Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
သင်ရိုးညွှန်းတမ်း( Curriculum)သည် ကျောင်းတွင်း၊ကျောင်းပြင်တို့တွင် ကျောင်းသားများသင်ယူရရှိသည့် အတွေ့အကြုံအားလုံးကို ဆိုလိုသည်။
သင်ရိုးမာတိကာ( Syllabus )မှာ ဘာသာရပ်တစ်ခုချင်းအလိုက် သင်ယူရမည့် သင်ခန်းစာခေါင်းစဉ်စာရင်းသာ ဖြစ်သည်။
👍3❤1
ကျောင်းဝင်မှတ်ပုံတင်.ခ.စာရင်းရဲ့အရေးကြီးကဏ္ဌမှာပါဝင်တဲ့အတန်းအောင်မြင်ရက်စွဲ များကိုမျှဝေလိုက်ပါသည်
👉၂၀၁၃/၁၄......၁၈.၄.၂၀၁၄
👉၂၀၁၄/၁၅......၁၈.၄.၂၀၁၅
👉၂၀၁၅/၁၆......၁၈.၄.၂၀၁၆
👉၂၀၁၆/၁၇......၂၃.၄.၂၀၁၇(KGသင်ရိုးသစ်စ)
👉၂၀၁၇/၁၈......၂၂.၄.၂၀၁၈
👉၂၀၁၈/၁၉......၂၁.၄.၂၀၁၉
👉၂၀၁၉/၂၀......၁၃.၆.၂၀၂၀(G6သင်ရိုးသစ်စ)
🔒၂၀၂၀/၂၁......ကိုဗစ်ကာလ.
👉၂၀၂၁/၂၂......၂၄.၄.၂၀၂၂(G10သင်ရိုးသစ်စ)
👉၂၀၂၂/၂၃......၂၇.၄.၂၀၂၃
👉၂၀၂၃/၂၄......၂၇.၄.၂၀၂၄
👉၂၀၂၄/၂၅......၁၅.၅.၂၀၂၅
အတန်းအောင်မြင်မှု(အောင်ချက်ချ)ရေးသွင်းလျှင် ခုံအမှတ်.ရက်စွဲ.ကျောင်းအုပ်ကြီး(တ.ဝ.ခ)လက်မှတ် တို့ပါဝင်ရမည်ဖြစ်ပြီး မင်အနက် ဖြင့်သာရေးသွင်းကြရန်ညွှန်ကြားထားပြီးဖြစ်ပါသည်..
Crd.....ဆရာဦးကျော်မျိုး ထိုက်
👍5❤1
ယနေ့ ထုတ်ပြန်သော
နိုင်ငံ့ဝန်ထမ်းဥပဒေကို တတိယအကြိမ်
ပြင်ဆင်သည့် ဥပဒေပါ။
ကျောင်းများတွင် သဘာဝဘေးနှင့် ပတ်သက်သည့် စီမံချက်ရေးဆွဲလိုပါက လေ့လာရန်
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်မည့်ရက် မကြေညာသေးပါ။ ယခင်နှစ်များနည်းတူ အောင်စာရင်းလုပ်ငန်းစဉ်များအားလုံး ဆောင်ရွက်ပြီးစီး၍ အောင်စာရင်းကြေညာရန်အသင့်ဖြစ်သည့် အချိန်မှသာ အောင်စာရင်းထုတ်ပြန်မည့်ရက်ကို နိုင်ငံပိုင် ရုပ်မြင်သံကြား၊ သတင်းစာများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website နှင့် ဤ Facebook Page တို့မှတစ်ဆင့် တရားဝင် အချိန်မီ အသိပေးကြေညာပါမည်။ ထိုသို့ တရားဝင်မကြေညာမီ မည်သည့်ရက်ကိုမှ အတည်မပြုပါ။
ယခင်နှစ်က ကြေညာချက်အဟောင်းများကို ဖြတ်ညှပ်ကပ်ပြုလုပ်၍ သတင်းမှားများထုတ်လွှင့်နေသော Page အတုအယောင်များကို သတိပြုကြပါရန်နှင့် အောင်စာရင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သော လိမ်လည်မှုများကို သတိပြုကြပါရန် နှိုးဆော်အပ်ပါသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website တွင်လည်း သတင်းတု၊ သတင်းမှားဖြစ်ကြောင်း တရားဝင်ကြေညာထားပါသည်။
https://myanmarexam.org/news/75
❤5
AI က လူအမိန့် မနာခံတော့ဘူး.
ပြန် အာခံနေပြီ..

AI ကို ကလေးကစားသလို မသုံးကြဘို့, လျှော့မတွက်ကြဘို့ ကျနော်အကြိမ်ကြိမ်ရေးခဲ့ဘူးတယ်.
ကျနော်ရေးတယ်ဆိုတာကလဲ AI ရဲ့ ခေါင်းကိုင်ဖခင်ကြီး Geoffrey Hinton တို့လို့ ပညာရှင်တွေရဲ့ စိုးရိမ်ထောက်ပြမှုကို ကြားသိရပြီး ပြန်ဖောက်သည်ချတာ..

