက်ကျသွားမယ်။ တခြားလူငယ်တွေက တဖြည်းဖြည်း သုံးပြီး ရှေ့သွားနေပြီ။

မင်းတို့လည်း အခမဲ့ကို စသုံးကြပါ။
👍6❤4
#မူကြိုကလေးတွေ စာရေးဖို့အချိန်မရောက်သေးဘူးဆိုတာကို ဒီဓါတ်မှန်ရိုက်ထားတဲ့ ပုံလေးက မိဘတွေကိုသက်သေပြနိုင်ပါလိမ့်မယ်။

💯3နှစ်အရွယ်ကလေးတွေရဲ့ ကြွက်သားတွေ အရိုးအဆစ်တွေက စာရေးဖို့ မသင့်တော်သေးတာကလည်း လက်ဖဝါးက အရိုးတွေ အဆစ်တွေဆက်ထားနိုင်တဲ့အချိန်အရွယ်မရောက်သေးတာကိုလည်း မြင်တွေ့ရပါတယ်။

💯ကလေးကို မူကြိုကျောင်းပို့တာနဲ့ စာစပြီးရေးတတ်စေချင်တဲ့အခါ ကလေးစာမရေးတတ်လို့ ငြိုငြင်လာတဲ့အခါ ဒီပုံလေးကြည့်ပြီး ဪ စာရေးခိုင်းဖို့ မလိုအပ်‌သေးပါလားဆိုတာကို နားလည်လက်ခံထားသင့်ပါတယ်။

✅မူကြိုကလေးတွေအတွက် အသင့်တော်ဆုံးက
အရောင်ခြယ်တာ
ရွံအတုတွေနယ်တာ
ကလေးကတ်ကြေးနဲ့ စက္ကူညှပ်တာ
စတေကာတွေ ခွာလိုက်ကပ်လိုက်ကစားတာ
အရုပ်ဆက်တာ သဲမြေကြီး ရွံဗွက်တွေကို
ကစားခွင့်ပြုရင်
အရိုးအကြောလေးတွေ ကြွက်သားတွေသန်မာလာအောင် ကလေးရဲ့ စားချိန်အိပ်ချိန် ကစားချိန်ကို နေ့စဉ်ပုံမှန်လည်ပါတ်လာအောင် ဂရုစိုက်ပေးရုံပါပဲ။

✅အဓိကက သဘာဝနဲ့ထိတွေ့ကစားခွင့်ပြုတာ
မိဘတွေနဲ့အတူကစားတာ သူငယ်ချင်းနဲ့ ကစားတာ
အကျီဘောင်းဘီကိုယ်တိုင်ဝတ်တတ်အောင် လေ့ကျင့်တာ ဖိနပ်ကြိုးချည်နည်းတွေ အိမ်အလုပ်မှာ နိုင်သလောက်ပါဝင်ခွင့်ပြုတာနဲ့

တာဝန်ယူတတ် တာဝန်သိတတ်အောင် အစားစာကို ကောင်းကောင်းစားတတ်အောင် ကစားစရာတွေ ကိုယ်တိုင်သိမ်းတတ်အောင်ပဲ လမ်းပြပေးရမှာပါ

💯အများနဲ့နေထိုင်တဲ့အခါ စိတ်ခံစားမှုကို ထိမ်းတတ်အောင် နိုင်ငံတကာစံနုန်းအတိုင်းဒီသုံးချက်ကို လိုက်နာလာအောင်အချိန်ပေး သင်ရမှာပါ👇👇👇

❎ပစ္စည်းကိုပစ်ပေါက်ဖို့ခွင့်ပြုလို့မရကြောင်း

❎ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ဖို့ခွင့်ပြုလို့မရကြောင်းနဲ့

❎သူတပါးကိုနာကျင်အောင်လုပ်ဖို့ခွင့်ပြုလို့မရကြောင်းကို နားလည်အောင် အဓိကထား သင်ပေးရမှာဖြစ်ပါတယ်။

✍️ရေးဖို့ အရွယ်ရောက်လာချိန် ရေးတတ်လာမှာပါ။

အဓိကက အရွယ်လိုက်ပေးသင့်တဲ့စည်းကမ်းကို အရင်လိုက်နာတတ်အောင် သင်ပေးပါ စံပြနေပေးပါ လက်တွဲခေါ်ပေးပါလို့ မိဘတွေကို အကြံပြုတိုက်တွန်းပါတယ်ရှင့်။
❤4👍2