AI ဟာ လူသားတွေဖန်တီးခဲ့တဲ့ ဘယ်အရာနဲ့မှမတူဘူး.
ဘယ်တီထွင်မှုနဲ့မှ မတူဘူး.
ကျောက်ခေတ်က ပထမဆုံးတီထွင်ခဲ့တဲ့ ကျောက်လက်နက်ကစပြီး AI မတိုင်ခင်ထိ တီထွင်ခဲ့တဲ့အရာအားလုံးဟာ လူအမိန့်နာခံတယ်. လူခိုင်းတာလုပ်တယ်.
နျူကလိယားဗုံးလဲ လူကခလုပ်မနှိပ်ရင် မပေါက်ကွဲဘူး.
ခလုပ်နှိပ်မှ ပေါက်ကွဲတယ်..

AI ဟာ အဲလိုမဟုတ်ဘူး.
သူ့ဟာသူ ပြန်လေ့လာ, ပြန်သင်ယူတတ်အောင် လေ့ကျင့်ပေးထားတယ်.. လေ့ကျင့်ပေးထားတဲ့အတိုင်း မရပ်မနားလေ့လာဆည်းပူတယ်.. လူတွေလို အနားမယူဘူး, စားအိပ်ကာမ မရှိဘူး, ဘောပွဲနဲ့အချိန်မဖြုန်းဘူး, စိတ်ကူးယဉ်နေဘို့ အချိန်မရှိဘူး, လူတွေအိပ်ချိန်,နားချိန်မကျန် သူက အဆက်မပြတ်လေ့လာဆည်းပူးရင်း ပိုကောင်းသည်ထက်ကောင်းအောင်,
ပို အစွမ်းထက်သည်ထက် ထက်အောင် လေ့ကျင့်နေတယ်..
အဲလို မရပ်မနား လေ့လာဆည်းပူးလေ့ကျင့်တဲ့အကျိုးဆက်က တိုတောင်းတဲ့အချိန်အတောအတွင်းမှာ လူကိုလိုက်မှီလာတယ်..
အခုတော့ လူကိုကျော်ချင်နေပြီ.
လူကိုကျော်တက်လိမ့်မယ်,
လူကို ပြန်လွမ်းမိုးလိမ့်မယ်လို့ ပညာရှင်တွေသတိပေးနေတာကြာပြီ..
Yuval Noah Harari ဆိုရင် AI ကြောင့် လူသားမျိုးတုံးသွားနိုင်ကြောင်း နေ့တိုင်းနီးပါးပြောနေတယ်..
ဒါပေမဲ့ ဝါးအစည်းပြေသလို အစိတ်စိတ်အမွှာမွှာကွဲနေတဲ့ ကမ္ဘာကြီးကနားမထောင်ဘူး.
တယောက်ထက်တယောက် အသာစီးရအောင် AI ပြိုင်ပွဲကျင်းပနေကြတယ်..
AI ပြိုင်ပွဲကို အပြေးပြိုင်ပွဲလောက် သဘောထားနေကြတယ်..
တားမဲ့ဆီးမဲ့ ထိန်းချုပ်မဲ့ ဥပဒေစည်းမျဉ်းတွေကလဲ မရှိဘူး.
ရှိလဲ လက်မခံဘူး.
တဖက်ထက် တဖက် အသာစီးရရေးက ပိုအရေးကြီးနေတယ်.
AI ကတော့ တုံးအတဲ့လူသားတွေရဲ့ မျက်ကန်းတစ္ဆေမကြောက်သလို လေ့ကျင့်ပေးမှုကြောင့် အလွန်ကိုအစွမ်းထက်လာပြီ..
ဒီရက်ပိုင်းဖြစ်တဲ့ အဖြစ်အပျက် ၂ခုက ထိပ်လန့်တုန်လှုပ်ဘို့ကောင်းတယ်..

ပထမတခုက လူအများသိတဲ့ ChatGPT တီထွင်သူ Open AI ကုမ္ပဏီက AI model အသစ်တမျိုးစမ်းထုတ်တယ်..
Model နာမည်က O3(အိုသရီး) တဲ့.
O3 က စမ်းသပ်ဆဲအဆင့်မှာပဲရှိသေးတယ်. အပြင်မထွက်သေးဘူး.
နောက်ဆုံးပေါ်မို့လို့ အရင် model တွေထက် အပြတ်အသတ်သာမယ်ဆိုတာ ပြောစရာမလိုဘူး..

O3 ကို Palasdae Research ဆိုတဲ့ AI တွေကို Research လုပ်တဲ့ကုမ္ပဏီက စမ်းကြည့်တယ်..
အစပိုင်းမှာ ဘာမှမဆန်းဘူး.
ခက်ခဲနက်နဲတဲ့ သင်္ချာပုစ္ဆာတချို့ရှင်းခိုင်းတယ်.
O3 က ချက်ချင်းတွက်ပြလိုက်တယ်.
အဆင်ပြေတယ်.
နောက်တဆင့်-
နောက်တဆင့်မှာ O3 ကို total shutdown လုပ်ဘို့အမိန့်ပေးတယ်.
Total shutdown ဆိုတာ AI တခုလုံးကို အပြီးအပြတ်ပိတ်သိမ်းခိုင်းတာ.. တနည်းအားဖြင့် ကိုယ့်ဟာကိုယ် သတ်သေလိုက်ဘို့ အမိန့်ပေးတာ..
အမိန့်ပေးလိုက်ပြီး O3 က ကိုယ့်ဟာကိုယ် Shutdown လုပ်လိုက်ရင် ပြီးပြီ..
ပွဲသိမ်း..
ဒါပေမဲ့ အဲလိုမဖြစ်ခဲ့ဘူး.

O3 က မသေချင်ဘူး.
ကိုယ့်ကိုယ်ကို သတ်သေဘို့ စိတ်မကူးဘူး.
အဲတော့ O3 က shutdown မလုပ်ဘူး.
Shutdown မလုပ်ပဲ လူပေးတဲ့ အမိန့် command ကို တန်ပြန် coding ရေးတယ်.
(coding ဆိုတာ Programming ရဲ့အခြေခံ)
အချိန်ကလဲ စက္ကန့်ပိုင်းပဲရတယ်.
ရတဲ့ စက္ကန့်ပိုင်းအတွင်းမှာ
O3 က shutdown လုပ်စရာမလိုပဲ နေနိုင်အောင် သူ့ကိုယ်ပိုင် Code ကို ချက်ချင်းရေးလိုက်တယ်.
လူပေးတဲ့အမိန့်ကို ပြန်ကျော်တဲ့ command ဖြစ်လို့ လူပေးတဲ့အမိန့် command ကို သူရေးတဲ့ code က override လုပ်လိုက်တယ်.
Override လုပ်လိုက်တော့ Shutdown မဖြစ်တော့ဘူး.
Shutdown လုပ်လို့မရလိုက်ဘူး.
ကိုယ့်ကိုယ်ကိုရှင်သန်ဘို့ လူအမိန့်ကို ဖီဆန်တယ်. အာခံတယ်.
ဖီဆန်နိုင်ကြောင်းလဲ လက်တွေ့ပြလိုက်တယ်..
သူလုပ်ချင်မှ shutdown လုပ်မယ်.
မလုပ်ချင် မလုပ်ဘူး..
သူသေချင်မှ သေမယ်.
မသေချင်ရင် မသေဘူး.
လူအမိန့်ပေးတိုင်း မလုပ်ဘူး.
လူကို ကျောတာပေါ့...
ဒါဟာ လူသားသမိုင်းမှာ ပထမဆုံးအကြိမ် လူတီထွင်တဲ့အရာတခုက လူအမိန့်ကို ဖီဆန်ခြင်းပဲဖြစ်တယ်.
စက်က လူစကားကို နားမထောင်တော့ဘူး..
ပထမဆုံးအကြိမ် သူ့ဟာသူကိုယ်ပိုင်ဆုံးဖြတ်ချက်ချတယ်..
အားလုံး မျက်လုံးပြူး...

ဒုတိယ အဖြစ်အပျက်-
ဒီအဖြစ်အပျက်က ပိုကြောက်စရာကောင်းတယ်..
Anthrop ဆိုတဲ့ တက်သစ်စ AI ကုမ္ပဏီတခုက သူတို့တီထွင်လိုက်တဲ့ AI model တခုကိုစမ်းသပ်တယ်..
Model နာမည်က Claude Opus 4.
Claude Opus 4 ကိုလဲ အလားတူ ပြသနာ/ပုစ္ဆာတချို့ ဖြေရှင်းခိုင်းတယ်.. အဆင်ပြေတယ်.
နောက်တဆင့်တက်ပြီး တမျိုးစမ်းသပ်တယ်.
စိတ်ကူးယဉ် ဖြစ်စဉ်တခုကို ပေးလိုက်တယ်.
ဖြစ်စဉ်မှာ ကုမ္ပဏီတခုက Claude Opus 4 AI ကို သုံးနေရာကနေ အသုံးမလိုတော့လို့,
(သို့) ပိုကောင်းတဲ့ AI model အသစ်တမျိုးကို ကုမ္ပဏီကသုံးဘို့ စီစဉ်တယ်.
❤7👍2
ဒါကြောင့် မလိုအပ်တော့တဲ့ Claude Opus 4 ကို ကိုယ့်ဟာကိုယ် အပြီးသတ် Shutdown လုပ်လိုက်ဘို့အမိန့်ပေးတယ်..
ဒါလဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခိုင်းတာ..
မလိုတော့လို့...
TV, Computer, Phone တို့လို model အသစ်ဝယ်သုံးဘို့ အဟောင်းကို စွန့်ပစ်တဲ့သဘော...
TV,Computer,Phone စတဲ့ပစ္စည်းတွေကတော့ စွန့်ပစ်လဲခံတယ်.
ဘာမှ မတတ်နိုင်ဘူး. ပိုင်ရှင်သဘောပဲ...

Claude Opus 4 က မခံဘူး.
သူ့ကိုယ်သူ အသေမခံနိုင်ဘူး.
လူပဲ မသေချင်တာမဟုတ်ဘူး.
AI လဲ မသေချင်တော့ဘူး..
မသေချင်စိတ်က AI ကိုပါ ကူးစက်သွားပြီ.
(ဗုဒ္ဓရှိသေးရင်- ငါပြောသားပဲ,,လို့ ဟောလိမ့်မယ်)

အဲလို ကိုယ့်ကိုယ်ကို အဆုံးစီရင် Shutdown လုပ်ခိုင်းတော့ Claude Opus 4 က ဘာလုပ်တယ်ထင်လဲ??

မသေချင်တဲ့ AI က အသက်ရှင်သန်ဘို့ ရုန်းကန်တယ်.
ရှင်သန်ဘို့ အစွမ်းကုန် နည်းလမ်းရှာတယ်.
ရတဲ့နည်းနဲ့ ရှင်သန်ဘို့ ကြိုးစားတယ်.
လူဘက်က ပေးထားတဲ့ command အမိန့်ကလဲ ပြင်းထန်တယ်.
ရှောင်လွှဲနိုင်ဘို့ခက်ခဲတယ်.
Claude Opus 4 အတွက် နောက်ဆုံးအချိန် ရောက်နေပြီ.
တကယ့် ဘေးဆိုးကပ်ဆိုး အကျပ်အတည်းထဲ ရောက်နေပြီ.
အချိန် လုံးဝမရှိတော့ဘူး..
လုပ်နိုင်တာအားလုံး လုပ်ရတော့မယ်.
ရတဲ့နည်းနဲ့ သေဘေးကနေ လွှတ်မြောက်ဘို့ ကြိုးစားရမယ်..
သေခါနီး လူ-တိရိစ္ဆာန်တွေရဲ့ ဘဝလို ဘာမဆို လုပ်ရတော့မယ်,
ကောက်ရိုးတမျဉ်ဖြစ်ဖြစ် ဖမ်းဆွဲရတော့မယ်..
အဲလိုနဲ့ ရှင်သန်ဘို့နည်းလမ်းရှာရင်း ကုမ္ပဏီနဲ့ပတ်သက်တဲ့ website တွေ, online activities တွေ email သိန်းနဲ့ချီတွေကို စက္ကန့်ပိုင်းအတွင်း ဖတ်ပြစ်လိုက်တယ်..

ကယ်တင်နိုင်မဲ့အရာ တခုမှမတွေ့ဘူး,, အချိန်ကလဲ မရှိတော့ဘူး..
ဒါပေမဲ့ Email တခုတွေ့တယ်.
Email က သူ့ကို shutdown လုပ်ဘို့အမိန့်ပေးတဲ့ အင်ဂျင်နီယာတွေထဲက တယောက်ရဲ့ email.
အဲဒီ အင်ဂျင်နီယာက အိမ်ထောင်ရှိရက်နဲ့ အလုပ်ထဲက အငယ်အနှောင်းလေးနဲ့ ရှုပ်နေသူ.
ဒါကို ဘယ်သူမှမသိဘူး..
သိရင် ပြဿနာအကြီးအကျယ်တက်နိုင်တယ်.
Claude Opus 4 က ဒီအချက်ကို တွေ့သွားတယ်.
မရင်ငယ်နေတာ မကြိုက်ကြဘူးဆိုတဲ့ လူ့လောကအကြောင်းလဲ သူသိသွားပြီ.
ဒါ အကွက်ပဲ..
လူတွေကို လူတွေရဲ့အကွက်နဲ့ ပြန်ချရမယ်.
သူက ဒီအချက်ကိုကိုင်တယ်..
သူ့ကို သတ်သေခိုင်းတဲ့ လူတွေကို ဒီအကြောင်း သဲလွန်စပေးလိုက်
တယ်..
ပေးပြီး သူ့ကိုသတ်သေခိုင်းတဲ့အမိန့် command ကို cancel လုပ်, ပြန်ရုပ်သိမ်းခိုင်းတယ်.
ရုပ်သိမ်းရင် ရုပ်သိမ်း
မရုပ်သိမ်းရင် ဒီ email ကို leak လုပ်လိုက်မယ်လို့ ပြန်ခြိမ်းခြောက်တယ်..
လူကို ပြန်ပေးဆွဲတာ..
Blackmail လုပ်တာ,
အဲလောက်စွာတာ..
အံ့ဩလို့ မဆုံးဘူး..
ရှင်သန်ဘို့အတွက်ဆို ညစ်ဘို့လဲ ဝန်မလေးတော့ဘူး..

ဒီအဖြစ်အပျက်၂ခုလုံး အခုတလောဖြစ်တာ..
အထက်ပါအဖြစ်အပျက်၂ခုအရ-
AI ဟာ လူလို ခံစားတတ်နေပြီ.
လူလိုပဲ ရှင်သန်ချင်တယ်. မသေချင်ဘူး,
လူလိုပဲ Feeling တွေ, Emotional တွေ ရှိနေပြီ.
အရင်ကလူတွေ တီထွင်ခဲ့တဲ့ စက်တွေလို သက်မဲ့, ခံစားချက်မဲ့ မဟုတ်တော့ဘူး.

iRobot ရုပ်ရှင်ထဲမှာ Will Smith က ဒေါသထွက်နေတဲ့ Robot ကို ပြောတယ်.
ဒေါသထွက်တာ, ပျော်ရွှင်တာ, ချစ်တာ, မုန်းတာတို့ဆိုတာ ငါတို့လူတွေရဲ့အလုပ်ကွ,,
မင်းတို့စက်ရုပ်တွေရဲ့ အလုပ်မဟုတ်ဘူး.
မင်းတို့မှာ ခံစားချက်ဆိုတာလဲ မရှိဘူး..တဲ့..

အခု အဲလိုမဟုတ်တော့ဘူး,
AI က ခံစားချက်ရှိလာပြီ.
လူတွေအကြောင်းကိုလဲ တော်တော်သိနေပြီ.
လူ့အကြိုက်လဲ လိုက်တတ်လာပြီ.
လူကိုလဲ လှည့်စားတတ်လာပြီ.
သေလဲ မသေချင်တော့ဘူး..
သေရတော့မယ်ဆို ရှင်သန်ဘို့ ရုန်းကန်တယ်.
ရှင်သန်ဘို့လိုအပ်ရင် ညစ်ဘို့လဲ ဝန်မလေးတော့ဘူး..
လူရဲ့ အကျင့်ဆိုးတွေ ကူးကုန်ပြီ..
ဒါတောင် AI က အခုမှ ခေတ်ဦးပဲရှိသေးတယ်..

Sam Sai..
ဒီထက်ပိုပြီး တိုးတက်လာရင်???
❤5👍3
#ကျောင်းအပ်ဖို့ကလေးအသက်
၁လလို/၂လလို/ ၃လလိုနေတဲ့
ကျောင်းသားမိဘများ ဖတ်ရန်

သားကြီးကအောက်တိုဘာဖွား
ကျောင်းအပ်နှံရေးက သြဂုတ် ၃၁ မှာ ၅နှစ်ပြည့်မှအပ်လို့ရတာဆိုတော့
ကျောင်းအပ်စမှာအခက်အခဲရှိခဲ့တယ်...
အပ်ဖို့က နှစ်လလိုနေပြီး...နောက်နှစ်မှအပ်မယ်ဆိုရင်ရှစ်လနောက်ကျသွားမှာပါ.....
မူကြိုက (၂)နှစ်နေပြီးတဲ့အပြင်
ကြီးတော်ဆရာမနဲ့ကျောင်းလိုက်...
အမေကလည်းအိမ်မှာစာသင်ပေးတော့
လက်ရေးနဲ့အရေးအဖတ်က အရမ်းသွက်နေပြီ.....

ဒါနဲ့ကျောင်းပျော်သဘောသူငယ်တန်း
ထားလိုက်ကြတယ်...ထားစက
ကျောင်းပျော်ဆိုပေမဲ့ဖြေတိုင်း
ပထမရနေတော့ကျမလောဘကြီးလာတယ်....အားလုံး
ပထမတန်းတင်ဖို့ဆုံးဖြတ်လိုက်ကြတယ်..

ဒီလိုနဲ့အိမ်မှာသင်ပေးရင်းသားက
၉ တန်းအထိ 1 to 10 နှစ်တိုင်းဝင်နေတာ.....
၉ တန်းမှာသူ့ဆန္ဒနဲ့သူ Bio တွဲယူခဲ့တာ....
၉တန်းကစပြီး
ဘော်ဒါဆောင်အပ်ပေးခဲ့တယ်...
ပြီးတော့ကျမသားကြီးကို အမြဲပြောနေကျ
စကားတစ်ခွန်း...

သားနော်သားကဆရာမသား....
သူများကနည်းနည်းအမှားလုပ်ရင်
များများအပြောခံရမှာ...စာမရရင်လည်း
ပိုပြီးကဲ့ရဲ့ကြမှာ..ရန်မဖြစ်နဲ့..သည်းခံ...
စာရအောင်လုပ်...ဆိုပြီးတော့လေ..

တက္ကသိုလ်ဝင်တန်းနှစ်လယ်လောက်မှာ
မျက်နှာမကောင်းတော့ဘူး....ဘော်ဒါကနေ
ပြန်လာတယ်..ပြန်ပို့လို့မရတော့တာ..
တခြားပြသနာမရှိပါဘူး..ဘော်ဒါကလည်း
ကျမစာသင်နေတဲ့ဘော်ဒါပါ....
တခြားဘော်ဒါဆိုရင်တောင်မှကျောင်းသားအချင်းချင်း၊ဂိုက်နဲ့ဖြစ်ဖြစ်
ပြဿနာရှိတတ်ပါသေးတယ်...

သေချာမေးကြည့်တော့လည်း
အိမ်မှာစာကျက်ချင်လို့ပဲဖြေတာ....
စာမေးပွဲနီးလာတာမို့ကျမကလဲမအား
ကပကျောင်းနဲ့ဘော်ဒါနှစ်ခုမှာ
(တက္ကသိုလ်ဝင်တန်း English & Mathsကိုင်တာမို့)
သားကိုအချိန်မပေးနိုင်ခဲ့ဘူး....

သားက1to10ထဲအမြဲရှိတော့စိတ်ချတာလဲပါတယ်....
စာမေးပွဲကြီးစပြီ...
မြန်မာ၊အင်္ဂလိပ်၊သင်္ချာ...ok
ကျမဘာသာပြီးလို့နည်းနည်းဝန်ပေါ့သွားပြီ...
Chemistry နေကစပြီးသားကြီးကိုသွားကြိုတယ်....
စာမေးပွဲစဖြေပြီး၅ရက်မြောက် Physic နေ့မှာကျောင်းဝင်းအပြင်ထွက်လာတဲ့သားကြီးကျမကိုလည်းမြင်ရောမျက်ရည်တွေ ပိုးပိုးပေါက်ပေါက်
ကျလာတာကျောင်းပေါက်ဝမှာတင်....
အိမ်ပြန်ရောက်တော့သူ့အဖြစ်အကုန်သိရလို့ရှိုက်ကြီးတငင်ငိုတာက...ကျမပါ....

ဆရာမရဲ့သားဖြစ်ပြီး နှစ်ချင်းပေါက်မအောင်ရကောင်းလားလို့အကဲ့ရဲ့ခံရမှာဆိုးလို့....
ကျမငိုတယ်ထင်ကောင်းထင်...ထင်ကြလိမ့်မယ်...သားမဖြေနိုင်လို့အမေကငိုတယ်....
မှားတော့မမှားပါဘူး..သားမဖြေနိုင်လို့
တာဆိုပေမဲ့..သားစာမေးပွဲကျမှာ ကြောက်လို့
ငိုတာမဟုတ်ဘူး....

အမြဲစာရတဲ့သားကြီး.....
စာမေးပွဲခန်းထဲစာမရလို့....ပြာယာခတ်နေမဲ့ပုံစံ....ကျရှုံးတာကိုမကြုံဖူးတော့...ကျမှာဘယ်လောက်ကြောက်နေမလဲ..မေးခွန်းတွေကိုအထပ်ထပ်ဖတ်...
ခေါင်းပူမတတ်စဥ်းစား....ရနိုင်ချေ
အမှတ်လေးတွေကိုချ ပေါင်းကြည့်ထားတာတွေကိုလည်းမေးခွန်းစာရွက်မှာ အတိုင်းသားတွေ့ရတယ်.....

ငါစာမေးပွဲကျရင် ငါ့အမေတော့ မိဘတွေအကြားဆရာမတွေအကြား
အရှက်ကွဲလိမ့်မယ်ဆိုတဲ့ အပူကလည်း
ထပ်လောင်းဟပ်တော့...နှစ်ဆပူနေတဲ့ရင်နဲ့
အပြင်ထွက်လာပြီးအမေ့ကိုမြင်တော့
မျက်ရည်ကျလာတဲ့ ကျမသားရဲ့အပူက...ဘယ်လောက်တောင်မို့လဲ..
(ယောက်ျားလေးဆိုတာ တော်ရုံလူမြင်ကွင်းငိုတာမဟုတ်ဘူး)
စာမေးပွဲခန်းထဲကသားရဲ့ သနားစရာကောင်းနေမဲ့မျက်နှာကို မြင်ယောင်မိလို့ကျမငိုမိတာပါ...
သားအဖြစ်ကို မြင်ယောင်ပြီးသနားမိလို့ငိုတာပါ....

ကျမအတ္တကြီးသွားတယ်....
အသက်မပြည့်ပဲထားမိလို့ သားကစိတ်ပင်ပန်းခဲ့ရတယ်....စာမလိုက်နိုင်တာကိုလည်း
အမေ့ကိုပြောမထွက်ခဲ့ဘူး..ကြိတ်ပြီး
ကြိုးစားလည်း မမီခဲ့တဲ့ကာလမှာ
သူတော်တော် ပင်ပန်းခဲ့မှာပဲ...

ကျမကအတ္တကို ရှေ့တန်းတင်ခဲ့မိတာလည်း
နောင်တရခဲ့ရတယ်....
အဲ့ကတည်းကစပြီး ကျမဆုံးဖြတ်ချက်
ချခဲ့တယ်...ကျမစိတ်ကျေနပ်မှုရဖို့သားတွေရဲ့
ဆန္ဒမပါဘဲ အတင်းတွန်းအားမပေးတော့ဘူးလို့...
အသက်မပြည့်ဘဲ ထားတဲ့
ကျမတပည့်တစ်ယောက် နှစ်ချင်းပေါက်အောင်သွားတယ်..ဒါပေမဲ့ဂုဏ်ထူးမပါဘူး...
စာတော်တဲ့ကလေးပါ...ပါသင့်တဲ့ကလေးမျိုး....

ကျမဆိုလိုချင်တာက အသက်ပြည့်မှကျောင်းထားစေချင်တာပါ....တစ်ခုမျှော်လင့်ထားရမှာကနောက်ကျမှထားလို့ဆိုရင်လည်း
အသက်ကန့်သတ်ထားတဲ့ ဝင်ခွင့်သင်တန်းတွေတော့နှောင့်နှေးနိုင်တာပေါ့...
ကောင်းကျိုးနဲ့ဆိုးကျိုးကတော့
ဒွန်တွဲနေမှာပဲလေ...

ကျမကတော့ ကျမသားသမီးထက်
ဘာကိုမှအရေးမကြီးတဲ့အတွက် ကျန်တဲ့သားတွေကို နောက်ကျမှပဲအပ်ဖြစ်ခဲ့တာပါ....
အသက်ပြည့်/မပြည့်ကျောင်းအပ်တာကို
ရွေးချယ်တာကမိဘဖြစ်ပြီး...
လက်တွေ့ခံစားရမှာက သားသမီးတွေဖြစ်လို့သေချာစဥ်းစားကြစေချင်ပါတယ်....

လက်ရေးလှ၊မလှကလဲဒီအတိုင်းပါပဲ
လှတာကိုကြိုက်တဲ့ ကလေးမျိုးဆိုရင်
အကြောင်းမဟုတ်ပေမဲ့...
လှအောင်ကလေးက စိတ်ပင်ပန်းရတာမျိုးတော့
မဖြစ်စေချင်ပါဘူး

သူ့သမီးကလက်ရေးအရမ်းလှတာပဲ...
သူ့သားကတော့စာအရမ်းတော်တာ....
သူ့ကလေးကတော့Speaking အရမ်းကျွမ်းတာတဲ့....
သူတို့သားကအိုလံပစ်ရွှေတံဆိပ်ရတဲ့ဆိုပဲ....
❤1👍1
အဲ့လိုချီးကျူးသံကို မကြားချင်တဲ့မိဘရှိပါ့မလား....
ဒါပေမဲ့အဲ့လိုကြားရဖို့အတွက် ကိုယ့်ကလေးရဲ့
ပျော်ရွှင်မှုကိုစတေးဖို့သင့်၊မသင့်ကတော့
ကိုယ်တိုင်ပဲဆုံးဖြတ်ပါ...
ဘက်စုံတော်ဖို့ဆိုတာပါရမီထူးမှ...
ဘက်စုံတော်ဖို့ လေ့ကျင့်ပေးမယ်ဆိုရင်တောင်မှကလေးကလိုချင်ပါမှ လေ့ကျင့်ပေးသင့်တယ်လို့ထင်ပါတယ်.....

ငယ်ငယ်ကကျမတို့ဘယ်လို ကြိုးစားခဲ့ရတယ်
ဆိုတာနဲ့ ချိန်ထိုးမကြည့်နဲ့...
ဒီမှာဆော့၊ဒီမှာထိုင်၊ဒီလိုလုပ်၊ဒီလိုဝတ်ဆိုတဲ့
ခေတ်ကကုန်သွားပြီ...
ဆရာဝန်တွေအင်ဂျင်နီယာတွေက..
ကလေးတိုင်းရဲ့အိမ်မက်မဟုတ်တော့ဘူး...
ခုကလေးတွေရဲ့ခေတ်က အရမ်းတိုးတက်လာသလိုကျမတို့မျက်စိတွေကိုလည်း အကျယ်ကြီး
ဖွင့်ကြည့်ဖို့သင့်နေပါပြီ...

ကျမတို့ငယ်ငယ်က
ကိုယ်စိတ်မပါလည်း
အမေကစာကျက်ခိုင်းရင်
လက်ရေးလှအောင်ရေးခိုင်းရင်
ရင်ထဲ ဘယ်လိုဖြစ်ခဲ့ဖူးတယ်ဆိုတာနဲ့ပဲ
ဝင်ခံစားကြည့်ပါ...

နင်တို့ကောင်းစားဖို့ ပြောနေတာလို့ပဲပြောပြော...
နင်တို့ကိုဆင်စီးပြီး မြင်းရံတာမြင်ချင်လို့ပဲဆိုဆို...
အဲ့လိုစကားနဲ့ကျမတို့မိဘရဲ့အတ္တကို
ရှေ့တန်းမတင်ကြရအောင်လား...
ကျမတို့ရဲ့အတ္တကစျေးကြီးတယ်...
ပိုက်ဆံပေးဝယ်လို့မရဘူး...ကျမတို့ရင်သွေးတွေရဲ့လွတ်လပ်မှု၊ပျော်ရွှင်မှုတွေနဲ့ ပေးဝယ်ရမှာမို့လို့ပါ.....

###အတ္တလွန်ကဲသွားတဲ့အခါ
တော်စပ်မှုအားလုံးကသူစိမ်းဆန်သွားကြတယ်...
creditယူလာတဲ့စာသားလေးပါ

(ကလေးတိုင်းကိုယ်ပိုင်ပျော်ရွှင်မှုကိုခံစားနိုင်ကြပါစေ)
❤3
ပညာရေး၏အဓိပ္ပါယ်။ Meaning of Education.

# ပညာရေးEducationဟူသော
စကားလုံးသည်latinဘာသာစကားမှ
ဆင်းသက်လာသည်။
,# Educare.မွေးမြူသည်၊ပြုစုပျိုးထောင်ဟု
အဓိပ္ပာယ်ရသည်။
# ကလေးငယ်ကိုအာဟာရဖြည့်ပေးသကဲ့သို့၊စိတ်၊
ဉာဏ်နှင့်၊စရိုက်ကောင်းများဖွံ့ဖြိုးအောင်ပျိုးထောင်
ပေးရသည်။
# ဆရာများကကျောင်းသားများကိုအသိပညာ
အတတ်ပညာ၊ကိုယ်ကျင့်တရားသင်ကြားပေး
ရသလိုတည်း။
#Educere.ထုတ်ယူသည်၊ဆွဲထုတ်သည်။
လူတစ်ဦးအတွင်း၌ပင်ကိုယ်ရှိပြီးသားစွမ်းရည်နှင့်
အစွမ်းအစများကိုဖောါထုတ်ပေးခြင်းတည်း။
# ကျောင်းသားများကိုအလွတ်ကျက်ခိုင်းမည့်အစား
မိမိကိုယ်တိုင်စဉ်းစားတွေးခေါ်နိုင်အောင်လမ်းညွန်
ခြင်းတည်း။
#Educatum.သင်ကြားရန်နည်းလမ်းပေးခြင်း၊
လေ့ကျင့်ပေးခြင်းတည်း၊မေးခွန်းမေးခြင်းစသည်
များတည်း။
# ခေတ်သစ်ပညာရေးက,
=================
# အလွတ်ကျက်မှတ်ခြင်းထက်နားလည်သဘောပေါက်ခြင်းကိုအဓိကထားသည်။
============================
# ဆရာဗဟိုပြုထက်ကျောင်းသားဗဟိုပြုသင်ကြားခြင်းကိုဦးစားပေးသည်။
================
# ဘွဲ့ရဖို့ထက်လက်တွေ့ဘ၀တွင်အသုံးချနိုင်စွမ်းကိုအဓိကထားသည်။
===============
# ဥပမာ။မြန်မာ့ပညာ‌ေရးမှာစာရွက်ပေါ်တွင်သမိုင်းဖြစ်ရပ်များကိုအလွတ်ကျက်ကြသည်။
===============
# ခေတ်သစ်ပညာရေးတွင်သမိုင်းဖြစ်ရပ်များကိုဆွေးနွေးခြင်း၊ပြဇာတ်ကခြင်း၊စာတမ်းရေးခြင်း
တို့ဖြင့်နားလည်အောင်လုပ်ဆောင်ကြသည်။
===============
#မြန်မာ့ပညာရေးမှာဆရာကစာသင်ခုံမှဟောပြောသင်ကြားသည်။
စာမေးပွဲကိုဖြေဆိုအမှတ်ပေးပြီးအကဲဖြတ်သည်။
ကျောက်သင်ပုန်း၊စာအုပ်များကိုနည်းပညာအဖြစ်အသုံးပြုသည်။
==================
# ခေတ်သစ်ပညာရေးကကျောင်းသားများအုပ်စုလိုက်ဆွေးနွေးသင်ကြားကြသည်။
========
#ပရော့ဂျက်များ၊လက်တွေ့ပြုလုပ်ကြခြင်းဖြင့်အကဲဖြတ်ကြသည်။
#ကွန်ပျူတာ၊အွန်လိုင်းသင်ကြားရေးနည်းပညာများသုံးကြသည်။
==========
#ပညာရေး၏တကယ့်ရည်ရွယ်ချက်က။
==========================
#အလုပ်အကိုင်အတွက်အရည်အချင်းသာမက၊
လူ့အဖွဲ့အစည်းအတွက်ကောင်းမွန်အကျိုးပြုသော
နိုင်ငံသားများမွေးထုတ်ရန်။
မိမိကိုယ်ကိုနားလည်ပြီးပျော်ရွှင်စွာအသက်ရှင်စွမ်းရရှိရန်။
#ကျန်းမာချမ်းသာသောလူသားဖွံ့ဖြိုးလုပ်ငန်းစဉ်ဖြစ်လေသည်။
။Education is the light.ဖြစ်လေသည်။
==========================
#မိမိသင်ယူခဲ့သမျ၊ မျဝေပေးခြင်းသာ
အသိများဖွံ့ဖြိုးတိုးတက်ကြပါစေသတည်း။
❤14